id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,327,701
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုရန်တို့မှာ ရှစ်ဦး ဖြစ်သည်။
1,327,702
Uncategorized
အောင်ခြင်းရှစ်ပါး
ယင်းတို့မှာ ပကတိမျက်စိဖြင့် မြင်နိုင်စွမ်းသော ပြင်ပမှ ပုဂ္ဂိုလ်၊ သတ္တဝါများ ဖြစ်ကြသည်။
1,327,703
Uncategorized
အောင်ခြင်းရှစ်ပါး
ထို့ကြောင့် ထိုရန်တို့အား ဘုရားရှင်အောင်မြင်ခြင်းကို အပြင်အောင်ခြင်းရှစ်ပါးဟု ခေါ်သည်။
1,327,704
Uncategorized
အောင်ခြင်းရှစ်ပါး
ယင်းတို့မှာ (၁) မာရ်နတ်မင်းကို အောင်ခြင်း၊ (၂) အာဠဝကဘီလူးကို အောင်ခြင်း၊ (၃) နာဠာဂိရိဆင်မင်းကို အောင်ခြင်း၊ (၄) အင်္ဂုလိမာလ ခိုးသူကြီးကို အောင်ခြင်း၊ (၅) စိဉ္စမာဏ မိန်းမယုတ်ကို အောင်ခြင်း၊ (၆) သစ္စကပရိဗိုဇ်ကို အောင်ခြင်း၊ (၇) နန္ဒောပနန္ဒ နဂါးမင်းကို အောင်ခြင်း၊ (၈) ဗကဗြဟ္မာမင်းကို အောင်ခြင်းတို့ ဖြစ်သည်။
1,327,705
Uncategorized
အောင်ခြင်းရှစ်ပါး
(၁) မာရ်နတ်မင်းကို အောင်ခြင်း
1,327,706
Uncategorized
အောင်ခြင်းရှစ်ပါး
ဂေါတမဘုရားအလောင်းတော်သည် ကဆုန်လပြည့်နေ့ ညနေချမ်းအချိန်တွင် မဟာဗောဓိပင်ရင်း၌ သောတ္ထိယ မြက်ထမ်းသမား လှူလိုက်သော မြက်ရှစ်ဆုပ်ကို ကြဲဖြန့်လိုက်သည်။
1,327,707
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုမြက်ရှစ်ဆုပ်တို့သည် မြက်၏အသွင် ကွယ်ပျောက်၍ (၁၄) တောင်ပမာဏရှိသော လွန်စွာ ဆန်းကြယ်သည့် ရတနာပလ္လင်ကြီး ဖြစ်သွားသည်။
1,327,708
Uncategorized
အောင်ခြင်းရှစ်ပါး
အံ့ဖွယ်ပုံပန်းသဏ္ဌာန်ဖြင့် တည်ရှိသည်။
1,327,709
Uncategorized
အောင်ခြင်းရှစ်ပါး
ဘုရားအလောင်းတော်သည် မဟာဗောဓိပင်ကို နောက်ထောက်ကျောခံထား၍ အရှေ့အရပ်သို့ မျက်နှာပြုကာ တင်ပလ္လင်ဖွဲ့ခွေ၍ ရတနာပလ္လင်တော်ပေါ်၌ ထိုင်တော်မူသည်။
1,327,710
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုပလ္လင်ထက်၌ပင် အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းလျက် (၁) အရေမျှ ကျန်လိုလျှင် ကျန်စေ၊ (၂) အကြောမျှ ကျန်လိုလျှင် ကျန်စေ၊ (၃) အရိုးမျှ ကျန်လိုလျှင် ကျန်စေ၊ (၄) ငါ၏တစ်ကိုယ်လုံး အသွေးအသားအားလုံးတို့ ခန်းခြောက်၍ သွားလျှင် သွားစေ၊ ငါသည် ဘုရားမဖြစ်သမျှ ဤယခု ဖွဲ့ခွေထားသော တင်ပလ္လင်ကို အဘယ်နည်းနှင့်မျှ မဖျက် ဟူ၍ စွဲမြဲစွာ ဓိဋ္ဌာန...
1,327,711
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုအခါ ဗြဟ္မာ၊ သကြား၊ နတ် အများလည်း ဘုရားအလောင်းတော် ထံပါးသို့ လာရောက်ကြသည်။
1,327,712
Uncategorized
အောင်ခြင်းရှစ်ပါး
ပူဇော်ရပ်တည်နေကြသည်။
1,327,713
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုစဉ် မာရ်နတ်မင်းသည် နှောင့်ယှက်ဖျက်ဆီးရန် ရောက်လာသည်။
1,327,714
Uncategorized
အောင်ခြင်းရှစ်ပါး
မာရ်နတ်ကား အနှောင့်အယှက် အဖျက်အဆီးသမားတည်း။
1,327,715
Uncategorized
အောင်ခြင်းရှစ်ပါး
သူသည် ကာမ (၁၁) ဘုံကို လွှမ်းမိုးအုပ်စိုးနိုင်သော အစွမ်းတန်ခိုးရှိသူ ဖြစ်သည်။
1,327,716
Uncategorized
အောင်ခြင်းရှစ်ပါး
မာရ်နတ်၏ အလိုကား သတ္တဝါများကို အာရုံဖြင့် မှိုင်းတိုက်ကာ ကာမဘုံ၌ ကျင်လည်နေစေလိုသည်။
1,327,717
Uncategorized
အောင်ခြင်းရှစ်ပါး
သူ့နယ်ပယ်ဖြစ်သော ကာမ (၁၁) ဘုံမှ မည်သူ့ကိုမျှ ထွက်မြောက်မသွားစေလိုပေ။
1,327,718
Uncategorized
အောင်ခြင်းရှစ်ပါး
ဘုရားအလောင်း ဗုဒ္ဓဘုရားအဖြစ် ရောက်၍ တရားဟောပါက သတ္တဝါအမြောက်အမြား ကျွတ်ကြမည်။
1,327,719
Uncategorized
အောင်ခြင်းရှစ်ပါး
သံသရာမှ လွတ်မြောက်ကြမည်။
1,327,720
Uncategorized
အောင်ခြင်းရှစ်ပါး
ဤသို့ဖြစ်မည်ကို သူ မနှစ်သက်ချေ။
1,327,721
Uncategorized
အောင်ခြင်းရှစ်ပါး
ထို့ကြောင့်ပင် ဘုရားအလောင်း တောထွက်လာစဉ်က တားမြစ်ခဲ့သေးသည်။
1,327,722
Uncategorized
အောင်ခြင်းရှစ်ပါး
ယခုအခါ၌ကား ဘုရားအဖြစ်သို့ ရောက်တော့မည့်ဆဲဆဲ ဖြစ်သောကြောင့် မာရ်နတ်သည် သောက လှိုက်ဖို ဗျာပါ ပိုလျက်ရှိသည်။
1,327,723
Uncategorized
အောင်ခြင်းရှစ်ပါး
မရေမတွက်နိုင်အောင် များပြားလှသော သူ၏ စစ်သည်တပ်သားများကို ခေါ်ဆောင်၍ ဘုရားလောင်းကို နှောင့်ယှက်ဖျက်ဆီးရန် ချီတက်လာလေသည်။
1,327,724
Uncategorized
အောင်ခြင်းရှစ်ပါး
မာရ်နတ်မင်းသည် ဂိရိမေခလာအမည်ရှိသော ဆင်ကြီးကို စီးသည်။
1,327,725
Uncategorized
အောင်ခြင်းရှစ်ပါး
လက်ရုံးတစ်ထောင်ကို ဖန်ဆင်းသည်။
1,327,726
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုလက်ရုံးတစ်ထောင်၌ လက်နက်အမျိုးမျိုးကိုလည်း ကိုင်ဆောင်ထားသည်။
1,327,727
Uncategorized
အောင်ခြင်းရှစ်ပါး
သူသည် မိမိနေထိုင်ရာ ဝသဝတ္တီနတ်ပြည်မှ ဘုရားအလောင်းရှိရာ ဗောဓိမဏ္ဍိုင်သို့ မာရ်နတ်စစ်သည်တို့ကို ဦးဆောင်၍ ချီတက်လာသည်။
1,327,728
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုအခါ ဘုရားလောင်းထံပါး၌ ပူဇော်နေကြကုန်သော နတ်၊ သကြား၊ ဗြဟ္မာတို့သည် အဝေးသို့ ထွက်ပြေးကြကုန်သည်။
1,327,729
Uncategorized
အောင်ခြင်းရှစ်ပါး
“ဘုရားလောင်း ရှင်သိဒ္ဓတ်သည် မသေပါစေသတည်း” ဟူ၍သာ မေတ္တာပို့၍ နေကြလေသည်။
1,327,730
Uncategorized
အောင်ခြင်းရှစ်ပါး
ဘုရားအလောင်းမူကား လုံးဝ တုန်လှုပ်ခြင်းမရှိ။
1,327,731
Uncategorized
အောင်ခြင်းရှစ်ပါး
မာရ်စစ်သည်အပေါင်း၏ ရှေ့၌ ရဲရင့်စွာ၊ တင့်တယ်စွာ တစ်ပါးတည်းသာလျှင် နေတော်မူ၏။
1,327,732
Uncategorized
အောင်ခြင်းရှစ်ပါး
မာရ်နတ်မင်းနှင့်တကွ မာရ်စစ်သည်တို့သည် ဘုရားအလောင်းထံပါးသို့ ရောက်ရှိလာကြသော်လည်း အနီးသို့ မချဉ်းကပ်ဝံ့ကြ။
1,327,733
Uncategorized
အောင်ခြင်းရှစ်ပါး
အဝေးမှသာ နေကြရသည်။
1,327,734
Uncategorized
အောင်ခြင်းရှစ်ပါး
ရဲရဲပြောင်ပြောင် တောက်လောင်သော သံတွေခဲကို ယင်ကောင်အပေါင်းတို့ မချဉ်းကပ်ဝံ့သကဲ့သို့ ဖြစ်နေလေသည်။
1,327,735
Uncategorized
အောင်ခြင်းရှစ်ပါး
မာရ်နတ်မင်းနှင့် မာရ်စစ်သည်တို့သည် ဘုရားအလောင်းအပါးသို့ ကပ်၍ လက်ရုံးအားကိုးဖြင့် စစ်မပြုဝံ့သဖြင့် ဘုရားအလောင်း ပြေးစေအံ့ဟု စကားဖြင့် ကြုံးဝါးခြိမ်းခြောက်သည်။
1,327,736
Uncategorized
အောင်ခြင်းရှစ်ပါး
“သိဒ္ဓတ္ထမင်းသားကို ဖမ်းကြကုန်လော့၊ နှောင်ဖွဲ့ကြကုန်လော့၊ လက်ကို ဖြတ်ကုန်လော့၊ ခြေကို ဖြတ်ကုန်လော့” စသည်ဖြင့် အော်ဟစ်ကြုံးဝါးကြသည်။
1,327,737
Uncategorized
အောင်ခြင်းရှစ်ပါး
ဘုရားအလောင်းကား လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ဆည်းဆည်းပူးခဲ့သော ပါရမီ ၁၀ ပါးကို ဆင်ခြင်၍ မကြောက်မရွံ့ ထိုင်မြဲထိုင်နေတော်မူသည်။
1,327,738
Uncategorized
အောင်ခြင်းရှစ်ပါး
ဘုရားအလောင်းတော် တင်ပလ္လင်ခွေ၍ ထိုင်နေခြင်းကို (ထိုင်နေသော တင်ပလ္လင်ခွေကို) ပါဠိဘာသာဖြင့် ပလ္လင်္ကဟု ခေါ်သည်။
1,327,739
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုထိုင်နေခြင်းကိုသာ မဟုတ်၊ ထိုင်နေရာကိုလည်း တင်ပလ္လင်ခွေ၍ ထိုင်နေရာဖြစ်သောကြောင့် ပလ္လင်္က (ပလ္လင်) ဟူ၍ပင် ခေါ်ကြသည်။
1,327,740
Uncategorized
အောင်ခြင်းရှစ်ပါး
ယခု အလောင်းတော်မြတ် ထိုင်နေခြင်းကို ပျက်အောင်၊ ထိုနေရာမှ ထသွားအောင် မည်သူမျှ တိုက်ခိုက်၍ မရနိုင်ချေ။
1,327,741
Uncategorized
အောင်ခြင်းရှစ်ပါး
မအောင်နိုင်ချေ။
1,327,742
Uncategorized
အောင်ခြင်းရှစ်ပါး
ယင်းသို့ မည်သူမျှ မအောင်နိုင်သည့် ထိုင်နေခြင်း၊ မည်သူမျှ မအောင်နိုင်သည့် ထိုင်နေရာ ဖြစ်သောကြောင့် အပရာဇိတ ပလ္လင်ဟု ခေါ်သည်။
1,327,743
Uncategorized
အောင်ခြင်းရှစ်ပါး
အပရာဇိတ ဆိုသည်မှာ မအောင်နိုင်ခြင်း ဟူ၍ အနက်ရသည်။
1,327,744
Uncategorized
အောင်ခြင်းရှစ်ပါး
ဘုရားအလောင်းတော်သည် ပါရမီဖြည့်စဉ် ဘဝပေါင်းများစွာ၌ တစ်စုံတစ်ယောက်သောသူကိုမျှ သူနှင့်ထိုက်တန်သည့် ရာထူး၊ ဂုဏ်သိန်း၊ စည်းစိမ်ချမ်းသာ၊ နေရာအရပ်က ရွေ့လျောအောင် မည်သည့်အခါကမျှ မလုပ်ခဲ့ဖူးချေ။
1,327,745
Uncategorized
အောင်ခြင်းရှစ်ပါး
မည်သူ့ကိုမဆို ထိုက်တန်သောနေရာ၌ ရောက်ရှိနေသည်ကို ကျေနပ်ဝမ်းသာသူ ဖြစ်သည်။
1,327,746
Uncategorized
အောင်ခြင်းရှစ်ပါး
ယင်းစိတ်ကောင်းစေတနာကြောင့်လည်း ယခုအခါ ဘုရားလောင်းကို ဤနေရာက ရွေ့လျောအောင် မည်သူမျှ ပြုလုပ်နိုင်မည်မဟုတ်ပေ။
1,327,747
Uncategorized
အောင်ခြင်းရှစ်ပါး
မာရ်နတ်တစ်ဦးတည်းသာ မဟုတ်။
1,327,748
Uncategorized
အောင်ခြင်းရှစ်ပါး
မာရ်နတ်ပေါင်း အရာအထောင် ဖြစ်သော်လည်း အလောင်းတော်မြတ်ကို ဤနေရာမှ ထအောင် ပြုလုပ်နိုင်မည် မဟုတ်‌‌ချေ။
1,327,749
Uncategorized
အောင်ခြင်းရှစ်ပါး
မာရ်နတ်မင်းကား ဤအကြောင်းကို မသိ။
1,327,750
Uncategorized
အောင်ခြင်းရှစ်ပါး
မိမိရန်ပြုလျှင် အောင်မြင်မည်ဟုသာ ထင်မှတ်နေသည်။
1,327,751
Uncategorized
အောင်ခြင်းရှစ်ပါး
ထို့ကြောင့် ရှေးဦးစွာ ဘုရားအလောင်းကို လေဖြင့် ပြေးစေအံ့ဟု ကြံကာ ဝေရမ္ဘလေတို့ကို ထစေသည်။
1,327,752
Uncategorized
အောင်ခြင်းရှစ်ပါး
ဝေရမ္ဘလေတို့သည် ကြီးမားသော တောင်ထွတ်တို့ကို ထက်ခြမ်းကွဲစေ၏။
1,327,753
Uncategorized
အောင်ခြင်းရှစ်ပါး
ရွာကြီး၊ ရွာငယ်တို့ကို မှုန့်မှုန့်ညက်ညက် ကြေအောင် တိုက်ခိုက်နိုင်စွမ်းရှိ၏။
1,327,754
Uncategorized
အောင်ခြင်းရှစ်ပါး
သို့သော်လည်း ဘုရားအလောင်းထံပါးသို့ ရောက်သောအခါ သင်္ကန်းတော်စွန်းကိုမျှ လှုပ်အောင် မတတ်နိုင်။
1,327,755
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုအခါ မာရ်နတ်မင်းသည် ဘုရားလောင်းကို မိုးရေဖြင့် နစ်၍ သေစေအံ့ဟု ကြံပြန်သည်။
1,327,756
Uncategorized
အောင်ခြင်းရှစ်ပါး
မိုးကြီးရွာစေသည်။
1,327,757
Uncategorized
အောင်ခြင်းရှစ်ပါး
သို့ရာတွင် မိုးရေသည် ဘုရားလောင်း၏ သင်္ကန်းတော်ကို ဆီးနှင်းပေါက်မျှလောက်ပင် မစွတ်စိုနိုင်။
1,327,758
Uncategorized
အောင်ခြင်းရှစ်ပါး
ဤတွင် မာရ်နတ်မင်းသည် ကျောက်ခဲမိုး၊ လက်နက်မိုး၊ သဲမိုး၊ ညှောင့်ပြောင်းမိုး၊ မီးကျီးစုမိုး၊ အမိုက်တိုက်မိုး၊ စက်လက်နက်မိုး စသည်တို့ဖြင့် တိုက်၏။
1,327,759
Uncategorized
အောင်ခြင်းရှစ်ပါး
ဘုရားလောင်းသည် ဤကြောက်ဖွယ်ရန်တို့ကို မေတ္တာတော်အဟုန်ဖြင့် ငြိမ်းစေ၏။
1,327,760
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုအခါ မာရ်နတ်မင်းသည် ဂိရိမေခလာဆင်ဖြင့် တိုက်ဝှေ့တွန်းချရန် ဘုရားလောင်းအပါးသို့ ကပ်လာသည်။
1,327,761
Uncategorized
အောင်ခြင်းရှစ်ပါး
သို့ရာတွင် ဘုရားအလောင်း၏ မေတ္တာပါရမီတော်၏ အာနုဘော်ကြောင့် ဂိရိမေခလာဆင်သည် ရန်မပြုနိုင်။
1,327,762
Uncategorized
အောင်ခြင်းရှစ်ပါး
အနီးသို့ ရောက်သောအခါ မြေတွင် ပုဆစ်တုပ်ဝပ် ဦးချလျက်နေသည်။
1,327,763
Uncategorized
အောင်ခြင်းရှစ်ပါး
ဦးခေါင်းကို မြေ၌ စိုက်ထားသည်။
1,327,764
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုအခါ မာရ်နတ်မင်းသည် ဆင်၏ဦးခေါင်းမှ လျှောကျကာ မြေပေါ်သို့ ရောက်သွားသည်။
1,327,765
Uncategorized
အောင်ခြင်းရှစ်ပါး
မာရ်နတ်မင်းသည် အရှက်ရသွားသည်။
1,327,766
Uncategorized
အောင်ခြင်းရှစ်ပါး
ပြေးရန် ကြံသည်။
1,327,767
Uncategorized
အောင်ခြင်းရှစ်ပါး
ထို့နောက် သက်သေဖြင့် အောင်စေဦးအံ့ဟု ကြံကာ-
1,327,768
Uncategorized
အောင်ခြင်းရှစ်ပါး
“သိဒ္ဓတ္ထ၊ ဤပလ္လင်မှ သင် ထ၍ သွားလော့၊ ဤပလ္လင်သည် သင်နှင့် မဆိုင်၊ သင် မပိုင်၊ ဤပလ္လင်သည် စွမ်းအင်နှင့် ပြည့်စုံ၍ တန်ခိုးဂုဏ်ရှိသော ငါ တစ်ဦးတည်းသာ ပိုင်ပေသည်” ဟု ဆို၏။
1,327,769
Uncategorized
အောင်ခြင်းရှစ်ပါး
ဘုရားအလောင်းမူကား မာရ်နတ် ပြုလေသမျှသော ရန်တို့ကို သည်းခံတော်မူသည်။
1,327,770
Uncategorized
အောင်ခြင်းရှစ်ပါး
ချစ်တတ်သော အဖသည် ချစ်သောစိတ်ဖြင့် သားကို ကြည့်သကဲ့သို့ ရွှင်သောမျက်စိဖြင့် မာရ်နတ်ကို ကြည့်တော်မူသည်။
1,327,771
Uncategorized
အောင်ခြင်းရှစ်ပါး
“မာရ်နတ်မင်း၊ သင်သည် ပါရမီ ၁၀ ပါး၊ အပြား ၃၀၊ စွန့်ခြင်းကြီး ၅ ပါး၊ စရိယ ၃ ပါး တို့ကို တစ်ခါတစ်ရံမျှ ဖြည့်ကျင့်ခဲ့သည် မဟုတ်။
1,327,772
Uncategorized
အောင်ခြင်းရှစ်ပါး
ငါသာလျှင် စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် အတန်တန် ဖြည့်ကျင့်ခဲ့ခြင်း ဖြစ်သည်။
1,327,773
Uncategorized
အောင်ခြင်းရှစ်ပါး
သည်ဗောဓိပင်နှင့် သည်ရွှေပလ္လင်ကို ငါသာ ဆိုင်သည်။
1,327,774
Uncategorized
အောင်ခြင်းရှစ်ပါး
ငါ တစ်ဦးတည်းသာ ပိုင်သည်။
1,327,775
Uncategorized
အောင်ခြင်းရှစ်ပါး
သင် မဆိုင်၊ သင် မပိုင်၊ သင် ဆိုင်ကြောင်း၊ သင် ပိုင်ကြောင်း မည်သို့ သက်သေပြနိုင်သနည်း” ဟု ချိုသာစွာ မိန့်တော်မူသည်။
1,327,776
Uncategorized
အောင်ခြင်းရှစ်ပါး
မာရ်နတ်မင်းသည် မိမိ ပိုင်ဆိုင်ကြောင်း နောက်ပါ စစ်သည်တော် တပ်သားများအား အသိသက်သေပြုသည်။
1,327,777
Uncategorized
အောင်ခြင်းရှစ်ပါး
ဘုရားအလောင်းကိုလည်း သက်သေပြစေသည်။
1,327,778
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုအခါ ဘုရားအလောင်းက -
1,327,779
Uncategorized
အောင်ခြင်းရှစ်ပါး
“ငါ၏ဘက်တွင် လူ၊ နတ်သက်သေ တစ်ဦးတစ်ယောက်မျှ မရှိ။
1,327,780
Uncategorized
အောင်ခြင်းရှစ်ပါး
သို့သော် ဤဝသုန်မြေကြီးသည် ငါ၏အလှူကို သိသူ၊ ငါ၏ သက်သေဖြစ်တော့သည်” ဟု ဆိုတော်မူကာ မြေကြီးကို ရှေးရှု လက်ညှိုးညွှန်ပြတော်မူလေသည်။
1,327,781
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုအခါ ယူဇနာ နှစ်သိန်းလေးသောင်း အထုရှိသော ပံသုသီလာ မြေနှစ်လွှာသည် အိုးထိန်းစက်ကဲ့သို့ ဝန်းဝန်းလည်လျက် သည်းစွာသော အသံကို ပြု၏။
1,327,782
Uncategorized
အောင်ခြင်းရှစ်ပါး
မြေကြီး၏အသံကြောင့် ကောင်းကင်သည်လည်း မိုးကြိုးထစ်သကဲ့သို့ ပြင်းစွာမြည်လေသည်။
1,327,783
Uncategorized
အောင်ခြင်းရှစ်ပါး
အလုံးစုံသော စကြဝဠာတိုက်သည် ပြင်းစွာမြည်လေသည်။
1,327,784
Uncategorized
အောင်ခြင်းရှစ်ပါး
မိုးမရွာဘဲ တိမ်တောင်မတက်ဘဲ အလုံးစုံသော ကောင်းကင်၌ နတ်စက်တို့သည် ပစ်ကုန်၏။
1,327,785
Uncategorized
အောင်ခြင်းရှစ်ပါး
မိုးကြိုးစက်တို့လည်း ကျကုန်၏။
1,327,786
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုအခါ မြေကြီးနှင့် ကောင်းကင်နှစ်ပါးတို့ အကြား၌ မာရ်နတ်သည် ကိုးကွယ်ရာမရှိ၊ ကြီးစွာ ထိတ်လန့်ခြင်းဖြစ်၏။
1,327,787
Uncategorized
အောင်ခြင်းရှစ်ပါး
ဂိရိမေခလာဆင်၌ စိုက်ထောင်သော အောင်တံခွန်ကိုလှဲ၍ လက်နက်တစ်ထောင်ကို ပစ်ချလိုက်သည်။
1,327,788
Uncategorized
အောင်ခြင်းရှစ်ပါး
ဂိရိမေခလာဆင်ကိုမျှ မကြည့်။
1,327,789
Uncategorized
အောင်ခြင်းရှစ်ပါး
ဦးတည်ရာအရပ်သို့ ထွက်ပြေးသည်။
1,327,790
Uncategorized
အောင်ခြင်းရှစ်ပါး
နောက်မှ ရန်သူတို့ လိုက်သကဲ့သို့ ကြောက်လန့်ကြီးစွာဖြင့် မိမိနေရာ ဝသဝတ္တီဘုံတိုင်အောင် ပြေးလေ၏။
1,327,791
Uncategorized
အောင်ခြင်းရှစ်ပါး
မာရ်နတ်မင်း၏ စစ်သည်အပေါင်းတို့လည်း ဆင်မြန်းလာသော တန်ဆာတို့ကိုမျှ မယူနိုင်။
1,327,792
Uncategorized
အောင်ခြင်းရှစ်ပါး
စွန့်ပစ်၍ မျက်နှာမူရာအရပ်သို့သာ ရှေးရှု၍ ပြေးကြလေ၏။
1,327,793
Uncategorized
အောင်ခြင်းရှစ်ပါး
ဤသို့ ဘုရားအလောင်းတော်သည် မာရ်နတ်မင်းနှင့် မာရ်နတ်စစ်သည်တို့ကို အောင်ခြင်းမှ အစပြု၍ အလုံးစုံသော လောကကို အောင်ခြင်းသို့ ရောက်တော်မူသည်။
1,327,794
Uncategorized
အောင်ခြင်းရှစ်ပါး
အကိုးအကား ၁။
1,327,795
Uncategorized
အောင်ခြင်းရှစ်ပါး
မဟာဗုဒ္ဓဝင် (ဒုတိယတွဲ) တိပိဋကဓရ ဆရာတော်ကြီး ဦးဝိစိတ္တသာရာဘိဝံသ။
1,327,796
Uncategorized
အောင်ခြင်းရှစ်ပါး
၂။ ဂေါတမဗုဒ္ဓ၊ ဒဂုန်ဦးထွန်းမြင့်။
1,327,797
Uncategorized
အောင်ခြင်းရှစ်ပါး
၃။ မြန်မာ့စွယ်စုံကျမ်း (အတွဲ-၁၅)
1,327,798
Uncategorized
အောင်ခြင်းရှစ်ပါး
၂။ အာဠာဝကဘီလူးကို အောင်ခြင်း
1,327,799
Uncategorized
အောင်ခြင်းရှစ်ပါး
ဗုဒ္ဓဘုရားရှင်သည် အင်္ဂုလိမာလ ခိုးသူကြီးကို အောင်တော်မူပြီးနောက် ကပ္ပိလဝတ်ပြည်သို့ ကြွတော်မူသည်။
1,327,800
Uncategorized
အောင်ခြင်းရှစ်ပါး
နိဂြောဓာရုံကျောင်း၌ (၁၅) ဝါမြောက် ဝါကပ်တော်မူသည်။