id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,332,701
Uncategorized
ဥတ္တမပုရိသဒီပနီ
တစ်ဆဲ့ခြောက်နှစ်ပတ်လုံး မသေအောင်အစာပေး၍ မွေးကျွေး၍ ထားရသည်။
1,332,702
Uncategorized
ဥတ္တမပုရိသဒီပနီ
သားငယ် တစ်ဆဲ့ ခြောက်နှစ် အရွယ်သို့ရောက်သောအခါ လူလုပ်မည်လော၊ ဗြဟ္မာ့ပြည်သို့ ရောက်အောင်ကျင့် မည်လောဟု သားကိုမေး၍ ကျင့်မည်ဆိုလျှင် ထိုဖွားဖက်မီးကိုအပ်၍ တောထွက်စေ၏။
1,332,703
Uncategorized
ဥတ္တမပုရိသဒီပနီ
တော၌လည်းကောင်း၊ ထိုထိုမြို့ရွာ၌လည်းကောင်း နေ၍ ထိုမီးကို မသေရအောင် အစာပေး၍ လုပ်ကျွေးရသည်။
1,332,704
Uncategorized
ဥတ္တမပုရိသဒီပနီ
ထောပတ် ဆီဦးစသည် ထူးထူးမြတ်မြတ်ရသမျှကို မီးစာကျွေးရသည်။
1,332,705
Uncategorized
ဥတ္တမပုရိသဒီပနီ
အကောင်းအမွန်ကို ကျွေးနိုင်လေလေ အကျိုးကြီးလေလေဟု အယူရှိသည်။
1,332,706
Uncategorized
ဥတ္တမပုရိသဒီပနီ
စုတေသည့်တိုင် မီးကို မသေရအောင် အစာပေး၍ လုပ်ကျွေးပူဇော်နိုင်လျှင် သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့ရောက်ရသည်ဟု မိစ္ဆာအယူရှိသည်။
1,332,707
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုအယူကို ယူ၍ မီးကို လုပ်ကျွေးသော အဂ္ဂိကပုဏ္ဏားသည် အနှစ်တစ်ရာ အသက်ရှည်လျှင် အနှစ်တစ်ရာပတ်လုံး မီးစာအတွက် မီးအတွက်နှင့် အားထုတ်ရ ကြောင့်ကြစိုက်ရသော သင်္ခါရဒုက္ခခွင်မှ မထွက်ရပြီ။
1,332,708
Uncategorized
ဥတ္တမပုရိသဒီပနီ
အနှစ် တစ်ထောင်အသက်ရှည်လျှင် အနှစ်တစ်ထောင်ပတ်လုံး မထွက်ရပြီ။
1,332,709
Uncategorized
ဥတ္တမပုရိသဒီပနီ
အနှစ်တစ်သောင်း၊ အနှစ်တစ်သိန်း၊ အနှစ်တစ်ကုဋေ၊ အနှစ်အသင်္ချေ အသက်ရှည်လျှင်လည်း အနှစ်အသင်္ချေပတ်လုံး ဒုက္ခခွင်မှ မထွက်ရပြီ။
1,332,710
Uncategorized
ဥတ္တမပုရိသဒီပနီ
အနမတဂ္ဂ သံသရာကာလပတ်လုံး အသက်ရှည်လျှင်လည်း အနမတဂ္ဂ သံသရာကာလပတ်လုံးပင် သင်္ခါရဒုက္ခခွင်မှ မထွက်ရပြီ။
1,332,711
Uncategorized
ဥတ္တမပုရိသဒီပနီ
အဘယ့်ကြောင့်နည်းဆိုသော် မီးမည်သည် ရောက်လာသမျှ အစာ ထင်း သစ်သားကို ခဏမစဲ အမြဲကုန်ဆုံးအောင် ဖြုန်းတီးမြဲ ဓမ္မတာပေတည်း။
1,332,712
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုမီးကို တွယ်တာ၍ အစာကို အားထုတ်သောသူသည် အဘယ်အခါမှ ဒုက္ခခွင်က ထွက်ရခွင့်မရှိပြီ။
1,332,713
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤဥပမာအတိုင်း ဤကိုယ်ခန္ဓာမှာလည်း ရုပ်ဓာတ်နာမ်ဓာတ်တို့ကို ခဏမစဲ အမြဲကုန်ဆုံးအောင် အတွင်ဖြုန်းတီး၍နေသော မရဏဓာတ်မီးသည် ကိုယ်ခန္ဓာနှင့် အပြည့်ရှိ၏။
1,332,714
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤခန္ဓာကို သာယာတွယ် တာ၍ မွေးမြူပြုစုကြကုန်သော ဤသတ္တဝါအပေါင်းတို့သည် မရဏဓာတ်မီးကို မွေးမြူပြုစုမှု အစာပေးမှု ကျွေးမွေးမှုပင်တည်း။
1,332,715
Uncategorized
ဥတ္တမပုရိသဒီပနီ
--- ခပ်သိမ်းသတ္တဝါ မီးအစာ
1,332,716
Uncategorized
ဥတ္တမပုရိသဒီပနီ
လူ့ခန္ဓာသည် လူ့မရဏဓာတ်မီး၏ အစာတည်း။
1,332,717
Uncategorized
ဥတ္တမပုရိသဒီပနီ
နတ်ခန္ဓာသည် နတ်မရဏဓာတ်မီး၏ အစာတည်း။
1,332,718
Uncategorized
ဥတ္တမပုရိသဒီပနီ
ဗြဟ္မာ့ခန္ဓာသည် ဗြဟ္မာ့မရဏဓာတ်မီး၏ အစာတည်း။
1,332,719
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုခန္ဓာတို့ကို ရလို၍ ဒါနမှုကို ပြုခြင်းသည်လည်း မရဏဓာတ်မီးကို ကျွေးမွေးရန် မီးစာအခင်း စိုက်ပျိုးမှုသာတည်း။
1,332,720
Uncategorized
ဥတ္တမပုရိသဒီပနီ
ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလတို့ကို အားထုတ်မှုသည်လည်း မရဏဓာတ်မီးကို ကျွေးမွေးရန် မီးစာခင်း ခန္ဓာခင်း စိုက်ပျိုးမှုသာတည်း။
1,332,721
Uncategorized
ဥတ္တမပုရိသဒီပနီ
ကသိုဏ်းဘာဝနာ၊ ဗြဟ္မာ့ဝိဟာရ ဘာဝနာများကို အားထုတ်မှုသည်လည်း မရဏဓာတ်မီးကို ကျွေးမွေးရန် မီးစာခင်း ခန္ဓာခင်းကို စိုက်ပျိုးမှုသာတည်း။
1,332,722
Uncategorized
ဥတ္တမပုရိသဒီပနီ
အနမတဂ္ဂသံသရာမှာ တစ်ယောက်တစ်ယောက်သော သတ္တဝါ၏ ဒါနမှုပေါင်း အနမတဂ္ဂရှိခဲ့ပြီ။
1,332,723
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုဒါနမှုတို့၏အကျိုး လူ့ခန္ဓာပေါင်း နတ်ခန္ဓာပေါင်း အနန္တရှိခဲ့ပြီ။
1,332,724
Uncategorized
ဥတ္တမပုရိသဒီပနီ
ရှိခဲ့သမျှသည်လည်း မရဏဓာတ်မီးစား၍ ကုန် ပျောက်ကွယ်ဆုံးလေတော့သည်။
1,332,725
Uncategorized
ဥတ္တမပုရိသဒီပနီ
ပြာမှုန့်မျှမှ အဖတ်ရှာ၍ မရပြီ။
1,332,726
Uncategorized
ဥတ္တမပုရိသဒီပနီ
တစ်ခုတစ်ခုသော ဘဝ၌လည်း မိမိကိုယ်ခန္ဓာကို မိမိမွေးမြူနိုင်သော နေ့မှစ၍ တစ်သက်ပတ်လုံး နေ့ရှိသမျှ ကြောင့်ကြစိုက်၍ ဒုက္ခစိုက်၍ မွေးမြူသမျှသည် သေရာဝယ် အကုန်ပျောက်ပျက် ကွယ်ဆုံးမြဲ ဓမ္မတာတည်း။
1,332,727
Uncategorized
ဥတ္တမပုရိသဒီပနီ
တေဇောမီးကို မြတ်သောအလှူခံ ပုဂ္ဂိုလ်ဟု ကြည်ညိုအားကိုး၍ ပူဇော်လုပ်ကျွေးသော အဂ္ဂိက ပုဏ္ဏားအလုပ်နှင့် တူလှ၏။
1,332,728
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤဥပမာ-ဥပမေယျဖြင့် အနမတဂ္ဂသံသရာ၌ ရူပက္ခန္ဓာ၏ အနိစ္စဘေးကြီး၏ သတ္တဝါအပေါင်းကို နှိပ်စက်ညှဉ်းပန်းမှု ကြီးကျယ်ပုံကို သိစေသည်။
1,332,729
Uncategorized
ဥတ္တမပုရိသဒီပနီ
--- မရဏမှု မြင်အောင်ရှု
1,332,730
Uncategorized
ဥတ္တမပုရိသဒီပနီ
မရဏဓာတ်၏အမှုသည် ဤမျှလောက် ကြီးကျယ်ထင်ရှားပါလျက် မရဏဓာတ်ကို သီးသန့်ခြားနား ဓာတ်ကြီးတစ်ပါးအဖြစ်ဖြင့် မမြင်နိုင်ဘဲ နေတတ်သည်။
1,332,731
Uncategorized
ဥတ္တမပုရိသဒီပနီ
သီးသန့်ခြားနား ဓာတ်ကြီးတစ်ပါးအနေနှင့် မြင်အောင်ကြည့်။
1,332,732
Uncategorized
ဥတ္တမပုရိသဒီပနီ
မိမိကိုယ်တွင်းမှာ ဣရိယာပုထ်လေးပါး၌ ခဏမစဲ အမြဲအစဉ် အတွင်လောင်ဖြုန်း၍ တဟုန်းဟုန်းနေသည်ကိုလည်း မြင်အောင်ကြည့်။
1,332,733
Uncategorized
ဥတ္တမပုရိသဒီပနီ
ဥပမာ- တစ်နည်းကား
1,332,734
Uncategorized
ဥတ္တမပုရိသဒီပနီ
တွင်းကြီးတစ်ခုသည် အထုယူဇနာ နှစ်သိန်းလေးသောင်း ရှိသော မဟာပထဝီမြေကြီးကိုလည်းကောင်း၊ ထိုမြေကြီး၏အောက်၌ အထုယူဇနာ လေးသိန်းရှစ်သောင်းရှိသော ရေပြင်ကြီးကိုလည်းကောင်း၊ ထိုရေ၏အောက်၌ ကိုးသိန်းခြောက်သောင်းရှိသော လေပြင်ကြီးကိုလည်းကောင်း ထွင်းဖောက်၍ အောက်အနန္တအဇဋာကာသ ကောင်းကင်သို့ ဟောင်းလောင်းပေါက်လေရာ၏။
1,332,735
Uncategorized
ဥတ္တမပုရိသဒီပနီ
တစ်ယောက်သောသူသည် အောက်အဖို့၌ မှောင်ဖုံး၍နေသဖြင့် အတောင်တစ်ရာ နှစ်ရာမျှသာ နက်သောတွင်းဟု ထင်၏။
1,332,736
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုအရပ်မှာလည်း ဤကဲ့သို့သောတွင်းကို ဝမ်းစာမြေသားတက်အောင် အသက်ထက်ဆုံး ဖို့၍လောင်း၍ သေလွန်လျှင် ဗြဟ္မာ့ပြည်သို့ရောက်၏ဟု မိစ္ဆာဝါဒ ဖြစ်ထွန်းလျက်ရှိရာ၏။
1,332,737
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုမိစ္ဆာကို ယူစွဲသောသူတို့သည် ထိုတွင်းမှာ မြေစာတိုးတက်အောင် ဖို့လောင်းသောအကျင့်ကို သေသည်တိုင်အောင် စွဲမြဲအားထုတ်ကြကုန်၏။
1,332,738
Uncategorized
ဥတ္တမပုရိသဒီပနီ
တွင်း၌ ထည့်လိုက်သမျှ၊ လောင်းလိုက်သမျှသော မြေစာတို့သည်မူကား ရပ်တန့်ရာမရ အောက်အဇဋာကာသ အနန္တကောင်းကင်ကြီးသို့ သွားကုန်၏။
1,332,739
Uncategorized
ဥတ္တမပုရိသဒီပနီ
လွန်လေပြီးသော အနမတဂ္ဂသံသရာ၌ တစ်ယောက်တစ်ယောက်သောသူ၏ ခန္ဓာကိုယ်အကျိုးငှါ ပြုအပ်သော ဒါနမှုအနန္တ၊ သီလမှုအနန္တ၊ ဘာဝနာမှုအနန္တတို့သည် ထိုတွင်းကိုဖို့ကြသော အမှုနှင့် တူကုန်၏။
1,332,740
Uncategorized
ဥတ္တမပုရိသဒီပနီ
ဖြစ်ခဲ့ပြီးသော လူ့ခန္ဓာ၊ နတ်ခန္ဓာ၊ ဗြဟ္မာ့ခန္ဓာ အနန္တစုသည် ထိုတွင်းသို့ ကျလေသော မြေစိုင်ခဲတို့နှင့် တူကုန်၏။
1,332,741
Uncategorized
ဥတ္တမပုရိသဒီပနီ
နောက်အနာဂတ် သံသရာမှာလည်း ဤနည်းတူ ယခုဘဝ၌ အသက်မွေးမှု၊ ခန္ဓာမွေးမှုနှင့် နေ့နေ့ညည ကြောင့်ကြစိုက်သော အမှုစုသည်လည်း ထိုတွင်းကို ဖို့ကြမှုနှင့်တူ၏။
1,332,742
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤသည်လည်း အနိစ္စဘေး ကြီးကျယ်ပုံကို ပြဆိုသော ဥပမာပင်တည်း။
1,332,743
Uncategorized
ဥတ္တမပုရိသဒီပနီ
ဥပမာ နှီးနှောချက်
1,332,744
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤဥပမာ၌ကား အားထုတ်သယ်ပိုး၍ တွင်းထဲသို့ လောင်းသမျှသော မြေစာတို့၏ လက်ကလွှတ်လိုက်သည့်နောက် တစ်ခဏမျှသာ မြင်လိုက်ရ၍ မျက်ခြည်ပြတ် ပျောက်ကွယ်၍သွားမှုနှင့် အတိတ်နေ့ အတိတ်လ အတိတ်နှစ် အတိတ်ဘဝ အနမတဂ္ဂ၌ ခန္ဓာတို့၏ ကုန်ဆုံးပျောက်ကွယ်၍သွားမှု တူသည်။
1,332,745
Uncategorized
ဥတ္တမပုရိသဒီပနီ
မြေစာတို့ကို အနမတဂ္ဂ ကာလပတ်လုံး မနေမနားလောင်း၍ပင်နေသော်လည်း ပြည့်နိုင်ရန်အခွင့် တစ်ပဲတစ်ရွေးမျှ အဖတ်ရှာ၍ ရနိုင်ရန်အခွင့်မရှိသော အနန္တအာကာသ ပေါက်ကြီးအလားနှင့် အတိတ်သံသရာ အနာဂတ်သံသရာ အနမတဂ္ဂ ရှည်လျားလှသော မရဏဓာတ်တွင်းကြီးသို့ ဒါန၊ သီလ၊ ဘာဝနာမှုတို့ကို မနေမနား အားထုတ်၍ စီးပွါးဥစ္စာရှာမှုကို မနေမနား အားထုတ်၍ လူ့ခန္ဓာ၊ နတ်ခ...
1,332,746
Uncategorized
ဥတ္တမပုရိသဒီပနီ
အောက်က မီးဥပမာ၊ ဤတွင်းကြီးဥပမာ နှစ်ရပ်ဖြင့်ပင် ရုပ်ခန္ဓာအတွက်နှင့် အတိတ်သံသရာ၌ ပင်ပန်းခဲ့သမျှသည်လည်း အချည်းနှီးသာတည်း။
1,332,747
Uncategorized
ဥတ္တမပုရိသဒီပနီ
နောက်အနာဂတ်၌ ပင်ပန်းအံ့သမျှသည်လည်း အချည်းနှီးသာတည်း။
1,332,748
Uncategorized
ဥတ္တမပုရိသဒီပနီ
ယခုမျက်မြင်၌ ပင်ပန်းကြသမျှ၊ ကြောင့်ကြစိုက်ကြသမျှသည်လည်း အချည်းနှီးသာတည်းဟူသော အနက်ကိုလည်း ပြလိုက်သည်။
1,332,749
Uncategorized
ဥတ္တမပုရိသဒီပနီ
ခန္ဓာငါးပါး၌ အနိစ္စဘေး ကြီးကျယ်ပုံကို ပြဆိုချက် ပြီး၏။
1,332,750
Uncategorized
ဥတ္တမပုရိသဒီပနီ
--- ခန္ဓာငါးပါး သစ္စာဖွဲ့ပုံ
1,332,751
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤအနိစ္စ စင်စစ်ဖြစ်သော ခန္ဓာငါးပါးသည် ဒုက္ခသစ္စာမည်၏။
1,332,752
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုခန္ဓာငါးပါးကို ငါ၏ ကိုယ်ပိုင်ဥစ္စာဟု သာယာတွယ်တာလျက် ထိုခန္ဓာငါးပါး၏ ဖြစ်ပွါးခြင်းကို အလိုရှိသော တဏှာသည် သမုဒယသစ္စာမည်၏။
1,332,753
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုတဏှာ၏ ကျွတ်လွတ်မှုဟူသော သတ္တမကောသလ္လဌာနဖြစ်သော နိဿရဏသည် နိရောဓသစ္စာမည်၏။
1,332,754
Uncategorized
ဥတ္တမပုရိသဒီပနီ
စတုတ္ထကောသလ္လဌာနဖြစ်သော သမ္မာဒိဋ္ဌိအစရှိသော မဂ္ဂင်ရှစ်ပါးသည် မဂ္ဂသစ္စာမည်၏။
1,332,755
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤသို့လျှင် ခန္ဓာငါးပါး၏ သရုပ်သဘောအဓိပ္ပါယ်၊ သစ္စာလေးပါး၏ သရုပ်သဘောအဓိပ္ပါယ်၊ ခန္ဓာငါးပါးကို သစ္စာဖွဲ့နည်း၊ မဂ္ဂင်ရှစ်ပါး၏ သရုပ်သဘော အဓိပ္ပါယ်နှင့်တကွ နိဗ္ဗာန်ကိုရောက်အောင် ပွါးများနည်းကို သိလိုပါသည်ဟု အစိတ်တစ်ဆဲ့တစ်ချက်ပါရှိသော ဒုတိယလျှောက်ချက်ကို ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်လာ ခုနစ်ဖြာသော ကောသလ္လဌာနကို ပြတော်မူသော သုတ္တန်ဒေ...
1,332,756
Uncategorized
ဥတ္တမပုရိသဒီပနီ
ဒုတိယလျှောက်ချက် အဖြေ ပြီး၏။
1,332,757
Uncategorized
ဥတ္တမပုရိသဒီပနီ
--- တတိယခန်း
1,332,758
Uncategorized
ဥတ္တမပုရိသဒီပနီ
နောက်နောက် လျှောက်ချက်တို့ကိုကား အကျဉ်းမျှပြဆိုအံ့။
1,332,759
Uncategorized
ဥတ္တမပုရိသဒီပနီ
“နိဗ္ဗာန်၏သဘောနှင့် နိဗ္ဗာန်ကိုရောက်သူတို့၏ ချမ်းသာစင်စစ် ဧကန်ဖြစ်ရခြင်းကို ဟုတ်မှန်သည့်အတိုင်း သိရ၍ ဂုဏ်ကျေးဇူးကို အစဉ်အောက်မေ့လျက် ဥပသမာနုဿတိ ဘာဝနာအဖြစ်ဖြင့် ပွါးများ၍ နေလိုပါကြောင်း” တတိယလျှောက်ချက် နိဗ္ဗာန်၏ နိဿရဏဓာတ်သဘော။
1,332,760
Uncategorized
ဥတ္တမပုရိသဒီပနီ
အဖြေကား--- ဥပသမာနုဿတိ ဘာဝနာမှုမည်သည် စင်စစ်အားဖြင့် မိမိ၏ဟဒယဓာတ်အိမ်အတွင်းမှာ ဆိုက်တွေ့ပြီးသော ဥပသမဓာတ်ရှိသော အရိယာတို့၏အလုပ်သာဖြစ်သည်၊ မောင်သော်နှင့်ဆိုင်သော အလုပ်မဟုတ်။
1,332,761
Uncategorized
ဥတ္တမပုရိသဒီပနီ
မောင်သော်သည် မိမိ၏ ဟဒယဓာတ်အိမ်၌ ဆိုက်တွေ့ပြီးသော ဥပသမဓာတ် ရှိသေးသူမဟုတ်။
1,332,762
Uncategorized
ဥတ္တမပုရိသဒီပနီ
မိမိကိုယ်တွေ့မဟုတ်ပဲ သူတစ်ပါး၏ ကိုယ်တွေ့ဖြစ်သော ဥပသမဓာတ်၏ဂုဏ်ကို အနုမာန မျက်ရမ်းဆအားဖြင့် မြော်မြော်စောစော ပွားများသော်လည်း အားပြည့်အင်ပြည့် ဘာဝနာ မဖြစ်နိုင်။
1,332,763
Uncategorized
ဥတ္တမပုရိသဒီပနီ
မောင်သော် သန္တာန်မှာ တဒင်္ဂ ဥပသမဓာတ်မျှမူကားရှိ၏၊ ထိုရှိသောဓာတ်သည်လည်း ကြည့်လောက်၊ ရှုလောက်၊ ပွားများလောက်အောင် ပြောင်ပြောင်လက်လက်မဟုတ်၊ ရှေ့နောက် ကိလေသာဖုံးလွှမ်းလျက်နေ၏။
1,332,764
Uncategorized
ဥတ္တမပုရိသဒီပနီ
သို့သော်လည်း အနုမာန မျက်ရမ်းဆ၍ အောက်မေ့ရလျှင်ပင် အလွန်အကျိုးကြီးသော အရာဌာနဖြစ်ပေ၍ ရမ်းဆနိုင်ရန် ဖြေဆိုလိုက်ပေအံ့။
1,332,765
Uncategorized
ဥတ္တမပုရိသဒီပနီ
ရှေ့ အာဒီနဝနိဗ္ဗာန်၏ သဘောဆိုသည်ကား သန္တတိသဘောတည်း။
1,332,766
Uncategorized
ဥတ္တမပုရိသဒီပနီ
ယင်းကို ကောသလ္လဌာန ခုနစ်ပါးမှာ နိဿရဏဆိုသည်။
1,332,767
Uncategorized
ဥတ္တမပုရိသဒီပနီ
ပြဆိုခဲ့ပြီးသော မီးပူဇော်သော ပုဏ္ဏားဥပမာ၊ အောက်အဇဋာကာသ အနန္တကောင်းကင်သို့ ပေါက်သောတွင်းကြီးကို ဖို့ကြသော အန္ဓဗာလတို့ ဥပမာများနှင့်တကွ အနိစ္စဘေးသည် အဘယ်မျှလောက် ကြီးကျယ်သည်ဟု မြင်အောင်မြော်၍ အနိစ္စဓာတ်မီး၊ မရဏဓာတ်မီး၏ ကြောက်မက်ဖွယ်ကို မြင်အောင်ကြည့်။
1,332,768
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုအနိစ္စမီး၊ မရဏမီး၏ ချုပ်ငြိမ်းမှုဟူသော နိဿရဏဓာတ်သည် ရှိ၏။
1,332,769
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုနိဿရဏဓာတ်သည် သန္တိသဘောပင်တည်း။
1,332,770
Uncategorized
ဥတ္တမပုရိသဒီပနီ
မရဏဓာတ်ကြီးကိုမှ အသီးအခြား ဓာတ်ကြီးတစ်ပါး ဓမ္မတစ်ပါးအနေနှင့် ကွက်ခြားရှင်းလင်း၍ မမြင်နိုင်ခဲ့လျှင် နိဿရဏဓာတ်ကို အသီးအခြားဓာတ်တစ်ပါးအနေနှင့် မြင်နိုင်မည်ဝေးစွ။
1,332,771
Uncategorized
ဥတ္တမပုရိသဒီပနီ
မရဏဓာတ်ကို အသီးအခြားဓာတ်တစ်ပါးအဖြစ်ဖြင့် မြင်နိုင်ပါမှ နိဿရဏဓာတ်ကို အတပ် ရမ်းဆနိုင်လတံ့။
1,332,772
Uncategorized
ဥတ္တမပုရိသဒီပနီ
အနမတဂ္ဂသံသရာ၌ ပုဂ္ဂိုလ်၊ သတ္တဝါဟူ၍ အဏုမြူမျှ မရှိ။
1,332,773
Uncategorized
ဥတ္တမပုရိသဒီပနီ
ပရမတ္ထစု ဓာတ်ခဲမျှသာရှိသည်။
1,332,774
Uncategorized
ဥတ္တမပုရိသဒီပနီ
ဧရာဝတီမြစ်ရေကို စေ့စေ့ကြည့်၍နေလျှင် အစဉ်အတိုင်း သီတဓာတ်မီး အဆင့်ဆင့်မှ ကလာပ်အစုဓာတ်အစု အဆင့်ဆင့်ပေါက်ဖွား၍ ရိပ်ရိပ် ရိပ်ရိပ် စီးသွားမှုကဲ့သို့ အနမတဂ္ဂသံသရာမှာ ခန္ဓာအစဉ်၊ ဓာတ်အစဉ် အလျဉ်ဆက်ပွား အစဉ်သွား၍ နေမှုသာအဟုတ်ရှိသည်။
1,332,775
Uncategorized
ဥတ္တမပုရိသဒီပနီ
ပုဂ္ဂိုလ်ဟူ၍ သတ္တဝါဟူ၍ အဏုမြူမျှမရှိ။
1,332,776
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုတစ်ခုတစ်ခု ဓာတ်နွယ်ဓာတ်စဉ် ဓာတ်အလျဉ်သည် အကြင်မျှလောက် သမုဒယသစ္စာ တဏှာဟူသော အစည်းအဖွဲ့သည် ရှိသေး၏၊ ထိုမျှလောက် အစုအခဲမပျက်မူ၍ ပေါက်မြဲပေါက်၊ ပွားမြဲပွား၊ သွားမြဲသွား၍ နေသည်သာဖြစ်၏။
1,332,777
Uncategorized
ဥတ္တမပုရိသဒီပနီ
နိဿရဏဓာတ်သို့ ဆိုက်ခွင့်မရသေး။
1,332,778
Uncategorized
ဥတ္တမပုရိသဒီပနီ
အကြင်အခါ၌ ထိုတေဘုမ္မက ဓမ္မဓာတ်အစဉ်တစ်ခု ဓာတ်အစုအခဲ အတွင်းမှာ လောကုတ္တရာ သမ္မာဒိဋ္ဌိမဂ္ဂင်ဟူသော ဓမ္မဓာတ်တစ်ခုသည် ပေါ်၍ လာ၏။
1,332,779
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုအခါ တဏှာအစည်းအဖွဲ့သည် ကုန်ဆုံး၍သွား၏။
1,332,780
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုတဏှာ၏ ကုန်ဆုံးမှုသည် နိဿရဏဓာတ်ပင်တည်း။
1,332,781
Uncategorized
ဥတ္တမပုရိသဒီပနီ
မရဏဓာတ်နှင့် နိဿရဏဓာတ် ထွေး၍မနေစေလင့်။
1,332,782
Uncategorized
ဥတ္တမပုရိသဒီပနီ
မရဏဓာတ်ကား တဖွားဖွားဖြစ်ပေါ်သမျှသော ရုပ်ဓာတ်၊ နာမ်ဓာတ်တို့ကို ခဏမစဲကုန်ဆုံးအောင် လောင်သောမီးမျိုးပေတည်း။
1,332,783
Uncategorized
ဥတ္တမပုရိသဒီပနီ
နိဿရဏဓာတ်ကား ထိုမရဏမီးကို သေဆုံးအောင်သတ်သော ဓာတ်အေး ဓာတ်ငြိမ်းကြီးပေတည်း။
1,332,784
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုနိဿရဏဓာတ်အေးကြီး၊ ဓာတ်ငြိမ်းကြီးသည်မူကား တစ်စုံတစ်ခုသော ဓာတ်နှင့် ရောမှု၊ ယှက်မှု၊ ဖက်တွဲမှုမရှိ။
1,332,785
Uncategorized
ဥတ္တမပုရိသဒီပနီ
ကောင်းကင်ကြီးကို မီးလည်း မိအောင်မလောင်နိုင်၊ ရေလည်းထိအောင် မဖျက်နိုင်၊ တစ်စုံတစ်ခုသောဘေးမျှ မထိပါးနိုင်သကဲ့သို့ ထိုနိဿရဏဓာတ်ကြီးတို့ အလွန်သိမ်မွေ့လှသော ဓာတ်ကြီးဖြစ်ခဲ့၍ ဇာတိမီးလည်းမထိနိုင်၊ ဇရာမီးလည်းမထိနိုင်၊ မရဏမီးလည်းမထိနိုင်၊ ရာဂမီး၊ ဒေါသမီး၊ မောဟမီးတို့လည်းမထိနိုင်၊ မီးတစ်ဆဲ့တစ်ပါးမှ လွတ်သော ဓာတ်ကြီးပေတည်း။
1,332,786
Uncategorized
ဥတ္တမပုရိသဒီပနီ
ဇာတိမရှိသည့်အတွက်ကြောင့် ဘယ်မှာစသည်ဟူ၍လည်း အစကိုပြရန်မရှိ။
1,332,787
Uncategorized
ဥတ္တမပုရိသဒီပနီ
ဘယ်မှာတစ်ခု ဘယ်မှာတစ်ခုဟူ၍ နှစ်ခုသုံးခုစသည် ခွဲခြမ်းရန်မရှိ။
1,332,788
Uncategorized
ဥတ္တမပုရိသဒီပနီ
မရဏမရှိသည်ဖြစ်၍လည်း ဘယ်မှာဆုံးသည်ဟု အဆုံးကိုပြရန်မရှိ။
1,332,789
Uncategorized
ဥတ္တမပုရိသဒီပနီ
ဝိညာဏံ အနိဒဿနံ အနန္တံ သဗ္ဗတော ပဘံ။
1,332,790
Uncategorized
ဥတ္တမပုရိသဒီပနီ
(ဗြဟ္မနိမန္တနသုတ် ပါဠိတော်)
1,332,791
Uncategorized
ဥတ္တမပုရိသဒီပနီ
ဝိညာဏံ = ထူးသောဉာဏ်ဖြင့်သာ သိအပ်၏။
1,332,792
Uncategorized
ဥတ္တမပုရိသဒီပနီ
အနိဒဿနံ = အရပ် ဒေသ ကာလသဏ္ဌာန်နှင့် ညွှန်ပြခြင်းငှါ မထိုက်။
1,332,793
Uncategorized
ဥတ္တမပုရိသဒီပနီ
အနန္တံ = ရှေ့အစွန်း နောက်အစွန်းလည်း မရှိ။
1,332,794
Uncategorized
ဥတ္တမပုရိသဒီပနီ
သဗ္ဗတောပဘံ = အဇဋာကာသ ကျယ်လှအပြင် မိုးကောင်းကင်ပမာ ဆယ်မျက်နှာတို့၌ ဝင်းဝင်းတောက်လျက်ရှိ၏။
1,332,795
Uncategorized
ဥတ္တမပုရိသဒီပနီ
ဝိညာဏံ ဆိုသည်ကား အနမတဂ္ဂသံသရာ ခန္ဓာအစဉ်၊ ဓာတ်အစဉ်၌ အမြဲလောင်၍ လိုက်နေသော ရာဂမီး, ဒေါသမီး, မောဟမီး, ဇာတိမီး, ဇရာမီး, မရဏမီးသည်လည်းရှိ၏။
1,332,796
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုမီးစု၏ ကုန်မှု, ဆုံးမှု, အေးငြိမ်းမှုသည်လည်း ဧကန်ရှိ၏ဟု သိအပ်သော သန္တိသဘောကိုဆိုသည်။
1,332,797
Uncategorized
ဥတ္တမပုရိသဒီပနီ
အနိဒဿနံ ဟူသောပါဌ်ဖြင့် ဘယ်ကမ္ဘာမှစ၍ ဖြစ်ပေါ်သည်၊ ဘယ်မှာဆုံးသည်၊ ဘယ်အခါမှာမှရှိသည်၊ ဘယ်အခါမှာမရှိဟု ကာလအထွေအပြားနှင့်လည်း ညွှန်းပြခြင်းငှါ မထိုက်။
1,332,798
Uncategorized
ဥတ္တမပုရိသဒီပနီ
ဘယ်ဘုရား၏ နိဿရဏဓာတ်တစ်ခု၊ ဘယ်ပစ္စေကဗုဒ္ဓါ၏ နိဿရဏဓာတ်တစ်ခု၊ ဘယ်သာဝက၏ နိဿရဏဓာတ်တစ်ခုဟူ၍လည်း အနမတဂ္ဂသံသရာတွင် ပရိနိဗ္ဗာန်စံကြသူတို့ကိုလိုက်၍ အထွေအပြားပြု၍ ညွှန်းပြခြင်းငှါ မထိုက်။
1,332,799
Uncategorized
ဥတ္တမပုရိသဒီပနီ
ဘုရားတို့၏ နိဿရဏဓာတ်ကား အလွန်မြတ်သည်၊ ပစ္စေကဗုဒ္ဓါတို့၏ နိဿရဓာတ်ကား ထိုအောက်ယုတ်ညံ့သည် စသည်ဖြင့် ဟီန၊ ပဏီတ ခြားနားခြင်းငှါလည်း မထိုက်။
1,332,800
Uncategorized
ဥတ္တမပုရိသဒီပနီ
သဗ္ဗညုမြတ်စွာဘုရား ရောက်သောနိဗ္ဗာန်နှင့် ခုဇ္ဇုတ္တရာအိမ်ကျွန်မရောက်သော နိဗ္ဗာန်နှစ်ထွေနှစ်ပါး မပြားကြ ဆိုလိုသည်။