id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,328,301 | Uncategorized | အောင်ခြင်းရှစ်ပါး | သစ္စကပရိဗိုဇ်က “ငါ၏ ဝမ်း၌ရှိသော ပညာကား အလွန်များ၏။ |
1,328,302 | Uncategorized | အောင်ခြင်းရှစ်ပါး | ဆန်စပါးထည့်သော အိတ်သည် ပြည့်သိပ်လွန်းလျှင် ပေါက်ကျသကဲ့သို့ ငါ့ဝမ်း၌လည်း ပညာအလွန် ပြည့်လွန်းသဖြင့် မခံနိုင်ဘဲ ကွဲပေါက်လေတော့မည်” ဟု မှတ်ယူသည်။ |
1,328,303 | Uncategorized | အောင်ခြင်းရှစ်ပါး | ဝမ်းကွဲမည်ကို စိုးသောကြောင့် သံပြားနှင့် ရစ်ပတ်၍ ထား၏။ |
1,328,304 | Uncategorized | အောင်ခြင်းရှစ်ပါး | သူသည် ဝေသာလီပြည်သို့ မြတ်စွာဘုရား ရောက်လာလျှင် ဝါဒပြိုင်မည်ဟူ၍ ကြံရွယ်ထားသည်။ |
1,328,305 | Uncategorized | အောင်ခြင်းရှစ်ပါး | သို့ဖြင့် ဘုရားရှင်၏ ဝါဒကို သိရအောင်ပြုအံ့ဟု ကြံ၍ အရှင်သာရိပုတ္တရာ၏ ဆရာ အရှင်အဿဇိထံ သွားရောက်စုံစမ်းသည်။ |
1,328,306 | Uncategorized | အောင်ခြင်းရှစ်ပါး | အရှင်အဿဇိက သစ္စကအား ဘုံသုံးပါး၌ ဖြစ်သော သတ္တဝါတို့၏ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဉ်တရား တို့သည် အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘော သာတည်းဟု ငါတို့ဘုရားရှင် ဟောကြားဆုံးမ၏” ဟု ပြော၏။ |
1,328,307 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုအခါ သစ္စကက “ရှင်ဂေါတမ၏ ဝါဒကို ငါ သိရပြီ၊ နှိမ်နင်းချေပတော့အံ့” ဟု ကြံစည်သည်။ |
1,328,308 | Uncategorized | အောင်ခြင်းရှစ်ပါး | ထို့နောက် ဘုရားရှင်နှင့် ဝါဒပြိုင်၍ စကားစစ်ထိုးရန် တပည့်များ ဖြစ်ကြသော လိစ္ဆဝီမင်းသားတို့ကိုခေါ်၍ ဘုရားရှင်ထံ သွားရောက်သည်။ |
1,328,309 | Uncategorized | အောင်ခြင်းရှစ်ပါး | လိစ္ဆဝီမင်းသားတို့နှင့်အတူ ပုဏ္ဏား၊ သူဌေး၊ သူကြွယ်၊ ဆင်းရဲသားများ လည်း အတူလိုက်ပါသွားသည်။ |
1,328,310 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုအချိန်၌ မြတ်စွာဘုရားရှင်သည် မဟာဝုန်တောရှိ ကူဋာဂါရ ကျောင်းတော်၌ သီတင်းသုံးလျက် ရှိသည်။ |
1,328,311 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘုရားရှင်သည် နံနက်အာရုံတက်၌ မဟာကရုဏာသမာပတ်မှ ထတော်မူ၍ တစ်သောင်းစကြာဝဠာတိုက်၌ ကျွတ်ထိုက်သော ဝေနေယျတို့ကို သမန္တစက္ခုဖြင့် ရှုတော်မူလျှင် သစ္စကပရိဗိုဇ်၏ အကြံအစည်၊ အပြုအမူတို့ကို ကုန်စင်စွာ သိတော်မူသည်။ |
1,328,312 | Uncategorized | အောင်ခြင်းရှစ်ပါး | ထို့ကြောင့် ပြုသင့်သမျှသော အမှုကိစ္စတို့ကို ပြည့်စုံစေပြီးသော် ကျောင်းတော်နှင့် မနီးမဝေး ကြီးစွာသော သစ်ရိပ်အတွင်း၌ သီတင်းသုံး၍ နေ၏။ |
1,328,313 | Uncategorized | အောင်ခြင်းရှစ်ပါး | သစ္စကပရိဗိုဇ်ကို စောင့်နေတော်မူသည်။ |
1,328,314 | Uncategorized | အောင်ခြင်းရှစ်ပါး | မကြာမီ သစ္စကပရိဗိုဇ် သည် နောက်ပါများနှင့်အတူ ဘုရားရှင်ရှေ့တော်မှောက်သို့ ရောက်ရှိလာသည်။ |
1,328,315 | Uncategorized | အောင်ခြင်းရှစ်ပါး | သစ္စကပရိဗိုဇ်က ဘုရားရှင်အား “အရှင်ဂေါတမ... တပည့်သာဝကတို့ကို မည်သို့ ဆုံးမတော်မူပါသနည်း၊ အကျွန်ုပ် သိလိုပါသည်” ဟူ၍ လျှောက်၏။ |
1,328,316 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘုရားရှင်က “အချင်းသစ္စက... ငါသည် တပည့်သာဝကတို့အား လောက၌ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါဟု သမုတ်ကြသည်ကား ခန္ဓာငါးပါး၏ အစုသာ ဖြစ်သည်။ |
1,328,317 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုခန္ဓာငါးပါးတည်းဟူသော ရုပ်သည် အမြဲမရှိ၊ ဝေဒနာသည် အမြဲမရှိ၊ သညာသည် အမြဲမရှိ၊ သင်္ခါရတို့သည် အမြဲမရှိ။ |
1,328,318 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုနည်းတူ ဝိညာဉ်ခြောက်ပါး သည်လည်း အမြဲမရှိ။ |
1,328,319 | Uncategorized | အောင်ခြင်းရှစ်ပါး | ထို့ကြောင့် ရုပ်သည် အတ္တမဟုတ်၊ ဝေဒနာသည် အတ္တမဟုတ်၊ သညာသည် အတ္တမဟုတ်၊ သင်္ခါရတို့သည် အတ္တမဟုတ်၊ ဝိညာဉ်ခြောက်ပါး သည် အတ္တမဟုတ်၊ အလုံးစုံသော သင်္ခါရတို့သည် အမြဲမရှိကုန်၊ အလုံးစုံသော သင်္ခါရတို့သည် အတ္တမဟုတ်ကုန် ဟူ၍ ဆုံးမပေသည်” ဟူ၍ ဖြေကြားတော်မူသည်။ |
1,328,320 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုအခါ သစ္စက သည် ဘုရားရှင်၏ အနတ္တဝါဒကို ချေဖျက်လိုသဖြင့် “အို... အရှင်ဂေါတမ၊ အရှင်ဘုရား၏ ဝါဒသည် မဟုတ်မမှန်ပါတကား။ |
1,328,321 | Uncategorized | အောင်ခြင်းရှစ်ပါး | ဥပမာအားဖြင့် မျိုးစေ့အပေါင်း၊ သစ်ပင်အပေါင်းသည် မြေကြီး၌ တည်၍သာလျှင် ကြီးပွားစည်ပင် ပြန့်ပြော ခြင်းသို့ ရောက်ကြကုန်သည် မဟုတ်ပါလော။ |
1,328,322 | Uncategorized | အောင်ခြင်းရှစ်ပါး | ထို့အတူ သတ္တဝါတို့သည်လည်း ခန္ဓာငါးပါး၌ တည်၍သာလျှင် ချမ်းသာဆင်းရဲကို ခံစားရသည် မဟုတ်ပါလော။ |
1,328,323 | Uncategorized | အောင်ခြင်းရှစ်ပါး | ကုသိုလ်၊ အကုသိုလ်တရားတို့ကို အားထုတ်ရသည် မဟုတ်ပါလော။ |
1,328,324 | Uncategorized | အောင်ခြင်းရှစ်ပါး | မဂ်ဖိုလ် ချမ်းသာကို ဖွေရှာကြသည် မဟုတ်ပါလော။ |
1,328,325 | Uncategorized | အောင်ခြင်းရှစ်ပါး | မပျက်စီးသေးသော ကာလ၌ အတ္တဟု ထင်ရှားရှိပါလျက် အဘယ်ကြောင့် အနတ္တဟု ပြောပါသနည်း” ဟူ၍ ချေပပြောဆိုသည်။ |
1,328,326 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုအခါ ဘုရားရှင်က “အချင်းသစ္စက... ဤငါးဖြာသော ရုပ်ခန္ဓာကို ငါ၏ကိုယ် ဟူ၍ပင် သင် အယူရှိသလော” ဟု မေး၏။ |
1,328,327 | Uncategorized | အောင်ခြင်းရှစ်ပါး | သစ္စက ကလည်း “အရှင်ဂေါတမ... အကျွန်ုပ်သာ ငါ၏ကိုယ်ဟူ၍ အယူရှိသည် မဟုတ်။ |
1,328,328 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤပရိသတ်လေးပါး လူအများပင် ငါ၏ကိုယ်ဟု မှတ်ထင်ခေါ်ဆိုကြပါ၏” ဟု ဆို၏။ |
1,328,329 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘုရားရှင်က “အချင်းသစ္စက... သူတစ်ပါးအကြောင်းကို သင် မဆိုနှင့်၊ သင်၏အယူကိုသာ ထင်ရှားစွာ ဖြေလော့” ဟု ဆို၏။ |
1,328,330 | Uncategorized | အောင်ခြင်းရှစ်ပါး | သစ္စက လည်း အခြားသူများကို လွှဲချခြင်းငှာ မတတ်သာရကား “အရှင်ဂေါတမ... အကျွန်ုပ်လည်း ဤရုပ်နာမ်ခန္ဓာကို ငါ၏ကိုယ်ဟု အယူရှိပေသတည်း” ဟု ဆို၏။ |
1,328,331 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုစကားကိုကြားလျှင် ဘုရားရှင်က ကြည်ရွှင်သော မျက်နှာဖြင့် “အချင်းသစ္စက... ငါးဖြာသော ခန္ဓာကို ငါ၏ကိုယ်ဟု သင် ဝန်ခံသော် တစ်ဖန် သင့်ကို ငါ မေးဦးအံ့။ |
1,328,332 | Uncategorized | အောင်ခြင်းရှစ်ပါး | သင်၏ ရုပ်တရားသည် မတင့်တယ်သောအားဖြင့် ငါ မဖြစ်လို၊ ကြည်ညိုနှစ်သက်စဖွယ် တင့်တယ်လှပသည် ဖြစ်လို၏ ဟူ၍ လည်းကောင်း၊ ဆံဖြူသွားကြွေ၊ သားရေတွန့်တို၊ အိုခြင်းသို့ မရောက်ဘဲ ၁၆-နှစ် အရွယ်သာ တည်ပါလို၏ ဟူ၍ လည်းကောင်း အလိုရှိမူ ထိုအလိုရှိတိုင်း သင်၏ရုပ်သည် ဖြစ်ပါလော။ |
1,328,333 | Uncategorized | အောင်ခြင်းရှစ်ပါး | သင်၏ရုပ်ကို သင့်အလိုအတိုင်း လိုက်စေခြင်းငှာ အစိုးရပါ၏လော” ဟု မေး၏။ |
1,328,334 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုအမေးကိုကြားသောအခါ သစ္စက လည်း “အကယ်၍ ငါ၏ရုပ်သည် ငါ၏အလိုသို့ လိုက်၏ဟု ဖြေချေသော် လိစ္ဆဝီမင်းသားအပေါင်းက ထ၍ ဆရာ့ရုပ် သည် ငါတို့ကဲ့သို့ တင့်တယ်လှပစေပါတော့လော့ဟု ဆိုရာ၏။ |
1,328,335 | Uncategorized | အောင်ခြင်းရှစ်ပါး | အလိုသို့ မလိုက်ပေဟု ဆိုချေလျှင်လည်း အရှင်ဂေါတမ၏ အနတ္တ ဟူသော စကားသည် ဆိုပိုင်၍ ငါ့ကို နိုင်ဘိလေမည်” ဟု စဉ်းစားလျက် မည်သည့်စကားကိုမျှ မဆိုဘဲ ဆိတ်ဆိတ် သာ နေလေ၏။ |
1,328,336 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုအခါ ဘုရားရှင်က “အချင်းသစ္စက... ငါမေးသည်ကို သင် ဖြေဦးလော့” ဟု နှစ်ကြိမ်မြောက် တိုက်တွန်းတော်မူသည်။ |
1,328,337 | Uncategorized | အောင်ခြင်းရှစ်ပါး | သစ္စက မလှုပ်ချေ။ |
1,328,338 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုအခါ သိကြားမင်းသည် ဘီလူးအသွင် ဖန်ဆင်းလျက် သံတင်းပုတ်ဖြင့် နှက်အံ့သကဲ့သို့ ရွယ်လျက်... “ဟယ် သစ္စက၊ အဘယ်ကြောင့် ဘုရားရှင် မေးတော်မူသည်ကို မလျှောက်ဆိုသနည်း၊ လျှောက်ဆိုလော့” ဟု ခြိမ်းခြောက်သည်။ |
1,328,339 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုသို့ ခြိမ်းခြောက်လာသော သိကြားမင်းကို အခြားသူတို့ မမြင်ရ။ |
1,328,340 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘုရားရှင်နှင့် သစ္စက သာ မြင်ရ၏။ |
1,328,341 | Uncategorized | အောင်ခြင်းရှစ်ပါး | သစ္စကပရိဗိုဇ် လည်း ဆိတ်ဆိတ် မနေဝံ့တော့သဖြင့် “အရှင်ဘုရား... အကျွန်ုပ်ကား မှားခြင်းကြီး မှားပေပြီ။ |
1,328,342 | Uncategorized | အောင်ခြင်းရှစ်ပါး | အရှင်၏ ဝါဒကို အသက်ရှင်သမျှ ယုံမှတ်ကိုးကွယ် ပါတော့မည်” ဟု ဝန်ခံလျှောက်ထား၏။ |
1,328,343 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤသို့လျှင် အယူဝါဒပြိုင်လာသော သစ္စကပရိဗိုဇ် အား ချွတ်တော်မူနိုင်ခြင်း၊ အောင်မြင်ခြင်းသည် ဘုရားရှင်၏ အောင်မြင်ခြင်း ဖြစ်ပေသည်။ |
1,328,344 | Uncategorized | အောင်ခြင်းရှစ်ပါး | မှတ်ချက် ရုပ် -အအေးအပူ စသော ဆန့်ကျင်ဘက် အကြောင်းများ ကြောင့် ဖောက်ပြန်တတ်သော သဘော၊ |
1,328,345 | Uncategorized | အောင်ခြင်းရှစ်ပါး | ဝေဒနာ -အာရုံ အရသာကို ခံစားခြင်း သဘော၊ |
1,328,346 | Uncategorized | အောင်ခြင်းရှစ်ပါး | သညာ -အာရုံကို မှတ်သားခြင်း သဘော၊ |
1,328,347 | Uncategorized | အောင်ခြင်းရှစ်ပါး | သင်္ခါရ -ပြုပြင် စီရင်တတ်သော သဘော၊ ပြုပြင် စီရင်ခြင်း ခံရသော သဘော၊ ကုသိုလ် အကုသိုလ်၊ ကံ၊ ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှု၊ |
1,328,348 | Uncategorized | အောင်ခြင်းရှစ်ပါး | ဝိညာဉ် -အသိစိတ် (၁) စက္ခုဝိညာဉ် – မျက်စိ အသိစိတ်၊ (၂) သောတ ဝိညာဉ်’နားအသိစိတ်၊ (၃) ဃာနဝိညာဉ်-နှာခေါင်း အသိစိတ်၊ (၄) ဇိဝှါဝိညာဉ်- လျှာ အသိစိတ်၊ (၅) ကာယဝိညာဉ်-ကိုယ်အတွေ့ အသိစိတ်၊ (၆) မနော ဝိညာဉ်-အာရုံ အသိစိတ်၊ |
1,328,349 | Uncategorized | အောင်ခြင်းရှစ်ပါး | ကျမ်းကိုး (၁) ဇိနတ္ထပကာသနီကျမ်း (ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး) |
1,328,350 | Uncategorized | အောင်ခြင်းရှစ်ပါး | (၃) မြန်မာ့စွယ်စုံကျမ်း (အတွဲ-၁၅) |
1,328,351 | Uncategorized | အောင်ခြင်းရှစ်ပါး | ၇။ နန္ဒောပနန္ဒနဂါးမင်းကို အောင်ခြင်း |
1,328,352 | Uncategorized | အောင်ခြင်းရှစ်ပါး | မြတ်စွာဘုရားသခင်သည် ပါလိလေယျက တောအုပ် (ပလလဲ) တွင် ဒသမဝါ ဆိုတော်မူပြီးနောက် ဝါကျွတ်သောအခါ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ ကြွရောက် သီတင်းသုံးတော်မူသည်။ |
1,328,353 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုစဉ် အနာထပိဏ် သူဌေးသည် ဘုရားရှင်အား တပည့်သား ရဟန္တာငါးရာနှင့်တကွ နေအိမ်သို့ ဆွမ်းဘုဉ်းပေး ကြွတော်မူပါရန် ပင့်ဖိတ်သည်။ |
1,328,354 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘုရားရှင်လည်း လက်ခံတော်မူလိုက်သည်။ |
1,328,355 | Uncategorized | အောင်ခြင်းရှစ်ပါး | ဆွမ်းစားမကြွမီ နံနက်တွင် ဘုရားရှင်သည် လောကဓာတ်စကြာဝဠာပေါင်း တိုက်တစ်သောင်းကို ကြည့်ရှုတော်မူလေသော် နန္ဒောပနန္ဒနဂါးမင်း သည် ဉာဏ်တော်၌ ထင်လာသည်။ |
1,328,356 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤနဂါးမင်းကား ဘဝထိုထိုက ကုသိုလ်ပုညသမ္ဘာရ အဆောက်အအုံ ရှိပါလျက်နှင့် အယူမှားသဖြင့် ဒုဂ္ဂတိဘဝသို့ ရောက်နေရှာသည်။ |
1,328,357 | Uncategorized | အောင်ခြင်းရှစ်ပါး | တိရစ္ဆာန်အဖြစ်သို့ ရောက်၍ မိစ္ဆာဒိဋ္ဌိ ဖြစ်နေရှာသည်။ |
1,328,358 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုနန္ဒောပနန္ဒနဂါးမင်း အား နှိပ်ရုံ ဆုံးမစေရပါမူ သမ္မာဒိဋ္ဌိ အယူသို့ ရောက်၍ ကောင်းကျိုးချမ်းသာ ရရှိပေလိမ့်မည်။ |
1,328,359 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤနန္ဒောပနန္ဒနဂါးမင်းကို နှိပ်နွံ ဆုံးမနိုင်သည်မှာလည်း အရှင်မဟာမောဂ္ဂလာန်မထေရ်သည်သာ ဖြစ်ပေသည်” ဟူ၍ ဆင်ခြင်တော်မူသည်။ |
1,328,360 | Uncategorized | အောင်ခြင်းရှစ်ပါး | သို့ဖြင့် ဆွမ်းစားချိန် နီးသော် ရဟန္တာငါးရာနှင့်အတူ တာဝတိံသာ နတ်ပြည်သို့ ရှေးရှုကြွတော်မူသည်။ |
1,328,361 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုစဉ် နန္ဒောပနန္ဒနဂါးမင်း သည် နတ်မင်းကြီးအလား ကြီးကျယ်ခမ်းနားလှစွာသော စည်းစိမ်ကို ခံစားလျက် ရှိသည်။ |
1,328,362 | Uncategorized | အောင်ခြင်းရှစ်ပါး | နဂါးကညာတို့နှင့် နဂါးပေါင်းများစွာ ခြံရံလျက် ဆန်းကြယ်ထူးမြတ်သော ဘောဇဉ်ချိုချဉ် ရသာတို့ကို သုံးဆောင်လျက် ရှိသည်။ |
1,328,363 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုအခိုက် နဂါးတို့အပေါ်မှ ဘုရားရှင်နှင့် ရဟန္တာတို့ ကြွသွား သဖြင့် နဂါးမင်း၏ ဦးခေါင်းပေါ်သို့ မြေမှုန့်များ ကျလာသည်။ |
1,328,364 | Uncategorized | အောင်ခြင်းရှစ်ပါး | နဂါးမင်းသည် ပြင်းထန်စွာ အမျက်ဒေါသ ဖြစ်သည်။ |
1,328,365 | Uncategorized | အောင်ခြင်းရှစ်ပါး | “ဤ ဦးပြည်းရဟန်းတို့သည် ငါတို့၏အထက် ဘုံဗိမာန်များသို့ မကြာခဏ သွားလာကြသည်။ |
1,328,366 | Uncategorized | အောင်ခြင်းရှစ်ပါး | သူတို့၏ ဖဝါးခြေမှုန့်တို့ ငါတို့၏ ဦးခေါင်းထက်သို့ ကျလေ့ရှိသည်။ |
1,328,367 | Uncategorized | အောင်ခြင်းရှစ်ပါး | ယနေ့မှစ၍ ထိုသူတို့၏ အသွားအလာကို ငါ ခွင့်မပေးအံ့။ |
1,328,368 | Uncategorized | အောင်ခြင်းရှစ်ပါး | အကယ်၍ မရှောင်ကွင်းမူ ငါ့ခံတွင်း၌ သေစေအံ့” ဟု ကြုံးဝါးသည်။ |
1,328,369 | Uncategorized | အောင်ခြင်းရှစ်ပါး | ထို့နောက် ကြီးစွာသော ကိုယ်ကို ဖန်ဆင်း၍ မြင့်မိုရ်တောင်ကို အရင်းမှ အဖျားတိုင်အောင် ကိုယ်ဖြင့်ခွေ၍ ထားသည်။ |
1,328,370 | Uncategorized | အောင်ခြင်းရှစ်ပါး | တာဝတိံသာ နတ်ပြည်အားလုံးကိုလည်း ပါးပျဉ်းဖြင့် အုပ်ဖုံးထားလိုက်သည်။ |
1,328,371 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘုရားရှင်နှင့် သံဃာတော်မြတ်တို့လည်း ယုဂန္ဓိုရ်တောင်ထွတ် ရှိရာ မိုးထက်သို့ရောက်သော် တာဝတိံသာ နတ်ပြည်ကို မမြင်ရတော့ပေ။ |
1,328,372 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤတွင် ယုဂန္ဓိုရ်တောင်ထိပ်၌ ခေတ္တစံပယ်တော်မူနေကြသည်။ |
1,328,373 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုအခါ အရှင်ရဋ္ဌပါလက ဘုရားရှင်အား “အရှင်ဘုရား၊ နန္ဒောပနန္ဒနဂါးမင်းကို အကျွန်ုပ် တန်ခိုးပြ၍ ဆုံးမပါအံ့” ဟု လျှောက်၏။ |
1,328,374 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘုရားရှင်လည်း ခွင့်ပေးတော်မမူ။ |
1,328,375 | Uncategorized | အောင်ခြင်းရှစ်ပါး | ထို့နောက် အရှင်ရာဟုလာ၊ အရှင်ဘဒ္ဒိယ စသော မထေရ်တို့သည် အသီးသီး ခွင့်တောင်းကြသည်။ |
1,328,376 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘုရားရှင်က ထိုမထေရ်တို့ကိုလည်း ခွင့်ပေးတော်မမူပေ။ |
1,328,377 | Uncategorized | အောင်ခြင်းရှစ်ပါး | နောက်ဆုံး အရှင်မဟာမောဂ္ဂလာန်က “အရှင်ဘုရား သားကြီးဟူသမျှသည် မိဘတို့ဝန်ကို ဆောင်ထိုက်ပါသည်။ |
1,328,378 | Uncategorized | အောင်ခြင်းရှစ်ပါး | ထို့အတူ တပည့်ကြီးဟူသမျှသည် လည်း ဆရာ့ဝန်ကို အလွန်ဆောင်ထိုက်ပါသည်။ |
1,328,379 | Uncategorized | အောင်ခြင်းရှစ်ပါး | တိရစ္ဆာန်သာ ဖြစ်သော ဤနန္ဒောပနန္ဒနဂါးကို အရှင်ဘုရားကိုယ်တိုင် မဆုံးမသင့်ပါ။ |
1,328,380 | Uncategorized | အောင်ခြင်းရှစ်ပါး | တပည့်တော် ဆုံးမပါမည် ဘုရား” ဟူ၍ လျှောက်ထားသည်။ |
1,328,381 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘုရားရှင်ကလည်း “ချစ်သား မောဂ္ဂလာန်... သင်ပင် ဆုံးမလော့” ဟူ၍ ခွင့်ပေးတော်မူလိုက်သည်။ |
1,328,382 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤတွင် အရှင်မောဂ္ဂလာန်သည် စတုတ္ထဈာန်ကို ဝင်စားတော်မူပြီးလျှင် နဂါးမင်းထက်ကြီးသော နဂါးအဖြစ်သို့ ဖန်ဆင်းလိုက်သည်။ |
1,328,383 | Uncategorized | အောင်ခြင်းရှစ်ပါး | ထို့နောက် နဂါးမင်း၏ ကိုယ်အထက်၌ ၁၄-ထပ် ပတ်ရစ်လိုက်သည်။ |
1,328,384 | Uncategorized | အောင်ခြင်းရှစ်ပါး | ပြီးသော် နဂါးမင်းခေါင်းပေါ်မှ မိမိ၏ ပါးပျဉ်းကို အုပ်လျက် မလွတ်နိုင်အောင် မြင်းမိုရ်တောင်ဖြင့် ညှပ်၍ ကြိတ်၏။ |
1,328,385 | Uncategorized | အောင်ခြင်းရှစ်ပါး | နန္ဒောပနန္ဒ လည်း အမျက်ပြင်းစွာထ၍ အခိုးအလျှံ လွှတ်၏။ |
1,328,386 | Uncategorized | အောင်ခြင်းရှစ်ပါး | အရှင်မောဂ္ဂလာန်ကလည်း ထိုအလျှံထက် ကဲလွန်၍ လွှတ်သည်။ |
1,328,387 | Uncategorized | အောင်ခြင်းရှစ်ပါး | နဂါး၏ အလျှံသည် အရှင်မောဂ္ဂလာန်ကို မနှိပ်စက်နိုင်။ |
1,328,388 | Uncategorized | အောင်ခြင်းရှစ်ပါး | အရှင်မြတ်၏ အလျှံသာလျှင် နဂါးမင်း၏ အရေအသားကို ဖောက်ခွဲ၍ ညှဉ်းဆဲနှိပ်စက်လေသည်။ |
1,328,389 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုအခါ နဂါးမင်းက “ငါ့အား မြင့်မိုရ်တောင်ဖြင့် ကြိတ်၍ နှိပ်စက်လာသူကား အဘယ်သူနည်း” ဟု မေး၏။ |
1,328,390 | Uncategorized | အောင်ခြင်းရှစ်ပါး | အရှင်မောဂ္ဂလာန်သည် ဖန်ဆင်းထားသော နဂါးအသွင်ကို ဖျောက်၍ ရဟန်းအသွင်ကို ပြသည်။ |
1,328,391 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုအခါ နဂါးမင်းသည် အံသွားကြိတ်၍ အဆိပ်နှင့်တကွသော နှာခေါင်းလေကို မှုတ်၏။ |
1,328,392 | Uncategorized | အောင်ခြင်းရှစ်ပါး | အရှင်မြတ်လည်း မတုန်မလှုပ် တည်နေစွာ ရှိ၏။ |
1,328,393 | Uncategorized | အောင်ခြင်းရှစ်ပါး | နဂါးမင်းလည်း အရှင်မြတ်အား ခံတွင်းဖြင့် ဟပ်မျို ၏။ |
1,328,394 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုအခါ မြတ်စွာဘုရားက “ချစ်သား မောဂ္ဂလာန်... ဤနန္ဒောပနန္ဒ ကား တန်ခိုးကြီးလှ၏။ |
1,328,395 | Uncategorized | အောင်ခြင်းရှစ်ပါး | စတုတ္ထဈာန်သမာပတ်ကို ကြပ်ကြပ် နှလုံးသွင်းပေလော့” ဟု သတိပေးတော်မူ၏။ |
1,328,396 | Uncategorized | အောင်ခြင်းရှစ်ပါး | အရှင်မောဂ္ဂလာန်ကလည်း “အရှင်ဘုရား စိုးရိမ်တော်မမူပါလင့်။ |
1,328,397 | Uncategorized | အောင်ခြင်းရှစ်ပါး | တပည့်တော်ကား လေးပါးသော တန်ခိုး ဣဒ္ဓိပါဒ်တို့ကို မပြတ်လေ့လာပြီး ဖြစ်ပါသည်။ |
1,328,398 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤနဂါးထက် တန်ခိုးသာသော မည်သည့်နဂါးမျိုးကိုမဆို တပည့်တော် ဆုံးမနိုင်ပါ၏” ဟု လျှောက်၏။ |
1,328,399 | Uncategorized | အောင်ခြင်းရှစ်ပါး | ထို့နောက် အရှင်မောဂ္ဂလာန်သည် နဂါးမင်း၏ ခံတွင်းမှဝင်၍ လက်ဝဲနားတွင်းမှ ထွက်၏။ |
1,328,400 | Uncategorized | အောင်ခြင်းရှစ်ပါး | တစ်ဖန် လက်ယာနားတွင်းမှ ဝင်လျက် လက်ဝဲနားတွင်းမှ ထွက်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.