id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,328,201 | Uncategorized | အောင်ခြင်းရှစ်ပါး | စိဉ္စမာဏ သည် အလွန် ချောမောလှပသည်။ |
1,328,202 | Uncategorized | အောင်ခြင်းရှစ်ပါး | အရွယ်လည်း နုပျိုသည်။ |
1,328,203 | Uncategorized | အောင်ခြင်းရှစ်ပါး | ရုပ်အဆင်းလည်း အလွန်တင့်တယ်သည်။ |
1,328,204 | Uncategorized | အောင်ခြင်းရှစ်ပါး | ကျက်သရေ မင်္ဂလာနှင့်လည်း ပြည့်စုံသည်။ |
1,328,205 | Uncategorized | အောင်ခြင်းရှစ်ပါး | တိတ္ထိတို့သည် စိဉ္စမာဏ ကိုခေါ်၍ “နှမ စိဉ္စမာန်... ငါတို့ကို ရဟန်းဂေါတမက နှိပ်စက်ညှဉ်းပန်းကာ လာဘ်လာဘ ခေါင်းပါးအောင် ပြုလုပ်နေသည်ကို သင် မသိလော” ဟု အပြစ်တင် ပြောကြား၏။ |
1,328,206 | Uncategorized | အောင်ခြင်းရှစ်ပါး | စိဉ္စမာဏ လည်း “အရှင်ကောင်းတို့... ထိုအကြောင်းကို တပည့်တော်မ မသိရပါ။ |
1,328,207 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤကိစ္စ၌ တပည့်တော်မသည် အဘယ်သို့သော အမှုကို ပြုလုပ်ပေးရမည်နည်း” ဟု မေးမြန်း၏။ |
1,328,208 | Uncategorized | အောင်ခြင်းရှစ်ပါး | တိတ္ထိတို့က “နှမ စိဉ္စမာဏ... သင်သည် ငါတို့၏ ချမ်းသာရေးကို အလိုရှိပါလျှင် ရဟန်းဂေါတမ၏ မကောင်းသတင်း ဖြစ်ပေါ်အောင် ပြုပါလော့၊ ရဟန်းဂေါတမ၏ လာဘ်ပူဇော်သက္ကာရကို ပျက်ပြားစေပါလော့” ဟု ပြောဆိုကာ တာဝန်ပေးကြသည်။ |
1,328,209 | Uncategorized | အောင်ခြင်းရှစ်ပါး | စိဉ္စမာဏ ကလည်း “ကောင်းပါပြီ အရှင်ကောင်းတို့၊ ရဟန်းဂေါတမ၏ မကောင်းသတင်း ဖြစ်ပေါ်စေရန် တပည့်တော်မ တာဝန်ယူပါသည်” ဟု ရဲရဲတောက် တာဝန်ယူစကား ပြောကြားသည်။ |
1,328,210 | Uncategorized | အောင်ခြင်းရှစ်ပါး | ထို့နောက် စိဉ္စမာဏ သည် တိတ္ထိတို့ထံမှ ထွက်ခွာခဲ့သည်။ |
1,328,211 | Uncategorized | အောင်ခြင်းရှစ်ပါး | မိန်းမမာယာတို့၌ လိမ္မာပါးနပ်သူ ဖြစ်ရကား သာဝတ္ထိပြည်သူ လူအပေါင်းတို့ ယုံမှားသံသယ ဖြစ်စေရန် စတင် ဆောင်ရွက်သည်။ |
1,328,212 | Uncategorized | အောင်ခြင်းရှစ်ပါး | သူသည် ပိုးပရံအသွေး နီတွေးသော အဆင်းရှိသော အဝတ်ကို ဝတ်ရုံသည်။ |
1,328,213 | Uncategorized | အောင်ခြင်းရှစ်ပါး | နံ့သာ၊ ပန်း စသည်တို့ကို လက်စွဲလျက် တရားနာ ပရိသတ်များ ဇေတဝန်ကျောင်းတိုက်မှ ထွက်လာကြသော အချိန်တွင် ကျောင်းတိုက်သို့ ရှေးရှုသွားသည်။ |
1,328,214 | Uncategorized | အောင်ခြင်းရှစ်ပါး | လမ်း၌တွေ့သူ လူအများက “အို... စိဉ္စမာန်၊ ယခုအချိန်၌ သင် ဘယ်အရပ်သို့ သွားမည်နည်း” ဟု မေးကြသည်။ |
1,328,215 | Uncategorized | အောင်ခြင်းရှစ်ပါး | စိဉ္စမာဏ က “ကျွန်ုပ် သွားမည့်အရပ်ကို သိသဖြင့် သင်တို့အတွက် အဘယ်အကျိုးရှိမည်နည်း”ဟု ထင်မှားဖွယ်ရာ စကားကို ပြောကြားသည်။ |
1,328,216 | Uncategorized | အောင်ခြင်းရှစ်ပါး | ထို့နောက် ဇေတဝန်ကျောင်းတိုက်အနီး တိတ္ထိတို့ကျောင်း၌ ညအိပ်နေထိုင်သည်။ |
1,328,217 | Uncategorized | အောင်ခြင်းရှစ်ပါး | သာဝတ္ထိမြို့မှ ဒါယကာ၊ ဒါယိကာမတို့သည် ဘုရားရှင်ထံ အလျင်လက်ဦး ဖူးမြော်ရန် နံနက်စောစော သွားကြသည်။ |
1,328,218 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုအချိန်၌ စိဉ္စမာဏ သည် တိတ္ထိကျောင်းမှ ထွက်လာခဲ့သည်။ |
1,328,219 | Uncategorized | အောင်ခြင်းရှစ်ပါး | ဇေတဝန်ကျောင်းတိုက်ဝယ် ညဉ့်အိပ်နေခဲ့သည့်ပုံ ဟန်ဆောင်၍ သာဝတ္ထိမြို့တွင်းသို့ ဝင်သည်။ |
1,328,220 | Uncategorized | အောင်ခြင်းရှစ်ပါး | လမ်း၌ တွေ့သူ လူအပေါင်းတို့က “အို... စိဉ္စမာန်၊ အဘယ်အရပ်၌ သင် ညဉ့်အိပ်နေခဲ့သနည်း” ဟု မေးကြသည်။ |
1,328,221 | Uncategorized | အောင်ခြင်းရှစ်ပါး | “ကျွန်ုပ် အိပ်ခဲ့သည့်နေရာကို သင်တို့သိသဖြင့် အဘယ်အကျိုး ရှိမည်နည်း၊ မသိချင်ကြပါနှင့်” ဟူ၍ စိဉ္စမာဏ က အထင်မှားဖွယ် စကားကို ပြောကြားလေသည်။ |
1,328,222 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤနည်းနှင်နှင် နေ့စဉ် သွားလာ ပြောဆိုသည်။ |
1,328,223 | Uncategorized | အောင်ခြင်းရှစ်ပါး | တစ်လခန့်ကြာသောအခါ လမ်း၌တွေ့သူ လူအများက ရှေးနည်းအတူ မေးမြန်းကြသော် စိဉ္စမာဏ က “အကျွန်ုပ်သည် ဇေတဝန်ကျောင်းတိုက်အတွင်းဝယ် ဂန္ဓကုဋီကျောင်း တစ်ခုတည်း၌ ရဟန်းဂေါတမနှင့်အတူ ညဉ့်အိပ်နေခဲ့ရပါသည်” ဟု စွပ်စွဲစကား စတင် ပြောကြားလေ၏။ |
1,328,224 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤသို့ဖြင့် သုံးလ၊ လေးလ လွန်သောအခါ စိဉ္စမာဏ သည် ပုဆိုးကြမ်းတို့ဖြင့် ဝမ်းကို ရစ်ပတ်သည်။ |
1,328,225 | Uncategorized | အောင်ခြင်းရှစ်ပါး | မိမိကိုယ်ကို ကိုယ်ဝန်ဆောင်သော မိန်းမအသွင် ပြုသည်။ |
1,328,226 | Uncategorized | အောင်ခြင်းရှစ်ပါး | ထို့နောက် နီမြန်းသော အဝတ်ကို ဝတ်ရုံကာ “ရဟန်းဂေါတမကို အစွဲပြု၍ ကျွန်ုပ်သည် ကိုယ်ဝန်ရှိနေပါပြီ” ဟု စွပ်စွဲပြောကြားသည်။ |
1,328,227 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုအခါ အချို့သူတို့ ယုံမှားသံသယ ဖြစ်စပြုလာ၏။ |
1,328,228 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤနည်းဖြင့် ရှစ်လ၊ ကိုးလ လွန်သောအခါ စိဉ္စမာဏ သည် တစ်မျိုးဟန်ဆောင် ပြန်သည်။ |
1,328,229 | Uncategorized | အောင်ခြင်းရှစ်ပါး | သူသည် တကယ့် ကိုယ်ဝန်အရင့်အမာ ရှိနေဟန် ပြုသည်။ |
1,328,230 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘဲဥတစ်ခြမ်းပုံ သစ်သားဖုကို ဝမ်းဗိုက်၌ ကပ်၍ ကြိုးများဖြင့် ချည်နှောင်သည်။ |
1,328,231 | Uncategorized | အောင်ခြင်းရှစ်ပါး | အဝတ်ဖြင့် ပတ်သည်။ |
1,328,232 | Uncategorized | အောင်ခြင်းရှစ်ပါး | ထို၏အထက်၌ နီမြန်းသော အဝတ်ကို ဝတ်ရုံသည်။ |
1,328,233 | Uncategorized | အောင်ခြင်းရှစ်ပါး | ထို့နောက် လက်ဖမိုး၊ ခြေဖမိုးတို့ကို နွားမေးရိုးဖြင့် ထုနှက်သည်။ |
1,328,234 | Uncategorized | အောင်ခြင်းရှစ်ပါး | မွေးဖွားခါနီး၍ ခြေလက်များ အမ်းနေသည့်ဟန် ပြုသည်။ |
1,328,235 | Uncategorized | အောင်ခြင်းရှစ်ပါး | ပင်ပန်းနွမ်းနယ်နေဟန် ဆောင်သည်။ |
1,328,236 | Uncategorized | အောင်ခြင်းရှစ်ပါး | စိဉ္စမာဏ သည် ညနေချမ်း အချိန်ဝယ် မြတ်စွာဘုရားသခင် ဗုဒ္ဓါသန ဓမ္မပလ္လင်၌ ထိုင်နေတော်မူ၍ ပရိသတ်အား တရားဟောနေတော်မူစဉ် သွားရောက်သည်။ |
1,328,237 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘုရားရှင်၏ ရှေ့တည့်တည့်မှ ရပ်၍ “ရဟန်းကြီး... သင်သည် လူအပေါင်းတို့အား တရားဟော၍သာနေသည်၊ ကျွန်တော်မမှာမူ သင်ရဟန်းကြီးကိုစွဲ၍ ကိုယ်ဝန်ရှိနေပြီ၊ ကိုယ်ဝန်မှာလည်း ယခု ရင့်မာနေပြီ၊ သင်ရဟန်းကြီးကား ကျွန်တော်မအတွက် သားဖွားရန် အိမ်ကိုလည်း မစဉ်းစား၊ ထောပတ်ဆီ စသည်များကိုလည်း မရှာဖွေ၊ နေနိုင်အားတော့သည်၊ ထိုကိစ္စများကို ကိုယ်တိုင်မပြ... |
1,328,238 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုအခါ ဘုရားရှင်သည် ဟောနေသော တရားစကားကို ခေတ္တ ရပ်နားလိုက်သည်။ |
1,328,239 | Uncategorized | အောင်ခြင်းရှစ်ပါး | ခြင်္သေ့မင်းကဲ့သို့ ရဲရင့်သော အသံဖြင့် “နှမ စိဉ္စမာန်... သင် ယခုပြောသောစကား မှန်၊ မမှန်ကို သင်နှင့် ငါသာ သိကြကုန်၏” ဟူ၍ မိန့်တော်မူသည်။ |
1,328,240 | Uncategorized | အောင်ခြင်းရှစ်ပါး | စိဉ္စမာဏ ကား အလျှော့မပေး။ |
1,328,241 | Uncategorized | အောင်ခြင်းရှစ်ပါး | “ဟုတ်ပေသည် ရဟန်းကြီး၊ သင်နှင့် ငါတို့နှစ်ဦးသာ သိကြသောကြောင့် ယခုလို ကိုယ်ဝန်အရင့်အမာ ဖြစ်ရပေသည်” ဟူ၍ တစ်ဖန် ထပ်၍ စွပ်စွဲပြန်သည်။ |
1,328,242 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုအခါ၌ ထိုဖြစ်ရပ်ကို သိကြားမင်း သိရှိသွားသည်။ |
1,328,243 | Uncategorized | အောင်ခြင်းရှစ်ပါး | “စိဉ္စမာဏမိန်းမယုတ်သည် ဘုရားရှင်ကို မဟုတ်မမှန် လုပ်ကြံစွပ်စွဲနေပြီ၊ ပရိသတ်အလယ်၌ အဖြစ်မှန်ကို သိအောင် ငါ ရှင်းရတော့မည် ဟု ကြံစည်သည်။ |
1,328,244 | Uncategorized | အောင်ခြင်းရှစ်ပါး | ချက်ချင်းပင် နတ်သားလေးယောက်တို့နှင့်အတူ ဇေတဝန်ကျောင်းတော်ရှိ ဘုရားရှင် တရားဟောရာ ဌာနသို့ လာရောက်ကြလေသည်။ |
1,328,245 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုနေရာသို့ ရောက်သည်နှင့်တစ်ပြိုင်နက် နတ်သားလေးယောက်တို့သည် ကြွက်ငယ်အယောင် ဆောင်ကြသည်။ |
1,328,246 | Uncategorized | အောင်ခြင်းရှစ်ပါး | စိဉ္စမာဏ ဝှက်ချည်ထားသော သစ်သားဖု၏ ကြိုးများကို တစ်ပြိုင်နက် ကိုက်ဖြတ်ကြလေသည်။ |
1,328,247 | Uncategorized | အောင်ခြင်းရှစ်ပါး | လေကလည်း စိဉ္စမာဏ ဝတ်ရုံထားသော အဝတ်ကို အထက်သို့ တိုက်လွှင့်လေသည်။ |
1,328,248 | Uncategorized | အောင်ခြင်းရှစ်ပါး | တစ်ခဏအတွင်းမှာပင် သစ်သားဖုကို ဝှက်ချည်ထားသော ကြိုးများ ပြတ်ကုန်ကြသည်။ |
1,328,249 | Uncategorized | အောင်ခြင်းရှစ်ပါး | သစ်သားဖု လည်း အောက်သို့ ကျသွားသည်။ |
1,328,250 | Uncategorized | အောင်ခြင်းရှစ်ပါး | စိဉ္စမာဏ ခြေဖမိုးထက်၌ ကျလေရာ ခြေများ နှစ်ဖက်တို့ သွင်သွင် ကျိုးလေ၏။ |
1,328,251 | Uncategorized | အောင်ခြင်းရှစ်ပါး | တရားနာပရိသတ်တို့လည်း အဖြစ်မှန်ကို သိရှိသွားကြသည်။ |
1,328,252 | Uncategorized | အောင်ခြင်းရှစ်ပါး | စိဉ္စမာဏ အား ဆဲဆိုလျက် ခဲ၊ တုတ်၊ လှံကန် တို့ဖြင့် ပစ်ခတ်ရိုက်နှက်ကြကာ ကျောင်းတော်မှ နှင်ထုတ်လိုက်လေသည်။ |
1,328,253 | Uncategorized | အောင်ခြင်းရှစ်ပါး | စိဉ္စမာဏ သည် ဘုရားရှင် မျက်ကွယ်ရာသို့ ရောက်သော ခဏ၌ မြေမျိုခံရသည်။ |
1,328,254 | Uncategorized | အောင်ခြင်းရှစ်ပါး | အဝီစိမှ မီးလျှံများသည် စိဉ္စမာဏ အား ရစ်ပတ်၍ အဝီစိငရဲသို့ ခေါ်ဆောင်သွားလေသည်။ |
1,328,255 | Uncategorized | အောင်ခြင်းရှစ်ပါး | ကျမ်းကိုး (၁) ဇိနတ္ထပကာသနီကျမ်း (ကျီးသဲလေးထပ် ဆရာတော် ဘုရားကြီး) |
1,328,256 | Uncategorized | အောင်ခြင်းရှစ်ပါး | (၂) မဟာဗုဒ္ဓဝင် (တိပိဋကဓရ ဆရာတော်ဘုရားကြီး ဦးဝိစိတ္တသာရာဘိဝံသ) |
1,328,257 | Uncategorized | အောင်ခြင်းရှစ်ပါး | (၃) မြန်မာ့စွယ်စုံကျမ်း (အတွဲ- ၁၅) |
1,328,258 | Uncategorized | အောင်ခြင်းရှစ်ပါး | ၆။ သစ္စကပရိဗိုဇ်ကို အောင်ခြင်း |
1,328,259 | Uncategorized | အောင်ခြင်းရှစ်ပါး | မြတ်စွာဘုရားသည် ငါးဝါမြောက်တွင် ဝေသာလီပြည်၌ သီတင်းသုံးတော်မူသည်။ |
1,328,260 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုစဉ် အတ္တအယူဝါဒ ရှိသော သစ္စကပရိဗိုဇ် ကို အောင်မြင်တော်မူခဲ့သည်။ |
1,328,261 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘုရားပွင့်တော်မမူမီက ဝေသာလီပြည်၌ ကြွယ်ဝသော အမျိုးသားတစ်ယောက် ရှိသည်။ |
1,328,262 | Uncategorized | အောင်ခြင်းရှစ်ပါး | သူသည် တစ်ပြည်ရပ်ခြားသို့ သွား၍ နိဂဏ္ဌ အယူရှိသော သူတို့ထံတွင် ပညာသင်ကြားသဖြင့် ဝါဒအမျိုးပေါင်း ၅၀ဝ ကို တတ်မြောက်သွားသည်။ |
1,328,263 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုသူသည် ထင်ရှားသော မြို့ပေါင်းများစွာသို့ လှည့်လည်၍ မိမိ သင်ကြားတတ်မြောက်သော ဝါဒတို့ကို ချေပနိုင်သူတို့အား ရှာဖွေခဲ့သည်။ |
1,328,264 | Uncategorized | အောင်ခြင်းရှစ်ပါး | မည်သူမျှ သူ တတ်မြောက်သော ဝါဒတို့ကို ချေပခြင်း မပြုနိုင်ခဲ့ပေ။ |
1,328,265 | Uncategorized | အောင်ခြင်းရှစ်ပါး | သို့ဖြင့် သူသည် မိမိနေရင်းအရပ်ဖြစ်သော ဝေသာလီပြည်သို့ ပြန်လာသည်။ |
1,328,266 | Uncategorized | အောင်ခြင်းရှစ်ပါး | မိမိ တတ်မြောက်ခဲ့သော ဝါဒတို့အား လိစ္ဆဝီမင်းသားတို့ကို သင်ကြားပြသကာ မင်းဆရာပြု၍ နေ၏။ |
1,328,267 | Uncategorized | အောင်ခြင်းရှစ်ပါး | မကြာမီပင် နိဂဏ္ဌ အယူရှိသော ပရိဗိုဇ်မ တစ်ဦးသည်လည်း ဝေသာလီပြည်သို့ ရောက်ရှိလာသည်။ |
1,328,268 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုပရိဗိုဇ်မ သည်လည်း ဤနည်းတူ အယူဝါဒ ၅၀ဝ ကို တတ်မြောက်သည်။ |
1,328,269 | Uncategorized | အောင်ခြင်းရှစ်ပါး | အရပ်ရပ်သို့ လှည့်လည်ပြီး သူ တတ်မြောက်သော ဝါဒတို့ကို ချေပနိုင်စွမ်းရှိသူကို ရှာသည်။ |
1,328,270 | Uncategorized | အောင်ခြင်းရှစ်ပါး | မတွေ့သဖြင့် ဝေသာလီပြည်သို့ ရောက်လာခြင်း ဖြစ်သည်။ |
1,328,271 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤတွင် လိစ္ဆဝီမင်းသားတို့က သူတို့၏ နိဂဏ္ဌဆရာနှင့် ထိုပရိဗိုဇ်မ တို့ကို ဝါဒပြိုင်စေသည်။ |
1,328,272 | Uncategorized | အောင်ခြင်းရှစ်ပါး | သူတို့နှစ်ဦး ဝါဒပြိုင်ရာ တစ်ဦး၏ ပြဿနာကို တစ်ဦး မဖြေနိုင်။ |
1,328,273 | Uncategorized | အောင်ခြင်းရှစ်ပါး | ပညာတူ ဖြစ်နေကြသည်။ |
1,328,274 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုအခါ လိစ္ဆဝီမင်းသားတို့က “ဆရာနှစ်ပါးလုံးပင် ပညာရှိချည်း ဖြစ်ကြပေသည်။ |
1,328,275 | Uncategorized | အောင်ခြင်းရှစ်ပါး | နှစ်ဦးပေါင်းဆုံနေပါက ငါတို့ ဝေသာလီပြည်သို့ မည်သည့်ပညာရှိမျှ ချဉ်းကပ်ယှဉ်ပြိုင်ဝံ့မည် မဟုတ်။ |
1,328,276 | Uncategorized | အောင်ခြင်းရှစ်ပါး | ထို့ကြောင့် အသင်ပညာရှိနှစ်ပါးတို့ ပေါင်းသင်း နေထိုင်ကြပါလော့” ဟု တောင်းပန်တိုက်တွန်း၏။ |
1,328,277 | Uncategorized | အောင်ခြင်းရှစ်ပါး | သို့ဖြင့် နိဂဏ္ဌ ယောကျာ်းနှင့် နိဂဏ္ဌ မိန်းမတို့ နှစ်ဦးသည် ထိမ်းမြားလက်ထပ်ကြ၏။ |
1,328,278 | Uncategorized | အောင်ခြင်းရှစ်ပါး | လိစ္ဆဝီမင်းသားတို့ကလည်း မြှောက်စားထားကြ၏။ |
1,328,279 | Uncategorized | အောင်ခြင်းရှစ်ပါး | အတန်ကြာသော် သူတို့နှစ်ဦးတွင် သားသမီးငါးယောက် ထွန်းကားလာကြသည်။ |
1,328,280 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုငါးယောက်တို့တွင် သမီးလေးယောက်မှာ အကြီးများ ဖြစ်ကြသည်။ |
1,328,281 | Uncategorized | အောင်ခြင်းရှစ်ပါး | သားတစ်ယောက်ကား အငယ်ဆုံး ဖြစ်သည်။ |
1,328,282 | Uncategorized | အောင်ခြင်းရှစ်ပါး | သမီးလေးယောက်၏ အမည်မှာ သဇ္ဈာ၊ လောကာ၊ ဂေါစရာ၊ အာစာရတ ဟု အမည်တွင်၏။ |
1,328,283 | Uncategorized | အောင်ခြင်းရှစ်ပါး | အားလုံးပင် အမိသင်ကြားပေးသော ဝါဒ ၅၀ဝ ကို တတ်မြောက်ကြ၏။ |
1,328,284 | Uncategorized | အောင်ခြင်းရှစ်ပါး | သားထွေးကား သစ္စက ဟု အမည်တွင်၏။ |
1,328,285 | Uncategorized | အောင်ခြင်းရှစ်ပါး | သမီးများ အရွယ်ရောက်ကြသောအခါ မိဘနှစ်ပါးက “ချစ်သမီးတို့... ငါတို့အမျိုး၌ သမီးမိန်းကလေးတို့အား မိဘတို့က ရွှေငွေဥစ္စာ အသုံးအဆောင်ပေး၍ လင်၏အိမ်သို့ ပို့ရသည်ဟူ၍ မရှိ၊ မိမိတို့ တတ်မြောက်ထားသော ဝါဒကို နှလုံးပိုက်၍ နီးဝေးဝန်းကျင်သို့ လှည့်လည်သွားရသည်။ |
1,328,286 | Uncategorized | အောင်ခြင်းရှစ်ပါး | အကြင်သူသည် ဤအယူဝါဒကို ပြောပြနှိမ်နင်းနိုင်သူ ဖြစ်အံ့၊ ထိုသူအား မိမိကိုယ်ကို အပ်နှင်း၍ ခြေရင်း အလုပ်အကျွေးပြု နေရသည်။ |
1,328,287 | Uncategorized | အောင်ခြင်းရှစ်ပါး | အကယ်၍ ထိုသူသည် ရဟန်းဖြစ်၍ သင်တို့၏ ဝါဒကို နှိမ်နင်းဖြေဆိုနိုင်သူ ဖြစ်အံ့၊ ထိုရဟန်း၏အထံ၌ နည်းခံ၍ ရဟန်းမပြုရ၏။ |
1,328,288 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤကား ငါတို့အနွယ်၏ အကျင့်တည်း” ဟု ပြောပြ၏။ |
1,328,289 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤတွင် သမီးလေးယောက်တို့က “မိမိတို့ မိဘအနွယ်၏ ထုံးနည်းအတိုင်းသာ ကျင့်ပါအံ့” ဟူ၍ ဝန်ခံပြောဆို၏။ |
1,328,290 | Uncategorized | အောင်ခြင်းရှစ်ပါး | ထို့နောက် ပရိဗိုဇ်တို့၏ သဏ္ဌာန် ဝတ်ဆင်ပြီးသော် မြို့ရွာအသီးသီးသို့ လှည့်လည်သွားလာကြသည်။ |
1,328,291 | Uncategorized | အောင်ခြင်းရှစ်ပါး | မိမိတို့၏ အယူဝါဒကို ယှဉ်ပြိုင်နိုင်သူကို ရှာကြသည်။ |
1,328,292 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုအခါ မည်သည့်ယောကျာ်းမျှ သူတို့ကို မယှဉ်ပြိုင်နိုင်။ |
1,328,293 | Uncategorized | အောင်ခြင်းရှစ်ပါး | သူတို့သည် နောက်ဆုံး၌ သာဝတ္ထိပြည်သို့ ရောက်ကာ အရှင်သာရိပုတ္တရာမထေရ်မြတ်နှင့် တွေ့ဆုံကြသည်။ |
1,328,294 | Uncategorized | အောင်ခြင်းရှစ်ပါး | ဝါဒပြိုင်ကာ ရှုံးနိမ့်ကြသဖြင့် ဘိက္ခုနီမ အဖြစ်သို့ ကူးပြောင်း သွားကြလေသည်။ |
1,328,295 | Uncategorized | အောင်ခြင်းရှစ်ပါး | ထိုသူတို့၏ မောင်အငယ်ဖြစ်သော သစ္စကမူကား အစ်မတို့ထက် ပို၍ ဝါဒတတ်ကျွမ်းသည်။ |
1,328,296 | Uncategorized | အောင်ခြင်းရှစ်ပါး | အဖတတ်ကျွမ်းသော ဝါဒ ၅၀ဝ နှင့် အမိတတ်ကျွမ်းသော ဝါဒ ၅၀ဝ တို့ကို ကောင်းစွာ သင်ယူ၍ ဝါဒ ၁၀ဝ၀ ကို တတ်ကျွမ်းသည်။ |
1,328,297 | Uncategorized | အောင်ခြင်းရှစ်ပါး | ထို့ပြင် လောကီဆိုင်ရာ ဝတ္ထု၊ ပုံပြင်၊ ဗေဒင်၊ ဓမ္မသတ် တို့ကိုလည်း တတ်ကျွမ်းသည်။ |
1,328,298 | Uncategorized | အောင်ခြင်းရှစ်ပါး | အရပ်ထက်ဝန်းကျင်၌ ပညာရှိကြီးဟု ထင်ရှားသည်။ |
1,328,299 | Uncategorized | အောင်ခြင်းရှစ်ပါး | လိစ္ဆဝီမင်းသားတို့၏ ဆည်းကပ်ကိုးကွယ်ရာ ဖြစ်သည်။ |
1,328,300 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤဝေသာလီပြည်၌ပင် နေထိုင်သည်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.