id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,327,501 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (စ) သက်သေခံလက်မှတ် ထုတ်ပေးခြင်းနှင့် သက်ဆိုင်သော မိမိလက်တွေ့ ဆောင်ရွက်ပေးနိုင်မှုကို ဖော်ပြရမည်။ |
1,327,502 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (ဆ) ထုတ်ပေးသည့် သက်သေခံလက်မှတ်၏ ယုံကြည်အားထားရမှုကိုဖြစ်စေ၊ တာဝန်ခံနိုင်မှု သို့မဟုတ် အာမခံနိုင်မှုကိုဖြစ်စေ၊ ယင်း၏ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းဆောင်ရွက်နိုင်မှုကို ဖြစ်စေ၊ ထိခိုက်စေနိုင်သည့် အချက်များကို ဖော်ပြရမည်။ |
1,327,503 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (ဇ) သက်သေခံလက်မှတ်တွင် ခွင့်ပြုထားသော အခြေအနေကြောင့် ဖြစ်စေ၊ ကွန်ပျူတာစနစ်၏ ချို့ယွင်းမှုကြောင့် ဖြစ်စေ ထိခိုက်မှုဖြစ်ပေါ်လာနိုင်သော အခြေအနေများရှိလာပါက - |
1,327,504 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (၁) ထိခိုက်မှုဖြစ်စေနိုင်သည့် ပုဂ္ဂိုလ်အား ဖြစ်နိုင်သည့် နည်းလမ်းဖြင့် အသိပေး အကြောင်းကြားရမည်။ |
1,327,505 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (၂) အထက်ပါ အခြေအနေနှင့် ဖြစ်ပေါ်မှုများအတွက် သက်သေခံ လက်မှတ်ကို လက်တွေ့ဆောင်ရွက်ရာ၌ လိုက်နာရန် သီးခြား သတ်မှတ်ထားသည့် နည်းလမ်းများနှင့် အညီ ဆောင်ရွက်ရမည်။ |
1,327,506 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (ဈ) ကြီးကြပ်မှုအဖွဲ့က အခါအားလျော်စွာ သတ်မှတ်သည့် စည်းမျဉ်းစည်းကမ်းနှင့် တာဝန်များကို လိုက်နာဆောင်ရွက်ရမည်။ |
1,327,507 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၁၅။ |
1,327,508 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (က) ပုဒ်မ-၁၃ အရ ထုတ်ပေးသည့် လိုင်စင်ကို ရရှိသော သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့် ရှိသူသည် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရဖြစ်စေ၊ ပြည်ထောင်စုမြန်မာနိုင်ငံ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရဖြစ်စေ ခွင့်ပြုမိန့်ရရှိရေးအတွက် အဆိုပြုချက်ကို တင်ပြရာတွင် ကြီးကြပ်မှုအဖွဲ့က ထုတ်ပေးသော လိုင်စင်နှင့်အတူ မြန်... |
1,327,509 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (ခ) မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပုဒ်မခွဲ(က)အရ လျှောက်ထားချက်နှင့် စပ်လျဉ်း၍ လိုအပ်ပါက ကြီးကြပ်မှုအဖွဲ့၏ သဘောထားမှတ်ချက်ကို တောင်းခံနိုင်သည်။ |
1,327,510 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | အခန်း(၇) ငှားရမ်းသုံးစွဲသူ |
1,327,511 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၁၆။ |
1,327,512 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (က) ငှားရမ်းသုံးစွဲသူအဖြစ် ဆောင်ရွက်လိုသူသည် သက်သေခံလက်မှတ် ရရှိရန် သတ်မှတ်ချက်များ နှင့်အညီ သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့် ရှိသူထံ လျှောက်ထားရမည်။ |
1,327,513 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (ခ) သက်သေခံလက်မှတ်ထုတ်ပေးပိုင်ခွင့်ရှိသူသည် ပုဒ်မခွဲ(က)အရ လျှောက်ထားချက်ကို စိစစ်ပြီး စည်းကမ်းချက်များ သတ်မှတ်၍ သက်သေခံလက်မှတ် ထုတ်ပေးခြင်း သို့မဟု် သက်သေခံ လက်မှတ် ထုတ်ပေးရန် ငြင်းပယ်ခြင်း ပြုနိုင်သည်။ |
1,327,514 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၁၇။ ငှားရမ်းသုံးစွဲသူသည် - |
1,327,515 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (က) အီလက်ထရောနစ် ထိုးမြဲလက်မှတ် ထုတ်ဖော်သည့်အချက်အလက်ဖြင့် တရားဝင်သော ထိုးမြဲ လက်မှတ်ကို အသုံးပြုသည့်အခါ ယင်းထုတ်ဖော်သည့် အချက်အလက်ကို အခြားသူများ တရားမဝင် အသုံးပြုခြင်း မခံရစေရန် ဂရုစိုက်ရမည်။ |
1,327,516 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (ခ) အီလက်ထရောနစ် ထိုးမြဲလက်မှတ်အတွက် ထုတ်ပေးထားသော သက်သေခံလက်မှတ်ကို ခွင့်ပြုထားသော သက်တမ်းကာလအတွင်း အသုံးပြုရာတွင် မိမိနှင့် သက်ဆိုင်သည့် အကြောင်းအရာများသော်လည်းကောင်း၊ ထပ်မံထည့်သွင်းရန် ဖြစ်သည့် အကြောင်းအရာများ သော်လည်းကောင်း တိကျပြည့်စုံပြီး မှန်ကန်မှုရှိစေရန် ဂရုစိုက်ရမည်။ |
1,327,517 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (ဂ) အီလက်ထရောနစ် ထိုးမြဲလက်မှတ်ထုတ်ဖော်သည့် အချက်အလက်လျှို့ဝှက်မှု ပေါက်ကြားလျှင် ဖြစ်စေ၊ လျှို့ဝှက်မှု ပေါက်ကြားနိုင်သည့် အခြေအနေမျိုး ရောက်ရှိနေလျှင်ဖြစ်စေ၊ သက်သေခံလက်မှတ် ထုတ်ပေးနိုင်ခွင့် ရှိသူက စီစဉ်ပေးသည့် အတိုင်းသော်လည်းကောင်း၊ သင့်လျော်သည့် အစီအစဉ်ဖြင့် သော်လည်းကောင်း၊ မိမိ၏ အီလက်ထရောနစ် ထိုးမြဲလက်မှတ်နှင့် လုပ... |
1,327,518 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၁၈။ ပုဒ်မ-၁၇ တွင် ဖော်ပြထားသော အချက်များကို ဆောင်ရွက်ရန် ပျက်ကွက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ထိခိုက်နစ်နာ ဆုံးရှုံးမှု အကျိုးဆက်များအတွက် ငှားရမ်းသုံးစွဲသူတွင် တာဝန်ရှိစေရမည်။ |
1,327,519 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | အခန်း(၈) အီလက်ထရောနစ်မှတ်တမ်း၊ အီလက်ထရောနစ် အချက်အလက် သတင်းလွှာနှင့် အီလက်ထရောနစ် ထိုးမြဲလက်မှတ်များ |
1,327,520 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၁၉။ |
1,327,521 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (က) တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ စာဖြင့် ရေးသားရမည်ဟုလည်းကောင်း၊ လက်မှတ် ရေးထိုးရမည်ဟု လည်းကောင်း၊ ပြဋ္ဌာန်းထားသည့် အကြောင်းအရာများကို အီလက်ထရောနစ်မှတ်တမ်း၊ အီလက်ထရောနစ် အချက်အလက် သတင်းလွှာနှင့် အီလက်ထရောနစ် ထိုးမြဲလက်မှတ်တို့ဖြင့် ပြုလုပ်နိုင်သည်။ |
1,327,522 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (ခ) ပုဒ်မခွဲ(က)အရ ပြုလုပ်ထားသော အီလက်ထရောနစ်မှတ်တမ်း၊ အီလက်ထရောနစ် အချက်အလက် သတင်းလွှာနှင့် အီလက်ထရောနစ် ထိုးမြဲလက်မှတ်များသည် သက်ဆိုင်ရာ ဥပဒေအရ ပြုလုပ်ဘိသကဲ့သို့ တရားဝင်စေရမည်။ |
1,327,523 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၂၀။ မူလဆောင်ရွက်ပေးပို့သူနှင့် လက်ခံသူတို့သည် အီလက်ထရောနစ်မှတ်တမ်း၊ အီလက်ထရောနစ် အချက်အလက် သတင်းလွှာနှင့် အီလက်ထရောနစ် ထိုးမြဲလက်မှတ်ပေးပို့ခြင်း၊ လက်ခံရယူခြင်းနှင့် သိုမှီးထိန်းသိမ်းခြင်းတို့ကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ဆောင်ရွက်ရမည်။ |
1,327,524 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | သို့ရာတွင် မိမိတို့အချင်းချင်း သီးခြားသဘောတူညီချက် ရှိပါက ထိုသဘောတူညီသည့် နည်းလမ်းနှင့်အညီ ဆောင်ရွက်နိုင်သည်။ |
1,327,525 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | အခန်း(၉) အီလက်ထရောနစ်နည်းပညာဖြင့် ပြုလုပ်သည့် ပဋိညာဉ်များ |
1,327,526 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၂၁။ ပဋိညာဉ်ပြုလုပ်ရာတွင် ပဋိညာဉ်ပြုလုပ်သူများအကြား အခြားနည်းဖြင့် သဘောတူညီချက် မရှိလျှင် ကမ်းလှမ်းခြင်း၊ ကမ်းလှမ်းချက်ကို လက်ခံခြင်းနှင့် အခြားလိုအပ်သော အချက်အလက် ပြုလုပ်ခြင်းတို့ကို အီလက်ထရောနစ် နည်းပညာဖြင့် ဆောင်ရွက်နိုင်သည်။ |
1,327,527 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၂၂။ အီလက်ထရောနစ် မှတ်တမ်းနှင့် အီလက်ထရောနစ် အချက်အလက် သတင်းလွှာတို့ကို မူလဆောင်ရွက် ပေးပို့သူ ကိုယ်တိုင်က ဖြစ်စေ၊ ယင်း၏ကိုယ်စား ဆောင်ရွက်ခွင့်ရှိသူက ဖြစ်စေ၊ ကိုယ်တိုင် သို့မဟုတ် ယင်း၏ကိုယ်စား ဆောင်ရွက်ခွင့်ရှိသူက အလိုအလျောက် ဆောင်ရွက်ရန် စီစဉ်ပြုလုပ်ထားသော သတင်းအချက်အလက်စနစ် ဖြင့်ဖြစ်စေ ပေးပို့ခဲ့လျှင် မူလဆောင်ရွက်ပေးပ... |
1,327,528 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၂၃။ လက်ခံသူသည် အောက်ပါအချက်တစ်ရပ်ရပ်နှင့် ကိုက်ညီလိုပါက မူလဆောင်ရွက်ပေးပို့သူ၏ သတင်းအချက်အလက်၊ အီလက်ထရောနစ်မှတ်တမ်း သို့မဟုတ် အီလက်ထရောနစ် အချက်အလက် သတင်းလွှာ အမှတ်အဖြစ် သတ်မှတ်ချက်များနှင့်အညီ မှတ်ယူပြီး ဆောင်ရွက်ခွင့်ရှိသည် - |
1,327,529 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (က) လက်ခံသူနှင့် မူလဆောင်ရွက်ပေးပို့သူတို့ သဘောတူညီထားသည့် နည်းလမ်းနှင့်အညီ အသုံးပြု ပေးပို့ခဲ့ခြင်း။ |
1,327,530 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (ခ) မူလဆောင်ရွက် ပေးပို့သူနှင့် ဆက်နွယ်မှုရှိသူက ဖြစ်စေ၊ မူလဆောင်ရွက်ပေးပို့သူ၏ ကိုယ်စား ဆောင်ရွက်ခွင့်ရှိသူက ဖြစ်စေ ပေးပို့သည်ကို လက်ခံသူက လက်ခံရရှိခြင်းဖြစ်ပြီး မူလဆောင်ရွက် ပေးပို့သူ အသုံးပြုသည့် နည်းလမ်းဖြင့် ပေးပို့ခဲ့ခြင်း။ |
1,327,531 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၂၄။ အီလက်ထရောနစ်မှတ်တမ်း သို့မဟုတ် အီလက်ထရောနစ် အချက်အလက် သတင်းလွှာကို ပေးပို့ဆဲ ဖြစ်စေ၊ မပေးပို့မီဖြစ်စေ မူလဆောင်ရွက်ပေးပို့သူနှင့် လက်ခံသူတို့သည် - |
1,327,532 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (က) အောက်ပါတစ်နည်းနည်းဖြင့် လက်ခံရရှိကြောင်းကို အသိအမှတ်ပြုနိုင်သည် - |
1,327,533 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (၁) လက်ခံသူက ကိုယ်တိုင်ဖြစ်စေ၊ အလိုအလျောက်နည်းဖြင့် ဖြစ်စေ၊ အခြား တစ်နည်းနည်းဖြင့်ဖြစ်စေ ဆက်သွယ် ပြန်ကြားခြင်း။ |
1,327,534 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (၂) လက်ခံသူက လက်ခံရရှိပြီးဖြစ်ကြောင်း မူလဆောင်ရွက်ပေးပို့သူသို့ လုံလောက်သော ညွှန်ပြမှု တစ်ခုခု ပြုလုပ်ခြင်း။ |
1,327,535 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (ခ) လက်ခံရရှိကြောင်း အသိအမှတ်ပြုခြင်းနှင့် စပ်လျဉ်း၍ သီးခြားသဘောတူညီချက် ပြုလုပ်နိုင်သည်။ |
1,327,536 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၂၅။ အီလက်ထရောနစ် မှတ်တမ်း သို့မဟုတ် အီလက်ထရောနစ် အချက်အလက် သတင်းလွှာ လက်ခံကြောင်း အသိအမှတ်ပြုချက်ကို လက်ခံရရှိမှသာ အတည်ဖြစ်ရမည်ဟု မူလဆောင်ရွက်ပေးပို့သူက - |
1,327,537 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (က) သတ်မှတ်ထားသည့် ကိစ္စတွင် လက်ခံကြောင်း အသိအမှတ်ပြုချက်ကို လက်ခံရရှိခဲ့ခြင်း မရှိလျှင် မူလဆောင်ရွက်ပေးပို့သူက မည်သည့်အခါမျှ ပေးပို့ခဲ့ခြင်းမရှိဟု မှတ်ယူရမည်။ |
1,327,538 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (ခ) သတ်မှတ်ထားခြင်း မရှိသည့် ကိစ္စတွင် သီးခြားသတ်မှတ် သဘောတူညီထားသည့် အချိန်အတွင်း ဖြစ်စေ၊ အချိန်ကို သတ်မှတ်ထားခြင်း မရှိပါက သင့်လျော်သည့် အချိန်အတွင်းဖြစ်စေ၊ လက်ခံကြောင်း အသိအမှတ်ပြုချက်ကို မူလဆောင်ရွက်ပေးပို့သူက လက်ခံရရှိခြင်း မရှိလျှင် မူလဆောင်ရွက်ပေးပို့သူသည် ထိုသို့ မရရှိကြောင်း လက်ခံသူသို့ အကြောင်းကြားနိုင်သည်။ |
1,327,539 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၂၆။ မူလဆောင်ရွက်ပေးပို့သူနှင့် လက်ခံသူတို့အကြား ပို့လွှတ်သည့် အချိန်နှင့် လက်ခံသည့် အချိန်တို့နှင့် စပ်လျဉ်း၍ သီးခြား သဘောတူညီချက် မရှိလျှင် အီလက်ထရောနစ် မှတ်တမ်းသို့မဟုတ် အီလက်ထရောနစ် အချက်အလက် သတင်းလွှာကို - |
1,327,540 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (က) ပို့လွှတ်သည့်အချိန်သည် မူလဆောင်ရွက်ပေးပို့သူ သို့မဟုတ် ယင်း၏ကိုယ်စားလှယ်၏ ထိန်းချုပ်မှုပြင်ပရှိ သတင်းအချက်အလက် စနစ်အတွင်းသို့ ဝင်ရောက်သည့်အချိန်ဖြစ်သည်။ |
1,327,541 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (ခ) လက်ခံသည့်အချိန်သည် အောက်ပါအတိုင်း ဖြစ်သည် - |
1,327,542 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (၁) သတ်မှတ်ထားသော သတင်းအချက်အလက်စနစ်အတွင်းသို့ ဝင်ရောက်သည့်အချိန်။ |
1,327,543 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (၂) လက်ခံသူက သတ်မှတ်ထားခြင်းမရှိသော သတင်းအချက်အလက်စနစ်ကို အသုံးပြုခဲ့ပါက လက်ခံသူက လက်ခံရရှိသည့် အချိန်။ |
1,327,544 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (၃) သတ်မှတ်ထားသော သတင်းအချက်အလက်စနစ် မရှိပါက လက်ခံသူ၏ သတင်း အချက်အလက် စနစ်အတွင်းသို့ ဝင်ရောက်သည့်အချိန်။ |
1,327,545 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၂၇။ မူလဆောင်ရွက်ပေးပို့သူနှင့် လက်ခံသူတို့သည် - |
1,327,546 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (က) သီးခြားသဘောတူညီချက်မရှိလျှင် မူလဆောင်ရွက်ပေးပို့သူ၏ လုပ်ငန်းတည်ရှိသော နေရာကို ပို့လွှတ်သည့် နေရာဟုလည်းကောင်း၊ လက်ခံသူ၏ လုပ်ငန်းတည်ရှိသော နေရာကို လက်ခံသည့်နေရာဟု လည်းကောင်း မှတ်ယူရမည်။ |
1,327,547 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (ခ) စီးပွားရေးလုပ်ငန်းကို တစ်နေရာထက်ပို၍ လုပ်ကိုင်ပါက အဓိက စီးပွားရေးလုပ်ငန်း လုပ်ကိုင်သည့် နေရာကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သည့် နေရာမရှိပါက ထိုသူအမြဲတမ်း နေထိုင်သော နေရာကိုလည်းကောင်း အဖွဲ့အစည်းဖြစ်ပါက ဥပဒေနှင့်အညီ ဖွဲ့စည်းတည်ထောင် ထားသော နေရာကိုလည်းကောင်း အမြဲတမ်းနေရပ်လိပ်စာဟု မှတ်ယူရမည်။ |
1,327,548 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | အခန်း(၁၀) စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း |
1,327,549 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၂၈။ ကြီးကြပ်မှုအဖွဲ့သည် သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူက လိုင်စင်စည်းကမ်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင်ဖြစ်စေ၊ ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင်ဖြစ်စေ အောက်ပါ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ချမှတ်နိုင်သည် - |
1,327,550 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (က) သတ်မှတ်ထားသောဒဏ်ကြေးငွေတပ်ရိုက်ခြင်း။ |
1,327,551 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (ခ) လိုင်စင်ကိုကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း။ |
1,327,552 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (ဂ) လိုင်စင်ကိုပယ်ဖျက်ခြင်း။ |
1,327,553 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၂၉။ သက်သေခံလက်မှတ်ထုတ်ပေးပိုင်ခွင့်ရှိသူသည် ငှားရမ်းသုံးစွဲသူက သက်သေခံလက်မှတ်ပါ စည်းကမ်း ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင်ဖြစ်စေ၊ ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်ဖြစ်စေ ထိုသူအား အောက်ပါ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်။ |
1,327,554 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (က) သက်သေခံလက်မှတ်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း။ |
1,327,555 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (ခ) သက်သေခံလက်မှတ်ကို ပယ်ဖျက်ခြင်း။ |
1,327,556 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | အခန်း(၁၁) ပြင်ဆင်ပေးရန် လျှောက်ထားခြင်းနှင့် အယူခံခြင်း |
1,327,557 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၃၀။ |
1,327,558 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (က) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူက သက်သေခံလက်မှတ် ထုတ်ပေးရန် ငြင်းပယ်ခြင်း၊ သက်သေခံလက်မှတ်ကို ကာလ အကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းနှင့် စပ်လျဉ်း၍ ချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက် တစ်ရပ်ရပ်ကို မကျေနပ်သူသည် အဆိုပါ အမိန့် သို့မဟုတ် ဆုံးဖြတ်ချက် ချမှတ်သည့်နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း ကြီ... |
1,327,559 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (ခ) ကြီးကြပ်မှုအဖွဲ့သည် သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့် ရှိသူက ချမှတ်သောအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။ |
1,327,560 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၃၁။ |
1,327,561 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (က) ကြီးကြပ်မှုအဖွဲ့က လိုင်စင်ထုတ်ပေးရန် ငြင်းပယ်ခြင်း၊ သတ်မှတ်ထားသော ဒဏ်ကြေးငွေ တပ်ရိုက်ခြင်း၊ လိုင်စင်ကို အကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းနှင့် စပ်လျဉ်း၍ဖြစ်စေ၊ ပုဒ်မ-၃၀၊ ပုဒ်မခွဲ(ခ)အရ ချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက် တစ်ရပ်ရပ်ကိုဖြစ်စေ မကျေနပ်သူသည် အဆိုပါ အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ချသည... |
1,327,562 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (ခ) ဗဟိုအဖွဲ့သည် ကြီးကြပ်မှုအဖွဲ့က ချမှတ်သောအမိန့်သို့မဟုတ် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။ |
1,327,563 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၃၂။ ဗဟိုအဖွဲ့က ပုဒ်မ-၃၁၊ ပုဒ်မခွဲ(ခ)အရ ချမှတ်သည့် အဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။ |
1,327,564 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | အခန်း(၁၂) ပြစ်မှုနှင့် ပြစ်ဒဏ်များ |
1,327,565 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၃၃။ မည်သူမဆို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာကို အသုံးပြု၍ အောက်ပါ ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ်အနည်းဆုံး (၅) နှစ်မှ အများဆုံး (၇) နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည် - |
1,327,566 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (က) နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်၏စီးပွားရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေသည့် ပြုလုပ်မှု တစ်ရပ်ရပ်ကို ပြုလုပ်ခြင်း။ |
1,327,567 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (ခ) နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်၏စီးပွားရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှုနှင့် စပ်လျဉ်းသည့် နိုင်ငံတော်၏ လျှို့ဝှက်ချက်နှင့် သက်ဆိုင်သော သတင်းအချက်အလက်တစ်ရပ်ရပ်ကို ရယူခြင်း သို့မဟုတ် ပေးပို့ဖြန့်ချိခြင်း။ |
1,327,568 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၃၄။ မည်သူမဆို အောက်ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူအား ထောင်ဒဏ် (၅)နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် - |
1,327,569 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (က) အီလက်ထရောနစ်မှတ်တမ်း အီလက်ထရောနစ်အချက်အလက် သတင်းလွှာသို့မဟုတ် ကွန်ပျူတာပရိုဂရမ် တစ်ခုလုံးကိုဖြစ်စေ၊ ပရိုဂရမ် တစ်စိတ်တစ်ဒေသကိုဖြစ်စေ မရိုးမဖြောင့်သော သဘောဖြင့် ပေးပို့ခြင်း၊ နှောက်ယှက်ခြင်း၊ ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း၊ ဖျက်ဆီးခြင်း၊ ခိုးယူခြင်း သို့မဟုတ် ထိခိုက်ဆုံးရှုံးစေခြင်း။ |
1,327,570 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (ခ) မူလဆောင်ရွက်ပေးပို့သူနှင့် လက်ခံသူတို့၏ ခွင့်ပြုချက်မရှိဘဲ ကျွန်ပျူတာကွန်ရက်အတွင်း ဆက်သွယ်မှု တစ်ခုခုကို ကြားဖြတ်ခြင်း၊ ဆက်သွယ်မှု တစ်ခုခုတွင် ပါဝင်သည့် အချက်တစ်ရပ်ရပ်ကို အသုံးပြုခြင်း သို့မဟုတ် အခြားသူ တစ်ဦးဦးသို့ ထုတ်ဖော်ခြင်း။ |
1,327,571 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (ဂ) ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ ခွင့်ပြုချက် သို့မဟုတ် သဘောတူညီချက် မရှိဘဲ ထိုသူ၏ လုံခြုံမှုအဆင့် ထားရှိသောအမှတ်၊ စကားဝှက် သို့မဟုတ် အီလက်ထရောနစ် ထိုးမြဲလက်မှတ်ဖြင့် အခြားပုဂ္ဂိုလ်တစ်ဦးဦးသို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်အသုံးပြုခြင်း။ |
1,327,572 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (ဃ) အဖွဲ့အစည်း တစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန် ဖြစ်စေ၊ ဂုဏ်သိက္ခာ ကျဆင်းစေရန် ဖြစ်စေ၊ သတင်းအချက်အလက်ကို အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း၊ ထိုသို့ပြုလုပ်ခြင်း၊ ပြုပြင်ခြင်းသို့မဟုတ် ပြောင်းလဲခြင်း ပြုလုပ်ထားသည့် အချက်အလက်ကို ဖြန့်ချိခြင်း။ |
1,327,573 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၃၅။ မည်သည့်သက်သေခံလက်မှတ်ထုတ်ပေးပိုင်ခွင့်ရှိသူ၊ ယင်း၏အရာရှိသို့မဟုတ် ဝန်ထမ်းမဆို ကြီးကြပ်မှု အဖွဲ့က ထုတ်ပြန်သောအမိန့်ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် (၃)နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ |
1,327,574 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၃၆။ မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်ထားသော နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာနှင့် အမိန့်များပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် (၁)နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ |
1,327,575 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၃၇။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် (၁)နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ |
1,327,576 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (က) သက်သေခံလက်မှတ်ရရှိရန် လျှောက်ထားရာတွင်ဖြစ်စေ၊ သက်သေခံလက်မှတ်ကို ရပ်ဆိုင်းရန် သို့မဟုတ် ရုပ်သိမ်းရန် တင်ပြရာတွင်ဖြစ်စေ မိမိ၏ အထောက်အထားသို့မဟုတ် အသုံးပြုခွင့်ကို သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့် ရှိသူထံ သိလျက်နှင့် မမှန်မကန် တင်ပြခြင်း။ |
1,327,577 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (ခ) ဤဥပဒေနှင့် အညီ လုပ်ငန်းတာဝန်များဆောင်ရွက်သော ဗဟိုအဖွဲ့နှင့် ယင်းကတာဝန်လွှဲ အပ်ခြင်း ခံရသည့်အဖွဲ့သို့မဟုတ် ပုဂ္ဂိုလ်ကိုဖြစ်စေ၊ ကြီးကြပ်မှုအဖွဲ့နှင့် ယင်းကတာဝန်လွှဲ အပ်ခြင်း ခံရသည့် အဖွဲ့ သို့မဟုတ် ပုဂ္ဂိုလ်ကိုဖြစ်စေ၊ ဟန့်တားခြင်း၊ နှောက်ယှက်ခြင်း၊ တားဆီးခြင်း၊ လက်ရောက်မှုပြုခြင်း သို့မဟုတ် ဤဥပဒေနှင့်အညီ ဆောင်ရွက်ရန်... |
1,327,578 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၃၈။ မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရန်အားထုတ်လျှင်ဖြစ်စေ၊ ပူးပေါင်းကြံစည်၍ ပြစ်မှုမြောက်သော ပြုလုပ်မှုကို ပြုလုပ်လျှင်ဖြစ်စေ၊ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီလျှင်ဖြစ်စေ ယင်းပြစ်မှုအတွက် ဤဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်ချမှတ်ခြင်း ခံရမည်။ |
1,327,579 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၃၉။ အစိုးရဌာန၊ အဖွဲ့အစည်းများသည် အောက်ပါကိစ္စရပ်များအတွက် အီလက်ထရောနစ်မှတ်တမ်း သို့မဟုတ် အီလက်ထရောနစ် အချက်အလက် သတင်းလွှာဖြင့် ပြုလုပ်ခြင်းကို တရားဝင် အသိအမှတ်ပြု ဆောင်ရွက်ရမည် - |
1,327,580 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (က) စာတမ်းအမှတ်အသားများကို တင်သွင်းခြင်း၊ လက်ခံခြင်း သို့မဟုတ် ထိန်းသိမ်းခြင်း။ |
1,327,581 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (ခ) ခွင့်ပြုချက်လိုင်စင်နှင့် သဘောတူညီချက်များ ထုတ်ပေးခြင်း။ |
1,327,582 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (ဂ) ပေးချေရမည့် ငွေကြေးကို တောင်းဆိုခြင်း၊ ပေးချေခြင်း၊ လက်ခံခြင်းနှင့် လက်ခံပြေစာ ထုတ်ပေးခြင်း။ |
1,327,583 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၄၀။ အီလက်ထရောနစ် နည်းပညာဖြင့် ဆက်သွယ်ဆောင်ရွက်သူများသည် အီလက်ထရောနစ် မှတ်တမ်းနှင့် အီလက်ထရောနစ် အချက်အလက် သတင်းလွှာတို့၏ လိုအပ်သည့် လုံခြုံမှုအမျိုးအစားနှင့် အဆင့်တို့ကို သတ်မှတ်ပြီး မိမိတို့၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် နည်းလမ်းများကို ရွေးချယ်အသုံးပြု၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်။ |
1,327,584 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၄၁။ ဝန်ကြီးဌာနသည် သက်သေခံလက်မှတ်ထုတ်ပေးပိုင်ခွင့်ရှိသူအဖြစ် ဆောင်ရွက်နိုင်ရန် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်နှင့် စပ်လျဉ်း၍ လိုင်စင်သက်တမ်း၊ လိုင်စင်ခနှင့် လိုင်စင်သက်တမ်း တိုးမြှင့်ခတို့ကို သတ်မှတ်ရမည်။ |
1,327,585 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၄၂။ ကြီးကြပ်မှုအဖွဲ့သည် ဤဥပဒေအရ ရရန်ရှိသည့် အခကြေးငွေနှင့် ဒဏ်ကြေးငွေများပေးဆောင်ရန် ပျက်ကွက်သူထံမှ ထိုအခကြေးငွေနှင့် ဒဏ်ကြေးငွေများကို မြေခွန်မပြေကျန်ငွေဖြစ်ဘိသကဲ့သို့ အရကောက်ခံခွင့် ရှိသည်။ |
1,327,586 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၄၃။ ဝန်ကြီးဌာနသည် - |
1,327,587 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (က) အစိုးရဝန်ထမ်း မဟုတ်သော ဗဟိုအဖွဲ့အဖွဲ့ဝင်များအား ချီးမြှင့်ငွေ သတ်မှတ်ခံစားခွင့် ပြုနိုင်သည်။ |
1,327,588 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (ခ) ဗဟိုအဖွဲ့၏ ရုံးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် စီစဉ်ပေးရမည့်အပြင် ကုန်ကျစရိတ်ကိုလည်း ကျခံရမည်။ |
1,327,589 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၄၄။ ဤဥပဒေအရ တရားစွဲဆိုရာတွင် ဗဟိုအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ကို ရယူရမည်။ |
1,327,590 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၄၅။ ဤဥပဒေပါ မည်သည့်ပြစ်မှုကိုမဆို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အရေးယူပိုင်ခွင့် ရှိသည်။ |
1,327,591 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၄၆။ ဤဥပဒေအရ တရားစွဲတင်ပို့သော ပြစ်မှုတစ်ရပ်ရပ်နှင့် စပ်လျဉ်းသည့် သက်သေခံပစ္စည်းသည် တရားရုံးရှေ့သို့ တင်ပို့ရန် မလွယ်ကူသော ပစ္စည်းဖြစ်ပါက ယင်းသက်သေခံပစ္စည်းကို တရားရုံးရှေ့သို့ တင်ပို့ရန် မလိုဘဲ မည်ကဲ့သို့ ထိန်းသိမ်းထားကြောင်း အစီရင်ခံစာကို သက်ဆိုင်ရာ အခြားစာရွက်စာတမ်းများ၊ အထောက်အထားများနှင့်အတူ တင်ပြနိုင်သည်။ |
1,327,592 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ယင်းသို့တင်ပြခြင်းကို တရားရုံးသို့ သက်သေခံပစ္စည်း တင်ပြဘိသကဲ့သို့ မှတ်ယူကာ သက်ဆိုင်ရာတရားရုံးက ဥပဒေနှင့်အညီ စီမံခန့်ခွဲခြင်း ပြုနိုင်သည်။ |
1,327,593 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၄၇။ သက်သေခံအက်ဥပဒေ ပုဒ်မ-၄၅ တွင် ရည်ညွှန်းသည့် ကျွမ်းကျင်သူများ ဆိုသည့် စကားရပ်တွင် ကြီးကြပ်မှုအဖွဲ့၊ ယင်းအဖွဲ့က တာဝန်ပေးအပ်ခြင်း ခံရသည့်အဖွဲ့ သို့မဟုတ် ပုဂ္ဂိုလ်နှင့် သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့် ရှိသူတို့ ပါဝင်သည်ဟု မှတ်ယူမည်။ |
1,327,594 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၄၈။ မူလဆောင်ရွက်ပေးပို့သူနှင့် လက်ခံသူတို့အကြား ဆက်သွယ်ဆောင်ရွက်သည့် သတင်းအချက်အလက်၊ အီလက်ထရောနစ်မှတ်တမ်း၊ အီလက်ထရောနစ်အချက်အလက် သတင်းလွှာ၊ အီလက်ထရောနစ် ထိုးမြဲလက်မှတ်နှင့် အခြားစာတမ်း အမှတ်အသားများကို အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်ထားသည် ဆိုသည့် အကြောင်းပြချက် တစ်ခုတည်းဖြင့် ဥပဒေအရ အကျိုးသက်ရောက်မှု၊ တရားဝင်မှု သို... |
1,327,595 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၄၉။ ဤဥပဒေအရ လုပ်ငန်းတာဝန်များကို သဘောရိုးဖြင့် ဆောင်ရွက်သော ဗဟိုအဖွဲ့နှင့် ယင်းကတာဝန် လွှဲအပ်ခြင်းခံရသော အဖွဲ့ သို့မဟုတ် ပုဂ္ဂိုလ်ကိုဖြစ်စေ၊ ကြီးကြပ်မှုအဖွဲ့နှင့် ယင်းကတာဝန် လွှဲအပ်ခြင်းခံရသော အဖွဲ့ သို့မဟုတ် ပုဂ္ဂိုလ်ကိုဖြစ်စေ၊ သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့် ရှိသူကိုဖြစ်စေ တရားမကြောင်းဖြင့် သော်လည်းကောင်း၊ ပြစ်မှုကြ... |
1,327,596 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၅၀။ ဝန်ကြီးဌာနသည် ဤဥပဒေပါ နည်းပညာပိုင်းဆိုင်ရာစကားရပ်တစ်ခုခု၏ အဓိပ္ပာယ်ကို ရှင်းလင်းပေးရန် လိုအပ်လျှင် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ရှင်းလင်းပေးနိုင်သည်။ |
1,327,597 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၅၁။ တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင် ပြဋ္ဌာန်းပါရှိစေကာမူ ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် ညီညွတ်မှုမရှိသော သို့မဟုတ် ဆန့်ကျင်ကွဲလွဲသော ပြဋ္ဌာန်းချက်များကို ဤဥပဒေပါ ပြဋ္ဌာန်းချက်များက လွှမ်းမိုးစေရမည်။ |
1,327,598 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | ၅၂။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် - |
1,327,599 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (က) ဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။ |
1,327,600 | မြန်မာနိုင်ငံ၏ ဥပဒေများ | အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ | (ခ) ဗဟိုအဖွဲ့နှင့် ဝန်ကြီးဌာနတို့သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လည်းကောင်း၊ ကြီးကြပ်မှုအဖွဲ့သည် လိုအပ်သော ညွှန်ကြားချက်များကို လည်းကောင်း ထုတ်ပြန်နိုင်သည်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.