id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,330,701
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
မြတ်စွာဘုရားသည် ဆွမ်းစားစရပ်သို့ဝင်တော်မူ၍ ခင်းအပ်သော မြတ်သောဘုရားနေရာတော်၌ ရဟန်း သံဃာနှင့်တကွ နေတော်မူ၏။
1,330,702
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
သူဌေးကြီးသည် ဘုရားအမှူးရှိသောရဟန်း သံဃာအား အလှူရေစက်ကိုသွန်း၏။
1,330,703
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
သူဌေးကြီးမယားသည်လည်း မြတ်စွာဘုရားသပိတ်တော်၌ မုန့်ကိုထည့်၏။
1,330,704
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
မြတ်စွာဘုရားသည် ကိုယ်တော်မြတ်လောက်ရုံသော မုန့်ကိုခံတော်မူ၏။
1,330,705
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ငါးရာကုန်သောရဟန်းတို့သည် မြတ်စွာဘုရားအတူသာလျှင် ခံကုန်၏။
1,330,706
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
သူဌေးကြီးသည် လှူအပ်ကုန်သော နို့ရည် ထောပတ် ပျား တင်လဲ သကာ အစရှိသည်တို့သည် ကုန်ခြင်းသို့ မရောက်ကုန်၊ မြတ်စွာဘုရားသည် ငါးရာကုန်သော ရဟန်းတို့နှင့်တကွ ဆွမ်းစားခြင်းကိုပြီးစေတော်မူ၏။
1,330,707
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
သူဌေးကြီးသည်လည်း သူဌေးမနှင့်တကွ အလိုရှိတိုင်းစား၏။
1,330,708
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
မုန့်တို့၏ကုန်ခြင်းသည် မထင်သည်သာလျှင်တည်း။
1,330,709
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
အလုံးစုံသောကျောင်း၌ ရဟန်းတို့အား၎င်း, စားကြွင်းစားတို့အား၎င်း ပေးသော်လည်း ကုန်ဆုံးခြင်းသည် မထင်၊ အရှင်ဘုရား မုန့်တို့သည် ကုန်ခြင်းသို့မရောက်နိုင်ကုန်ပြီဟု မြတ်စွာဘုရားအား လျှောက်ကုန်၏။
1,330,710
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ညထိုသို့တပြီးကား ဇေတဝန် ကျောင်းတော်တံခါးမုတ်၌ စွန့်ကုန်လောဟု မိန့်တော်မူ၏။
1,330,711
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ထိုအခါ မုံတို့ကို တံခါးမုတ်၏အနီး ချိုင့်ဝှမ်းရာအရပ်၌ စွန့်ကုန်၏။
1,330,712
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ယနေ့ထက်တိုင်လည်း ထိုအရပ်သည် အိုးကင်းကြော်မုန့်တို့ကို စွန့်ရာကျင်းဟူ၍သာလျှင် ထင်ရှား၏။
1,330,713
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
သူဌေးကြီးသည် မယားနှင့်တကွ မြတ်စွာဘုရားသို့ဆည်းကပ်၍ တင့်အပ်သောအရပ်၌တည်၏။
1,330,714
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
မြတ်စွာဘုရားသည် တရားဟောတော်မူ၏။
1,330,715
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
တရားတော်၏အဆုံး၌ သူဌေးလင်မယားနှစ်ယောက်တို့သည်လည်း သောတာပတ္တိဖိုလ်၌တည်၍ မြတ်ဘုရားကို ရှိခိုးပြီးလျှင် တံခါးမုတ်အနီး စောင်းတန်းသို့တက်၍ မိမိတို့၏ ပြာသာဒ်၌ သာလျှင် တည်ကုန်၏။
1,330,716
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ထိုအခါမှစ၍ မစ္ဆရိယသူဌေးကြီးသည် ကုဋေရှစ်ဆယ်သောဥစ္စာကို မြတ်စွာဘုရားသာသနာတော်၌သာလျှင် လှူဒါန်းပူဇော်၏။
1,330,717
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
နက်ဖြန်နေ့၌ မြတ်စွာဘုရားသည် သာဝတ္ထိမြို့၌ဆွမ်းခံတော်မူပြီးလျှင် ဇေတဝန်ကျောင်းတော်သို့လာတော်မူလတ်၍ ရဟန်းသံဃာအား ဘုရားတို့၏အဆုံးအမကို ပေးတော်မူပြီးလျှင် ဂန္ဓကုဋိဝင်တော်မူ၍ ဖလသမာပတ်ကို ဝင်စားတော်မူသည်ရှိသော် ညချမ်းအခါ တရားသဘင်၌ စည်းဝေးကုန်သောရဟန်းတို့သည် ငါ့သျှင်တို့ မဟာမောဂ္ဂလာန်၏တန်ခိုးကို ကြည့်ကြပါကုန်လော၊ မစ္ဆရိယသူဌေး...
1,330,718
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
မထေရ်သည် အာနုဘော်ကြီး၏ဟု မဟာမောဂ္ဂလာန်မထေရ်၏ ကျေးဇူးစကားကို ပြောဆိုလျက်နေကြကုန်၏။
1,330,719
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
မြတ်စွာဘုရားသည် ကြွတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မိန့်တော်မူ၍ ဤမည်သော စကားဖြင့်စည်းဝေးကြပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ဒါယကာတို့ကို ဆုံးမသော ရဟန်းမည်သည်ကား ဒါယကာတို့ကို မညှဉ်းဆဲမူ၍ မပင်ပန်းစေမူ၍ ပန်းပွင့်မှပန်းယက်ယူသော ပျားပိတုန်းကဲ့သို့ ဒါယကာတို့သို့ကပ်ပြီးလျှင် ဘုရားဂုဏ်...
1,330,720
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ယထာပိ ဘမရော ပုပ္ဖံ၊ ဝဏ္ဏဂန္ဓမဟေဌေယံ။
1,330,721
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ဟူသော ဓမ္မပဒ၌လာသောဤဂါထာကို ဟောတော်မူ၏။
1,330,722
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ပုပ္ဖံ-ပုပ္ဖဿ၊ ပန်းပွင့်၏။
1,330,723
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ဝဏ္ဏဂန္ဓံ၊ အဆင်းအနံ့ကို။
1,330,724
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ရသံ၊ ပန်းယက်ကို။
1,330,725
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ပလေတိ ယထာပိ၊ ပျံသကဲ့သို့လည်း။
1,330,726
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ဤသို့ ဟောတော်မူပြီး၍အလွန်လည်း မဟာမောဂ္ဂလာန်မထေရ်၏ ဂုဏ်ကျေးဇူးကိုပြတော်မူအံ့သောငှါ ရဟန်းကို ယခုအခါ၌သာလျှင် မဟာမောဂ္ဂလာန်သည် ဤမစ္ဆရိယသူဌေးကြီးကို ဆုံးမသည် မဟုတ်သေး၊ ရှေး၌လည်း ထိုမစ္ဆရိယသူဌေးကို ဆုံးမ၍ ကံ ကံ၏အကျိုးနှင့်စပ်သည်ကို သိစေဘူးသည်သလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
1,330,727
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ရာဇဂြိုဟ်ပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဣလ္လိသမည်သော ကုဋေရှစ်ဆယ်ကြွယ်သောသူဌေးသည် ဖြစ်၏။
1,330,728
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ထိုဣလ္လိသသူဌေးသည် ယောက်ျားယုတ်တို့၏အပြစ်နှင့်ပြည့်စုံ၏။
1,330,729
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ခွင်သော ခြေရှိ၏။
1,330,730
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ကောက်သော လက်ရှိ၏။
1,330,731
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
စေ့သော မျက်စိရှိ၏။
1,330,732
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
သဒ္ဓါခြင်းမရှိ၊ ကြည်ညိုခြင်းမရှိ၊ ဝန်တို့၏။
1,330,733
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
သူတပါးတို့အား မပေးသလျင်ကတည်း၊ မိမိသည်လည်း မသုံးဆောင်သလျှင်ကတည်း၊ ရက္ခိုသ်စောင့်သော ရေကန်ကဲ့သို့ ထိုဣလ္လိသသူဌေး၏အိမ်သည်ဖြစ်၏။
1,330,734
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ထိုဣလ္လိသသူဌေး၏ အမိအဘတို့သည်ကား အမျိုးခုနစ်ဆက်တိုင်အောင် အလှူပေးတတ်သော အလှူရှင်တို့သည် ဖြစ်ကုန်၏။
1,330,735
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ထိုဣလ္လိသသည် သူဌေးအရာကိုရ၍သာလျှင် အမျိုး၏အနွယ်ကို ဖျက်ဆီး၍ ဒလှူတင်းကုပ်ကိုမီးတိုက်၍ အလှူခံတို့ကိုပုတ်ခတ်၍ နှင်ထုတ်၍ ဥစ္စာကိုသာလျှင်တည်စေ၏။
1,330,736
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ထိုဣလ္လိသသူဌေးသည် တနေ့သ၌ မင်းခစားအံ့သောငှါသွား၍။
1,330,737
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
မိမိအိမ်သို့လာခဲ့သည်ရှိသော် တယောက်သော ခရီးပင်ပန်းသောလူသည် တခုသော သုရာခွက်ကိုယူ၍ အင်းပျဉ်၌ ထိုင်၍ ခြင်သောသုရာခွက်ကိုပြည့်စေ၍ ငါးပုပ်ခတ်သောဟင်းလျာဖြင့် သောက်သည်ကိုမြင်၍ သုသောက်လိုသည်ဖြစ်၍ ငါသည် သုရာကို အကယ်၍ သောက်အံ့၊ ငါသောက်သည်ရှိသော် များစွာသောသူတို့သည် သောက်လိုသည် ဖြစ်ကုန်လတ္တံ့၊ ဤသို့ သောက်သည်ရှိသော် ငါ့အား ဥစ္စာကုန်...
1,330,738
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ကြံပြီး၍ ထိုဣလ္လိသသူဌေးသည် သေသောက်ခြင်းကို သည်းခံလျက်သွား၏။
1,330,739
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ရှည်မြင့်သောကာလ ရောက်လတ်သော် သည်းခံအံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ ကြိတ်အပ်သောဝါဂွမ်းကဲ့သို့ ဖြော့တော့သော ကိုယ်ရှိသည်ဖြစ်၏။
1,330,740
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
အကြောပြိုင်းပြိုင်း ထသောကိုယ်ရှိသည် ဖြစ်၏။
1,330,741
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ထိုအခါ တနေ့သ၌ တိုက်ခန်းသို့ဝင်ပြီးလျှင် ညောင်စောင်းငယ်ကိုဖက်၍ လျောင်း၏။
1,330,742
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ထိုဣလ္လိသသူဌေးကို မယားသည်ချဉ်းကပ်၍ ကျောက်ကိုဆုပ်နယ်လျှက် အရှင်သင့်အား အဘယ် မချမ်းသာသနည်းဟု မေး၏။
1,330,743
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
အလုံးစုံသောစကားကို အောက်၌ ဆိုအပ်ပြီးသော နည်းဖြင့်သာလျှင် သိအပ်၏။
1,330,744
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ထိုသို့တပြီးကား သင်တယောက်တည်းသာလျှင် သောက်လောက်သောသေကို ပေးအံ့ဟုဆိုသည်ရှိသော် အိမ်၌ သုရာကိုစီရင်သဖြင့် များစွာကုန်သောသူတို့သည် တောင့်တကုန်လတ္တံ့၊ အိမ်ဈေးမှ ဆောင်စေ၍လည်း အိမ်၌နေ၍သောက်အံ့သောငှါ မတတ်နိုင်ဟု ကြံ၍ တပဲမျှသောဥစ္စာကိုပေး၍ အိမ်ဈေးမှ သေကိုဆောင်စေ၍ အစေ အပါးကိုယူခဲ့စေပြီးလျှင် မြို့မှထွက်ခဲ့၍ မြစ်ကမ်းသို့သွား၍ ခရီ...
1,330,745
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ထို့ဣလ္လိသသူဌေး၏အဘသည်ကား ဒါနအစရှိသော ကောင်းမှုတို့ကို ပြုသည်၏အဖြစ်ကြောင့် နတ်ပြည်၌ သိကြားမင်း၏ အဖြစ်ဖြင့်ဖြစ်၏။
1,330,746
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ထိုသိကြားမင်းသည် ထိုခဏ၌ပင် ငါ၏အလှူတင်းကုပ်သည် ရှိသေးသလော မရှိပြီလောဟု ဆင်ခြင်သည်ရှိသော် ထိုအလှူတင်းကုပ်မရှိသောအဖြစ်ကိုသိ၍ ငါ၏ အမျိုးအနွယ်ကို ဖျက်ဆီး၍ အလှူတင်းကုပ်ကိုမီးတိုက်၍ အလှူခံတို့ကို နှင်ထုတ်၍ ဝန်တိုသောအဖြစ်၌တည်၍ ယခုလည်း တပါးသောသူတို့အား ပေးအပ် သည်ဖြစ်လတ္တံ့ဟု ပေးရအံ့သည်မှကြောက်သောကြောင့် ချုံသို့ဝင်၍ တယောက်တည်းသ...
1,330,747
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
မင်းကြီးသည် သူဌေးကြီး အခါမဟုတ်သည်၌ အဘယ့်ကြောင့်လာသနည်းဟုမေး၏။
1,330,748
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
အရှင်မင်းကြီး အခါမဟုတ်သည်၌ လာသည်မှန်၏။
1,330,749
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
အကျွန်ုပ်၏အိမ်၌ ကုဋေရှစ်ဆယ်ပမာဏရှိသော ဥစ္စာသည် ရှိ၏။
1,330,750
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ထိုဥစ္စာကို အရှင်မင်းကြီးသည် ဆောင်စေ၍ အရှင်မင်းကြီး၏ ဘဏ္ဍာတိုက်ကိုပြည့်စေလောဟု ဆိုသည်ရှိသော် သူဌေးကြီး ငါသည် အလိုမရှိ၊ သင်၏ဥစ္စာထက် ငါတို့၏အိမ်၌ဥစ္စာသည် အလွန်များ၏ဟု ဆို၏။
1,330,751
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
အရှင်မင်းကြီး ရှင်မင်းကြီးတို့အား ကိစ္စသည် အကယ်၍ မရှိအံ့၊ အကျွန်ုပ်သည် အလိုရှိတိုင်းဥစ္စာကိုယူ၍ အလှူပေးအံ့ဟု ဆို၏။
1,330,752
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
သူဌေးကြီးပေးလာဟု ဆို၏။
1,330,753
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ထိုသိကြားသည် ရှင်မင်းကြီး ကောင်းပြီဟု မင်းကြီးကိုရှိခိုး၍ ထွက်ခဲ့ပြီးလျှင် ဣလ္လိသသူဌေးအိမ်သို့ သွား၏။
1,330,754
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
အလုံးစုံသော အလုပ်အကျွေးလူတို့သည် ခြံရံကုန်၍ တယောက်သောသူမျှလည်း ဤသူသည် ဣလ္လိသသူဌေးမဟုတ်ဟူ၍ သိခြင်းငှါ စွမ်းနိုင်သောသူမည်သည်မရှိ၊ ထိုသိကြားသည် အိမ်သို့ဝင်၍ တံခါးခုံအတွင်း၌ရပ်လျက် တံခါးစောင့်ကိုခေါ်၍ တပါးသော ငါနှင့်တူသောသဘောရှိသော အကြင်သူသည်လာလတ်၍ ဤအိမ်သည် ငါ့အိမ်တည်းဟု ဝင်အံ့သောငှါလာအံ့၊ ထိုသူကို ကျောက်၌ ကြိမ်ဖြင့်ရိုက်၍...
1,330,755
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ထိုသိကြားစကားကို ကြား၍သာလျှင် သူဌေးမယားသည်၎င်း, သားသ္မီးတို့သည်၎င်း ကျွန်အမှုလုပ်အစရှိသောသူတို့သည်၎င်း ဤမျှသော ကာလတိုင်အောင် အလှူပေးအံ့သောငှာ စိတ်မျှသည်ပင်လျှင် မရှိ၊ ယနေ့မူကား သေကိုသောက်၍ နူးညံ့သောစိတ်ရှိသည်ဖြစ်၍ လှူလိုသော သဘောရှိသည်ဖြစ်လတ္တံ့ဟု ဆိုကုန်၏။
1,330,756
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ထိုအခါ သိကြားကို သူဌေးမသည် အရှင်အလိုရှိတိုင်း ပေးကုန်လောဟုဆို၏။
1,330,757
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ထိုသို့တပြီးကား စည်တီးတတ်သောသူကို ခေါ်၍ ရွှေ ငွေ ပတ္တမြား ပုလဲအစရှိသည်တို့ဖြင့် အလိုရှိကုန်သော သူတို့သည် ဣလ္လိသသူဌေးအိမ်သို့ သွားစေကုန်သတည်းဟု အလုံးစုံသောမြို့၌ စည်လည်စေလေဟု ဆို၏။
1,330,758
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ထိုသူဌေးမယားသည်လည်း သိကြားဆိုတိုင်းသာလျှင်ပြုစေ၍ လူအများသည် တောင်းအိတ် အစရှိသည်တို့ကိုယူ၍ အိမ်တံခါး၌ စည်းဝေး၏။
1,330,759
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
သိကြားသည် ရတနာခုနစ်ပါးတို့ဖြင့် ပြည့်ကုန်သောတိုက်တို့ကို ဖွင့်စေ၍ သင်တို့အား ငါပေး၏။
1,330,760
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
အလိုရှိတိုင်းယူ၍ သွားကုန်လောဟု ဆို၏။
1,330,761
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
လူအများသည် ဥစ္စာကိုထုတ်၍ ကျယ်သောအပြင်၌ အစုကိုပြု၍ ဆောင်ခဲ့သောတောင်းအိတ်အစရှိသည်တို့ကို ပြည့်စေ၍ သွား၏။
1,330,762
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
တယောက်သော ဇနပုဒ်သားသည် ဣလ္လိသသူဌေး၏ နွားတို့ကို သူဌေး၏ရထား၌သာလျှင် က၍ ရတနာခုနစ်ပါးတို့ဖြင့် ပြည့်စေ၍ မြို့မှထွက်လတ်ပြီးလျှင် ခရီးမဖြင့်သွား၍ ထိုချုံ၏အနီးဖြင့် ထိုရထားကိုနှင်လျက် အရှင်ဣလ္လိသသူဌေး သင့်ကိုမှီ၍ ယခုအခါငါသည် အသက်ထက်ဆုံး အမှုကို မပြုမူ၍ အသက်မွေးအပ်သည် ဖြစ်၏။
1,330,763
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
သင်၏ရထားသာလျှင်တည်း၊ သင်၏နွားတို့တည်း၊ သင်၏ရတနာခုနစ်ပါးတို့တည်း၊ ငါ၏အမိသည် မပေးအပ်သလျှင်ကတည်း၊ ငါ၏အဘသည် မပေးအပ်သလျှင်ကတည်း၊ သင့်ကိုသာလျှင်မှီ၍ ရအပ်ကုန်၏။
1,330,764
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
အရှင်သူဌေးကြီး သင်သည် အနှစ်တရာအသက်ရှည်ပါစေသတည်းဟု သူဌေးကြီး၏ ကျေးဇူးစကားကို ဆိုလျက် သွား၏။
1,330,765
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ထိုဣလ္လိသသူဌေးသည် အသံကိုကြား၍ ကြောက်လန့်သည်ဖြစ်၍ ဤသူသည် ငါ၏နှစ်သက်ဘွယ်ကိုယူ၍ ဤမည်သောစကား ဤမည်သောစကားကို ဆို၏။
1,330,766
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ငါ၏ဥစ္စာကို မင်းကြီးသည် လူများအား ပေးလေသလောဟု ကြံ၏။
1,330,767
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ကြံပြီးလျှင် ချုံမှထွက်၍ နွားတို့ကို၎င်း ရထားတို့ကို၎င်းသိ၍ ဟယ် ကျွန်ယုတ် ငါ၏ နွားတို့တည်း၊ ငါ၏ ရထားတည်းဟု ဆို၍ နွားတို့ကို နဖားကြိုး၌ကိုင်၏။
1,330,768
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ဇနပုဒ်သားသည် ရထားမှသက်လတ်၍ ဟယ် ကျွန်ယုတ် ဣလ္လိသသူဌေးကြီးသည် အလုံးစုံသော မြို့သူမြို့သားတို့အားအလှူပေး၏။
1,330,769
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
သင်သည် အသို့ဖြစ်သနည်းဟု ပြေးလာ၍ မိုဃ်းကြိုးကျသကဲ့သို့ လည်၌ရိုက်ခတ်ပြီးလျှင် ရထားကိုယူ၍သွား၏။
1,330,770
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ထို့ဣလ္လိသသူဌေးသည် တဖန်တုန်တုန်လှုပ်လှုပ်နှင့်ထ၍ မြေမှုန့်ကိုသုတ်၍ လျှင်မြန်သဖြင့်သွား၍ ရထားကိုကိုင်၏။
1,330,771
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ဇနပုဒ်သားသည် ရထားမှသက်၍ ဆံပင်တို့၌ ကိုင်၍ ညွတ်စေပြီးလျှင် တတောင်တို့ဖြင့် ထောင်း၍ လည်၌ကိုင်ပြီးလျှင် လာရာခရီးသို့ ရှေးရူ၍ ပစ်လိုက်၍ သွား၏။
1,330,772
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ဤသို့ ထောင်းသတ်ကာမျှဖြင့် ဣလ္လိသသူဌေး၏သုရာယစ်ခြင်းသည် ပြေ၏။
1,330,773
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ထိုဣလ္လိသသူဌေးသည် တုန်လှုပ်လျက် လျှင်မြန်သဖြင့် အိမ်တံခါးသို့သွားလျက် ဥစ္စာတို့ကိုယူ၍သွားကုန်သော လူတို့ကိုမြင်၍ အချင်းတို့ ဤအမှုသည် အဘယ်မည်သောအမှုနည်း၊ မင်းကြီးသည် ငါ၏ဥစ္စာကို လုယက်စေသလောဟုဆို၍ ထိုထိုသူတို့ကိုသွား၍ ကိုင်၏။
1,330,774
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ကိုင်တိုင်းကိုင်တိုင်းသော သူတို့သည် ပုတ်ခတ်ကုန်၍ ခြေရင်း၌သာလျှင် တည်စေကုန်၏။
1,330,775
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ထိုဣလ္လိသသူဌေးသည် ဝေဒနာသို့ရောက်သည်ဖြစ်၍ အိမ်သို့ဝင်အံ့သောငှါအားထုတ်၏။
1,330,776
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
တံခါးစောင့်ရှိသည် ဟယ်သူယုတ် အဘယ်သို့ ဝင်အံ့နည်းဟုဆို၍ ဝါးခြမ်းစိတ်တို့ဖြင့်ရိုက်ခတ်ပြီးလျှင် လည်၌ကိုင်၍ ငင်ထုတ်ကုန်၏။
1,330,777
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ထိုဣလ္လိသသူဌေးသည် ယခုအခါ မင်းကိုထား၍ မင်းမှတပါးသော တစုံတယောက်သော ကိုးကွယ်ရာဖြစ်သောသူ မရှိဟု မင်း၏အထံသို့သွား၍ ရှင်မင်းကြီး အကျွန်ုပ်၏အိမ်ကို ရှင်မင်းကြီးတို့သည် လုယက်စေကုန်သလောဟု လျှောက်၏။
1,330,778
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
သူဌေးကြီး ငါ မလုယက်စေ သင်သည်ပင်လျှင်လာ၍ မင်းကြီးတို့သည် အကယ်၍ မယူကုန်အံ့၊ အကျွန်ုပ်၏ဥစ်စာကို အကျွန်ုပ်သည်ပင် အလှူပေးပါကုန်အံ့ဟုမြို့၌ စည်ကိုလည်စေ၍ လှူပေးသည် မဟုတ်လောဟု ဆို၏။
1,330,779
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ရှင်မင်းကြီး အကျွန်ုပ်သည် အရှင်မင်းကြီး၏ အထံသို့မလာရပါ၊ အရှင်မင်းကြီးတို့သည် အကျွန်ုပ်၏ ဝန်တိုသောအဖြစ်ကို မသိကုန်လော၊ အကျွန်ုပ်သည် မြက်ဖျားဖြင့် ဆီပေါက်ကိုလည်း တစုံတယောက်သောသူအား မပေး၊ အရှင်မင်းကြီး အကြင်သူသည် အလှူပေး၏။
1,330,780
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ထိုသူကိုခေါ်စေ၍ စုံစမ်းတော်မူကုန်လောဟု လျှောက်၏။
1,330,781
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
မင်းကြီးသည် သိကြားကိုခေါ်စေ၍ နှစ်ယောက်ကုန်သော သူတို့၏အထူးကို မသိသလျှင်ကတည်း၊ အမတ်တို့သည်လည်း မသိကုန်သလျှင်ကတည်း၊ ဣလ္လိသသူဌေးသည် ရှင်မင်းကြီး အသို့နည်း၊ အကျွန်ုပ်သည် ဣလ္လိသသူဌေးတည်းဟု ဆို၏။
1,330,782
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ငါတို့သည် မသိကုန် သင့်အားသိသောသူ ရှိသလောဟုဆို၏။
1,330,783
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ရှင်မင်းကြီး အကျွန်ုပ်၏မယားသည် သိပါ၏ဟုဆိုသည်ရှိသော် မယားကိုခေါ်စေ၍ သင်၏လင်သည် အဘယ်သူနည်းဟု မေး၏။
1,330,784
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ထိုမယားသည် ဤသူသည် အကျွန်ုပ်၏လင်တည်းဟုဆို၍ သိကြ၏အထံ၌သာလျှင် တည်၏။
1,330,785
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
သားတို့ကို၎င်း ကျွန်အမှုလုပ်တို့ကို၎င်းခေါ်စေ၍ မေးကုန်၏။
1,330,786
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
အလုံးစုံသောသူတို့သည် သိကြား၏အထံ၌သာ တည်ကုန်၏။
1,330,787
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
တဖန် ဣလ္လိသသူဌေးသည် ငါ၏ဦးခေါင်း၌ ဆံတို့ဖြင့်ဖုံးလွှမ်းသော မှဲ့သည် ရှိ၏။
1,330,788
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ထိုမှဲ့ကိုကား ဆတ္တာသည်သည်သာလျှင် သိ၏။
1,330,789
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ထို ဆတ္တာသည်ကို ခေါ်စေအံ့ဟု ကြံ၏။
1,330,790
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ကြံပြီးလျှင် ထိုဣလ္လိသသူဌေးသည် အရှင်မင်းကြီး အကျွန်ုပ်ကို ဆတ္တာသည်သည် သိ၏။
1,330,791
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ထို ဆတ္တာသည်ကို ခေါ်တော်မူပါစေကုန်လောဟု လျှောက်၏။
1,330,792
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ထိုအခါ၌ကား ဘုရားလောင်းသည် ထိုဣလ္လိသသူဌေး၏ ဆတ္တာသည် ဖြစ်၏။
1,330,793
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
မင်းကြီးသည် ထိုဆတ္တာသည်ကိုခေါ်စေ၍ ဣလ္လိသသူဌေးကို သင်သိ၏လောဟု မေး၏။
1,330,794
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
အရှင်မင်းကြီး ဦးခေါင်းကို ကြည့်ရမူကားသိပါ၏ဟုလျှောက်၏။
1,330,795
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ထိုသို့တပြီးကား နှစ်ယောက်ကုန်သောသူတို့၏ဦးခေါင်းကို ကြည့်လောဟု ဆို၏။
1,330,796
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ထိုခဏ၌ သိကြားသည် ဦးခေါင်း၌ မှဲ့ကို ဖန်ဆင်း၏။
1,330,797
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ဘုရားလောင်းသည် နှစ်ယောက်ကုန်သောသူတို့၏ ဦးခေါင်းကိုကြည့်သည်ရှိသော် မှဲ့ကိုမြင်၍ မြတ်သောမင်းကြီး နှစ်ယောက်ကုန်သောသူတို့၏ဦးခေါင်း၌ မှဲ့သည်ရှိသည်သာလျှင်ကတည်း၊ အကျွန်ုပ်သည် ထိုသူနှစ်ယောက်တို့တွင် တယောက်သောသူ၏ ဣလ္လိသသူဌေး၏အဖြစ်ကို သိအံ့သောငှါမတတ်နိုင်ပါဟု ဆိုလို၍-
1,330,798
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
၇၈။ ဥဘော ခဉ္ဇာ ဥဘော ကုဏီ၊ ဥဘော ဝိသမစက္ခုကာ။
1,330,799
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
၇၈။ မဟာရာဇ၊ မြတ်သောမင်းကြီး။
1,330,800
ဇာတ်နိပါတ်, မြန်မာဘာသာ
ဣလ္လိသဇာတ်
ဥဘော၊ နှစ်ယောက်ကုန်သောသူတို့သည်။