id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,331,701
Uncategorized
ဥတ္တမပုရိသဒီပနီ
--- ဟီန မဇ္ဈိမ ပဏီတ သုံးပါးခွဲနည်း
1,331,702
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုဆယ်ပါးသော ဒါန သီလ နိက္ခမစသည်တို့တွင် တစ်ပါးတစ်ပါး သည် ဟီန မဇ္ဈိမ ပဏီတဟူ၍ သုံးပါး သုံးပါးစီရှိကြ၏။
1,331,703
Uncategorized
ဥတ္တမပုရိသဒီပနီ
ယသကာမတာယ ပဝတ္တိတံ ဟီနံ၊ ပုညဖလကာမတာယ ပဝတ္တိတံ မဇ္ဈိမံ၊ ကတ္တဗ္ဗမေဝိဒန္တိ အရိယဘာဝံ နိဿာယ ပဝတ္တိတံ ပဏီတံ။
1,331,704
Uncategorized
ဥတ္တမပုရိသဒီပနီ
- ယသကာမတာယ=အကျော်အစောကို လိုသောစိတ်ဖြင့်၊ ပဝတ္တိတံ=ဖြစ်စေအပ်သည်ရှိသော်၊ ဟီနံ=အယုတ်တည်း။
1,331,705
Uncategorized
ဥတ္တမပုရိသဒီပနီ
- ပုညဖလကာမတာယ=ကုသိုလ်၏အကျိုးကို လိုလားငဲ့ကွက်သော စိတ်ဖြင့်၊ ပဝတ္တိတံ=ဖြစ်စေအပ်သည်ရှိသော်၊ မဇ္ဈိမံ=အလတ် တည်း။
1,331,706
Uncategorized
ဥတ္တမပုရိသဒီပနီ
- ဣဒံ=ဤအမှုကား၊ ကတ္တဗ္ဗံဧဝ=ပြုသင့်ပြုထိုက်သောအမှုပေသာ တည်း၊ ဣတိ=ဤသို့၊ အရိယဘာဝံ=အရိယာနွယ် စင်ကြယ်ဖြူ ဖြောင့်သော သူတော်ကောင်းအလေ့ကို၊ နိဿာယ=မှီ၍၊ ပဝတ္တိတံ=ဖြစ်စေအပ်သည်ရှိသော်၊ ပဏီတံ=အထွတ်အမြတ် တည်း။
1,331,707
Uncategorized
ဥတ္တမပုရိသဒီပနီ
- ပထမကား--ပကာသနစိတ်ဖြင့်ပြုသော ကုသိုလ်တည်း၊ ဘဝသမ္ပတ္တိ ဘောဂသမ္ပတ္တိကိုမျှ လှလှပေးနိုင်သော ကုသိုလ်မျိုး မဟုတ်၊ ပါရမီအဖြစ်နှင့်ဝေးစွ။
1,331,708
Uncategorized
ဥတ္တမပုရိသဒီပနီ
- ဒုတိယကား--အကျိုးကိုလိုလားသောစိတ်ဖြင့် အလှူခံပုဂ္ဂိုလ်ကို အယုတ် အမြတ်ရွေးချယ်မှု၊ အကျိုးကြီးရာသော နည်းလမ်းကို ရွေးချယ်မှုတို့နှင့် ပြုသောကုသိုလ်တည်း၊ ဘဝဘောဂကိုပေးနိုင် ၏၊ ပါရမီကုသိုလ်မျိုး မဟုတ်။
1,331,709
Uncategorized
ဥတ္တမပုရိသဒီပနီ
- တတိယကား--အမှုကိုသာအလေးဂရုအထူးပြုသည်၊ အကျိုးကို အမှု မစိုက်၊ မိမိလက်ရှိပစ္စည်းဝတ္ထုကို သူတစ်ပါးတို့နှင့် မကန့် မကွက် ဆက်ဆံသည်ကိုပြု၍သုံးဆောင်မှုသည် အရိယာ သူမြတ်တို့၏အစဉ် ထုံးတမ်း သွားမြဲလမ်းပေတည်း၊ အရိယာ လောင်း သူတော်ကောင်းတို့၏အစဉ် ထုံးတမ်း သွားမြဲလမ်း ပေတည်
1,331,710
Uncategorized
ဥတ္တမပုရိသဒီပနီ
(တစ်နည်းကား)
1,331,711
Uncategorized
ဥတ္တမပုရိသဒီပနီ
- တဏှာ ဝသေန ဘဝဘောဂတ္ထာယ ပဝတ္တိတံ ဟီနံ၊
1,331,712
Uncategorized
ဥတ္တမပုရိသဒီပနီ
- အတ္တနော ဝိမောက္ခတ္ထာယ ပဝတ္တိတံ မဇ္ဈိမံ၊
1,331,713
Uncategorized
ဥတ္တမပုရိသဒီပနီ
- သဗ္ဗသတ္တဝိမောက္ခတ္ထာယ ပဝတ္တိတံ ပါရမိတာသီလံ ပဏီတံ။
1,331,714
Uncategorized
ဥတ္တမပုရိသဒီပနီ
တဏှာဝသေန=တဏှာ၏အလိုနှင့်တကွ၊ ဘဝဘောဂတ္ထာယ= ဘဝသမ္ပတ္တိ ဘောဂသမ္ပတ္တိ အကျိုးငှါ၊ ပဝတ္တိတံ=ဖြစ်စေအပ် သော သီလသည်၊ ဟီနံ=အယုတ်တည်း၊
1,331,715
Uncategorized
ဥတ္တမပုရိသဒီပနီ
- အတ္တနော=မိမိ၏၊ ဝိမောက္ခတ္ထာယ=ဘဝသမ္ပတ္တိ ဘောဂသမ္ပတ္တိ တို့မှ လွတ်ခြင်းငှါ၊ ပဝတ္တိတံ=ဖြစ်စေအပ်သော သီလသည်၊ မဇ္ဈိမံ=အလတ်တည်း၊
1,331,716
Uncategorized
ဥတ္တမပုရိသဒီပနီ
- သဗ္ဗသတ္တ ဝိမောက္ခတ္ထာယ=ခပ်သိမ်းသော သတ္တဝါတို့ကို ဘဝ သမ္ပတ္တိ ဘောဂသမ္ပတ္တိတို့မှ လွတ်စေခြင်းငှါ၊ ပဝတ္တိတံ=ဖြစ်စေ အပ်သော၊ ပါရမိတာသီလံ=ကမ်းတစ်ဖက် ရောက်သောသီလ သည်၊ ပဏီတံ=အမြတ်တည်း။
1,331,717
Uncategorized
ဥတ္တမပုရိသဒီပနီ
ဝဋ်ဒုက္ခမှကျွတ်လွတ်ခြင်းဆိုသည်နှင့် ဘဝသမ္ပတ္တိ ဘောဂသမ္ပတ္တိ တို့မှ ကျွတ်လွတ်ခြင်းဟူသည် အတူတူပင်၊ ရှေ့သုံးမျိုး၌ အကျိုးကို လိုလား၍ပြုသော ဒုတိယကုသိုလ်သည် ဤသုံးမျိုးမှာ ဟီန ဖြစ်လာ၏၊ ပါရမီမြောက်သော ကုသိုလ်မျိုး မဟုတ်၊ အယုတ်အညံ့မျိုးသာတည်း၊ အတ္တနောဝိမောက္ခတ္ထာယ ပဝတ္တိတံကား-ပစ္စေကဗောဓိ သာဝကဗောဓိ လမ်းတည်း၊ သဗ္ဗသတ္တ ဝိမောက္ခတ္...
1,331,718
Uncategorized
ဥတ္တမပုရိသဒီပနီ
ဟီန မဇ္ဈိမ ပဏီတ ၃-မျိုးခွဲနည်းပြီး၏။
1,331,719
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤတွင်ရွေ့ကား ဒါနစသောဆယ်ပါးသော ကုသိုလ်မှုတို့၌ ပါရမီမြောက် ထိုက်သော ကုသိုလ်ဆယ်ပါး မမြောက်ထိုက်သော ကုသိုလ်ဆယ်ပါးကို ခြားနား၍ ပြသောအခန်းပြီး၏၊
1,331,720
Uncategorized
ဥတ္တမပုရိသဒီပနီ
ပါရမီ အဓိပ္ပါယ် ခွဲနည်း
1,331,721
Uncategorized
ဥတ္တမပုရိသဒီပနီ
ယခုအခါ အသီးအသီးသော ပါရမီဓမ္မတို့၏ အဓိပ္ပါယ်ကို ပြဆိုပေအံ့။
1,331,722
Uncategorized
ဥတ္တမပုရိသဒီပနီ
(၁) ဒါနံ၊ စွန့်ကြဲပေးကမ်းလှူဒါန်းပူဇော်ချီးမြှောက်ခြင်း၊ (ဤဒါန ပုဒ်၏အဓိပ္ပါယ်ကားထင်ရှားပြီ) မိမိ၌ ရရှိသမျှသော ပစ္စည်းဥစ္စာတို့ကို ငါ့ဥစ္စာ ဟူသောအမှတ် အကြပ်အတည်း မရှိစေမူ၍ သီလဝန္တ ကလျာဏ ဂိုဏ်းဝင် လူရှင်အများတို့နှင့် ယထာရဟံ ဆက်ဆံ ဆိုင်ဆီးသည်ကိုပြု၍ သုံးဆောင်ခြင်းသည် သာဓာရဏဘောဂီ အပ္ပဋိဝိဘတ္တဘောဂီမည်၏၊ ဘုရားလက်ထက်တော်၌ ဥဂ...
1,331,723
Uncategorized
ဥတ္တမပုရိသဒီပနီ
ဒါနပြီး၏။
1,331,724
Uncategorized
ဥတ္တမပုရိသဒီပနီ
(၂) သီလသည် ဝါရိတ္တသီလ စာရိတ္တသီလ ဟူ၍နှစ်မျိုးရှိ၏။
1,331,725
Uncategorized
ဥတ္တမပုရိသဒီပနီ
- ကာယဒုစ္စရိုက် ၃-ပါး ဝစီဒုစ္စရိုက် ၄-ပါးတို့ကို မကျူးမလွန် ရအောင် စောင့်ထိန်းမှုသည် ဝါရိတ္တသီလမည်၏။
1,331,726
Uncategorized
ဥတ္တမပုရိသဒီပနီ
ဘုရားတရားသံဃာ ဆရာ မိဘ ဂုဏဝုဒ္ဓိ ဝယဝုဒ္ဓိဖြစ်သော သူတို့၌ အရိုအသေပြုထိုက်သော အခွင့်တို့ကိုသိ၍ အရိုသေ ပြုခြင်းအမှုသည်လည်းကောင်း၊ တွေ့မြင်သမျှသောသူတို့၌ ကုသိုလ်ဖြစ်ထိုက်သော ဝေယျာဝစ္စအခွင့်ကိုမြင်လျှင် ကိုယ့်အမှု ကဲ့သို့ အကျိုးကိုလိုလား၍ ကြိုးစားအားထုတ်ခြင်းအမှုသည် လည်းကောင်း စာရိတ္တသီလ မည်၏၊ သီလပြီး၏။
1,331,727
Uncategorized
ဥတ္တမပုရိသဒီပနီ
(၃) နိက္ခမ ဆိုသည်ကား- တရားကိုယ်အားဖြင့် အလောဘ ပြဋ္ဌာန်းသော ကုသိုလ်တည်း၊ ထို့ကြောင့်အိမ်၌ပင်နေသော်လည်း တဏှာ ရာဂ လောဘ ဖြစ်တတ်သော အာရုံဝတ္ထုကိုသိ၍ အသုဘမနသိကာရ ပဋိကူလမနသိကာရ များကို နှလုံးထား၍ လောဘကိုပယ်ရှား၍ နေသော အခါ နိက္ခမကုသိုလ်ဖြစ်၏။
1,331,728
Uncategorized
ဥတ္တမပုရိသဒီပနီ
ထို့ထက်စွမ်းနိုင်ပါလျှင် အာရုံကင်းရှင်းရာသို့ထွက်၍ ထို့ထက်တတ် နိုင်ပါလျှင် ဖန်ရည်ဆိုးသောအဝတ်ကို ဝတ်သောလူသူတော် ရသေ့ သူတော် ပရိဗိုဇ်သူတော်အဖြစ်သို့ ရောက်အောင်ထွက်၍ ထို့ထက် တတ်နိုင်ပါမူ သာမဏေအဖြစ် ရဟန်းအဖြစ်တိုင်အောင်ထွက်၍ ထို့ထက်တတ်နိုင်ပါမူ ပထမစျာန်ကိုရသော စျာနလာဘီအဖြစ်သို့ ရောက်အောင်ထွက်၍ ထို့ထက်တတ်နိုင်ပါမူ အနာဂါမ်အရ...
1,331,729
Uncategorized
ဥတ္တမပုရိသဒီပနီ
နိက္ခမပြီး၏။
1,331,730
Uncategorized
ဥတ္တမပုရိသဒီပနီ
(၄) ပညာသည် လောကီ လောကုတ္တရာနှစ်မျိုးရှိ၏၊ ပညာပါရမီကို ရည်စူး၍ ပိဋကတ်သုံးပုံပညာကို နာခံမှတ်သား သင်ကြားပို့ချ ပြသပြော ဟောခြင်းအမှု-အပြစ်မရှိသော ဗေဒင် ဟူးရား မန္တရား ဂါထာ ဗိန္ဓော ပဉ္စဘုတ် စသော ဝိဇ္ဇာဌာနပညာမျိုး-အပြစ်မရှိသော အသက်မွေးမှု၌ ကျေးဇူးများသော စက် အတတ်မျိုး-ဂဏန်းအတတ်မျိုး ပန်းချီ ပန်းပု ပန်းပဲ ပန်းရန် ပန်းတိမ် ပန်...
1,331,731
Uncategorized
ဥတ္တမပုရိသဒီပနီ
ပညာပြီး၏။
1,331,732
Uncategorized
ဥတ္တမပုရိသဒီပနီ
(၅) ဝီရိယပါရမီမှာ သမ္မပ္ပဓာန် ဝီရိယသည် အထွတ်အထိပ် ဖြစ်၏၊ ထိုမှတစ်ပါး သူတစ်ပါးတို့၏ အကျိုးစီးပွါးနှင့်စပ်၍ ကောင်းမြတ် စင်ကြယ်သော နှလုံးဖြင့် သူတစ်ပါးတို့ မစွမ်းနိုင်သောအရာ စွမ်းနိုင် သောအရာတို့၌ လွန်မင်းစွာ ကြိုးပမ်းခြင်းသည် ဝီရိယပါရမီတည်း။
1,331,733
Uncategorized
ဥတ္တမပုရိသဒီပနီ
ဝီရိယပြီး၏။
1,331,734
Uncategorized
ဥတ္တမပုရိသဒီပနီ
(၆) ခန္တိသည် သတ္တဝါတို့ပြုသောအမှု၌ သည်းခံခြင်း အချမ်းအပူ စသော အနိဋ္ဌဓမ္မတို့၌ သည်းခံခြင်း နှစ်မျိုး ရှိ၏၊ သတ္တဝါတို့၌ သည်းခံ ခြင်းမှာ ထင်ရှားပြီ၊ သီတဿ=ချမ်းမှုအေးမှု နှိပ်စက်သည်ကိုလည်း၊ ခမော=သည်းခံနိုင်သည်၊ ဟောတိ=ဖြစ်၏၊ ဥဏှဿ=ပူအိုက်မှု နှိပ်စက် သည်ကိုလည်း၊ ခမော=သည်းခံနိုင်သည်၊ ဟောတိ=ဖြစ်၏၊ ဤသို့ အစရှိသည်ဖြင့် ဟောတော်မူ...
1,331,735
Uncategorized
ဥတ္တမပုရိသဒီပနီ
လိုရင်းမှာ လောက၌ ကိုယ်တွင်းမှ ဖြစ်သော ဒုက္ခဓမ္မမှု ကိုယ်ပမှ ဖြစ်သော ဒုက္ခဓမ္မမှုတို့ကို တွေ့ကြုံငြားသော်လည်းစိတ်၏ ညစ်ညူးခြင်းမရှိ ညည်း ညူခြင်းမရှိ၊ နှလုံးမသာခြင်း မျက်နှာမသာခြင်းမရှိ၊ ပြုမြဲတိုင်းသော ကုသိုလ်မှု စီးပွါးမှုတို့ကို အလစ်အလပ်မခံ ကြည်လင်သန့်ရှင်း တင်းရင်း ခိုင်ခံ့စွာပြုသော အဒေါသ ပြဋ္ဌာန်းသောကုသိုလ် စိတ္တုပ္ပ...
1,331,736
Uncategorized
ဥတ္တမပုရိသဒီပနီ
ခန္တိ ပြီး၏။
1,331,737
Uncategorized
ဥတ္တမပုရိသဒီပနီ
(၇ ) သစ္စာမည်သည်ကား -မုသားကိုအချင်းခပ်သိမ်း ပယ်ခြင်း တည်း။
1,331,738
Uncategorized
ဥတ္တမပုရိသဒီပနီ
(၈) အဓိဋ္ဌာန်ဆိုသည်ကား-ဤအမှုကိုပြုမည်ဟု နှုတ်ပဋိညာဉ် စိတ်ပဋိညာဉ်ထားပြီးသည်နောက် ပြောင်းရွှေ့ လှုပ်ရှားခြင်း၏ မရှိခြင်း တည်း။
1,331,739
Uncategorized
ဥတ္တမပုရိသဒီပနီ
(၉) မေတ္တာဟူသည်ကား တွေ့သမျှ မြင်သမျှသော သတ္တဝါကို ချမ်းသာ စေချင်သောစိတ် ကောင်းစေချင်သောစိတ် အမြဲတည်ခြင်း တည်။
1,331,740
Uncategorized
ဥတ္တမပုရိသဒီပနီ
(၁၀) ဥပေက္ခာဆိုသည်ကား- မိမိကိုကြည်ညိုလေးမြတ်သောသူ ပူဇော် သောသူ ချီးမွမ်းသောသူဟူ၍လည်း သာယာခင်မင်စိတ် အထူးမရှိ၊ မိမိကို ပြစ်တင်ပြစ်မှားပြုလိုသောသူ ညှဉ်းပန်းနှိပ်စက်သောသူ ကဲ့ရဲ့ သောသူဟူ၍လည်း မသာယာခြင်း မုန်းခြင်းမရှိ၊ ထိုသူနှစ်ဦးတို့၌ စိတ်နှစ်မျိုး မရှိခြင်းကို ဥပေက္ခာ ပါရမီဆိုသည်။
1,331,741
Uncategorized
ဥတ္တမပုရိသဒီပနီ
ခန္တိပါရမီနှင့် ဥပေက္ခာပါရမီ နှစ်ပါး ခိုင်လုံမှ ကြွင်းသော ပါရမီ ရှစ်ပါး တို့လည်း ချောမောနိုင်ကုန်သည်၊ အမိဝမ်းမှ မွေးဖွား၍လာသော သူငယ်တို့သည် အမိအဖတို့ ကောင်းစွာစောင့်ရှောက်ကုန်မှ အသက် ရှည်၍ လူလားမြောက်နိုင်ကုန်သည်၊ အမိအဖတို့ မစောင့်ရှောက် ကြကုန်မူကား-မွေးဖွားသောနေရာ၌ပင် ခြောက်သွေ့၍ သေဆုံးကြကုန် လတ္တံ့၊ ဤအတူမှတ်။
1,331,742
Uncategorized
ဥတ္တမပုရိသဒီပနီ
- ခန္တိသည် အမိနှင့်တူ၏၊
1,331,743
Uncategorized
ဥတ္တမပုရိသဒီပနီ
- ဥပေက္ခာသည် အဖနှင့်တူ၏။
1,331,744
Uncategorized
ဥတ္တမပုရိသဒီပနီ
ခန္တိ ဥပေက္ခာနှစ်ပါးရှိ၍ ကုသိုလ်မှုချောမောပြန်လျှင် နိက္ခမပါရမီ စောင့်ရှောက်မှ ပြုသမျှသောကုသိုလ်သည် ပါရမီကုသိုလ်အဖြစ်သို့ ရောက်နိုင် သည်၊ နိက္ခမပါရမီ အစောင့်အရှောက် မရှိလျှင် ကုသိုလ်၏ အကျိုးကို ရလိုသော သာယာသော တဏှာဥပဒ်ကပ်ရောက်၍ ပါရမီ ကုသိုလ် မဟုတ်၊ ဝဋ္ဋနိဿိတ ကုသိုလ်မျိုးသာဖြစ်လေ၏၊ ထိုသူငယ် တို့သည် အမိအဖတို့ စောင့်ရှောက...
1,331,745
Uncategorized
ဥတ္တမပုရိသဒီပနီ
မြေ၌ပေါက်ရောက်သော မြက်သစ်ပင်တို့သည် မြေ-ရေ-နှစ်ပါး စောင့်ရှောက်ချီးမြှောက်မှ ကြီးပွါးနိုင်ကုန်သည်။
1,331,746
Uncategorized
ဥတ္တမပုရိသဒီပနီ
- ခန္တိသည် မြေဥတုနှင့်တူ၏၊
1,331,747
Uncategorized
ဥတ္တမပုရိသဒီပနီ
- ဥပေက္ခာသည် ရေဥတုနှင့်တူ၏။
1,331,748
Uncategorized
ဥတ္တမပုရိသဒီပနီ
- ဗြဟ္မစိုရ်တရား ၄-ပါး၌လာသော ဥပေက္ခာနှင့် ဤပါရမီ ဥပေက္ခာ သည် အတန်ငယ်ကွဲပြားကြ၏။
1,331,749
Uncategorized
ဥတ္တမပုရိသဒီပနီ
ဗြဟ္မစိုရ် ဥပေက္ခာကားသတ္တဝါတို့၏ အကျိုးစီးပွါး၌ ကြောင့်ကြစိုက်မှုကို ပယ်၍ဖြစ်သည်။
1,331,750
Uncategorized
ဥတ္တမပုရိသဒီပနီ
ပါရမီဥပေက္ခာကား-ပူဇော်ချီးမွမ်း ပြုသော သူနှိပ်စက် ကဲ့ရဲ့ ပြုသောသူ နှစ်ဦးတို့၏ အကျိုးစီးပွါးကိုအထူး အခြားမရှိ၊ အတူအမျှ တွင်ကျယ် ဖြစ်ထွန်းအောင် ရွက်ဆောင်နိုင်ရန် တရားပေ တည်း။
1,331,751
Uncategorized
ဥတ္တမပုရိသဒီပနီ
အလောင်းတော်မျောက်မင်းသည် အသူတရာနက်သော ချောက် ၌ကျ၍ နေသောပုဏ္ဏားကို ကျောက်ကုန်း၌ထား၍ ကုန်းပေါ်သို့ တင်ပြီးနောက် မောပန်းလှ၍ ပုဏ္ဏား၏ပေါင်ပေါ်၌ ခေါင်းထား၍ တစ်ခဏအိပ်ပျော်လေ၏၊ ပုဏ္ဏားသည် တောမျောက်သားဖြင့် သား မယားကိုမျက်နှာပြရန် ကြီးစွာသော ကျောက်ဖြင့် တစ်ချက်တည်းပြီး ထုလေ၏၊ ဦးခေါင်းမှ သွေးအယဉ်တို့သည် လေးမျက်နှာတို့၌ ဖြာဖြာ ပ...
1,331,752
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုအခါ ပုဏ္ဏားမှ အတန်ငယ်ခွါ၍ ပုဏ္ဏားကိုကြည့်ပြီးလျှင် “ဤလောကမှာ သည်ကဲ့သို့သောသူများ ရှိပေသေးသည်တကား” ဟု အံ့ဩသော စကားကို ဆိုတော်မူ၍ ထိုပုဏ္ဏားကို ရပ်ရွာသို့ ချမ်းသာစွာ ရောက်အောင် ပို့ဆောင်သော အခွင့်ကိုသာ အားထုတ်တော်မူ၏။
1,331,753
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုအခါ “ဤတောအရပ်သည် ခြင်္သေ့ သစ် ကျား သားရဲ အလွန် ထူထပ်သည်၊ ကြာမြင့်၍ မလျော်၊ သင့်ရွာသို့ရောက်အောင် ငါပို့မည်၊ ငါသည် သစ်တစ်ပင်မှ သစ်တစ်ပင်သို့ ကူး၍သွားမည်၊ ငါ့ဦးခေါင်းမှ ကျသော သွေးကြောင်း သွေးစက်ကို လမ်းပြု၍ လိုက်ခဲ့လော” ဟုဆို၍ ပို့ဆောင်လေ၏။
1,331,754
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤဝတ္ထု၌- - ချောက်၌ကျ၍နေသော ပုဏ္ဏားကိုမြင်သောအခါ မိမိ၏ သားငယ်ကျ၍ နေသည်ကိုမြင်သကဲ့သို့ ပုဏ္ဏား၏အကျိုးကို တောင့်တလိုလားခြင်း အားကြီးစွာ ဖြစ်၍လာသော စိတ္တုပ္ပါဒ်စုကား မေတ္တာပါရမီ တည်း။
1,331,755
Uncategorized
ဥတ္တမပုရိသဒီပနီ
- အသူတရာနက်သော ချောက်မှကမ်းပေါ်သို့ ချောမောစွာ ရောက်နိုင်ရာသော အကြောင်းကိုရှာကြံသော စိတ္တုပ္ပါဒ်စု ကား ပညာပါရမီ တည်း။
1,331,756
Uncategorized
ဥတ္တမပုရိသဒီပနီ
- ရှာကြံ၍သိမြင်သည့်အတိုင်း သက်စွန့်ကြိုးပမ်း အားထုတ် သော ကိုယ်အမှုကား ဝီရိယပါရမီတည်း။
1,331,757
Uncategorized
ဥတ္တမပုရိသဒီပနီ
ဦးခေါင်းကို ကြီးစွာသောကျောက်နှင့်ထုရာ အရေထူ အရေပါးတို့ ပြတ်စုတ်၍ အရိုးကွဲမျှ ပြင်းထန်လှသော ဒုက္ခဒဏ်ချက်ကြီး ထိပါးသည်ကိုပင် နာသည် ကျင်သည်ဟု အမှုမထား၊ ညစ်ညူးမှု ညည်းညူမှုမရှိ၊ ပကတိကြည် လင်သော စိတ်အတိုင်း နေနိုင်သည်ကား ခန္တိပါရမီတည်း။
1,331,758
Uncategorized
ဥတ္တမပုရိသဒီပနီ
(ဤအခါမှာ ခန္တိမရှိခဲ့လျှင် နာကျင်သည့်အတွက်နှင့် စိတ်ပျက်၍ကုန်လတ္တံ့) -
1,331,759
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤသူ့အကျိုးကို ဤမျှလောက်အပန်းခံ၍ ရွက်ဆောင်ဆဲ ဖြစ်သော ငါ့ကို ဤမျှလောက် အကျိုးမဲ့ကြီးကို ပြုဘိသည်ဟု ပုဏ္ဏား၌ စိတ်မကွက်သည်ကား ဥပေက္ခာပါရမီတည်း။
1,331,760
Uncategorized
ဥတ္တမပုရိသဒီပနီ
(ဤအခါမှာ ဥပေက္ခာ မရှိခဲ့လျှင် ပုဏ္ဏားကိုစိတ်ဆိုးသည့် အတွက် နှင့် စိတ်ပျက်၍ ကုန်လတ္တံ့။
1,331,761
Uncategorized
ဥတ္တမပုရိသဒီပနီ
စိတ်ပျက်၍ကုန်မှုဆိုသည်ကား ထိုပုဏ္ဏား ၏ ရှေ့အကျိုးကိုလည်း ဆုံးကမ်းတိုင်အောင် ဆောင်တော့မည်မဟုတ်၊ နောက်က ဆောင်ခဲ့ပြီးသမျှ ကုသိုလ်စုလည်း အချည်းနှီးဖြစ်၍ ကုန်တော့ မည်ဟူလိုသည်။
1,331,762
Uncategorized
ဥတ္တမပုရိသဒီပနီ
အလောင်းတော်သည်မူကား-- အဇ္ဈတ္တ သန္တာန်၌ ခန္တိ အခံရှိသည့်အတွက်ကြောင့် ကျင်နာမှု ပင်ပန်းမှုကြောင့်လည်း စိတ်မကွက်၊ ဥပေက္ခာအခံရှိသည့်အတွက်ကြောင့် ပုဏ္ဏားကို စိတ်ဆိုးမှုနှင့်လည်း စိတ်မပျက်မူ၍ ဦးခေါင်းမှထွက်သော သွေးစက် သွေးကြောင်းကို လမ်းပြ၍ နေရာဌာနသို့ ရောက်အောင်ပို့ဆောင်ပေသတည်း။
1,331,763
Uncategorized
ဥတ္တမပုရိသဒီပနီ
) - ဤ၌အသူတရာနက်သော ချောက်ကြီးဖြစ်၍ အခန့်မတော်လျှင် သေလောက်သောအချက်၌ ပုဏ္ဏား၏အတွက်နှင့် အသက်ကို စွန့်တော်မူသည်ကား ဒါနပါရမီတည်း။
1,331,764
Uncategorized
ဥတ္တမပုရိသဒီပနီ
ပုဏ္ဏား၏အသက်ကို ကယ်ဆယ်မှုသည်လည်း ဇိဝိတဒါနပင်။
1,331,765
Uncategorized
ဥတ္တမပုရိသဒီပနီ
- အသက်ကိုအသေပြုသော ပုဏ္ဏားကို ပြန်လှန်၍ မနှိပ်စက်၊ ကြမ်း ကြုတ်သော စကားကိုမျှ မဆိုမမြွက် စောင့်ရှောက်ချက်ကား သီလပါရမီတည်း။
1,331,766
Uncategorized
ဥတ္တမပုရိသဒီပနီ
- ပုဏ္ဏားကို ကယ်တင်သည့်အတွက်ကြောင့် ကောင်းမှုကုသိုလ်၏ အကျိုးကိုမျှ တောင့်တ သာယာခြင်း မရှိသည်ကား နိက္ခမ ပါရမီတည်း။
1,331,767
Uncategorized
ဥတ္တမပုရိသဒီပနီ
ဘဝသမ္ပတ္တိ ဘောဂသမ္ပတ္တိဟုဆိုအပ်သော အကျိုးကိုတောင့်တ၍ ပြုကြသော ကုသိုလ်စုသည် နိက္ခမပါရမီ ပျက်သော ကုသိုလ်စုတည်း။
1,331,768
Uncategorized
ဥတ္တမပုရိသဒီပနီ
- ပုဏ္ဏား၏အကျိုးကို အဆုံးရောက်အောင် ငါဆောင်မည်ဟု စိတ် ပဋိညာဉ် ထားသည့်အတိုင်း ပုဏ္ဏားပြုသော ဒဏ်ချက်နှင့် ဒုက္ခကြီးစွာ ဖြစ်လျက်ပင် မပျက်မကွက် အဆုံးတိုင် ဆောင်ရွက် သည်ကား သစ္စာပါရမီ အဓိဋ္ဌာန်ပါရမီတည်း။
1,331,769
Uncategorized
ဥတ္တမပုရိသဒီပနီ
(ဤပုဏ္ဏား၏အကျိုးကို အဆုံးတိုင်အောင် ငါဆောင်မည်ဟု ဖြစ်သော စိတ်ပဋိညာဉ် မရွှေ့မပြောင်းသည်ကား အဓိဋ္ဌာန်ပါရမီတည်း၊ သင့်ကို ငါကယ်တင် မည်ဟု ပုဏ္ဏားအား ပြောကြားသော နှုတ်ပဋိညာဉ်ကို မဖျက်သည်ကိုကား သစ္စာပါရမီတည်း။
1,331,770
Uncategorized
ဥတ္တမပုရိသဒီပနီ
) ဤသို့လျှင် အလောင်းတော် မျောက်မင်းပြုသောအမှု၌ ပါရမီ ဆယ်ပါး ပြီးသတည်း။
1,331,771
Uncategorized
ဥတ္တမပုရိသဒီပနီ
ပါရမီဆယ်ပါးတို့၏ အဓိပ္ပါယ်ပြီး၏။
1,331,772
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤတွင်သဗ္ဗညုဗောဓိ ပစ္စေကဗောဓိ သာဝကဗောဓိ ၃-ပါးနှင့်ဆက်ဆံသော ပါရမီဆယ်ပါးတို့၏ သရုပ်သဘော အဓိပ္ပါယ် ၃-ချက်ကို ပြဆိုသောအခန်းပြီး၏။
1,331,773
Uncategorized
ဥတ္တမပုရိသဒီပနီ
“ယခုအခါ သဗ္ဗညုဆုကို အထူးသိလိုပါသည်” ဟူသော လျှောက် ချက်၌။
1,331,774
Uncategorized
ဥတ္တမပုရိသဒီပနီ
သဗ္ဗညုဗောဓိသမ္ဘာရ အစီအရင်သည် ကျမ်းဂန်တွင် ပုစ္ဆာတစ်ဆယ့်ငါးချက်နှင့်တကွ အလွန်ကျယ်ဝန်းစွာလာချေသည်၊ အကျဉ်းမျှကိုသာ ပြဆိုအံ့။
1,331,775
Uncategorized
ဥတ္တမပုရိသဒီပနီ
အကျယ်ကိုလိုမူ စရိယပိဋကအဋ္ဌကထာ၊ သီလက္ခန် ဋီကာများမှာ ယူလေ။
1,331,776
Uncategorized
ဥတ္တမပုရိသဒီပနီ
ပါရမီဆယ်ပါး ဥပပါရမီဆယ်ပါး ပရမတ္ထပါရမီဆယ်ပါးတို့ကို ပြဆိုပေအံ့။
1,331,777
Uncategorized
ဥတ္တမပုရိသဒီပနီ
ပါရမီ သုံးမျိုးပြ
1,331,778
Uncategorized
ဥတ္တမပုရိသဒီပနီ
ပုတ္တဒါရဓနာဒိ ဥပကရဏ ပရိစ္စာဂေါ ဒါနပါရမီဥပကရဏ ပရိစ္စာဂေါ ဒါနပါရမီ-
1,331,779
Uncategorized
ဥတ္တမပုရိသဒီပနီ
အစရှိသော ပါဌ်နှင့်အညီ မိမိကိုယ်အင်္ဂါမှ အပဖြစ်သော သား မယားနှင့်တကွ သက်ရှိသက်မဲ့ ဥစ္စာမျိုးသည် ပါရမီဆယ်ပါး၏ ဝတ္ထု တည်း။
1,331,780
Uncategorized
ဥတ္တမပုရိသဒီပနီ
အတ္တနော အင်္ဂပရိစ္စာဂေါ ဒါနဥပပါရမီ-အစရှိသည်နှင့်အညီ ခြေ လက် မျက်စိ အစရှိသောကိုယ် အင်္ဂါကြီး ငယ်စု သည် ဥပပါရမီဆယ်ပါး၏ဝတ္ထုတည်း။
1,331,781
Uncategorized
ဥတ္တမပုရိသဒီပနီ
အတ္တနော ဇီဝိတ ပရိစ္စာဂေါ ဒါနပရမတ္ထပါရမီ-အစရှိသည်နှင့်အညီ အသက်ခန္ဓာသည် ပရမတ္ထပါရမီဆယ်ပါး၏ ဝတ္ထု တည်း။
1,331,782
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုသုံးပါးသော ဝတ္ထုတို့တွင် -
1,331,783
Uncategorized
ဥတ္တမပုရိသဒီပနီ
ပထမ ဝတ္ထုမျိုးကိုစွန့်၍ ဖြစ်စေအပ်သော ကုသိုလ်မျိုးသည် ပါရမီ မည်၏။
1,331,784
Uncategorized
ဥတ္တမပုရိသဒီပနီ
- ဒုတိယ ဝတ္ထုမျိုးကိုစွန့်၍ ဖြစ်သော ကုသိုလ်မျိုးသည် ဥပပါရမီ မည်၏။
1,331,785
Uncategorized
ဥတ္တမပုရိသဒီပနီ
- အသက်ကိုစွန့်၍ဖြစ်စေအပ်သော ကုသိုလ်မျိုးသည် ပရမတ္ထ ပါရမီ မည်၏။
1,331,786
Uncategorized
ဥတ္တမပုရိသဒီပနီ
- ပထမ ဆယ်ပါးကိုသာ ဖြည့်စွမ်းနိုင်သောသူသည် သာဝက ဗောဓိသို့ ရောက်၏။
1,331,787
Uncategorized
ဥတ္တမပုရိသဒီပနီ
- ပထမဆယ်ပါး ဒုတိယဆယ်ပါးကိုသာ ဖြည့်စွမ်းနိုင်သောသူသည် ပစ္စေကဗောဓိသို့ရောက်နိုင်၏။
1,331,788
Uncategorized
ဥတ္တမပုရိသဒီပနီ
ပထမဆယ်ပါး ဒုတိယဆယ်ပါး တတိယဆယ်ပါး အပြား သုံးဆယ်ကို ဖြည့်စွမ်းနိုင်သောသူသည် သဗ္ဗညုဗောဓိသို့ ရောက်နိုင်၏။
1,331,789
Uncategorized
ဥတ္တမပုရိသဒီပနီ
ပါရမီသုံးမျိုး ခြားနားခန်းပြီး၏။
1,331,790
Uncategorized
ဥတ္တမပုရိသဒီပနီ
သာဝက ဗောဓိ သုံးပါးပြ
1,331,791
Uncategorized
ဥတ္တမပုရိသဒီပနီ
သာဝကဗောဓိသည် ပကတိသာဝကဗောဓိ၊ မဟာသာဝကဗောဓိ၊ အဂ္ဂသာဝကဗောဓိ ဟူ၍ သုံးမျိုးရှိ၏။
1,331,792
Uncategorized
ဥတ္တမပုရိသဒီပနီ
- ပထမ ဆယ်ပါးကို ကမ္ဘာပေါင်း တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းမျှ ကာလကြာမြင့်အောင် ဖြည့်ကျင့်လျှင် အဂ္ဂသာဝကဗောဓိသို့ ရောက်နိုင်၏။
1,331,793
Uncategorized
ဥတ္တမပုရိသဒီပနီ
အဂ္ဂသာဝကဆိုသည်ကား အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်တို့ကဲ့သို့ လက်ယာရံ၊ လက်ဝဲရံကြီးနှစ်ပါးကို ဆိုသည်။
1,331,794
Uncategorized
ဥတ္တမပုရိသဒီပနီ
- ထိုဆယ်ပါးကို ကမ္ဘာတစ်သိန်းကာလကြာမြင့်အောင် ဖြည့်ကျင့်လျှင် မဟာသာဝကဗောဓိသို့ ရောက်နိုင်၏။
1,331,795
Uncategorized
ဥတ္တမပုရိသဒီပနီ
မဟာသာဝကဆိုသည်ကား ငါတို့ ဘုရားလက်ထက်တော်၌ အသီတိရှစ်ကျိပ်မျိုးကို ဆိုသည်။
1,331,796
Uncategorized
ဥတ္တမပုရိသဒီပနီ
- ပကတိသာဝကဗောဓိ၏ ရင့်ရာကာလအပိုင်းအခြားကို ကျမ်းဂန်တို့၌ တိုက်ရိုက်အဆိုမရှိ။
1,331,797
Uncategorized
ဥတ္တမပုရိသဒီပနီ
ပုဗ္ဗေနိဝါသကထာ၌ ပကတိသာဝကတို့၏ ပုဗ္ဗေနိဝါသဉာဏ်သည် အတိတ်၌ ကမ္ဘာတစ်ရာ၊ ကမ္ဘာတစ်ထောင် မြင်နိုင်၏ဆိုသော အဋ္ဌကထာများကို ထောက်၍ ပကတိသာဝကဗောဓိ၏ ရင့်ရာကာလကို ကမ္ဘာတစ်ရာ၊ ကမ္ဘာတစ်ထောင်ပင်ဟူ၍ ယူကြကုန်၏။
1,331,798
Uncategorized
ဥတ္တမပုရိသဒီပနီ
ဖားနတ်သား၏ ဝတ္ထုကို ထောက်၍ တစ်ဘဝ၊ နှစ်ဘဝမျှနှင့်ပင် ရနိုင်၏ ဟူ၍လည်း ယူကြကုန်၏။
1,331,799
Uncategorized
ဥတ္တမပုရိသဒီပနီ
ပြဆိုခဲ့ပြီးသော အဂ္ဂသာဝကဗောဓိ၊ မဟာသာဝကဗောဓိတို့၏ ကာလအပိုင်းအခြားများသည်လည်း ဗျာဒိတ်ခံပြီးနောက်မှ ဖြည့်ကျင့်ရသော အပိုင်းအခြားပေတည်း။
1,331,800
Uncategorized
ဥတ္တမပုရိသဒီပနီ
ဗျာဒိတ်မခံမီ ရှေး၌ ဖြည့်ကျင့်ရသော အပိုင်းအခြားကား ကျမ်းဂန်တို့၌ အဆိုမရှိ။