id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,331,801 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဘုရားတို့၏ပွင့်မှုသည် တစ်ဆူနှင့်တစ်ဆူ ကမ္ဘာအသင်္ချေ ကွာခြားပြီးမှ ပွင့်သည်လည်းရှိပြန်သည်။ |
1,331,802 | Uncategorized | ဥတ္တမပုရိသဒီပနီ | သာဝကတို့မည်သည် ဘုရားပွင့်ရာ သာသနာနှင့် ကြုံကြိုက်မှ ဖြစ်နိုင်ကုန်သည်။ |
1,331,803 | Uncategorized | ဥတ္တမပုရိသဒီပနီ | ထို့ကြောင့် ပြဆိုခဲ့ပြီးသော ကာလအပိုင်းအခြားများသည်လည်း ငါတို့ဘုရားလက်ထက်ရှိ သာဝကများကို အမှတ်ပြု၍ ဆိုအပ်သော အပိုင်းအခြားမျှသာတည်း။ |
1,331,804 | Uncategorized | ဥတ္တမပုရိသဒီပနီ | သုတ္တနိပါတ်အဋ္ဌကထာ၌ကား သာဝကဗောဓိမှာလည်း သဒ္ဓါဓိကဗောဓိ၊ ဝီရိယာဓိကဗောဓိ၊ ပညာဓိကဗောဓိ ဟူ၍ ၃-ပါးစီ ၃-ပါးစီ ခွဲလျက်ရှိ၏။ |
1,331,805 | Uncategorized | ဥတ္တမပုရိသဒီပနီ | သာဝကဗောဓိသုံးပါးပြီး၏။ |
1,331,806 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပစ္စေကဗောဓိ သုံးပါးပြ |
1,331,807 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပစ္စေကဗောဓိသည်လည်း သဒ္ဓါဓိက၊ ဝီရိယာဓိက၊ ပညာဓိက ဟူ၍ ၃-မျိုးပင်လာရှိ၏။ |
1,331,808 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဗျာဒိတ်ခံပြီးသည်မှ နောက်၌ နှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလကြာမြင့်အောင် ပါရမီဆယ်ပါး ဥပပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်မှ ရနိုင်သည်ဟု အဋ္ဌကထာတို့၌ လာ၏။ |
1,331,809 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပစ္စေကဗောဓိ သုံးပါးပြီး၏။ |
1,331,810 | Uncategorized | ဥတ္တမပုရိသဒီပနီ | မဟာဗောဓိ သုံးပါးပြ |
1,331,811 | Uncategorized | ဥတ္တမပုရိသဒီပနီ | သဗ္ဗညုဗောဓိသည် သဒ္ဓါဓိက၊ ဝီရိယာဓိက၊ ပညာဓိက ဟူ၍ ၃-ပါးအပြားရှိ၏။ |
1,331,812 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဥဂ္ဃါတိတညူဗောဓိ၊ ဝိပဉ္စိတညူဗောဓိ၊ နေယျဗောဓိဟူ၍လည်းဆို၏။ |
1,331,813 | Uncategorized | ဥတ္တမပုရိသဒီပနီ | နိယတဗျာဒိတ်ကို ရပြီးနောက် ပါရမီဆယ်ပါး၊ ဥပပါရမီဆယ်ပါး၊ ပရမတ္ထပါရမီဆယ်ပါးတို့ကို- |
1,331,814 | Uncategorized | ဥတ္တမပုရိသဒီပနီ | - လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ကျင့်မှ ပညာဓိကဗောဓိ ပွင့်နိုင်၏။ |
1,331,815 | Uncategorized | ဥတ္တမပုရိသဒီပနီ | - ရှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ကျင့်မှ ဝီရိယာဓိကဗောဓိ ပွင့်နိုင်၏။ |
1,331,816 | Uncategorized | ဥတ္တမပုရိသဒီပနီ | - တစ်ဆယ့်ခြောက်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ကျင့်မှ သဒ္ဓါဓိကဗောဓိ ပွင့်နိုင်၏။ |
1,331,817 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤကား အဋ္ဌကထာကြီးများ၌ လာသော မှတ်ရိုးမှတ်စဉ်တည်း။ |
1,331,818 | Uncategorized | ဥတ္တမပုရိသဒီပနီ | ထိုထိုဋီကာကျမ်း၊ အပဒါန်အဋ္ဌကထာစသော နောက်ဖြစ် အဋ္ဌကထာကျမ်း၊ သောတတ္တကီကျမ်း၊ တထာဂတုပ္ပတ္တိကျမ်း၊ မဟာဝင်ဋီကာကျမ်း စသည်တို့၌ ဆိုကြသော နာနာဝါဒကား အလွန်များသေး၏။ |
1,331,819 | Uncategorized | ဥတ္တမပုရိသဒီပနီ | သစ်ပင်တို့၏ ပွင့်မှု၊ သီးမှု မည်သည် ထိုထိုမျိုးအားလျော်စွာ ပွင့်ချိန်ကျမှသာလျှင် ပွင့်နိုင်သီးနိုင်သည်၊ မန်ကျည်းပင်၊ ပိန္နဲပင်စသည်တို့ကို တစ်နှစ်အတွင်း၊ နှစ်နှစ်အတွင်း၊ သုံးနှစ်အတွင်း သီးတည့်စေခြင်းငှါ တစ်နေ့တစ်နေ့လျှင် အခါတစ်ရာပင် ရေလောင်းသော်လည်း အပင်မရင့်က မပွင့်နိုင်၊ မသီးနိုင်သကဲ့သို့ ထို့အတူ ဗောဓိသမ္ဘာရမှုမှာလည်း... |
1,331,820 | Uncategorized | ဥတ္တမပုရိသဒီပနီ | ထို့ကြောင့် ပကတိသာဝကဗောဓိအစရှိသော ထိုထိုဗောဓိတို့၌ ရင့်သန်ရာဖြစ်သော ကာလအပိုင်းအခြားကိုလည်း အသီးအသီး အလိုရှိအပ်သည်သာလျှင်တည်း။ |
1,331,821 | Uncategorized | ဥတ္တမပုရိသဒီပနီ | မဟာဗောဓိကြီး သုံးပါး ပိုင်းခြားခန်းပြီး၏။ |
1,331,822 | Uncategorized | ဥတ္တမပုရိသဒီပနီ | မဟာဘိနီဟာရ သရုပ်ပြ |
1,331,823 | Uncategorized | ဥတ္တမပုရိသဒီပနီ | ယခုအခါ မဟာဗောဓိကြီး၌ သိမှတ်ထိုက်သော အကြောင်းအရာများကို ကျမ်းဂန်မှ အတန်ငယ်ထုတ်၍ပြဦးအံ့။ |
1,331,824 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၁။ မဟာဘိနီဟာရကို သိအပ်၏။ |
1,331,825 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၂။ မဟာဘိနီဟာရ၏ အခြေမူလ ပစ္စယဟေတုတရားအစုကို သိအပ်၏။ |
1,331,826 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၃။ မဟာဗောဓိကို သိအိပ်၏။ |
1,331,827 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၄။ မဟာဗောဓိ၏အခြေမူလ ပစ္စယဟေတုတရားအစုကို သိအပ်၏။ |
1,331,828 | Uncategorized | ဥတ္တမပုရိသဒီပနီ | မဟာဘိနီဟာရဆိုသည်ကား-- |
1,331,829 | Uncategorized | ဥတ္တမပုရိသဒီပနီ | ကိံ မေ ဧကေန တိဏ္ဏေန၊ ပုရိသေန ထာမဒဿိနာ၊ |
1,331,830 | Uncategorized | ဥတ္တမပုရိသဒီပနီ | သဗ္ဗညုတံ ပါပုဏိတွာ၊ သန္တာရေဿံ သဒေဝကံ။ |
1,331,831 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဟူ၍ဖြစ်သော နှုတ်ပဋိညာဉ်၊ စိတ်ပဋိညာဉ်မှုတည်း။ |
1,331,832 | Uncategorized | ဥတ္တမပုရိသဒီပနီ | ထာမဒဿိနာ=ကိုယ်စွမ်း၊ ကိုယ်ရည်ကို မြင်သော၊ ပုရိသေန=ငါယောကျ်ားကောင်းဖြစ်ပါလျက်၊ ဧကေန တိဏ္ဏေန=တစ်ကိုယ်တည်း နိဗ္ဗာန်ကူးသဖြင့်၊ မေ=ငါ့အား၊ ကိံ=ပစာပြုရအံ့နည်း၊ သဗ္ဗညုတံ=သဗ္ဗညုတဉာဏ်တည်းဟူသော မဟာဗောဓိသို့၊ ပါပုဏိတွာ=ရောက်ပြီးမှ၊ သဒေဝကံ=နတ်ဗြဟ္မာနှင့်တကွသော လူများအပေါင်းကို၊ သန္တာရေဿံ=နိဗ္ဗာန်ကူးတို့ ဆောင်ပို့ကယ်တင်အံ့။ |
1,331,833 | Uncategorized | ဥတ္တမပုရိသဒီပနီ | စကြဝဠာတစ်သောင်းကို ရိုက်ခြောင်းဆူဝေ တုန်လှုပ်စေနိုင်သော ပဋိညာဉ်ကြီးတည်း။ |
1,331,834 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဆုတောင်းကြီးလည်း ဆိုရ၏။ |
1,331,835 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဗုဒ္ဓေါ ဗောဓေယျံ= မုတ္တော မောစေယျံ၊ တိဏ္ဏော တာရေယျံ-ဟုဖြစ်သော မဟာဗောဓိပတ္ထနာကို မဟာဘိနီဟာရဆိုသည်။ |
1,331,836 | Uncategorized | ဥတ္တမပုရိသဒီပနီ | မဟာဘိနီဟာရ သရုပ်ကို ပြဆိုခန်းပြီး၏။ |
1,331,837 | Uncategorized | ဥတ္တမပုရိသဒီပနီ | မဟာဘိနီဟာရ အင်္ဂါ |
1,331,838 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤမဟာဘိနီဟာရ ထမြောက်အောင်မြင်ရာ အင်္ဂါ ရှစ်ပါးရှိ၏။ |
1,331,839 | Uncategorized | ဥတ္တမပုရိသဒီပနီ | အဋ္ဌဓမ္မသမောဓာနာ၊ အဘိနီဟာရော သမိဇ္ဈတိ။ |
1,331,840 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၁-မနုဿတ္တံ=လူ၏အဖြစ်၊ ၂-လိင်္ဂသမ္ပတ္တိ=ယောက်ျားစင်စစ်အဖြစ်၊ ၃-ဟေတု=ယူလိုလျှင် ယခုဘဝပင် ရဟန္တာဖြစ်နိုင်လောက်အောင် ရင့်ပြီးသော အကြောင်းပါရမီရှိသည်၏အဖြစ်၊ ၄-သတ္ထာရဒဿနံ=သဗ္ဗညုဘုရားနှင့် တွေ့ကြုံရခြင်း၊ ၅-ပဗ္ဗဇ္ဇာ=ရသေ့ရဟန်းအဖြစ်၌ တည်ခြင်း၊ ၆-ဂုဏသမ္ပတ္တိ=အဘိညာသမာပတ်ဂုဏ်နှင့်ပြည့်စုံခြင်း၊ ၇-အဓိကာရော=ခဲယဉ်းလှစွာသော ပူဇာသက္ကာရမ... |
1,331,841 | Uncategorized | ဥတ္တမပုရိသဒီပနီ | (ဤအင်္ဂါရှစ်ပါးကား အစဆုံးဆုတောင်းမှုမှာလိုသည်)။ |
1,331,842 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဟေတု ဆိုသည်ကား နောက်၌ ပြဆိုလတ္တံ့သော ပစ္စယ ၄-ပါး၊ ဟေတု ၄-ပါး စသည်ကို ဆိုသည်။ |
1,331,843 | Uncategorized | ဥတ္တမပုရိသဒီပနီ | အဓိကာရ ဆိုသည်ကား အသက်ကိုစွန့်၍ ပြုလိုက်သော ပူဇော်သက္ကာရမှုကိုဆိုသည်။ |
1,331,844 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဆန္ဒ ဆိုသည်ကား လွန်မင်းသော အလိုတည်း။ |
1,331,845 | Uncategorized | ဥတ္တမပုရိသဒီပနီ | အချင်းယူဇနာ တစ်သန်း နှစ်သိန်း သုံးထောင့်လေးရာ့ငါးဆယ် ကျယ်သော စကြဝဠာတိုက်အတွင်းမှာ အလွန်ထက်သော လှံသွားတို့ကို အပြည့်စိုက်ထူ၍ ထားပြီးလျှင် လှံသွားထိပ်ကိုနင်း၍ ဤမှာဖက် စကြဝဠာတံတိုင်းမှ ထိုမှာဖက် စကြဝဠာတံတိုင်းသို့ ရောက်ပေါက်အောင် လာခဲ့နိုင်လျှင် မဟာဗောဓိကို ထိုမှာဖက်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် ရတတ်သည် အမှန်ဖြစ်ခဲ့သော် ... |
1,331,846 | Uncategorized | ဥတ္တမပုရိသဒီပနီ | ရှားမီးကျီးအပြည့် ရှိသောစကြဝဠာတိုက်ဖြင့်လည်း ပြဆိုကြကုန်၏။ |
1,331,847 | Uncategorized | ဥတ္တမပုရိသဒီပနီ | ထိုကဲ့သို့ စိတ်သန်သောသူသည် ချင်းနင်း၍သွားခဲ့လျှင် ထိုလှံသွားသည် ပတ္တမြားအပြင် ဖြစ်လေရာ၏။ |
1,331,848 | Uncategorized | ဥတ္တမပုရိသဒီပနီ | ထိုရှားမီးကျီးစုသည် ပဒုမာကြာတိုက်အပြင် ဖြစ်လေရာ၏။ |
1,331,849 | Uncategorized | ဥတ္တမပုရိသဒီပနီ | ခဒိရင်္ဂါရဇာတ်ကို ထောက်မြော်လေ။ |
1,331,850 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤကား မဟာဘိနီဟာရအင်္ဂါတည်း။ |
1,331,851 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပစ္စေကဗောဓိဆု၊ သာဝကဗောဓိဆုတို့၌ကား အင်္ဂါသုံးပါးစီလာ၏။ |
1,331,852 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၁- သတ္ထုဒဿန။ |
1,331,853 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၂- အဓိကာရ။ |
1,331,854 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၃- ဆန္ဒ။ |
1,331,855 | Uncategorized | ဥတ္တမပုရိသဒီပနီ | (ပစ္စေကဗောဓိဆု၌ အင်္ဂါသုံးပါး။ |
1,331,856 | Uncategorized | ဥတ္တမပုရိသဒီပနီ | ) ၁- ခီဏာသဝဒဿန။ |
1,331,857 | Uncategorized | ဥတ္တမပုရိသဒီပနီ | (သာဝကဗောဓိဆု၌ အင်္ဂါသုံးပါး။ |
1,331,858 | Uncategorized | ဥတ္တမပုရိသဒီပနီ | ) အဓိကာရနှင့် ဆန္ဒနှစ်ပါးတူကြ၏။ |
1,331,859 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပစ္စေကဗောဓိဆုမှာ သဗ္ဗညုဘုရားနှင့်တွေ့မှ၊ သာဝကဗောဓိဆုမှာ ပစ္စေကဗုဒ္ဓါ ရဟန္တာများနှင့်တွေ့၍ လှူဒါန်း၍ တောင်းလျှင် ရနိုင်၏ဟူလိုသည်။ |
1,331,860 | Uncategorized | ဥတ္တမပုရိသဒီပနီ | မဟာဘိနီဟာရကို ပြဆိုခန်းပြီး၏။ |
1,331,861 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပစ္စယ နှစ်ပါးပြ |
1,331,862 | Uncategorized | ဥတ္တမပုရိသဒီပနီ | မဟာဘိနီဟာရ အင်္ဂါရှစ်ပါးတွင် ဟေတုအင်္ဂါ ဆိုသည်ကား သာဝကဗောဓိ၊ ပစ္စေကဗောဓိများကို ယူလိုသောအခါ ရနိုင်လောက်အောင် ရင့်သန် ပြည့်စုံပြီးသော ဒါနအဆောက်အဦ၊ သီလအဆောက်အဦ၊ နိက္ခမအဆောက်အဦ စသော ဆယ်ပါးသောအဆောက်အဦတို့နှင့်တကွ |
1,331,863 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၁- ကရုဏာသမ္ပတ္တိ။ |
1,331,864 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၂- ဥပါယကောလ္လသမ္ပတ္တိ။ |
1,331,865 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤနှစ်ပါးသည်လည်း မဟာဘိနီဟာရ စခန်းသို့ ဆိုက်နိုင်ရန် သဗ္ဗညုဆု၊ သဗ္ဗညုဗျာဒိတ်ကို ခံရရန်၊ ဘုရားအလောင်းဟူသော ဘွဲ့တံဆိပ်ကို ခံရရန် အကြောင်းတရား နှစ်ပါးပေတည်း။ |
1,331,866 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၁။ မိမိ၏ အသက်ခန္ဓာထက်ပင် သတ္တဝါတစ်ပါး၏ ဒုက္ခကို ကင်းငြိမ်းစေလိုသော စိတ်အလွန်ထက်သန်သည်ကား ကရုဏာသမ္ပတ္တိတည်း။ |
1,331,867 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၂။ ကင်းငြိမ်းစေလိုသော စိတ်ရှိသည်အတိုင်း ကင်းငြိမ်းရာ ကင်းငြိမ်းကြောင်းကို ကြံဖန်နိုင်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်းကား ဥပါယကောသလ္လသမ္ပတ္တိပင်တည်း။ |
1,331,868 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဣဒံ ပန ဒွယံ ပါရမီနံ ဝိယ ပဏိဓာနဿပိ ပစ္စယော။ |
1,331,869 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဣဒံ ပန ဒွယံ=ဤနှစ်ပါးသည်ကား၊ ပါရမီနံ=ပါရမီတို့၏၊ ပစ္စယော ဝိယ=အကြောင်းဖြစ်သကဲ့သို့၊ ပဏိဓာနဿပိ=ဆုတောင်းခြင်း၏လည်း၊ ပစ္စယော=အကြောင်းပေတည်း။ |
1,331,870 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပစ္စယ နှစ်ပါးပြီး၏။ |
1,331,871 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပစ္စယလေးပါးပြ |
1,331,872 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၁။ ဥဿာဟ။ |
1,331,873 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၂- ဥမ္မင်္ဂ။ |
1,331,874 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၃-အဝဋ္ဌာန။ |
1,331,875 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၄-ဟိတစရိယာ။ |
1,331,876 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၁။ ဥဿာဟဆိုသည်ကား ဒါနမှု စသည်တို့၌ သူအများထက် လွန်ကဲသော ဝီရိယတည်း။ |
1,331,877 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၂။ ဥမ္မင်္ဂ ဆိုသည်ကား အလွန်ထက်သန်သော ဉာဏ်ပညာတည်း။ |
1,331,878 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၃။ အဝဋ္ဌာန ဆိုသည်ကား သူတစ်ပါးတို့ လှုပ်ရှားခြင်းငှါ မတတ်ကောင်းသော စိတ်၏ခိုင်မြဲခြင်းတည်း။ |
1,331,879 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၄။ ဟိတစရိယာ ဆိုသည်ကား မိမိ၏အကျိုးထက် သူတစ်ပါး၏ အကျိုး၌ လွန်ကဲသော မေတ္တာစိတ်တည်း။ |
1,331,880 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤလေးပါးသည်လည်း ပါရမီတို့၏လည်းကောင်း၊ အဘိနီဟာရ၏လည်းကောင်း အကြောင်းဖြစ်၏။ |
1,331,881 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဗုဒ္ဓဘူမိ လေးပါးလည်းခေါ်၏။ |
1,331,882 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပစ္စယ ၄-ပါးပြီး၏။ |
1,331,883 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဟေတု လေးပါးပြ |
1,331,884 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၁။ ဥပနိဿယသမ္ပတ္တိ။ |
1,331,885 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၂။ ကရုဏဇ္ဈာသယသမ္ပတ္တိ။ |
1,331,886 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၃။ အဝိဟညသမ္ပတ္တိ။ |
1,331,887 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၄။ ကလျာဏမိတ္တသမ္ပတ္တိ။ |
1,331,888 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၁။ နိယတဗျာဒိတ်ကို ခံယူသောအခါ၌ သာဝကဗောဓိ၊ ပစ္စေကဗောဓိကို ပေးနိုင်လောက်အောင် ပြည့်စုံပြီး ရင့်သန်ပြီးသော အဆောက်အဦနှင့် ပြည့်စုံသည်ကား ဥပနိဿယသမ္ပတ္တိမည်၏။ |
1,331,889 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၂။ ပြဆိုခဲ့ပြီးသော ကရုဏာတရား အစွဲအမြဲနှင့်ပြည့်စုံသည်ကား ကရုဏဇ္ဈာသယသမ္ပတ္တိတည်း။ |
1,331,890 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၃။ သူတစ်ပါးတို့၏ အကျိုးကိုရွက်ဆောင်မှုနှင့် ကင်း၍နေရမူကား စကြာမင်း၊ သိကြားမင်း၊ ဗြဟ္မာမင်း စည်းစိမ်ကိုခံစား စံစား၍နေရသော်လည်း စိတ်ပင်ပန်းလျက်နှင့်သာ နေရ၏။ |
1,331,891 | Uncategorized | ဥတ္တမပုရိသဒီပနီ | သူတစ်ပါးအကျိုးကို ရွက်ဆောင်သောအားဖြင့် မဟာဗောဓိအကျိုးငှါ ပါရမီမှုတို့နှင့်နေရမူကား ဘဝများစွာ၊ ကမ္ဘာမည်မျှပင် ရှည်ကြာသော်လည်း စိတ်၏ ညစ်နွမ်းပင်ပန်း ငြီးငွေ့ခြင်းမရှိသည်ကား အဝိဟညသမ္ပတ္တိတည်း။ |
1,331,892 | Uncategorized | ဥတ္တမပုရိသဒီပနီ | [သင်သည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကျင့်ရလိမ့်မည်၊ ရှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ကျင့်ရလိမ့်မည်၊ တစ်ဆယ့်ခြောက်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ကျင့်ရလိမ့်မည်။ |
1,331,893 | Uncategorized | ဥတ္တမပုရိသဒီပနီ | ထိုမျှလောက် ကျင့်နိုင်လျှင် သဗ္ဗညုအဖြစ်သို့ ရောက်လိမ့်မည်' ဟုဆိုလျှင် လေးသင်္ချေ၊ ရှစ်သင်္ချေ၊ တစ်ဆယ့်ခြောက်သင်္ချေမျှကိုပင် ယနေ့နက်ဖြန်မျှ ထင်နိုင်သည်၊ ကြာလှသည်၊ ရှည်လှသည်ဟု စိတ်ပင်ပန်းခြင်းမရှိ ဆိုလိုသည်] |
1,331,894 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၄။ ဘဝအဆက်ဆက်တို့၌ လူပညာရှိ၊ နတ်ပညာရှိတို့နှင့် တွေ့ကြုံရာ ပညာရှိသူတော်ကောင်းတို့ကို အလေးအမြတ် ဆည်းကပ်ပေါင်းဖက်မှု အလေးဂရု ပြုခြင်းသည် ကလျာဏမိတ္တသမ္ပတ္တိမည်၏။ |
1,331,895 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဟေတု ၄-ပါးပြီး၏။ |
1,331,896 | Uncategorized | ဥတ္တမပုရိသဒီပနီ | မဟာဘိနီဟာရခန်း ပြီး၏။ |
1,331,897 | Uncategorized | ဥတ္တမပုရိသဒီပနီ | အဇ္ဈာသယဓာတ်ပြ |
1,331,898 | Uncategorized | ဥတ္တမပုရိသဒီပနီ | အဇ္ဈာသယဓာတ် ၆-ပါးကို ပြဆိုအံ့--- |
1,331,899 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၁။ အလောဘဇ္ဈာသယာ စ ဗောဓိသတ္တာ လောဘေ ဒေါသ ဒဿာဝိနော။ |
1,331,900 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၂။ အဒေါသဇ္ဈာသယာ စ ဗောဓိသတ္တာ ဒေါသေ ဒေါသ ဒဿာဝိနော။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.