id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,327,401
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အိုရောက်သင် ကျောက်စာ
၂၇ င်မင်လေ ရပါစိယ်သတေ၊ ဤငအလှူကိုဝ် ဖျက်ဆီသသူ
1,327,402
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အိုရောက်သင် ကျောက်စာ
၂၈ ကာ စာချင်လျက် မစာရတတ် သောက်ချင်လျက် မသောက်ရ
1,327,403
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အိုရောက်သင် ကျောက်စာ
၂၉ တတ်စိယ်သတေ၊ ကမ္ဘာလျှင်လောင်သောခလေ မလောင်
1,327,404
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အိုရောက်သင် ကျောက်စာ
၃၀ ရျာသ ကမ္ဘာတပါသိုဝ်လာရုယ် မ္လိယ်ကြီအထယ် ငြယ်ခံ
1,327,405
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အိုရောက်သင် ကျောက်စာ
၃၁ စိယ် ကျက်စိယ်လိယ်သတေ။
1,327,406
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အိုရောက်သင် ကျောက်စာ
[ဤငါ့ထန်း မိုးမြေကို ချီးပင့်ပါသောသူကား ငါနှင့် ထပ်တူ လူဖြစ်ကား လူစည်းစိမ်၊ နတ်တည်းဖြစ်ကား နတ်(တည်း)စည်းစိမ် ခံစားရစေသတည်း။
1,327,407
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အိုရောက်သင် ကျောက်စာ
မေတ္တေယျ ဘုရား ဖြစ်လစ်သောခါ ဘုရားရှေ့ ဓမ္မစကြာတရား ကြားက အကျွတ်ရ၍ နိဗ္ဗာန်မည်သော မသေပြည် ဝင်စေသတည်း။
1,327,408
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အိုရောက်သင် ကျောက်စာ
ရေမြေအသခင်မင်းလည်း ရပါစေ သတည်း။
1,327,409
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အိုရောက်သင် ကျောက်စာ
ဤငါ့အလှူကို ဖျက်ဆီးသောသူကား စား ချင်လျက် မစားရတတ်၊ သောက်ချင်လျက် မသောက် ရတတ်စေသတည်း။
1,327,410
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အိုရောက်သင် ကျောက်စာ
ကမ္ဘာလျှင် လောင်သောခါလည်း မလောင်ရာသော ကမ္ဘာတစ်ပါးသို့လား၍ မြေကြီး အထဲ ငရဲခံစေ ကျက်စေလေသတည်း။
1,327,411
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊
1,327,412
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၅/၂၀၀၄)
1,327,413
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
1,327,414
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
အောက်ဖော်ပြပါ ဥပဒေမူသည် (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၇/၂၀၂၁) အရ ၁၃၈၂ ခုနှစ်၊ တပို့တွဲလဆန်း ၄ရက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ပြဋ္ဌာန်းထားသော ဥပဒေဖြစ်သည်။
1,327,415
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
၁။ ဤဥပဒေကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေဟု ခေါ်တွင်စေရမည်။
1,327,416
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည် -
1,327,417
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ခ) အီလက်ထရောနစ်မှတ်တမ်း (Electronic Records) ဆိုသည်မှာ သတင်းအချက်အလက် စနစ်တစ်ခုတွင် သော်လည်းကောင်း၊သတင်းအချက်အလက် စနစ်တစ်ခုမှ အခြားစနစ်တစ်ခုသို့ ပေးပို့ရေးအတွက် သော်လည်းကောင်း၊ အလင်းတန်း ဖြတ်သန်းခြင်းနည်း (Optical means) ဖြင့်ဖြစ်စေ၊ အလားတူ အခြားနည်းပညာ တစ်ရပ်ရပ်ဖြင့် ဖြစ်စေ၊ သတင်းအချက်အလက် တစ်ခုခုကို ဖြစ်ပေါ်စေသော၊ ပ...
1,327,418
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ဂ) အီလက်ထရောနစ်အချက်အလက်သတင်းလွှာ (Electronic Data message) ဆိုသည်မှာ အီလက်ထရောနစ် အချက်အလက် အပြန်အလှန်ပို့ဆောင်သည့် အီးဒီအိုင်စနစ် (Electronic data interchange)၊ ဖက်စ်၊ အီးမေးလ်၊ ကြေးနန်း၊ တဲလက်စ်နှင့် တယ်လီကော်ပီတို့ အပါအဝင် အီလက်ထရောနစ် နည်းဖြင့်ဖြစ်စေ၊ အလင်းတန်း ဖြတ်သန်းခြင်း နည်းဖြင့်ဖြစ်စေ အလားတူ အခြားနည်းပညာ တစ...
1,327,419
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ဃ) ကွန်ပျူတာ ဆိုသည်မှာ သတင်းအချက်အလက်နှင့် မှတ်တမ်းများရယူခြင်း၊ ထားရှိခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ပေးပို့ခြင်း၊ သိုမှီးထိန်းသိမ်းခြင်း၊ လုပ်ငန်းစဉ်အလိုက် ဆောင်ရွက်ခြင်းနှင့် လိုအပ်သောအချိန်၌ ပြန်လည်ဖော်ထုတ်၍ အသုံးပြုခြင်းတို့ကို လည်းကောင်း၊ သင်္ချာဆိုင်ရာနှင့် ယုတ္တိဗေဒဆိုင်ရာ နည်းလမ်းများ အသုံးပြု ဆောင်ရွက်ခြင်းကို...
1,327,420
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(င) ကွန်ပျူတာကွန်ရက် (Computer network) ဆိုသည်မှာ ဂြိုဟ်တုမှတဆင့်ဖြစ်စေ၊ အခြားနည်း နည်းပညာတစ်ရပ်ရပ်မှ တစ်ဆင့်ဖြစ်စေ၊ ကွန်ပျူတာအချင်းချင်း ချိတ်ဆက်အသုံးပြုသော ကွန်ရက်စနစ်ကို ဆိုလိုသည်။
1,327,421
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(စ) အီလက်ထရောနစ် ထိုးမြဲလက်မှတ် (Electronic signature) ဆိုသည်မှာ အီလက်ထရောနစ် မှတ်တမ်း၏ ပင်ရင်း စစ်မှန်ကြောင်းနှင့် ပြင်ဆင်မှု သို့မဟုတ် အစားထိုးမှု မရှိကြောင်းတို့ကို အတည်ပြုရန် အီလက်ထရောနစ် နည်းပညာဖြင့်ဖြစ်စေ၊ အလားတူ အခြားနည်းပညာ တစ်ရပ်ရပ်ဖြင့် ဖြစ်စေ ကိုယ်တိုင် သို့မဟုတ် ကိုယ်စား စီစဉ်ထားသည့် သင်္ကေတသို့မဟုတ် အမှတ်အ...
1,327,422
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ဆ) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူ (Certification authority) ဆိုသည်မှာ အီလက်ထရောနစ် ထိုးမြဲလက်မှတ်နှင့် စပ်လျဉ်း၍ ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နိုင်ရန် ကြီးကြပ်မှုအဖွဲ့က ဤဥပဒေ ထုတ်ပေးသည့် လိုင်စင်ကို ရရှိသော ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို ဆိုသည်။
1,327,423
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ဇ) သက်သေခံလက်မှတ် (Certificate) ဆိုသည်မှာ လက်မှတ်ရေးထိုးသူနှင့် ထိုးမြဲလက်မှတ် ဖန်တီးသော အချက်အလက်တို့၏ ဆက်နွယ်မှုကို သေချာစေသည့် အီလက်ထရောနစ် အချက်အလက် သတင်းလွှာ သို့မဟုတ် အခြားမှတ်တမ်းအဖြစ် သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူက ငှားရမ်းသုံးစွဲသူ (Subscriber) အား ထုတ်ပေးသည့် လက်မှတ်ကို ဆိုသည်။
1,327,424
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ဈ) မူလဆောင်ရွက်ပေးပို့သူ (Originator) ဆိုသည်မှာ အီလက်ထရောနစ်မှတ်တမ်း သို့မဟုတ် အီလက်ထရောနစ် အချက်အလက် သတင်းလွှာကို ဖန်တီးရန်ဖြစ်စေ၊ စတင်ဆောင်ရွက်ရန် ဖြစ်စေ၊ ပေးပို့ရန်ဖြစ်စေ၊ ဆောင်ရွက်သူသို့မဟုတ် ထိုသူ၏ ကိုယ်စားလှယ်ကို ဆိုသည်။
1,327,425
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
ယင်းစကားရပ်တွင် အီလက်ထရောနစ်မှတ်တမ်း သို့မဟုတ် အီလက်ထရောနစ် အချက်အလက် သတင်းလွှာနှင့် စပ်လျဉ်း၍ အခြားသူ တစ်ဦးတစ်ယောက်အတွက် ဆောင်ရွက်ပေးသည့် ကြားခံဆောင်ရွက်သူ မပါဝင်။
1,327,426
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ည) လက်ခံသူ (Addressee) ဆိုသည်မှာ မူလဆောင်ရွက်ပေးပို့သူက ပေးပို့သည့် အီလက်ထရောနစ်မှတ်တမ်း သို့မဟုတ် အီလက်ထရောနစ် အချက်အလက် သတင်းလွှာကို လက်ခံရရှိစေရန် ရည်ရွယ်သည့် ပုဂ္ဂိုလ်ကို ဆိုသည်။
1,327,427
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
ယင်းစကားရပ်တွင် အီလက်ထရောနစ် မှတ်တမ်းသို့မဟုတ် အီလက်ထရောနစ် အချက်အလက်သတင်းလွှာနှင့် စပ်လျဉ်း၍ အခြားသူ တစ်ဦးတစ်ယောက်အတွက် ဆောင်ရွက်ပေးသည့် ကြားခံဆောင်ရွက်သူ မပါဝင်။
1,327,428
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ဋ) ငှားရမ်းသုံးစွဲသူဆိုသည်မှာ သက်သေခံလက်မှတ်တွင် နည်းပညာတစ်ရပ်ရပ်အရ အမည်ဖော်ပြထားသော အီလက်ထရောနစ် ထိုးမြဲလက်မှတ် ရေးထိုးသူအမှတ်ဖြစ်ကြောင်း သတ်မှတ်ခြင်း ခံရသည့် ပုဂ္ဂိုလ် ကိုဆိုသည်။
1,327,429
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ဌ) ကိုယ်ရေးဆိုင်ရာအချက်အလက် ဆိုသည်မှာ လူတစ်ဦးတစ်ယောက်နှင့် ဆက်နွှယ်သည့် မည်သူမည်ဝါအဖြစ် အတည်ပြုပြီးသော သို့မဟုတ် အတည်ပြုနိုင်သော မည်သည့်အချက်အလက်ကိုမဆို ဆိုသည်၊။
1,327,430
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ဍ) ကိုယ်ရေးဆိုင်ရာအချက်အလက်ကို စီမံထိန်းသိမ်းရန်တာဝန်ရှိသူ ဆိုသည်မှာ တည်ဆဲဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊​ ဤဥပဒေပါ ပြဋ္ဌာန်းချက်အရဖြစ်စေ ကိုယ်ရေးဆိုင်ရာအချက်အလက်ကို ကောက်ခံခြင်း စုဆောင်းသိမ်းဆည်းခြင်းနှင့် အသုံးပြုခြင်းတို့အား ဆောင်ရွက်နိုင်သည့် အခွင့်အာဏာရှိသော အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ တာဝန်ပေးအပ်ခြင်းခံရသောပုဂ္ဂို...
1,327,431
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ဎ) စီမံခန့်ခွဲခြင်း ဆိုသည်မှာ ကိုယ်ရေးဆိုင်ရာအချက်အလက်ကို ကောက်ယူခြင်း၊ ရယူခြင်း၊ လွှဲပြောင်းခြင်း၊ ဖြန့်ဝေခြင်း။
1,327,432
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
တွဲဖက်ဆောင်ရွက်ခြင်း၊ ဖျက်ဆီးခြင်း၊ မှတ်တမ်းတင်ခြင်း၊ ထိန်းသိမ်းခြင်း၊ သိမ်းဆည်းခြင်း၊ ပြောင်းလဲခြင်း၊ သိမ်းဆည်းထားသည်များကို ပြန်လည်ကောက်ယူခြင်း၊ အကြံပြုခြင်း၊ အသုံးပြုခြင်း သို့မဟုတ် ထုတ်ဖော်ခြင်းကိုဆိုသည်။
1,327,433
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(တ) မော်လ်ဝဲရ် (Malware) ဆိုသည်မှာ ဆိုက်ဘာအရင်းအမြစ်အား အနှောင့်အယှက်ဖြစ်စေသော သို့မဟုတ် အန္တရာယ်ဖြစ်စေသော အဖျက်အမှောင့်ကုဒ် (Malicious Code)ကို ဆိုသည်။
1,327,434
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ထ) ဆိုက်ဘာနယ်ပယ် (Cyber Space) ဆိုသည်မှာ သတင်းအချက်အလက် နည်းပညာ အခြေခံကွန်ရက်စနစ်တွင် ဆိုက်ဘာအရင်းအမြစ်များကိုအသုံးပြု၍ သတင်းအချက်အလက်၊ အချက်အလက်အစုအဝေး၊ အီလက်ထရောနစ် သတင်းအချက်အလက်၊ ကွန်ပျူတာပရိုဂရမ်ဆော့ဖ်ဝဲ (Software)၊ အပလီကေးရှင်း (Application) တစ်ခုခုကိုအသုံးပြုပြီး အီလက်ထရောနစ် သတင်းအချက်အလက်များအား ကွန်ရက်တစ်ခုတ...
1,327,435
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ဒ) ဆိုက်ဘာတိုက်ခိုက်မှု ဆိုသည်မှာ ဆိုက်ဘာနယ်ပယ်အတွင်း ဆိုက်ဘာအရင်းအမြစ် တစ်ရပ်ရပ်ကို အသုံးပြု၍ နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေး၊ အမျိုးသားလုံခြုံရေး သို့မဟုတ် အများပြည်သူ၏ လုံခြုံရေးနှင့် အသက်အိုးအိမ်စည်းစိမ် ထိခိုက်ပျက်စီးရေးတို့ကို ရည်ရွယ်သည့် တိုက်ခိုက်မှုတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျ...
1,327,436
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ဓ) ဗဟိုအဖွဲ့ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းထားသော အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဗဟိုအဖွဲ့ကို ဆိုသည်။
1,327,437
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(န) ဝန်ကြီးဌာန ဆိုသည်မှာ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနကို ဆိုသည်။
1,327,438
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ပ) ကြီးကြပ်မှုအဖွဲ့ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ကြီးကြပ်မှု အဖွဲ့ကို ဆိုသည်။
1,327,439
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် -
1,327,440
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(က) ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်ရာတွင် အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး နည်းပညာဖြင့် အထောက်အကူ ပြုနိုင်ရန်။
1,327,441
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ခ) အီလက်ထရောနစ် ဆက်သွယ်ရေး နည်းပညာဖြင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေးနှင့် ပညာရေးကဏ္ဍ အပါအဝင် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အခွင့်အလမ်းများ ပိုမိုရရှိလာစေရန်။
1,327,442
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ဂ) ကွန်ပျူတာကွန်ရက်ကို အသုံးပြု၍ ပြည်တွင်း ပြည်ပ ဆက်သွယ်ဆောင်ရွက်သည့် ကိစ္စများတွင် အီလက်ထရောနစ် မှတ်တမ်းနှင့် အီလက်ထရောနစ် အချက်အလက် သတင်းလွှာများ၏ စစ်မှန်မှုနှင့် ယုံကြည်စိတ်ချရမှုကို အသိအမှတ်ပြုပြီး ဥပဒေအရ အကာကွယ်ပေးနိုင်ရန်။
1,327,443
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ဃ) အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာကို အသုံးပြု၍ ပြည်တွင်းပြည်ပ သတင်း အချက်အလက်များကို အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးပို့ခြင်း၊ လက်ခံဖမ်းယူခြင်းနှင့် သိုမှီးထိန်းသိမ်းခြင်းတို့ ပြုလုပ်နိုင်ရန်။
1,327,444
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(င) ကွန်ပျူတာကွန်ရက်ကို အသုံးပြု၍ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများ၊ ပြည်တွင်းပြည်ပအစိုးရဌာန၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များ ထိရောက်လျင်မြန်စွာ ဆက်သွယ်ပူးပေါင်းဆောင်ရွက်နိုင်ရန်။
1,327,445
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(စ) အမျာ:ပြည်သူတို့၏ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန်။
1,327,446
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
အခန်း(၃) သက်ဆိုင်ခြင်း
1,327,447
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
၄။
1,327,448
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(က) ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် ပြည်တွင်းပြည်ပဆက်ဆံမှု၊ လုပ်ငန်းဆက်စပ်ဆောင်ရွက်မှု၊ စီစဉ်မှု၊ သဘောတူညီမှု၊ ပဋိညာဉ်ချုပ်ဆိုမှု၊ သတင်းအချက်အလက်ဖလှယ်မှုနှင့် သိုမှီးထိန်းသိမ်းမှုများ အပါအဝင် စီးပွားရေးနှင့် သက်ဆိုင်သော ကိစ္စရပ်တွင်ဖြစ်စေ၊ စီးပွားရေးနှင့် သက်ဆိုင်ခြင်းမရှိသော ကိစ္စရပ်များတွင်ဖြစ်စေ အသုံးပြုသည့် အီလက်ထရောန...
1,327,449
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ခ) မည်သူမဆို ဤဥပဒေအရ အရေးယူနိုင်သော ပြစ်မှုတစ်ရပ်ရပ်ကို ပြည်တွင်းတွင် ကျူးလွန်လျှင် ဖြစ်စေ၊ ပြည်တွင်းမှ ပြည်ပသို့လည်းကောင်း၊ ပြည်ပမှ ပြည်တွင်းသို့လည်းကောင်း၊ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး နည်းပညာကို အသုံးပြု၍ ကျူးလွန်လျှင်ဖြစ်စေ ဤဥပဒေနှင့် သက်ဆိုင်စေရမည်။
1,327,450
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
၅။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် အောက်ပါတို့နှင့် သက်ဆိုင်ခြင်းမရှိစေရ -
1,327,451
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(က) အမွေဆက်ခံခြင်း အက်ဥပဒေပုဒ်မ - ၂၊ ပုဒ်မခွဲ (ဇ)တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသောသေတမ်းစာ၊
1,327,452
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ခ) လွဲပြောင်းနိုင်သော စာချုပ်စာတမ်းများ၊ အက်ဥပဒေ ပုဒ်မ-၁၃ တွင် အဓိပ္ပာယ် ဖွင့်ဆိုထားသော လွှဲပြောင်းနိုင်သော စာချုပ်စာတမ်း၊
1,327,453
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ဂ) ယုံကြည်အပ်နှံမှု အက်ဥပဒေ ပုဒ်မ-၃ တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသော ယုံကြည်အပ်နှံမှု။
1,327,454
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ဃ) ကိုယ်စားလှယ်လွှဲအပ်ခြင်း အက်ဥပဒေအရ ပေးအပ်သော ကိုယ်စားလှယ်စာ
1,327,455
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(င) ပိုင်ဆိုင်ခွင့်ဆိုင်ရာ စာတမ်းအမှတ်အသားများ။
1,327,456
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(စ) တည်ဆဲဥပဒေ တစ်ရပ်ရပ်တွင် မှတ်ပုံတင်ရမည်ဟု ပြဋ္ဌာန်းထားသည့် စာချုပ်စာတမ်းများ။
1,327,457
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ဆ) ဝန်ကြီးဌာနက အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုသော ကိစ္စများ။
1,327,458
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
အခန်း(၄) အီလက်ထရောနစ်နှင့် ဆက်သွယ်ဆောင်ရွက်ရေး ဗဟိုအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ယင်း၏လုပ်ငန်းတာဝန်များ
1,327,459
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
၆။ အစိုးရအဖွဲ့သည် -
1,327,460
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(က) ဤဥပဒေပါ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အလို့ငှာ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဝန်ကြီးက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ အစိုးရဌာန၊ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက အဖွဲ့ဝင်မျာအဖြစ်လည်းကောင်း ပါဝင်စေလျက် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေ...
1,327,461
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ခ) ဗဟိုအဖွဲ့ကို ဖွဲ့စည်းရာတွင် ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဘက်အတွင်းရေးမှူးတို့ကို သတ်မှတ် တာဝန် ပေးနိုင်သည်။
1,327,462
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ဂ) ဗဟိုအဖွဲ့ကို လိုအပ်သလို ပြင်ဆင် ဖွဲ့စည်းနိုင်သည်။
1,327,463
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
၇။ ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -
1,327,464
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(က) ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်ရာတွင် အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး နည်းပညာကို တစ်ဆင့်ပြီးတစ်ဆင့် ကျယ်ပြန့်စွာ အသုံးပြုနိုင်ရေးအတွက် စီမံချက်များ ချမှတ်ဆောင်ရွက်ခြင်း။
1,327,465
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ခ) အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာဆိုင်ရာ အတွေ့အကြုံ ဗဟုသုတ ကြွယ်ဝပြီး ကမ္ဘာလုံးဆိုင်ရာ ပေါင်းစည်းမှုဖြစ်စဉ်တွင် အဆင်သင့်ဖြစ်စေရေးအတွက် လုပ်ငန်းစဉ်များ ချမှတ် အကောင်အထည်ဖော်ခြင်း။
1,327,466
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ဂ) အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ထိရောက်လျင်မြန်စွာ ပူးပေါင်းဆောင်ရွက်မှု၊ ဆက်သွယ်ဆက်ဆံမှု ပြုလုပ်နိုင်ရေးအတွက် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာဆိုင်ရာ မူဝါဒများ၊ ဥပဒေရေးရာများ၊ စံချိန်စံညွှန်းများနှင့် လိုက်လျောညီထွေ ရှိစေရန် ဆ...
1,327,467
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ဃ) အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်း ဆောင်ရွက်ခြင်း။
1,327,468
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(င) ကြီးကြပ်မှုအဖွဲ့ကို ဖွဲ့စည်းခြင်း၊ ကြီးကြပ်ခြင်းနှင့် လမ်းညွှန်ခြင်း။
1,327,469
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(စ) မိမိ၏ လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် လိုအပ်သောလုပ်ငန်း အဖွဲ့များ ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်း။
1,327,470
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
၈။ ဗဟိုအဖွဲ့သည် လိုအပ်ပါက မိမိ၏ လုပ်ငန်းတာဝန် တစ်ရပ်ရပ်ကို သင့်လျော်သည့် အစိုးရဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား လွှဲအပ်တာဝန် ပေးနိုင်သည်။
1,327,471
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
အခန်း(၅) အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ကြီးကြပ်မှုအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ယင်း၏လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များ
1,327,472
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
၉။ ဗဟိုအဖွဲ့သည် -
1,327,473
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(က) ဤဥပဒေပါ ကိစ္စရပ်များအလို့ငှာ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဆိုင်ရာလုပ်ငန်းများကို ကြီးကြပ်နိုင်ရန် သင့်လျော်သော ပုဂ္ဂိုလ်များနှင့် ကျွမ်းကျင်သူများပါဝင်သည့် အီလက်ထရောနစ် ဆက်သွယ်ရေး ကြီးကြပ်မှုအဖွဲ့ကို ဖွဲ့စည်းရမည်။
1,327,474
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ခ) ကြီးကြပ်မှုအဖွဲ့ကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။
1,327,475
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
၁၀။ ကြီးကြပ်မှုအဖွဲ့သည် ဗဟိုအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် အောက်ပါ လုပ်ငန်းတာဝန်များနှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံး ဆောင်ရွက်ရမည် -
1,327,476
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(က) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူအဖြစ် ဆောင်ရွက်နိုင်ရန် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးခြင်း၊ လိုင်စင်ထုတ်ပေးရန် ငြင်းပယ်ခြင်း။
1,327,477
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ခ) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူနှင့် ငှားရမ်းသုံးစွဲသူတို့အကြား ဆက်သွယ် ဆောင်ရွက်ရမည့် နည်းလမ်းများကို သတ်မှတ်ခြင်း။
1,327,478
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ဂ) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူကလုပ်ငန်းဆောင်ရွက်ရာတွင် လိုက်နာ ဆောင်ရွက် ရမည့် စည်းကမ်းချက်များနှင့် စံများကိုလည်းကောင်း၊ ထိုသူက ထိန်းသိမ်းရမည့် စာရင်းတွင် မှတ်တမ်းတင်ထားရမည့် အသေးစိတ် အချက်အလက်များကိုလည်းကောင်း သတ်မှတ်ခြင်း။
1,327,479
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ဃ) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူ၏ ဝန်ထမ်းများတွင် ရှိရမည့် အရည်အချင်းနှင့် လုပ်ငန်း အတွေ့အကြုံများကို သတ်မှတ်ခြင်း။
1,327,480
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(င) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူနှင့် ငှားရမ်းသုံးစွဲသူတို့အကြား အကျိုးစီးပွားနှင့် စပ်လျဉ်း၍ ပေါ်ပေါက်သော အငြင်းပွားမှုများကို ဖြေရှင်းခြင်း။
1,327,481
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(စ) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူ တစ်ဦးတည်းဖြစ်စေ၊ အခြားသက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူနှင့် ပူးပေါင်း၍ဖြစ်စေ ဆောင်ရွက်သည့် အီလက်ထရောနစ် နည်းပညာဖြင့် ဆက်သွယ် ဆောင်ရွက်ရေးစနစ် တည်ထောင်မှုကို အကူအညီပေးခြင်း။
1,327,482
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ဆ) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူက ထုတ်ဖော်ထားသော အများပြည်သူ အသုံးပြုမည့် အသေးစိတ် အချက်အလက်များ ပါဝင်သည့် အချက်အလက် အစုအေ၀းကို ထိန်းသိမ်းခြင်း။
1,327,483
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ဇ) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူ သိုမှီးထိန်းသိမ်းထားသည့် မှတ်တမ်းစာရင်း၊ အချက်အလက်နှင့် အထောက်အထားများကို လိုအပ်ပါက ကူးယူခြင်း၊ မိတ္တူကူးယူခြင်း၊ ထုတ်နှုတ်ယူခြင်းနှင့် ယင်းတို့ကို စစ်ဆေးခြင်း။
1,327,484
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ဈ) ကွန်ပြုတာစနစ်တစ်ခု၏ လုပ်ငန်းလည်ပတ်မှုနှင့် ယင်းနှင့်သက်ဆိုင်သည့် ပစ္စည်းကိရိယာကို ဤဥပဒေအရ ပြစ်မှုတစ်ခုခုနှင့် စပ်လျဉ်း၍ အသုံးပြုနေသည် သို့မဟုတ် အသုံးပြုပြီးဖြစ်သည်ဟု သံသယဖြစ်ရန် အကြောင်းရှိပါက ဝင်ရောက်ကြည့်ရှုစစ်ဆေးခြင်း။
1,327,485
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ည) ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ လိုအပ်သော အချက်အလက် အထောက်အထား များကို ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ဖော်ထုတ်ရယူခြင်း
1,327,486
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ဋ) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူ၏ ဆောင်ရွက်ချက်များကို စစ်ဆေးခြင်းနှင့် ကြီးကြပ်ခြင်း။
1,327,487
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ဌ) ဤဥပဒေနှင့် ဤဥပဒေအရထုတ်ပြန်သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့် ကြော်ငြာစာများ၊ အမိန့်များနှင့် ညွှန်ကြားချက်များကို လိုက်နာခြင်း ရှိ/မရှိ စိစစ်နိုင်ရန် လိုအပ်သလို စုံစမ်းစစ်ဆေးခြင်း။
1,327,488
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ဍ) ပြည်ပနိုင်ငံများ၏ သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူအား သတ်မှတ်ချက်များနှင့် အညီ အသိအမှတ်ပြုခြင်း။
1,327,489
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ဎ) မိမိ၏ ဆောင်ရွက်ချက်များကို သတ်မှတ်ချက်များနှင့် အညီ ဗဟိုအဖွဲ့သို့ တင်ပြခြင်း။
1,327,490
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ဏ) ဗဟိုအဖွဲ့ကဖြစ်စေ၊ ဝန်ကြီးဌာနကဖြစ်စေ အခါအားလျော်စွာ ပေးအပ်သည့် အခြားလုပ်ငန်း တာဝန်များကို ဆောင်ရွက်ခြင်း။
1,327,491
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
၁၁။ ကြီးကြပ်မှုအဖွဲ့သည် လိုအပ်ပါက မိမိ၏လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့် တစ်ရပ်ရပ်ကို အဖွဲ့ဖွဲ့စည်း၍ ဖြစ်စေ၊ ကျွမ်းကျင်သူ တစ်ဦးဦးအားဖြစ်စေ ဗဟိုအဖွဲ့၏ သဘောတူညီချက်ဖြင့် လွှဲအပ်တာဝန် ပေးနိုင်သည်။
1,327,492
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
အခန်း(၆) သက်သေခံလက်မှတ်ထုတ်ပေးပိုင်ခွင့်ရှိသူ
1,327,493
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
၁၂။ ပြည်တွင်းပြည်ပမှ ပုဂ္ဂိုလ်သို့မဟုတ် အဖွဲ့အစည်းသည် သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့် ရှိသူအဖြစ် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လိုပါက လိုင်စင်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ ကြီးကြပ်မှုအဖွဲ့သို့ လျှောက်ထားရမည်။
1,327,494
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
၁၃။ ကြီးကြပ်မှုအဖွဲ့သည် ပုဒ်မ - ၁၂ အရလိုင်စင်လျှောက်ထားချက်ကို စိစစ်ပြီး ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းအား စည်းကမ်း ချက်များသတ်မှတ်၍ လိုင်စင်ထုတ်ပေးခြင်း သို့မဟုတ် လိုင်စင်ထုတ်ပေးရန် ငြင်းပယ်ခြင်း ပြုနိုင်သည်။
1,327,495
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
၁၄။ သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူသည် -
1,327,496
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(က) ကွန်ပျူတာဟတ်ဒ်ဝဲ (Hardware)၊ ဆော့ဖ်ဝဲနှင့် ကွန်ပျူတာလုပ်ထုံးများကို ဝင်ရောက် နှောက်ယှက်ခြင်း၊ အလွဲသုံးစားပြုခြင်းတို့ ဖြစ်ပေါ်ခြင်း မရှိစေရန် ယုံကြည်စိတ်ချရသော စနစ်ကို အသုံးပြုရမည်။
1,327,497
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ခ) မိမိရည်ရွယ်သော လုပ်ငန်း၏ ဆောင်ရွက်မှုနှင့် ကိုက်ညီသော ဝန်ဆောင်မှုလုပ်ငန်းတွင် သင့်လျော်သော ယုံကြည်အားထားရမှု အဆင့်တစ်ရပ်ကို သတ်မှတ်ပေးရမည်။
1,327,498
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ဂ) အီလက်ထရောနစ် ထိုးမြဲလက်မှတ်များ၏ လျှို့ဝှက်ထားရှိမှုကို လုံခြုံမှု နည်းလမ်းများနှင့်အညီ ဆောင်ရွက်ရမည်။
1,327,499
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ဃ) သတ်မှတ်ထားသော စံများကို လိုက်နာဆောင်ရွက်ရမည်။
1,327,500
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(င) အီလက်ထရောနစ် နည်းပညာဖြင့် ဆက်သွယ်ဆောင်ရွက်ခြင်းဆိုင်ရာ သက်သေခံလက်မှတ်၏ အသေးစိတ် အချက်အလက်များကို ဖော်ပြရမည်။