id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,327,201 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ) | ֍ဆရာက ဝါကျတို (၄) ကြောင်းကို မဲလိပ် (၄) ခုအဖြစ် ကြိုတင်ပြုလုပ်ထားပေးပါ။ |
1,327,202 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ) | ဆရာနှစ်သက်ရာ ဝါကျတို (၄) ကြောင်း ကို ကြိုတင်မဲလိပ် ပြုလုပ်ထားပါ။ |
1,327,203 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ) | ֍ကလေးများကို လက်တစ်ကမ်းအကွာတွင် ရပ်နေစေပြီး ထိပ်ဆုံးက ကလေးတစ်ယောက် က မိမိရရှိသော မဲလိပ်ပါ ဝါကျတိုကို ဖတ်၍ ဘေးက သူငယ်ချင်းတစ်ယောက်ကို တစ်ကြိမ်သာ တိုးတိုးပြောပါစေ။ |
1,327,204 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ) | ֍ပြောသည့်စကားကို ကြားသည့်အတိုင်း ဘေးကသူငယ်ချင်းကို ထပ်ပြောပါ။ |
1,327,205 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ) | (ပြန်မမေးရ ဟု ဆရာကမှာထားပါ။ |
1,327,206 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ) | ) ֍တန်းစီထားသောလူစေ့အောင် ပြောပြီးလျှင် နောက်ဆုံးမှ ကလေးတစ်ယောက်က မိမိ ကြားသည့်အတိုင်း အားလုံးကို ပြန်ပြောပြပါ။ |
1,327,207 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ) | ထို့နောက် ထိပ်ဆုံးမှ မဲလိပ်ရရှိထားသော ကလေးက မဲလိပ်ပါဝါကျကို ရွတ်ပြ၍ အဖြေတိုက်ကြပါစေ။ |
1,327,208 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ) | ֍အဖြေမှန်သော အုပ်စုကို လက်ခုပ်တီးကာ ချီးကျူးအားပေးပါ။ |
1,327,209 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ) | ။ အချိန်ကို အကျိုးရှိအောင် အသုံးချနေပုံနှင့် အကျိုးမရှိအောင် အသုံးချနေပုံ ရုပ်ပုံများ။ |
1,327,210 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ) | ֍ရုပ်ပုံနှစ်ခုကိုပြ၍ “ဘယ်ဟာက အကျိုးရှိတာလဲ၊ ဘယ်ဟာကအကျိုးမရှိတာလဲ”ဟု မေးပါ။ |
1,327,211 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ) | ֍ပြီးလျှင် “ဘာကြောင့်အကျိုးရှိတာလဲ၊ ဘာကြောင့်အကျိုးမရှိတာလဲ”ဟု ဆက်လက် မေးမြန်းပါ။ |
1,327,212 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ) | ֍“ဟုတ်ပြီ၊ ဒါဆိုရင် ခုနက ကစားထားတဲ့ အုပ်စုအတိုင်းပြန်နေပါ”ဟု ပြော၍ အုပ်စုဖွဲ့ပါ။ |
1,327,213 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ) | ֍“အခု သားတို့၊ သမီးတို့ကိုယ်တိုင် အားလပ်ချိန်ကို ဘယ်လိုအကျိုးရှိအောင် သုံးကြမလဲ ဆိုတာကို ဆွေးနွေးကြရအောင်”ဟု ပြောပါ။ |
1,327,214 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ) | ֍ကလေးများဆွေးနွေးပြီးလျှင် အုပ်စုကိုယ်စားလှယ်တစ်ဦးက အားလပ်ချိန်မှာ သူတို့အုပ်စု ဘာတွေလုပ်ကြမယ် ဆိုတာကို ကျန်တဲ့ကလေးများအားလုံးကြားအောင် ပြောပြကြပါစေ။ |
1,327,215 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ) | ֍အုပ်စုအားလုံးပြောပြီးပါက သားတို့၊ သမီးတို့ ဆွေးနွေးထားတာ အလွန်ကောင်းပါတယ်။ |
1,327,216 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ) | အခုဆို သားတို့၊ သမီးတို့အားလုံးဟာ အားလပ်ချိန်ကို အကျိုးရှိအောင် အသုံးချကြမယ့် ကလေးတွေ ဖြစ်သွားကြပြီပေါ့။ |
1,327,217 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ) | နောက်ဆိုရင်လည်း အားလပ်ချိန်ကို အကျိုးရှိအောင် အသုံးချကြရမယ်နော်” စသည်ဖြင့်ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။ |
1,327,218 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | အားလုံးကို ချစ်မယ် | ပိန်ပိန်လေးကို ချစ် ... ဝဝကြီးလည်း ချစ်၊ |
1,327,219 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | အားလုံးကို ချစ်မယ် | ပိန်ပိန်လေးရော ဝဝကြီးရော ပိန်ပိန်လေးရော ချစ်။ |
1,327,220 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | အားလုံးကို ချစ်မယ် | ရှည်ရှည်ကြီးကို ချစ် ... ပုပုလေးလည်း ချစ်၊ |
1,327,221 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | အားလုံးကို ချစ်မယ် | ရှည်ရှည်ကြီးရော ပုပုလေးရော ရှည်ရှည်ကြီးရော ချစ်။ |
1,327,222 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | အားလုံးကို ချစ်မယ် | ဖြူဖြူလေးကို ချစ် .. မည်းမည်းလေးလည်း ချစ်၊ |
1,327,223 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | အားလုံးကို ချစ်မယ် | ဖြူဖြူလေးရော မည်းမည်းလေးရော ဖြူဖြူလေးရော ချစ်။ |
1,327,224 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | အားလုံးကို ချစ်မယ် | လူအားလုံးကို ချစ် ... လူတွေအားလုံး ချစ်၊ |
1,327,225 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | အားလုံးကို ချစ်မယ် | ပိန်ပိန် ဝဝ ရှည်ရှည် ပုပု ဖြူဖြူ မည်းမည်း ချစ်။ |
1,327,226 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | အားလုံးကို ချစ်မယ် | မေမေကြီးကို ချစ် ... ဖေဖေကြီးလည်း ချစ်၊ |
1,327,227 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | အားလုံးကို ချစ်မယ် | မေမေကြီးရော ဖေဖေကြီးရော မေမေကြီးရော ချစ်။ |
1,327,228 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | အားလုံးကို ချစ်မယ် | ကိုကိုကြီးကို ချစ် ... မမကြီးလည်း ချစ်၊ |
1,327,229 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | အားလုံးကို ချစ်မယ် | ကိုကိုကြီးရော မမကြီးရော ကိုကိုကြီးရော ချစ်။ |
1,327,230 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | အားလုံးကို ချစ်မယ် | ဆရာမကြီးကို ချစ် ... ဆရာမလေးလည်း ချစ်၊ |
1,327,231 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | အားလုံးကို ချစ်မယ် | ဆရာမကြီးရော ဆရာမလေးရော ဆရာမကြီးရော ချစ်။ |
1,327,232 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | အားလုံးကို ချစ်မယ် | လူအားလုံးကို ချစ် .. လူတွေအားလုံး ချစ်၊ |
1,327,233 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | အားလုံးကို ချစ်မယ် | မေမေ ဖေဖေ ကိုကို မမ ဆရာအားလုံးကို ချစ်။ |
1,327,234 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | အားလုံးကို ချစ်မယ် |
1,327,235 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | ။ ကျေးဇူးတရားကိုသိရှိနားလည်ပြီးချစ်ခင်ကြင်နာစိတ်ထားတတ်စေရန်။ |
1,327,236 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | ။ ရောင်စုံစာရွက်ပိုင်းများနှင့် ကျေးဇူးရှင် ဆရာ၊ ဆရာမ ကဗျာ။ |
1,327,237 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | ֍ကလေးများကို ရောင်စုံစာရွက်ပိုင်းလေးများ ဝေပေးပြီး အောက်ပါအတိုင်း မေးပါ။ |
1,327,238 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | မေမေ၊ ဖေဖေ၊ ကိုကို၊ မမ မရှိသော ကလေးများအတွက် ၎င်းတို့ အုပ်ထိန်းသူများက ဘာလုပ်ပေးသလဲ ဟု ဆရာက လိမ္မာပါးနပ်စွာ မေးပါ။ |
1,327,239 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | အချိန်ပေါ်မူတည်၍ သင့်သလိုမေးနိုင်သည်။ |
1,327,240 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | -မေမေနဲ့ ဖေဖေက သားတို့၊ သမီးတို့ကို ဘာတွေ လုပ်ပေးသလဲ။ |
1,327,241 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | -ကိုကိုနဲ့ မမက သားတို့၊ သမီးတို့ကို ဘာတွေ လုပ်ပေးသလဲ။ |
1,327,242 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | -ဆရာ၊ ဆရာမတွေက သားတို့၊ သမီးတို့ကို ဘာတွေ လုပ်ပေးသလဲ။ |
1,327,243 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | -ဘုန်းဘုန်း၊ ဆရာလေးက သားတို့၊ သမီးတို့ကို ဘာတွေ လုပ်ပေးသလဲ။ |
1,327,244 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | ֍ကလေးတိုင်းကို စဉ်းစားစေပြီး စာရွက်ပိုင်းလေးပေါ်တွင် ချရေးကြပါစေ။ |
1,327,245 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | ֍ထို့နောက် ကလေးတစ်ဦးချင်း အတန်းရှေ့သို့ ထွက်၍ ရွတ်ပြ/ပြောပြပါစေ။ |
1,327,246 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | ֍ဆက်လက်၍ ဆရာက “မေမေနဲ့ ဖေဖေကို ဘာကြောင့်ချစ်ရတာလဲ” ဟု မေးပါ။ |
1,327,247 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | ֍ကလေးများ ဖြေတတ်သလို ဖြေကြပြီးလျှင် “သားတို့၊ သမီးတို့အတွက် အလုပ်တွေ အချိန်ပေါ်မူတည်၍ အများကြီးလုပ်ပေးတော့ မေမေနဲ့ ဖေဖေကို ချစ်ရမယ်၊ ကျေးဇူးတင်ရမယ်နော်” စသည်ဖြင့် ပြောပါ။ |
1,327,248 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | ֍ထို့နောက် ဒုတိယတန်း၊ သင်ခန်းစာ (၂၃) တွင် သင်ယူခဲ့ဖူးသော “ကျေးဇူးရှင် ဆရာ၊ ဆရာမ” ကဗျာကို ပြန်လည်ရွတ်ဆိုကြပါစေ။ |
1,327,249 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | ဆရာ (ဆရာမ) တွေက သွန်သင်ပြ၊ကျေးဇူးကြီးပေစွ။ |
1,327,250 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | ֍“ဒီမနက် ဘာစားခဲ့သလဲ”ဟု ကလေးတစ်ဦးချင်းကို မေးပါ။ |
1,327,251 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | ကလေးအားလုံးအား ပြောပြခွင့်ပေးရမည်။ |
1,327,252 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | ဥပမာ - “ထမင်းစားခဲ့သည်”ဟု ဖြေလျှင်-အဲဒီထမင်းကို ဘယ်သူချက်တာလဲ။ |
1,327,253 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | - ဆန်ကို ဘယ်က ရတာလဲ။ |
1,327,254 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | -ဈေးသည်ကရော ဆန်ကို ဘယ်သူ့ဆီက ရသလဲ စသည်ဖြင့် နောက်ကြောင်း ပြန်မေးပါ။ |
1,327,255 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | ဥပမာ - (၁) “မေမေ ချက်ပေးသည်”ဟု ဖြေမည်ဆိုပါက မေမေ့ကို ကျေးဇူးတင်ရမည် ဖြစ်ကြောင်း ပြောပါ။ |
1,327,256 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | (၂) “ဈေးသည်ဆီကဟု ဖြေပါက ဈေးသည်ကိုလည်း ကျေးဇူးတင်ရမည် ဖြစ်ကြောင်း ပြောပါ။ |
1,327,257 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | (၃) “လယ်သမားဆီကဟု ဖြေပါက ဆန်စပါးစိုက်ပျိုးပေးသော လယ်သမားကိုလည်း ကျေးဇူးတင်ရမည်ဖြစ်ကြောင်း ပြောပါ။ |
1,327,258 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | ֍ကလေးများအား စက်ဝိုင်းပုံသဏ္ဌာန် ဝိုင်းထိုင်စေပါ။ |
1,327,259 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | ဆရာလည်း ဝိုင်းထဲတွင် ဝင်ထိုင်ပါ။ |
1,327,260 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | ֍ဆရာက စတင်၍ “ဖေဖေနဲ့ မေမေကို ချစ်တယ်”ဟု ပြောပြီး၊ စက်ဝိုင်း လက်ယာရစ်ပတ် ၍ ကလေးတစ်ဦးချင်းက ပြောပါစေ။ |
1,327,261 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | ֍နောက်တစ်ပတ်တွင် ဆရာက နှာခေါင်းကို ပိတ်၍ “ကိုကိုနဲ့ မမကို ချစ်တယ်”ဟု ပြောပြီး၊ စက်ဝိုင်း လက်ယာရစ် ပတ်၍ ကလေးတစ်ဦးချင်းက ပြောပါစေ။ |
1,327,262 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | ֍နောက်တစ်ပတ်တွင် ဆရာက လက်ဖြင့် ပါးစပ်ကို ကာပြီး “ဆရာနဲ့ ဆရာမကို ချစ်တယ် ဟု ပြောပြီး၊ စက်ဝိုင်း လက်ယာရစ် ပတ်၍ ကလေးတစ်ဦးချင်းက ပြောပါစေ။ |
1,327,263 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | ֍နောက်တစ်ပတ်တွင် ဆရာက ပါးစပ်၌ လက်ကို အော်လံလို လုပ်ပြီး “ဘုန်းဘုန်းကို/ ဆရာလေးကို ချစ်တယ်”ဟု ပြောပြီး စက်ဝိုင်း လက်ယာရစ် ပတ်၍ ကလေးတစ်ဦးချင်းက ပြောပါစေ။ |
1,327,264 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | ֍နောက်ဆုံးတစ်ပတ်တွင် ဆရာက ပါးစပ်တွင် လက်မ၊ လက်ညှိုးတို့ဖြင့် ဒေါင်လိုက် ညှစ်ပြီး “အားလုံးကို ချစ်တယ်”ဟု ပြောပြီး၊ စက်ဝိုင်း လက်ယာရစ် ပတ်၍ ကလေးတစ်ဦး ချင်းက ပြောပါစေ။ |
1,327,265 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | မေမေ၊ ဖေဖေ၊ ကိုကို၊ မမ မရှိသော ကလေးများအတွက် ၎င်းတို့ အုပ်ထိန်းသူများ/၎င်းတို့ ပြောလိုသူများကို “ချစ်တယ်” ဟု ပြောနိုင်ကြောင်း ဆရာက လိမ္မာပါးနပ်စွာ ပြောပြပေးပါ။ |
1,327,266 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | ။ အားလုံးကို ချစ်မယ် သီချင်းကဗျာ။ |
1,327,267 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | ֍ဆရာက “တစ်ခါတလေမှာ သားတို့၊ သမီးတို့ရဲ့ သူငယ်ချင်းတွေက သားတို့၊ သမီးတို့ကို တစ်ခုခု ကူညီပေးတာမျိုး ရှိသလား”ဟု မေးပါ။ |
1,327,268 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | ကလေးတစ်ဦးချင်း မတ်တတ်ရပ်၍ ပြောပြကြပါစေ။ |
1,327,269 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | ֍“သူငယ်ချင်းတွေဟာ သားတို့၊ သမီးတို့ကို အများကြီး ကူညီပေးတော့ သူငယ်ချင်းတွေကို ချစ်ရမယ်၊ ကျေးဇူးတင်ရမယ်နော်”ဟု ဆရာက ပြောပါ။ |
1,327,270 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | ֍ထို့နောက် “ကဲ ... အခု ‘အားလုံးကို ချစ်မယ်’ သီချင်းကဗျာကို ဆိုကြမယ်”ဟု ပြော၍ အောက်ပါ သီချင်းကဗျာကို အမူအရာနှင့်တကွ သင်ပေးပါ။ |
1,327,271 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | ပိန်ပိန်လေးကို ချစ် ... ဝဝကြီးလည်း ချစ်၊ပိန်ပိန်လေးရော ဝဝကြီးရော ပိန်ပိန်လေးရော ချစ်။ |
1,327,272 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | ရှည်ရှည်ကြီးကို ချစ် ... ပုပုလေးလည်း ချစ်၊ရှည်ရှည်ကြီးရော ပုပုလေးရော ရှည်ရှည်ကြီးရော ချစ်။ |
1,327,273 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | ဖြူဖြူလေးကို ချစ် ... မည်းမည်းလေးလည်း ချစ်၊ဖြူဖြူလေးရော မည်းမည်းလေးရော ဖြူဖြူလေးရော ချစ်။ |
1,327,274 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | လူအားလုံးကို ချစ် ... လူတွေအားလုံး ချစ်၊ပိန်ပိန် ဝဝ ရှည်ရှည် ပုပု ဖြူဖြူ မည်းမည်း ချစ်။ |
1,327,275 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | မေမေကြီးကို ချစ် ... ဖေဖေကြီးလည်း ချစ်၊မေမေကြီးရော ဖေဖေကြီးရော မေမေကြီးရော ချစ်။ |
1,327,276 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | ကိုကိုကြီးကို ချစ် ... မမကြီးလည်း ချစ်၊ကိုကိုကြီးရော မမကြီးရော ကိုကိုကြီးရော ချစ်။ |
1,327,277 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | ဆရာမကြီးကို ချစ် ... ဆရာမလေးလည်း ချစ်၊ဆရာမကြီးရော ဆရာမလေးရော ဆရာမကြီးရော ချစ်။ |
1,327,278 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | လူအားလုံးကို ချစ် ... လူတွေအားလုံး ချစ်၊မေမေ ဖေဖေ ကိုကို မမ ဆရာအားလုံးကို ချစ်။ |
1,327,279 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | ֍နောက်ဆုံးတွင် (၂) မိနစ်ခန့် ငြိမ်သက်စွာ ထိုင်စေပြီးနောက် ဆရာက “သားတို့၊ သမီးတို့ ကို ဆုမွန်ကောင်း တောင်းပေးမယ်။ |
1,327,280 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | အားလုံး မျက်စိမှိတ်ထားကြရအောင်”ဟု ပြောပြီး အောက်ပါအတိုင်း ဆုတောင်းပေး၍ စာသင်ချိန်ကို အဆုံးသတ်ပါ။ |
1,327,281 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အားလုံးကို ချစ်မယ် (ဆရာ) | “သားတို့၊ သမီးတို့အားလုံးဟာ လူသားအားလုံးကို အယုတ်၊ အလတ်၊ အမြတ်မရွေး ချစ်ခင်တတ်တဲ့၊ ကျေးဇူးသိတတ်တဲ့၊ မေတ္တာထားတတ်တဲ့၊ ဗုဒ္ဓဘုရားရှင်ချစ်တဲ့၊ လိမ္မာ ယဉ်ကျေးသော ကလေးများ ဖြစ်ကြပါစေ။ |
1,327,282 | ကလေးကဗျာ, မြန်မာကဗျာများ, မြန်မာဘာသာ | အိပ်ပါလူလေး | နေမင်းဖန်ဝါ ယွန်းတော့ရှာ |
1,327,283 | ကလေးကဗျာ, မြန်မာကဗျာများ, မြန်မာဘာသာ | အိပ်ပါလူလေး | အိပ်ပါလူလေး မေ့ရင်သွေး |
1,327,284 | ကလေးကဗျာ, မြန်မာကဗျာများ, မြန်မာဘာသာ | အိပ်ပါလူလေး | ငှက်မ ငှက်ဖို သိုက်မြုံခို |
1,327,285 | ကလေးကဗျာ, မြန်မာကဗျာများ, မြန်မာဘာသာ | အိပ်ပါလူလေး | သံချိုမကြွေး အိပ်ပြီလေး |
1,327,286 | ကလေးကဗျာ, မြန်မာကဗျာများ, မြန်မာဘာသာ | အိပ်ပါလူလေး | ရနံ့ မထုံ ပန်းဝတ်မှုန် |
1,327,287 | ကလေးကဗျာ, မြန်မာကဗျာများ, မြန်မာဘာသာ | အိပ်ပါလူလေး | ပန်းငုံမှာကွေး အိပ်ပြီလေး၊ |
1,327,288 | ကလေးကဗျာ, မြန်မာကဗျာများ, မြန်မာဘာသာ | အိပ်ပါလူလေး | လမင်းသော်တာ ရောင်ခြည်ဖြာ |
1,327,289 | ကလေးကဗျာ, မြန်မာကဗျာများ, မြန်မာဘာသာ | အိပ်ပါလူလေး | အိပ်ပါလူလေး၊ မေ့ရင်သွေး |
1,327,290 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အိပ်ရာဝင် အိပ်ရာထမေတ္တာပို့ | ပဇာသဗ္ဗာ သုဿယန္တု၊ ဝုဋ္ဌဟန္တု သုမင်္ဂလာ။ |
1,327,291 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အိပ်ရာဝင် အိပ်ရာထမေတ္တာပို့ | ဒူသေန္တု ဒုဂ္ဂတိံ ဂါမိံ၊ ပူရေန္တု သဗ္ဗပါရမိံ။ |
1,327,292 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အိပ်ရာဝင် အိပ်ရာထမေတ္တာပို့ | ပဇာသဗ္ဗာ– ကိုယ်စီကိုယ်ငှ ကိုယ့်ဒေသ၌ ပျော်ကြစပ်ရာ သတ္တဝါဟူသမျှတို့သည်။ |
1,327,293 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အိပ်ရာဝင် အိပ်ရာထမေတ္တာပို့ | ဝါ၊ ကံပစ်ချရာ ထိုထိုဌာန ဘုံဘဝ၌ ကြုံရသလို နေထိုင်စားသောက်ကြရကုန်သော ရေတွက်များစွာ သတ္တဝါအပေါင်းတို့သည်။ |
1,327,294 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အိပ်ရာဝင် အိပ်ရာထမေတ္တာပို့ | သုဿယန္တု- အိပ်မက် ယာမက် ကောင်းစွာမက်၍ နှစ်သက်ကြည်သာ အိပ်စက် နိုင်ကြပါစေကုန်သတည်း။ |
1,327,295 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အိပ်ရာဝင် အိပ်ရာထမေတ္တာပို့ | ဝါ၊ ဘုရားပုထိုး ကျွန်ရှိခိုး၍ မြတ်နိုးကြည်သာ အိပ်စက်နိုင်ကြပါစေကုန်သတည်း။ |
1,327,296 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အိပ်ရာဝင် အိပ်ရာထမေတ္တာပို့ | သုမင်္ဂလာ– မင်္ဂလာကျက်သရေ ရှက်ဝေသန်းသဖြင့် စန်းပွင့်ကြကုန်သည်ဖြစ်၍။ |
1,327,297 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အိပ်ရာဝင် အိပ်ရာထမေတ္တာပို့ | ဝုဋ္ဌဟန္တု– ကောင်းစွာမိုးသောက် အလင်းရောက်လျက် ထမြောက်နိုးကြားနိုင်ကြပါစေကုန်သတည်း။ |
1,327,298 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အိပ်ရာဝင် အိပ်ရာထမေတ္တာပို့ | ဝါ၊ သမ်းသမ်းဝေဝေ တွေဝေမရှိ ပကတိချမ်းသာ ရွှင်လန်းစွာဖြင့် အားအင်ပြည့်ဖြိုး နိုးထနိုင်ကြပါစေကုန်သတည်း။ |
1,327,299 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အိပ်ရာဝင် အိပ်ရာထမေတ္တာပို့ | ဒုဂ္ဂတိဂါမိံ– အပါယ်ဒုဂ္ဂတိ ရောက်မည့်အကြောင်း မကောင်းညစ်ဆိုး ဒုစရိုက်မျိုးကို။ |
1,327,300 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အိပ်ရာဝင် အိပ်ရာထမေတ္တာပို့ | ဒူသေန္တု– သူတော်လက်နက် တရားစက်ဖြင့် ဆက်ဆက်သေချာ ဖျက်ဆီးနိုင်ကြပါစေကုန်သတည်း။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.