id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,329,501
Uncategorized
ဣတိဝုတ်ပါဠိတော်
“ပြည့်စုံသောအကျင့်ရှိသော မပျက်သောတရားရှိသော ထူးကဲသော ပညာရှိသော ဇာတိကုန်ရာ နိဗ္ဗာန်ကို မြင်လေ့ရှိသော အဆုံးဖြစ်သော အတ္တဘောကို ဆောင်သော ကိလေသာမာရ်ကို စွန့်သော ထိုရဟန်းကို ဇရာ၏ ကမ်းတစ်ဖက်သို့ ရောက်သူဟု ငါ ဟောတော်မူ၏။
1,329,502
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ ထို့ကြောင့် (သင်တို့သည်) အခါ ခပ်သိမ်း နှစ်မျိုးသော ဈာန်၌ မွေ့လျော်ကြသူတည်ကြည်ကြသူ ပြင်းစွာအားထုတ်သော လုံ့လရှိကြသူ ဇာတိကုန်ရာ နိဗ္ဗာန်ကို ဉာဏ်ဖြင့် ရှုကြသူစစ်သည်နှင့် တကွသော မာရ်ကို လွှမ်းမိုး၍ ပဋိသန္ဓေ နေမှု သေမှု၏ တစ်ဖက်ကမ်း (နိဗ္ဗာန်သို့) ရောက်ကြရသူတို့သည် ဖြစ်ကြကုန်လော့”ဟု ဤဂါထာဖြင့် ဆိုအပ်၏။
1,329,503
Uncategorized
ဣတိဝုတ်ပါဠိတော်
-- ၁၀-ဇာဂရိယသုတ်
1,329,504
Uncategorized
ဣတိဝုတ်ပါဠိတော်
၄၇။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။
1,329,505
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ ရဟန်းသည် နိုးကြားမှုနှင့်ယှဉ်သူ အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိသူတည်ကြည်မှု ‘သမာဓိ’ ရှိသူ ဝမ်းမြောက်မှုများသူ ကောင်းစွာ ကြည်လင်သူ ဖြစ်၍လည်း နေရာ၏။
1,329,506
Uncategorized
ဣတိဝုတ်ပါဠိတော်
ထိုကမ္မဋ္ဌာန်းအားထုတ်ရာဝယ် ကုသိုလ်တရားတို့၌ အခါအားလျော်စွာ အထူးရှုလျက်လည်း နေရာ၏။
1,329,507
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ နိုးကြားမှုနှင့်ယှဉ်သူ အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိသူတည်ကြည်မှု ‘သမာဓိ’ ရှိသူ ဝမ်းမြောက်မှုများသူ ကောင်းစွာ ကြည်လင်သူ ထိုကမ္မဋ္ဌာန်းအားထုတ်ရာဝယ် ကုသိုလ်တရားတို့၌ အခါအားလျော်စွာ အထူးရှုလျက်နေသူ ရဟန်းအားအရဟတ္တဖိုလ်ကိုလည်းကောင်း၊ ကိလေသာအကြွင်းရှိ သေးမူ အနာဂါမိဖိုလ်ကိုလည်းကောင်းဤနှစ်ပါးသော ဖိုလ်တို...
1,329,508
Uncategorized
ဣတိဝုတ်ပါဠိတော်
“နိုးကြားကြကုန်သော သင်တို့သည် ဤငါ၏ စကားကို နာကြကုန်လော့၊ အိပ်ပျော်နေကြကုန်သော သင်တို့သည် နိုးကြားကြကုန်လော့၊ အိပ်ပျော်ခြင်းထက် နိုးကြားခြင်းသည် မြတ်၏။
1,329,509
Uncategorized
ဣတိဝုတ်ပါဠိတော်
နိုးကြားသောသူအားဘေးမရှိ။
1,329,510
Uncategorized
ဣတိဝုတ်ပါဠိတော်
အကြင်သူသည် နိုးလည်းနိုးကြား၏။
1,329,511
Uncategorized
ဣတိဝုတ်ပါဠိတော်
အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'လည်း ရှိ၏။
1,329,512
Uncategorized
ဣတိဝုတ်ပါဠိတော်
တည်ကြည်မှု ‘သမာဓိ'လည်း ရှိ၏။
1,329,513
Uncategorized
ဣတိဝုတ်ပါဠိတော်
ဝမ်းမြောက်မှုများ၍ ကြည်လင်သော စိတ်လည်း ရှိ၏။
1,329,514
Uncategorized
ဣတိဝုတ်ပါဠိတော်
ထိုသူသည် အခါအားလျော်စွာ အသင့်အားဖြင့် တရားကို စူးစမ်းရှာဖွေလျက်ငြိမ်သက်တည်ကြည်သည့်အဖြစ်သို့ ရောက်ကာ အဝိဇ္ဇာဟူသော အမိုက်တိုက်ကို ပယ်ဖျောက်နိုင်ရာ၏။
1,329,515
Uncategorized
ဣတိဝုတ်ပါဠိတော်
ထို့ကြောင့် ဤလောက၌ နိုးကြားသူကိုသာ ဆည်းကပ်ရာ၏။
1,329,516
Uncategorized
ဣတိဝုတ်ပါဠိတော်
ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသော ရင့်ကျက်သော ပညာရှိသော ဈာန်ရသော ရဟန်းသည် ပဋိသန္ဓေနေခြင်းအိုခြင်း၏ (အကြောင်း) သံယောဇဉ်ကို ဖြတ်တောက်၍ ဤဘဝ၌ပင် အတုမရှိမြတ်သော အရဟတ္တမဂ်ဉာဏ်သို့ ရောက်ရာ၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။
1,329,517
Uncategorized
ဣတိဝုတ်ပါဠိတော်
-- ၁၁-အာပါယိကသုတ်
1,329,518
Uncategorized
ဣတိဝုတ်ပါဠိတော်
၄၈။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။
1,329,519
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ ဤဆိုလတ္တံ့သော အကြောင်းတရားနှစ်ပါးကို မပယ်နိုင်၍ အပါယ်၌ ဖြစ်ရမည့် ငရဲ၌ ဖြစ်ရ မည့်ပုဂ္ဂိုလ်တို့သည် ဤနှစ်ယောက်တို့တည်း။
1,329,520
Uncategorized
ဣတိဝုတ်ပါဠိတော်
အဘယ်နှစ်ယောက်တို့နည်း- အကြင်သူသည်ကား မြတ်သောအကျင့်ကို မကျင့်ဘဲလျက် မြတ်သောအကျင့်ကို ကျင့်၏ဟု ဝန်ခံ၏။
1,329,521
Uncategorized
ဣတိဝုတ်ပါဠိတော်
အကြင်သူသည်ကား ထက်ဝန်းကျင်ပြည့်စုံ၍ ဖြူစင်သော မြတ်သောအကျင့်ကို ကျင့်သောသူကို အခြေအမြစ်မရှိသော မမြတ်သောအကျင့်ဖြင့် စွပ်စွဲနှိပ်စက် ဖျက်ဆီး၏။
1,329,522
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ ဤယုတ်မာသောတရားတို့ကို မပယ်နိုင်၍ အပါယ်၌ ဖြစ်ရမည့်ငရဲ၌ ဖြစ်ရမည့် ပုဂ္ဂိုလ်တို့သည် ဤနှစ်ယောက်တို့တည်း။
1,329,523
Uncategorized
ဣတိဝုတ်ပါဠိတော်
“မဟုတ်မမှန်ပြောဆိုသောသူသည်လည်း ငရဲသို့ ရောက်ရ၏။
1,329,524
Uncategorized
ဣတိဝုတ်ပါဠိတော်
ထိုသူနှစ်ယောက်တို့သည်လည်း ယုတ်သော အမှုရှိကုန်သည်ဖြစ်၍ နောင်တမလွန်ဘဝ၌ ငရဲခံရခြင်း တူကုန်၏။
1,329,525
Uncategorized
ဣတိဝုတ်ပါဠိတော်
ယုတ်မာသော သဘောရှိကုန်သည်ဖြစ်၍ (ကိုယ်နှုတ်နှလုံးကို) မစောင့်စည်းကုန်သော သင်္ကန်းကို လည်ပင်း၌ ပတ်ကြကုန်သော များစွာသော ထိုသူယုတ်မာတို့သည် ယုတ်မာသော မကောင်းမှုတို့ကြောင့် ငရဲသို့ ကျရောက်ရကုန်၏။
1,329,526
Uncategorized
ဣတိဝုတ်ပါဠိတော်
သီလလည်းမရှိ၊ ကိုယ်နှုတ်နှလုံးကိုလည်း မစောင့်စည်းဘဲ တိုင်းသူပြည် သားတို့သဒ္ဓါကြည်ဖြူပေးလှူအပ်သော ဆွမ်းကို စားရခြင်းထက် မီးလျှံကဲ့သို့ ပူလောင်သော သံတွေခဲကို စားရခြင်းက သာ၍ ကောင်းမြတ်သေး၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။
1,329,527
Uncategorized
ဣတိဝုတ်ပါဠိတော်
-- ၁၂-ဒိဋ္ဌိဂတသုတ်
1,329,528
Uncategorized
ဣတိဝုတ်ပါဠိတော်
၄၉။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။
1,329,529
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ နှစ်ပါးသော ဒိဋ္ဌိအယူတို့ဖြင့် နှိပ်စက်ခံရသော နတ်လူအချို့တို့သည် တွန့်တိုဆုတ်နစ်ကုန်၏။
1,329,530
Uncategorized
ဣတိဝုတ်ပါဠိတော်
အချို့တို့သည်ကား လွန်၍ ပြေးသွားကုန်၏။
1,329,531
Uncategorized
ဣတိဝုတ်ပါဠိတော်
စက္ခုအမြင်ရှိသူတို့သည်ကား မဇ္ဈိမပဋိပဒါဖြင့် မျက့်မှောက်ပြုနိုင်ကုန်၏။
1,329,532
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ အဘယ်သို့လျှင် အချို့သူတို့သည် တွန့်တိုဆုတ်နစ်ကုန်သနည်း¿ ရဟန်းတို့ နတ်လူတို့သည် ဘဝလျှင် မွေ့လျော်ရာ ရှိကုန်၏။
1,329,533
Uncategorized
ဣတိဝုတ်ပါဠိတော်
ဘဝ၌ မွေ့လျော်တတ်ကုန်၏။
1,329,534
Uncategorized
ဣတိဝုတ်ပါဠိတော်
ဘဝ၌ နှစ်သက်တတ်ကုန်၏။
1,329,535
Uncategorized
ဣတိဝုတ်ပါဠိတော်
ထိုသူတို့အား ဘဝချုပ်ရန်အတွက် တရားဟောပြောသည်ရှိသော် စိတ်သည် မသက်ဝင် မကြည်လင် ကောင်းစွာ မတည် နှလုံးမသွင်း၊ ရဟန်းတို့ ဤသို့လျှင် အချို့သူတို့သည် တွန့်တိုဆုတ်နစ်ကုန်၏။
1,329,536
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ အဘယ်သို့လျှင် အချို့သူတို့သည် လွန်၍ ပြေးသွားကုန်သနည်း¿ အချို့သူတို့သည် ဘဝဖြင့်ပင် ငြီးငွေ့ကုန် ဘဝမှ ရှက်နိုးကုန် ဘဝ၌ စက်ဆုပ်ကုန်သည်ဖြစ်၍ ဘဝကင်းပြတ်ခြင်းကို နှစ်သက်ကုန်၏။
1,329,537
Uncategorized
ဣတိဝုတ်ပါဠိတော်
အချင်းတို့ အကြင့်ကြောင့် ဤအတ္တသည် ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ပြတ်၏။
1,329,538
Uncategorized
ဣတိဝုတ်ပါဠိတော်
ပျက်စီး၏။ သေသည်မှ နောက်၌ မဖြစ်တော့၊ ဤတရားသည် ငြိမ်း၏။
1,329,539
Uncategorized
ဣတိဝုတ်ပါဠိတော်
ဤတရားသည် မြတ်၏။
1,329,540
Uncategorized
ဣတိဝုတ်ပါဠိတော်
ဤတရားသည် မဖောက်မပြန်မှန်ကန်သော သဘော ရှိ၏။
1,329,541
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ ဤသို့လျှင် အချို့သူတို့သည် လွန်၍ ပြေးသွားကုန်၏။
1,329,542
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ အဘယ်သို့လျှင် စက္ခုအမြင်ရှိသောသူတို့သည် မဇ္ဈိမပဋိပဒါဖြင့် မျက်မှောက်ပြုနိုင်ကုန်သနည်း¿ ဤသာသနာတော်၌ ရဟန်းသည် ဟုတ်မှန်သော ခန္ဓာငါးပါးကိုဟုတ်မှန်သောအားဖြင့် မြင်၏။
1,329,543
Uncategorized
ဣတိဝုတ်ပါဠိတော်
ဟုတ်မှန်သော ခန္ဓာငါးပါးကိုဟုတ်မှန်သောအားဖြင့် မြင်ခြင်းကြောင့် ဟုတ်မှန်သော ခန္ဓာငါးပါးကို ငြီးငွေ့ရန် တပ်ခြင်းကင်းရန် ချုပ်ရန် ကျင့်၏။
1,329,544
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ ဤသို့လျှင် စက္ခုအမြင်ရှိသောသူတို့သည် မဇ္ဈိမပဋိပဒါဖြင့် မျက်မှောက်ပြုကုန်၏။
1,329,545
Uncategorized
ဣတိဝုတ်ပါဠိတော်
“အကြင်သူတို့သည် ဟုတ်မှန်သော ခန္ဓာငါးပါးကိုဟုတ်မှန်သောအားဖြင့် မြင်ခြင်းကြောင့် ဟုတ်မှန်သော ခန္ဓာငါးပါးကို လွန်မြောက်လျက် ဘဝတဏှာကုန်ခြင်းကြောင့် ဟုတ်မှန်သော နိဗ္ဗာန်ကို (အာရုံပြု၍) ကိလေသာမှ လွတ်မြောက်ကုန်၏။
1,329,546
Uncategorized
ဣတိဝုတ်ပါဠိတော်
ခန္ဓာငါးပါးကို ပိုင်းခြား၍သိသော ဘဝကြီးငယ်၌ တဏှာကင်းသော ထိုရဟန်းသည် ခန္ဓာငါးပါး၏မဖြစ်ခြင်းကြောင့် တစ်ဖန် ဘဝသစ်သို့ မရောက်”ဟု ဤဂါထာဖြင့် ဆိုအပ်၏။
1,329,547
Uncategorized
ဣတိဝုတ်ပါဠိတော်
ဒုကနိပါတ် မြန်မာပြန် ပြီး၏။
1,329,548
Uncategorized
ဣတိဝုတ်ပါဠိတော်
-- ၃-တိကနိပါတ်
1,329,549
Uncategorized
ဣတိဝုတ်ပါဠိတော်
၁-ပဌမဝဂ် ၁-မူလသုတ်
1,329,550
Uncategorized
ဣတိဝုတ်ပါဠိတော်
၅၀။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။
1,329,551
Uncategorized
ဣတိဝုတ်ပါဠိတော်
ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ်ကြားနာခဲ့ရပါသည်-
1,329,552
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ အကုသိုလ်မူလတို့သည် ဤသုံးပါးတို့တည်း။
1,329,553
Uncategorized
ဣတိဝုတ်ပါဠိတော်
အဘယ်သုံးပါးတို့နည်း- လောဘဟူသော အကုသိုလ်မူလ ဒေါသဟူသော အကုသိုလ်မူလ မောဟဟူသော အကုသိုလ်မူလတို့တည်း။
1,329,554
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့အကုသိုလ်မူလတို့သည် ဤသုံးပါးတို့တည်း။
1,329,555
Uncategorized
ဣတိဝုတ်ပါဠိတော်
“လောဘသည်လည်းကောင်း၊ ဒေါသသည်လည်းကောင်း၊ မောဟသည်လည်းကောင်း မိမိ၌ ဖြစ်ကုန်သော ဤတရားတို့သည် ဝါးပင်ကို မိမိအသီးသည်ပင် ဖျက်ဆီးသကဲ့သို့ ယုတ်မာသော စိတ်ရှိသူကို ဖျက်ဆီးကုန်၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။
1,329,556
Uncategorized
ဣတိဝုတ်ပါဠိတော်
ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ်ကြားနာခဲ့ရပါသည်။
1,329,557
Uncategorized
ဣတိဝုတ်ပါဠိတော်
၂-ဓာတုသုတ်
1,329,558
Uncategorized
ဣတိဝုတ်ပါဠိတော်
၅၁။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။
1,329,559
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ ဓာတ်တို့သည် ဤသုံးပါးတို့တည်း။
1,329,560
Uncategorized
ဣတိဝုတ်ပါဠိတော်
အဘယ်သုံးပါးတို့နည်း- ရူပဓာတ် အရူပဓာတ်နိရောဓဓာတ်တို့တည်း။
1,329,561
Uncategorized
ဣတိဝုတ်ပါဠိတော်
“အကြင်သူတို့သည် ရူပဓာတ်ကို ပိုင်းခြားသိ၍ အရူပဓာတ်တို့၌ မကပ်ငြိဘဲ နိရောဓဓာတ်၌ အာရုံပြုကာ အရိယမဂ်ဖြင့် ကိလေသာမှ လွတ်ကုန်၏။
1,329,562
Uncategorized
ဣတိဝုတ်ပါဠိတော်
ထိုသူတို့သည် သေခြင်းမှ လွန်မြောက်ကုန်၏။
1,329,563
Uncategorized
ဣတိဝုတ်ပါဠိတော်
အာသဝေါကင်းတော်မူပြီးသော မြတ်စွာဘုရားသည် နာမကာယဖြင့် ဥပဓိကင်းသော အမတဓာတ်သို့ ရောက်တော်မူ၍ ဥပဓိတို့၏ စွန့်လွှတ်ရာ နိဗ္ဗာန်ကို မျက် မှောက်ပြုပြီးလျှင် စိုးရိမ်မှုကင်းသော ကိလေသာမြူကင်းသော နိဗ္ဗာန်တရားကို ဟောတော်မူ၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။
1,329,564
Uncategorized
ဣတိဝုတ်ပါဠိတော်
-- ၃-ပဌမဝေဒနာသုတ်
1,329,565
Uncategorized
ဣတိဝုတ်ပါဠိတော်
၅၂။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။
1,329,566
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ ဝေဒနာတို့သည် ဤသုံးပါးတို့တည်း။
1,329,567
Uncategorized
ဣတိဝုတ်ပါဠိတော်
အဘယ်သုံးပါးတို့နည်း-သုခဝေဒနာ ဒုက္ခဝေဒနာဥပေက္ခာဝေဒနာတို့တည်း။
1,329,568
Uncategorized
ဣတိဝုတ်ပါဠိတော်
“မြတ်စွာဘုရား၏ တပည့်သည် တည်ကြည်မှု ‘သမာဓိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'အောက်မေ့မှု ‘သတိ’ ရှိသည်ဖြစ်၍ ဝေဒနာတို့ကိုလည်းကောင်း၊ ဝေဒနာတို့၏ဖြစ်ကြောင်း ‘သမုဒယ'ကိုလည်းကောင်း၊ ဝေဒနာတို့၏ချုပ်ရာ ‘နိရောဓ'ကိုလည်းကောင်း၊ ဝေဒနာတို့၏ ကုန်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်းဖြစ်သော အရိယမဂ်ကိုလည်းကောင်း ပိုင်းခြား၍သိ၏။
1,329,569
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းသည် ဝေဒနာတို့၏ကုန်ခြင်းကြောင့် တဏှာကင်းသည်ဖြစ်၍ ကိလေသပရိနိဗ္ဗာန် ခန္ဓပရိနိဗ္ဗာန်ဖြင့်ပရိနိဗ္ဗာန်ပြုရ၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။
1,329,570
Uncategorized
ဣတိဝုတ်ပါဠိတော်
၄-ဒုတိယဝေဒနာသုတ်
1,329,571
Uncategorized
ဣတိဝုတ်ပါဠိတော်
၅၃။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။
1,329,572
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ သုခဝေဒနာကို ဆင်းရဲဟူ၍ ရှုအပ်၏။
1,329,573
Uncategorized
ဣတိဝုတ်ပါဠိတော်
ဒုက္ခဝေဒနာကို ငြောင့်တံကျင်ဟူ၍ ရှုအပ်၏။
1,329,574
Uncategorized
ဣတိဝုတ်ပါဠိတော်
ဥပေက္ခာဝေဒနာကို အနိစ္စဟူ၍ ရှုအပ်၏။
1,329,575
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ အကြင့်ကြောင့် ရဟန်းသည် သုခဝေဒနာကို ဆင်းရဲဟူ၍ မြင်၏။
1,329,576
Uncategorized
ဣတိဝုတ်ပါဠိတော်
ဒုက္ခဝေဒနာကို ငြောင့်တံကျင်ဟူ၍ မြင်၏။
1,329,577
Uncategorized
ဣတိဝုတ်ပါဠိတော်
ဥပေက္ခာဝေဒနာကို အနိစ္စဟူ၍ မြင်၏။
1,329,578
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ ထို့ကြောင့် ဤရဟန်းကို ဖြူစင်၍ ကောင်းသော အမြင်ရှိသူ တဏှာပြတ်ပြီးသူသံယောဇဉ်ကင်းပြီးသူ အကြွင်းမဲ့မာနကို ပယ်ခြင်းကြောင့် ဆင်းရဲအဆုံးကို ပြုပြီးသူဟု ဆိုအပ်၏။
1,329,579
Uncategorized
ဣတိဝုတ်ပါဠိတော်
-- “အကြင်သူသည် သုခဝေဒနာကို ဆင်းရဲဟူ၍ မြင်၏။
1,329,580
Uncategorized
ဣတိဝုတ်ပါဠိတော်
ဒုက္ခဝေဒနာကို ငြောင့်တံ ကျင်ဟူ၍ မြင်၏။
1,329,581
Uncategorized
ဣတိဝုတ်ပါဠိတော်
ငြိမ်သက်သော ဥပေက္ခာဝေဒနာကို အနိစ္စဟူ၍ မြင်၏။
1,329,582
Uncategorized
ဣတိဝုတ်ပါဠိတော်
ဝေဒနာသုံးပါးတို့ကို ကောင်းစွာ မြင်ပြီးသော ထိုရဟန်းသည် ထိုဝေဒနာ၌ သမုစ္ဆေဒဝိမုတ္တိအားဖြင့်လွတ်မြောက်၏။
1,329,583
Uncategorized
ဣတိဝုတ်ပါဠိတော်
ထို့ကြောင့် ထိုရဟန်းသည် အဘိညာဉ် ကိစ္စ ပြီးဆုံးပြီး၍ ငြိမ်းအေးပြီးလျှင်ယောဂလေးပါးကို လွန်မြောက်ပြီးသူဖြစ်၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။
1,329,584
Uncategorized
ဣတိဝုတ်ပါဠိတော်
၅-ပဌမဧသနာသုတ်
1,329,585
Uncategorized
ဣတိဝုတ်ပါဠိတော်
၅၄။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။
1,329,586
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့တည်း။
1,329,587
Uncategorized
ဣတိဝုတ်ပါဠိတော်
အဘယ်သုံးပါးတို့နည်း-ကာမကို ရှာမှီးခြင်း၊ ဘဝကို ရှာမှီးခြင်း၊ အကျင့်မြတ်ကို ရှာမှီးခြင်းတို့တည်း။
1,329,588
Uncategorized
ဣတိဝုတ်ပါဠိတော်
“မြတ်စွာဘုရား၏ တပည့်သည် တည်ကြည်မှု ‘သမာဓိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'အောက်မေ့မှု ‘သတိ’ ရှိသည်ဖြစ်၍ ရှာမှီးခြင်းတို့ကိုလည်းကောင်း၊ ရှာမှီးခြင်းတို့၏ဖြစ်ကြောင်း ‘သမုဒယ'ကိုလည်းကောင်း၊ ရှာမှီးခြင်းတို့၏ချုပ်ရာ ‘နိရောဓ'ကိုလည်းကောင်း၊ ရှာမှီးခြင်းတို့၏ကုန်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်းဖြစ်သော အရိယမဂ်ကိုလည်းကောင်း ပိုင်းခြား၍သိ၏။
1,329,589
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းသည် ရှာမှီးခြင်းတို့၏ကုန်ခြင်းကြောင့် တဏှာကင်းသည်ဖြစ်၍ ကိလေသပရိနိဗ္ဗာန်ခန္ဓပရိနိဗ္ဗာန်ဖြင့် ပရိနိဗ္ဗာန်ပြုရ၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။
1,329,590
Uncategorized
ဣတိဝုတ်ပါဠိတော်
-- ၆-ဒုတိယဧသနာသုတ်
1,329,591
Uncategorized
ဣတိဝုတ်ပါဠိတော်
၅၅။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။
1,329,592
Uncategorized
ဣတိဝုတ်ပါဠိတော်
“အကျင့်မြတ်ကို ရှာမှီးခြင်းနှင့်တကွ ကာမကို ရှာမှီးခြင်း ဘဝကို ရှာမှီးခြင်းဟု ရှာမှီးခြင်းသုံးပါးတို့တည်း။
1,329,593
Uncategorized
ဣတိဝုတ်ပါဠိတော်
ဤသည်သာမှန်၏ဟု အမှားသုံးသပ်ခြင်းသည် ဒိဋ္ဌိလျှင် အကြောင်းရှိ၏။
1,329,594
Uncategorized
ဣတိဝုတ်ပါဠိတော်
(ကိလေသာ) အဆင့်ဆင့် တိုးပွါး၏။
1,329,595
Uncategorized
ဣတိဝုတ်ပါဠိတော်
ရာဂအားလုံးတို့မှ ကင်းသောတဏှာကုန်ရာ အရဟတ္တဖိုလ် ‘ဝိမုတ္တိ’ ရှိသော ရဟန္တာပုဂ္ဂိုလ်သည် ရှာမှီးခြင်းတို့ကို စွန့်လွှတ်၏။
1,329,596
Uncategorized
ဣတိဝုတ်ပါဠိတော်
ဒိဋ္ဌိဟူသောတည်ရာအကြောင်းတို့ကို ပယ်နုတ်၏။
1,329,597
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းသည် ရှာမှီးခြင်းတို့၏ကုန်ခြင်းကြောင့် အလိုအာသာ မရှိသူသို့လောသို့လော တွေးတောမှု မရှိသူဖြစ်၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။
1,329,598
Uncategorized
ဣတိဝုတ်ပါဠိတော်
၇-ပဌမအာသဝသုတ်
1,329,599
Uncategorized
ဣတိဝုတ်ပါဠိတော်
၅၆။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။
1,329,600
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ အာသဝတို့သည် ဤသုံးပါးတို့တည်း။