id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,332,601
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုထိုအာရုံနှင့်ပေါင်းဆုံသောအခါ ထိုထိုဒွါရမှာ အကောင်းတွေ့မှု မကောင်းတွေ့မှုသည် လူတိုင်းသိ၍နေကြ၏။
1,332,602
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုဖဿဓာတ်ဟူသော သင်္ခါရဓမ္မ၏ အဿာဒဘေးကြီးကျယ်ပုံ အာဒီနဝဘေးကြီးကျယ်ပုံကို မြင်နိုင်လောက်ပြီ။
1,332,603
Uncategorized
ဥတ္တမပုရိသဒီပနီ
ယခုလောက၌ နေ့နေ့ညည တရွရွ တကြွကြွဖြစ်၍နေကြသော ပုပုရွရွ မြင်သမျှသော ရေသတ္တဝါ ကုန်းသတ္တဝါတို့သည် ခြောက်ဒွါရတို့၌ စိတ်ကြိုက်ရာ ဖဿဓာတ်သိုက်ကို လိုက်စားအားထုတ်သောသူတို့ချည်းတည်း။
1,332,604
Uncategorized
ဥတ္တမပုရိသဒီပနီ
--- ဓာတ်ရုပ်ကြီး ဥပမာ
1,332,605
Uncategorized
ဥတ္တမပုရိသဒီပနီ
သင်္ခါရက္ခန္ဓာဓာတ်တို့၏ ပေါ်မှုပျက်မှုကို ထင်ရှားစေခြင်းငှာ ဥပမာဆိုအံ့။
1,332,606
Uncategorized
ဥတ္တမပုရိသဒီပနီ
ဓာတ်အရာ၌ ဝိဇ္ဇာမြောက်သောသူတစ်ယောက်သည် လူပမာဏရှိသော ဓာတ်ရုပ်ကြီးတစ်ခုကို စီရင်ပေရာ၏။
1,332,607
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုဓာတ်ရုပ်ကြီးမှာ သံဓာတ်၊ ကြေးဓာတ်၊ ပြဒါးဓာတ်စသော အသေအရှင်ဓာတ်တို့ကို ဉာဏ်ဖြင့်စီရင်၍ လူပကတိထင်ရအောင် ပြုပြီးလျှင် အနီးအပါး၌ ဓာတ်မှန်အမျိုးမျိုးတို့ကိုထား၏။
1,332,608
Uncategorized
ဥတ္တမပုရိသဒီပနီ
မျက်စိ၌ပြသော ဓာတ်မှန်စသည်တည်း။
1,332,609
Uncategorized
ဥတ္တမပုရိသဒီပနီ
မျက်စိ၌ပြသော ဓာတ်မှန်ကိုပြလိုက်လျှင် ထိုဓာတ်ရုပ်မှာ မျက်စိ၌လည်းကောင်း ရင်တွင်းနှလုံးအိမ်၌လည်းကောင်း တစ်ပြိုင်နက် ဓာတ်မီးတောက်၏။
1,332,610
Uncategorized
ဥတ္တမပုရိသဒီပနီ
နှလုံးအိမ်ဓာတ်မီးမှ လျှောက်သွားသော အခိုးတို့သည် ဓာတ်ရုပ်တစ်ကိုယ်လုံး ခဏချင်းပြည့်ကုန်၏။
1,332,611
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုအခိုးလှုံ့ဆော်ချက်ဖြင့် တစ်ကိုယ်လုံးရှိ စက်အမျိုးမျိုးတို့သည် ခဏချင်းလည်ကြကုန်၏။
1,332,612
Uncategorized
ဥတ္တမပုရိသဒီပနီ
အရုပ်ရှင်ဖြစ်၏၊ လူကဲ့သို့ ထ၏၊ ထိုင်၏၊ သွား၏။
1,332,613
Uncategorized
ဥတ္တမပုရိသဒီပနီ
ပြသောဓာတ်မှန်ကို ရုပ်လိုက်လျှင် ထသမျှ ဓာတ်မီးတောက်စု ခဏချင်းကွယ်ပျောက် သေဆုံးကုန်၏၊ တစ်ကိုယ်လုံးရှိ အခိုးစုအကုန်ကွယ်ပျောက်၏၊ အရုပ်သေပကတိဖြစ်ပြန်၏။
1,332,614
Uncategorized
ဥတ္တမပုရိသဒီပနီ
ကြွင်းသောငါးဒွါရတို့မှာလည်း ဤနည်းတူမှတ်လေ။
1,332,615
Uncategorized
ဥတ္တမပုရိသဒီပနီ
ဥပမာနှိုင်းယှဉ်ချက်
1,332,616
Uncategorized
ဥတ္တမပုရိသဒီပနီ
ခြောက်ဒွါရမှာ တစ်နေ့လုံး မစဲအောင် မှန်ပြ၍နေလျှင် တစ်နေ့လုံးပင် အရုပ်ရှင်ဖြစ်၍နေ၏။
1,332,617
Uncategorized
ဥတ္တမပုရိသဒီပနီ
ဓာတ်ရုပ်ကြီးလည်း အသေပင်တည်း။
1,332,618
Uncategorized
ဥတ္တမပုရိသဒီပနီ
ပြသောဓာတ်မှန်လည်း အသေပင်။
1,332,619
Uncategorized
ဥတ္တမပုရိသဒီပနီ
ဓာတ်ရုပ်မှာ တောက်သော ဓာတ်မီးစုသည် အာဂန္တုဓာတ်စု သက်သက်ပေတည်း။
1,332,620
Uncategorized
ဥတ္တမပုရိသဒီပနီ
ဓာတ်ရုပ်မှထွက်သည်လည်းမဟုတ်၊ ဓာတ်မှန်မှထွက်သည်လည်းမဟုတ်၊ အသက်ရှိသည်လည်းမဟုတ်။
1,332,621
Uncategorized
ဥတ္တမပုရိသဒီပနီ
ဓာတ်ရုပ်သေကြီးနှင့် ရူပက္ခန္ဓာ၊ ဓာတ်မှန်နှင့် အာရုံခြောက်ပါး၊ တောက်သောဓာတ်မီးစုနှင့် နာမ်ခန္ဓာလေးပါး ယှဉ်လေ။
1,332,622
Uncategorized
ဥတ္တမပုရိသဒီပနီ
သမ္မာဒိဋ္ဌိမဂ္ဂင်ကို ပွားများလို၍ ဓာတ်ကိုကြည့်ရှုသောအခါ ပုဂ္ဂိုလ်သဏ္ဌာန် သတ္တဝါသဏ္ဌာန်ကို ရှောင်ဖယ်၍ အဇ္ဈတ္တခန္ဓာတွင်းမှာ ထိုထိုဓာတ်ချက်ကိုသာ မိမိရရမြင်အောင် ဖမ်းရာ၏။
1,332,623
Uncategorized
ဥတ္တမပုရိသဒီပနီ
ဓာတ်တို့မည်သည် သူ့အကြောင်းဆိုက်တိုက်ရာ သူ့ဓာတ်ပေါ်ကုန်၏၊ သူ့အကြောင်းစဲပြန်လျှင် သူ့ဓာတ်သေပြန်၏။
1,332,624
Uncategorized
ဥတ္တမပုရိသဒီပနီ
လောဘဓာတ်ပေါ်ရန် အကြောင်းဆိုက်တိုက်၍ နေဆဲအခါ ဟဒယဓာတ်အိမ်တွင်းမှာ လောဘဓာတ်တစ်ဖွားဖွားဖြစ်ပေါ်၏။
1,332,625
Uncategorized
ဥတ္တမပုရိသဒီပနီ
လောဘဓာတ်ဖြစ်ပေါ်သည်နှင့် တစ်ပြိုင်နက် တစ်ကိုယ်လုံးရှိရုပ်ဟောင်းစုအကုန်ကွယ်လေ၏။
1,332,626
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုလောဘမှဖြစ်သော ရုပ်သစ်ကိုယ်သစ်ဖြစ်လေ၏။
1,332,627
Uncategorized
ဥတ္တမပုရိသဒီပနီ
ကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်စုသည် စိတ္တဇရုပ်ပြောင်းလဲလျှင် အကုန်ပြောင်းလဲမြဲဓမ္မတာဖြစ်၍ လောဘမှဖြစ်သော ရုပ်သစ်ကိုယ်သစ်ဆိုသတည်း။
1,332,628
Uncategorized
ဥတ္တမပုရိသဒီပနီ
ရေအိုင်ငယ်၏ အတွင်းမှာ မြှုပ်၍ထားသော ရေမြှုပ်ဗုံး၌ စနက်မီးဝင်၍ ကွဲ၍ ရေအိုင်ထဲမှာ ဓာတ်လေကြမ်းဖြစ်ပေါ်သောအခါ တစ်ခဏချင်း တစ်အိုင်လုံး ဘယ်လိုလှုပ်ရှားပြောင်းလဲ၍သွားလိမ့်မည်ဟု မြင်အောင်ကြည့်ပြီးမှ မိမိကိုယ်မှာ ထိုအတိုင်း စွပ်မြင်နိုင်ခဲလှ၏၊ ဉာဏ်စူးခဲလှ၏။
1,332,629
Uncategorized
ဥတ္တမပုရိသဒီပနီ
အတန်ကြီးသန်သောရာဂဖြစ်မှုကို ကိုယ်တွေ့ဒိဋ္ဌသက်သေကပ်၍ ကြည်လေ၊ သဘာဝဓမ္မ၊ ဥပမာ၊ မိမိကိုယ်တွင်းမှ ကိုယ်တွေ့ဒိဋ္ဌသက်သေ၊ သုံးချက်စုံမှ နေရာကျသည်။
1,332,630
Uncategorized
ဥတ္တမပုရိသဒီပနီ
လောဘမှဖြစ်သော ရုပ်သစ် ကိုယ်သစ် ခန္ဓာသစ် အမူရာသစ်ကိုမြင်၍ ဤသူသည် ဘယ်လိုစိတ်ရှိသည်ဟု သူတစ်ပါးကပင် သိနိုင်၏။
1,332,631
Uncategorized
ဥတ္တမပုရိသဒီပနီ
မိမိကိုယ်ကို မိမိကားဆိုဖွယ်မရှိ ဧကန်သိ၏။
1,332,632
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤသို့လျှင် မိမိ၏သန္တာန်၌ ရံခါရံဖန် လောဘဓာတ်ဖြစ်ပေါ်မှုသည် ထင်ရှားပါ၏။
1,332,633
Uncategorized
ဥတ္တမပုရိသဒီပနီ
တစ်ဖန် ထိုအာရုံကို သုံးဆောင်ပြီးဖြစ်ခဲ့သော်လည်းကောင်း အာရုံကွာ၍သွားခဲ့သော်လည်းကောင်း အသုဘမနသိကာရကိုပြု၍ ပယ်ဖျောက်ခဲ့သော်လည်းကောင်း ဒီချောင်းမှဒီရေကျသွားသကဲ့သို့ လောဘဓာတ်ကျလျောပျောက်ဆုံး၍သွားမှုသည်လည်း ထင်ရှား၏၊ ဖြစ်ပေါ်သော လောဘဓာတ်သေပျောက်၍ သွားမှုထင်ရှား၏။
1,332,634
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤကား လောဘဟူသော သင်္ခါရက္ခန္ဓာဓမ္မ၏ အဇ္ဈတ္ထသန္တာန်မှာ ရံခါရံဖန် ဖြစ်ပေါ်မှု သေပျောက်မှုပေတည်း။
1,332,635
Uncategorized
ဥတ္တမပုရိသဒီပနီ
ငါနှင့်ရောထွေး၍မနေစေလင်၊့ အာဂန္တုဓာတ်တစ်ခုအနေနှင့် သီးသန့်ခြားနားထင်ရှားစွာ မိအောင်ဖမ်း၍ကြည်၊ လောဘဓာတ်တစ်လုံး မျက်စိပေါက်လျှင် ကြွင်းသောဓာတ်တို့၌လည်း ပေါက်လတ္တံ့၊ ဒေါသဓာတ်၏ ရံခါရံဖန်ဖြစ်ပေါ်မှု သေဆုံးမှု၊ မာနဓာတ်၏၊ ဣဿာဓာတ်၏၊ မစ္ဆရိယဓာတ်၏ ရံခါရံဖန်ဖြစ်ပေါ်မှု၊ သေပျောက်မှုတို့မှာလည်း ဤနည်းတူ သိလေ။
1,332,636
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုထိုအမှုကိစ္စတို့၌ အားတက်ခြင်းဟူသော ဝီရိယဓာတ်၏ ဖြစ်ပေါ်မှု သေပျောက်မှု၊ စိတ်ရွှင်လန်းခြင်းဟူသော ပီတိဓာတ်၏ ဖြစ်ပေါ်မှု သေပျောက်မှု၊ ပြုချင် မူချင်ခြင်းဟူသော ဆန္ဒဓာတ်၏ ဖြစ်ပေါ်မှု သေပျောက်မှုတို့မှာလည်း ထိုနည်းအတူ သိသာပါ၏။
1,332,637
Uncategorized
ဥတ္တမပုရိသဒီပနီ
ပြုချင်သည်၊ မပြုချင်ဘူး၊ သွားချင်သည်၊ မသွားချင်ဘူး စသည်ဖြင့် လောကအပြောအဆိုမှာလည်း ထင်ရှားကြ၏။
1,332,638
Uncategorized
ဥတ္တမပုရိသဒီပနီ
သဒ္ဓါ သတိစသော ဓာတ်ကောင်းဓာတ်ဖြူစု ဒါနဓာတ် သီလဓာတ် ဘာဝနာဓာတ် စသည်တို့လည်း ထင်ရှားကုန်၏။
1,332,639
Uncategorized
ဥတ္တမပုရိသဒီပနီ
အဇ္ဈတ္တသန္တာန်၌ ထက်သန်ထင်ရှားသော သင်္ခါရဓာတ်တစ်လုံးတစ်လုံး ပေါ်လျှင် ရုပ်ခန္ဓာလည်း ကိုယ်အသစ်အသစ် ပြောင်းလဲသည်ကို ဥပမာဒိဋ္ဌသက်သေနှင့်တကွ အလင်းရအောင် ကြည့်လေ။
1,332,640
Uncategorized
ဥတ္တမပုရိသဒီပနီ
ဥပမာတင် မြင်အောင်ရှု
1,332,641
Uncategorized
ဥတ္တမပုရိသဒီပနီ
ရေပြည့်သော သံဖြူရေစည်ကြီး ဥပမာ၊ ရေမြှုပ်ယမ်းတောင့်ခွဲသော ဥပမာများကို စင်ကြယ်စွာ ရှင်းလင်း၍ အပြီးထား၊ ဓာတ်ပေါ်မှုထက် ဓာတ်သေမှုကို အထူးမြင်အောင်ကြည့်၊ ဓာတ်သေမှုကို အနိစ္စလက္ခဏာ ဆိုသည်၊ ကိုယ်လုံးကျွတ်ပြောင်းလဲရာ၌လည်း ကိုယ်ဟောင်းသေပျောက်၍ သွားမှုကို အထူးအားထုတ်၍ကြည့်လေ၊ မမြင်နိုင်ဟု မလျှော့နှင့် သမ္မာဒိဋ္ဌိမဂ္ဂင်မှုကြီးဖြစ...
1,332,642
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤတွင်ရွေ့ကား နာမက္ခန္ဓာလေးပါးတို့၏ သမုဒယနိရောဓကို ပြဆိုသောအခန်းပြီး၏။
1,332,643
Uncategorized
ဥတ္တမပုရိသဒီပနီ
--- ဤခန္ဓာလေးပါးတို့၏ ပဉ္စမကောသလ္လဌာန အစီအရင်မှာ ရူပက္ခန္ဓာနည်းနှင့် မထူးလှပြီ။
1,332,644
Uncategorized
ဥတ္တမပုရိသဒီပနီ
ရူပက္ခန္ဓာမှာ ရုပ်ဓာတ်ကို ပေါက်အောင်ရှုသော သမ္မာဒိဋ္ဌိမဂ္ဂင်ပေတည်း၊ နာမက္ခန္ဓာမှာ နာမ်ဓာတ်ကို ပေါက်အောင်ရှုသော သမ္မာဒိဋ္ဌိမဂ္ဂင်ပေတည်း၊ ကြွင်းသောမဂ္ဂင်တို့ကား သမ္မာဒိဋ္ဌိ၏ အားပေးတို့သာတည်း။
1,332,645
Uncategorized
ဥတ္တမပုရိသဒီပနီ
နာမ်ခန္ဓာလေးပါး၌ ပဉ္စမကောသလ္လဌာန ပြီး၏။
1,332,646
Uncategorized
ဥတ္တမပုရိသဒီပနီ
--- ခန္ဓာငါးပါး၌ အနိစ္စဘေး ကြီးကျယ်ပုံ
1,332,647
Uncategorized
ဥတ္တမပုရိသဒီပနီ
အဿာဒ အာဒီနဝတို့ကိုလည်း ရူပက္ခန္ဓာ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာတို့မှာ ပြဆိုခဲ့ပြီ၊ သို့သော်လည်း အနိစ္စ ဒုက္ခ ဝိပရိဏာမ ဟူသော အာဒီနဝ သုံးပါးသည် အလိုဆုံးအချက်ဖြစ်သည်၊ သမုဒယ နိရောဓဟူသော ဒုတိယ တတိယ ကောသလ္လဌာန နှစ်ပါးသည် အာဒီနဝဖို့ချည်းတည်း၊ အာဒီနဝသုံးချက်တွင် အနိစ္စဘေးကြီးကျယ်ပုံကိုမြင်လျှင် ဒုက္ခဘေး ဝိပရိဏာမဘေးနှစ်ပါးလည်း ထင်ရှ...
1,332,648
Uncategorized
ဥတ္တမပုရိသဒီပနီ
မရဏဓာတ်မီးကြီး
1,332,649
Uncategorized
ဥတ္တမပုရိသဒီပနီ
မီးတစ်ဆဲ့တစ်ပါးတို့တွင် ပါဝင်သော မရဏဂ္ဂိ ခေါ်သော မရဏဓာတ်မီးကြီးသည် ရှိ၏။
1,332,650
Uncategorized
ဥတ္တမပုရိသဒီပနီ
တေဇောမီးကဲ့သို့ ထိ၍ပူသော မီးမျိုးမဟုတ်၊ မျက်စိနှင့် မြင်ကောင်းသောမီးလည်းမဟုတ်၊ ကိုယ်နှင့်တွေ့ထိကောင်းသော မီးလည်းမဟုတ်။
1,332,651
Uncategorized
ဥတ္တမပုရိသဒီပနီ
မီးစာတို့၏ ကျွမ်းမှုကွယ်ပျောက်မှုတို့သည်ကား ကိုယ်တွေ့မျက်မြင်များထက်ပင် အလွန်ကြီးကျယ်ထင်ရှား၏။
1,332,652
Uncategorized
ဥတ္တမပုရိသဒီပနီ
သုံးဆယ့်တစ်ဘုံနှင့်တကွ စကြဝဠာအနန္တ၊ ကမ္ဘာအနန္တ၊ အနမတဂ္ဂသံသရာအပြင်ကြီးသည် ထိုမီး၏ တောက်လောင်ရာမီးစာအစုပေတည်း။
1,332,653
Uncategorized
ဥတ္တမပုရိသဒီပနီ
မီးတောက်နှင့်မီးစာကို ထင်လင်းစွာပြဆိုဦးအံ့။
1,332,654
Uncategorized
ဥတ္တမပုရိသဒီပနီ
လူ့သဏ္ဌာန်မျှ တောက်ထသော မီးကြီးမှာ အဋ္ဌကလာပ်ဖြစ်၍ ရုပ်ရှစ်မျိုးရ၏။
1,332,655
Uncategorized
ဥတ္တမပုရိသဒီပနီ
မျက်စိနှင့်ကြည့်၍မြင်ရ ဝါဝါထိန်ထိန် အဆင်းသဏ္ဌာန်ကြီးကား ရူပဓာတ်သာတည်း၊ မီးဓာတ်မဟုတ်သေး။
1,332,656
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုမီးတောက်ကြီးသဏ္ဌာန်ဖြစ်ရန် အမာခံဓာတ်ကြီးကား မြေဓာတ်သာတည်း၊ မီးဓာတ်မဟုတ်သေး။
1,332,657
Uncategorized
ဥတ္တမပုရိသဒီပနီ
အတွဲအတွဲနေရန် ဖွဲ့စည်းမှုကား ရေဓာတ်သာတည်း၊ မီးဓာတ်မဟုတ်သေး။
1,332,658
Uncategorized
ဥတ္တမပုရိသဒီပနီ
တရှိန်းရှိန်း လှုပ်ကြွမှုကား လေဓာတ်သာတည်း၊ မီးဓာတ်မဟုတ်သေး။
1,332,659
Uncategorized
ဥတ္တမပုရိသဒီပနီ
အနံ့ထွက်သည်ကား ဂန္ဓဓာတ်သာတည်း၊ မီးဓာတ်မဟုတ်သေး။
1,332,660
Uncategorized
ဥတ္တမပုရိသဒီပနီ
အရသာလည်းမီးဓာတ်မဟုတ်သေး။
1,332,661
Uncategorized
ဥတ္တမပုရိသဒီပနီ
မီးကြိုက်သောအဆီဓာတ်သည်လည်း ဩဇာဟူသော အာဟာရဓာတ်သာတည်း၊ မီးဓာတ်မဟုတ်သေး။
1,332,662
Uncategorized
ဥတ္တမပုရိသဒီပနီ
ကိုယ်အင်္ဂါနှင့် ထိ၍စမ်းလျှင် ပူမှု လောင်မှုတစ်ခုတည်းသာ မီးဓာတ်အစစ်ဖြစ်သတည်း။
1,332,663
Uncategorized
ဥတ္တမပုရိသဒီပနီ
ဉာဏ်၌ဓာတ်ရှစ်ပါးခွဲ၍ထား။
1,332,664
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤအမှုရှစ်ပါးကို လူတိုင်းပင် ပြောနိုင်ကြ၏၊ ဓာတ်အသီးအသီးမှန်းကား မသိကြ။
1,332,665
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤသို့လျှင်ထိုမီးတောက်ကြီးမှာ မီးစာဓာတ်ခုနစ်ပါး မီးဓာတ်တစ်ပါး၊ ထိုမီးဓာတ်တစ်ပါးသည် ထိုမီးစာဓာတ်ခုနစ်ပါးကို အစာပြု၍ ပွါးစီးသည် စေ့စေ့ကြည့်၍နေလျှင် တရှိန်းရှိန်းထကြွမှုကား ရုပ်သစ်ဖြစ်ပွါးသော သမုဒယမှုပေတည်း၊ ရုပ်သစ်ထကြွရာဟူသမျှမှာ မီးစာမှုနှင့် ရုပ်ဟောင်းကွယ်ပျောက်ချက်ချည်းသာတည်း။
1,332,666
Uncategorized
ဥတ္တမပုရိသဒီပနီ
ကွယ်ပျောက်မှုဆိုသည်ကား မရဏဓာတ်ပေတည်း။
1,332,667
Uncategorized
ဥတ္တမပုရိသဒီပနီ
မီးဓာတ်တစ်ခြား၊ မရဏဓာတ်တစ်ခြား။
1,332,668
Uncategorized
ဥတ္တမပုရိသဒီပနီ
မီးဓာတ်ကား လောင်မှုကိစ္စ၊ မရဏဓာတ်ကား ချုပ်ဆုံးမှုကိစ္စ။
1,332,669
Uncategorized
ဥတ္တမပုရိသဒီပနီ
မီးဓာတ်သည် အတူတကွဖြစ်သော ခုနစ်ပါးသောရုပ်တို့ကို လောင်၏။
1,332,670
Uncategorized
ဥတ္တမပုရိသဒီပနီ
မရဏမီးသည် မီးဓာတ်ကိုလည်း လောင်၏၊ ကြွင်းသောဓာတ်ခုနစ်ပါးတို့ကိုလည်း လောင်၏။
1,332,671
Uncategorized
ဥတ္တမပုရိသဒီပနီ
တေဇောမီးကား ပူ၍လောင်၏၊ မရဏမီးကား ပူသောမီးမဟုတ်၊ ပျက်ကွယ်ကုန်ဆုံးမှုကိုသာ ပြု၏၊ (ဓာတ်ခွဲပုံကို ပြဆိုလိုက်သည်)
1,332,672
Uncategorized
ဥတ္တမပုရိသဒီပနီ
ဥပမာနှီးနှောချက်
1,332,673
Uncategorized
ဥတ္တမပုရိသဒီပနီ
လူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ထိုမီးတောက်ကြီးနှင့်တူ၏။
1,332,674
Uncategorized
ဥတ္တမပုရိသဒီပနီ
အဏုမြူမှစ၍ မဟာပထဝီမြေခဲကြီး မြင့်မိုရ်တောင် ကျောက်ခဲကြီးစု၊ မမြင်နိုင်အောင် သေးငယ်လှသော သတ္တဝါ၏ ခန္ဓာကိုယ်မှစ၍ အကနိဋ္ဌဗြဟ္မာ့ကိုယ်ခန္ဓာတိုင်အောင် သတ္တဝါခန္ဓာစု မြက်နွယ်ချုံ သစ်ပင်ဖြစ်သော ရုပ်ခဲစုအလုံးစုံသည် တစ်ခုတစ်ခုသော မီးတောက်ကြီးငယ်နှင့်တူ၏။
1,332,675
Uncategorized
ဥတ္တမပုရိသဒီပနီ
မီးတောက်မှာ တေဇောဓာတ်မီး လွှမ်းမိုးအုပ်စိုး၏။
1,332,676
Uncategorized
ဥတ္တမပုရိသဒီပနီ
ထို့အတူ သက်ရှိသက်မဲ့ဖြစ်သော ခန္ဓာဒြဗ်ဝတ္ထုတို့မှာ မရဏဓာတ်မီး လွှမ်းမိုးအုပ်စိုး၏။
1,332,677
Uncategorized
ဥတ္တမပုရိသဒီပနီ
မီးတောက်မှာ ခုနစ်ပါးသောဓာတ်တို့သည် မီး၏အစာသက်သက်သာ ဖြစ်ကုန်၏။
1,332,678
Uncategorized
ဥတ္တမပုရိသဒီပနီ
ထို့အတူ ထိုသက်ရှိသက်မဲ့ဝတ္ထုတို့မှာလည်း ရှိသမျှသော ရုပ်ဓာတ်နာမ်ဓာတ်တို့သည် မရဏဓာတ်မီး၏ အစာသက်သက်ဖြစ်ကြကုန်၏။
1,332,679
Uncategorized
ဥတ္တမပုရိသဒီပနီ
ကိုယ်ခန္ဓာ ဒြဗ်ဝတ္ထုစုသည် မီးလောင်တိုက်ကြီးငယ်စုသာတည်း။
1,332,680
Uncategorized
ဥတ္တမပုရိသဒီပနီ
မိမိကိုယ်ခန္ဓာ သူတစ်ပါးကိုယ်ခန္ဓာစုသည်၊ မရဏဓာတ်မီးခဲ မရဏဓာတ်မီးတောက် မရဏဓာတ်မီးအိုးကြီးစုသာတည်း။
1,332,681
Uncategorized
ဥတ္တမပုရိသဒီပနီ
စတုသမုဋ္ဌာနိက တေဇောဓာတ်မီးခဲကြီး တေဇောဓာတ်မီးတောက်စု ကြီးသာတည်း။
1,332,682
Uncategorized
ဥတ္တမပုရိသဒီပနီ
အေးမှု,ပူမှုကို တေဇောဓာတ်မီးဆိုသည်၊ တစ်ကိုယ်လုံးမှာ အေးမှု,ပူမှု ပြည့်၏။
1,332,683
Uncategorized
ဥတ္တမပုရိသဒီပနီ
အေးမှုသည် အေးသောရုပ်ကို ပွါးစေတတ်၏၊ ပူမှုသည် ပူသောရုပ်ကို ပွါးစေတတ်၏။
1,332,684
Uncategorized
ဥတ္တမပုရိသဒီပနီ
တစ်နေ့လျှင် နှစ်ထပ် နှစ်ထပ် မျိုသွင်းအပ်သော အစာစုကား အဇ္ဈတ္တတေဇောမီးတို့ကို ပွါးစေခြင်းငှါ ထည့်လောင်းရသော မီးစာသက်သက်ပေတည်း။
1,332,685
Uncategorized
ဥတ္တမပုရိသဒီပနီ
အစာအိမ်မှာ အစာရှိသမျှကာလပတ်လုံး တစ်ကိုယ်လုံးရှိသော တေဇောမီးတို့သည် တရှိန်းရှိန်းထ၍နေကုန်၏၊ ရုပ်စုရုပ်ဓာတ်ခဲပွါးစီး၍ နေကုန်၏။
1,332,686
Uncategorized
ဥတ္တမပုရိသဒီပနီ
ထမှု ထိုင်မှု ရပ်မှု သွားမှုတို့နှင့် အလှုပ်အရှားရှိသောအခါ လွန်စွာပွားစီးကုန်၏။
1,332,687
Uncategorized
ဥတ္တမပုရိသဒီပနီ
သွားစဉ်အခါ ဉာဏ်ကိုကိုယ်တွင်း၌ စိုက်၍ထားခဲ့လျှင် ကိုယ်တွင်းမှာ သွက်သွက်ခါနေမှု၊ လျှပ်ပြက်သကဲ့သို့ တရှိန်းရှိန်းတက်မှု ကွယ်ပျောက်မှု၊ ယမ်းပုံမှမီးတောက်ထသကဲ့သို့ ခြေဖဝါးမှ ဦးထိပ်ပေါက်အောင်တက်မှု ကွယ်ပျောက်မှုတို့သည် ကိုယ်တွေ့စိတ်မြင် အထင်အရှားတို့တည်း။
1,332,688
Uncategorized
ဥတ္တမပုရိသဒီပနီ
ယခုသွားဆဲအခါမှ ဖြစ်ပေါ်ကြသော အာဂန္တုကဓာတ်ခဲရုပ်ခဲတို့သာတည်း။
1,332,689
Uncategorized
ဥတ္တမပုရိသဒီပနီ
ပေါ်သောအစ ကွယ်ပျောက်သော အဆုံးကို မြင်စေ၊ အသစ်အသစ်မှာ ပေါ်ရာရောက်ရာမှ အဟောင်းအဟောင်း ကွယ်ပျောက်မြဲ။
1,332,690
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤနည်းတူ အိပ်ခြင်းအမှု ထိုင်ခြင်းအမှု ရပ်ခြင်းအမှုတို့၌လည်း ဘယ်နေရာက ဘယ်လိုဖြစ်၍လာသည်ဟု လူအများတို့ ပြောဆိုကြသော အချက်စုသည် အာဂန္တုရုပ်စုရုပ်ခဲတို့၏ ဖြစ်ပေါ်မှုချည်းတည်း၊ ဖြစ်ပေါ်သော နေရာဌာနစု၌ အဟောင်းကွယ်ပျောက်မှုရှိမြဲတည်း။
1,332,691
Uncategorized
ဥတ္တမပုရိသဒီပနီ
အစားမှား၍ ဖောက်ပြန်ပြောင်းလဲမှု၊ ဥတုပြောင်း၍ ဖောက်ပြန်ပြောင်းလဲမှု၊ အဖျား အနာ ရောဂါဥပဒ်ဖြစ်၍ဖောက်ပြန်ပြောင်းလဲမှုစသည်ဖြင့် လူအများပင်သိ၍ တွေ့ကြုံ၍ ပြောဆို၍နေကြသော ပြောင်းလဲမှုသည် အလွန်ပင်များပြား၏။
1,332,692
Uncategorized
ဥတ္တမပုရိသဒီပနီ
ဓာတ်ကို ခွဲခြမ်းပိုင်းခြား၍ မြင်နိုင်သောဉာဏ်မရှိကြသည့်အတွက် သက္ကာယဒိဋ္ဌိ အဝီစိငရဲမီးပွါးဖို့ချည်း ဖြစ်၍နေကြသည်၊ သက္ကာယဒိဋ္ဌိအချက်ဟူသမျှကို ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ် ဖြစ်အောင်လုပ်နိုင်မှ ငရဲမီးကွယ်ပျောက်နိုင်သည်။
1,332,693
Uncategorized
ဥတ္တမပုရိသဒီပနီ
အနမတဂ္ဂသံသရာ၌ အစဉ်ပါ၍နေသောငရဲမီးကို သတ်ရသောအလုပ်ဖြစ်ချေသည်။
1,332,694
Uncategorized
ဥတ္တမပုရိသဒီပနီ
မိမိအိမ်ကိုမီးလောင်၍နေသည်ကိုမြင်၍ မီးကိုသတ်သော အိမ်ရှင်ယောကျ်ားသည် ဘယ်နေရာမှာမီးရှိသေးသည်ဟု မီးရှိရာဌာနကို မြင်အောင်ကြည့်၍ သတ်ရသည်၊ မီးကျန်မီးကြွင်းရှိ၍နေလျှင် မုန်ညင်းစေ့ခန့်မျှရှိသော မီးသည် တစ်အိမ်လုံးကို ခဏချင်းယူနိုင်သည်။
1,332,695
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤကိုယ်ခန္ဓာ၌ ဘယ်အချက်မှာ “ငါ”ထင်မှုရှိ၍ နေသေးသလဲဟု ရုပ်ခန္ဓာ နာမ်ခန္ဓာစု၌လည်းကောင်း ထိုခန္ဓာ၏ အမူအရာစု၌လည်းကောင်း စေ့စုံစွာကြည့်ရှုပြီးလျှင် “ငါ”ထင်၍နေရာကို သမ္မာဒိဋ္ဌိဉာဏ်လက်နက်ဖြင့် အချက်များစွာ ဘာဝနာဖြစ်အောင် ပစ်ခွင်းမှ သက္ကာယဒိဋ္ဌိငရဲမီး သေဆုံးနိုင်သည်။
1,332,696
Uncategorized
ဥတ္တမပုရိသဒီပနီ
(ဤကား ရုပ်ခန္ဓာ၏ အနိစ္စအချက်ကို အမြွက်မျှ ပြဆိုသော စကားရပ်တည်း)။
1,332,697
Uncategorized
ဥတ္တမပုရိသဒီပနီ
ကွယ်ပျောက်၍သွားသမျှသည် မရဏဓာတ်မီးလောင်ချက်ချည်းတည်း၊ မရဏဓာတ်ဘီလူးစားချက်ချည်းတည်း။
1,332,698
Uncategorized
ဥတ္တမပုရိသဒီပနီ
--- မိစ္ဆာဒိဋ္ဌိ အယူရှိသော်
1,332,699
Uncategorized
ဥတ္တမပုရိသဒီပနီ
မိစ္ဆာဒိဋ္ဌိ အယူ၌ မီးကိုအစာပေး၍ လုပ်ကျွေးသော အယူသည် ရှိ၏။
1,332,700
Uncategorized
ဥတ္တမပုရိသဒီပနီ
ဖွားမြင်သောအခါ မိဖတို့က ဖွားဘက်မီး ယူ၍ထားရသည်။