id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,328,101
Uncategorized
အောင်ခြင်းရှစ်ပါး
မြတ်စွာဘုရားသည် အင်္ဂုလိမာလ မမီစိမ့်သောငှာ တန်ခိုးတော်ဖြင့် ရေညွှန်ကိုလည်းကောင်း၊ ချောက်ကမ်းပါးပြတ်ကိုလည်းကောင်း၊ သုံးယူဇနာတိုင်အောင် ဖန်ဆင်း၍ ကြွတော်မူ၏။
1,328,102
Uncategorized
အောင်ခြင်းရှစ်ပါး
အင်္ဂုလိမာလ သည် ရေကို ကူး၍ လိုက်၏။
1,328,103
Uncategorized
အောင်ခြင်းရှစ်ပါး
ညွှန်ကို ရုန်း၍ လိုက်၏။
1,328,104
Uncategorized
အောင်ခြင်းရှစ်ပါး
ချောက်ကိုဆင်း၍ လိုက်၏။
1,328,105
Uncategorized
အောင်ခြင်းရှစ်ပါး
တောင်ကို တက်၍ လိုက်၏။
1,328,106
Uncategorized
အောင်ခြင်းရှစ်ပါး
မည်သို့ပင် လိုက်သော်လည်း ဘုရားရှင်ကို မမီနိုင်။
1,328,107
Uncategorized
အောင်ခြင်းရှစ်ပါး
အလွန် မောပန်းလှသဖြင့် “အရှင်ရဟန်း... ရပ်ဦးလော့... ရပ်ဦးလော့” ဟုဆို၍ တား၏။
1,328,108
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုအခါ ဘုရားရှင်က “အင်္ဂုလိမာလ... ငါကား ရပ်၏။
1,328,109
Uncategorized
အောင်ခြင်းရှစ်ပါး
သင်သာလျှင် မရပ်ပေ” ဟုဆို၏။
1,328,110
Uncategorized
အောင်ခြင်းရှစ်ပါး
“အသင်ရဟန်း... သင်သည် မတန့်မနား သွားလျက် ရှိသည်ကိုပင် ‘ငါ ရပ်၏။
1,328,111
Uncategorized
အောင်ခြင်းရှစ်ပါး
သင်ကား မရပ်’ဟု အဘယ့်ကြောင့် ဆိုပါသနည်း။
1,328,112
Uncategorized
အောင်ခြင်းရှစ်ပါး
စင်စစ် ရပ်နေသူမှာ အကျွန်ုပ်သာ ဖြစ်သည်။
1,328,113
Uncategorized
အောင်ခြင်းရှစ်ပါး
မုသာဝါဒသည် ရဟန်းတို့၏ အလေ့အထပင်လော”
1,328,114
Uncategorized
အောင်ခြင်းရှစ်ပါး
“အချင်း အင်္ဂုလိမာလ၊ ငါသည် အလုံးစုံသော သတ္တဝါတို့ကို နှိပ်စက် ညှဉ်းဆဲခြင်း မပြု၊ ပါဏာတိပါတ စသော မကောင်းမှု ဒုစရိုက်တို့ကို မလိုက်စား၊ ကြဉ်ရှောင်ရှားသည်သာ ဖြစ်၏။
1,328,115
Uncategorized
အောင်ခြင်းရှစ်ပါး
အပါယ်လားခြင်း မရှိ၊ သုဂတိဘဝတို့၏ အထွတ်အထိပ်ဖြစ်သော နိဗ္ဗာန်၌သာ ရပ်တည်နေ၏။
1,328,116
Uncategorized
အောင်ခြင်းရှစ်ပါး
ထို့ကြောင့် ငါကား ရပ်သောသူမည်၏။
1,328,117
Uncategorized
အောင်ခြင်းရှစ်ပါး
သင်ကား ဒုစရိုက်တရားတို့ကို များစွာပြုလေ့ရှိသည်။
1,328,118
Uncategorized
အောင်ခြင်းရှစ်ပါး
သတ္တဝါ ခပ်သိမ်းတို့ကို သနားချစ်ခင်ခြင်း မရှိ၊ ဓား၊ လှံစသော လက်နက်ဖြင့် ထိုးခုတ် သတ်ပုတ် ညှဉ်းဆဲခြင်းပြုသူ ဖြစ်သည်။
1,328,119
Uncategorized
အောင်ခြင်းရှစ်ပါး
သူတော်ကောင်းတရား၌ မတည်။
1,328,120
Uncategorized
အောင်ခြင်းရှစ်ပါး
ထို့ကြောင့် သင်သည် မရပ်ဟု ငါဆိုသည်”
1,328,121
Uncategorized
အောင်ခြင်းရှစ်ပါး
ဤသို့ ဘုရားရှင်၏ ရဲရင့်တည်ကြည်သော စကားကို ကြားရသောအခါ အင်္ဂုလိမာလ သည် အံ့ချီးမဆုံး ရှိသွားသည်။
1,328,122
Uncategorized
အောင်ခြင်းရှစ်ပါး
“ဤရဟန်း၏ စကားသည် အနှစ်သာရ ရှိလှပေသည်။
1,328,123
Uncategorized
အောင်ခြင်းရှစ်ပါး
ဤကဲ့သို့သော် စကားကို ဆိုတတ်ပေသော သူကား လူသာမည မဟုတ်။
1,328,124
Uncategorized
အောင်ခြင်းရှစ်ပါး
သုဒ္ဓေါဒနမင်းကြီး၏ တောင်ညာစံ ဒေဝီ မဟေသီမိဖုရားကြီး မဟာမာယာ၏ သားတော် ဘုရား ဆိုသောပုဂ္ဂိုလ် ဖြစ်ပေရာသည်။
1,328,125
Uncategorized
အောင်ခြင်းရှစ်ပါး
ရှင်တော်ဘုရားသည် ငါ သူတော်ကောင်းတရား၌ မတည်သည်ကို မြင်တော်မူပြီး ငါ့ကို သနားတော်မူလှ၍ ဤတောကြီး မြိုင်ဝှမ်းကို ကြွလာတော်မူပေသည်” ဟု မှတ်ယူလိုက်သည်။
1,328,126
Uncategorized
အောင်ခြင်းရှစ်ပါး
ဘုရားရှင်ကို အလွန်ကြည်ညို မြတ်နိုးလှရကား ရှေ့တော်၌ ဝပ်လျက် ရိုသေကျိုးနွံစွာ ရှိခိုးသည်။
1,328,127
Uncategorized
အောင်ခြင်းရှစ်ပါး
“အရှင်သူမြတ်သည် အကျွန်ုပ်အား သနားချီးမြှောက်တော်မူပါ။
1,328,128
Uncategorized
အောင်ခြင်းရှစ်ပါး
ယုတ်မာသော အကျင့်ဟူသမျှကို အကျွန်ုပ် ပယ်ချပါတော့မည်” ဟု လျှောက်ကြား၏။
1,328,129
Uncategorized
အောင်ခြင်းရှစ်ပါး
ထို့နောက် သူသည် လည်၌ဆွဲထားသော လက်ညှိုးများကိုလည်းကောင်း၊ လက်နက် ငါးပါးကိုလည်းကောင်း အနီးရှိ ချောက်ကမ်းပါးပြတ်၌ စွန့်ပစ်လိုက်လေသည်။
1,328,130
Uncategorized
အောင်ခြင်းရှစ်ပါး
ဘုရားခြေတော် အစုံကို ရိုသေစွာ ဦးတိုက် ရှိခိုးသည်။
1,328,131
Uncategorized
အောင်ခြင်းရှစ်ပါး
“ဘုန်းတော်ကြီးသော အရှင်ဘုရား... အရှင်ဘုရားသည် အကျွန်ုပ်ကို ရဟန်းပြုပေးတော်မူပါလော့” ဟု တောင်းပန်၏။
1,328,132
Uncategorized
အောင်ခြင်းရှစ်ပါး
မြတ်စွာဘုရားသည် လက်ယာလက်မောင်းတော်ကို ဆန့်၍ “ဧဟိ ဘိက္ခု သမ္ပဒါ” အစရှိသဖြင့် ခေါ်တော်မူသည်။
1,328,133
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုအခါ အင်္ဂုလိမာလ ၏ ဆံမုတ်ဆိတ်၊ လူဝတ်ပုဆိုးတို့ကို ကွယ်လေ၍ သပိတ်၊ သင်္ကန်း စသော ရဟန်းပရိက္ခရာရှစ်ပါးနှင့် ပြည့်စုံလေသည်။
1,328,134
Uncategorized
အောင်ခြင်းရှစ်ပါး
အင်္ဂုလိမာလ သည် ဝါတော် ခြောက်ဆယ် ရှိပြီးသော မထေရ်ကြီးကဲ့သို့ မြတ်စွာဘုရားကို ဦးညွတ်ရှိခိုးလျက် ပဉ္စင်းရဟန်း ဖြစ်လာလေသည်။
1,328,135
Uncategorized
အောင်ခြင်းရှစ်ပါး
အင်္ဂုလိမာလ သည် ရဟန်းဖြစ်ပြီးနောက် မြတ်စွာဘုရား၏ နောက်လိုက် အလုပ်အကျွေးအဖြစ် သပိတ်၊ သင်္ကန်းတို့ကိုယူ၍ ဇေတဝန်ကျောင်းတော်သို့ လိုက်ပါသွား၏။
1,328,136
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုသို့ အင်္ဂုလိမာလထေရ်ကို ဒဏ်ဖြင့်လည်းကောင်း၊ လက်နက်ဖြင့်လည်းကောင်း မကူမဖက် သက်သက် ယဉ်ကျေးအောင် ဆုံးမနိုင်ခြင်းသည် ဘုရားရှင်၏ အောင်ခြင်းရှစ်ပါးအနက် တစ်ပါး အပါအဝင် ဖြစ်ပေသည်။
1,328,137
Uncategorized
အောင်ခြင်းရှစ်ပါး
အင်္ဂုလိမာလ မိခင်လည်း တောအုပ်တစ်လျှောက်ရှိ သားကို ခေါ်ယူမည်တမ်း၍ လှည့်လည်ရှာဖွေ မရသဖြင့် အိမ်သို့ ပြန်လေသည်။
1,328,138
Uncategorized
အောင်ခြင်းရှစ်ပါး
ပသေနဒီ ကောသလမင်းကြီးမူကား အခြားသူတို့ ကဲ့ရဲ့မည်စိုးသောကြောင့် အင်္ဂုလိမာလ ကို ဖမ်းရန် ထွက်ကြွခဲ့သည်။
1,328,139
Uncategorized
အောင်ခြင်းရှစ်ပါး
သို့သော်လည်း အင်္ဂုလိမာလ နှင့် ရင်ဆိုင်ရမည်ကို ရွံ့ကြောက်သဖြင့် တောအုပ်သို့ တိုက်ရိုက်မသွားသေး။
1,328,140
Uncategorized
အောင်ခြင်းရှစ်ပါး
ဇေတဝန်ကျောင်းတော်သို့ ဘုရားရှင်၏ အမိန့်တော်ကို နာယူရန် အလျင်ဝင်လေသည်။
1,328,141
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုအချိန်၌ အင်္ဂုလိမာလရဟန်း သည် မြတ်စွာဘုရား အနီး၌ ထိုင်နေလေသည်။
1,328,142
Uncategorized
အောင်ခြင်းရှစ်ပါး
ဘုရားရှင်လည်း မင်းကြီးအား အင်္ဂုလိမာလ ၏ အဖြစ်မှန်ကို ပြောကြားတော်မူ၍ “ထိုသူသည် အင်္ဂုလိမာလခိုးသူပင်တည်း” ဟု ညွှန်ပြသည်။
1,328,143
Uncategorized
အောင်ခြင်းရှစ်ပါး
မင်းကြီးသည် မယုံနိုင်အောင် ဖြစ်သွားသည်။
1,328,144
Uncategorized
အောင်ခြင်းရှစ်ပါး
ကြောက်ရွံ့တုန်လှုပ်သွားသည်။
1,328,145
Uncategorized
အောင်ခြင်းရှစ်ပါး
မင်းကြီး၏ နောက်ပါ အခြွေအရံများသည်လည်း ထိတ်လန့်ကြောက်ရွံ့ကြသဖြင့် လက်နက်တို့ကိုချကာ ပြေးကြလေသည်။
1,328,146
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုအခါ ဘုရားရှင်က မင်းကြီးအား “ဒကာတော်မင်းကြီး၊ မကြောက်ရွံ့လေနှင့်၊ အင်္ဂုလိမာလ သည် သင်တို့အား မည်သည့် ဘေးရန်ကိုမျှ ပြုလိမ့်မည်မဟုတ်” ဟု မိန့်တော်မူ၏။
1,328,147
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုအခါတွင်မှ မင်းကြီးသည် ကြောက်ရွံ့ခြင်း ကင်းပျောက်သွားသည်။
1,328,148
Uncategorized
အောင်ခြင်းရှစ်ပါး
အင်္ဂုလိမာလထံ ချဉ်းကပ်ပြီးလျှင် ပစ္စည်းလေးပါး လှူဒါန်း ထောက်ပံ့လိုကြောင်း လျှောက်ထားသည်။
1,328,149
Uncategorized
အောင်ခြင်းရှစ်ပါး
အင်္ဂုလိမာလထေရ်က အရညကင်ဓုတင်၊ ပိဏ္ဍပါတ်ဓုတင်၊ ပံ့သကူဓုတင်၊ တိစီဝရိက်ဓုတင် တို့ ဆောက်တည်သည် ဖြစ်သောကြောင့် မည်သည့်ပစ္စည်းမျှ မလို၊ ပြည့်စုံပြီဖြစ်ကြောင်း မိန့်တော်မူသည်။
1,328,150
Uncategorized
အောင်ခြင်းရှစ်ပါး
မင်းကြီးသည် အင်္ဂုလိမာလထေရ်၏ ကြည်ညိုဖွယ်ရှိပုံကို အံ့မဆုံး ဖြစ်မိသည်။
1,328,151
Uncategorized
အောင်ခြင်းရှစ်ပါး
ဘုရားရှင်အား ကန်တော့ကာ ကျောင်းတော်မှ ထွက်ခဲ့လေသည်။
1,328,152
Uncategorized
အောင်ခြင်းရှစ်ပါး
အင်္ဂုလိမာလထေရ်ကို အကြောင်း မသိကြသေးသူများကမူ မြင်ရုံဖြင့် ထိတ်လန့်ထွက်ပြေးကြကုန်၏။
1,328,153
Uncategorized
အောင်ခြင်းရှစ်ပါး
သာဝတ္ထိမြို့တွင်း ဆွမ်းခံကြွလာသည်ကို မြင်သောအခါ အိမ်တံခါးကို ပိတ်၍ နေကြကုန်၏။
1,328,154
Uncategorized
အောင်ခြင်းရှစ်ပါး
အင်္ဂုလိမာလမထေရ်သည် ဆွမ်းကောင်းစွာ မရရှိပေ။
1,328,155
Uncategorized
အောင်ခြင်းရှစ်ပါး
တစ်နေ့သ၌ အင်္ဂုလိမာလထေရ်သည် ဆွမ်းခံထွက်ရင်း အိမ်တစ်အိမ်၌ မီးမဖွားနိုင်သော မိန်းမငယ်တစ်ယောက်ကို မြင်သည်။
1,328,156
Uncategorized
အောင်ခြင်းရှစ်ပါး
“ပင်ပန်းဆင်းရဲပေစွ” ဟု စိတ်၌ ဖြစ်ပေါ်မိ၏။
1,328,157
Uncategorized
အောင်ခြင်းရှစ်ပါး
ညဉ့်အခါ၌ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ တွေ့ရှိခဲ့ရပုံကို လျှောက်ထား၏။
1,328,158
Uncategorized
အောင်ခြင်းရှစ်ပါး
ဘုရားရှင်လည်း အင်္ဂုလိမာလထေရ်ကို လူတို့ ကြောက်ရွံ့ကြဉ်ရှောင်သဖြင့် ဆွမ်းအခက်အခဲ ကြုံရပုံကို သိပြီးဖြစ်သည်။
1,328,159
Uncategorized
အောင်ခြင်းရှစ်ပါး
ထို့ကြောင့် မီးမဖွားနိုင်သူ အမျိုးသမီးများအား အင်္ဂုလိမာလထေရ်က ချမ်းသာအောင် လက်တွေ့ကူညီဆောင်ရွက်ပေးနိုင်ပါက မထေရ်ကို မှီဝဲဆည်းကပ်ကြလိမ့်မည်၊ ဆွမ်းအာဟာရ ပြည့်စုံပေလိမ့်မည်ဟု ဆင်ခြင်တော်မူမိသည်။
1,328,160
Uncategorized
အောင်ခြင်းရှစ်ပါး
သို့ဖြင့် အင်္ဂုလိမာလထေရ် သစ္စာပြုရွတ်ဆိုရန်-
1,328,161
Uncategorized
အောင်ခြင်းရှစ်ပါး
“ယတောဟံ ဘဂိနိ အရိယာယ ဇာတိယာ ဇာတော၊
1,328,162
Uncategorized
အောင်ခြင်းရှစ်ပါး
နာဘိ ဇာနာမိ သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေတာ၊
1,328,163
Uncategorized
အောင်ခြင်းရှစ်ပါး
တေန သစ္စေန သောတ္ထိ တေ ဟောတု၊ သောတ္ထိ ဂဗ္ဘဿ” ဟူသော ပရိတ်တော်ကို သင်ပေးတော်မူလေသည်။
1,328,164
Uncategorized
အောင်ခြင်းရှစ်ပါး
အဓိပ္ပာယ်ကား “ငါသည် အကြင်အခါမှစ၍ အရိယာဇာတိ ဖြစ်၏။
1,328,165
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုအရိယာဇာတိ ဖြစ်သောအခါမှစ၍ သေစေလိုသော စေတနာဖြင့် စေ့ဆော်၍ သတ္တဝါတို့၏ အသက်ကို မသတ်ခဲ့၊ ထိုသို့ မှန်သောစကားကြောင့် အသင်ချစ်နှမအား ချမ်းသာခြင်းသည် ဖြစ်ပါစေသတည်း၊ ကိုယ်ဝန်၏ ချမ်းသာခြင်းသည် ဖြစ်ပါစေသတည်း”ဟူ၍ ဖြစ်ပေသည်။
1,328,166
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုနေ့မှစ၍ အင်္ဂုလိမာလ သည် မီးမဖွားနိုင်ဘဲ ပင်ပန်းဆင်းရဲနေသော မိန်းမကို ကြုံတွေ့ပါက ထိုမိန်းမထံသွားသည်။
1,328,167
Uncategorized
အောင်ခြင်းရှစ်ပါး
အကာအရံအပြင်ဘက်မှနေ၍ ထိုပရိတ်တော်ကို ရွတ်ဆိုကာ သစ္စာပြုလိုက်သည်။
1,328,168
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုအခါ ထိုမိန်းမသည် ကောင်းစွာ မီးဖွားနိုင်လေတော့သည်။
1,328,169
Uncategorized
အောင်ခြင်းရှစ်ပါး
နောင်အခါ၌ အင်္ဂုလိမာလထေရ် သစ္စာပြုသော နေရာ၌ အင်းပျဉ်ကို ခင်းထားကုန်၏။
1,328,170
Uncategorized
အောင်ခြင်းရှစ်ပါး
မီးမဖွားနိုင်သော မိန်းမတို့ကို ထိုအင်းပျဉ်၌ အိပ်စေရုံဖြင့် ချမ်းသာစွာ မီးဖွားနိုင်၏။
1,328,171
Uncategorized
အောင်ခြင်းရှစ်ပါး
အင်းပျဉ်အထိ မလာနိုင်လောက်အောင် အားနည်းသော မိန်းမတို့ကိုမူ အင်းပျဉ်ဆေးရည်ဖြင့် ဦးခေါင်းမှ သွန်းလောင်းပေးရုံဖြင့် ကောင်းစွာ မီးဖွားနိုင်၏။
1,328,172
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုအခါမှစ၍ “အရှင်အင်္ဂုလိမာလသည် တန်ခိုးကြီးပေစွ” ဟု ဆိုကာ ဆွမ်းစသည်တို့ လှူဒါန်းပူဇော်ကြကုန်၏။
1,328,173
Uncategorized
အောင်ခြင်းရှစ်ပါး
အင်္ဂုလိမာလထေရ်သည် ဤသို့ဖြင့် ဆွမ်းအာဟာရ ပြည့်စုံလာသည်။
1,328,174
Uncategorized
အောင်ခြင်းရှစ်ပါး
ရဟန်းတရားကို ကြိုးစားအားထုတ်လာနိုင်သည်။
1,328,175
Uncategorized
အောင်ခြင်းရှစ်ပါး
မကြာမီ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားသည်။
1,328,176
Uncategorized
အောင်ခြင်းရှစ်ပါး
တစ်နေ့သောအခါ အင်္ဂုလိမာလထေရ်သည် မြို့တွင်းသို့ ဆွမ်းခံဝင်သည်။
1,328,177
Uncategorized
အောင်ခြင်းရှစ်ပါး
လူအချို့သည် တစ်စုံတစ်ခုကို ခဲဖြင့် ပစ်ကြသည်။
1,328,178
Uncategorized
အောင်ခြင်းရှစ်ပါး
မထေရ်၏ ကိုယ်ကို ခဲများ ထိမှန်သည်။
1,328,179
Uncategorized
အောင်ခြင်းရှစ်ပါး
မထေရ်၏ ဦးခေါင်းကွဲ၍ သွေးတို့ ယိုစီးလေသည်။
1,328,180
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုအချင်းအရာကို ဘုရားရှင်မြင်သော် “ချစ်သား သည်းခံလော့၊ အသင်ပြုခဲ့သော မကောင်းမှုကံ၏ အကျိုးဆက်တို့သည် အထောင်မက များပြားလှစွာသော နှစ်ပေါင်းများစွာ ငရဲ၌ ခံစားခဲ့ပေရာသည်။
1,328,181
Uncategorized
အောင်ခြင်းရှစ်ပါး
ယခုမူ သင် အရဟတ္တဖိုလ်သို့ ရောက်ခဲ့ပြီဖြစ်၍ ထိုသို့ မခံစားရတော့၊ ထိုကံ၏ အကျိုးကို ယခု မျက်မှောက် ပစ္စုပ္ပန်ဖြစ်သော ကိုယ်အတ္တဘော၌သာလျှင် ခံစားရလေသည်” ဟု မိန့်တော်မူ၏။
1,328,182
Uncategorized
အောင်ခြင်းရှစ်ပါး
အင်္ဂုလိမာလမထေရ်သည် စိတ်ကွယ်ရာသို့ ကပ်၍ တစ်ယောက်တည်း နေလျက် ကာလဝိမုတ္တိချမ်းသာကို ခံစားတော်မူ၏။
1,328,183
Uncategorized
အောင်ခြင်းရှစ်ပါး
သို့ခံစားရာမှ “အကြင်သူသည် ဘဝရှေ့ပိုင်း၌ မေ့မေ့လျော့လျော့ နေခဲ့ပြီးလျှင် နောက်ပိုင်းတွင်ကား မမေ့လျော့တော့ချေ။
1,328,184
Uncategorized
အောင်ခြင်းရှစ်ပါး
တိမ်တိုက်မှ လွတ်လာသော လဝန်းကဲ့သို့ ထိုသူသည် ဤလောကကို ထွန်းလင်းတောက်ပစေ၏” စသည်ဖြင့် ဥဒါန်းကျူးရင့်တော်မူပြီးနောက် ပရိနိဗ္ဗာန် ပြုတော်မူလေသည်။
1,328,185
Uncategorized
အောင်ခြင်းရှစ်ပါး
(၂) တထာဂတ ဥဒါနဒီပနီ (တတိယတွဲ) (ဒီပဲယင်း ဆရာတော်)
1,328,186
Uncategorized
အောင်ခြင်းရှစ်ပါး
(၃) ထေရီထေရာ ရဟန္တာပုဂ္ဂိုလ်ကြီးများ (ဝဏ္ဏသီရိ)
1,328,187
Uncategorized
အောင်ခြင်းရှစ်ပါး
(၄) မြန်မာ့စွယ်စုံကျမ်း (အတွဲ- ၁၂)
1,328,188
Uncategorized
အောင်ခြင်းရှစ်ပါး
၅။ စိဉ္စမာဏမိန်းမယုတ်ကို အောင်ခြင်း
1,328,189
Uncategorized
အောင်ခြင်းရှစ်ပါး
မြတ်စွာဘုရားသခင်သည် တာဝတိံသာ နတ်ပြည်၌ ခုနစ်ဝါမြောက် ဝါဆိုတော်မူသည်။
1,328,190
Uncategorized
အောင်ခြင်းရှစ်ပါး
ထို့နောက် သင်္ကဿနဂိုရ်ပြည်သို့ သက်ဆင်းတော်မူကာ သာဝတ္ထိပြည်သို့ ကြွတော်မူသည်။
1,328,191
Uncategorized
အောင်ခြင်းရှစ်ပါး
ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူသည်။
1,328,192
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုစဉ် စိဉ္စမာဏဝိကာ အမည်ရှိသော ပရိဗိုဇ်မ၏ ရန်ပြုခြင်းကို ခံရသည်။
1,328,193
Uncategorized
အောင်ခြင်းရှစ်ပါး
မြတ်စွာဘုရားသခင်အဖို့ ပထမဗောဓိ ခေါ်သော ဝါတော် နှစ်ဆယ်အတွင်း၌ တပည့်သာဝကများ ဒီရေအလား တစ်နေ့တခြား တိုးပွားလာသည်။
1,328,194
Uncategorized
အောင်ခြင်းရှစ်ပါး
ဘုရားရှင်အား ကြည်ညိုသူ ပရိသတ်များ အထူး များပြားလာသည်။
1,328,195
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုသူတို့၏ ပူဇော်သက္ကာရပြုမှုကို ခံယူရရှိကာ အတိုင်းမသိ လာဘ်သပ္ပကာ ပေါများလာသည်။
1,328,196
Uncategorized
အောင်ခြင်းရှစ်ပါး
နေမင်းထွက်သောအခါ ပိုးစုန်းကြူးတို့ မှေးမှိန်သွားကြသကဲ့သို့ တိတ္ထိတို့မှာ မှေးမှိန်သွားကြသည်။
1,328,197
Uncategorized
အောင်ခြင်းရှစ်ပါး
တန်ခိုးအရှိန်အဝါ လျော့နည်းသွားကြသည်။
1,328,198
Uncategorized
အောင်ခြင်းရှစ်ပါး
လာဘ်ပူဇော်သက္ကာရများ တစ်နေ့တစ်ခြား ခေါင်းပါးလာသည်။
1,328,199
Uncategorized
အောင်ခြင်းရှစ်ပါး
ဤတွင် တိတ္ထိတို့သည် ဝန်တိုစိတ် ဖြစ်လာကြကာ ဘုရားရှင် ဂုဏ်သတင်း ပျက်ရန် အားထုတ်ကြသည်။
1,328,200
Uncategorized
အောင်ခြင်းရှစ်ပါး
သူတို့သည် သာဝတ္ထိပြည်ရှိ စိဉ္စမာဏ အမည်ရှိသော ပရိဗိုဇ်မကို စည်းရုံးကြသည်။