id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,326,901
Uncategorized
အားပေးစကား
လိမ်တယ်ဆိုတာ ဒီ့ပြင်ကိစ္စတွေလည်း လိမ်ကြတာပဲလေ၊ သားသမီးတွေက “အမေမသိစေနဲ့၊ အဖေမသိစေနဲ့” တဲ့၊ အဲဒါမျိုးတွေ မရှိဘူးလား၊ အသက်ကြီးလာပြီဆိုရင် အလိမ်ခံနေရပြီလို့သာ အောက်မေ့၊ ကိုယ့်ကိုယ်ကို လည်လှပြီလို့ မအောက်မေ့နဲ့၊ လူငယ်တွေရဲ့ အလိမ်ကို အမြဲခံနေရတယ်လို့ အောက်မေ့ပေတော့။
1,326,902
Uncategorized
အားပေးစကား
ဘာပဲဖြစ်ဖြစ် တစ်ဦးတစ်ယောက်က တစ်ဦးတစ်ယောက်ကို လိမ်တာ မကောင်းဘူးလို့ ယူဆပေမယ့် ကိုယ့်ကိုယ်ကိုလိမ်တာ ပိုဆိုးတယ်၊ ကိုယ့်ကိုယ်ကိုယ် မလိမ်မိဖို့ အင်မတန်မှအရေးကြီးတယ်။
1,326,903
Uncategorized
အားပေးစကား
အမှန်အတိုင်းသိသင့်ပုံ
1,326,904
Uncategorized
အားပေးစကား
ဒီကိစ္စမျိုးဆိုတာ အမှန်အတိုင်းသိရမယ်၊ ဆရာဝန်ဆီသွား medical check-up လုပ်ရင် ရောဂါရှိတယ်လို့ ရောဂါအမည်တပ်လိုက်မှာ တစ်ချို့သိပ်ကြောက်တယ်၊ မသိချင်ဘူး၊ မသိချင်ဘူးဆိုတာ ကိုယ့်ကိုယ်ကို လိမ်ထားတာပဲ၊ သိတာ မသိတာနဲ့ ရောဂါဖြစ်တာ မဖြစ်တာ ဆိုင်ရဲ့လား၊ မဆိုင်ပါဘူး၊ မသိတော့ မကြောက်ရဘူးပေါ့လေ၊ မျက်ကန်းတစ္ဆေမကြောက် ဆိုတာမျိုးပဲ။
1,326,905
Uncategorized
အားပေးစကား
သိလို့ ရောဂါဆိုတာ ကုစားရင် ကျန်းမာလာဖို့အတွက် အခွင့်အရေး chance တွေ မရနိုင်ဘူးလား၊ ကိုယ့်မှာရောဂါရှိတယ်လို့သိရင် ထိုရောဂါအတွက် ဘယ်ဆေးဝါး ဘယ်ဓာတ်စာနဲ့ကုရမယ်၊ တရားဓမ္မတွေ ကြိုးစားအားထုတ်မယ်လို့ ဒီလိုရော မဖြစ်နိုင်ဘူးလား၊ တကယ်က အဲဒီလို ဖြစ်ရမှာနော်။
1,326,906
Uncategorized
အားပေးစကား
စစ်ကိုင်းဘက်မှာ ဆရာဝန်ကြီးတစ်ယောက် ရှိတယ်၊ ဖြစ်တာက အသည်းကင်ဆာ၊ သို့သော် အိမ်သူအိမ်သားတွေက လိမ်ထားတယ်၊ အသည်းခြောက်တယ်လို့ပဲ ပြောတယ်၊ အသည်းခြောက်တယ်ဆိုရင် တော်တော်နဲ့ မသေသေးဘူး၊ အသည်းကင်ဆာဆိုရင် မျှော်လင့်ချက်မရှိဘူး၊ ဒီလိုအသိပေါ့နော်၊ အဲဒီလို လိမ်ထားရင်းက ရောဂါအခြေအနေက ပိုဆိုးလာတယ်၊ နောက်ဆုံးအချိန်ရောက်လာတော့မှ သူ (ကိုယ...
1,326,907
Uncategorized
အားပေးစကား
အဲဒီကျမှ ဘာပြောတုန်းဆို “ကျုပ်ဗျာ မသေချင်သေးဘူး၊ ဘာမှလည်း မလုပ်ရသေးဘူး“တဲ့၊ စောစောက သိထားမယ်ဆိုရင် ဒီရောဂါက သက်တမ်းဟာ ဘယ်လောက်ပဲ ကျန်တော့မယ်ဆိုရင် ပြင်ဆင်မှု မလုပ်နိုင်ဘူးလား၊ ပြင်ဆင်မှုလုပ်နိုင်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားတယ်။
1,326,908
Uncategorized
အားပေးစကား
အဲဒီတော့ medical check-up (ဆေးစစ်ခြင်း) လုပ်လို့ diagnosis (ရောဂါတွေ့ရှိချက်)မှာ ရောဂါရှိတယ်ဆိုရင်လည်း ဝမ်းမနည်းနဲ့၊ ရောဂါမရှိဘူးဆိုလို့လည်း မပျော်နဲ့၊ ရောဂါမရှိဘူးဆိုလည်း တစ်နေ့သေမှာပဲ၊ ရောဂါရှိတဲ့သူလည်း တစ်နေ့သေမှာပဲ၊ တစ်ခါတစ်လေ ရောဂါမရှိဘူး ဆိုတဲ့သူကတောင် အရင်သေချင် သေတတ်တယ် မဟုတ်ဘူးလား၊ ဘာပဲဖြစ်ဖြစ် လူ့ဘဝရောက်တယ်ဆိ...
1,326,909
Uncategorized
အားပေးစကား
လူဆိုတာ တစ်နေ့သေမှာ၊ ကြီးလည်းသေတာပဲ၊ ငယ်လည်းသေတာပဲ။
1,326,910
Uncategorized
အားပေးစကား
မြတ်စွာဘုရားက ဟောထားတယ်လေ “ဒဟရာ စ မဟန္တာ စ ယေ ဗာလာ ယေ စ ပဏ္ဍိတာ။
1,326,911
Uncategorized
အားပေးစကား
သဗ္ဗေ မစ္စု ဝသံ ယန္တိ” တဲ့၊ “ဒဟရာ စ” ငယ်ငယ်လည်း သေတာပဲတဲ့၊ “မဟန္တာ စ” အသက်ကြီးမှလည်း သေတာပဲတဲ့၊ “ယေ ဗာလာ ယေ စ ပဏ္ဍိတာ” - မသိနားမလည်တဲ့သူလည်း သေတာပဲတဲ့၊ ပညာတတ်တဲ့သူလည်း သေတာပဲတဲ့၊ မသေတဲ့လူ မရှိဘူး။
1,326,912
Uncategorized
အားပေးစကား
ဒါကို သိထားပြီးတဲ့နောက်မှာ ကိုယ်ဘာလုပ်သင့်သလဲ? ကြောက်နေဖို့ မဟုတ်ဘူးနော်၊ ရင်ဆိုင်ရဲဖို့၊ သေခြင်းတရားဟာ ကြောက်ဖို့မဟုတ်ဘူး၊ ရင်ဆိုင်ရဲဖို့ပဲ၊ မှန်မှန်ကန်ကန် ရင်ဆိုင်ရဲရမယ်လို့ ဆိုလိုတာ။
1,326,913
Uncategorized
အားပေးစကား
သမ္မတ ကတော်
1,326,914
Uncategorized
အားပေးစကား
ဘုန်းကြီးတို့ ဂျာမဏီမှအပြန် လေယာဉ်ပေါ်မှာ Readers' Digest မဂ္ဂဇင်းတစ်စောင် တွေ့တာနဲ့ ဖတ်ကြည့်တယ်။
1,326,915
Uncategorized
အားပေးစကား
အရင်တုန်းက အမေရိကန်သမ္မတလုပ်သွားတဲ့ သမ္မတ ကနေဒီရဲ့ဇနီး ဂျက်ကလင်း ကနေဒီရဲ့ နောက်ဆုံးနေ့အကြောင်း ရေးထားတာ။
1,326,916
Uncategorized
အားပေးစကား
သူက နယူးယောက်မှာနေတယ်၊ ဂျက်ကလင်းကနေဒီ ဆိုတဲ့ သမ္မတကတော် အသက်(၆၀)လောက်ရှိတဲ့အခါမှာ ရောဂါရတယ်၊ ဆေးရုံတက်ပြီး ဆေးကုတဲ့အခါ ဆရာဝန်တွေက Diagnosis မှာ ကင်ဆာရောဂါလို့ ဖော်ပြလိုက်တယ်။
1,326,917
Uncategorized
အားပေးစကား
ကင်ဆာရောဂါဆိုတာ incurable (ကုလို့မရဘူး) ပေါ့။
1,326,918
Uncategorized
အားပေးစကား
ကင်ဆာဆဲလ်လေးတွေက ပျံ့နှံ့နေသည့်အတွက် ကုလို့မရတော့ဘူး၊ incurable ကုမရတဲ့ရောဂါ ဖြစ်နေပြီဆိုတာ သူသိတယ်၊ သိတဲ့အခါ သူက ဗုဒ္ဓဘာသာမဟုတ်ပေမယ့် သူ့မှာ စိတ်ဓာတ်မကျရအောင်ထိန်းတဲ့ နည်းလမ်းတော့ရှိမယ်၊ သူ့မှာ အားကိုးရှိမယ်၊ သူက ခရစ်ယာန်ဆိုတော့ ခရစ်ယာန်ဘုရား God အားကိုးမှာပေါ့။
1,326,919
Uncategorized
အားပေးစကား
သူ့ရဲ့စိတ်တည်ငြိမ်မှုလေးကို ပြောပြတာပါ။
1,326,920
Uncategorized
အားပေးစကား
သူအိမ်ပြန်လာခဲ့တယ်၊ အိမ်ပြန်လာပြီး သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း အဝတ်အစားအသစ်တွေလဲ၊ ဖြီးလိမ်းပေါ့နော်၊ အိပ်ရာခင်းတွေ ကျကျနနပြင်ဆင်၊ သူ့အိမ်ကို သန့်သန့်ရှင်းရှင်းလုပ်၊ သူ့ပစ္စည်းတွေကို ခွဲပေးရမယ့်သူတွေ ခွဲပေး၊ ဒါန လုပ်သင့်တာလုပ်၊ ကျန်တဲ့လုပ်သင့်တာတွေ လုပ်တယ်၊ အဲဒီလိုလုပ်ပြီးတော့ သူကစိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ အိမ်ပြန်...
1,326,921
Uncategorized
အားပေးစကား
စိတ်ကောင်းက ကောင်းတဲ့ဘဝ ပို့ပေးလိမ့်မည်
1,326,922
Uncategorized
အားပေးစကား
ဒီနေရာမှာ စဉ်းစားဖို့ အရေးကြီးတာက ဂျက်ကလင်း ကနေဒီ အားကိုးတဲ့ God က တကယ် အားကိုးရာရောက်ရဲ့လား၊ ဒီတစ်ချက်ပဲ စဉ်းစားစရာရှိတယ်၊ တစ်ခါတလေ ကိုယ်ကတော့ အားကိုးပေမယ့် အားကိုးရာ ဖြစ်ချင်မှဖြစ်တာ။
1,326,923
Uncategorized
အားပေးစကား
လူတွေ ကြည့်လေ-သားကို အားကိုးရမလားဆိုပြီး ဂရုစိုက်တာ၊ အသက်ကြီးတော့ ကိုယ့်ကိုထော်လော်ကန့်လန့်လုပ်တဲ့သား ဖြစ်နေတာ မရှိဘူးလား၊ သမီးကို အားကိုးရမယ်ထင်ပြီး သမီးလေးကို ဂရုစိုက်မွေးထားတယ်၊ အသက်ကြီးတော့ ကိုယ့်ရန်သူဖြစ်နေတာ မရှိဘူးလား၊ ရှိတယ်နော်၊ တကယ်အားကိုးရမယ်လို့ ထင်ပေမယ့်လို့ အားကိုးရာဖြစ်ချင်မှဖြစ်မယ်၊ ဒီလိုတော့ ရှိနိုင်တယ...
1,326,924
Uncategorized
အားပေးစကား
တခြားဘာသာဝင်တွေအနေနဲ့ သူတို့ရဲ့ စာပေကျမ်းဂန်ကို သူတို့ရဲ့ ဘာသာတရားအရ သူတို့ရဲ့ ဘုရားကို အားကိုးရမယ်လို့ သူတို့ယုံကောင်းယုံကြလိမ့်မယ်၊ သို့သော် စိတ်ကောင်း နှလုံးကောင်းထားမယ်၊ ကိုယ်ကျင့်တရား ကောင်းမယ်ဆိုရင် ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ကောင်းရာသုဂတိရောက်ဖို့ မခဲယဉ်းဘူး။
1,326,925
Uncategorized
အားပေးစကား
ကံကံ၏အကျိုးကိုလက်ခံယုံကြည်ပြီး ကောင်းတာလုပ်ရင် ကောင်းတာဖြစ်တယ်ဆိုတဲ့ အသိတရား, အများကို ကူညီချင်တဲ့စိတ်၊ အများရဲ့ အကျိုးကို လိုလားတဲ့မေတ္တာစိတ်မျိုးရှိရင် ဘယ်ပုဂ္ဂိုလ်မျိုးမှာပဲရှိရှိ ဘယ်ဘာသာဝင်မှာပဲရှိရှိ ဘာသာနှင့် မဆိုင်ဘဲ စိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်ကို ထို စိတ်ကောင်းနှလုံးကောင်းက ကောင်းတဲ့ဘဝကို ပို့ပေးတာ၊ G...
1,326,926
Uncategorized
အားပေးစကား
ဗုဒ္ဓဘာသာဝင်လည်း စိတ်ကောင်းနှလုံးကောင်းရှိမယ်ဆိုရင် ထို စိတ်ကောင်းနှလုံးကောင်းလေးက ကယ်တင်မှာပဲ၊ ဘုရားက ကယ်တင်တာ မဟုတ်ဘူး၊ သို့သော် ဘုရားက ဒီလိုစိတ်ထားရမယ်လို့ သင်ကြားပေးတယ်၊ ဆုံးမဩဝါဒပေးတယ်။
1,326,927
Uncategorized
အားပေးစကား
အဲဒီ သမ္မတကတော်ဟာ ကြောက်ကြောက်လန့်လန့်မဖြစ်ဘဲ အေးအေးချမ်းချမ်းနဲ့ သေခြင်းတရားကို ရင်ဆိုင်သွားတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး အဲဒီမှာ ရေးသားထားတာကို ဖတ်ရတော့ ဒါလည်းအတုယူစရာပဲလို့ အောက်မေ့မိတယ်။
1,326,928
Uncategorized
အားပေးစကား
မြန်မာပြည်အထက်ပိုင်း မော်လိုက်မှာ တရားအားထုတ်နေတဲ့ ဒကာမကြီးတစ်ယောက်လည်း ဒီလို ရောဂါ(ကင်ဆာ)ဖြစ်တယ်၊ သူက သူ့ရောဂါကို ရှုမှတ်ပြီးတော့ ရောဂါဒဏ်ကိုကြိတ်မှိတ်ပြီးခံတယ်၊ တစ်ကိုယ်လုံးလည်း ဖောယောင်ရာက ပေါက်ကွဲပြီး အရည်တွေတောင် ထွက်ပြီးနေတယ်၊ ဒါပေမယ့် သူက သူ့ကိုယ်သူပဲ တရားရှုမှတ်နေတယ်၊ ဆရာဝန်တွေခေါ်ပြီး ဆေးကုပေးတော့ သူ့ဆန္ဒကိုပြ...
1,326,929
Uncategorized
အားပေးစကား
ဒီအကြောင်းကို အဲဒီဒကာမကြီးကို ကုပေးတဲ့ ဆရာဝန်တစ်ယောက်က ပြောဖူးတယ်၊ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ မညည်းမညူဘဲနဲ့ ရောဂါဒဏ်ကို ခံပြီးတော့ နောက်ဆုံးနေ့ကို ရင်ဆိုင်သွားတယ်ပေါ့နော်။
1,326,930
Uncategorized
အားပေးစကား
အားပေးစကားပြောရမယ်
1,326,931
Uncategorized
အားပေးစကား
လူတွေဟာ အနေတတ်ဖို့လိုသလို အသေတတ်ဖို့လည်း လိုသေးတယ်။
1,326,932
Uncategorized
အားပေးစကား
ဒါကြောင့် မြတ်စွာဘုရားက ဒီသုတ္တန်မှာ ဘာဟောထားသလဲဆိုတော့“နေမကောင်းထိုင်မသာ ဖြစ်ပြီးတော့ ရောဂါဝေဒနာဖြစ်နေတဲ့ ပညာရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ပညာရှိတဲ့ မိတ်ဆွေတစ်ယောက်က အားပေးစကား ပြောသင့်တယ်” လို့ ဟောထားတယ်၊ ဒါ အကျိုးရှိလို့ပြောတာ၊ အားပေးစကား ပြောရမယ်။
1,326,933
Uncategorized
အားပေးစကား
တစ်ချို့ကျတော့ ဘုန်းကြီးတွေပင့်ပြီး ပရိတ်ရွတ်တာတောင်မှ “ငါ့ကို သေမှာထင်လို့ ပရိတ်ရွတ်တာလား” ဆိုပြီးတော့ မကြိုက်ဘူး၊ ဒါက ကိုယ့်ကိုယ်ကို လိမ်နေတာ မဟုတ်ဘူးလား၊ အဲဒီလို လိမ်တယ်ဆိုတာ သူများကိုလိမ်တာ မကောင်းသလို မကောင်းဘူးနော်၊ လူတွေက အမျိုးစုံလုပ်လေ့ရှိကြတယ်၊ မြတ်စွာဘုရားကတော့ အားပေးစကား ပြောရမယ်တဲ့။
1,326,934
Uncategorized
အားပေးစကား
အားပေးစကား မဟုတ်ဘူး
1,326,935
Uncategorized
အားပေးစကား
မြန်မာပြည်မှာတော့ တစ်ချို့က သေငယ်ဇောနဲ့ မျောနေတဲ့သူကို အားပေးစကားမပြောဘဲနဲ့ “ဘဏ်စာအုပ် ဘယ်နားထားခဲ့တုန်း၊ လက်ကောက်တို့၊ စိန်နားကပ်တို့ ဘယ်နားထားတုန်း” လို့ မေးတဲ့သူက မေးတယ်။
1,326,936
Uncategorized
အားပေးစကား
အဲဒီလိုမေးရင် သေတဲ့သူ ဖြောင့်ပါ့မလား၊ ဘုန်းကြီးတွေကိုလည်း ပျံလွန်တော်မူခါနီးဆိုရင် “ကျောင်းကို ဘယ်သူ့အပ်ခဲ့မှာတုန်း” ဆိုပြီး မေးတဲ့သူက မေးသေးတယ်။
1,326,937
Uncategorized
အားပေးစကား
အဲဒါ အားပေးစကား ဖြစ်ပါ့မလား၊ မဖြစ်ဘူး။
1,326,938
Uncategorized
အားပေးစကား
တွန်းလွှတ်တာနဲ့တူနေတယ်၊ အဲဒါမျိုး မဖြစ်သင့်ဘူးတဲ့၊ တကယ်က အားပေးစကားပဲ ပြောရမယ်တဲ့။
1,326,939
Uncategorized
အားပေးစကား
နှစ်ဦးနှစ်ဖက် ပညာရှိရမယ်
1,326,940
Uncategorized
အားပေးစကား
မြတ်စွာဘုရားက အားပေးစကားပြောဖို့ ဒီသုတ္တန်မှာ သင်ပေးထားတယ်။
1,326,941
Uncategorized
အားပေးစကား
အားပေးစကား ပြောရမယ်ဆိုရင် ဘယ်လိုပြောမလဲ၊ ဒီနေရာမှာ သတိထားဖို့ရာက အားပေးစကားပြောတဲ့သူကလည်း ပညာရှိတဲ့ပုဂ္ဂိုလ် ဖြစ်ရမယ်၊ အားပေးစကားအပြောခံရတဲ့ပုဂ္ဂိုလ်ကလည်း ပညာရှိတဲ့ပုဂ္ဂိုလ် ဖြစ်ရမယ်၊ ဆင်ခြင်တုံတရားရှိတဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ်။
1,326,942
Uncategorized
အားပေးစကား
လူမိုက်ကိုသွားပြီး အားပေးစကားပြောလို့ မရဘူး၊ လက်ခံချင်မှ လက်ခံမယ်၊ ပြောရင် “ငါမသေသေးဘူး၊ ငါသေမယ်ထင်လို့ လာပြောတာလား” ဆိုပြီး ရန်တောင်တွေ့လွှတ်လိုက်ဦးမယ်။
1,326,943
Uncategorized
အားပေးစကား
အဲဒီတော့ အားပေးစကားပြောတဲ့ပုဂ္ဂိုလ်ကလည်း ပညာရှိရမယ်၊ အားပေးစကား အပြောခံရတဲ့ပုဂ္ဂိုလ်ကလည်း ပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။
1,326,944
Uncategorized
အားပေးစကား
ဒါကြောင့် မြတ်စွာဘုရားက “ပညာရှိတဲ့ ဥပါသကာသည် ပညာရှိတဲ့ ဥပါသကာ နေမကောင်းထိုင်မသာဖြစ်နေရင် အားပေးစကား ဆုံးမစကားပြောပါ” လို့ ဟောတာ။
1,326,945
Uncategorized
အားပေးစကား
ဒီလို အားပေးစကားပြောလိုက်ရင် အကျိုးရှိတယ်။
1,326,946
Uncategorized
အားပေးစကား
နိုင်ငံခြားသားတိုင်းပြည်တွေက ဆေးရုံကြီးတွေမှာ မျှော်လင့်ချက်ကင်းသွားတဲ့လူနာတွေ၊ ဆရာဝန်တွေက ဆေးကုသမှု ဆက်မလုပ်တော့ဘူးဆိုတဲ့ လူနာတွေကို သက်ဆိုင်ရာဘာသာရေးခေါင်းဆောင်တွေ ဘာသာဝင်တွေက ထိုလူနာတွေကို အားပေးစကားပြောဖို့ ခန့်ထားကြတယ်၊ ကောင်းတဲ့အစီအစဉ်တစ်ခုပေါ့နော်။
1,326,947
Uncategorized
အားပေးစကား
မြတ်စွာဘုရားက ဒီသုတ္တန်မှာ ဒီအဓိပ္ပာယ်မျိုး ဟောထားတာပဲ၊ ဒါပေမယ့် အားပေးစကားပြောရမယ်ဆိုရင် ဘယ်လို အားပေးစကားပြောရမတုန်းဆိုတော့ ဒီအချက်(၄)ချက်နဲ့ ပြောရမယ်။
1,326,948
Uncategorized
အားပေးစကား
အားပေးစကား(၁)
1,326,949
Uncategorized
အားပေးစကား
လူဝတ်ကြောင်တွေကို ဘာပြောရမလဲဆိုရင် ...
1,326,950
Uncategorized
အားပေးစကား
(၁) “မင်းမှာ ဘုရားအပေါ်မှာ အသိဉာဏ်နဲ့ နှစ်နှစ်ကာကာ ယုံကြည်တဲ့ သဒ္ဓါတရားတွေ ရှိနေတယ်၊ ဘာမှ ကြောက်စရာမလိုဘူး၊ စိတ်အေးလက်အေး နေနိုင်တယ်”။
1,326,951
Uncategorized
အားပေးစကား
ဘယ်ဘဝခရီးပဲဖြစ်ဖြစ် ဘဝဟာအတူတူပဲ၊ ဒီဘဝ သေသွားရင် နောက်ဘဝတစ်ခု ရောက်မှာပဲ၊ အရင်ဘဝကလည်း ဒီလို သေလာတာပဲလေ၊ အခု အသက် (၃၀)ရှိတဲ့လူဟာ ဟိုဘဝက သေလာတာ အနှစ်(၃၀)ရှိပြီပေါ့။
1,326,952
Uncategorized
အားပေးစကား
ဒီဘဝမွေးနေ့ဟာ အရင်ဘဝ သေနေ့ပဲ၊ ဟိုဘက်ကလာခဲ့တဲ့ သေတဲ့နှစ်ကို ပြန်တွက်တာနဲ့ အတူတူပဲ၊ ဟိုဘဝကသေပြီးမှ ဒီဘဝဖြစ်တာကိုး။
1,326,953
Uncategorized
အားပေးစကား
ဒါကြောင့် ပထမ အားပေးစကားပြောရမှာက “ဗုဒ္ဓေ အဝေစ္စပသာဒေန သမန္နာဂတော“၊ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကိုသိပြီးတော့ နှစ်နှစ်ကာကာ ယုံကြည်တဲ့သဒ္ဓါ ရှိရမယ်၊ “အဲဒီသဒ္ဓါတရား မင်းမှာ ရှိနေရင် ဘာမှကြောက်စရာ မလိုဘူး၊ မကောင်းတဲ့ဘဝ ဘယ်တော့မှ မရောက်ဘူး၊ အဲဒီသဒ္ဓါက ကယ်သွားလိမ့်မယ်၊ ဒါလေးအားကိုး” လို့ ပြောပါတဲ့။
1,326,954
Uncategorized
အားပေးစကား
ဗုဒ္ဓေ အဝေစ္စပသာဒ - မြတ်စွာဘုရားကို နှစ်နှစ်ကာကာ ယုံကြည်တယ်ဆိုတာ ဘယ်လိုဟာတုန်းဆိုတော့ လူတွေက ဘုရားကို ကိုးကွယ်တာ အမျိုးမျိုး မရှိဘူးလား? တစ်ချို့က ဘယ်လိုရည်ရွယ်ချက်နဲ့ ဘုရားကိုကိုးကွယ်တုန်းဆိုရင် လာဘ်ကောင်းအောင် ကိုးကွယ်တာ၊ အဲဒါ နှစ်နှစ်ကာကာ ယုံကြည်တာ မဟုတ်ဘူး။
1,326,955
Uncategorized
အားပေးစကား
ဒီဘုရား ကိုးကွယ်ရင် ထီပေါက်မယ်၊ ချဲပေါက်မယ်၊ စီးပွားတက်မယ်ဆိုတဲ့အနေနဲ့ ကိုးကွယ်တာမျိုးပေါ့။
1,326,956
Uncategorized
အားပေးစကား
နေ့ကိုက် နံကိုက်တွေ ဗေဒင်ဆရာဆီမေးပြီး ဘယ်နေ့သားဆိုရင် ဘာအသားထု ကိုးကွယ်ရမယ်ဆိုတဲ့အတိုင်း အဲဒါမျိုး အထူးမှာပြီး ကိုးကွယ်ကြတယ်။
1,326,957
Uncategorized
အားပေးစကား
“ဆင်စီး မြင်းရံ” ဆိုပြီး ဆင်စီးမြင်းရံရုပ်ပွားတော်ကို ကိုးကွယ်တာတို့ပေါ့။
1,326,958
Uncategorized
အားပေးစကား
အဲဒါမျိုးက အသိဉာဏ်နဲ့ ကိုးကွယ်တာလို့ ဆိုနိုင်ပါ့မလား၊ မဆိုနိုင်ဘူး။
1,326,959
Uncategorized
အားပေးစကား
သို့သော် ဒါမျိုး ကိုးကွယ်တဲ့လူတွေမရှိကြဘူးလား၊ အဲဒါ အဝေစ္စပသာဒ မဟုတ်ဘူး၊ တစ်စုံတစ်ခုကို လိုချင်နေလို့ ဒီဘဝရဲ့ အကျိုးရှိရာ အကျိုးရှိကြောင်း ယုံကြည်တာကို အသိဉာဏ်မဲ့တဲ့သဒ္ဓါ ပညာမဲ့သဒ္ဓါ လို့ခေါ်တာပေါ့နော်။
1,326,960
Uncategorized
အားပေးစကား
အဲဒီပညာမဲ့သဒ္ဓါနဲ့ ကိုးကွယ်တာမျိုးဖြစ်တယ်၊ ပညာမဲ့သဒ္ဓါနဲ့ ကိုးကွယ်တာကို အကျိုးမရှိဘူးလို့ ပြောတာမဟုတ်ဘူးနော်၊ ဘုန်းကြီးပြောတာက ထိုက်သင့်သလောက် အကျိုးပေးလေးတော့ ရှိမယ်၊ ဒါပေမယ့် အစွမ်းထက်တဲ့အကျိုးမျိုးတော့ မဖြစ်နိုင်ဘူး။
1,326,961
Uncategorized
အားပေးစကား
ပညာပါတဲ့သဒ္ဓါ
1,326,962
Uncategorized
အားပေးစကား
ပညာရှိတဲ့သဒ္ဓါနှင့် ကိုးကွယ်ရမယ်ဆိုတာ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေ အာရုံပြုလိုက်၊ အရဟံ ဆိုပြီး နှလုံးသွင်းလိုက်၊ “တို့မှာ လောဘတွေရှိတယ်၊ ဒေါသတွေရှိတယ်၊ မောဟတွေရှိတယ်၊ မြတ်စွာဘုရားရဲ့ စိတ်ထဲမှာ အဲဒီ လောဘ ဒေါသ မောဟ ဆိုတာ လုံးဝ မရှိဘူး၊ ဘုရားရဲ့စိတ်ဟာ ဖြူစင်လိုက်တာ“၊ ဟော အရဟံ ဂုဏ်တော်ကို အာရုံပြုတဲ့ အခါမှာနော်၊ “ကိလေသာအာသဝ...
1,326,963
Uncategorized
အားပေးစကား
ဒီလို လောဘ ဒေါသ မောဟတွေ ကင်းနေသည့်အတွက်ကြောင့် တစ်လောကလုံးမှာနေတဲ့ ပုဂ္ဂိုလ်တွေက ဦးညွှတ်ပြီးတော့ ရှိခိုးထိုက်တဲ့ဘုရားပါလား“လို့ အရဟံ ဂုဏ်တော်ကို အောက်မေ့ပြီးရှိခိုးပါ။
1,326,964
Uncategorized
အားပေးစကား
ဒီလိုကိုးကွယ်ပါ။
1,326,965
Uncategorized
အားပေးစကား
ဘုရားဆိုတာ လက်အုပ်ကလေး တစ်ခါချီလိုက်ရုံနဲ့ လက်အုပ်ချီတဲ့သူ နတ်ပြည်ရောက်သွားနိုင်တယ်။
1,326,966
Uncategorized
အားပေးစကား
ဒီ ကုသိုလ်လေးက စွမ်းဆောင်မှု ဘယ်လောက်ကောင်းသလဲဆိုတာ စဉ်းစားကြည့်၊
1,326,967
Uncategorized
အားပေးစကား
မဋ္ဌကုဏ္ဍလီ ဝတ္ထု
1,326,968
Uncategorized
အားပေးစကား
မဋ္ဌကုဏ္ဍလီ သတို့သားလေးဟာ ဗုဒ္ဓဘာသာဝင် မဟုတ်ဘူး၊ အဖေကလည်း နှမြောလိုက်တာ လွန်ရော၊ ရောဂါဖြစ်တာတောင် ဆေးကုမပေးဘူး၊ ဆေးမြီးတို တွေနဲ့ကုတာ။
1,326,969
Uncategorized
အားပေးစကား
နောက်ဆုံး ကုမရလို့ သေခါနီးအချိန် ရောက်တော့ အိမ်ပြင်ထုတ်ထားတယ်၊ ဘုရားက ဆွမ်းခံကြွလာတဲ့အခါ ထတောင်ရှိမခိုးနိုင်တော့ဘူး။
1,326,970
Uncategorized
အားပေးစကား
ဒါပေမယ့် ဘုရားကိုဖူးမြင်လိုက်ရတာနဲ့ ချက်ချင်း စိတ်ထဲက ကြည်နူးလာပြီး “ဩော် - ဒီလို ဘုရားမျိုး ငါမလှူဖူးဘူး၊ မဖူးဘူး၊ ရှိမခိုးဖူးဘူး၊ အခု ရှိခိုးရပြီ” ဆိုပြီး စိတ်ထဲကနေ ကြည်နူးပြီးနေတယ်၊ အဲဒီအချိန် ကလေးမှာ သေသွားတာနဲ့ နတ်ပြည်မှာ နတ်သား သွားဖြစ်တယ်၊ သူ့ကို ဒီကုသိုလ်လေးက ကယ်လိုက် တာ။
1,326,971
Uncategorized
အားပေးစကား
ကြည့် - ကုသိုလ်ရဲ့စွမ်းဆောင်ချက် ဘယ်လောက် ကောင်းသလဲဆိုတာ စဉ်းစားကြည့်၊ စိတ်ထဲမှာတင် ဖြစ်နေတာနော်၊ လက်အုပ်တောင် မချီနိုင်ဘူးတဲ့၊ ဘုရားကိုအာရုံပြုပြီး စိတ်ထဲကနေ ကြည်နူးလိုက်ရုံတင် လေးနဲ့ နတ်ပြည်ရောက်သွားတယ်။
1,326,972
Uncategorized
အားပေးစကား
ဖားနတ်သား ဝတ္ထု
1,326,973
Uncategorized
အားပေးစကား
လူမပြောနဲ့၊ ဂဂ္ဂရာရေကန်ကြီးနားက သစ်ပင် အောက်မှာ မြတ်စွာဘုရားက တရားဟောနေတာ။
1,326,974
Uncategorized
အားပေးစကား
ဖားလေးတစ်ကောင် ရေကန်ထဲက ခုန်တက်လာပြီး မြက်တောထဲမှာ ဝပ်နေရင်းက ဘုရား တရားဟောတဲ့ အသံကြားတာနဲ့ နားထောင်ပြီး ငြိမ်နေတယ်၊ တိရစ္ဆာန် ဆိုတာ အန္တရာယ်ရှိတဲ့အသံလား အန္တရာယ်မရှိတဲ့ အသံလား-ဒီလောက်တော့သိတယ်။
1,326,975
Uncategorized
အားပေးစကား
သို့သော် တရားရဲ့ အဓိပ္ပာယ်ကိုတော့ သူသိတာ မဟုတ်ဘူး။
1,326,976
Uncategorized
အားပေးစကား
မြတ်စွာဘုရားရဲ့ ကရုဏာတွေ လွှမ်းခြုံထားတဲ့၊ မေတ္တာတွေလွှမ်းခြုံထားတဲ့ အသံတော်ကို နားထောင် ရင်း သူ့စိတ်ထဲ ကြည်နူးနေတဲ့ အချိန်လေးမှာ ကံ မကောင်း အကြောင်းမလှတော့ အနားရောက်လာတဲ့ နွားကျောင်းသားက တံဖျားနဲ့ ခေါင်းကိုထောက်ပြီး ဖိလိုက်လို့ သူ့ခမျာ သေသွားရတာ၊ ဘုရားကိုအာရုံပြုပြီး ကြည်နူးတဲ့စိတ်ကလေးနဲ့သေလို့ နတ်ပြည်ရောက်သွား တာ၊ ကဲ...
1,326,977
Uncategorized
အားပေးစကား
ဒါကြောင့် ဗုဒ္ဓေ အဝေစ္စပသာဒ- မြတ်စွာဘုရားကို အသိဉာဏ်နဲ့များ ကြည်ညိုလိုက်မယ်ဆိုရင် ဒီ့ထက် အဆပေါင်းများစွာ အကျိုးရှိတယ်၊ အားကိုးစရာ မကောင်းဘူးလား။
1,326,978
Uncategorized
အားပေးစကား
ပိုက်ဆံတွေ ဘယ်လောက် ချမ်းသာချမ်းသာ ထို ပိုက်ဆံက နတ်ပြည်မပို့နိုင်ဘူး၊ ပစ္စည်းဥစ္စာက နတ်ပြည် မပို့နိုင်ဘူး။
1,326,979
Uncategorized
အားပေးစကား
ပစ္စည်းဥစ္စာကို အကြောင်းပြုပြီး ဒါန ကောင်းမှုလုပ်မှ၊ သီလဆောက်တည်မှ နတ်ရွာသုဂတိ ဆိုတာ ရောက်တာ။
1,326,980
Uncategorized
အားပေးစကား
လောကမှာ ပစ္စည်းဥစ္စာရှိတဲ့သူ ထိုပစ္စည်းဥစ္စာကို အကြောင်းပြုပြီး လူတိုင်း ချမ်းသာ သုခရတယ်လို့ မအောက်မေ့နဲ့၊ ဒီဘဝမှာလည်း ဆင်းရဲ ကြပြီး နောင်ဘဝမှာလည်း ဒုက္ခရောက်ကြတယ်။
1,326,981
Uncategorized
အားပေးစကား
ဒါကြောင့် မြတ်စွာဘုရားက “ဟနန္တိ ဘောဂါ ဒုမ္မေဓံ၊ နော စ ပါရဂဝေသိနော” “အသိဉာဏ်မရှိတဲ့ သူကို ပစ္စည်းဥစ္စာက ဖျက်ဆီးတတ်တယ်” တဲ့၊ ပစ္စည်း ဥစ္စာကြောင့် ထိုပုဂ္ဂိုလ်ဟာ ပျက်ဆီးရတယ်၊ ပစ္စည်းဥစ္စာ ကြောင့် ထိုပုဂ္ဂိုလ်ဟာ သေရတယ်၊ ပစ္စည်းဥစ္စာက ဒုက္ခ ပေးလို့ လူတွေမှာ ဒုက္ခအမျိုးစုံဖြစ်တယ်၊ ပစ္စည်းဥစ္စာက ပညာမဲ့တဲ့ပုဂ္ဂိုလ်တွေကို ဖျက်ဆ...
1,326,982
Uncategorized
အားပေးစကား
သို့သော် ပစ္စည်းဥစ္စာကို အသုံးချပြီး နိဗ္ဗာန်တစ်ဖက်ကမ်းကို တက်လှမ်းတဲ့ သူတော်စင်တွေကိုတော့ ပစ္စည်းက အနှောင့်အယှက် မဖြစ်ဘူး။
1,326,983
Uncategorized
အားပေးစကား
သူတို့က ပစ္စည်းဥစ္စာကို အကြောင်းပြုပြီးတော့ ကောင်းမှုတွေ ပြုကြတယ်။
1,326,984
Uncategorized
အားပေးစကား
ဒီလိုမဟုတ်ရင် ဒီဘဝမှာလည်း ပစ္စည်းကြောင့် အန္တရာယ်ဖြစ်ရတယ်။
1,326,985
Uncategorized
အားပေးစကား
ထိုပစ္စည်းကို တပ်မက်ပြီးတော့ သေရသည့်အတွက် နောင်ဘဝမှာလည်း ပြိတ္တာဖြစ်ရ တယ်၊ ငရဲရောက်တယ်၊ ဒုက္ခတွေဖြစ်ကုန်တယ်။
1,326,986
Uncategorized
အားပေးစကား
ဒီတော့ ပစ္စည်းဥစ္စာဟာ အားကိုးစရာ ဟုတ်ရဲ့လား၊ မဟုတ်ဘူး။
1,326,987
Uncategorized
အားပေးစကား
အသိဉာဏ်နဲ့ ဘုရားကိုးကွယ်ပါ
1,326,988
Uncategorized
အားပေးစကား
တကယ်အားကိုးရာဆိုတာ ဘာလဲလို့ ကိုယ့်ကိုယ် ကို ဆန်းစစ်ကြည့်၊ “အဝေစ္စပသာဒ-ဘုရားနဲ့ပတ်သက် ပြီး ဂုဏ်တော်ကို ထိထိရောက်ရောက် ကြည်ညိုနိုင် ရဲ့လား၊ ဘုရားကို ဘုရားဂုဏ်တော်သိပြီး ကြည်ညိုတဲ့ ကြည်ညိုမှုမျိုး ဟုတ်ရဲ့လား၊ ပညာနဲ့သဒ္ဓါလား ပညာမဲ့ သဒ္ဓါလား” ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်ရမယ်နော်။
1,326,989
Uncategorized
အားပေးစကား
အဝေစ္စပသာဒ ဆိုတာ အသိဉာဏ်ရှိရှိနဲ့ ဘုရား ကိုးကွယ် တာ။
1,326,990
Uncategorized
အားပေးစကား
ဘုရားဆိုတဲ့နေရာမှာ ရုပ်ပွားဆင်းတုက ဘုရား ကိုယ်စား အနေနဲ့ရှိတာ။
1,326,991
Uncategorized
အားပေးစကား
ဘယ်လို ရုပ်ပွားဆင်းတုမျိုး ကိုးကွယ်ကိုးကွယ်၊ မကိုးကွယ်ကောင်းဘူး ဆိုတာလည်း မရှိဘူး၊ ဘုရားအမှတ်နဲ့ ရှိခိုးဦးချပြီးတော့ ထိုဘုရားမှာ အရဟံ စတဲ့ ဂုဏ်တော်ရှိတယ်၊ ကိုယ့်မှာ မရှိနိုင်တဲ့ အရည်အချင်းတွေရှိတယ်။
1,326,992
Uncategorized
အားပေးစကား
သမ္မာသမ္ဗုဒ္ဓ - တရားဓမ္မတွေကို မှန်မှန်ကန်ကန် ကိုယ်ပိုင်ဉာဏ်ဖြင့်သိတယ်ဆိုတဲ့ အရည်အချင်းတွေ ရှိတယ်။
1,326,993
Uncategorized
အားပေးစကား
ဝိဇ္ဇာစရဏသမ္ပန္န - အသိပညာ အသိဝိဇ္ဇာ အကျင့်တရားတွေနဲ့ ပြည့်စုံတယ်။
1,326,994
Uncategorized
အားပေးစကား
သုဂတ - နိဗ္ဗာန် ထိအောင် ပေါက်ရောက်ပြီးသားလည်း ဖြစ်တယ်၊ ကောင်းမြတ်တဲ့တရားစကားကို ဟောပြောနိုင်တယ်။
1,326,995
Uncategorized
အားပေးစကား
လောကဝိဒူ - လောကကြီးအကြောင်း ကောင်း ကောင်း သိတယ် စသည်ဖြင့် ကိုယ်ကြည်ညိုရာ ဗုဒ္ဓရဲ့ ဂုဏ်အရည်အချင်းတွေကိုသိပြီး မြတ်စွာဘုရား အပေါ် မှာ ယုံကြည်တဲ့ ခိုင်မြဲတဲ့ သဒ္ဓါတရား ရှိနေပြီဆိုရင် အဲဒီသဒ္ဓါတရားလေးကြောင့် ဘယ်လိုနည်းနဲ့မှ အပါယ် မကျနိုင်တော့ဘူး။
1,326,996
Uncategorized
အားပေးစကား
ဒီ သဒ္ဓါတရားလေးကြောင့် ကောင်းရာသုဂတိ ရောက်မယ်ဆိုရင် သေခါနီးမှ ဘယ်သွားလို့ သွားရမှန်း မသိတဲ့အတွက် စိတ်အားငယ်နေတဲ့ပုဂ္ဂိုလ်အဖို့ လမ်း မဖြောင့်ပေဘူးလား။
1,326,997
Uncategorized
အားပေးစကား
ဆိုပါစို့ ... လူတစ်ယောက် ခရီးသွားတဲ့အခါမှာ ကိုယ်သွားမယ့်ခရီးကိုလည်း သိတယ်၊ ဟိုရောက်တဲ့ အခါမှာလည်း ဘယ်မှာနေရမယ် ဆိုတာကိုလည်း ကိုယ်သိတယ်ဆိုရင် အဲဒီလူဟာ ခရီးသွားတဲ့အခါမှာ ပျော်ပျော်ပါးပါး မရှိပေဘူးလား။
1,326,998
Uncategorized
အားပေးစကား
ဒီလိုမဟုတ်ဘဲနဲ့ ဆွေမရှိ မျိုးမရှိ ကိုယ်မသိတဲ့နေရာကို သွားရမယ်ဆိုရင် ဘယ်လိုများ နေရပါ့မလဲဆိုပြီး စိတ်ထဲမှာ အားငယ်မှု တွေ မဖြစ်ဘူးလား။
1,326,999
Uncategorized
အားပေးစကား
ဒါမျိုးလိုပဲ သံသရာဘဝခရီးတစ်ခုကို သွားတော့ မယ်ဆိုရင် သေခါနီးမှာ အားငယ်တတ်တယ်၊ အားငယ် တာတော့ အမျိုးမျိုးပေါ့၊ လက်ရှိ ကိုယ်ခင်မင်တဲ့ပုဂ္ဂိုလ် တွေကို စွန့်ခွာသွားရမှာ အားငယ်စရာတစ်ခု၊ ကိုယ် မြတ်နိုးတဲ့ ပစ္စည်းဥစ္စာကို စွန့်ထားခဲ့ရမှာလည်း အားငယ် စရာတစ်ခုပေါ့။
1,327,000
Uncategorized
အားပေးစကား
ဒီတော့ ကိုယ်ခင်မင်တဲ့ ပုဂ္ဂိုလ်တွေတို့၊ ကိုယ် မြတ်နိုးတဲ့ပစ္စည်းတွေဆိုတာ ကိုယ့်အတွက် အားကိုးရာ ဟုတ်ရဲ့လား၊ မဟုတ်ဘူးနော်။