id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,330,601 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဣန္ဒြေရှင် ကိုရင်လေး (ဆရာ) | ငယ်စဉ်ကတည်းက ကျင့်ကြံပေ၊ထူးတဲ့ သာမဏေ။ |
1,330,602 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဣန္ဒြေရှင် ကိုရင်လေး (ဆရာ) | ֍ ကလေးများ ကဗျာကို ရွတ်ဆိုပြီးသောအခါ ကဗျာ၏ အဓိပ္ပာယ်ကို နားလည်သလို ပြောပြကြပါစေ။ |
1,330,603 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဣန္ဒြေရှင် ကိုရင်လေး (ဆရာ) | ֍ ထို့နောက် အောက်ပါကဗျာကို ကလေးများမှတ်မိသည်အထိ ရွတ်ဆိုကြပါစေ။ |
1,330,604 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဣန္ဒြေရှင် ကိုရင်လေး (ဆရာ) | နိဂြောဓသာမဏေ |
1,330,605 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဣန္ဒြေရှင် ကိုရင်လေး (ဆရာ) | နိဂြောဓခေါ် သာမဏေ၊ဣန္ဒြေ ကြီးမားပေ။ |
1,330,606 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဣန္ဒြေရှင် ကိုရင်လေး (ဆရာ) | ပါရမီတွေ လွန်ပြည့်ဝ၊တရားသိမြင်ရ။ |
1,330,607 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဣန္ဒြေရှင် ကိုရင်လေး (ဆရာ) | အသောကမင်း ပင့်ဖိတ်ရာ၊ပလ္လင်ပေါ် တက်ကာ။ |
1,330,608 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဣန္ဒြေရှင် ကိုရင်လေး (ဆရာ) | တည်ငြိမ်စွာပင် တရားဟော၊မြင်သူတိုင်းအံ့ဩ။ |
1,330,609 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဣန္ဒြေရှင် ကိုရင်လေး (ဆရာ) | ။ နိဂြောဓသာမဏေ ကဗျာ။ |
1,330,610 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဣန္ဒြေရှင် ကိုရင်လေး (ဆရာ) | ֍ ဆရာက နိဂြောဓသာမဏေ ဇာတ်လမ်း၏ အဓိကအချက်များကို ကလေးများနှင့် ပြန်လည်မေးမြန်းဆွေးနွေးပါ။ |
1,330,611 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဣန္ဒြေရှင် ကိုရင်လေး (ဆရာ) | ֍ ထို့နောက် ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့ပါ။ |
1,330,612 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဣန္ဒြေရှင် ကိုရင်လေး (ဆရာ) | ֍ “တည်ငြိမ်တဲ့သူ၊ ဣန္ဒြေရှိတဲ့သူ ဖြစ်အောင် ဘယ်လိုနေထိုင် ပြုမူရမလဲ”ဟူသော မေးခွန်းကို အုပ်စုတိုင်းက ဆွေးနွေးကြပါစေ။ |
1,330,613 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဣန္ဒြေရှင် ကိုရင်လေး (ဆရာ) | ֍ ထို့နောက် အုပ်စုကိုယ်စားလှယ် တစ်ဦးစီက မိမိတို့အုပ်စု ဆွေးနွေးထားသည်များကို အတန်းရှေ့သို့ထွက်၍ ပြောပြကြပါစေ။ |
1,330,614 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဣန္ဒြေရှင် ကိုရင်လေး (ဆရာ) | ကလေးများ တင်ပြဆွေးနွေးထားသော အချက်များပေါ်မူတည်ပြီး ဆရာက အနှစ်ချုပ် ပြောပြ ပေးပါ။ |
1,330,615 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဣန္ဒြေရှင် ကိုရင်လေး (ဆရာ) | ထို့နောက် “နိဂြောဓသာမဏေ” ကဗျာကို အမူအရာဖြင့် ပျော်ပျော်ရွှင်ရွှင် ပြန်လည်ရွတ်ဆိုပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။ |
1,330,616 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ၈။ ဣလ္လိသဇာတ် |
1,330,617 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | မစ္ဆရိယသူဋ္ဌေးကို အရှင်မောဂ္ဂလာန် ဆုံးမသောအကြောင် |
1,330,618 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဥဘော ခဉ္ဇာအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဣလ္လိသဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မစ္ဆရိယသူဌေးကို အကြောင်းပြု၍ ဟောတော်မူ၏။ |
1,330,619 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ရာဇဂြိုဟ် မြို့၏အနီး၌ သက္ကာရမည်သောနိဂုံးသည် ရှိသတတ်၊ ထိုသက္ကာရ နိဂုံး၌တယောက်သော မစ္ဆရိယမည်သော ကုဋေရှစ်ဆယ်ကြွယ်ဝသောသူဌေးသည်နေ၏။ |
1,330,620 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထိုသူဌေးသည် မြက်ဖျားဖြင့် ဆီပေါက်ကိုလည်း သူတပါးအား မပေးသလျှင်ကတည်း။ |
1,330,621 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ဤသို့လျှင် ထိုသူဌေး၏ စည်းစိမ်သည် သားမယားအစရှိသည်တို့၏အကျိုးကို မပြီးစေသလျှင်ကတည်း၊ ရဟန်းပုဏ္ဏားတို့၏အကျိုးကို မပြီးစေလျှင်ကတည်း၊ ရက္ခိုသ်စောင့်သောရေကန်ကဲ့သို့ မသုံးမဆောင်ရသည်ဖြစ်၍ တည်၏။ |
1,330,622 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | မြတ်စွာဘုရားသည် တနေ့သ၌ မိုးသောက်ထအခါဝယ် မဟာကရုဏာသမာပတ်မှ ထတော်မူ၍ အလုံးစုံသောလောကဓာတ်၌ သစ္စာလေးပါးတရားတို့ကို သိခြင်းငှါထိုက်ကုန်သော အဆွေခင်ပွန်းတို့ကို ကြည့်ကုန်သည်ရှိသော် လေးဆယ့်ငါးယူဇနာထက်၌နေသော မယားနှင့်တကွသော မစ္ဆရိယသူဌေး၏ သောတာပတ္တိဖိုလ်၏ဥပနိဿယကို မြင်တော်မူ၏။ |
1,330,623 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထိုမြတ်စွာဘုရားသည် မြင်တော်မူသည်မှရှေးဖြစ်သောနေ့၌ကား မင်းကိုခစားအံ့သောငှါမင်းအိမ်သို့သွား၍ မင်းအား ခစားခြင်းကိုပြု၍လာသော မစ္ဆရိယသူဌေးသည် တယောက်သော ထမင်းဆာမွတ်သော ဇနပုဒ်သားလူကို မုယောမုန့်ကို၎င်း၊ အိုးကင်းဖြင့် ကြော်သောမုန့်ကို၎င်း စားသည်ကိုမြင်၍ ထို့မုန့်၌စားချင်ခြင်းကို ဖြစ်စေ၍ မိမိအိမ်သို့သွား၍ ငါသည် အိုကင်းဖြင့် ကြေ... |
1,330,624 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ကြံပြီး၍ စားချင်ခြင်းကို သည်းခံလျက်သွား၏။ |
1,330,625 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထိုမစ္ဆရိယသူဌေးသည် ရှည်မြင့်ခြင်းသို့ ရောက်သည်ရှိသော် ဖက်ရွက်ရော်ကဲ့သို့သော အဆင်းရှိသည်ဖြစ်၏။ |
1,330,626 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိသည်ဖြစ်၏။ |
1,330,627 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထို့နောင်မှ စားချင်ခြင်းကို သည်းခံအံ့သောငှာ မတတ်နိုင်သည်ဖြစ်၍ တိုက်ခန်းသို့ဝင်ပြီးလျှင် ညောင်စောင်းငယ်ကိုဖက်၍ လျောင်း၏။ |
1,330,628 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ဤသို့ဖြစ်သော်လည်း ဥစ္စာကုန်အံ့သည်မှ ကြောက်သောကြောင့် တစုံတယောက်သောသူအား တစုံတခုသောစကားကို မဆို။ |
1,330,629 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထိုအခါ မစ္ဆရိယသူဌေးကို မယားသည်ကပ်၍ ကျောက်ကို ဆုပ်နယ်၍ အရှင်သင့်အား အဘယ်မချမ်းသာခြင်းရှိသနည်းဟု မေး၏။ |
1,330,630 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ငါ့အား တစုံတခုသော မချမ်းသာခြင်းသည် မရှိဟုဆို၏။ |
1,330,631 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | သင့်အား မင်းသည် အမျက်ထွက်သလောဟု မေး၏။ |
1,330,632 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ငါ့အား မင်းသည်လည်း အမျက်မထွက်ဟုဆို၏။ |
1,330,633 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထိုသို့ မင်းအမျက်မထွက်သည်ရှိသော် သင့်အား သားသ္မီးတို့သည်၎င်း၊ ကျွန်အမှုလုပ် အစရှိသည်တို့သည်၎င်း ပြုအပ်သော တစုံတခုသော မနှစ်သက်ဘွယ်သည်ရှိသလောဟု မေး၏။ |
1,330,634 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | မရှိဟု ဆို၏။ |
1,330,635 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထိုသို့ မရှိသည်ရှိသော် သင့်အား တစုံတခုသောဝတ္ထု၌ တောင့်တခြင်းသည် ရှိသလောဟု မေး၏။ |
1,330,636 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ဤသို့ မေးသော်လည်း ဥစ္စာကုန်အံ့သည်မှ ကြောက်သောကြောင့် တစုံတခုသောစကားကို မဆို၊ အသံမရှိသည်ဖြစ်၍သာလျှင် အိပ်၏။ |
1,330,637 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထိုအခါ ထိုမစ္ဆရိယသူဌေးကို မယားသည် အရှင်ဆိုလော၊ သင့်အား တစုံတခုသောဝတ္ထု၌ တောင့်တခြင်းသည် ရှိသလောဟု ဆို၏။ |
1,330,638 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထိုမစ္ဆရိယသူဌေးသည် မယားစကားကိုပြက်ရက်ပြုသကဲ့သို့ ငါ့အား တခုသောတောင့်တခြင်းသည် ရှိ၏ဟု ဆို၏။ |
1,330,639 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | အဘယ်တောင့်တခြင်းနည်းဟု မေး၏။ |
1,330,640 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ငါသည် အိုးကင်းဖြင့်ကြော်သောမုန့်ကို စားလို၏ဟု ဆို၏။ |
1,330,641 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထိုသို့စားလိုလျှက် အဘယ်အကျိုးငှါ မဆိုသနည်း၊ သင်သည် ဆင်းရဲသလော၊ ယခုပင် အလုံးစုံသော သက္ကာရနိဂုံး၌နေကုန်သူတို့အား စားလောက်သည်တို့ကိုပြု၍ ကြော်အံ့ဟု ဆို၏။ |
1,330,642 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထိုအလုံးစုံသောသူတို့ဖြင့် သင့်အား အဘယ်အကျိုးရှိအံ့နည်း၊ ထိုသူတို့သည် မိမိတို့အမှုကိုပြု၍ စားကုန်လတ္တံ့ဟု ဆို၏။ |
1,330,643 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထိုသို့တပြီးကား တလမ်းတည်း၌နေသောသူတို့အား စားလောက်သည်ကိုပြု၍ ကြော်အံ့ဟု ဆို၏။ |
1,330,644 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ငါသည် သင်၏ များစွာသောဥစ္စာရှိသည်၏အဖြစ်ကို သိ၏ဟု ဆို၏။ |
1,330,645 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထိုသို့တပြီးကား ဤအိမ်၏အနီး၌ အလုံးစုံသောသူတို့အား စားလောက်သည်ကိုပြု၍ ကြော်အံ့ဟု ဆို၏။ |
1,330,646 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ငါသည် သင်၏ အလိုကြီးသောအဖြစ်ကို သိ၏ဟု ဆို၏။ |
1,330,647 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထိုသို့တပြီးကား သင်၏သားမယားအားသာလျှင် စားလောက်သည်ကိုပြု၍ ကြော်အံ့ဟု ဆို၏။ |
1,330,648 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထိုသားမယားတို့ဖြင့် သင့်အား အဘယ်အကျိုးရှိအံ့နည်းဟုဆို၏။ |
1,330,649 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထိုသို့တပြီးကား သင့်အား၎င်း ငါ့အား၎င်း စားလောက်သည်ကိုပြု၍ ကြော်အံ့ဟု ဆို၏။ |
1,330,650 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | သင်သည် အဘယ်သို့ပြုအံ့နည်းဟု ဆို၏။ |
1,330,651 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထိုသို့တပြီးကား သင် တယောက်တည်းသာလျှင် စားသောက်သည်ကိုပြု၍ ကြော်အံ့ဟု ဆို၏။ |
1,330,652 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ဤအရပ်၌ကြော်သော် မုန့်ကို များစွာကုန်သောလူတို့သည် တောင့်တကုန်လတ္တံ့၊ မကျိုးသောဆန်တို့ကိုထားခဲ့၍ ကျိုးသော ဆန်တို့ကို၎င်း ခုံလောက်တို့ကို၎င်း အိုးကင်းတို့ကို၎င်းယူခဲ့စေ၍ အတန်ငယ်သော နို့ရည် ထောပတ် ပျား တင်လဲတို့ကိုယူခဲ့၍ ဘုံခုနစ်ဆင့်ရှိသောပြာသာဒ်၏ အထက်ဖြစ်သောအပြင်သို့တက်၍ ကြော်လော၊ ထိုအရပ်၌ ငါတယောက်တည်းသာလျှင် ထိုင်၍စားအံ့... |
1,330,653 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထိုသူဌေးမသည်လည်းကောင်းပြီဟုဝန်ခံ၍ ယူအပ်သည်တို့ကို ယူခဲ့စေ၍ ပြာဿာဒ် အထက်သို့တက်ပြီးလျှင် ကျွန်မတို့ကိုလွှတ်လိုက်၍ သူဌေးကို ခေါ်စေပြီး ထိုမစ္ဆရိယသူဌေးသည် အစမှစ၍ တံခါးကိုပိတ်လျက် အလုံးစုံသောတံခါးတို့၌ ကျည်ကျည်ငယ်တို့ကိုလျှို့၍ ဘုံခုနှစ်ဆင့်မြောက်သော ပြာသာဒ်ထက်သို့ တက်ပြီးလျှင် ထိုပြာသာဒ်၌လည်း တံခါးပိတ်၍နေ၏။ |
1,330,654 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထိုမစ္ဆရိယသူဌေး၏ မယားသည်လည်း ခုံလောက်၌မီးကိုညှိ၍ အိုကင်းကိုတင်၍ မုန့်ကိုကြော်အံ့သောငှါ အားထုတ်၏။ |
1,330,655 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထိုအခါ မြတ်စွာဘုရားသည် နံနက်စောစောကလျှင် မဟာမောဂ္ဂလာန်ကို မောဂ္ဂလာန် ရာဇဂြိုဟ်မြို့၏အနီး၌ သက္ကာရမည်သောနိဂုံး၌ မစ္ဆရိယသူဌေးသည် အိုကင်းဖြင့်ကြော်သောမုန့်ကို စားအံ့ဟု တပါးကုန်သောသူတို့၏ မြင်ခြင်းမှကြောက်သောကြောင့် ဘုံခုနစ်ဆင့်ရှိသောပြာသာဒ်အထက်၌ မုန့်တို့ကိုကြော်စေ၏။ |
1,330,656 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | သင်သည် ထိုအရပ်သို့သွား၍ ထိုသူဌေးကိုဆုံးမ၍ မာနမရှိသည်ကိုပြု၍ သူဌေးလင်မယားနှစ်ယောက်တို့တို့၎င်း နို့ရည်ထောပတ် ပျား တင်လဲတို့ကို၎င်းယူခဲ့၍ သင်၏အစွမ်းဖြင့် ဇေတဝန်ကျောင်းတော်သို့ ဆောင်ခဲ့လော၊ ယနေ့ ငါဘုရားသည် ငါးရာကုန်သောရဟန်းတို့နှင့်တကွ ကျောင်း၌သာလျှင်နေ၍ မုန့်တို့ဖြင့်လျှင် ဆွမ်းစားခြင်း ကိစ္စကို ပြုအံ့ဟု မိန့်တော်မူ၏။ |
1,330,657 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | မဟာမောဂ္ဂလာန်မထေရ်သည် အရှင်ဘုရား ကောင်းပါပြီဟု မြတ်စွာဘုရားစကားတော်ကို ဝန်ခံ၏။ |
1,330,658 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထိုခဏ၌သာလျှင် တန်ခိုးအစွမ်းဖြင့် ထိုသက္ကာရနိဂုံးသို့သွား၍ ထိုပြာသာဒ်၏ ခြင်္သေ့ခံသောလေသာတံခါးဝ၌ ကောင်းစွာဝတ်လျှက် ကောင်းစွာရုံလျှက် ကောင်းကင်၌ သာလျှင် ပတ္တမြားညိုဆင်းတုကဲ့သို့ ရပ်၏။ |
1,330,659 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | မဟာမောဂ္ဂလာန်မထေရ်ကို မြင်၍သာလျှင် သူဌေးကြီး၏ နှလုံးသည် တုန်လှုပ်၏။ |
1,330,660 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ငါသည် ဤသို့သဘောရှိသောသူတို့မှ ကြောက်သောကြောင့်သာလျှင် ဤအရပ်သို့လာ၏။ |
1,330,661 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ဤရဟန်းသည်လည်း လာလတ်၍ လေသာတံခါး၌ ရပ်၏ဟု စွဲလမ်းအပ်သော စွဲလမ်းဘွယ်ကို မမြင်သည်ဖြစ်၍ မီး၌ထည့်အပ်သော ဆားကဲ့သို့ ဖြစ်ဖြစ်မြည်လျက် ရဟန်း ကောင်းကင်၌ ရပ်သော်လည်း သင်သည် အဘယ်ကိုရလတ္တံ့နည်း၊ ကောင်းကင်၌ ထိုမှဤမှ ခြေရာကိုပြ၍ စင်္ကြံသွားငြားသော်လည်း မရလတ္တံ့သလျှင်ကတည်းဟု ဆို၏။ |
1,330,662 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | မဟာမောဂ္ဂလာန်မထေရ်သည် ထိုအရပ်၌ သာလျှင် ထိုမှဤမှ စင်္ကြံသွားတော်မူ၏။ |
1,330,663 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | သူဌေးသည် စင်္ကြံသွားသော်လည်း အဘယ်ကို ရလတ္တံ့နည်း၊ ကောင်းကင်၌ ထက်ဝယ်ဖွဲ့သဖြင့် နေသော်လည်း မရလတ္တံ့သလျှင်ကတည်းဟု ဆို၏။ |
1,330,664 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | မဟာမောဂ္ဂလာန်မထေရ်သည် ထက်ဝယ်ဖွဲ့ခွေ နေတော်မူ၏။ |
1,330,665 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထိုအခါ မဟာမောဂ္ဂလာန်မထေရ်ကို ထက်ဝယ်ဖွဲ့ခွေနေငြားသော်လည်း အဘယ်ကို ရလတ္တံ့နည်း၊ လာလတ်၍ လေသာတံခါးခုံ၌ ရပ်သော်လည်း မရလတ္တံ့ဟု ဆို၏။ |
1,330,666 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | မဟာမောဂ္ဂလာန်မထေရ်သည် လေသာ တံခါးခံ၌ ရပ်၏။ |
1,330,667 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | လေသာတံခါး၌ ရပ်သော်လည်း အဘယ်ကို ရလတ္တံ့နည်း၊ အခိုးလွှတ်ငြားသော်လည်း မရလတ္တံ့ သလျှင်ကတည်းဟု ဆို၏။ |
1,330,668 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | မဟာမောဂ္ဂလာန်မထေရ်သည် အခိုးလွှတ်တော်မူ၏။ |
1,330,669 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | အလုံးစုံသောပြာသာဒ်သည် တစပ်တည်းသောအခိုးရှိသည်ဖြစ်၍ သူဌေး၏မျက်စိတို့သည် အပ်ဖြင့်ထိုးဘိသကဲ့သို့ဖြစ်၍ အိမ်ကို မီးလောင်အံ့သည်မှကြောက်ခြင်းကြောင့်ကား အလျှံလွှတ်သော်လည်း မရလတ္တံ့ဟု မဆိုမူ၍ ဤရဟန်းသည် အလွန်တပ်စွန်း၏။ |
1,330,670 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | မရဘဲကို မသွားလတ္တံ့၊ ထိုရဟန်းအား တရှက်သော မုန့်ကို လူအံ့ဟုကြ၏။ |
1,330,671 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ကြံပြီး၍ မယားကို ရှင်မ ငယ်စွာသော တရှက်သောမုံကိုကြော်၍ ရဟန်းအားလှူ၍ ထိုရဟန်းကိုလွှတ်လိုက်လောဟု ဆို၏။ |
1,330,672 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | သူဌေးမသည် အတန် ငယ်သာလျှင် မုန့်ညက်ကို အိုးကင်း၌ ထည့်၏။ |
1,330,673 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | မုန့်ကြီးဖြစ်၍ အလုံးစုံသော အိုးကင်းကိုပြည့်စေ၍ အထက်သို့တက်လျှက် တည်၏။ |
1,330,674 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | သူဌေးကြီးသည် မုန့်ကိုမြင်၍ သင်သည်များစွာသော မုန့်ညက်ကို ထည့်သည်ဖြစ်လတ္တံ့ဟု ဆို၍ မိမိကိုယ်တိုင်သာလျှင် ယောက်မစွန်းဖြင့် အတန်ငယ်မုန့်ညက်ကိုယူ၍ ထည့်၏။ |
1,330,675 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | မုန့်ညက်သည် ရှေးကမုန့်ထက် အလွန်ကြီးသည်ဖြစ်၏။ |
1,330,676 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ဤသို့လျှင် အကြင် အကြင် မုန့်ကို ကြော်၏။ |
1,330,677 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထိုထိုမုန့်သည်ကြီးသည်သာလျှင်ဖြစ်၏။ |
1,330,678 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထိုသူဌေးကြီးသည် ငြီးငွေ့သည်ဖြစ်၍ မယားကို ရှင်မ ရဟန်းအား တရှက်သောမုန့်ကို လှူလောဟု ဆို၏။ |
1,330,679 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထိုသူဌေးမသည် တောင်းမှမုန့်ကိုယူသည်ရှိသော် အလုံးစုံမုန့်တို့သည် တစပ်တည်းဖြစ်၍ကပ်ငြိကုန်၏။ |
1,330,680 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထိုသူဌေးမသည် သူဌေးကြီးကို အရှင်အလုံးစုံသောမုန့်တို့သည် တစပ်တည်းကပ်ငြိကုန်သည်ဖြစ်၍ ခွဲအံ့သောငှါ မတတ်နိုင်ဟု ဆို၏။ |
1,330,681 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ငါပြုအံ့ဟု ဆို၍ ထိုသူဌေးသည်လည်း ပြုခြင်းငှာ မတတ်နိုင်၊ နှစ်ယောက်ကုန်သောသူတို့သည် အစွန်းကိုကိုင်၍ ငင်သော်လည်း ခွဲအံ့သောငှါ မတတ်နိုင်ကုန်သည်သာလျှင်တည်း၊ ထိုအခါ မုံတို့နှင့်တကွ လုံ့လပြုစဉ်၌သာလျှင် သူဌေးကြီးကိုယ်မှ ချွေးတို့သည်ထွက်ကုန်၏။ |
1,330,682 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | စားချင်ခြင်းသည် ပြတ်၏။ |
1,330,683 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထို့နောင်မှ သူဌေးမကို ရှင်မ သင်၏မုန့်တို့ဖြင့် အလိုမရှိ၊ တောင်းနှင့်တကွသာလျှင် ရဟန်းအား လူလောဟုဆို၏။ |
1,330,684 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထိုသူဌေးမသည် တောင်းကိုယူ၍ မဟာမောဂ္ဂလာန်မထေရ်သို့ ကပ်ပြီးလျှင် အလုံးစုံသောမုန့်ကို မထေရ်အားလှူ၏။ |
1,330,685 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | မဟာမောဂ္ဂလာန်မထေရ်သည် နှစ်ယောက်သောသူတို့အားလည်း တရားဟောတော်မူ၏။ |
1,330,686 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ရတနာသုံးပါးတို့၏ဂုဏ်ကျေးဇူးကို ဟောတော်မူ၏။ |
1,330,687 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | အလှူ၏ အကျိုးသည် ရှိ၏။ |
1,330,688 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ပူဇော်ခြင်း၏အကျိုးသည် ရှိ၏ဟု ဒါနအစရှိသည်တို့၏အကျိုးကို ကောင်းကင်၌ လပြည့်ဝန်းကဲ့သို့ ပြတော်မူ၏။ |
1,330,689 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထိုတရားကိုနာရလျှင် ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍ သူဌေးကြီးသည် အရှင်ဘုရား ကြွတော်မူ၍ ဤပလ္လင်၌နေ၍ မုန့်တို့ကို ဘုဉ်းပေးတော်မူပါဟု လျောက်၏။ |
1,330,690 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | မဟာမောဂ္ဂလာန်မထေရ်သည် သူဌေးကြီး မြတ်စွာဘုရားသည် မုန့်တို့ကိုဘုဉ်းပေးအံ့ဟု ငါးရာကုန်သောရဟန်းတို့နှင့်တကွ ကျောင်း၌နေတော်မူ၏။ |
1,330,691 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | သင်တို့ အလိုရှိသည်ရှိသော် သူဌေးမကို မုန့်တို့ကို၎င်း နို့ရည်အစရှိသည်တို့ကို၎င်းယူခဲ့စေကုန်လော၊ မြတ်စွာဘုရားအထံသို့ သွားကုန်အံ့ဟုမိန့်တော်မူ၏။ |
1,330,692 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | အရှင်ဘုရား ယခုအခါ၌ မြတ်စွာဘုရားသည် အဘယ်မှာနည်းဟု လျှောက်၏။ |
1,330,693 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | သူဌေးကြီး မြတ်စွာဘုရားသည် ဤသက္ကာရနိဂုံးမှ လေးဆယ့်ငါးယူဇနာထက်ဇေတဝန် ကျောင်းတော်၌ နေတော်မူသည်ဟု မိန့်တော်မူ၏။ |
1,330,694 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | အရှင်ဘုရား ကာလကိုမလွန်မူ၍ ဤမျှသောခရီးကို အသို့သွားကုန်ရအံ့နည်းဟု လျှောက်၏။ |
1,330,695 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | သူဌေးကြီး သင်တို့အလိုရှိသည်ရှိသော် ငါသည် သင်တို့ကို ငါ၏တန်းခိုးအစွမ်းအားဖြင့် ဆောင်အံ့၊ သင်တို့ပြာဿာဒ်၌ စောင်းတန်းဦးသည် တည်မြဲတိုင်းသောအရပ်၌သာ ဖြစ်လတ္တံ့၊ စောင်းတန်းခြေရင်းသည်ကား ဇေတဝန်ကျောင်းတော် တံခါးမုတ်၌ဖြစ်လတ္တံ့၊ ပြာဿာဒ်ထက်မှ အောက်သို့သက်ကာမျှဖြင့် ဇေတဝန်ကျောင်းတော်သို့ ဆောင်အံ့ဟု မိန့်တော်မူ၏။ |
1,330,696 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထိုသူဌေးကြီးသည် အရှင်ဘုရား ကောင်းပြီဟု ဝန်ခံ၏။ |
1,330,697 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ရှင်မောဂ္ဂလာန်မထေရ်သည် စောင်းတန်းဦးကို ထိုတည်မြဲတိုင်းသော အရပ်၌သာလျှင်ပြု၍ စောင်းတန်းခြေရင်းသည် ဇေတဝန်ကျောင်းတော်တံခါးမုတ်၌ ဖြစ်စေဟုအဓိဋ္ဌာန်တော်မူ၏။ |
1,330,698 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထိုသို့အဓိဋ္ဌာန်တော်မူတိုင်းသာလျှင် ဖြစ်၏။ |
1,330,699 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ဤသို့လျှင် မဟာမောဂ္ဂလာန်မထေရ်သည် သူဌေးကြီးကို၎င်း သူဌေးမကို၎င်း ပြသာဒ်ထက်မှအောက်သို့ ဆင်းသက်သောကာလထက် အလွန်လျှင်စွာ ဇေတဝန်ကျောင်းတော်သို့ ရောက်စေ၏။ |
1,330,700 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဣလ္လိသဇာတ် | ထိုသူဌေးလင်မယားနှစ်ယောက်တို့သည်လည်း မြတ်စွာဘုရားသို့ဆည်းကပ်ပြီးလျှင် ရှိခိုး၍ အခါကို ကြား လျှောက်ကုန်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.