id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,330,501
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
ဣန္ဒြေရှင် ကိုရင်လေး
မရှိကြောင်း သိသောအခါ ဘုရင်ကြီးထိုင်သော ရာဇပလ္လင်ပေါ်သို့ တက်သွားပြီး ငြိမ်သက်တည်ကြည်စွာ ထိုင်နေလိုက်သည်။
1,330,502
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
ဣန္ဒြေရှင် ကိုရင်လေး
ထိုအခါ မြင်ရသူအားလုံး အံ့သြသွားကြ၏။
1,330,503
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
ဣန္ဒြေရှင် ကိုရင်လေး
“ဘုရင်ကြီးက စိတ်ဆိုးပြီး ကိုရင်လေးကို သတ်ပစ် မည်လား”ဟုလည်း စိုးရိမ်နေခဲ့ကြ၏။
1,330,504
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
ဣန္ဒြေရှင် ကိုရင်လေး
သို့သော် ဘုရင်ကြီးက စိတ်မဆိုးဘဲ ပို၍ပင် လေးစားကြည်ညို သွားခဲ့သည်။
1,330,505
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
ဣန္ဒြေရှင် ကိုရင်လေး
ကိုရင်လေးသည် ဘုရင်ကြီးကို တရားဟော၏။
1,330,506
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
ဣန္ဒြေရှင် ကိုရင်လေး
ကိုရင်လေး ဟောကြားသော တရားတော်ကို ကြားနာရသောကြောင့် ဘုရင်ကြီးသည် ထေရဝါဒဗုဒ္ဓဘာသာဝင် ဖြစ်လာခဲ့၏။
1,330,507
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
ဣန္ဒြေရှင် ကိုရင်လေး
နိဂြောဓသာမဏေလေး၏ ကျေးဇူးကြောင့် ပင်ကိုက ရက်စက်ကြမ်းကြုတ်သော အသောကဘုရင်ကြီးသည် နူးညံ့သိမ်မွေ့ကာ တိုင်းသူပြည်သားများအပေါ် တရားမျှတစွာ အုပ်ချုပ်သော သူတော်ကောင်း ဘုရင်ကြီးတစ်ပါး ဖြစ်သွား ခဲ့သည်။
1,330,508
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
ဣန္ဒြေရှင် ကိုရင်လေး
ဘုရားသားတော် ရဟန်းသံဃာ၊ ရိုသေလေးစားမှာ။
1,330,509
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
ဣန္ဒြေရှင် ကိုရင်လေး
လက်အုပ်ချီကာ ဦးနှိမ်ချ၊ အမြဲ ရှိခိုးကြ။
1,330,510
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
ဣန္ဒြေရှင် ကိုရင်လေး
ငယ်စဉ်ကတည်းက ကျင့်ကြံပေ။
1,330,511
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
ဣန္ဒြေရှင် ကိုရင်လေး
ထူးတဲ့ သာမဏေ။
1,330,512
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
ဣန္ဒြေရှင် ကိုရင်လေး
တို့တစ်တွေ ရှိခိုးလို့၊ ကုသိုလ်ယူကြစို့။
1,330,513
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
ဣန္ဒြေရှင် ကိုရင်လေး
နိဂြောဓခေါ် သာမဏေ၊ ဣန္ဒြေ ကြီးမားပေ။
1,330,514
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
ဣန္ဒြေရှင် ကိုရင်လေး
ပါရမီတွေ လွန်ပြည့်ဝ၊ တရားသိမြင်ရ။
1,330,515
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
ဣန္ဒြေရှင် ကိုရင်လေး
အသောကမင်း ပင့်ဖိတ်ရာ၊ ပလ္လင်ပေါ် တက်ကာ။
1,330,516
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
ဣန္ဒြေရှင် ကိုရင်လေး
တည်ငြိမ်စွာပင် တရားဟော၊ မြင်သူတိုင်း အံ့ဩ။
1,330,517
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
။ ဣန္ဒြေရှင် ကိုရင်လေး
1,330,518
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
။ ကိုရင်လေးများကို လေးစားတတ်စေရန်။
1,330,519
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
။ ၃၀
1,330,520
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
֍ “သားတို့သမီးတို့က အခုဆိုရင် စတုတ္ထတန်းကို ရောက်လာပြီ။
1,330,521
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
ပြီးခဲ့တဲ့နှစ်တွေမှာ ကိုရင်၊ ရှင်သာမဏေတွေနဲ့ ပတ်သက်တဲ့အကြောင်းတွေလည်း အများကြီး လေ့လာခဲ့ရပြီးပြီ။
1,330,522
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
ဒီတော့ သားတို့သမီးတို့ ဘယ်လောက်မှတ်မိ လဲဆိုတာကို မေးကြည့်မယ်။
1,330,523
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
ကိုရင်တွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာ ဘယ်နှခုလေ့လာပြီးပြီလဲ။
1,330,524
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
ကိုရင်လေး တွေရဲ့ နာမည်နဲ့ သင်ခန်းစာခေါင်းစဉ်တွေကို အရင်ပြောပြရမယ်” စသည်ဖြင့် မေးမြန်းပြီး စာသင်ချိန်ကို စတင်ပါ။
1,330,525
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
ထို့နောက် ဆရာက စာရွက်ကြီးတစ်ရွက်တွင် ကိုရင်လေးများ၏ အမည်များကို ရေးထားပါ။
1,330,526
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
(အောက်ဖော်ပြပါ ဇယားနှင့်စာသားကို စာရွက်ကြီးတွင်ဖြစ်စေ သင်ပုန်းပေါ်တွင်ဖြစ်စေ ခပ်ကျဲကျဲရေးထားပါ။
1,330,527
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
) ရာဟုလာသုမနဘုန်းကံကြီးလှ ကိုရင်တိဿကိုရင်ငယ် လေးပါး
1,330,528
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
֍ ဇာတ်လမ်းများကို မှတ်မိသလို ပြန်လည်ပြောပြနိုင်သူ ကလေးများက လက်ထောင်ပြကြပါစေ။
1,330,529
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
ထိုကလေးများထဲမှ ကလေးလေးဦးကို အတန်းရှေ့သို့ ခေါ်ထုတ်၍ မျက်စိမှိတ်စေပြီး စက္ကူလုံး (စက္ကူစလေးများကို လုံးထားသောအလုံး)ဖြင့် သင်ပုန်းကို တစ်ဦးစီ အလှည့်ကျ ပစ်ကြပါစေ။
1,330,530
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
(အကယ်၍ ကိုရင်လေး တစ်ပါး/နှစ်ပါး (သို့) နှစ်ပါး/သုံးပါးအကြောင်းကိုသာ သိသော ကလေးများ လက်ထောင်ပါကလည်း ဆရာက သင့်လျော်သလို စီစဉ်ပေးပါ။
1,330,531
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
) (ရေးသားထားသော အမည်များမှ စက္ကူလုံးဖြင့်ထိမိသော ကိုရင်လေးအကြောင်း ဇာတ်လမ်းကို ကလေးများ ပြောတတ်သလို ပြောပြရမည်။
1,330,532
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
တစ်ဦးက ပြောပြီးလျှင် ပြောပြီးသော ကိုရင်၏အမည်ကို ဖျက်ပစ်ရမည်။
1,330,533
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
) ֍ ကလေးများပြောပြီးသောအခါ ဆရာက အောက်ပါအချက်များ ပါဝင်အောင် ဖြည့်စွက်ပြောပြပေးပါ။
1,330,534
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
“ကိုရင်လေး ရာဟုလာက ဆိုဆုံးမစကားများကို သဲတွေလို များများရပါစေလို့ အမြဲဆုတောင်းပြီး ဆုံးမစကား တွေကိုလည်း နာခံတတ်တဲ့အတွက် လေးစားထိုက်တာ ဖြစ်တယ်။
1,330,535
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
ဘုန်းကံကြီးမားတဲ့ ကိုရင်တိဿကတော့ အခြားရဟန်းသံဃာတွေအပေါ်မှာ စာနာတတ်ပြီး အဝတ်သင်္ကန်း တွေ အလှူခံပေးတယ်။
1,330,536
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
သူအလှူခံတိုင်းလည်း ရတယ်။
1,330,537
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
ဘုန်းကံလည်း ကြီးမားတယ်။
1,330,538
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
ကိုရင်လေးရဲ့ စာနာစိတ်၊ ကိုယ်ချင်းစာစိတ်က တကယ့်ကို လေးစားအတုယူထိုက်တယ်။
1,330,539
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
နောက်ထပ်... ကိုရင်ငယ်လေးပါးကတော့ တန်ခိုးအရာမှာ လေးစားဖွယ်ကောင်းလှတယ်။
1,330,540
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
ကိုရင်လေးသုမန ကတော့ ဆရာ့အပေါ်မှာ အလွန်သိတတ်တယ်။
1,330,541
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
ဆရာ ခံစားနေရတဲ့ ဝေဒနာတွေ ပျောက်ဖို့အတွက် အန္တရာယ် တွေကို ဂရုမစိုက်ဘဲ နဂါးမင်းဆီကဆေးကို ရအောင် ယူပေးခဲ့တာဖြစ်တယ်”
1,330,542
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
ထို့နောက် “အခုပြောသွားတဲ့ ကိုရင်လေးတွေအားလုံးဟာ သူ့ဂုဏ်ရည်နဲ့သူ လေးစားထိုက် အတုယူထိုက်တာ ချည်းပဲ။
1,330,543
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
နောက်စာသင်ချိန်မှာ တည်ကြည်၊ တည်ငြိမ်ပြီး ဣန္ဒြေကြီးတဲ့ ကိုရင်လေးတစ်ပါးအကြောင်းကို ထပ်လေ့ လာကြမယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။
1,330,544
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
။ ကမ္ဘာ့မြေပုံ၊ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။
1,330,545
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
֍ အောက်ပါမေးခွန်းဖြင့် စတင်ဆွေးနွေးပါ။
1,330,546
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
“ဣန္ဒြေဆိုတဲ့စကားကို ကြားဖူးလား။
1,330,547
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
ဣန္ဒြေဆိုတာကို ဘယ်လိုနားလည်ပါသလဲ”
1,330,548
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
֍ ကလေးများ ပြောပြသွားသော အချက်များကို သင်ပုန်းပေါ်တွင် မှတ်သားထားပြီး ဆရာက “ဣန္ဒြေဆိုတာ တည်တည်ငြိမ်ငြိမ် သွားလာနေထိုင် ပြုမူခြင်း ဖြစ်တယ်”ဟု ရှင်းပြပေးပါ။
1,330,549
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
֍ “အခု ဆရာ/ဆရာမတို့ ဣန္ဒြေအလွန်ကြီးပြီး ကြည်ညိုစရာကောင်းတဲ့ နိဂြောဓသာမဏေလေးအကြောင်း လေ့ လာကြမယ်”ဟု ဆိုကာ နိဂြောဓသာမဏေ ဇာတ်လမ်းကို ကလေးများ ဖတ်ကြပါစေ။
1,330,550
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
(ကမ္ဘာ့မြေပုံကို ပြ၍ အိန္ဒိယနိုင်ငံ တည်ရှိရာကို ပြောပြပါ။
1,330,551
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
ကလေးများ နားမလည်နိုင်သော စကားလုံးများ ပါရှိပါက ရှင်းပြပေးပါ။
1,330,552
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
ရာဇပလ္လင် = ရှင်ဘုရင်ထိုင်သောပလ္လင်တက္ကတွန်းဘုန်းကြီး = အဝတ်မဝတ်သော သာသနာပရဟန်း
1,330,553
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
နိဂြောဓ သာမဏေ
1,330,554
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
ရှေးအခါက အိန္ဒိယနိုင်ငံမှာ “အသောက”အမည်ရတဲ့ ဘုရင်ကြီးတစ်ပါး ရှိခဲ့တယ်။
1,330,555
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
သူဟာ အလွန်ရက်စက် ကြမ်းကြုတ်တဲ့ ဘုရင်ကြီးတစ်ပါး ဖြစ်တယ်။
1,330,556
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
ဘုရင်မဖြစ်ခင်မှာ ညီနောင်မင်းသားတွေကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး အိန္ဒိယထီးနန်းကို သိမ်းပိုက်ကာ ဘုရင်အဖြစ်ကြေညာခဲ့တယ်။
1,330,557
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
ဘုရင်ဖြစ်ပြီးစအခါမှာလည်း အိမ်နီးချင်း တိုင်းပြည်တွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြန်တယ်။
1,330,558
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
သူဟာ စစ်ပွဲတွေမှာ အလွန်ရက်စက်ကြမ်းကြုတ်တဲ့ ဘုရင်တစ်ပါး လို့ နာမည်ကြီးပါတယ်။
1,330,559
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
သူ့ကြောင့် အိန္ဒိယနိုင်ငံကြီးဟာလည်း တဖြည်းဖြည်း ကျယ်ဝန်းလာခဲ့တယ်။
1,330,560
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
အသောက ဘုရင်မဖြစ်မီက ညီအစ်ကိုမင်းသားတွေကို သတ်တဲ့အတွက်ကြောင့် ညီအစ်ကို မင်းသားတွေရဲ့ ကြင်ရာတော်တွေဟာလည်း ခြေဦးတည့်ရာ ထွက်ပြေးကြရတယ်။
1,330,561
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
အဲဒီလို ထွက်ပြေးတဲ့ မိဖုရားတွေထဲမှာ သုမနာလို့ ခေါ်တဲ့ မိဖုရားတစ်ပါးလည်းပါတယ်။
1,330,562
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
သုမနာဒေဝီဟာ အသောကကို ကြောက်တဲ့အတွက် ကိုယ်ဝန်ကြီးနဲ့ ထွက်ပြေး ရင်း သူတောင်းစားတွေနေတဲ့ ရွာတစ်ရွာကို ရောက်သွားခဲ့တယ်။
1,330,563
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
အဲဒီရွာက ညောင်ပင်ကြီးအောက်မှာ သားတော် လေးတစ်ပါးကို မွေးဖွားတယ်။
1,330,564
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
သားတော်လေး ခုနစ်နှစ်အရွယ် ရောက်တော့ ကိုရင်ဝတ်ပေးလိုက်တယ်။
1,330,565
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
ကိုရင်လေးကို “နိဂြောဓ”လို့ ဘွဲ့အမည်ပေးတယ်။
1,330,566
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
ကိုရင်လေးက ပါရမီဉာဏ်ကောင်းတဲ့အတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ တရားအသိ အမြင်တွေ ရရှိသွားခဲ့တယ်။
1,330,567
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
အဲဒီအချိန်မှာ အသောကဘုရင်ကြီးကလည်း ဘုန်းတန်ခိုး အလွန်ကြီးမားနေတယ်။
1,330,568
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
နောက်ပြီး ဘုရင်ကြီးဟာ အဝတ်မဝတ်တဲ့ တက္ကတွန်းဘုန်းကြီးတွေကို ကိုးကွယ်ဆည်းကပ်နေသူလည်း ဖြစ်တယ်။
1,330,569
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
နေ့တိုင်းနေ့တိုင်း တက္က တွန်းဘုန်းကြီးတွေဟာ နန်းတော်ထဲမှာ ဆွမ်းလာစားကြတယ်။
1,330,570
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
တစ်နေ့မှာ ဘုရင်ကြီးက ပြတင်းပေါက်ကနေ အပြင်ကို ငေးကြည့်နေတယ်။
1,330,571
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
အဲဒီအချိန်မှာ ကိုရင်လေး နိဂြောဓဟာ မျက်လွှာလေးကို ချ၊ သင်္ကန်းကို သပ်သပ်ရပ်ရပ် ရုံ၊ ခြေလှမ်းကိုလည်း မစိတ်မကျဲ လှမ်း၊ သပိတ် ကလေးကို ပိုက်ပြီး ဆွမ်းခံကြွလာတယ်။
1,330,572
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
စိတ်မြန် ကိုယ်မြန်ပြီး အလွန်ကြမ်းတမ်းရက်စက်တဲ့ ဘုရင်ကြီးဟာ အလွန် တရာ နူးညံ့သိမ်မွေ့ပြီး ကြည်ညိုဖွယ်ကောင်းတဲ့ ကိုရင်လေးကို တွေ့မြင်တော့ အလွန်စိတ်ဝင်စားသွားတယ်။
1,330,573
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
ကိုရင်လေးကိုလည်း ချက်ချင်း တွေ့ချင်စိတ်တွေ ဖြစ်သွားခဲ့တယ်။
1,330,574
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
ဒါနဲ့ ဘုရင်ကြီးဟာ အနီးနားမှာ ခစားနေတဲ့ အမတ်တစ်ယောက်ကို “ကိုရင်ကို သွားပင့်ချေ” ဆိုပြီး လွှတ်လိုက်တယ်။
1,330,575
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
တွေ့ချင်စိတ်အားကြီးနေတာနဲ့ အမတ်ပြန်အလာကို မစောင့်နိုင်ဘူး။
1,330,576
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
ကြာလွန်းတယ်ဆိုပြီးနောက် တစ်ယောက်ကို စေလွှတ်ပြန်တယ်။
1,330,577
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
ဒီလိုနဲ့ အမတ်တွေ တစ်ယောက်ပြီးတစ်ယောက် စေလွှတ်လိုက်တာ ကိုရင်လေး နန်းတော်ထဲကို ကြွလာတဲ့အချိန်ရောက်တော့ ကိုရင်လေးနောက်မှာ အမတ်တွေ အများကြီး ခြံရံနေခဲ့တယ်။
1,330,578
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
နန်းတော်ထဲ ရောက်တော့ ရက်စက်ကြမ်းကြုတ်လှတဲ့ အသောကဘုရင်ကြီးဟာ ကိုရင်လေးကို သေသေ ချာချာ အကဲခတ်တယ်. ကိုရင်လေးကတော့ တည်တည်ငြိမ်ငြိမ်နဲ့ ကြည်ညိုစရာပုံစံ ပြောင်းမသွားဘူး။
1,330,579
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
ဘုရင် ကိုးကွယ်တဲ့ တက္ကတွန်းဘုန်းကြီးတွေတောင် ဘုရင်ကြီးကိုတွေ့ရင် မျက်နှာချိုသွေးပြီး စကားပြောချင်ကြတယ်။
1,330,580
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
ပြီးရင် ဘုရင်ကြီးထိုင်တဲ့ ထိုင်ခုံထက် မြင့်တဲ့နေရာတွေမှာ မထိုင်ရဲကြဘူး။
1,330,581
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
အခု ကိုရင်လေး ရောက်လာတော့ ကိုရင်လေး က ဘုရင်ကြီးကို တည်ငြိမ်တဲ့ဣန္ဒြေနဲ့သာ ကြည့်ရှုလိုက်တယ်။
1,330,582
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
အဲဒီအခါ ဘုရင်ကြီးက “ကိုရင်လေး ... သင့်တော်တဲ့နေရာမှာ ထိုင်ပါ”လို့ ပြောလိုက်တယ်။
1,330,583
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
ကိုရင်လေးလည်း အခန်းထဲမှာ ကိုယ့်ထက်အသက်ကြီးတဲ့ ထေရ်ကြီးဝါကြီး ရဟန်းတော်များ၊ ကိုရင်များ ရှိမရှိ ကြည့်လိုက်တယ်။
1,330,584
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
မရှိကြောင်း သိတဲ့အခါ အသောကဘုရင်ကြီးထိုင်တဲ့ ရာဇပလ္လင်ကြီးပေါ်ကို တက်သွားပြီး ဣန္ဒြေအပြည့်နဲ့ ထိုင်နေပါ တော့တယ်။
1,330,585
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
ဘုရင်ကလွဲပြီး ဘယ်သူ့ကိုမှ ထိုင်ခွင့်မပေးတဲ့ ရာဇပလ္လင်ပေါ်ကို ကိုရင်လေးက တက်ထိုင်လိုက်တော့ မြင်ရသူအားလုံး အံ့ဩသွားခဲ့ကြတယ်။
1,330,586
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
ဘုရင်ကြီးက စိတ်ဆိုးပြီး ကိုရင်လေးကို သတ်ပစ်တော့မလားလို့လည်း စိုးရိမ်နေခဲ့ ကြတယ်။
1,330,587
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
ဒါပေမဲ့ ဘုရင်ကြီးက စိတ်မဆိုးတဲ့အပြင် လေးစားကြည်ညိုသွားခဲ့တယ်။
1,330,588
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
ကိုရင်လေးဆီက မြတ်စွာဘုရားရှင်ရဲ့ တရားတော်တွေကို နာကြားလိုက်ရတဲ့အတွက် အဲဒီနေ့ကစပြီး ရက်စက်ကြမ်းကြုတ်တဲ့ ဘုရင်ကြီးကနေ နူးညံ့သိမ်မွေ့ပြီး တိုင်းသူပြည်သား အားလုံးအပေါ်မှာ တရားမျှတစွာနဲ့ အုပ်ချုပ်တဲ့ သူတော်ကောင်း ဘုရင်ကြီးတစ်ပါး ဖြစ်သွားခဲ့ပါတယ်။
1,330,589
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
ဝိ၊ဋ္ဌ၊၁၊၃၄-၃၆။
1,330,590
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
-ဘုရင်ကြီးနာမည်က ဘယ်သူလဲ။
1,330,591
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
ဘယ်နိုင်ငံကို အုပ်ချုပ်သလဲ။
1,330,592
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
-ဘုရင်ကြီးဟာ အိန္ဒိယထီးနန်းကို ဘယ်လို ရယူခဲ့တာလဲ။
1,330,593
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
-ကိုရင်လေးရဲ့ ဘွဲ့အမည်က ဘယ်လိုခေါ်သလဲ။
1,330,594
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
-ဘုရင်ကြီးဟာ နိဂြောဓ သာမဏေနဲ့ မတွေ့ခင်က ဘယ်သူတွေကို ကိုးကွယ်ခဲ့သလဲ။
1,330,595
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
-ဘုရင်ကြီးမြင်တွေ့သွားတဲ့ ကိုရင်လေးက ဘယ်လို ပုံစံမျိုးလဲ။
1,330,596
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
-ဘုရင်ကြီးက ကိုရင်လေးကို ဘာကြောင့် ကြည်ညိုသွားတာလဲ။
1,330,597
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
-ကိုရင်လေးနဲ့ တွေ့ပြီးနောက်ပိုင်းမှာ ဘုရင်ကြီးရဲ့ စိတ်တွေ၊ လုပ်ရပ်တွေက ဘယ်လို ပြောင်းလဲသွားသလဲ။
1,330,598
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
။ ရဟန်းသာမဏေ တို့ရိုသေ ကဗျာနှင့် နိဂြောဓသာမဏေ ကဗျာ။
1,330,599
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
֍ “အသက်ငယ်ပေမဲ့ ဣန္ဒြေကြီးပြီး တည်ငြိမ်မှုရှိတဲ့ ကိုရင်လေးနိဂြောဓက ကြည်ညိုလေးစားဖို့ ကောင်းတယ်နော်။
1,330,600
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)
ဒါ့ကြောင့် ဆရာတို့က “ရဟန်းသာမဏေ တို့ရိုသေ” ဆိုတဲ့ ကဗျာလေးနဲ့ ကိုရင်လေးကို ကန်တော့လိုက်ကြ ရအောင်” စသည်ဖြင့် ပြောကြားပြီး အောက်ပါကဗျာကို ရွတ်ဆိုကြပါစေ။