id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,332,801 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤသို့သော အဓိပ္ပါယ်ကို အနိဒဿနံဟူသောပါဌ်ဖြင့် ပြတော်မူပေသည်။ |
1,332,802 | Uncategorized | ဥတ္တမပုရိသဒီပနီ | အနန္တံ-ဟူသောပါဌ်ဖြင့် အနမတဂ္ဂသံသရာ၌ ကျွတ်ကြသော သူခပ်သိမ်းတို့၏ နိဗ္ဗာန်ကို ရှေ့အစွန်း၊ နောက်အစွန်း ခြားနား၍ ခွဲဝေခြင်းငှါ မထိုက်သည်ကိုပြသည်။ |
1,332,803 | Uncategorized | ဥတ္တမပုရိသဒီပနီ | သဗ္ဗတောပဘံ ဟူသောပါဌ်ဖြင့်ကား တေဘုမ္မကနယ်မှာ မရဏဓာတ်မီးသည် ညီးညီးထိန်ပြောင် တောက်လောင် ထွန်းပ၍နေ၏။ |
1,332,804 | Uncategorized | ဥတ္တမပုရိသဒီပနီ | အနမတဂ္ဂ အတိတ်သံသရာ ကမ္ဘာအနန္တ ကုန်ဆုံးကွယ်ပျောက်ချက်။ |
1,332,805 | Uncategorized | ဥတ္တမပုရိသဒီပနီ | ယခုရှိသမျှလည်း နေ့ညမစဲ ကုန်ဆုံးကြလျက်နေသည်ကို မြော်။ |
1,332,806 | Uncategorized | ဥတ္တမပုရိသဒီပနီ | နောင်အနာဂတ် သံသရာကမ္ဘာအဆက်ဆက်လည်း ကုန်ဆုံးမှုမှာ အဆုံးသတ်ရသည်ချည်း။ |
1,332,807 | Uncategorized | ဥတ္တမပုရိသဒီပနီ | လူတိုင်းလည်း သေရချည့် သေရချည့်ဟု သိလျက်၊ မြင်လျက်၊ တွေ့ကြုံလျက်နေကြရသည်။ |
1,332,808 | Uncategorized | ဥတ္တမပုရိသဒီပနီ | မရဏမီး ထိန်ထိန်ညီးပုံတည်း။ |
1,332,809 | Uncategorized | ဥတ္တမပုရိသဒီပနီ | လောကုတ္တရာနယ်မှာ ထိုနိဿရဏဓာတ်ကြီးသည် ထိန်ထိန်ညီးထွန်းတောက်၍နေ၏။ |
1,332,810 | Uncategorized | ဥတ္တမပုရိသဒီပနီ | အနမတဂ္ဂသံသရာ၌ ဘုရားပေါင်းအနမတဂ္ဂ၊ ပစ္စေကဗုဒ္ဓါပေါင်းအနမတဂ္ဂ၊ သာဝကပေါင်း အနမတဂ္ဂတို့၏ ထိုမရဏမီးမှ ကျွတ်လွတ်ကြမှုကို မြော်။ |
1,332,811 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤသို့သော အနက်ကို သဗ္ဗတောပဘံ ဟူသောပါဌ်ဖြင့် ပြတော်မူသည်။ |
1,332,812 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤကား နိဗ္ဗာန်၏ သဘောကိုသိလိုပါသည် ဟူသောအချက်၌ အမြွက်အရိပ် ရမ်းဆရန် ပြဆိုသောအခန်းပြီး၏။ |
1,332,813 | Uncategorized | ဥတ္တမပုရိသဒီပနီ | --- နိဿရဏဓာတ်၏ ချမ်းသာအစစ် |
1,332,814 | Uncategorized | ဥတ္တမပုရိသဒီပနီ | နိဗ္ဗာန်သို့ ရောက်သူတို့၏ ချမ်းသာစင်စစ် ဧကန်ဖြစ်ပုံကို သိလိုပါသည်ဟူသောအချက်၌ ဧကန်စင်စစ်ကို ပြောဆိုခန်းဆိုက်လျှင် ပုဂ္ဂိုလ် သတ္တဝါကို ထည့်၍ မပြောထိုက်။ |
1,332,815 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဓမ္မာ နိဿတ္တ နိဇ္ဇီဝသဘာဝါ=သတ္တလည်းမဟုတ်၊ ဇီဝလည်းမဟုတ်ကုန်သော သဘောတရားတို့သည်သာလျှင်၊ သံဝိဇ္ဇန္တိ=ရှိကုန်၏ဟု လူတိုင်းကြားဘူး၍နေသော အဘိဓမ္မာဒေသနာတော်ကြီးကိုမြော်။ |
1,332,816 | Uncategorized | ဥတ္တမပုရိသဒီပနီ | --- ဓာတ်နှင့် ဓာတ်သား အရင်းထားမှ |
1,332,817 | Uncategorized | ဥတ္တမပုရိသဒီပနီ | အဟုတ်ရှိမဟုတ်၊ အမှန်ရှိမဟုတ်ဘဲ စိတ်ထဲတွင် ထင်ချင်တတ်တိုင်း အလှိုင်းတကြီးထင်၍နေကြသော ပုဂ္ဂိုလ်, သတ္တဝါ, စိတ်, သညာနှင့် ထွေးလုံး ရောယှက်၍ ပြောဆိုခဲ့လျှင် နိဗ္ဗာန်အသွင် ထင်မိထင်ရာ ထွေလာများပြား ရောက်တတ်ရာဖြစ်၍ သွားတတ်သည်။ |
1,332,818 | Uncategorized | ဥတ္တမပုရိသဒီပနီ | မိမိကိုယ်ကောင် ဖြစ်၍နေသော မြေဓာတ်ကြမ်းကြီးသည် ရှိ၏။ |
1,332,819 | Uncategorized | ဥတ္တမပုရိသဒီပနီ | ထိုမြေဓာတ်ကြမ်းကြီးကိုမျှ ပရမတ္ထသဘာဝအစစ်ကို ခြားနား၍ မြင်နိုင်သော ဉာဏ်မရှိ၍ ထိုမြေဓာတ်မှာ ငါငါဟူသော သက္ကာယဒိဋ္ဌိမီး တညီးညီးတောက်၍နေသော အန္ဓပုထုဇန်သည် အတုမရ၊ အဖက်မရ၊ သိမ်မွေ့လှစွာသော နိဿရဏဓာတ်စကားကို အမှန်အားဖြင့် ကြံဖန်ပြောဆိုနိုင်ရန် စိတ်သဘောကျနနိုင်ရန် အလွန်ဝေး၏။ |
1,332,820 | Uncategorized | ဥတ္တမပုရိသဒီပနီ | မိမိကိုယ်ဖြစ်၍နေသော ရေဓာတ်ကြမ်းကြီး၊ မီးဓာတ်ကြမ်းကြီး၊ လေဓာတ်ကြမ်းကြီး၊ လောဘဓာတ်ကြမ်းကြီး၊ ဒေါသဓာတ်ကြမ်းကြီးများကို ပရမတ္ထသဘာဝအစစ်ကို မမြင်နိုင်သော အန္ဓပုဇန်သည် နိဗ္ဗာန်စကားကို ပြောဆိုကြံဖန်ခြင်းငှါ အလွန်ဝေးလှစွာ၏။ |
1,332,821 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဇရာဟူသော ဓာတ်ကြမ်းကြီး၊ မရဏဟူသော ဓာတ်ကြမ်းကြီးကိုမှ ပရမတ္ထသဘာဝအစစ်ကို မမြင်နိုင်ဘဲ မရဏဓာတ်ကိုပင် ငါသေရလတ္တံ့၊ သူသေရလတ္တံ့၊ မည်သူသေပြီ အစရှိသည်ဖြင့် သက္ကာယဒိဋ္ဌိငရဲမီး တညီးညီးတောက်၍နေသော အန္ဓပုထုဇန်သည် နိဗ္ဗာန်စကားကို ပြောဆိုကြံဖန်၍ သဘောကျနိုင်ရန်စခန်း အလွန်ဝေးလှစွာ၏။ |
1,332,822 | Uncategorized | ဥတ္တမပုရိသဒီပနီ | ထို့ကြောင့် သက္ကာယဒိဋ္ဌိမီး၏အလို၊ ပုဂ္ဂိုလ်သတ္တဝါဟူသော စိတ်သညာများကို ဝေးစွာပယ်ရှားပြီးမှ သက်သက်သော ဓာတ်စဉ်၊ ဓာတ်သွား၊ ဓာတ်အလားတို့နှင့် ကြံဖန်ပြောဟောမှုသာ နိဗ္ဗာန်စကား ဖြောင့်မတ်နိုင်ရာသတည်း။ |
1,332,823 | Uncategorized | ဥတ္တမပုရိသဒီပနီ | အနမတဂ္ဂသံသရာ၌ ခန္ဓာအစဉ်၊ အာယတနအစဉ်၊ ဓာတ်အစဉ် အလျဉ်မပျက် ဆက်လက်ဖြစ်ပွား၍လာခဲ့စဉ်အခါ၌လည်း မျက်တောင်တစ်ခတ်မျှကာလမှာပင် အကြိမ်တစ်ထောင်၊ အဆက်တစ်ထောင်မက ဓာတ်သစ်၊ ဓာတ်ဟောင်း ပြောင်းလဲဆက်လက်မှ မျက်တောင်တစ်ခတ် ပြည့်မီနိုင်သည်၊ အသစ်ပေါ်မှု၊ အဟောင်းချုပ်ကွယ်မှု တစ်ခဏမျှ စဲခဲ့သည်မဟုတ်။ |
1,332,824 | Uncategorized | ဥတ္တမပုရိသဒီပနီ | သို့သော်လည်း အကြင်မျှလောက် အဝိဇ္ဇာ တဏှာဟူသော ဝဋ်မြစ်သည် မငြိမ်းသေး၊ ထိုမျှလောက်သော ကာလပတ်လုံး တစ်ဘဝဆုံး၍ တစ်ဘဝဆက်လက်ပြန်လျှင် မီးတစ်ဆဲ့တစ်ပါး ထက်ကြပ်ပါသော တေဘုမ္မက ဓာတ်ကြမ်းစုချည်း ဆက်လက်ဖြစ်ပွား၏။ |
1,332,825 | Uncategorized | ဥတ္တမပုရိသဒီပနီ | အကြင်ဘဝ၌ အဝိဇ္ဇာတဏှာချုပ်ဆုံး၏၊ ထိုဘဝမှ စုတိကျလျှင် တေဘုမ္မကဓာတ်ကြမ်းစု ဆက်လက်မှုမှ ကျွတ်လွတ်၍ မီးတစ်ဆဲ့တစ်ပါး မလိုက်နိုင်သော နိဿရဏဓာတ်ကြီးနှင့် ဆက်မိလေ၏။ |
1,332,826 | Uncategorized | ဥတ္တမပုရိသဒီပနီ | မီးတစ်ဆဲ့တစ်ပါးမှ လွတ်လေ၏။ |
1,332,827 | Uncategorized | ဥတ္တမပုရိသဒီပနီ | မရဏနယ်မှ ကျွတ်လေ၏။ |
1,332,828 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဓာတ်ကြမ်းစုရှိနေစဉ်အခါ ဓာတ်ကြမ်းစုကို ပုဂ္ဂိုလ်၊ သတ္တဝါခေါ်ရသကဲ့သို့ နိဿရဏဓာတ်နှင့် ဆက်မိသောအခါ ထိုနိဿရဏဓာတ်ကိုပင် ပရိနိဗ္ဗာန်စံ ပုဂ္ဂိုလ်ခေါ်လိုလျှင်ခေါ်တော့။ |
1,332,829 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤအရာ၌ အနမတဂ္ဂသံသရာ ကမ္ဘာအဆက်ဆက် ရှည်လျားသည့်အတွက်နှင့် နိဗ္ဗာန်ကိုလည်း ရှည်လျားသကဲ့သို့ ယောင်၍နေတတ်၏။ |
1,332,830 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပရိနိဗ္ဗာန်စံကြသော ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ သာဝကပုဂ္ဂိုလ်တွေ အနမတဂ္ဂသံသရာတွင် အလွန်အထွေအပြား များပြားသည့်အတွက်နှင့်လည်း နိဗ္ဗာန်များပြားသကဲ့သို့ ယောင်၍နေတတ်၏။ |
1,332,831 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဝိညာဏံ အနိဒဿနံ အနန္တံ သဗ္ဗတောပဘံ-ဟူသော ပါဠိတော်၌ |
1,332,832 | Uncategorized | ဥတ္တမပုရိသဒီပနီ | အနိဒဿနံ ပုဒ်အရကို သတိပြု။ |
1,332,833 | Uncategorized | ဥတ္တမပုရိသဒီပနီ | ကာလအားဖြင့် ရှည်လျားသည်ဟု ဖြစ်ရမှုသည် ဖြစ်ခြင်းပျက်ခြင်းရှိသော ရုပ်ခဲ၊ နာမ်ခဲတို့မှာသာ ရကောင်းသောအမှုတည်း။ |
1,332,834 | Uncategorized | ဥတ္တမပုရိသဒီပနီ | ထိုသို့ရကောင်းသော ရုပ်တရား၊ နာမ်တရားတို့၏ ရှည်လျားမှုနှင့် ဉာဏ်ထဲမှာ ယှဉ်တွဲ၍ မနေစေနှင့်။ |
1,332,835 | Uncategorized | ဥတ္တမပုရိသဒီပနီ | အနမတဂ္ဂသံသရာကြီး၏ ရှည်မှုအလားသည် နိဗ္ဗာန်နှင့်မဆိုင်၊ ဉာဏ်ယောင်ဖွယ်ကောင်းလှ၏။ |
1,332,836 | Uncategorized | ဥတ္တမပုရိသဒီပနီ | အနမတဂ္ဂသံသရာတွင် အပါအဝင်ဖြစ်ကြကုန်သော ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အရိယာတို့၏ ခန္ဓာအထွေအပြားတို့သည်လည်း နိဗ္ဗာန်နှင့် မရော၊ ဉာဏ်ယောင်ဖွယ်ကောင်းလှ၏။ |
1,332,837 | Uncategorized | ဥတ္တမပုရိသဒီပနီ | သံသရာဝဋ်ဒုက္ခမှာ အနန္တအပ္ပမေယျအပြစ်ရှိ၏။ |
1,332,838 | Uncategorized | ဥတ္တမပုရိသဒီပနီ | ထိုအပြစ်တို့၏ ကင်းငြိမ်းမှုဖြစ်၍ အနန္တအပ္ပမေယျဂုဏ်ရှိသော နိဿရဏဓာတ်ကြီးတစ်ပါး ဧကန်ရှိ၏ဟု ဤမျှသာ သိရမည်။ |
1,332,839 | Uncategorized | ဥတ္တမပုရိသဒီပနီ | သံသရာ၊ ကမ္ဘာ၊ အရပ်မျက်နှာတို့နှင့် ပရိနိဗ္ဗာန်စံကြသူ ခန္ဓာအထွေအပြားကို ယောင်ဝါးလိုက်ရော၍ မနေစေလင့်။ |
1,332,840 | Uncategorized | ဥတ္တမပုရိသဒီပနီ | မီးရထားသွားသောအခါ သစ်ပင်တို့ကို ကြည့်မျှော်လျှင် ပြင်ကျသော သစ်ပင်စုက ရထားနှင့်အပြိုင်လိုက်၍ နေဘိသကဲ့သို့ ထင်ရ၏။ |
1,332,841 | Uncategorized | ဥတ္တမပုရိသဒီပနီ | သစ်ပင်ကား မသွား၊ တစ်ဆံဖျားမျှမရွေ့။ |
1,332,842 | Uncategorized | ဥတ္တမပုရိသဒီပနီ | ရထားသာသွားသည်။ |
1,332,843 | Uncategorized | ဥတ္တမပုရိသဒီပနီ | ရထားနှင့် သံသရာကမ္ဘာအဆက်ဆက်၊ သစ်ပင်ကြီးနှင့် နိဗ္ဗာန်ယှဉ်လေ။ |
1,332,844 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဇမ္ဗူဒီပါကျွန်း၌ မွန်းတည့်၍နေသော လဝန်းသည် တစ်ကျွန်းလုံး အိမ်တိုင်းမှာ ရေလင်ပန်းထားလျှင် လင်ပန်းတိုင်းတွင် ထင်၏။ |
1,332,845 | Uncategorized | ဥတ္တမပုရိသဒီပနီ | လင်ပန်းများတိုင်း လများသည်မဟုတ်။ |
1,332,846 | Uncategorized | ဥတ္တမပုရိသဒီပနီ | လင်ပန်းများနှင့် ပရိနိဗ္ဗာန်စံ ပုဂ္ဂိုလ်အများ၊ မွန်းတည့်၍နေသောလဝန်းနှင့် နိဗ္ဗာန်ယှဉ်လေ။ |
1,332,847 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤမျှသော စကားရပ်တို့ဖြင့် နိဗ္ဗာန်ဟူသော နိဿရဏဓာတ်၏ သဘောကို အမြွက်မျှပြဆိုချက်၊ နိဗ္ဗာန်ဝင်၊ နိဗ္ဗာန်စံ ပုဂ္ဂိုလ်ဟူ၍ နိဗ္ဗာန်မှာ မရှိသည်ကို ပြဆိုချက်၊ ဤနှစ်ချက်တို့ကို အမြွက်မျှပြဆိုသော တတိယ လျှောက်ချက်အဖြေပြီး၏။ |
1,332,848 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤနိဗ္ဗာန်အကြောင်းအရာမှာ ကျမ်းဂန်တတ်သိ ပညာရှိတို့ ရေးသားကြသော နိဗ္ဗာနကထာ အကျယ်များလည်း ယခုအခါ ပေါများပါ၏။ |
1,332,849 | Uncategorized | ဥတ္တမပုရိသဒီပနီ | သို့အတွက်ကြောင့် အမြွက်မျှကိုသာ ပြဆိုလိုက်သည်။ |
1,332,850 | Uncategorized | ဥတ္တမပုရိသဒီပနီ | တတိယပြဿနာ အဖြေ ပြီး၏။ |
1,332,851 | Uncategorized | ဥတ္တမပုရိသဒီပနီ | --- စတုတ္ထခန်း |
1,332,852 | Uncategorized | ဥတ္တမပုရိသဒီပနီ | အန္ဓပုထုဇန်အဖြစ်မှလွတ်၍ ကလျာဏပုထုဇန်အဖြစ်၌ တည်နေရအောင် သိအပ်သောတရားများ၏ သရုပ်သဘော အဓိပ္ပါယ်များကို သိလိုပါသည်-ဟူသော လျှောက်ချက်၌ |
1,332,853 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပုထုဇန် နှစ်မျိုး |
1,332,854 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဒုဝေ ပုထုဇ္ဇနာ ဝုတ္တာ၊ ဗုဒ္ဓေနာဒိစ္စဗန္ဓုနာ။ |
1,332,855 | Uncategorized | ဥတ္တမပုရိသဒီပနီ | အန္ဓော ပုထုဇ္ဇနော ဧကော၊ ကလျာဏေကော ပုထုဇ္ဇနော။ |
1,332,856 | Uncategorized | ဥတ္တမပုရိသဒီပနီ | [မူလပဏ္ဏာသ အဋ္ဌကထာ] |
1,332,857 | Uncategorized | ဥတ္တမပုရိသဒီပနီ | အာဒိစ္စဗန္ဓုနာ = နေမင်း၏အနွယ်ဖြစ်တော်မူသော၊ ဗုဒ္ဓေန = မြတ်စွာဘုရားသည်၊ ဒုဝေ = နှစ်ယောက်ကုန်သော၊ ပုထုဇ္ဇနာ = ပုထုဇန်တို့ကို၊ ဝုတ္တာ = ဟောတော်မူအပ်ကုန်၏။ |
1,332,858 | Uncategorized | ဥတ္တမပုရိသဒီပနီ | အန္ဓော ပုထုဇ္ဇနော ဧကော = အန္ဓပုထုဇဉ်လည်းတစ်ယောက်၊ ကလျာဏေကော ပုထုဇ္ဇနော = ကလျာဏပုထုဇန်လည်း တစ်ယောက်တည်း။ |
1,332,859 | Uncategorized | ဥတ္တမပုရိသဒီပနီ | အန္ဓပုထုဇန် လက္ခဏာ |
1,332,860 | Uncategorized | ဥတ္တမပုရိသဒီပနီ | ယဿ ဟိ ခန္ဓ ဓာတု အာယတန သစ္စ ပစ္စယာကာရ သတိပဋ္ဌာနာဒီသု ဥဂ္ဂဟ ပရိပုစ္ဆာ ဝိနိစ္ဆယရဟိတတ္တာ ဒိဋ္ဌိပဋိသေဓကော နေဝ အာဂမော- |
1,332,861 | Uncategorized | ဥတ္တမပုရိသဒီပနီ | [မူလပဏ္ဏာသ အဋ္ဌကထာ။ |
1,332,862 | Uncategorized | ဥတ္တမပုရိသဒီပနီ | ] ယဿ = အကြင်ပုဂ္ဂိုလ်အား၊ ခန္ဓ ဓာတု အာယတန သစ္စ ပစ္စယာကာရ သတိပဋ္ဌာနာဒီသု = ခန္ဓာတရား၊ ဓာတ်တရား၊ အာယတနတရား၊ သစ္စာတရား၊ ပဋိစ္စသမုပ္ပါဒ်တရား၊ သတိပဋ္ဌာန်တရား စသည်တို့၌၊ ဥဂ္ဂဟ ပရိပုစ္ဆာ ဝိနိစ္ဆယ ရဟိတတ္တာ = ပါဠိကို အစွဲအမြဲရခြင်း၊ အနက်ကို ဆွေးနွေးခြင်း၊ ဆုံးဖြတ်ရှင်းလင်းနိုင်ခြင်းမှ ကင်းသည်၏အဖြစ်ကြောင့်၊ ဒိဋ္ဌိပဋိသေဓကော = မိမ... |
1,332,863 | Uncategorized | ဥတ္တမပုရိသဒီပနီ | ကလျာဏ ပုထုဇန် - |
1,332,864 | Uncategorized | ဥတ္တမပုရိသဒီပနီ | ခန္ဓာ ၅-ပါး, အာယတန ၁၂-ပါး, ဓာတ် ၁၈-ပါး၊ ပါဠိဘာသာအတိုင်းနှင့် သရုပ်ကွဲပြား စွဲမြဲခြင်းဟူသော ဥဂ္ဂဟ။ |
1,332,865 | Uncategorized | ဥတ္တမပုရိသဒီပနီ | မိမိတို့ဘာသာနှင့် နေရာကျပြ၍ ပြောနိုင်ခြင်းဟူသော ပရိပုစ္ဆာ။ |
1,332,866 | Uncategorized | ဥတ္တမပုရိသဒီပနီ | ကိုယ်တွေ့ဒိဋ္ဌဟူသော ဥဒါဟရုဏ်လည်းကောင်း၊ ထင်မြင်နိုင်ရန် ပုံသဏ္ဌာန်ဟူသော ဥပမာလည်းကောင်း၊ ဤသို့တစ်ခုတစ်ခုသော ဓာတ်၌ ဥဒါဟရုဏ်၊ ပုံသက်သေ၊ သာဓကတို့နှင့် နေရာကျပြောဆိုနိုင်ခြင်းဟူသော ဝိနိစ္ဆယ။ |
1,332,867 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤသို့ ဥဂ္ဂဟ၊ ပရိပုစ္ဆာ၊ ဝိနိစ္ဆယ သုံးပါးတို့ဖြင့် ခန္ဓာတရား၌ ဉာဏ်မျက်စိပေါက်သောသူ။ |
1,332,868 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဓာတ်အာယတနတရားတို့၌ ဉာဏ်မျက်ပေါက်သောသူ။ |
1,332,869 | Uncategorized | ဥတ္တမပုရိသဒီပနီ | သစ္စာတရားတို့၌ ဉာဏ်မျက်စိပေါက်သောသူ။ |
1,332,870 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂-ပါးတို့၌ ဉာဏ်မျက်စိပေါက်သောသူ။ |
1,332,871 | Uncategorized | ဥတ္တမပုရိသဒီပနီ | သတိပဋ္ဌာန် ၄-ပါး၊ သမ္မပ္ပဓာန် ၄-ပါး၊ ဣဒ္ဓိပါဒ် ၄-ပါး၊ ဣန္ဒြေ ၅-ပါး၊ ဗိုလ် ၅-ပါး၊ ဗောဇ္ဈင် ၇-ပါး၊ မဂ္ဂင် ၈-ပါးဟူသော ဗောဓိပက္ခိယတရား ၃၇-ပါးတို့၌ ကွဲပြားရှင်းလင်းစွာ ဉာဏ်မျက်စိပေါက်သောသူ။ |
1,332,872 | Uncategorized | ဥတ္တမပုရိသဒီပနီ | (ဤကား ကလျာဏပုထုဇန် လက္ခဏာတည်း) |
1,332,873 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤသို့သော ဓမ္မအက္ခိ ဉာဏ်မျက်စိမရှိသောသူသည် မျက်စိတစ်ထောင် အမြင်ဆောင်သော သိကြားမင်းပင် ဖြစ်ငြားသော်လည်း အန္တပုထုဇန်သာမည်၏။ |
1,332,874 | Uncategorized | ဥတ္တမပုရိသဒီပနီ | ရှေး၌ထုတ်ပြခဲ့သော ခန္ဓဝဂ္ဂသုတ္တန်ပါဠိတော်အလာ ခန္ဓာငါးပါး ကောသလ္လဌာန ခုနစ်ပါးတို့၌ ပြဆိုခဲ့ပြီးသောအတိုင်း ဉာဏ်အမြင်ပေါက်ရောက် ပွင့်လင်းသောသူသည် ဤကလျာဏပုထုဇန်အင်္ဂါအလုံးစုံ သိမ်းခြုံမိ၏။ |
1,332,875 | Uncategorized | ဥတ္တမပုရိသဒီပနီ | အဘယ်သို့ သိမ်းခြုံမိသနည်း ဟူမူကား-မြေဓာတ်၊ ရေဓာတ် အစရှိသော ဓာတ်အသီးသီးတို့ကို ပြဆိုသော ပထမကောသလ္လဌာန ငါးချက်မှာ ခန္ဓာ၊ အာယတန၊ ဓာတ်သုံးပါးခြုံမိ၏။ |
1,332,876 | Uncategorized | ဥတ္တမပုရိသဒီပနီ | အာဟာရ သမုဒယာ ရူပ သမုဒယော၊ အာဟာရ နိရောဓာ ရူပနိရောဓော၊ ဖဿသမုဒယာ ဝေဒနာသမုဒယော၊ ဖဿနိရောဓာ ဝေဒနာ နိရောဓော၊ အစရှိသော ဒုတိယ၊ တတိယ ကောသလ္လဌာန နှစ်ပါးမှာ ပဋိစ္စသမုပ္ပါဒ် တစ်စိတ်ဝင်၏။ |
1,332,877 | Uncategorized | ဥတ္တမပုရိသဒီပနီ | စတုတ္ထကောသလ္လဌာနဟုဆိုအပ်သော မဂ္ဂင်ရှစ်ပါးမှာ သတိပဋ္ဌာန်လေးပါးစသော ဗောဓိပက္ခိယတရားစုဝင်လေ၏။ |
1,332,878 | Uncategorized | ဥတ္တမပုရိသဒီပနီ | အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာ သိက္ခာသုံးပါးဝင်၏။ |
1,332,879 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပါရမီဆယ်ပါးဝင်၏။ |
1,332,880 | Uncategorized | ဥတ္တမပုရိသဒီပနီ | သစ္စာလေးပါးလည်းဝင်၏။ |
1,332,881 | Uncategorized | ဥတ္တမပုရိသဒီပနီ | မဂ္ဂင်ရှစ်ပါးတွင် သမ္မာဒိဋ္ဌိ-သမ္မာသင်္ကပ္ပကို အဓိပညာသိက္ခာဆိုသည်။ |
1,332,882 | Uncategorized | ဥတ္တမပုရိသဒီပနီ | သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝကို အဓိသီလသိက္ခာဆိုသည်။ |
1,332,883 | Uncategorized | ဥတ္တမပုရိသဒီပနီ | သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိကို အဓိစိတ္တသိက္ခာဆိုသည်။ |
1,332,884 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပါရမီဆယ်ပါး ဝင်ပုံကား...အဘယဒါနဟုဆိုအပ်သော ဒါနပါရမီ၊ သီလပါရမီ၊ ခန္တီပါရမီ၊ သစ္စာပါရမီ ဤလေးပါးသည် အဓိသီလသိက္ခာ၌ဝင်သည်။ |
1,332,885 | Uncategorized | ဥတ္တမပုရိသဒီပနီ | နေက္ခမ္မပါရမီသည် နေက္ခမ္မသမ္မာသင်္ကပ္ပပင်တည်း။ |
1,332,886 | Uncategorized | ဥတ္တမပုရိသဒီပနီ | မေတ္တာပါရမီသည် အဗျာပါဒသမ္မာသင်္ကပ္ပပင်တည်း။ |
1,332,887 | Uncategorized | ဥတ္တမပုရိသဒီပနီ | အဓိဋ္ဌာန်ပါရမီ၊ ဥပေက္ခာပါရမီသည် သမ္မာသမာဓိမဂ္ဂင်နှင့် လျော်သည်။ |
1,332,888 | Uncategorized | ဥတ္တမပုရိသဒီပနီ | သမ္မာဒိဋ္ဌိသည် ပညာပါရမီတည်း။ |
1,332,889 | Uncategorized | ဥတ္တမပုရိသဒီပနီ | သမ္မာဝါယာမသည် ဝီရိယပါရမီတည်း။ |
1,332,890 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤကား ပါရမီဆယ်ပါး ဝင်ပုံတည်း။ |
1,332,891 | Uncategorized | ဥတ္တမပုရိသဒီပနီ | ကလျာဏပုထုဇန်ကို ကျမ်းဂန်တို့၌ စူဠသောတာပန်လည်း ဆိုသည်။ |
1,332,892 | Uncategorized | ဥတ္တမပုရိသဒီပနီ | ထိုနှစ်ပါးသော ကောသလ္လဌာနတို့ကို ဆုံးခန်းရောက် ထမြောက်အောင် ပွားများအားထုတ်နိုင်ပါလျှင် ကလျာဏပုထုဇန်၊ စူဠသောတာပန်မျှမက ယခုဘဝ၌ပင် ပရမတ္ထသောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာတိုင်အောင်ပင် ညွှန်ပြတော်မူ၏။ |
1,332,893 | Uncategorized | ဥတ္တမပုရိသဒီပနီ | သတ္တဌာနကုသလော ဘိက္ခဝေ ဘိက္ခု တိဝိဓူပ ပရိက္ခီ ဣမသ္မိံ ဓမ္မ ဝိနယေ ကေဝလီ ဝုသိတဝါ ဥတ္တမပုရိသောတိ ဝုစ္စတိ။ |
1,332,894 | Uncategorized | ဥတ္တမပုရိသဒီပနီ | (အောက်က ပြဆိုခဲ့ပြီးသော ပါဠိတော်) |
1,332,895 | Uncategorized | ဥတ္တမပုရိသဒီပနီ | စတုတ္ထလျှောက်ချက်ကို ပြဆိုသော အခန်းပြီး၏။ |
1,332,896 | Uncategorized | ဥတ္တမပုရိသဒီပနီ | --- ပဉ္စမခန်း |
1,332,897 | Uncategorized | ဥတ္တမပုရိသဒီပနီ | စတုသစ္စ ဝိနိမုတ္တော ဓမ္မောနာမ နတ္ထိ။ |
1,332,898 | Uncategorized | ဥတ္တမပုရိသဒီပနီ | ကမ္မဋ္ဌာန ဝိနိမုတ္တော ဓမ္မော နာမ နတ္ထိ |
1,332,899 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဟူသောပါဠိများအရ ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်သည် အဓိသီလ၊ စိတ္တ၊ ပညာ၊ သိက္ခာသုံးပါးတွင် အတွင်းဝင်သည်ဟူသော စကားအရ လိမ္မာ၍ ပြုတတ်လျှင် တစ်ခုတစ်ခုသော ကုသိုလ်မှုတွင် ပါရမီဆယ်ပါးပါဝင်သည်ဟူသော စကားအရ တစ်ခုတစ်ခုသော ကုသိုလ်ကို ပြုသောအခါမှာ သစ္စာလေးပါးကိုလည်း နှလုံးသွင်းနိုင်ရန်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး သုံးပါးကိုလည်း နှ... |
1,332,900 | Uncategorized | ဥတ္တမပုရိသဒီပနီ | --- ကုသိုလ်ပြုရာ၌ သစ္စာဖွဲ့၍ လက္ခဏာရေးတင် သိက္ခာ ၃-ပါး ပါရမီဆယ်ပါးသွင်းနည်းနှင့် ပဋိစ္စသမုပ္ပါဒ်ဖွဲ့နည်း |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.