id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,329,401 | Uncategorized | ဣတိဝုတ်ပါဠိတော် | “ပညာရှိသော ကိလေသာကို ပူပန်စေတတ်သည့် လုံ့လရှိသော ရင့်ကျက်သော ပညာရှိသော ရဟန်းသည် သံဝေဂဖြစ်စေတတ်သော အရာတို့၌ ပညာဖြင့် ဆင်ခြင်၍ သံဝေဂ ဖြစ်သည်သာတည်း။ |
1,329,402 | Uncategorized | ဣတိဝုတ်ပါဠိတော် | ဤသို့ ပြင်းထန်သော လုံ့လရှိလျက် မတုန်မလှုပ်မူ၍ ငြိမ်သက်စွာဖြစ်ခြင်းရှိသော စိတ်၏တည်ကြည်မှုကိုအားထုတ်၍ နေလေ့ရှိသော ရဟန်းသည် ဆင်းရဲ၏ကုန်ဆုံးရာ နိဗ္ဗာန်သို့ ရောက်နိုင်၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,403 | Uncategorized | ဣတိဝုတ်ပါဠိတော် | ပဌမဝဂ် ပြီး၏။ |
1,329,404 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၁-ဝိတက္ကသုတ် |
1,329,405 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၃၈။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ |
1,329,406 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ ဉာဏ်တော်၌ ခေမဝိတက် ပဝိဝေကဝိတက်ဟူသော ဝိတက် (အကြံ) နှစ်ပါးတို့သည် အကြိမ်များစွာ အဆင့်ဆင့် မပြတ်ဖြစ်ကုန်၏။ |
1,329,407 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့မြတ်စွာဘုရားသည် ဆင်းရဲမရှိခြင်းလျှင် မွေ့လျော်ရာ ရှိ၏။ |
1,329,408 | Uncategorized | ဣတိဝုတ်ပါဠိတော် | ဆင်းရဲမရှိခြင်း၌ မွေ့လျော်၏။ |
1,329,409 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ဆင်းရဲမရှိခြင်းလျှင် မွေ့လျော်ရာရှိသော ဆင်းရဲ မရှိခြင်း၌ မွေ့လျော်တတ်သော ထိုမြတ်စွာဘုရား၏ဉာဏ်တော်၌ “ဤအမူအရာဖြင့် ကိလေသာရှိသော သတ္တဝါကိုလည်းကောင်း၊ ကိလေသာမရှိသော သတ္တဝါကိုလည်းကောင်း တစ်စုံတစ်ယောက်ကိုမျှ ငါသည် မဆင်းရဲစေလို”ဟု ဤဝိတက်သည်ပင်လျှင်အကြိမ်များစွာ အဆင့်ဆင့် မပြတ်ဖြစ်၏။ |
1,329,410 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ မြတ်စွာဘုရားသည် ဆိတ်ငြိမ်ခြင်းလျှင် မွေ့လျော်ရာ ရှိ၏။ |
1,329,411 | Uncategorized | ဣတိဝုတ်ပါဠိတော် | ဆိတ်ငြိမ်ခြင်း၌ မွေ့လျော်တတ်၏။ |
1,329,412 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ဆိတ်ငြိမ်ခြင်းလျှင် မွေ့လျော်ရာရှိသော ဆိတ်ငြိမ်ခြင်း၌ မွေ့လျော်တတ်သော ထိုမြတ်စွာဘုရား၏ ဉာဏ်တော်၌ “အကုသိုလ်ကို ပယ်အပ်၏”ဟု ဤဝိတက်သည်ပင်လျှင် အကြိမ်များစွာအဆင့်ဆင့် မပြတ်ဖြစ်၏။ |
1,329,413 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ထို့ကြောင့် သင်တို့သည်လည်း ဆင်းရဲမရှိခြင်းလျှင် မွေ့လျော်ရာရှိကြကုန်သည် ဆင်းရဲမရှိခြင်း၌ မွေ့လျော်ကြကုန်သည်ဖြစ်၍ နေကြကုန်လော့၊ ရဟန်းတို့ ဆင်းရဲမရှိခြင်းလျှင် မွေ့လျော်ရာရှိကုန်သည် ဆင်းရဲမရှိခြင်း၌ မွေ့လျော်ကုန်သည်ဖြစ်၍ နေကြကုန်သော သင်တို့အား ငါတို့သည် ဤအမူအရာဖြင့် ကိလေသာရှိသော သတ္တဝါကိုလည်းကောင်း၊ ကိလေသာမရှိသ... |
1,329,414 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ဆိတ်ငြိမ်ခြင်းလျှင် မွေ့လျော်ရာရှိကုန်သည် ဆိတ်ငြိမ်ခြင်း၌ မွေ့လျော်ကုန်သည်ဖြစ်၍နေကြကုန်လော့၊ ရဟန်းတို့ ဆိတ်ငြိမ်ခြင်းလျှင် မွေ့လျော်ရာရှိကုန်သည် ဆိတ်ငြိမ်ခြင်း၌ မွေ့လျော်ကုန်သည်ဖြစ်၍ နေကြကုန်သော သင်တို့အား “အကုသိုလ်မည်သည် အဘယ်နည်း¿ အဘယ်ကို မပယ်အပ်သနည်း¿ အဘယ်ကို ပယ်စွန့်ရကုန်အံ့နည်း”ဟု ဤဝိတက်သည်ပင်လျှင် အကြိမ်... |
1,329,415 | Uncategorized | ဣတိဝုတ်ပါဠိတော် | “ရွက်ဆောင်နိုင်ခဲသော ဘုရားကိစ္စကို ရွက်ဆောင်တတ်သော သစ္စာလေးပါးကို သိတော်မူသော ထိုမြတ်စွာဘုရား၏ ဉာဏ်တော်၌ ထိုနှစ်ပါးသော ကြံစည်မှု ‘ဝိတက်'တို့သည် အဆင့်ဆင့်မပြတ်ဖြစ်ကုန်၏။ |
1,329,416 | Uncategorized | ဣတိဝုတ်ပါဠိတော် | ဘေးမရှိသော ကြံစည်မှု ‘ခေမ ဝိတက်'ကို ရှေးဦးစွာ ဆိုအပ်၏။ |
1,329,417 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထို့နောက်နှစ်ခုမြောက် ဆိတ်ငြိမ်သော ကြံစည်မှု ‘ပဝိဝေကဝိတက်'ကို ပြအပ်၏။ |
1,329,418 | Uncategorized | ဣတိဝုတ်ပါဠိတော် | အမိုက်တိုက်ကို ပယ်လွှင့်တတ်သော နိဗ္ဗာန်တည်းဟူသော ကမ်းတစ်ဖက်သို့ ရောက်သော ဂုဏ်ကျေးဇူးအထူးကို ရှာမှီးတတ်သော ရောက်သင့်သည့် အရဟတ္တ ဖိုလ်သို့ ရောက်ပြီးသော ဝသီဘော်နှင့် ပြည့်စုံတော်မူသော အာသဝေါကင်းသော သံသရာဝဋ်ဆင်းရဲကို ကူးမြောက်ပြီးသောတဏှာ၏ကုန်ရာ (အရဟတ္တဖိုလ်နိဗ္ဗာန်)၌ ကင်းလွတ်သော အဆုံးဖြစ်သော ကိုယ်ကို ဆောင်သော ကိလေသာမာရ်ကို... |
1,329,419 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ကျောက်တောင်ထိပ်၌ ရပ်တည်လျက်ရှိသော ယောက်ျားသည် ထက်ဝန်းကျင် လူအပေါင်းကို ကြည့်ရှုသကဲ့သို့ ထို့အတူ ကောင်းမြတ်သော ပညာရှင် ဖြစ်တော်မူသော ထက်ဝန်းကျင်မြင်နိုင်စွမ်းသောဉာဏ်မျက်စိရှိတော်မူသော စိုးရိမ်ပူဆွေး ကင်းဝေးတော်မူသော မြတ်စွာဘုရားသည် ပညာ (ဓမ္မ) ဖင့်ပြီးသော ပြာသာဒ်ထက်သို့ တက်တော်မူ၍ ပဋိသန္ဓေနေခြင်း အိုခြင်းတို့ နှိပ်စက်... |
1,329,420 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၂-ဒေသနာသုတ် |
1,329,421 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၃၉။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ |
1,329,422 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ တရားဟောခြင်းနှစ်ပါးတို့သည် အကြောင်းအားဖြင့် ဖြစ်ကုန်၏။ |
1,329,423 | Uncategorized | ဣတိဝုတ်ပါဠိတော် | အဘယ်နှစ်ပါးတို့နည်း- မကောင်းမှုကို မကောင်းမှုအားဖြင့် ကြည့်ရှုကြလော့၊ ဤသည်ကား ပဌမဖြစ်သောတရားဟောခြင်းတည်း။ |
1,329,424 | Uncategorized | ဣတိဝုတ်ပါဠိတော် | မကောင်းမှုကို မကောင်းမှုအားဖြင့် မြင်၍ ထိုမကောင်းမှု၌ ငြီးငွေ့ကြကုန်လော့၊ တပ်ခြင်း ကင်းကြကုန်လော့၊ ကင်းလွတ်ကြကုန်လော့၊ ဤသည်ကား ဒုတိယဖြစ်သောတရား ဟောခြင်းတည်း။ |
1,329,425 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ တရားဟောခြင်းနှစ်ပါးတို့သည် အကြောင်းအားဖြင့်ဖြစ်ကုန်၏။ |
1,329,426 | Uncategorized | ဣတိဝုတ်ပါဠိတော် | “သတ္တဝါအားလုံးကို စောင့်ရှောက်တော်မူသော သစ္စာလေးပါးကို သိတော်မူသော မြတ်စွာဘုရား၏ အကြောင်းအားဖြင့် ဟောတော်မူအပ်သော ဒေသနာကို ဉာဏ်ဖြင့် ရှုပါလော့၊ (မြတ်စွာဘုရားသည် ) တရားနှစ်ပါးတို့ကိုလည်းကောင်းစွာ ပြတော်မူ အပ်ကုန်၏။ |
1,329,427 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထိုမကောင်းမှုကို ဉာဏ်ဖြင့် ရှုကြကုန်လော့၊ ထိုမကောင်းမှု၌လည်း တပ်ခြင်း ကင်းကြကုန်လော့၊ ထိုတပ်မှုကင်းခြင်းကြောင့် မကောင်းမှု၌ တပ်ခြင်းကင်းသော စိတ်ရှိကုန်သည်ဖြစ်၍ ဆင်းရဲ၏ဆုံးရာနိဗ္ဗာန်ကို မျက်မှောက်ပြုကြကုန်လတ္တံ့”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,428 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၃-ဝိဇ္ဇာသုတ် |
1,329,429 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၄၀။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ |
1,329,430 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ အဝိဇ္ဇာ ‘မောဟ'သည် အကုသိုလ်တရားတို့ ဖြစ်ခြင်း၏ ရှေ့သွားဖြစ်၏။ |
1,329,431 | Uncategorized | ဣတိဝုတ်ပါဠိတော် | အရှက်မရှိမှု ‘အဟိရိက’ မထိတ်လန့်မှု ‘အနောတ္တပ္ပ'သည် နောက်လိုက်တရားသာ ဖြစ်၏။ |
1,329,432 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ဝိဇ္ဇာ ‘အမောဟ'သည် ကုသိုလ်တရားတို့ ဖြစ်ခြင်း၏ ရှေ့သွားဖြစ်၏။ |
1,329,433 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရှက်မှု ‘ဟိရီ’ ထိတ်လန့်မှု ‘ဩတ္တပ္ပ'သည် နောက်လိုက်တရားသာ ဖြစ်၏။ |
1,329,434 | Uncategorized | ဣတိဝုတ်ပါဠိတော် | “ဤလူ့ပြည် လောက၌လည်းကောင်း၊ တစ်ပါးသော လောက၌လည်းကောင်း ဒုဂ္ဂတိဟူသမျှအားလုံးတို့သည် အဝိဇ္ဇာ’မောဟ'လျှင် အကြောင်းရင်း ရှိကုန်၏။ |
1,329,435 | Uncategorized | ဣတိဝုတ်ပါဠိတော် | မရသေးသော အာရုံကိုလိုချင်မှု ‘ဣစ္ဆာ'နှင့် ရပြီးအာရုံကို တပ်မက်မှု ‘လောဘ'တို့ဖြင့် ပွါးစီးကုန်၏။ |
1,329,436 | Uncategorized | ဣတိဝုတ်ပါဠိတော် | အကြင်အဝိဇ္ဇာဟူသော အကြောင်းကြောင့် ယုတ်မာသော အလိုရှိသူ အရှက်မရှိသူ ရိုသေမှုမရှိသူဖြစ်ရ၏။ |
1,329,437 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထိုအဝိဇ္ဇာဟူသော အကြောင်းကြောင့် မကောင်းမှု ပွါးများ၏။ |
1,329,438 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထိုမကောင်းမှုဖြင့် အပါယ်သို့ လားရောက်ရ၏။ |
1,329,439 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထို့ကြောင့် ရဟန်းသည် အလို ‘ဆန္ဒ'ကိုလည်းကောင်း၊ လောဘကိုလည်းကောင်း၊ အဝိဇ္ဇာကိုလည်းကောင်း ပယ်စွန့်ကာ ဝိဇ္ဇာ ‘အမောဟ'ကို ဖြစ်စေလျက် အလုံးစုံသော ဒုက္ခ၏တည်ရာလားရာ ‘ဂတိ’ ငါးရပ်တို့ကို ပယ်စွန့်နိုင်ရာ၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,440 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၄-ပညာပရိဟီနသုတ် |
1,329,441 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၄၁။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ |
1,329,442 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ စင်ကြယ်သော ဝိပဿနာပညာ မဂ်ပညာမှ ဆုတ်ယုတ်သော သတ္တဝါတို့သည် (သမ္ပတ္တိအားလုံးတို့မှ) အလွန့်အလွန် ဆုတ်ယုတ်သော သတ္တဝါတို့ မည်ကုန်၏။ |
1,329,443 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထိုသတ္တဝါတို့သည် ယခုဘဝ၌ပင် ပင်ပန်းခြင်း ပြင်းစွာပင်ပန်းခြင်း ပူလောင်ခြင်းရှိသည်ဖြစ်၍ ဆင်းရဲစွာ နေရကုန်၏။ |
1,329,444 | Uncategorized | ဣတိဝုတ်ပါဠိတော် | ခန္ဓာကိုယ်ပျက်စီး၍သေသည်မှနောက်၌ မကောင်းသော လားရာ ဒုဂ္ဂတိဘဝသို့ မချွတ်ရောက်လိမ့်မည်ဟု မျှော်လင့်အပ်၏။ |
1,329,445 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ စင်ကြယ်သော ဝိပဿနာပညာ မဂ်ပညာမှ မဆုတ်ယုတ်ကုန်သော သတ္တဝါတို့သည် (သမ္ပတ္တိအားလုံးတို့မှ) မဆုတ်ယုတ်သော သတ္တဝါတို့ မည်ကုန်၏။ |
1,329,446 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထိုသတ္တဝါတို့သည် မျက်မှောက်ဘဝ၌ပင့်ပင်ပန်းခြင်း ပြင်းစွာပင်ပန်းခြင်း ပူလောင်ခြင်းမရှိဘဲ ချမ်းသာစွာ နေရကုန်၏။ |
1,329,447 | Uncategorized | ဣတိဝုတ်ပါဠိတော် | ခန္ဓာကိုယ် ပျက်စီး၍သေသည်မှနောက်၌ ကောင်းသော လားရာ ‘သုဂတိ’ ဘဝသို့ မချွတ်ရောက်လိမ့်မည်ဟု မျှော်လင့်အပ်၏။ |
1,329,448 | Uncategorized | ဣတိဝုတ်ပါဠိတော် | “နတ်နှင့်တကွသော လောကကို ကြည့်ရှုလော့၊ ပညာမှ ဆုတ်ယုတ်ခြင်းကြောင့် နာမ်ရုပ်၌ အမှားနှလုံးသွင်းသည် ဖြစ်ရကား ဤသည်သာမှန်၏ဟု အောက်မေ့မှတ် ထင်၏။ |
1,329,449 | Uncategorized | ဣတိဝုတ်ပါဠိတော် | မှန်၏။ အကြင်ပညာသည် ဖောက်ထွင်း၍ နိဗ္ဗာန်သို့ ရောက်စေတတ်၏။ |
1,329,450 | Uncategorized | ဣတိဝုတ်ပါဠိတော် | အကြင်ပညာဖြင့်ဇာတိဘဝ၏ကုန်ခြင်းကို ကောင်းစွာသိ၏။ |
1,329,451 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထိုပညာသည်သာ လောက၌ အမြတ်ဆုံးဖြစ်၏။ |
1,329,452 | Uncategorized | ဣတိဝုတ်ပါဠိတော် | သတိရှိတော်မူကုန်သော ရွှင်သော ပညာရှိကုန်သော အဆုံးဖြစ်သော ခန္ဓာကိုယ်ကို ဆောင်ကုန်သော ထိုသစ္စာလေးပါးကို သိကုန်သော ဘုရားရဟန္တာတို့အား နတ်လူတို့သည် ချစ်မြတ်နိုးကုန်၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,453 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၅-သုက္ကဓမ္မသုတ် |
1,329,454 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၄၂။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ |
1,329,455 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ဖြူစင်သော ဤတရားနှစ်ပါးတို့သည် လောကကို စောင့်ရှောက်ကုန်၏။ |
1,329,456 | Uncategorized | ဣတိဝုတ်ပါဠိတော် | အဘယ်နှစ်ပါးတို့နည်း- မကောင်းမှုမှ ရှက်မှု ‘ဟိရီ'လည်းကောင်း မကောင်းမှုမှ ကြောက်လန့်မှု ‘ဩတ္တပ္ပ'လည်းကောင်းတည်း။ |
1,329,457 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ဖြူစင်သော ဤတရားနှစ်ပါးတို့သည် လောကကို မစောင့်ရှောက်ကုန်မူဤလောက၌ “အမိ”ဟူ၍သော်လည်းကောင်း၊ “မိကြီး မိထွေး”ဟူ၍သော်လည်းကောင်း၊ “ဦးလေးဦးကြီး၏ မယား”ဟူ၍သော်လည်းကောင်း၊ “ဆရာ၏ မယား”ဟူ၍သော်လည်းကောင်း၊ “အလေးပြုထိုက်သူတို့၏ မယား”ဟူ၍သော်လည်းကောင်း မထင်နိုင်ရာ၊ လူ့လောကကြီးသည် ဆိတ်နှင့်သိုး ကြက် ဝက် ခွေး မြေခွေးတို့ကဲ့သို့ ရ... |
1,329,458 | Uncategorized | ဣတိဝုတ်ပါဠိတော် | အကြင့်ကြောင့် ဖြူစင်သော ဤတရားနှစ်ပါးတို့သည် လောကကို စောင့်ရှောက်ကုန်၏။ |
1,329,459 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထို့ကြောင့် “အမိ”ဟူ၍သော်လည်းကောင်း၊ “မိကြီး မိထွေး”ဟူ၍သော်လည်းကောင်း၊ “ဦးလေး ဦးကြီး၏ မယား”ဟူ၍သော်လည်းကောင်း၊ “ဆရာ၏ မယား”ဟူ၍သော်လည်းကောင်း၊ “အလေးပြုထိုက်သူတို့၏ မယား”ဟူ၍သော်လည်းကောင်းထင်ရှား၏။ |
1,329,460 | Uncategorized | ဣတိဝုတ်ပါဠိတော် | “အကြင်သူတို့အား အရှက်အကြောက်သည် အခါ ခပ်သိမ်း မရှိ၊ ထိုသူတို့သည် ဖြူစင်သောတရားမှသက်လျှောသောကြောင့် (အဖန်ဖန်) ပဋိသန္ဓေနေခြင်း သေခြင်းသို့ ရောက်ရ၏။ |
1,329,461 | Uncategorized | ဣတိဝုတ်ပါဠိတော် | အကြင်သူတို့အား အရှက်အကြောက်သည် အမြဲထင်၏။ |
1,329,462 | Uncategorized | ဣတိဝုတ်ပါဠိတော် | မြတ်သောအကျင့် ပြန့် ပွါး၍ကိလေသာငြိမ်းကုန်သော ထိုသူတို့သည် တစ်ဖန်ပဋိသန္ဓေနေခြင်းမှကုန်ပြီးသူတို့ ဖြစ်ကုန်၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,463 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၆-အဇာတသုတ် |
1,329,464 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၄၃။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ |
1,329,465 | Uncategorized | ဣတိဝုတ်ပါဠိတော် | ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- ရဟန်းတို့ ဖြစ်ပေါ်မှုမရှိသော ထင်ရှားဖြစ်နေမှုမရှိသော ပြုလုပ်ထားမှုမရှိသော စီရင်ထားမှုမရှိသော နိဗ္ဗာန်သည် ရှိ၏။ |
1,329,466 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ဖြစ်ပေါ်မှုမရှိသော ထင်ရှားဖြစ်နေမှုမရှိသော ပြုလုပ်ထားမှုမရှိသော စီရင်ထားမှုမရှိသော ဤနိဗ္ဗာန်သည် အကယ်၍ မရှိပါမူ ဤလောက၌ ဖြစ်ပေါ်လာမှု ထင်ရှားဖြစ်နေမှုပြုလုပ်ထားမှု စီရင်ထားမှုဟူသော ခန္ဓာပဉ္စကမှ ထွက်မြောက်ရာသည် မထင်ရှားရာ။ |
1,329,467 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ အကြင့်ကြောင့် ဖြစ်ပေါ်မှုမရှိသော ထင်ရှားဖြစ်နေမှု မရှိသော ပြုလုပ်ထားမှုမရှိသော စီရင်ထားမှုမရှိသော နိဗ္ဗာန်သည် ရှိ၏။ |
1,329,468 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထို့ကြောင့် သာ ဖြစ်ပေါ်လာမှု ထင်ရှားဖြစ်နေမှု ပြုလုပ်ထားမှု စီရင်ထားမှုဖြစ်သော ခန္ဓာပဉ္စကမှ ထွက်မြောက်ရာသည် ထင်ရှား၏။ |
1,329,469 | Uncategorized | ဣတိဝုတ်ပါဠိတော် | “ဖြစ်ပေါ်နေသော ထင်ရှားဖြစ်ပေါ်နေသော ကောင်းစွာ ဖြစ်သော ပြုလုပ်ထားသော စီရင်ထားမှုရှိသော မမြဲသော အိုခြင်း သေခြင်းတို့နှင့် ရောစပ်နေသော ရောဂါအပေါင်းတို့၏ (တည်နေရာ) အသိုက်သဖွယ်ဖြစ်သော ပျက်စီးခြင်းရှိသော အာဟာရနှင့် တဏှာလျှင် ဖြစ်ကြောင်း အမွန်အစရှိသော ထိုခန္ဓာငါးပါးကို နှစ်သက်ခြင်းငှါ မသင့်၊ ထိုခန္ဓာငါးပါး (သက္ကာယ) ၏ ထွက်မြော... |
1,329,470 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၇-နိဗ္ဗာနဓာတုသုတ် |
1,329,471 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၄၄။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ |
1,329,472 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ နိဗ္ဗာနဓာတ်တို့သည် ဤနှစ်ပါးတို့တည်း။ |
1,329,473 | Uncategorized | ဣတိဝုတ်ပါဠိတော် | အဘယ်နှစ်ပါးတို့နည်းဟူမူ- ခန္ဓာငါးပါးအကြွင်းရှိသော ‘သဥပါဒိသေသ’ နိဗ္ဗာနဓာတ် ခန္ဓာငါးပါး အကြွင်းမရှိသော ‘အနုပါဒိသေသ’ နိဗ္ဗာနဓာတ်တို့တည်း။ |
1,329,474 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ခန္ဓာငါးပါး အကြွင်းရှိသော ‘သဥပါဒိသေသ’ နိဗ္ဗာနဓာတ်ဟူသည် အဘယ်နည်း¿ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် ပူဇော်အထူးကို ခံထိုက်သူ အာသဝေါကုန်ခန်းသူ အကျင့်မြတ်ကို ကျင့်သုံးပြီးသူ ပြုအပ်ပြီးသော (မဂ်) ကိစ္စရှိသူ ခန္ဓာဝန်ကို ချပြီးဖြစ်သူ မိမိအကျိုး (အရဟတ္တဖိုလ်)သို့ ရောက်ပြီးသူ ဘဝသံယောဇဉ်ကုန်ခန်းပြီးသူ ကောင်းစွာသိ၍ (ကိလေသာမှ... |
1,329,475 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထိုရဟန္တာပုဂ္ဂိုလ်အား (နောက်ဆုံးဘဝ၏ အကြောင်းကံ မကုန်သေးသမျှ) ဣန္ဒြေငါးပါးတို့သည် တည်ရှိကုန်သည်သာလျှင် တည်း။ |
1,329,476 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထိုရဟန္တာပုဂ္ဂိုလ်သည် ယင်းဣန္ဒြေငါးပါးတို့၏ (အနုပ္ပါဒနိရောဓ၏ အစွမ်းဖြင့်) မချုပ်ကုန်သောကြောင့် ပင် နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အာရုံကို ခံစား၏။ |
1,329,477 | Uncategorized | ဣတိဝုတ်ပါဠိတော် | ချမ်းသာဆင်းရဲကို ခံစား၏။ |
1,329,478 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထိုရဟန္တာပုဂ္ဂိုလ်အား အကြင်ရာဂကုန်ခန်းမှု ဒေါသကုန်ခန်းမှု မောဟကုန်ခန်းမှုသည် ရှိ၏။ |
1,329,479 | Uncategorized | ဣတိဝုတ်ပါဠိတော် | ဤရာဂဒေါသမောဟကုန်ခန်းမှုကိုပင် ခန္ဓာငါးပါး အကြွင်းရှိသော ‘သဥပါဒိသေသ’ နိဗ္ဗာနဓာတ်ဟု ဆိုအပ်၏။ |
1,329,480 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ခန္ဓာငါးပါး အကြွင်းမရှိသော ‘အနုပါဒိသေသ’ နိဗ္ဗာနဓာတ်ဟူသည် အဘယ်နည်း¿ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် ပူဇော်အထူးကို ခံထိုက်သူ အာသဝေါကုန်ခန်းသူ အကျင့်မြတ်ကို ကျင့်သုံးပြီးသူ ပြုအပ်ပြီးသော (မဂ်) ကိစ္စရှိသူ ခန္ဓာဝန်ကို ချပြီးဖြစ်သူ မိမိအကျိုး (အရဟတ္တဖိုလ်)သို့ ရောက်ပြီးသူ ဘဝသံယောဇဉ်ကုန်ခန်းပြီးသူ ကောင်းစွာသိ၍ (ကိလေသာ... |
1,329,481 | Uncategorized | ဣတိဝုတ်ပါဠိတော် | ့ဤအတ္တဘော၌ပင် ထိုရဟန္တာပုဂ္ဂိုလ်အား ခံစားမှု ‘ဝေဒနာ'အားလုံးတို့သည် ရာဂစသည်တို့ဖြင့် မနှစ်သက်အပ်ကုန်မူ၍ တစ်ဖန် မဖြစ်သောအားဖြင့် ငြိမ်းအေးကုန်လတ္တံ့။ |
1,329,482 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ ဤခံစားမှုဟူသမျှတို့၏တစ်ဖန် မဖြစ်သောအားဖြင့် ချုပ်ငြိမ်းမှုကိုပင် ခန္ဓာငါးပါး အကြွင်းမရှိသော ‘အနုပါဒိသေသ’ နိဗ္ဗာနဓာတ်ဟု ဆိုအပ်၏။ |
1,329,483 | Uncategorized | ဣတိဝုတ်ပါဠိတော် | “တဏှာဒိဋ္ဌိအစွမ်းဖြင့် တစ်စုံတစ်ခုသောတရားကို မမှီသောတာဒိဂုဏ်ရှင် ဖြစ် တော်မူသော စက္ခုငါးပါးရှိသော မြတ်စွာဘုရားသည် ဤနှစ်ပါးသော နိဗ္ဗာနဓာတ်တို့ကို ပြတော်မူအပ်ကုန်၏။ |
1,329,484 | Uncategorized | ဣတိဝုတ်ပါဠိတော် | မှန်၏-တစ်မျိုးသော (သဥပါဒိသေသ) နိဗ္ဗာနဓာတ်သည် ဤမျက်မှောက်အတ္တဘော၌ ဖြစ်၏။ |
1,329,485 | Uncategorized | ဣတိဝုတ်ပါဠိတော် | ခန္ဓာငါးပါးကြွင်းကျန်၏။ |
1,329,486 | Uncategorized | ဣတိဝုတ်ပါဠိတော် | ဘဝတဏှာကုန်ခန်း၏။ |
1,329,487 | Uncategorized | ဣတိဝုတ်ပါဠိတော် | ခန္ဓာငါးပါး အကြွင်းမရှိသော ‘အနုပါဒိသေသ'နိဗ္ဗာနဓာတ်သည်ကား ခန္ဓာပျက်ပြီးသောအခါ၌ ဖြစ်၏။ |
1,329,488 | Uncategorized | ဣတိဝုတ်ပါဠိတော် | ယင်းနိဗ္ဗာနဓာတ်၌ အလုံးစုံအားဖြင့်ဘဝတို့သည် ချုပ်ကုန်၏။ |
1,329,489 | Uncategorized | ဣတိဝုတ်ပါဠိတော် | အကြင်ပုဂ္ဂိုလ်တို့သည် ပြုပြင်ခြင်းကင်းသော ထိုနိဗ္ဗာန်ကို သိ၍ ကိလေသာမှ လွတ်မြောက်သော စိတ်ရှိကုန်၏။ |
1,329,490 | Uncategorized | ဣတိဝုတ်ပါဠိတော် | ဘဝတဏှာကုန်ခန်းကုန်၏။ |
1,329,491 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထိုပုဂ္ဂိုလ်တို့သည် တရားအနှစ်ကို ရသောကြောင့် ရာဂစသည်ကုန်ရာ နိဗ္ဗာန်၌ မွေ့လျော်ကုန်၏။ |
1,329,492 | Uncategorized | ဣတိဝုတ်ပါဠိတော် | တာဒိဂုဏ်ရှင် ထိုဘုရားသခင်တို့သည် အလုံးစုံသော ဘဝတို့ကို ပယ်စွန့်ကုန်၏”ဟု ဤဂါထာဖြင့် ဆို အပ်၏။ |
1,329,493 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၈-ပဋိသလ္လာနသုတ် |
1,329,494 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၄၅။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ |
1,329,495 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ တစ်ယောက်တည်း ကိန်းအောင်းခြင်းလျှင် မွေ့လျော်ရာရှိကုန်သည် တစ်ယောက်တည်းကိန်းအောင်းရခြင်း၌ မွေ့လျော်ကုန်သည် အဇ္ဈတ္တသန္တာန်၌ စိတ်၏ငြိမ်းအေးခြင်းကိုအားထုတ်ကြကုန်သည် မပျက်စီးသော ဈာန်ရှိကြကုန်သည် ဝိပဿနာနှင့် ပြည့်စုံကြကုန်သည်ဆိတ်ငြိမ်ရာအရပ်တို့ကို ပွါးစေကုန်သည်ဖြစ်၍ နေကြကုန်လော့၊ ရဟန်းတို့ တစ်ယောက်တည်းကိန်းအောင်းခြင... |
1,329,496 | Uncategorized | ဣတိဝုတ်ပါဠိတော် | “အကြင်ပုဂ္ဂိုလ်တို့သည် ငြိမ်းအေးသော စိတ် ရင့်ကျက်သော ပညာ သတိရှိကုန်လျက်သာလျှင် သမထဝိပဿနာနှစ်ပါးဖြင့် ရှုလေ့ရှိကုန်သည် ကာမတို့၌ ငဲ့ကွက်ခြင်း ကင်းကုန်သည်ဖြစ်၍ခန္ဓာငါးပါးတရားကို အသင့်အားဖြင့် ရှုကုန်၏။ |
1,329,497 | Uncategorized | ဣတိဝုတ်ပါဠိတော် | မမေ့မလျော့မှု ‘အပ္ပမာဒ’ တရား၌ မွေ့လျော်ကုန်သော မေ့လျော့မှု ‘ပမာဒ’ တရား၌ ဘေးဟု ရှုကုန်သောသူတော်ကောင်းတို့သည် ဆုတ်ယုတ်ခြင်းငှါ မထိုက်ကုန် နိဗ္ဗာန်နှင့်သာလျှင် နီးကုန်၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,498 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၉-သိက္ခာနိသံသသုတ် |
1,329,499 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၄၆။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ |
1,329,500 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ သိက္ခာဟူသော အကျိုးရှိကုန်သည် ပညာလွန်ကဲကုန်သည် အရဟတ္တဖိုလ်ဟူသော အနှစ်ရှိကုန်သည် သတိဟူသော အကြီးအမှူးရှိကုန်သည်ဖြစ်၍ နေကြကုန်လော့၊ ရဟန်းတို့သိက္ခာဟူသော အကျိုးရှိကုန်သည် ပညာလွန်ကဲကုန်သည် အရဟတ္တဖိုလ်ဟူသော အနှစ်ရှိကုန်သည်သတိဟူသော အကြီး အမှူးရှိကုန်သည်ဖြစ်၍ နေကြကုန်သောသူတို့အားအရဟတ္တဖိုလ်ကိုလည်းကောင်း ကိလေသာ အကြွင်း... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.