id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,331,901
Uncategorized
ဥတ္တမပုရိသဒီပနီ
၃။ အမောဟဇ္ဈာသယာ စ ဗောဓိသတ္တာ မောဟေ ဒေါသ ဒဿာဝိနော။
1,331,902
Uncategorized
ဥတ္တမပုရိသဒီပနီ
၄။ နေက္ခမ္မဇ္ဈာသယာ စ ဗောဓိသတ္တာ ကာမေ ဒေါသ ဒဿာဝိနော။
1,331,903
Uncategorized
ဥတ္တမပုရိသဒီပနီ
၅။ ပဝိဝေကဇ္ဈာသယာ စ ဗောဓိသတ္တာ သင်္ဂဏိကာယ ဒေါသ ဒဿာဝိနော။
1,331,904
Uncategorized
ဥတ္တမပုရိသဒီပနီ
၆။ နိဿရဏဇ္ဈာသယာ စ ဗောဓိသတ္တာ သဗ္ဗဘဝဂတီသု ဒေါသဒဿာဝိနော။
1,331,905
Uncategorized
ဥတ္တမပုရိသဒီပနီ
(သုတ္တနိပါတ အဋ္ဌကထာ)
1,331,906
Uncategorized
ဥတ္တမပုရိသဒီပနီ
၁။ ဗောဓိသတ္တာ=ဘုရားလောင်းတို့သည်၊ အလောဘဇ္ဈာသယာစ=စိတ်သန္တာန်၌ အခိုင်အမြဲ တည်ထောင်၍နေသော အလောဘဓာတ်နှင့် ပြည့်စုံကုန်၏၊ လောဘေ=လောဘ၌၊ ဒေါသဒဿာဝိနော=အပြစ်ကို ရှုမြင်ခြင်းအလေ့ ရှိကုန်၏။
1,331,907
Uncategorized
ဥတ္တမပုရိသဒီပနီ
၂။ ဗောဓိသတ္တာ=ဘုရားလောင်းတို့သည်၊ အဒေါသဇ္ဈာသယာစ=စိတ်သန္တာန်၌ အခိုင်အမြဲ တည်ထောင်၍နေသော အဒေါသဓာတ်နှင့် ပြည့်စုံကုန်၏၊ ဒေါသေ=ဒေါသ၌၊ ဒေါသဒဿာဝိနော=အပြစ်ကို ရှုမြင်ခြင်းအလေ့ ရှိကုန်၏။
1,331,908
Uncategorized
ဥတ္တမပုရိသဒီပနီ
၃။ ဗောဓိသတ္တာ=ဘုရားလောင်းတို့သည်၊ အမောဟဇ္ဈာသယာစ=စိတ်သန္တာန်၌ အခိုင်အမြဲ တည်ထောင်၍နေသော အမောဟဓာတ်နှင့် ပြည့်စုံ၏၊ မောဟေ=မောဟ၌၊ ဒေါသဒဿာဝိနော=အပြစ်ကို ရှုမြင်ခြင်းအလေ့ ရှိကုန်၏။
1,331,909
Uncategorized
ဥတ္တမပုရိသဒီပနီ
၄။ ဗောဓိသတ္တာ=ဘုရားလောင်းတို့သည်၊ နေက္ခမ္မဇ္ဈာသယာစ=စိတ်သန္တာန်၌ အခိုင်အမြဲ တည်ထောင်၍နေသော နိက္ခမ္မဓာတ်နှင့် ပြည့်စုံကုန်၏၊ ကာမေ=ကာမ၌၊ ဒေါသဒဿာဝိနော=အပြစ်ကို ရှုမြင်ခြင်းအလေ့ ရှိကုန်၏။
1,331,910
Uncategorized
ဥတ္တမပုရိသဒီပနီ
၅။ ဗောဓိသတ္တာ=ဘုရားလောင်းတို့သည်၊ ပဝိဝေကဇ္ဈာသယာစ=စိတ်သန္တာန်၌ အခိုင်အမြဲ တည်ထောင်၍နေသော ဆိတ်ငြိမ်ခြင်းကို အလိုရှိသော ပဝိဝေကဓာတ်နှင့် ပြည့်စုံကြကုန်၏၊ သင်္ဂဏိကာယ=အဖော်အပေါင်း၌၊ ဒေါသဒဿာဝိနော=အပြစ်ကို ရှုမြင်ခြင်းအလေ့ ရှိကုန်၏။
1,331,911
Uncategorized
ဥတ္တမပုရိသဒီပနီ
၆။ ဗောဓိသတ္တာ=ဘုရားလောင်းတို့သည်၊ နိဿရဏဇ္ဈာသယာစ=စိတ်သန္တာန်၌ အခိုင်အမြဲ တည်ထောင်၍ နေသောဘဝမှ ကျွတ်လွတ်လိုသော နိဿရဏဓာတ်နှင့် ပြည့်စုံကုန်၏၊ သဗ္ဗဘဝဂတီသု=အလုံးစုံသော ဘဝဂတိတို့၌၊ ဒေါသဒဿာဝိနော=အပြစ်ကို ရှုမြင်ခြင်းအလေ့ ရှိကုန်၏။
1,331,912
Uncategorized
ဥတ္တမပုရိသဒီပနီ
၁။ အလောဘဇ္ဈာသယဓာတ်။
1,331,913
Uncategorized
ဥတ္တမပုရိသဒီပနီ
၂။ အဒေါသဇ္ဈာသယဓာတ်။
1,331,914
Uncategorized
ဥတ္တမပုရိသဒီပနီ
၃။ အမောဟဇ္ဈာသယဓာတ်။
1,331,915
Uncategorized
ဥတ္တမပုရိသဒီပနီ
၄။ နေက္ခမ္မဇ္ဈာသယဓာတ်။
1,331,916
Uncategorized
ဥတ္တမပုရိသဒီပနီ
၅။ ပဝိဝေကဇ္ဈာသယဓာတ်။
1,331,917
Uncategorized
ဥတ္တမပုရိသဒီပနီ
၆။ နိဿရဏဇ္ဈာသယဓာတ်။
1,331,918
Uncategorized
ဥတ္တမပုရိသဒီပနီ
(အဇ္ဈာသယဓာတ် ၆-ပါး။
1,331,919
Uncategorized
ဥတ္တမပုရိသဒီပနီ
) အဇ္ဈာသယ အကျယ်ပြ
1,331,920
Uncategorized
ဥတ္တမပုရိသဒီပနီ
သစ်ပင်တို့မှာ ခိုင်မြဲရန် အနှစ်ထည့်သကဲ့သို့ အလောင်းအလျာတို့မှာလည်း ခိုင်မြဲရန် အနှစ်ထည့်သော ဓာတ် ၆-ပါး၊ ဤဓာတ် ၆-ပါး အနှစ်တည်ပြီးသောသူမှန်လျှင် ကာမဂုဏ်ကို ခံစား၍ပင်နေငြားသော်လည်း မျက်နှာဝမရှိသော ဗူးအိုးကို ရေနက်၌နစ်၍ထားသည်နှင့် တူ၏။
1,331,921
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤဓာတ် ၆-ပါး အနှစ်မတည်သေးသော ပုထုဇဉ်သည် ကျယ်သော မျက်နှာဝရှိသော မြေအိုးကို ရေနက်၌ နစ်၍ထားသည်နှင့်တူ၏။
1,331,922
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤလောက၌ အချို့သောသူသည် လူဖြစ်၍နေငြားသော်လည်း ဤဓာတ် ၆-ပါး အသင့်ရှိ၏။
1,331,923
Uncategorized
ဥတ္တမပုရိသဒီပနီ
ရေနက်၌ ချည်ဖွဲ့မြှုပ်ထားသော ထိုဗူးအိုးနှင့်တူ၏။
1,331,924
Uncategorized
ဥတ္တမပုရိသဒီပနီ
အချို့သောသူသည် ရဟန်းဖြစ်၍ နေငြားသော်လည်း ဤဓာတ် ၆-ပါးမရှိ၊ ရေတိမ်၌ မြှုပ်၍ထားသော ထိုမြေအိုးနှင့်တူ၏။
1,331,925
Uncategorized
ဥတ္တမပုရိသဒီပနီ
- လူတို့ကာမဂုဏ်သည် ရေနက်နှင့်တူ၏။
1,331,926
Uncategorized
ဥတ္တမပုရိသဒီပနီ
- ရဟန်းတို့၏ ကျောင်းကောင်း ကန်ကောင်း အိပ်ရာကောင်း နေရာကောင်း အဝတ်ကောင်း အစားကောင်းပစ္စည်း ပရိက္ခရာများသည် ရေတိမ်နှင့်တူ၏။
1,331,927
Uncategorized
ဥတ္တမပုရိသဒီပနီ
၁။ အလောဘဓာတ်နှစ် မတည်ကုန်သော သူတို့သည် လောဘကင်းရှင်းရန် စကားကို ကြားနာရလျှင် နားငြီးကုန်၏။
1,331,928
Uncategorized
ဥတ္တမပုရိသဒီပနီ
၂။ အဒေါသဓာတ်နှစ် မတည်ကုန်သော သူတို့သည် ဒေါသပျောက်ငြိမ်းရန် စကားကို ကြားနာရလျှင် နားငြီးကုန်၏။
1,331,929
Uncategorized
ဥတ္တမပုရိသဒီပနီ
၃။ အမောဟဓာတ်နှစ် မတည်ကုန်သော သူတို့သည် တရား၊ ကျမ်းဂန်၊ ပညာဗဟုဿုတ စကားကို ကြားနာရလျှင် နားငြီးကုန်၏။
1,331,930
Uncategorized
ဥတ္တမပုရိသဒီပနီ
၄။ နိက္ခမဓာတ်နှစ် မတည်ကုန်သော သူတို့သည် တောထွက်ရန် စကားကို ကြားနာရလျှင် နားငြီးကုန်၏။
1,331,931
Uncategorized
ဥတ္တမပုရိသဒီပနီ
၅။ ပဝိဝေကဓာတ်နှစ် မရှိကုန်သောသူတို့သည် တောတောင်ဝင်၍ တစ်ကိုယ်ရေ တစ်ကာယနေထိုင်ရန် စကားကို ကြားနာရလျှင် နားငြီးကုန်၏။
1,331,932
Uncategorized
ဥတ္တမပုရိသဒီပနီ
၆။ နိဿရဏဓာတ်နှစ် မရှိကုန်သော သူတို့သည် ဘဝကို ကဲ့ရဲ့သော စကားကို ကြားနာရလျှင် နားငြီးကုန်၏။
1,331,933
Uncategorized
ဥတ္တမပုရိသဒီပနီ
၁။ အလောဘဓာတ်နှစ် မရှိသော သူတို့ကို တစ်မူးတန်၊ တစ်မတ်တန်၊ တစ်ကျပ်တန်၊ တစ်ဆယ်တန်မျှ သေးနုပ်လှသော လောဘအာရုံသည် မြင့်မိုရ်တောင်ကြီးကဲ့သို့ ဖိစီး၍ထားနိုင်၏။
1,331,934
Uncategorized
ဥတ္တမပုရိသဒီပနီ
အလောဘဓာတ်နှစ် အားကောင်းလှသော သူတို့ကို ပဒေသရာဇ်၊ ဧကရာဇ်၊ စကြာမင်းစည်းစိမ်သည်ပင် မြက်ခြောက်တစ်ပင်မျှကဲ့သို့ဖြစ်၏။
1,331,935
Uncategorized
ဥတ္တမပုရိသဒီပနီ
၂။ အဒေါသဓာတ်နှစ် မတည်သော သူတို့အား အနည်းငယ်မျှလောက်သော အခွင့်နှင့်ဖြစ်သောဒေါသသည် ပွါးစီးသောအဖို့သို့ရောက်လေ၏။
1,331,936
Uncategorized
ဥတ္တမပုရိသဒီပနီ
အလွန်ခြောက်သွေ့သော မြက်တော၊ ကျူတော၊ အမှိုက်တော၌ ကျသော မီးပေါက်၊ မီးဖွားငယ်ကဲ့သို့ပင်တည်း။
1,331,937
Uncategorized
ဥတ္တမပုရိသဒီပနီ
အဒေါသဓာတ်နှစ်တည်သောသူတို့အား တစ်ဦးနှင့်တစ်ဦး အသက်စည်းစိမ်ကို ခိုက်၍ဖြစ်ပွါးသောဒေါသသည်လည်း ခဏမကြာ ပျောက်ငြိမ်း၏။
1,331,938
Uncategorized
ဥတ္တမပုရိသဒီပနီ
အလွန်ရွှမ်းရွှမ်းစိုရွှဲသော အနှစ်အတိပြည့်သော သစ်ဖောင်ကြီး၊ သစ်ပုံကြီး၌ ကျသော မီးထုပ်၊ မီးလုံးကြီးကဲ့သို့တည်း။
1,331,939
Uncategorized
ဥတ္တမပုရိသဒီပနီ
၃။ အမောဟဓာတ်နှစ် မရှိသော သူတို့ကို မိမိကိုယ်ခန္ဓာငါးပါး၊ ရုပ်နာမ်တရားတို့၌ အစဉ်ထာဝရ မှောင်ကြီးချ၍နေသော မောဟသည် ယခုအခါ ဓမ္မက္ခန္ဓာတည်းဟူသော နေဝန်းအပေါင်း ရှစ်သောင်းလေးထောင် တစ်ပြိုင်နက် ထွန်း၍နေသောအခါမှာပင် မျက်တောင်တစ်ခတ်၊ လျှပ်တစ်ပြက်မျှ အလင်းမရ၊ စုတိကျအောင် မှောင်မြဲ၊ မိုက်မြဲ၊ ဖုံးလွှမ်းမြဲအတိုင်းနှင့်ပင် တစ်ဘဝဆုံးစ...
1,331,940
Uncategorized
ဥတ္တမပုရိသဒီပနီ
ပဋိသန္ဓေကပင် ပသာဒစက္ခုချို့ခဲ့သောသူကို မျက်စိအရာတွင် အစဉ်ထာဝရ အပိန်းကျ၍ လာခဲ့သော အန္ဓကာရမှောင်ကြီးသည် နေဗိမာန်ပေါင်း ရှစ်သောင်းလေးထောင် တစ်ပြိုင်နက်ထွက်ပြူ၊ ထွန်းလင်းခိုက်ကြုံသော်လည်း မျက်တောင်တစ်ခတ်၊ လျှပ်တစ်ပြက်မျှ အလင်းမရ စုတိကျအောင် ဖုံးလွှမ်းလေသကဲ့သို့တည်း။
1,331,941
Uncategorized
ဥတ္တမပုရိသဒီပနီ
၄။ နိက္ခမဓာတ်နှစ် မရှိသောသူတို့အား ယခုဘဝပြုသမျှသော ဒါန၏အကျိုး၊ သီလ၏အကျိုး၊ ဥပေါသထ၏အကျိုး၌ တွယ်တာသာယာသော တဏှာလောဘသည် ထိုကုသိုလ်တို့ကို ပါရမီမျိုး၊ ဗောဓိမျိုး ပျက်လေအောင် နှောင့်ယှက်၍ တည်နေ၏။
1,331,942
Uncategorized
ဥတ္တမပုရိသဒီပနီ
ကောင်းစွာ ပြုပြင်၍ထားသော စပါးမျိုး၊ ပြောင်းမျိုး၊ ပဲမျိုးတို့ကို ထိုးသော ပိုးငယ်တို့သည် ထိုစပါး၊ ပြောင်း၊ ပဲတို့ကို မျိုးပျက်လေအောင် ပြုကြကုန်သကဲ့သို့တည်း။
1,331,943
Uncategorized
ဥတ္တမပုရိသဒီပနီ
ဝါ=ကောင်းစွာဖြစ်ထွန်းသော ကောက်ခင်း၊ ပြောင်းခင်းတို့၌ ကျသော မြစ်ပိုး၊ ဆစ်ပိုး၊ ရွက်ပိုး၊ ပွင့်ပိုး၊ သီးပိုးတို့ကဲ့တည်း။
1,331,944
Uncategorized
ဥတ္တမပုရိသဒီပနီ
၅။ ပဝိဝေကဓာတ်နှစ် မရှိသောသူတို့ကို အပေါင်းအဖော်၌ မွေ့လျော်သောတဏှာသည် ဆိတ်ငြိမ်ရာ၌နေခွင့်ကို မပေးဘဲ အပေါင်းအဖော်ရှိရာသို့သာ မကြာရုတ်ခြည်း အတင်းဆွဲငင်၍ အတွင်ခြံသွင်းသောအမှုကို ထာဝရပြုလေ၏။
1,331,945
Uncategorized
ဥတ္တမပုရိသဒီပနီ
ရာဇဝတ်ကောင်၊ ထောင်သားတို့ကို တစ်ယောက်တစ်ခြား ဆိတ်ကွယ်ရာ၌ နေသည်ကိုမြင်လျှင် ခဏချင်း ရိုက်ပုတ်ငင်ဆွဲ၍ တစ်လုံးထဲ ဖွဲ့နှောင်သော ထောင်မှူး အာဏာသားကဲ့သို့တည်း။
1,331,946
Uncategorized
ဥတ္တမပုရိသဒီပနီ
၆။ နိဿရဏဓာတ်နှစ် မရှိသော သူတို့ကို ဘဝနိကန္တိ တဏှာသည် ဘဝမှကျွတ်လွတ်အံ့သော ပဋိပတ်လမ်း၊ ပဋိဝေဓလမ်းများကို အားကျခွင့် မပေးမူ၍ ဘဝစည်ကားအံ့သော ပုညာဘိသင်္ခါရမျိုးဖြစ်သော တစ်ရာကုန်၊ တစ်ထောင်ကုန်၊ တစ်သောင်းကုန်၊ တစ်သိန်းကုန် လှူမှု၊ ဒါန်းမှု၊ ဇရပ်တန်ဆောင်း၊ ဂူကျောင်း၊ ဘုရား ဆောက်လုပ် တည်ထားမှု၊ ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးသီလ၊ ဥပုသ်...
1,331,947
Uncategorized
ဥတ္တမပုရိသဒီပနီ
အင်္ဂလိပ်မင်းတို့သည် မိမိတို့ပိုင်ရာ နိုင်ငံသားတို့အား ဆင်းရဲသားဘဝ ဥစ္စာစီးပွါးဖြစ်ထွန်းအောင် လုပ်ဆောင် အားကျမှု ကိုကား ကောင်းစွာ အခွင့်ပေး၏။
1,331,948
Uncategorized
ဥတ္တမပုရိသဒီပနီ
ပုန်ကန်ပုန်စား ပြုရာသော လက်နက်ကိရိယာမှုကိုကား တစ်ထွာလေးသစ်မျှ လုပ်ခွင့်မပေးသကဲ့သို့တည်း။
1,331,949
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤ၌ 'ဘဝနိကန္တိ' ဆိုသည်ကား အနာဂတ်ဘဝသို့ ဖွဲ့သော နိကန္တိလည်းတစ်ပါး၊ ယခုပစ္စုပ္ပန်ခန္ဓာ၌ သာယာသော ဘဝနိကန္တိလည်းတစ်ပါး။
1,331,950
Uncategorized
ဥတ္တမပုရိသဒီပနီ
ယခုအခါသည် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ရထိုက်သောအခါလည်းဖြစ်၏။
1,331,951
Uncategorized
ဥတ္တမပုရိသဒီပနီ
မဂ်လမ်းဖိုလ်လမ်းကို ညွှန်ပြသော ဒေသနာဓမ္မလည်း နည်းပေါင်းအထောင်မက ပိဋကတ်တော်တွင် ထင်ရှားရှိ၏။
1,331,952
Uncategorized
ဥတ္တမပုရိသဒီပနီ
ယခုပစ္စုပ္ပန်ခန္ဓာ၌ သာယာသော နိကန္တိကြောင့် မိမိတို့ကိုယ်ခန္ဓာကို ညှာတာသည့်အတွက် သက်စွန့်ကြိုးပမ်း အားမထုတ်ကြသောကြောင့် သာသနာပ ရသေ့တို့ ရကြသော ဈာန်မျှကိုမှ ယခုကာလ မရကြလေသတည်း။
1,331,953
Uncategorized
ဥတ္တမပုရိသဒီပနီ
အဇ္ဈာသယဓာတ် ၆-ပါး ပြီး၏။
1,331,954
Uncategorized
ဥတ္တမပုရိသဒီပနီ
သဗ္ဗုညု ဗောဓိလောင်းတို့၏ တံခွန်ကြီး ၄-ပါး
1,331,955
Uncategorized
ဥတ္တမပုရိသဒီပနီ
သာဝကဗောဓိအလောင်း၊ ပစ္စေကဗောဓိအလောင်းတို့နှင့် မဆက်ဆံသော သဗ္ဗညုဗောဓိအလောင်းတို့၏ တံခွန်ကြီး ၄-ပါးကို ပြပေအံ့။
1,331,956
Uncategorized
ဥတ္တမပုရိသဒီပနီ
လိင်္ဂ ၄-ပါး
1,331,957
Uncategorized
ဥတ္တမပုရိသဒီပနီ
၁။ ဣန္ဒြိယ၊
1,331,958
Uncategorized
ဥတ္တမပုရိသဒီပနီ
၂။ ပဋိပတ္တိ၊
1,331,959
Uncategorized
ဥတ္တမပုရိသဒီပနီ
၃။ ကောသလ္လ၊
1,331,960
Uncategorized
ဥတ္တမပုရိသဒီပနီ
၄။ အဇ္ဈာသယ။
1,331,961
Uncategorized
ဥတ္တမပုရိသဒီပနီ
၁။ သဒ္ဓါဖြစ်ခန်းဆိုက်လျှင် သဒ္ဓါတွန့်ခြင်းမရှိ။
1,331,962
Uncategorized
ဥတ္တမပုရိသဒီပနီ
ဝီရိယဖြစ်ခန်းဆိုက်လျှင် ဝီရိယတွန့်ခြင်းမရှိ။
1,331,963
Uncategorized
ဥတ္တမပုရိသဒီပနီ
သတိအရာဆိုက်လျှင် သတိတွန့်ခြင်းမရှိ။
1,331,964
Uncategorized
ဥတ္တမပုရိသဒီပနီ
သမာဓိအရာဆိုက်လျှင် သမာဓိလှုပ်ရှားခြင်းမရှိ။
1,331,965
Uncategorized
ဥတ္တမပုရိသဒီပနီ
ပညာအရာဆိုက်လျှင် ပညာတွန့်ခြင်းမရှိ။
1,331,966
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤသို့ ဣန္ဒြေငါးပါးတို့၏ ထက်သန်ခြင်းအထူးသည် ဣန္ဒြိယမည်၏။
1,331,967
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤအချက်ငါးပါးလည်း ဤသူကား-သဗ္ဗညုအလောင်းပေတည်းဟု သိရန် တံခွန်ပေတည်း။
1,331,968
Uncategorized
ဥတ္တမပုရိသဒီပနီ
၂။ ပစ္စုပ္ပန်အကျိုးစီးပွါးကို အားထုတ်မှု၌လည်း မိမိ၏အကျိုးစီးပွါးထက် သူတစ်ပါး၏ အကျိုးစီးပွါးကို အထူးအချွန် အလွန်လိုလား၏။
1,331,969
Uncategorized
ဥတ္တမပုရိသဒီပနီ
သူတစ်ပါး၏ အကျိုးစီးပွါးကို အားထုတ်ဆဲ၊ အားထုတ်ပြီးတို့၌လည်း ထိုသူ၏ ကျေးဇူးတုံ့ကို မတောင့်တခြင်း၊ ကျေးဇူးကို မျက်မှောက်မျက်ကွယ် ဖော်ပြလိုသောစိတ်မှ စင်ကြယ်ခြင်း၊ ထိုသူသည် ကျေးဇူးကိုချေဖျက်၍ အသက်အန္တရာယ်ကိုပင် ပြုသော်လည်း ကျေးဇူးမှုကို ချောမောအောင် ဆောင်ရွက်ခြင်းသည်လည်း ပစ္စုပ္ပန်အကျိုး၌ ပဋိပတ္တိမည်၏။
1,331,970
Uncategorized
ဥတ္တမပုရိသဒီပနီ
ဒါန၊ သီလစသော ကုသိုလ်မှုကို ပြုသည်ရှိသော် ကုသိုလ်အကျိုးကို တောင့်တခြင်း၊ မိမိကျွတ်လွတ်ရန် နိဗ္ဗာန်မဂ်ဖိုလ်ကို တောင့်တခြင်းတို့မှ လွတ်ကင်း၍ သတ္တဝါအများကို ကယ်ဆယ်နိုင်ရန် သဗ္ဗညုတဉာဏ်ကိုသာ တောင့်တခြင်းသည် တမလွန်အကျိုး၌ ပဋိပတ္တိမည်၏။
1,331,971
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤပဋိပတ္တိမှုသည်လည်း ဤသူကား မဟာဗောဓိအလောင်းကြီးပေတည်းဟု သိရန် တံခွန်ပေတည်း။
1,331,972
Uncategorized
ဥတ္တမပုရိသဒီပနီ
၃။ ကောသလ္လ ဆိုသည်ကား ဆိုက်တိုက်လာသမျှသော အခွင့်၌ ပြီးစီးရန် လမ်းမှန်ကို လျင်မြန်စွာ သိနိုင်သော စိန္တာမယဉာဏ်၊ တင်္ခဏုပ္ပတ္တိဉာဏ်တည်း။
1,331,973
Uncategorized
ဥတ္တမပုရိသဒီပနီ
သာဝကလောင်း၊ ပစ္စေကလောင်းတို့သည်လည်း မိမိတို့အားလျော်စွာ စိန္တာမယ၊ တင်္ခဏုပ္ပတ္တိ ရှိကောင်းရှိရာ ရှိကြပါကုန်သော်လည်း ချော်ချွတ်သည်သာ များကုန်၏။
1,331,974
Uncategorized
ဥတ္တမပုရိသဒီပနီ
ဘုရားအလောင်းတို့၏ စိန္တာမယ၊ တင်္ခဏုပ္ပတ္တိဉာဏ်မှာ ချော်ချွတ်သည် မရှိနိုင်။
1,331,975
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤကောသလ္လလည်း တံခွန်တစ်ပါး။
1,331,976
Uncategorized
ဥတ္တမပုရိသဒီပနီ
၄။ အဇ္ဈာသယကိုကား ပါရမီဆယ်ပါးနှင့်ချဲ့၍ ကျမ်းဂန်မှာ အကျယ်ပြ၏။
1,331,977
Uncategorized
ဥတ္တမပုရိသဒီပနီ
အကျဉ်းမျှကိုပြဆိုအံ့။
1,331,978
Uncategorized
ဥတ္တမပုရိသဒီပနီ
အလှူဒါန၌ အလွန်မွေ့လျော်၏။
1,331,979
Uncategorized
ဥတ္တမပုရိသဒီပနီ
အလှူဝတ္ထုရှိလျက် မလှူရလျှင် မနေတတ်ရှိ၏။
1,331,980
Uncategorized
ဥတ္တမပုရိသဒီပနီ
လှူသောအခါ ရွှင်လန်းသောစိတ်၊ အရိုအသေ အလေးဂရုပြုသောစိတ် အမြဲတည်၏။
1,331,981
Uncategorized
ဥတ္တမပုရိသဒီပနီ
ဘယ်မျှလောက် အကြီးအကျယ် လှူရသော်လည်း လှူမှု၌ အားရသည်ဟူ၍မရှိ။
1,331,982
Uncategorized
ဥတ္တမပုရိသဒီပနီ
အလှူခံပုဂ္ဂိုလ်လိုအပ်သော ဝတ္ထုသည် မိမိမှာရှိခဲ့အံ့၊ အလှူခံပုဂ္ဂိုလ်၏ မျက်နှာကိုကြည့်၍ တိုင်းတာခြင်းလည်းမရှိ။
1,331,983
Uncategorized
ဥတ္တမပုရိသဒီပနီ
မိမိသုံးဆောင်ရန်ကို မြော်၍ တိုင်းတာခြင်းလည်းမရှိ။
1,331,984
Uncategorized
ဥတ္တမပုရိသဒီပနီ
အလှူခံပုဂ္ဂိုလ်၏ အလိုဆန္ဒကို ဖြည့်စွမ်းလိုသော စိတ်တစ်ခုသာ ရှိ၏။
1,331,985
Uncategorized
ဥတ္တမပုရိသဒီပနီ
သည်ကိုရည်၍ ဗုဒ္ဓဝင်ပါဠိတော်၌ “ယထာပိ ကုမ္ဘော သမ္ပုဏ္ဏော” စသည်ဖြင့် ဟောတော်မူ၏။
1,331,986
Uncategorized
ဥတ္တမပုရိသဒီပနီ
ပါရမီခန်း၌လည်း...
1,331,987
Uncategorized
ဥတ္တမပုရိသဒီပနီ
“ပမာမည်သည်၊ ဤလူ့ပြည်၌၊ ဆီကြည်ရက်တက်၊ ရေပြည့်လျက်သား၊ ကြိမ်ခက်ဖောင်းကန်၊ ဖျဉ်းအိုးတန်ကို၊ ပြောင်းပြန်ဦးစောက်၊ သွန်ဘိမှောက်က၊ တစ်ပေါက်အရည်၊ နည်မျှမကြွင်း၊ အောက်ဟင်းလင်းလျှင်၊ ကျယ်ဝန်းထက်ချည်း၊ ယိုသည့်နည်းကို၊ တိုင်တည်းရှေးရှူ၊ သက်သေမူ၍၊ အလှူအရာ ပေးသော အခါ၌...
1,331,988
Uncategorized
ဥတ္တမပုရိသဒီပနီ
လူဖြစ်စော်ညှီ၊ ငဒုဿီနှင့်၊ အညီနှုန်းကြ၊ ဂေါသီလဟု၊ နွားမျှစောင့်သား၊ မဖြောင့်နှလုံး၊ သစ်တုံးတစ်ဆူ၊ တောင်သူငမူး။
1,331,989
Uncategorized
ဥတ္တမပုရိသဒီပနီ
ထို့ထက်ထူးသား၊ ကျေးဇူး သရဏာ၊ ပါဏာတိပါတ်၊ လွတ်သည်ကစ၊ ဤမျှဖော်ထုတ်၊ လူအစုတ်ကို၊ အယုတ်အလတ်၊ အမြတ်ဖြင့်အာ သုံးပါးလှူခံ၊ ရှင့်အထံသို့၊ ညယံမိုးသောက်၊ မပြတ်ရောက်မူ၊ မြတ်လောက်ယုတ်တန်၊ ဆင်ခြင်ဟန်ဖြင့်၊ ပေးလွန်ပိမ့်လော၊ တန်ပိမ့်လောဟု၊ နှမြောထိုင်းတွဲ့၊ ရွေးချယ်မဲ့လျှင်-
1,331,990
Uncategorized
ဥတ္တမပုရိသဒီပနီ
ဟူ၍ လည်းကောင်း စပ်ဆိုပေသည်။
1,331,991
Uncategorized
ဥတ္တမပုရိသဒီပနီ
၁။ အလဇ္ဇီ ဒုဿီလ။
1,331,992
Uncategorized
ဥတ္တမပုရိသဒီပနီ
၂။ ဂေါသီလ။
1,331,993
Uncategorized
ဥတ္တမပုရိသဒီပနီ
၃။ မိလက္ခု။
1,331,994
Uncategorized
ဥတ္တမပုရိသဒီပနီ
၄။ သရဏဂုံတည်။
1,331,995
Uncategorized
ဥတ္တမပုရိသဒီပနီ
၅။ ပဉ္စသီတည်။
1,331,996
Uncategorized
ဥတ္တမပုရိသဒီပနီ
၆။ သရဏဂုံ ပဉ္စသီလတည်။
1,331,997
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤသို့စသော အလှူခံပုဂ္ဂိုလ် အယုတ်၊ အလတ်၊ အမြတ်တို့၌ ပုဂ္ဂိုလ်ကိုကြည့်၍ အနည်းအများ တိုင်းတာခြင်းမရှိ။
1,331,998
Uncategorized
ဥတ္တမပုရိသဒီပနီ
အကောင်းအညံ့ တိုင်းတာခြင်းမရှိသည်ကို စပ်ဆိုပေသည်။
1,331,999
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤကား ဒါနမှုနှင့် စပ်၍ 'ဤသူကား-မဟာဗောဓိကြီးပေတည်း' ဟု သိနိုင်ရန် တံခွန်ပေတည်း။
1,332,000
Uncategorized
ဥတ္တမပုရိသဒီပနီ
[နောက်နောက်သော ပါရမီတို့၌လည်း ဤနည်းကိုမှီ၍ မဟာဗောဓိတံခွန်ကို သိလေ။