id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,329,301 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ မိုးဥတု၏ နောက်ဆုံးဖြစ်သောတန်ဆောင်မုန်းလ သရဒဥတု၌ ကောင်းကင်ဟင်းလင်း ဖြစ်၍မိုးတိမ်ကင်းလတ်သော် နေမင်းသည် ကောင်းကင်သို့ တက်လျက် ကောင်းကင်ရှိ အမိုက်တိုက်အားလုံးကို ပယ်ဖျောက်၍ တောက်ပြောင်လည်း တောက်ပြောင် ထွန်းပလည်း ထွန်းပ တင့်တယ်လည်း တင့်တယ်သကဲ့သို့ ဤအတူ ခန္ဓာဟူသော ဥပဓိအကျိုးရှိကုန်သော ကုသိုလ်ကောင်းမှု ပုညကိရိယဝတ္ထု... |
1,329,302 | Uncategorized | ဣတိဝုတ်ပါဠိတော် | မေတ္တာနှင့်ယှဉ်သော စိတ်၏လွတ်မြောက်မှု (အပ္ပနာဈာန်)သည်သာလျှင် ထိုပုညကိရိယဝတ္ထု ကုသိုလ်ကောင်းမှုတို့ကို လွှမ်းမိုး၍ တောက်ပြောင်လည်းတောက်ပြောင်၏။ |
1,329,303 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ညဉ့်၏မိုးသောက်ခါနီး၌ သော ကြာကြယ်သည် တောက်ပြောင်လည်း တောက်ပြောင်ထွန်းပလည်း ထွန်းပ တင့်တယ်လည်း တင့်တယ်သကဲ့သို့ ဤအတူသာလျှင် ခန္ဓာဟူသော ဥပဓိအကျိုး ရှိသော ပုညကိရိယဝတ္ထု ကုသိုလ်ကောင်းမှုဟူသမျှအားလုံးတို့သည် မေတ္တာနှင့်ယှဉ်သော စိတ်၏ လွတ်မြောက်မှု (အပ္ပနာဈာန်) ၏ တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်ကိုမျှ မထိုက်တန်ကုန်။ |
1,329,304 | Uncategorized | ဣတိဝုတ်ပါဠိတော် | မေတ္တာနှင့် ယှဉ်သော စိတ်၏ လွတ်မြောက်မှု (အပ္ပနာဈာန်)သည်သာလျှင် ထိုပုညကိရိယဝတ္ထု ကုသိုလ်ကောင်းမှုတို့ကို လွှမ်းမိုး၍ တောက်ပြောင်လည်း တောက်ပြောင်၏။ |
1,329,305 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထိုသုတ်၌ ဤအနက်သဘောကို- |
1,329,306 | Uncategorized | ဣတိဝုတ်ပါဠိတော် | “အကြင်သူသည် အမြဲသတိပြုလျက် အတိုင်းအရှည် ပမာဏမရှိသော မေတ္တာ ဈာန်ကို ပွါးများ၏။ |
1,329,307 | Uncategorized | ဣတိဝုတ်ပါဠိတော် | ခန္ဓာဟူသော ဥပဓိကုန်ရာ နိဗ္ဗာန်ကို မြင်သော ထိုသူအား သံယောဇဉ်တို့သည် ခေါင်းပါးကုန်၏။ |
1,329,308 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- (ဗျာပါဒကြောင့် ) ပျက်စီးသော စိတ်မရှိသူသည် တစ်ဦးတစ်ယောက်သော သတ္တဝါကိုသော်လည်းအကယ်၍ မေတ္တာပွါးများခဲ့မူ ထိုမေတ္တာပွါးများခြင်းကြောင့် လွန်ကဲသော ကောင်းမှုကုသိုလ်ရှိသူ ဖြစ်၏။ |
1,329,309 | Uncategorized | ဣတိဝုတ်ပါဠိတော် | သတ္တဝါအားလုံးတို့ကို စိတ်ဖြင့် စောင့်ရှောက်သော စင်ကြယ်သော စိတ်ရှိသူသည် များစွာကောင်းမှုအစုကို ပြီးစေ၏။ |
1,329,310 | Uncategorized | ဣတိဝုတ်ပါဠိတော် | အကြင်ရာဇိသယမည်ကုန်သောတရားစောင့်မင်းတို့သည် သတ္တဝါတို့ဖြင့် ပြည့် ကြပ်နေသော မြေပြင်အလုံးကို အောင်နိုင်၍ အခွန်ဆယ်ခိုင့်တစ်ခိုင် ယူခြင်း ‘သဿမေဓ’၊ စစ်သူကြီးတို့အားခြောက်လတစ်ကြိမ် ရိက္ခာပေးခြင်း ‘ပုရိသမေဓ’၊ သူဆင်းရဲတို့အား လက်မှတ် ရေးထိုးစေ၍အသပြာတစ်ထောင် နှစ်ထောင် အတိုး အပွါးမရှိ ထုတ်ချေးခြင်း ‘သမ္မာပါသ’၊ ချစ်သား ဦးရီးစသည့်... |
1,329,311 | Uncategorized | ဣတိဝုတ်ပါဠိတော် | အလုံးစုံသော ကြယ်တာရာအပေါင်းတို့သည် လရောင်၏ တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်မျှမထိုက်တန်သကဲ့သို့ ထိုမင်းတို့၏ သဿမေဓစသော သင်္ဂဟ တရား လေးပါးတို့သည် ကောင်းစွာပွါးများအပ်သော မေတ္တာနှင့်ယှဉ်သော စိတ်၏ တစ်ဆယ့်ခြောက်စိတ် စိတ်၍တစ်စိတ်ကိုမျှလည်း မထိုက်တန်ကုန်။ |
1,329,312 | Uncategorized | ဣတိဝုတ်ပါဠိတော် | သတ္တဝါအားလုံးတို့၌ မေတ္တာနှင့်ယှဉ်သော စိတ်အဖို့အစုရှိသော အကြင်သူသည် (တစ်စုံတစ်ယောက်ကို) ကိုယ်တိုင်လည်း မညှဉ်းဆဲ၊ မသတ်ပုတ်၊ အနိုင်အထက်ပြု၍လည်း အနိုင်မယူ၊ သူတစ်ပါးကိုလည်း မဆုံးရှုံးစေ၊ ထိုသူအား တစ်စုံတစ်ရာသော အကြောင်းကြောင့် ဘေးရန်မဖြစ်နိုင်”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,313 | Uncategorized | ဣတိဝုတ်ပါဠိတော် | တတိယဝဂ် ပြီး၏။ |
1,329,314 | Uncategorized | ဣတိဝုတ်ပါဠိတော် | ဧကကနိပါတ် မြန်မာပြန် ပြီး၏။ |
1,329,315 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၂-ဒုကနိပါတ် |
1,329,316 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၁-ပဌမဝဂ် ၁-ဒုက္ခဝိဟာရသုတ် |
1,329,317 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၂၈။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ |
1,329,318 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ တရားနှစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင် ပင်ပန်းခြင်း ပြင်းစွာပင်ပန်းခြင်း ပူလောင်ခြင်းရှိသည်ဖြစ်၍ ဆင်းရဲစွာ နေရ၏။ |
1,329,319 | Uncategorized | ဣတိဝုတ်ပါဠိတော် | ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ မကောင်းသော လားရာ ဒုဂ္ဂတိဘဝသို့သာ မချွတ်ရောက်လိမ့်မည်ဟု မျှော်လင့်အပ်၏။ |
1,329,320 | Uncategorized | ဣတိဝုတ်ပါဠိတော် | အဘယ်နှစ်ပါးတို့နှင့်နည်း¿ ဣန္ဒြေတို့၌ ပိတ်ဆို့မထားသောတံခါးရှိသည်၏ အဖြစ်နှင့်လည်းကောင်း စားဖွယ်ဘောဇဉ်၌ အတိုင်းအရှည်မသိသည်၏ အဖြစ်နှင့်လည်းကောင်းတည်း။ |
1,329,321 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ဤတရားနှစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင် ပင်ပန်းခြင်း ပြင်းစွာပင်ပန်းခြင်း ပူလောင်ခြင်းရှိသည်ဖြစ်၍ ဆင်းရဲစွာ နေရ၏။ |
1,329,322 | Uncategorized | ဣတိဝုတ်ပါဠိတော် | “အကြင် ရဟန်းသည် မျက်စိ နား နှာ လျှာကိုယ် စိတ်ဟူကုန်သော ဤဒွါရတို့ကို ပိတ်ဆို့မထား၊ စားဖွယ်ဘောဇဉ်၌ အတိုင်းအရှည်ကို မသိ၊ ဣန္ဒြေတို့၌ မစောင့်ရှောက်၊ ထိုရဟန်းသည် ကိုယ်ဆင်းရဲစိတ်ဆင်းရဲဟူသော ဆင်းရဲကိုရ၏။ |
1,329,323 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထိုသို့ သဘောရှိသော ရဟန်းသည် နေ့၌လည်းကောင်း၊ ညဉ့်၌လည်းကောင်းပူလောင်သော ကိုယ် ပူလောင်သော စိတ်ဖြင့် ဆင်းရဲစွာ နေရ၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,324 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၂-သုခဝိဟာရသုတ် |
1,329,325 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၂၉။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ |
1,329,326 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ တရားနှစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင် ပင်ပန်းခြင်း ပြင်းစွာပင်ပန်းခြင်း ပူလောင်ခြင်းမရှိမူ၍ ချမ်းသာစွာ နေရ၏။ |
1,329,327 | Uncategorized | ဣတိဝုတ်ပါဠိတော် | ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ကောင်းသော လားရာ သုဂတိဘဝသို့ မချွတ်ရောက်လိမ့်မည်ဟု မျှော်လင့်အပ်၏။ |
1,329,328 | Uncategorized | ဣတိဝုတ်ပါဠိတော် | အဘယ်တရားနှစ်ပါးတို့နှင့်နည်း¿ ဣန္ဒြေတို့၌ ပိတ်ဆို့ထားသောတံခါးရှိသည်၏ အဖြစ်နှင့်လည်းကောင်း စားဖွယ်ဘောဇဉ်၌ အတိုင်းအရှည်ကို သိသည်၏ အဖြစ်နှင့်လည်းကောင်းတည်း။ |
1,329,329 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ဤတရားနှစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင် ပင်ပန်းခြင်း ပြင်းစွာပင်ပန်းခြင်း ပူလောင်ခြင်းမရှိမူ၍ ချမ်းသာစွာ နေရ၏။ |
1,329,330 | Uncategorized | ဣတိဝုတ်ပါဠိတော် | အကြင် ရဟန်းသည် မျက်စိ နား နှာ လျှာကိုယ် စိတ်ဟူကုန်သော ဤဒွါရတို့ကို ကောင်းစွာပိတ်ဆို့ထား၏။ |
1,329,331 | Uncategorized | ဣတိဝုတ်ပါဠိတော် | စားဖွယ်ဘောဇဉ်၌ အတိုင်းအရှည်ကို သိ၏။ |
1,329,332 | Uncategorized | ဣတိဝုတ်ပါဠိတော် | ဣန္ဒြေတို့၌ စောင့်ရှောက်၏။ |
1,329,333 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထိုရဟန်းသည် ကိုယ်ချမ်းသာ စိတ်ချမ်းသာဟူသော ချမ်းသာကိုရ၏။ |
1,329,334 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထိုသို့ သဘောရှိသော ရဟန်းသည် နေ့၌လည်းကောင်း ညဉ့်၌လည်းကောင်း မပူလောင်သော ကိုယ် မပူလောင်သော စိတ်ဖြင့် ချမ်းသာစွာ နေရ၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,335 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၃-တပနီယသုတ် |
1,329,336 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၃၀။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ |
1,329,337 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ပူပန်စေတတ်သောတရားတို့သည် ဤနှစ်ပါးတို့တည်း။ |
1,329,338 | Uncategorized | ဣတိဝုတ်ပါဠိတော် | အဘယ်နှစ်ပါးတို့နည်း- ရဟန်းတို့ဤလောက၌ အချို့သောသူသည် ကောင်းမှုကို မပြုသူ ကုသိုလ်ကို မပြုသူ သံသရာဘေးကို ကြောက်သူတို့၏ အစောင့်အရှောက်တရားကို မပြုသူ ဖြစ်၏။ |
1,329,339 | Uncategorized | ဣတိဝုတ်ပါဠိတော် | ယုတ်မာမှုကို ပြုသူ ကြမ်းကြုတ်မှုကို ပြုသူ ခက်ထန်ရက်စက်မှုကို ပြုသူ ဖြစ်၏။ |
1,329,340 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထိုသူသည် ကောင်းမှုကို ငါမပြုလိုက်မိ’ဟူ၍လည်း ပူပန်၏။ |
1,329,341 | Uncategorized | ဣတိဝုတ်ပါဠိတော် | မကောင်းမှုကို ငါ ပြုလိုက်မိ၏’ဟူ၍လည်း ပူပန်၏။ |
1,329,342 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထိုသုတ်၌ ဤအနက်သဘောကို - “ပညာမဲ့သူသည် ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုသောကြောင့်လည်းကောင်း (ရာဂစသော) အပြစ်နှင့်ယှဉ်သော အခြားအမှုကို ပြုသောကြောင့်လည်းကောင်း ကုသိုလ်ကံကို မပြုဘဲအကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း ခန္ဓာကိုယ်ပျက်စီးသောအခါ ငရဲသို့ ရောက်ရ၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,343 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၄-အတပနီယသုတ် |
1,329,344 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၃၁။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ |
1,329,345 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ မပူပန်စေတတ်သောတရားတို့သည် ဤနှစ်ပါးတို့တည်း။ |
1,329,346 | Uncategorized | ဣတိဝုတ်ပါဠိတော် | အဘယ်နှစ်ပါးတို့နည်း-ရဟန်းတို့ ဤလောက၌ အချို့သောသူသည် ကောင်းမှုကို ပြုသူ ကုသိုလ်ကို ပြုသူ သံသရာဘေးကို ကြောက်သူတို့၏ အစောင့်အရှောက်တရားကို ပြုပြီးသူ ဖြစ်၏။ |
1,329,347 | Uncategorized | ဣတိဝုတ်ပါဠိတော် | ယုတ်မာမှုကို မပြုသူ ကြမ်းကြုတ်မှုကို မပြုသူ ခက်ထန် ရက်စက်မှုကို မပြုသူ ဖြစ်၏။ |
1,329,348 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထိုသူသည် “ကောင်းမှုကို ငါ ပြုလိုက်မိ၏”ဟူ၍လည်းမပူပန်၊ “မကောင်းမှုကို ငါ မပြုလိုက်မိ”ဟူ၍လည်း မပူပန်၊ ရဟန်းတို့ မပူပန်စေတတ်သောတရားတို့သည် ဤနှစ်ပါးတို့တည်း။ |
1,329,349 | Uncategorized | ဣတိဝုတ်ပါဠိတော် | “ပညာရှိသူသည် ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်တို့ကို ပယ်စွန့်သောကြောင့်လည်းကောင်း၊ (ရာဂစသော) အပြစ်နှင့်ယှဉ်သော အခြားအမှုကို ပယ်စွန့်သောကြောင့်လည်းကောင်း၊ အကုသိုလ်ကံကို မပြုဘဲ ကုသိုလ်ကံကိုသာ အကြိမ် များစွာ ပြုခြင်းကြောင့်လည်းကောင်း ခန္ဓာကိုယ်ပျက်စီးသောအခါ နတ်ပြည်သို့ ရောက်ရ၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,350 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၅-ပဌမသီလသုတ် |
1,329,351 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၃၂။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ |
1,329,352 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ တရားနှစ်ပါးတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ဝန်ထုပ်ကို ဆောင်ယူ၍ ချထားသကဲ့သို့ ဤအတူ ငရဲသို့ ကျရောက်ရ၏။ |
1,329,353 | Uncategorized | ဣတိဝုတ်ပါဠိတော် | အဘယ်နှစ်ပါးတို့နှင့်နည်း- ယုတ်ညံ့သော သီလနှင့်လည်းကောင်း ယုတ်ညံ့သော အယူနှင့်လည်းကောင်းတည်း။ |
1,329,354 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ဤတရားနှစ်ပါးတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ဝန်ထုပ်ကို ဆောင်ယူ၍ ချထားသကဲ့သို့ ဤအတူ ငရဲသို့ ကျရောက်ရ၏။ |
1,329,355 | Uncategorized | ဣတိဝုတ်ပါဠိတော် | “အကြင်သူသည် ယုတ်ညံ့သော သီလနှင့်လည်းကောင်း၊ ယုတ်ညံ့သော အယူနှင့်လည်းကောင်းဤတရားနှစ်ပါးတို့နှင့် ပြည့်စုံ၏။ |
1,329,356 | Uncategorized | ဣတိဝုတ်ပါဠိတော် | ပညာမဲ့သော ထိုသူသည် ခန္ဓာကိုယ်ပျက်စီးသောအခါ ငရဲသို့ ကျရောက်ရ၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,357 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၆-ဒုတိယသီလသုတ် |
1,329,358 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၃၃။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ |
1,329,359 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ တရားနှစ်ပါးတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ဝန်ထုပ်ကို ဆောင်ယူ၍ ချထားသကဲ့သို့ ဤအတူ နတ်ပြည်၌ ဖြစ်ရ၏။ |
1,329,360 | Uncategorized | ဣတိဝုတ်ပါဠိတော် | အဘယ်နှစ်ပါးတို့နှင့်နည်း- ကောင်းမြတ်သော သီလနှင့်လည်းကောင်းကောင်းမြတ်သော အယူနှင့်လည်းကောင်းတည်း။ |
1,329,361 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ဤတရားနှစ်ပါးတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ဝန်ထုပ်ကို ဆောင်ယူ၍ ချထားသကဲ့သို့ ဤအတူ နတ်ပြည်သို့ ရောက်ရ၏။ |
1,329,362 | Uncategorized | ဣတိဝုတ်ပါဠိတော် | “အကြင်သူသည် ကောင်းမြတ်သော သီလနှင့်လည်းကောင်း၊ ကောင်းမြတ်သော အယူနှင့်လည်းကောင်းဤတရားနှစ်ပါးတို့နှင့် ပြည့်စုံ၏။ |
1,329,363 | Uncategorized | ဣတိဝုတ်ပါဠိတော် | ပညာရှိသော ထိုသူသည် ခန္ဓာကိုယ်ပျက်စီးသောအခါ နတ်ပြည်သို့ ရောက်ရ၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,364 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၇-အာတာပီသုတ် |
1,329,365 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၃၄။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ |
1,329,366 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ကိလေသာကို ပူပန်စေတတ်သော လုံ့လမရှိသူ မကောင်းမှုမှ မထိတ်လန့်တတ်သူရဟန်းသည် သစ္စာလေးပါးတရားကို သိခြင်းငှါ မထိုက်တန်၊ နိဗ္ဗာန်ရခြင်းငှါ မထိုက်တန်၊ အတုမရှိမြတ်၍ ယောဂ၏ကုန်ရာ အရဟတ္တဖိုလ်ကို ရခြင်းငှါ မထိုက်တန်၊ ရဟန်းတို့ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသူ မကောင်းမှုမှ ထိတ်လန့်တတ်သူ ရဟန်းသည် သစ္စာလေးပါးတရားကို သိခြင်း... |
1,329,367 | Uncategorized | ဣတိဝုတ်ပါဠိတော် | နိဗ္ဗာန်ရခြင်းငှါ ထိုက်တန်၏။ |
1,329,368 | Uncategorized | ဣတိဝုတ်ပါဠိတော် | အတုမရှိ မြတ်၍ ယောဂ၏ကုန်ရာ အရဟတ္တဖိုလ်ကို ရခြင်းငှါ ထိုက်တန်၏။ |
1,329,369 | Uncategorized | ဣတိဝုတ်ပါဠိတော် | “အကြင်ရဟန်းသည် ထိနမိဒ္ဓများသည်ဖြစ်၍ ကိလေသာကို ပူပန်စေတတ်သော လုံ့လမရှိ၊ မကောင်းမှုမှမထိတ်လန့်တတ်၊ ပျင်းရိ၏။ |
1,329,370 | Uncategorized | ဣတိဝုတ်ပါဠိတော် | ဝီရိယယုတ်လျော့၏။ |
1,329,371 | Uncategorized | ဣတိဝုတ်ပါဠိတော် | မကောင်းမှုမှ မရှက်တတ်၊ အကျင့်၌ မရိုသေ၊ ထိုသို့ သော သဘောရှိသော ရဟန်းသည် မြတ်သော အရဟတ္တဖိုလ်ကို တွေ့ထိ သိမြင်ခြင်းငှါ မထိုက်တန်။ |
1,329,372 | Uncategorized | ဣတိဝုတ်ပါဠိတော် | အကြင်ရဟန်းသည်ကား သတိရှိ၏။ |
1,329,373 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရင့်ကျက်သော ပညာရှိ၏။ |
1,329,374 | Uncategorized | ဣတိဝုတ်ပါဠိတော် | သမထဝိပဿနာဖြင့် ရှုလေ့ရှိ၏။ |
1,329,375 | Uncategorized | ဣတိဝုတ်ပါဠိတော် | ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိ၏။ |
1,329,376 | Uncategorized | ဣတိဝုတ်ပါဠိတော် | မကောင်းမှုမှ ထိတ်လန့်တတ်၏။ |
1,329,377 | Uncategorized | ဣတိဝုတ်ပါဠိတော် | မေ့လျော့မှုမရှိ၊ (ထိုရဟန်းသည် ) သံယောဇဉ်ကိုလည်းကောင်း၊ ပဋိသန္ဓေနေခြင်း အိုခြင်းကိုလည်းကောင်း ဖြတ်တောက်၍ဤဘဝ၌ပင် အတုမရှိ မြတ်သော အရဟတ္တဖိုလ်ကို တွေ့ထိသိရှိနိုင်ရာ၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,378 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၈-ပဌမ နကုဟနသုတ် |
1,329,379 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၃၅။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ |
1,329,380 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ လူအပေါင်းကိုအံ့ဩစေရန် လူအပေါင်းက ပစ္စည်းလေးပါးဖြင့် ဖိတ်ကြားစေရန့်လာဘ်ပူဇော်သကာ အကျော်အစောဟူသော အကျိုးအာနိသင်ရရှိရန် ဤမြတ်သောအကျင့်ကို ကျင့်သုံးသည် မဟုတ်၊ ဤသို့ ကျင့်သုံးသဖြင့် ငါ့ကို လူအပေါင်းသည် သိစေသတည်းဟု နှလုံးသွင်း၍ဤမြတ်သောအကျင့်ကို ကျင့်သုံးသည် မဟုတ်၊ ရဟန်းတို့ စင်စစ် (ကာယဒုစရိုက်စသည်မှ) စောင့်စည်းရန်လ... |
1,329,381 | Uncategorized | ဣတိဝုတ်ပါဠိတော် | “နိဗ္ဗာန်တည်းဟူသော ထောက်တည်ရာကမ်းသို့ ရောက်စေတတ်သော မျက် မှောက်မျက်ကွယ်ဘေးရန်မရှိသော မြတ်သောအကျင့်ကို (ကာယဒုစရိုက်စသည်မှ) စောင့်စည်းရန် တဒင်္ဂပဟာန်စသည်ဖြင့်ပယ်ရန် ထိုမြတ်စွာဘုရား ဟောတော်မူ၏။ |
1,329,382 | Uncategorized | ဣတိဝုတ်ပါဠိတော် | ဤမဂ် (လမ်းစဉ်) ကို မြတ်သော စိတ်ဓာတ်ရှိကုန်သော ဘုရားအရိယာတို့သည် အစဉ်အတိုင်းကြွသွားတော်မူကုန်၏။ |
1,329,383 | Uncategorized | ဣတိဝုတ်ပါဠိတော် | အကြင်အကြင်သူတို့သည် မြတ်စွာဘုရား ဟောကြားတော်မူတိုင်းထိုမဂ် (လမ်းစဉ်)သို့ သွားရောက်ကြကုန်၏။ |
1,329,384 | Uncategorized | ဣတိဝုတ်ပါဠိတော် | မြတ်စွာဘုရား ဆုံးမသည့်အတိုင်း ပြုကျင့်ကုန်သော ထိုထိုသူတို့သည် ဆင်းရဲ၏ကုန်ဆုံးရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကုန်လတ္တံ့”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,385 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၉-ဒုတိယ နကုဟနသုတ် |
1,329,386 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၃၆။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ |
1,329,387 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ လူအပေါင်းကိုအံ့ဩစေရန် လူအပေါင်းက ပစ္စည်းလေးပါးဖြင့် ဖိတ်ကြားစေရန်လာဘ်ပူဇော်သကာ အကျော်အစောဟူသော အကျိုးအာနိသင်ရရှိရန် ဤမြတ်သောအကျင့်ကို ကျင့်သုံးသည် မဟုတ်၊ ဤသို့ ကျင့်သုံးသဖြင့် ငါ့ကို လူအပေါင်းသည် သိစေသတည်းဟု နှလုံးသွင်း၍ဤမြတ်သောအကျင့်ကို ကျင့်သုံးသည် မဟုတ်။ |
1,329,388 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ စင်စစ် ထူးသောဉာဏ်ဖြင့် သိရန်ပိုင်းခြားသိရန် ဤမြတ်သောအကျင့်ကို ကျင့်သုံး၏။ |
1,329,389 | Uncategorized | ဣတိဝုတ်ပါဠိတော် | “နိဗ္ဗာန်တည်းဟူသော ထောက်တည်ရာကမ်းသို့ ရောက်စေတတ်သော မျက် မှောက်မျက်ကွယ်ဘေးရန်မရှိသော မြတ်သောအကျင့်ကို ထူးသောဉာဏ်ဖြင့် သိရန်လည်းကောင်း၊ ပိုင်းခြားသိရန်လည်းကောင်း ထိုမြတ်စွာဘုရား ဟောတော်မူ၏။ |
1,329,390 | Uncategorized | ဣတိဝုတ်ပါဠိတော် | ဤမဂ် (လမ်းစဉ်) ကို မြတ်သော စိတ်ဓာတ်ရှိကုန်သော ဘုရားအရိယာပုဂ္ဂိုလ်တို့သည် အစဉ်အတိုင်းကြွသွားတော်မူကုန်၏။ |
1,329,391 | Uncategorized | ဣတိဝုတ်ပါဠိတော် | မြတ်စွာဘုရား ဆုံးမသည့်အတိုင်း ပြုကျင့်ကုန်သော ထိုထိုသူတို့သည် ဆင်းရဲ၏ကုန်ဆုံးရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကုန်လတ္တံ့”ဟု ဤဂါထာဖြင့်ဆိုအပ်၏။ |
1,329,392 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၁၀-သောမနဿသုတ် |
1,329,393 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၃၇။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ |
1,329,394 | Uncategorized | ဣတိဝုတ်ပါဠိတော် | ပူဇော်အထူးကို ခံတော့်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,395 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ တရားနှစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင်လျှင်ကိုယ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်း များလျက် နေရ၏။ |
1,329,396 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထိုရဟန်းသည် အာသဝေါတရားတို့ကုန်ခြင်း၏အကြောင်းကိုအားထုတ်အပ်သည် ဖြစ်၏။ |
1,329,397 | Uncategorized | ဣတိဝုတ်ပါဠိတော် | အဘယ်နှစ်ပါးတို့နှင့်နည်း- သံဝေဂဖြစ်စေတတ်သော အရာတို့၌ သံဝေဂဖြစ်ခြင်းနှင့်လည်းကောင်း၊ သံဝေဂဖြစ်သူအား အကြောင်းအားလျော်စွာအားထုတ်ခြင်းနှင့်လည်းကောင်းတည်း။ |
1,329,398 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ဤတရားနှစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင်လျှင်ကိုယ်ချမ်းသာခြင်း စိတ်ချမ်းသာခြင်းများလျက် နေရ၏။ |
1,329,399 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထိုရဟန်းသည် အာသဝေါတရားတို့ကုန်ခြင်း၏အကြောင်းကိုအား ထုတ်အပ်သည် ဖြစ်၏။ |
1,329,400 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထိုသုတ်၌ ဤအနက် သဘောကို - |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.