id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,327,601
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ပုံ) သန်းရွှေ
1,327,602
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
ဗိုလ်ချုပ်မှူးကြီး
1,327,603
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
ဥက္ကဋ္ဌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
1,327,604
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၇/၂၀၂၁) အရ ၁၃၈၂ ခုနှစ်၊ တပို့တွဲလဆန်း ၄ရက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ရေးထိုးပြဋ္ဌာန်းလိုက်သည်။
1,327,605
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
ဥပဒေထုတ်ပြန်ပြီးနောက် ဆောင်ရွက်ချက်များ
1,327,606
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေကို အောက်ပါ အတိုင်းဆောင်ရွက်ခဲ့သည်။
1,327,607
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(၁) နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၂၀၀၄ ခုနှစ် ဧပြီလ (၃၀)ရက်နေ့ ရက်စွဲပါ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥပဒေအမှတ် (၅/၂၀၀၄)ဖြင့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ကို ပြဋ္ဌာန်းခဲ့သည်။
1,327,608
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(၂) ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့သည် အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (က) အရ၂၀၀၇ ခုနှစ် ဇူလိုင်လ (၁၁) ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၀၇)ဖြင့် ဝန်ကြီး ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဗဟိုအဖွဲ့ ကို ဖွဲ့စ...
1,327,609
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(၃) ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ အဖွဲ့အစည်းအဝေး အမှတ်စဉ် (၇/၂၀၀၈) ဆုံးဖြတ်ချက်အရ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဗဟိုအဖွဲ့သည် ဒုတိယဝန်ကြီး၊ ဆက်သွယ်ရေး၊ စာတိုက် နှင့် ကြေးနန်းဝန်ကြီးဌာနက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သော အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေး ကြီးကြပ်မှုအဖွဲ့ ကို ဖွဲ့စည်းကာ လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
1,327,610
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(၄) အီလက်ထရောနစ် ဆက်သွှယ်ဆောင်ရွက်ရေး ကြီးကြပ်မှုအဖွဲ့သည် ဗဟိုအဖွဲ့၏ သဘောတူညီချက်ဖြင့် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၁၁ နှင့် ပုဒ်မ ၅၂၊ ပုဒ်မခွဲ (ခ)တို့အရ ၂၀၀၈ ခုနှစ် ဩဂုတ်လ ၁၄ ရက် ရက်စွဲပါညွှန်ကြားချက်အမှတ်(၁/၂၀၀၈)ဖြင့် မြန်မာအင်ဖိုတက် ကော်ပိုရေးရှင်း လီမိတက်အား မူလအရင်းအမြစ် သက်သေလံ လက်မှတ် ထုတ်ပေးပိုင်ခ...
1,327,611
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(၅) အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးကြီးကြပ်မှုအဖွဲ့သည် ဗဟိုအဖွဲ့၏ စိစစ်ခွင့်ပြုချက်ဖြင့် ရတနာပုံ တယ်လီပို့ ကုမ္ပဏီ လီမိတက်အား ၂၀၁၀ ပြည့်နှစ်၊ ဇွန်လ (၁) ရက် နေ့မှစ၍ သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့် ရှိသူ (Certification Authority) အဖြစ် လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ထုတ်ပေးခဲ့သည်။
1,327,612
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(၆) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင်‌့ရှိသူ (Certification Authority) ၏ အဓိက တာဝန်များမှာ ဒစ်ဂျစ်တယ် သက်သေခံ လက်မှတ်ကိုင်ဆောင်သူ မည်သူမည်ဝါ ဖြစ်ကြောင်း(သို့) ထိုလက်မှတ် ကိုင်ဆောင်သည့် အဖွဲ့အစည်းသည်အစစ်အမှန်တည်ရှိကြောင်း အာမခံပေးနိုင်ရန်အတွက် လူပုဂ္ဂိုလ် (သို့) အဖွဲ့ အစည်းများအား သက်သေခံ လက်မှတ်ထုတ် ပေးခြင်းဖြစ်သည်။
1,327,613
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်မှ CA စနစ် စတင်နိုင်ရန်အတွက် လိုအပ်သော ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိသည်။
1,327,614
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(၇) ဒစ်ဂျစ်တယ်သက်သေခံလက်မှတ် အသုံးပြုခြင်းအကျိုးကျေးဇူးများမှာ အစိုးရဝန်ကြီးဌာနများ၊ ရုံးများအချင်းချင်း အီလက်ထရောနစ်နည်းဖြင့် ဆက်သွယ် ဆောင်ရွက်ရာတွင် လည်းကောင်း၊ ပြည်သူများအနေနှင်‌့အီလက် ထရောနစ်နည်း အရကူးသန်းရောင်းဝယ်ခြင်းများ၊ စာပေးစာယူပြုလုပ်ခြင်းများ၊ ငွေပေး ငွေယူပြုလုပ်ခြင်းများကို On-line ဆက်သွယ် ဆောင်ရွက်ရာတွှင်...
1,327,615
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(၈) တယ်လီကွန်းမ် ဆက်သွယ်ရေး ဥပဒေမူကြမ်းပြုစုခြင်း။
1,327,616
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
တိုးတက်ပြောင်းလဲနေသော ဆက်သွယ်ရေး နည်းပညာများ ၊ မူဝါဒများနှင့် လိုက်လျောညီထွေရှိစေမည့် ဆက်သွယ်ရေး ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရန်အတွက် တယ်လီကွန်းမ် ဆက်သွယ်ရေး ဥပဒေ (မူကြမ်း)ကိုရေးဆွဲလျက်ရှိသည်။
1,327,617
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(၉) ဂြိုဟ်တုရုပ်မြင်သံကြား ဖမ်းစက်ဆိုင်ရာအမိန့် ။
1,327,618
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ သဘောတူ ညီချက်ဖြင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန သည် ၁၉၉၃ ခုနှစ် ၊ စက်တင်ဘာလ (၂၉) ရက်နေ့ ရက်စွဲပါ အမိန့်အမှတ် (၁/၉၃) ဖြင့်ဂြိုဟ်တုရုပ်မြင်သံကြား ဖမ်းစက်ဆိုင်ရာ အမိန့်ကို ထုတ်ပြန်ခဲ့သည်။
1,327,619
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
ဂြိုဟ်တု ရုပ်မြင်သံကြား ဖမ်းစက်လိုင်စင် ခွင့်ပြုချက် ထုတ်ပေးခြင်းကို ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ မှစ၍ ခေတ္တဆိုင်းငံ့ ထားရှိသည်။
1,327,620
မြန်မာနိုင်ငံ၏ ဥပဒေများ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
ဆက်သွှယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီး ဌာနသည် ကွန်ပျူတာပညာ ဖွံ့ဖြိုးရေးဥပဒေပုဒ်မ ၂၈၊၂၉၊၃၀ နှင့် ၄၂၊ ပုဒ်မခွှဲ (ဂ)တို့ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ Wide Area Network အသုံးပြု ကွန်ပျူတာ ကွန်ရက်ထူထောင်ခြင်း ၊ ယင်းကွန်ရက်ထူထောင်၍ ဝန်ဆောင်မှု ပေးခြင်းနှင့် သတင်းဆိုင်ရာ နည်းပညာ အသုံးပြုခြင်းတို့နှင့်...
1,327,621
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အုန်သင်နှင့်အများ ကျောက်စာ
၂၉...“ဤငာတိုဝ်တဂါ
1,327,622
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အုန်သင်နှင့်အများ ကျောက်စာ
၃၀ငီရုယ်လှူသော ကောင်မှုတိုဝ်ကိုဝ် ဖုရာသင်ပုတ်ပျက်ကြောင် သိခင်တိုဝ်ကိုဝ် ဝတ်မ
1,327,623
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အုန်သင်နှင့်အများ ကျောက်စာ
၃၁ရအံသောကြောင် ဖျက်ဆီသသူကာ မ္လေကြီကာအဓက်ဖျက်သသူကာဩက်၊ မ္လိယ်ပုံမ်
1,327,624
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အုန်သင်နှင့်အများ ကျောက်စာ
၃၂လုံမ်မျှကြုံမ်မက လာလတ္တံသော ဖုရာတိုဝ်ကိုဝ်လေ မဖူရသည် ဖ္လစ်စေသော၊ ဝဝ်ပိုဝ်*
1,327,625
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အုန်သင်နှင့်အများ ကျောက်စာ
၃၃တရပကိုဝ်ဖုတ်သော အကျွမ်မရသကဲသိုဝ် ဖ္လစ်စေသော ငာတိုဝ်သွန်သာ ရေပူရေချံခန်သ
1,327,626
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အုန်သင်နှင့်အများ ကျောက်စာ
၃၄ကဲသိုဝ် ခွဲသာကြာကွဲသကဲသိုဝ် ကွဲစေသော ရေသိုဝ်ခန် စေသော၊”
1,327,627
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အုန်သင်နှင့်အများ ကျောက်စာ
[ဤငါတို့တကာညီ၍လှူသော ကောင်းမှုတို့ကို ဘုရား သင်ပုတ်ပျက်ကြောင်း၊ သခင်တို့ကို ဝတ်မရအံ့သော ကြောင်း ဖျက်ဆီးသသူကား မြေကြီးကားအထက် ဖျက်သသူကားအောက်၊ မြေပုံလုံးမျှကျုံးမက လာလတ္တံ့ သော ဘုရားတို့ကိုလည်း မဖူးရသည်ဖြစ်စေသော။
1,327,628
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အုန်သင်နှင့်အများ ကျောက်စာ
ဝါဗိုင်း တစ်ရဗကို ဖုတ်သော အကျွမ်းမရသကဲ့သို့ ဖြစ်စေသော။
1,327,629
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အုန်သင်နှင့်အများ ကျောက်စာ
ငါတို့သွန်းသော ရေပူရေချမ်းခန်းသကဲ့သို့၊ ခွဲသော ကရားကွဲသကဲ့သို့ ကွဲစေသော၊ ရေသို့ခန်းစေသော။
1,327,630
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အုန်သင်နှင့်အများ ကျောက်စာ
ဝဝ်ပိုင်ဟုရေးလိုဟန်ရှိသည်။
1,327,631
ဝတ်ရွတ်စဉ်, မြန်မာဘာသာ
အောင်ခြင်း ရှစ်ပါး ဂါထာတော်
ဗုဒ္ဓေါ မေ ရက္ခတု နိစ္စံ၊ ဓမ္မော မေ ရက္ခတု သဒါ။
1,327,632
ဝတ်ရွတ်စဉ်, မြန်မာဘာသာ
အောင်ခြင်း ရှစ်ပါး ဂါထာတော်
သံဃော မေ ရက္ခတု ဒိနေ၊ သုခီ ဒီဃာယုကော ဘ၀။
1,327,633
ဝတ်ရွတ်စဉ်, မြန်မာဘာသာ
အောင်ခြင်း ရှစ်ပါး ဂါထာတော်
မာရာဠဝက နာဠာဂြိံ၊ အင်္ဂုလိ စိဉ္စ သစ္စကံ။
1,327,634
ဝတ်ရွတ်စဉ်, မြန်မာဘာသာ
အောင်ခြင်း ရှစ်ပါး ဂါထာတော်
နန္ဒောပနန္ဒဗြဟ္မဉ္စ၊ ဇယော ဇယတု မင်္ဂလံ။
1,327,635
ဝတ်ရွတ်စဉ်, မြန်မာဘာသာ
အောင်ခြင်း ရှစ်ပါး ဂါထာတော်
၁။ ဗုဒ္ဓေါ- မြတ်စွာဘုရားသည်။
1,327,636
ဝတ်ရွတ်စဉ်, မြန်မာဘာသာ
အောင်ခြင်း ရှစ်ပါး ဂါထာတော်
မေ- အကျွန်ုပ်အား၊ နိစ္စံ- အမြဲမပြတ်။
1,327,637
ဝတ်ရွတ်စဉ်, မြန်မာဘာသာ
အောင်ခြင်း ရှစ်ပါး ဂါထာတော်
ရက္ခတု- စောင့်ရှောက်တော်မူပါစေသတည်း။
1,327,638
ဝတ်ရွတ်စဉ်, မြန်မာဘာသာ
အောင်ခြင်း ရှစ်ပါး ဂါထာတော်
ဓမ္မော- မဂ်ဖိုလ်နိဗ္ဗာန် ဆယ်တန်သော တရားတော်မြတ်သည်။
1,327,639
ဝတ်ရွတ်စဉ်, မြန်မာဘာသာ
အောင်ခြင်း ရှစ်ပါး ဂါထာတော်
မေ- အကျွန်ုပ်အား။
1,327,640
ဝတ်ရွတ်စဉ်, မြန်မာဘာသာ
အောင်ခြင်း ရှစ်ပါး ဂါထာတော်
သဒါ- အခါခပ်သိမ်း။
1,327,641
ဝတ်ရွတ်စဉ်, မြန်မာဘာသာ
အောင်ခြင်း ရှစ်ပါး ဂါထာတော်
သံဃော- သမ္မုတိ အရိယာ နှစ်ဖြာသော သံဃာတော်အပေါင်းသည်။
1,327,642
ဝတ်ရွတ်စဉ်, မြန်မာဘာသာ
အောင်ခြင်း ရှစ်ပါး ဂါထာတော်
ဒိနေ- နေ့တိုင်း။
1,327,643
ဝတ်ရွတ်စဉ်, မြန်မာဘာသာ
အောင်ခြင်း ရှစ်ပါး ဂါထာတော်
အဟံ- အကျွန်ုပ်သည်။
1,327,644
ဝတ်ရွတ်စဉ်, မြန်မာဘာသာ
အောင်ခြင်း ရှစ်ပါး ဂါထာတော်
သုခီ- ချမ်းသာခြင်းရှိသည်။
1,327,645
ဝတ်ရွတ်စဉ်, မြန်မာဘာသာ
အောင်ခြင်း ရှစ်ပါး ဂါထာတော်
ဒီဃာယုကော- အသက်ရှည်ခြင်း ရှိသည်။
1,327,646
ဝတ်ရွတ်စဉ်, မြန်မာဘာသာ
အောင်ခြင်း ရှစ်ပါး ဂါထာတော်
ဘဝ-ဘဝါမိ- ဖြစ်ရပါလို၏။
1,327,647
ဝတ်ရွတ်စဉ်, မြန်မာဘာသာ
အောင်ခြင်း ရှစ်ပါး ဂါထာတော်
၂။ မုနိန္ဒော- မြတ်စွာဘုရားသည်။
1,327,648
ဝတ်ရွတ်စဉ်, မြန်မာဘာသာ
အောင်ခြင်း ရှစ်ပါး ဂါထာတော်
မာရာဠဝက နာဠာဂြိံစ- မာရ်နတ်မင်း၊ အာဠာဝက ဘီလူး၊ နာဠာဂိရိဆင်ကို၎င်း။
1,327,649
ဝတ်ရွတ်စဉ်, မြန်မာဘာသာ
အောင်ခြင်း ရှစ်ပါး ဂါထာတော်
အင်္ဂုလိံစ- အင်္ဂုလိမာလကို၎င်း။
1,327,650
ဝတ်ရွတ်စဉ်, မြန်မာဘာသာ
အောင်ခြင်း ရှစ်ပါး ဂါထာတော်
စိဉ္စသစ္စကဉ္စ- စိဉ္စမာဏဝိကာနှင့် သစ္စကပရိဗိုလ်ကို၎င်း။
1,327,651
ဝတ်ရွတ်စဉ်, မြန်မာဘာသာ
အောင်ခြင်း ရှစ်ပါး ဂါထာတော်
နန္ဒောပနန္ဒဗြဟ္မဉ္စ- နန္ဒောပနန္ဒ နဂါးမင်းနှင့် ဗကဗြဟ္မာကို၎င်း။
1,327,652
ဝတ်ရွတ်စဉ်, မြန်မာဘာသာ
အောင်ခြင်း ရှစ်ပါး ဂါထာတော်
ဇယော- အောင်မြင်ခြင်းသည်။
1,327,653
ဝတ်ရွတ်စဉ်, မြန်မာဘာသာ
အောင်ခြင်း ရှစ်ပါး ဂါထာတော်
(ဟောတိ ယထာ- ဖြစ်သကဲ့သို့) တထာ- ထို့အတူ။
1,327,654
ဝတ်ရွတ်စဉ်, မြန်မာဘာသာ
အောင်ခြင်း ရှစ်ပါး ဂါထာတော်
မင်္ဂလံ- အောင်ရာအောင်ကြောင်း မင်္ဂလာအပေါင်းသည်။
1,327,655
ဝတ်ရွတ်စဉ်, မြန်မာဘာသာ
အောင်ခြင်း ရှစ်ပါး ဂါထာတော်
ဇယတု- အောင်မြင်ပြီးစီးပါစေသတည်း။
1,327,656
ဝတ်ရွတ်စဉ်, မြန်မာဘာသာ
အောင်ခြင်း ရှစ်ပါး ဂါထာတော်
ဤဂါထာသည် ထွတ်ခေါင်ဆရာတော်ဘုရားကြီး ရွတ်ဖတ်သရဇ္ဈာယ်တော်မူသော ဂါထာတော်ကြီး ဖြစ်သည်။
1,327,657
ဝတ်ရွတ်စဉ်, မြန်မာဘာသာ
အောင်ခြင်း ရှစ်ပါး ဂါထာတော်
ဤဂါထာများကို ရွတ်ဖတ်ပူဇော်ခြင်းဖြင့် အောင်မြင်မှုအမျိုးမျိုး လက်တွေ့ခံစားရသည်။
1,327,658
ဝတ်ရွတ်စဉ်, မြန်မာဘာသာ
အောင်ခြင်း ရှစ်ပါး ဂါထာတော်
ရန်အမျိုးမျိုး အောင်နိုင်သည်။
1,327,659
ဝတ်ရွတ်စဉ်, မြန်မာဘာသာ
အောင်ခြင်း ရှစ်ပါး ဂါထာတော်
( ဗုဒ္ဓဘာသာလက်စွဲကျမ်း ပထမတွဲ-မှ)
1,327,660
Uncategorized
အောင်ခြင်းရှစ်ပါး
အောင်ခြင်းရှစ်ပါး
1,327,661
Uncategorized
အောင်ခြင်းရှစ်ပါး
မင်းယုဝေ
1,327,662
Uncategorized
အောင်ခြင်းရှစ်ပါး
မင်းယုဝေ အောင်ခြင်းရှစ်ပါး ပုံနှိပ်မှတ်တမ်း
1,327,663
Uncategorized
အောင်ခြင်းရှစ်ပါး
၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ ပထမအကြိမ်
1,327,664
Uncategorized
အောင်ခြင်းရှစ်ပါး
စာမူခွင့်ပြုချက်အမှတ်- ၃၂၀၁၉၁၀၃၀၈ နှင့်
1,327,665
Uncategorized
အောင်ခြင်းရှစ်ပါး
မျက်နှာဖုံးခွင့်ပြုချက်အမှတ်- ၃၂၀၅၁၀၈၀၈ တို့ဖြင့် moat thone ၏ ပန်းချီကို မျက်နှာဖုံးပြုလုပ်၍ အတွင်းသရုပ်ဖော်ပုံများကို ဦးစန်းလှိုင်မှ ရေးဆွဲကာ ထုတ်ဝေသူ- ဦးစန်းဦး၊ စိတ်ကူးချိုချို စာအုပ်တိုက်၊ ၈၅၊ ၁၆၄ လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်နှင့် ပုံနှိပ်သူ- ဦးနိုင်ဦး၊ ငွေပြည်တော် ပုံနှိပ်တိုက်၊ သိမ်ဖြူလမ်း၊ ရန်ကုန်တို့က ပထမအကြိမ်...
1,327,666
Uncategorized
အောင်ခြင်းရှစ်ပါး
အမှာစာ ၂။
1,327,667
Uncategorized
အောင်ခြင်းရှစ်ပါး
မာရ်နတ်မင်းကို အောင်ခြင်း
1,327,668
Uncategorized
အောင်ခြင်းရှစ်ပါး
၃။ အာဠဝကဘီလူးကို အောင်ခြင်း
1,327,669
Uncategorized
အောင်ခြင်းရှစ်ပါး
၄။ နာဠာဂိရိဆင်ကို အောင်ခြင်း
1,327,670
Uncategorized
အောင်ခြင်းရှစ်ပါး
၅။ အင်္ဂုလိမာလကို အောင်ခြင်း
1,327,671
Uncategorized
အောင်ခြင်းရှစ်ပါး
၆။ စိဉ္စမာဏ မိန်းမမိုက်ကို အောင်ခြင်း
1,327,672
Uncategorized
အောင်ခြင်းရှစ်ပါး
၇။ သစ္စကပရိဗိုဇ်ကို အောင်ခြင်း
1,327,673
Uncategorized
အောင်ခြင်းရှစ်ပါး
၈။ နန္ဒောပနန္ဒ နဂါးမင်းကို အောင်ခြင်း
1,327,674
Uncategorized
အောင်ခြင်းရှစ်ပါး
၉။ ဗကဗြဟ္မာမင်းကို အောင်ခြင်း
1,327,675
Uncategorized
အောင်ခြင်းရှစ်ပါး
၁၀။ အောင်ခြင်းရှစ်ပါး ပါဠိနှင့် မြန်မာပြန် (မာဂဓီ-သာစည်)
1,327,676
Uncategorized
အောင်ခြင်းရှစ်ပါး
၁၁။ အောင်ခြင်းရှစ်ပါး ကဗျာများ (အရှင်ကောသလ္လ-ဓမ္မာစရိယ၊ ဘီအေ)
1,327,677
Uncategorized
အောင်ခြင်းရှစ်ပါး
၁၂။ အောင်ခြင်းရှစ်ပါး အချုပ်ဂါထာ (ဘားမဲ့ဆရာတော်)
1,327,678
Uncategorized
အောင်ခြင်းရှစ်ပါး
၁၃။ အစွမ်းထက်သော ဂါထာတော် (ထွဋ်ခေါင်ဆရာတော်ဘုရားကြီး၏ ရန်အောင်မြင် ဂါထာတော်)
1,327,679
Uncategorized
အောင်ခြင်းရှစ်ပါး
၁၄။ အောင်ခြင်းရှစ်ပါးသီချင်း၏ နောက်ခံတေးဂီတ (မာဂဓီ-သာစည်)
1,327,680
Uncategorized
အောင်ခြင်းရှစ်ပါး
အမှာစာ
1,327,681
Uncategorized
အောင်ခြင်းရှစ်ပါး
ပိဋကတ်တော်တွင် ဗုဒ္ဓဘုရားရှင်၏ ထင်ရှားသော အောင်ခြင်းရှစ်ပါးကို ဖော်ပြထားသည်။
1,327,682
Uncategorized
အောင်ခြင်းရှစ်ပါး
ယင်း အောင်ခြင်းရှစ်ပါးကို အပြင်အောင်ခြင်းရှစ်ပါးဟုလည်း ခေါ်သည်။
1,327,683
Uncategorized
အောင်ခြင်းရှစ်ပါး
အပြင်အောင်ခြင်း ဟူသည်မှာ မံသစက္ခုဖြင့် မြင်စွမ်းနိုင်သော ပြင်ပမှ ပုဂ္ဂိုလ်၊ သတ္တဝါတို့ကို တန်ခိုးတော်အစွမ်း၊ ဉာဏ်တော်အစွမ်း၊ ပါရမီတော်အစွမ်းဖြင့် အောင်တော်မူခြင်း ဖြစ်သည်။
1,327,684
Uncategorized
အောင်ခြင်းရှစ်ပါး
ကျွန်တော်သည် ထိုအောင်ခြင်းရှစ်ပါးအကြောင်းကို မြတ်မင်္ဂလာ စာစောင်တွင် ‘အယ်ဒီတာအဖွဲ့ဝင်တစ်ဦး' အမည်ဖြင့် ၁၉၉၉ ခုနှစ် နိုဝင်ဘာလမှ စ၍ ၂၀၀၀ ပြည့်နှစ် ဇွန်လအထိ ရှစ်လတိုင် လစဉ် ရေးသားတင်ပြခဲ့ပါသည်။
1,327,685
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုရေးသားချက်များကိုလည်း နာမည်ကျော် ပန်းချီဆရာကြီး ဦးစန်းလှိုင်က မြတ်မင်္ဂလာစာစောင် မျက်နှာဖုံးပန်းချီအဖြစ် လစဉ် ရေးဆွဲပေးခဲ့ပါသည်။
1,327,686
Uncategorized
အောင်ခြင်းရှစ်ပါး
ယခုအခါ ချစ်ခင်လေးစားအပ်ပါသော စာဖတ်ပရိသတ်များ၏ ကြံပြုချက်အရ ယင်းတို့ကို စုပေါင်း၍ စာအုပ်အဖြစ် ထုတ်ဝေလိုက်ပါပြီ။
1,327,687
Uncategorized
အောင်ခြင်းရှစ်ပါး
ယင်းသို့ ထုတ်ဝေရာ၌ နောက်ဆက်တွဲအဖြစ် လေ့လာနိုင်ရန် အောင်ခြင်းရှစ်ပါး ပါဠိနှင့် ဆရာတော် မာဂဓီ (သာစည်)၏ မြန်မာပြန်ကိုလည်း ဖော်ပြပါသည်။
1,327,688
Uncategorized
အောင်ခြင်းရှစ်ပါး
ဆရာတော် အရှင်ကောသလ္လ (ဓမ္မာစရိယ၊ ဘီအေ) ရေးသားဖွဲ့ဆိုသော အောင်ခြင်းရှစ်ပါး ကဗျာများကိုလည်း ဖော်ပြပါသည်။
1,327,689
Uncategorized
အောင်ခြင်းရှစ်ပါး
ဘားမဲ့ဆရာတော် ရေးသားစီရင်သော အောင်ခြင်းရှစ်ပါး အချုပ်ဂါထာကိုလည်း ဖော်ပြပါသည်။
1,327,690
Uncategorized
အောင်ခြင်းရှစ်ပါး
ထွဋ်ခေါင်ဆရာတော်ဘုရားကြီး ရွတ်ဖတ်သရဇ္ဈာယ်တော်မူသော အောင်ခြင်းရှစ်ပါး ရန်အောင်မြင် ဂါထာတော်ကိုလည်း ဖော်ပြပါသည်။
1,327,691
Uncategorized
အောင်ခြင်းရှစ်ပါး
ထို့ပြင် မြတ်မင်္ဂလာစာစောင်၌ ဆရာတော် မာဂဓီ (သာစည်) ရေးသားခဲ့သော “အောင်ခြင်းရှစ်ပါး သီချင်း၏ နောက်ခံတေးဂီတ” ဆောင်းပါးကိုလည်း ဖော်ပြပါသည်။
1,327,692
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုသို့ ဖော်ပြခွင့်ရသဖြင့် ထိုထို ဆရာတော်ကြီးများ၏ ဂုဏ်ကျေးဇူးကို အထူးအောက်မေ့၍ ပူဇော်အပ်ပါသည်။
1,327,693
Uncategorized
အောင်ခြင်းရှစ်ပါး
ဤစာအုပ် ဖြစ်ပေါ်လာရန် ကူညီသော မြတ်မင်္ဂလာစာစောင်မှ ဆရာ ဦးဉာဏ်လင်းအောင်၊ ဆရာ ဦးအောင်ဝင်း၊ ကိုစောမောင်မောင်လွင်၊ ကိုကျော်လှသန်းဦးနှင့် ပန်းချီဆရာကြီး ဦးစန်းလှိုင်တို့ကို ကျေးဇူးဥပကာရ တင်ရှိကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။
1,327,694
Uncategorized
အောင်ခြင်းရှစ်ပါး
မင်းယုဝေ (၃-၂-၂၀၀၇)
1,327,695
Uncategorized
အောင်ခြင်းရှစ်ပါး
၁။ မာရ်နတ်မင်းကို အောင်ခြင်း
1,327,696
Uncategorized
အောင်ခြင်းရှစ်ပါး
ဂေါတမဘုရား အလောင်းတော်သည် ဘုရားဖြစ်ရန် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းပတ်လုံး ပါရမီတော် ၁၀ ပါးကို ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့သည်။
1,327,697
Uncategorized
အောင်ခြင်းရှစ်ပါး
ထို့နောက် အလွန်ကျင့်နိုင်ခဲသော ဒုက္ကရစရိယာအကျင့်ကို ကျင့်ပြီးနောက် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။
1,327,698
Uncategorized
အောင်ခြင်းရှစ်ပါး
ဘုရားအလောင်းတော်သည် ဘုရားအဖြစ်သို့ ရောက်တော်မူအံ့ဆဲဆဲတွင် မာရ်နတ်မင်း၏ နှောင့်ယှက်ရန်ပြုခြင်းကို ခံခဲ့ရသည်။
1,327,699
Uncategorized
အောင်ခြင်းရှစ်ပါး
တစ်ဖန် ဘုရားဖြစ်ပြီးနောက်တွင်လည်း အခြားရန်တို့၏ နှောင့်ယှက်ရန်ပြုခြင်းကို ခံခဲ့ရပြန်သည်။
1,327,700
Uncategorized
အောင်ခြင်းရှစ်ပါး
မည်သို့ပင်ဖြစ်စေ မာရ်နတ်မင်းနှင့်တကွ ထိုထိုရန်အားလုံးကို တန်ခိုးတော်၊ ဉာဏ်တော်၊ ပါရမီတော်အစွမ်းတို့ဖြင့် အောင်မြင်သည်ချည်းသာ ဖြစ်သည်။