id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,330,801 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ကုဏီ၊ လက်ကောက်ကုန်၏။ |
1,330,802 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ဝိသမစက္ခုကာ၊ မျက်စိစွေကုန်၏။ |
1,330,803 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ဥဘိန္နံ၊ နှစ်ယောက်ကုန်သောသူတို့အား။ |
1,330,804 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ပိဠကာ၊ မှဲ့တို့သည်။ |
1,330,805 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ဇာတာ၊ ရှိသည်ဖြစ်ကုန်၏။ |
1,330,806 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ဣလ္လိသံ၊ ဣလ္လိသကို၊ န ပဿာမိ၊ မသိနိုင်။ |
1,330,807 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ဘုရားလောင်း၏စကားကိုကြား၍ ဤဣလ္လိသသူဌေးသည် တုန်လှုပ်လျက် ဥစ္စာ၌စိုးရိမ်ခြင်းကြောင့် သတိကိုဖြစ်စိမ့်သောငှါ မတတ်နိုင်သည်ဖြစ်၍ ထိုအရပ်၌သာလျှင် လဲ၏။ |
1,330,808 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထိုခဏ၌ သိကြားသည် မြတ်သောမင်းကြီး ငါသည် ဣလ္လိသသူဌေးမဟုတ် သိကြားဖြစ်၏ဟု ဆို၍ ကြီးစွာသော တင့်တယ်စမ္ပယ်ခြင်းဖြင့် ကောင်းကင်၌ရပ်၏။ |
1,330,809 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထို့ဣလ္လိသသူဌေး၏ မျက်နှာကို သုတ်သင်၍ ရေဖြင့်လောင်း၏။ |
1,330,810 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထိုဣလ္လိသသူဌေးသည် ထလတ်၍ သိကြား နတ်မင်းကိုရှိခိုးလျက် ရပ်၏။ |
1,330,811 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထိုအခါ ဣလ္လိသကို သိကြားမင်းသည် ဣလ္လိသ ဤဥစ္စာသည် ငါ၏ဥစ္စာတည်း၊ သင်၏ဥစ္စာမဟုတ်၊ ထိုစကားသည် မှန်၏။ |
1,330,812 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ငါသည် သင်၏အဘတည်း၊ သင်သည် ငါ၏ သားတည်း၊ ငါသည် ဒါနအစရှိသော ကောင်းမှုတို့ကိုပြု၍ သိကြားအဖြစ်သို့ ရောက်၏။ |
1,330,813 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | သင်သည်ကား ငါ၏အမျိုးအနွယ်ကို ဖြတ်ပြီးလျှင် မလှူလိုသောအလေ့ရှိသည်ဖြစ်၍ ဝန်တိုခြင်း၌တည်၍ အလှူတင်းကုပ်တို့ကို မီးတိုက်၍ အလှူခံတို့ကိုနှင်ထုတ်ပြီးလျှင် ဥစ္စာကိုသာလျှင်တည်စေ၏။ |
1,330,814 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထိုဥစ္စာကို သင်သည်လည်း မသုံးဆောင်၊ တပါးသော လူတို့အားလည်း မပေး၊ ရက္ခိုသ်စောင့်သောရေကန်ကဲ့သို့ တည်၏။ |
1,330,815 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ငါ၏အလှူတင်းကုပ်ကို ပကတိပြု၍ အလှူကို အကယ်၍လှူအံ့၊ ထိုသို့လှူမူကားကောင်း၏။ |
1,330,816 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | အကယ်၍ မလှူအံ့၊ အလုံးစုံသောသင်၏ဥစ္စာကို ကွယ်စေ၍ ဝရဇိန်လက်နက်ဖြင့် ဦးခေါင်းကိုခွဲ၍ အသက်ကုန်ခြင်းသို့ ရောက်စေအံ့ဟု ဆို၏။ |
1,330,817 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထိုဣလ္လိသသူဌေးသည် သေဘေးမှကြောက်လန့်ရကား ဤနေ့မှစ၍ အလှူပေးပါအံ့ဟု ဝန်ခံခြင်းကိုပေး၏။ |
1,330,818 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | သိကြားနတ်မင်းသည် ထိုဣလ္လိသ၏ ဝန်ခံခြင်းကိုယူ၍ ကောင်းကင်၌နေလျက် တရားဟော၍ သီလတို့၌တည်စေပြီးလျှင် မိမိနေရာ တာဝတိံသာနတ်တို့ရွာသို့သာလျှင် သွား၏။ |
1,330,819 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ဣလ္လိသသူဌေးသည်လည်း ဒါန အစရှိသော ကောင်းမှုတို့ကိုပြု၍ နတ်ပြည်သို့ လား၏။ |
1,330,820 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်းတို့ ယခုအခါ၌ သာလျှင် မောဂ္ဂလာန်သည် မစ္ဆရိယသူဌေးကို ဆုံးမသည်မဟုတ်သေး၊ ရှေး၌လည်း ဤမောဂ္ဂလာန်သည် ဤမစ္ဆရိယသူဌေးကို ဆုံးမဘူးသည် သာလျှင်တည်းဟု ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ မစ္ဆရိယသူဌေးသည် ထိုအခါ ဣလ္လိသသူဌေး ဖြစ်ဘူးပြီ၊ ယခုအခါ မောဂ္ဂလာန်သည် ထိုအခါ သိကြားမင်းဖြစ်ဘူးပြီ၊ ယ... |
1,330,821 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | စေးနဲဝန်တို၊ မလှူလို၊ ကြည်ညိုပွားရန် မောဂ္ဂလာန် ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဣလ္လိသဇာတ်သည် ပြီး၏။ |
1,330,822 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထု | ၆။ ငြူစူခြင်းဖြင့် နှိပ်စက်သောမိန်းမဝတ္ထု အကတံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိသော ငြူစူခြင်းဖြင့် နှိပ်စက်သော မိန်းမကို အကြောင်းပြု၍ ဟောတော်မူလေ၏။ |
1,330,823 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထု | အိမ်ကျွန်မကို နား,နှာခေါင်း ဖြတ်ခြင်း |
1,330,824 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထု | ထိုမိန်းမ၏ လင်ယောက်ျားသည် တစ်ယောက်သော အိမ်ကျွန်မနှင့် အတူတကွ ပေါင်းသင်းယဉ်ပါးခြင်းကို ပြုလေသတတ်၊ ထိုမိန်းမသည် ငြူစူခြင်းဖြင့် နှိပ်စက်အပ်သောကြောင့် ထိုကျွန်မကို လက်ခြေတို့၌ နှောင်ဖွဲ့လျက် နား,နှာခေါင်းကို လှီးဖြတ်ပြီးလျှင် တစ်ခုသော လုံခြုံလှစွာသော တိုက်ခန်း၌ ထည့်ထားသဖြင့် တံခါးကိုပိတ်၍ ထိုအမှု၏ မိမိပြုသောအဖြစ်ကို ဖုံးလ... |
1,330,825 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထု | ထိုအခါ ထိုမိန်းမ၏ ဧည့်သည်ဖြစ်ကုန်သော ဆွေမျိုးတို့သည် အိမ်သို့ရောက်လာကြ၍ တံခါးကိုဖွင့်သဖြင့် ထိုဖောက်ပြန်သောအခြင်းအရာကို မြင်ရလျှင် အိမ်ကျွန်မကို လွှတ်ကြလေကုန်၏။ |
1,330,826 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထု | ထိုအိမ်ကျွန်မသည် ကျောင်းတော်သို့လိုက်သွားပြီးလျှင် ပရိသတ်လေးပါးအလယ်၌ရပ်လျက် ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားလေ၏။ |
1,330,827 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထု | မြတ်စွာဘုရားသည် ထိုအိမ်ကျွန်မ၏စကားကို ကြားတော်မူရလျှင် “ဒုစရိုက်မည်သည်ကိုကား “ငါ၏ ဤအမှုကို တစ်ပါးသောသူတို့သည် မသိကြကုန်”ဟု အနည်းငယ်မျှသော ဒုစရိုက်ကိုလည်း မပြုအပ်၊ တစ်ပါးသောသူသည် မသိသော်လည်း သုစရိုက်ကိုသာလျှင် ပြုအပ်၏။ |
1,330,828 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထု | ဖုံးလွှမ်း၍ ပြုအပ်သော်လည်း ဒုစရိုက်မည်သည် နောင်အခါ နောင်တပူပန်ခြင်းကို ပြုတတ်၏။ |
1,330,829 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထု | သုစရိုက်တရားသည် ဝမ်းမြောက်ခြင်းကိုသာလျှင် ဖြစ်စေတတ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။ |
1,330,830 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထု | ဒေသနာတော် [၃၁၄] အကတံ ဒုက္ကဋံ သေယျော၊ ပစ္ဆာ တပ္ပတိ ဒုက္ကဋံ။ |
1,330,831 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထု | ကတဉ္စ သုကတံ သေယျော၊ ယံ ကတွာ နာနုတပ္ပတိ။ |
1,330,832 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထု | ယံ ဒုက္ကဋံ၊ အကြင်အပြစ်ရှိသောအမှုကို။ |
1,330,833 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထု | ကတွာ၊ ပြုသောကြောင့်။ |
1,330,834 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထု | တံ ဒုက္ကဋံ၊ ထိုအပြစ်ရှိသောအမှုကို။ |
1,330,835 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထု | အကတံ၊ မပြုခြင်းသည်။ |
1,330,836 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထု | (အပြစ်ရှိ၍ အပါယ်လားကြောင်း မကောင်းမှုကို မပြုမိခြင်းသာလျှင် ကောင်းမြတ်၏။ |
1,330,837 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထု | ထိုမကောင်းမှုကို အောက်မေ့တိုင်း အောက်မေ့တိုင်း ကာလ၌ ပူပန်ရသည်သာ ဟူလို။ |
1,330,838 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထု | ) ယံ သုကတံ၊ အကြင် အပြစ်မရှိသော အမှုကို။ |
1,330,839 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထု | နာနုတပ္ပတိ၊ မပူပန်ရ။ |
1,330,840 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထု | တံ သုကတံ၊ ထိုအပြစ်မရှိသော အမှုကို။ |
1,330,841 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထု | ကတဉ္စ၊ ပြုခြင်းသည်သာလျှင်။ |
1,330,842 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထု | (အပြစ်မရှိမူ၍ ချမ်းသာတိုးပွားသော သုဂတိလားကြောင်း ကောင်းမှုကိုသာ ပြုခြင်းသည် ကောင်း၏။ |
1,330,843 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထု | ထိုကောင်းမှုပြုပြီးလျှင် နောင် အောက်မေ့သော ကာလ၌ မပူပန်ရ၊ ဝမ်းမြောက်ခြင်းသာလျှင် ဖြစ်၏။ |
1,330,844 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထု | ထိုကောင်းမှုကံ ကောင်းမြတ်၏ ဟူလို။ |
1,330,845 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထု | ဒေသနာတော်၏အဆုံး၌ ဒါယကာသည်လည်းကောင်း, ထိုမိန်းမသည်လည်းကောင်း သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။ |
1,330,846 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထု | ထိုအိမ်ကျွန်မကိုလည်း ထိုအရပ်၌ပင် တော်လှန်သည်ကိုပြု၍ တရားကျင့်သုံးသောသူ ပြုကြလေကုန်၏။ |
1,330,847 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထု | ငြူစူခြင်းဖြင့် နှိပ်စက်သောမိန်းမဝတ္ထုပြီး၏။ |
1,330,848 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | ၆-ဣဿာပကတိတ္ထိဝတ္ထု |
1,330,849 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | ၃၁၄။ အကတံ ဒုက္ကဋံ သေယျော၊ ပစ္ဆာ တပ္ပတိ ဒုက္ကဋံ။ |
1,330,850 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မိမိအရှင်ယောက်ျားသည် အိမ်ဖော်နှင့် ပေါင်းသင်းနေသောကြောင့် မိမိနိုင်ရာဖြစ်သော အိမ်ဖော်ကို နား နှာခေါင်းဖြတ်ပြီး မိမိမပြုဟန်ဆောင်ကာ အိမ်ရှင်နှင့်အတူ တရားနာသွားသော အမျိုးသမီးကို အကြောင်းပြု၍ ဟောတော်မူသည်။ |
1,330,851 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | ဒေသနာတော်အဆုံး၌ ဇနီးမောင်နှံတို့ သောတာပန်ဖြစ်ကြသည်။ |
1,330,852 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | အနက် ဒုက္ကဋံ၊ မကောင်းမှုကို။ |
1,330,853 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | အကတံ၊ မပြုခြင်းသည်သာလျှင်။ |
1,330,854 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | ဒုက္ကဋံ၊ မကောင်းမှုပြုခြင်းသည်။ |
1,330,855 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | ပစ္ဆာ၊ နောင်အခါ၌။ |
1,330,856 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | တပ္ပတိ၊ ပူပန်ရတတ်၏။ |
1,330,857 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | သုကတံ၊ ကောင်းမှုကို။ |
1,330,858 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | ကတံ၊ ပြုခြင်းသည်။ |
1,330,859 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | ယံ၊ အကြင်ကောင်းမှုကို။ |
1,330,860 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | ကတွာ၊ ပြုခြင်းကြောင့်။ |
1,330,861 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | နာနုတပ္ပတိ၊ တဖန်မပူပန်ရချေ။ |
1,330,862 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | စကားပြေ မကောင်းမှုပြုခြင်းသည် နောင်အခါ အောက်မေ့တိုင်း ပူပန်ရခြင်းကြောင့် မကောင်းကိုမပြုခြင်းသာမြတ်၏၊ ကောင်းမှုဟူသမျှသည် အောက်မေ့တိုင်း အောက်မေ့တိုင်း ဝမ်းမြောက်ရသည့်ပြင် နောင်တဖန်မပူပန်ရသောကြောင့် ကောင်းမှုပြုခြင်းသည် မြတ်၏။ |
1,330,863 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | အကတံ ဒုက္ကဋံ သေယျော—၌ ဒုက္ကဋဟူသည် အပြစ်ရှိ၍ အပါယ်သို့ရောက်စေနိုင်သောအမှု။ |
1,330,864 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | ကတဉ္စ သုကတံ သေယျော—၌ သုကတဟူသည် အပြစ်မရှိ ကောင်းကျိုးချမ်းသာကို ပေးတတ်သော သုဂတိ ရောက်စေတတ်သောအမှု။ |
1,330,865 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | ဣဿာပကတိတ္ထိဝတ္ထု ပြီး၏။ |
1,330,866 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | ၆-ဣဿာပကတိတ္ထိဝတ္ထုပါဠိဂါထာ |
1,330,867 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | ၅၆၁။ အကတံ ဒုက္ကဋံ သေယျော, ပစ္ဆာ တပ္ပတိ ဒုက္ကဋံ၊ကတဉ္စ သုကတံ သေယျော, ယံ ကတွာ နာနုတပ္ပတိ။ |
1,330,868 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | ဒုက္ကဋံ၊ မကောင်းမှုကို။ |
1,330,869 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | အကတံ၊ မပြုခြင်းသည်သာ။ |
1,330,870 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | သေယျော၊ ကောင်းမြတ် ၏။ |
1,330,871 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | ဒုက္ကဋံ၊ မကောင်းမှုသည်။ |
1,330,872 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | ပစ္ဆာ၊ အမှတ်ရရာ, နောက်အခါ၌။ |
1,330,873 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | ဝါ၊ လောင်မြှိုက်၏။ |
1,330,874 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | ကတွာ၊ ပြုမိ၍။ |
1,330,875 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | ဝါ၊ ပြုမိသောကြောင့်။ |
1,330,876 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | နာနုတပ္ပတိ (န+အနုတပ္ပတိ)၊ နောင်တတစ်ဖန် မပူပန်ရ။ |
1,330,877 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | (တံ) သုကတံ၊ ထိုကောင်းမှု ကို။ |
1,330,878 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | ကတံ စ၊ ပြုခြင်းသည်သာ။ |
1,330,879 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | ၁ သေယျော၊ ကောင်းမြတ်၏။ |
1,330,880 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | (ပါ-၃၁၄) ၁။ |
1,330,881 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | ကတဉ္စ။ ။ |
1,330,882 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | “အကတမေဝ”စသော အဖွင့်ကို ကြည့်၍ စ-ကို အဝဓာရဏအနက် ပေးသည်၊ ဗျတိရေကအနက်ယူ၍ “စ-ဗျတိရိက်ကား”ဟုလည်း ပေးနိုင်၏၊ ဒုတိယပါဒကို အနိ- ယမ, ပထမပါဒကို နိယမယူ၍ “(ယံ) ဒုက္ကဋံ-ကို၊ (ကတွာ-၍၊) ပစ္ဆာ-၌၊ တပ္ပတိ၊ (တံ) ဒုက္ကဋံကို၊ အကတံ-သည်၊ သေယျော”ဟုလည်း ပေးကြ၏။ |
1,330,883 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | ဒုက္ကဋံ သုကတံတို့၌ ကတ္တားအနက်, အကတံ ကတံတို့၌ လက္ခဏအနက် ယူ၍ “ဒုက္ကဋံ-သည်၊ အကတံ-မပြုအပ်သော်သာ၊ သေယျော-၏၊ သုကတံ-သည်၊ ကတံ စ-ပြု အပ်သော်သာ၊ သေယျော”ဟုလည်း ပေးကြ၏(သံနိ၊၁၊၆၂)။ |
1,330,884 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | ယံနိယမတ္ထ။ |
1,330,885 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | ။ ယံကို နိယမတ္ထယူ၍ “သုကတံ-ကို၊ ကတံ စ-သာ၊ သေယျော၊ ယံ- ယင်းကောင်းမှုကို၊ ကတွာ နာနုတပ္ပတိ”ဟုလည်း ပေးနိုင်သည်၊ ဤနည်း၌ စသဒ္ဒါ ဗျတိရေက အနက်ယူလျှင် ပိုသင့်လျော်သည်။ |
1,330,886 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | [ဒု နိန္ဒိတံ ကတံ ကရဏံ အဿာတိ ဒုက္ကဋံ(ဓာန်-ဋီ-၈၄)၊ အသောဘနံ ကတံ ဒုက္ကဋံ၊ ဒုဋ္ဌု ဝါ+ကတံ ဒုက္ကဋံ(နီတိသုတ္တ-၇၀၂)။ |
1,330,887 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | သုခံ ကရောတိ (ချမ်းသာကို ပြုတတ်၏), သောဘနံ ဝါ ကတံ ကရဏံ အဿာတိ သုကတံ(ဓာန်-ဋီ-၈၅)၊ သောဘနံ ကတံ သုကတံ၊ သုဋ္ဌု ဝါ ကတံ သုကတံ(နီတိသုတ္တ-၇၀၂)။ |
1,330,888 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဣဿာပကတိတ္ထိဝတ္ထုဂါထာ | ]ဣဿာပကတိတ္ထိဝတ္ထုဂါထာနိဿယပြီးပြီ။ |
1,330,889 | လင်္ကာ, မြန်မာဘာသာ | ဥကင်တော်ဘွင့်ခဏ်း | ၆၅ ရွှေမြို့နန်းကြီး၊ သိမ်းစံပြီးမှ၊ ထိန်ညီးပြောင်ပ၊ ဆောင်နန်းမ၏့၊ သားလှရှေ့ခင်း၊ ရွှေ*ကွန်းတွင်းနှိုက်၊ မင်းတို့ စံမှတ်၊ ကြေးပြာသာဒ်ဝယ်၊ မင်းမြတ် သိမ်မွေ့၊ ရက်လည်စေ့အောင်၊ ချမ်းမြေ့ စက်တော်၊ ခေါ်လတ်တုံပြီး၊ တသီး ထို့နောက်၊ ဘုန်းတော် တောက်သား၊ *ရွှေမှောက် မင်းကျော်၊ ရှေးခါသော်က၊ ခမည်းတော်နတ်၊ ဘိုးတော်မြတ်တို့၊ ဥက္ကဌ် ခ... |
1,330,890 | လင်္ကာ, မြန်မာဘာသာ | ဥကင်တော်ဘွင့်ခဏ်း | ။ ရွှေရိုး ငွေရွက် ဖြူဝန်းတည်း။ |
1,330,891 | လင်္ကာ, မြန်မာဘာသာ | ဥကင်တော်ဘွင့်ခဏ်း | ၆၆ ရွှေရိုး ငွေရွှက်၊ ဖြူဝင်း ကြက်၍့၊ ရံယှက် မ †မှား၊ လေးစင်းကြားဝယ်၊ ယပ်†မားချပ်ကာ၊ စီပြီးခါမှ၊ လက်ျာ ကျင်းမြဲး၊ နန်းဆွဲး ရွှေအုပ်၊ အလုပ် တင့်ဆန်း၊ မကရ့်းခံတွင်း၊ ဝင်းဝင်းကရား၊ ရွှေသား အို†ပျစ်၊ တင့်ပြေ†ပြစ်သား၊ ရွှေစစ် ရေတင်၊ ရွှေစင် ထွေးခံ၊ ရွှေလျှံ တကောင်း၊ စုံပေါင်း မြူတာ၊ ရွှေဝါဖလား၊ ရှေ့က ထားပြီး၊ နောက်ပါး တကြော... |
1,330,892 | လင်္ကာ, မြန်မာဘာသာ | ဥကင်တော်ဘွင့်ခဏ်း | ။ ဝင်း၏့ ရွှေဘုံ *ကြငှန်းတည်း။ |
1,330,893 | လင်္ကာ, မြန်မာဘာသာ | ဥကင်တော်ဘွင့်ခဏ်း | ၆၇ ရွှေဘုံ ဝင်းဝင်း၊ မင်းခမ်း ကျင်းလျက်၊ တုကင်း မမြင်၊ မိုးလျှပ်သွင်သို့၊ ဆင်ယင် တန်းဆာ၊ ဒွါဒရာ တင့်ဆန်း၊ ရာလိုက် တန်း၍့၊ မြောက်နန်း လယ်နန်း၊ နောက်နန်း စံပျော်၊ အလှကျော်သည့်၊ သုံးဘော် ဒေဝီ၊ နတ်*တပြီလည်း၊ ဝတီသိရီ့၊ စယှိ*ပြောထူ၊ နန်းသူ များစွာ၊ ရံကာ နောက်တော်၊ ရွေ တဘော်တည့်၊ ဝင်သော် နောက်မှ၊ ထွက်က ရှေးဦး၊ မကျူး အလေ့၊ ဘုန... |
1,330,894 | လင်္ကာ, မြန်မာဘာသာ | ဥကင်တော်ဘွင့်ခဏ်း | ။ ဆယ်ဖြာလက်အုပ် ငုံချွန်းတည်း။ |
1,330,895 | လင်္ကာ, မြန်မာဘာသာ | ဥကင်တော်ဘွင့်ခဏ်း | ၆၈ လက်အုပ်ချွန်းငုံ၊ ကြာဖူးရုံသို့၊ မင်ပုံ ညွတ်ခ၊ ရိုတုပ်ကွလျက်၊ ဦးချ ညီလာ၊ ရံဝန်း ကာပြီး၊ မင်္ဂလာ ရှေးဦး၊ မိုးစည်မြူးသို့၊ ရိုက်ကြူး ကြိုးထစ်၊ ဆဲ့တစ်မြှောက်စည်၊ တန်ရှည် တန်မြွာ၊ သပြေသာတို့၊ သင်္ချာ သတ္တ၊ ထိုမှ ခရု၊ နှစ်စု မည်မှန်း၊ စည်ဝန်းအစစ်၊ ဆဲ့ခု†နစ်နှင့်၊ †နှစ်နှဲးတလိုင်း၊ ခြားပိုင်း တရပ်၊ လက်ချပ် ငါးမျိုး၊ တပိုး... |
1,330,896 | လင်္ကာ, မြန်မာဘာသာ | ဥကင်တော်ဘွင့်ခဏ်း | ။ ကြီးကျယ် ဘုန်းတော် ပွင့်လန်းတည်း။ |
1,330,897 | လင်္ကာ, မြန်မာဘာသာ | ဥကင်တော်ဘွင့်ခဏ်း | ၆၉ ပိဋကတ် သုံးပုံ၊ အလုံးစုံတွင်၊ အာဂုံဒေသနာ၊ အထူးလာသား၊ ဒိဝါ တပတိ အာဒိစ္စော၊ စသော ခြောက်ပဒ၊ သဗ္ဗမင်္ဂလာ၊ တဂါထာနှိုက်၊ “ဒိဝါ ကရ၊ အာဒိစ္စနှင့်၊ သဟဿရံသီ၊ စချီ များစွာ၊ သညာ မည်တွင်၊ မိုးကောင်းကင်ထက်၊ စက်ရှင်ဝင်းဝင်း၊ လေးကျွန်း ချင်းသည့်၊ နေမင်းရာဇာ၊ သူရိယာကား၊ လေးဖြာ ပဟိုရ်၊ တီးရိုက်ပြိုအောင်၊ နဂိုရ်နေ့ဝယ်၊ ထွန်း တင့်တယ်၏၊... |
1,330,898 | လင်္ကာ, မြန်မာဘာသာ | ဥကင်တော်ဘွင့်ခဏ်း | ။ မိုးနေ လနှယ် တောက်ထွန်းတည်း။ |
1,330,899 | လင်္ကာ, မြန်မာဘာသာ | ဥကင်တော်ဘွင့်ခဏ်း | (၅) ('တုလျယောဂီလင်္ကာ'မျိုးတည်း။ |
1,330,900 | လင်္ကာ, မြန်မာဘာသာ | ဥကင်တော်ဘွင့်ခဏ်း | ၇၀ နေမင်း လမင်း၊ ဝင်းဝင်း မိုးလယ်၊ ထွန်းတင့်တယ်သို့၊ ဘုန်းကြွယ် ရာဇာ၊ လောင်းမြတ်စွာကား၊ ဗုဒ္ဓါဘိသေက၊ ခတ္တိယဟိတ်၊ ဘိသိက်တော်ခံ၊ သိမ်းစံ နန်းသစ်၊ ဘွင့်လှစ် ဥကင်၊ မင်းပွဲး*ရင်ပြီး၊ အကြင် ရှေးခါ၊ မင်း*တကာတို့၊ ဓမ္မတာတော်၊ မကျော် မကျူး၊ ရာထူး ထပ်ကဲး၊ မည်ရည်လွဲး၍့၊ စွန့်ကြဲးကြီးစွာ၊ ပြုစဉ်လာတိုင်း၊ မဟာဥပရာဇ်၊ ရင်နှစ်တော်ရင်း... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.