id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,332,501 | Uncategorized | ဥတ္တမပုရိသဒီပနီ | မီးအတိဖြစ်သော ပူလောင်သော တေဇောခဲကြီးဖြစ်၍ တည်လေ၏။ |
1,332,502 | Uncategorized | ဥတ္တမပုရိသဒီပနီ | ရုပ်သစ်ပေါ်မှု ရုပ်ဟောင်းချုပ်မှုမည်သည်ကား ထိုယမ်းခဲမှာ မီးထိရာနေရာမှ စ၍ အစဉ်အတိုင်း ဥဏှတေဇော ဖြစ်ပေါ်ပွါးစီး၍ သွားရာအစဉ်အတိုင်း သီတတေဇောပျောက်ကွယ်ချုပ်ဆုံး၍ သွားလေ၏။ |
1,332,503 | Uncategorized | ဥတ္တမပုရိသဒီပနီ | သီတတေဇောနှင့် သဟဇာတ်ဖြစ်သော မြေဓာတ်၊ ရေဓာတ်၊ လေဓာတ်၊ ဝဏ္ဏဓာတ်၊ ဂန္ဓဓာတ်၊ ရသဓာတ်၊ ဩဇဓာတ်တို့သည် သီတကွယ်ပျောက်ရာ အကုန်ပါကြလေကုန်၏။ |
1,332,504 | Uncategorized | ဥတ္တမပုရိသဒီပနီ | မီးမထိမီ ရှိနေသော ဓာတ်စုသည် တစ်ခုမကျန် အကုန်ချုပ်ပျောက်လေ၏။ |
1,332,505 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပရမတ္ထအားဖြင့် မီးခဲအတိဖြစ်သောအခါ နဂိုအခဲကြီးမရှိပြီ။ |
1,332,506 | Uncategorized | ဥတ္တမပုရိသဒီပနီ | ထိုရုပ်စုနေရာ၌ နောက်မှ ဖြစ်ပေါ်၍လာသော နောက်ဖြစ်အခဲသာ ရှိတော့သည်။ |
1,332,507 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤဥပမာ၌ ယမ်းခဲကိုပြသည်မှာ အဖြစ်, အချုပ် နှစ်မျိုး မြန်မြန်ကြီးထင်နိုင်ဖို့ ပြပေသည်။ |
1,332,508 | Uncategorized | ဥတ္တမပုရိသဒီပနီ | ယမ်းခဲမှာ မီးလောင်လျှင် ပြောင်းလဲရုံမျှမက သန္တတိအစဉ်ပါ ကုန်ဆုံး၍သွား၏။ |
1,332,509 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤဦးခေါင်းမှာ သန္တတိအစဉ်မပျက်၊ ဦးခေါင်းအနေပျက်၍သွားသည်မဟုတ်၊ အသစ်အဟောင်း ပြောင်းလဲရုံမျှသာတည်း။ |
1,332,510 | Uncategorized | ဥတ္တမပုရိသဒီပနီ | တစ်ကိုယ်လုံးဤနည်းချည်း။ |
1,332,511 | Uncategorized | ဥတ္တမပုရိသဒီပနီ | ရူပက္ခန္ဓာအရာ၌ အာဟာရဓာတ်ဆီနှင့် ဖက်တွဲ၍ ပြဆိုခဲ့သည်၊ ဤနေရာမှာ ဣရိယာပုထ်လှုပ်ရှားပြောင်းလဲမှုနှင့် ရှုတတ်အောင် ရုပ်ကို ပြလိုက်ပြန်သည်။ |
1,332,512 | Uncategorized | ဥတ္တမပုရိသဒီပနီ | လောကဝေါဟာရမှာ- သန္တတိအစဉ် ကွယ်ပျောက်ကုန်ဆုံး၍ သွားမှ ကွယ်ပျောက်ကုန်ဆုံးသည်ဟု ခေါ်ဝေါ်ထင်မှတ်ကြရသည်။ |
1,332,513 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပရမတ်ဝေါဟာရမှာ ရုပ်သစ်ရုပ်ဟောင်း ဓာတ်သစ်ဓာတ်ဟောင်း ပြောင်းလဲကြရာ ရုပ်ဟောင်းဓာတ်ဟောင်း ပျောက်ကွယ်ဆုံးရှုံးမှုကို မရဏ ဆိုသည်၊ နိရောဓ ဆိုသည်၊ ဘင်္ဂ ဆိုသည်။ |
1,332,514 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပရမတ်မရဏကိုမြင်နိုင်မှ ပရမတ်နိရောဓကို မြင်နိုင်မှ ဝိပဿနာဉာဏ်ဖြစ်သည်။ |
1,332,515 | Uncategorized | ဥတ္တမပုရိသဒီပနီ | အဘိဓမ္မာခုနစ်ကျမ်းလုံးကိုတတ်၍ ပရမတ်စကားတစ်သက်လုံး ပြောဟောချပို့၍ နေငြားသော်လည်း ဓာတ်ကွဲအောင် မမြင်တတ်လျှင် အဘိဓမ္မာစာတတ် ကျမ်းတတ်ဟုတ်၏၊ အဘိဓမ္မာကိုမြင်သောသူမဟုတ်၊ ပရမတ်ကိုမြင်သောသူမဟုတ်။ |
1,332,516 | Uncategorized | ဥတ္တမပုရိသဒီပနီ | အနိစ္စ, ဒုက္ခ, အနတ္တ ကမ္မဋ္ဌာန်းစကားကို တစ်သက်လုံး ပြောဟော၍ စီးဖြန်း၍နေငြားသော်လည်း ပရမတ္ထမရဏကို ပရမတ္ထနိရောဓကို မမြင်တတ်လျှင် ဝိပဿနာဉာဏ်တစ်ရံတစ်ဆစ်မျှ မြင်ဘူးသောသူမဟုတ်။ |
1,332,517 | Uncategorized | ဥတ္တမပုရိသဒီပနီ | ယခုအခါ ဟဒယဓာတ်အိမ်မှ တဖွားဖွားဖြစ်ပေါ်လျက် တစ်ကိုယ်လုံးကို လှုံ့ဆော်၍နေသော ဝိညာဏဓာတ်တို့၏ သမုဒယမှု, နိရောဓမှုများကို ထင်ရှားအောင် ပြဆိုပေအံ့။ |
1,332,518 | Uncategorized | ဥတ္တမပုရိသဒီပနီ | သွား၍နေသော မီးရထားမှာ တစ်ဟုပ်ဟုပ်မှုတ်၍ နေသော ဓာတ်လေ၏ ဖြစ်ပေါ်မှု ချုပ်ပျောက်မှုသည် အသံကြားနှင့်ပင် ထင်ရှားသည်ဖြစ်၍ ထိုဓာတ်လေ၏ ဖြစ်ပွါးမှု ချုပ်ဆုံးမှုကိုလည်း ဤအရာ၌ ဥပမာပြုသင့်၏။ |
1,332,519 | Uncategorized | ဥတ္တမပုရိသဒီပနီ | မိုးဦးကျအခါ၌ ကြိတ်ထသည်ဟု ခေါ်ဆိုကြသော လျှပ်ပျက်မှုသည်လည်း ဥပမာဖြစ်သင့်၏။ |
1,332,520 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဟဒယနှလုံးအိမ်သည် တိမ်တိုက်တိမ်ခဲနှင့် တူ၏။ |
1,332,521 | Uncategorized | ဥတ္တမပုရိသဒီပနီ | ထိုတိမ်တိုက်တိမ်ခဲ၏ အတွင်း၌ တစ်သုတ်တစ်သုတ်လျှင် သုံးချက်လေးချက်ဆင့်၍ ဝင်းခနဲလင်းခနဲဖြစ်ပေါ်၍ ခဏချင်း ခဏချင်းလည်း ပျောက်ကွယ်ချုပ်ပျက်သော လျှပ်စစ်နှင့်လည်း တူ၏။ |
1,332,522 | Uncategorized | ဥတ္တမပုရိသဒီပနီ | ရှေးဥပမာမှာ တစ်ကိုယ်လုံးကို လှုံ့ဆော်၍ ဣရိယာပုထ် ရွေ့ရှားသွားလာမှု၊ အင်္ဂါကြီးငယ်လှုပ်ရှားမှု၊ အယုတ်အားဖြင့် မျက်တောင်ခတ်မှု၊ ပြောဆိုမှု၊ ကြံစည်မှုတို့နှင့်တကွ သမုဒယမှု၊ နိရောဓမှုကို ထင်ရှားစေသည်။ |
1,332,523 | Uncategorized | ဥတ္တမပုရိသဒီပနီ | နောက်ဥပမာဖြင့် ထိုဇောတွေဖြစ်ပေါ်၍နေသောအခါ အာရုံခြောက်ပါး လင်းလင်းချင်းချင်း ထင်မြင်၍နေမှု၊ ထိုဇောတို့၏လည်း ဝင်းဝင်းတောက်သော သဘောရှိမှုနှင့်တကွ သမုဒယ, နိရောဓကို ထင်ရှားစေသည်။ |
1,332,524 | Uncategorized | ဥတ္တမပုရိသဒီပနီ | မျက်တောင်ခတ်မှုမှာလည်း ဇောတစ်သုတ်တစ်သုတ်လျှင် မျက်တောင်တစ်ကြိမ်တစ်ကြိမ်ထားလေ၊ တစ်သုတ်တစ်သုတ်လျှင် ခုနစ်ချက် ခုနစ်ချက်ဆင့်၍ ဖြစ်ပေါ်သည်ဆိုသောစကားမှာ ကျမ်းဂန်အရိုးအစဉ်နှင့် ပြောရတော့သည် ဒိဋ္ဌသက်သေ မရှိပြီ။ |
1,332,525 | Uncategorized | ဥတ္တမပုရိသဒီပနီ | လျှပ်စစ်ပျက်သော ဥပမာမှာ အဖြစ်အပျက်နှစ်ချက်ပင် မျက်မြင်ထင်ရှား၏။ |
1,332,526 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဇောဖြစ်မှုမှာ လင်းခနဲ မိုက်ခနဲသွားမှုမထင်ရှား၊ တစ်နေ့လုံးပင် တစ်လင်းထဲ လင်း၍နေသကဲ့သို့ ထင်ရသည်၊ သို့တစ်လင်းထဲ လင်း၍နေသည်မဟုတ်၊ တစ်သုတ်နှင့်တစ်သုတ်အကြားတွင် အိပ်သည်နှင့်တူသော ဘဝင်မနောလည်း အများအပြား ခြားသေး၏၊ ထိုဘဝင်မနောဖြစ်ခိုက်မှာ မိုက်ခနဲ မိုက်ခနဲသွားသည်သာ အမှန်ဖြစ်၏။ |
1,332,527 | Uncategorized | ဥတ္တမပုရိသဒီပနီ | သို့သော်လည်း အလွန်မြန်လှသော အရာဌာနဖြစ်၍ ဒိဋ္ဌသက်သေနှင့် မပြသာ အာရုံအထွေအလာနှင့်ကား ထင်ရှား၏။ |
1,332,528 | Uncategorized | ဥတ္တမပုရိသဒီပနီ | ခြေတစ်လှမ်းအတွင်းမှာပင် အာရုံအမျိုးမျိုး ထင်လာ၏။ |
1,332,529 | Uncategorized | ဥတ္တမပုရိသဒီပနီ | တစ်ခုထင်လာလျှင် တစ်ခုပျောက်ကွယ်၏၊ သူ့အာရုံနှင့် သူ့ဇောပျက်ဆုံး၏။ |
1,332,530 | Uncategorized | ဥတ္တမပုရိသဒီပနီ | ခြေတစ်လှမ်းအတွင်းမှာပင် အရာမကသော ဗျာပါရအထွေထွေလည်းရှိ၏၊ သူ့ဗျာပါရနှင့် သူ့ဇောပျက်ဆုံးလေ၏။ |
1,332,531 | Uncategorized | ဥတ္တမပုရိသဒီပနီ | စကားပြောဆိုရာ၌လည်း အက္ခရာတစ်လုံးတစ်လုံးလျှင် ဇောတစ်သုတ်တစ်သုတ်စီထား၊ ထိုအက္ခရာ ပျောက်ကွယ်လျှင် ထိုဇောပျောက်ကွယ်လေ၏။ |
1,332,532 | Uncategorized | ဥတ္တမပုရိသဒီပနီ | မနောဒွါရနှင့် ကြံဖန်ရာ၌လည်း ကြံဖန်ပုံအမျိုးမျိုးဖြစ်ပွား၍ သွားပုံထင်ရှား၏။ |
1,332,533 | Uncategorized | ဥတ္တမပုရိသဒီပနီ | နောက်နောက်အကြံကို ကြံသောအခါ ရှေးရှေးအကြံစုချုပ်ကွယ်၏။ |
1,332,534 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤကား မနောဝိညာဏဓာတ်၏ |
1,332,535 | Uncategorized | ဥတ္တမပုရိသဒီပနီ | သမုဒယ နိရောဓကို ပြဆိုခန်းတည်း။ |
1,332,536 | Uncategorized | ဥတ္တမပုရိသဒီပနီ | --- ဝေဒနာ သညာ သင်္ခါရတို့၏ သမုဒယ နိရောဓဟူသော ဒုတိယ တတိယ ကောသလ္လဌာန |
1,332,537 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဝေဒနာ သညာတို့မှာလည်း စိတ်သာယာမှု၊ ကိုယ်သာယာမှု၊ စိတ်မသာမှု၊ ကိုယ်မသာမှုတို့၏ ဖြစ်ပွားမှု၊ ချုပ်ကွယ်မှု၊ ခြေတစ်လှမ်းအတွင်းမှာ မြင်ရာတိုင်း ကြားရာတိုင်း “သင်းကားဘယ်ဟာ”ဟု သိသော သညာများစွာဖြစ်ပြီး၍ နောက်တစ်လှမ်းသို့ကျလျှင် ရှေ့အလှမ်းက သညာစုအကုန်ပျောက်ကွယ်မှု။ |
1,332,538 | Uncategorized | ဥတ္တမပုရိသဒီပနီ | - ဝိတက်အမျိုးမျိုး ဖြစ်၍လာမှု၊ ပျောက်ကွယ်၍သွားမှု။ |
1,332,539 | Uncategorized | ဥတ္တမပုရိသဒီပနီ | - ဝီရိယဖြစ်၍လာမှု၊ ပျောက်ကွယ်၍သွားမှု။ |
1,332,540 | Uncategorized | ဥတ္တမပုရိသဒီပနီ | - နှစ်သက်ခြင်း ဖြစ်ပေါ်၍နေမှု၊ ပြုံးမှု ရယ်မှု ပျောက်ကွယ်ပြန်မှု။ |
1,332,541 | Uncategorized | ဥတ္တမပုရိသဒီပနီ | - ပြုချင်သော ဆန္ဒအမျိုးမျိုး ဖြစ်ပေါ်မှု၊ ပျောက်ဆုံးပြန်မှု။ |
1,332,542 | Uncategorized | ဥတ္တမပုရိသဒီပနီ | - ရာဂတဏှာဖြစ်ပွား၍လာမှု၊ ပျောက်၍သွားပြန်မှု။ |
1,332,543 | Uncategorized | ဥတ္တမပုရိသဒီပနီ | - ဒေါသဖြစ်ပွား၍လာမှု၊ ပျောက်၍သွားပြန်မှု။ |
1,332,544 | Uncategorized | ဥတ္တမပုရိသဒီပနီ | - မာနဖြစ်ပွား၍လာမှု၊ ပျောက်၍သွားပြန်မှု။ |
1,332,545 | Uncategorized | ဥတ္တမပုရိသဒီပနီ | - သဒ္ဓါတရားဖြစ်ပွား၍ လာမှု၊ ပျောက်ကွယ်၍သွားပြန်မှုစသည်ဖြင့် သင်္ခါရက္ခန္ဓာတရားတို့၏ သမုဒယမှု နိရောဓမှုတို့သည်လည်း အများပြောဆိုသိမြင်၍နေကြသော အမှုစုပေတည်း။ |
1,332,546 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပြောဆိုသိမြင်ကြကုန်သော်လည်း သမ္မာဒိဋ္ဌိဝိဇ္ဇာဉာဏ်မရှိသော အန္ဓပုထုဇန်တို့မှာ သက္ကာယဒိဋ္ဌိ အဝီစိငရဲမီးပွားဖို့ချည်း။ |
1,332,547 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပရမတ္ထအားဖြင့် ထိုထိုတရားတို့၏ ဖြစ်ပွားမှုဟူသမျှကို သမုဒယ ဆိုသည်၊ ပျောက်ကွယ်မှုဟူသမျှကို မရဏ ဆိုသည်၊ အနိစ္စ ဆိုသည်၊ နိရောဓ ဆိုသည်။ |
1,332,548 | Uncategorized | ဥတ္တမပုရိသဒီပနီ | နာမ်ခန္ဓာလေးပါးတို့၏ သမုဒယ-နိရောဓပြီး၏။ |
1,332,549 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤတွင်ရွေ့ကား ခန္ဓာလေးပါးတို့၏ ဒုတိယ-တတိယကောသလ္လဌာနကို ပြဆိုခန်းပြီး၏။ |
1,332,550 | Uncategorized | ဥတ္တမပုရိသဒီပနီ | (စတုတ္ထဌာနမှာ ရူပက္ခန္ဓာနှင့် မထူးလှပြီ။ |
1,332,551 | Uncategorized | ဥတ္တမပုရိသဒီပနီ | နာမ်ခန္ဓာ ၄-ပါးတို့၏ အဿာဒ အာဒီနဝ ဟူသော ပဉ္စမ ဆဋ္ဌ ကောသလ္လဌာန |
1,332,552 | Uncategorized | ဥတ္တမပုရိသဒီပနီ | ယခုအခါ အဿာဒ, အာဒီနဝ ဟူသော ပဉ္စမ ဆဋ္ဌ ကောသလ္လတို့ကို ပြဆိုပေအံ့။ |
1,332,553 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဝေဒနာ၌ အဿာဒ အာဒီနဝ |
1,332,554 | Uncategorized | ဥတ္တမပုရိသဒီပနီ | - မိမိအလိုရှိအပ်သော အာရုံဝတ္ထု အမှုအခွင့်တို့နှင့်ပေါင်းဆုံ ပြည့်စုံတွေ့ကြုံရရှိ၍ စိတ်နှလုံး ပြုံးပြုံးရွှင်ရွှင် ကြည်လင်ချမ်းမြ သုခသောမနဿတွေနှင့် နေရမှုသည် အဿာဒ မည်၏။ |
1,332,555 | Uncategorized | ဥတ္တမပုရိသဒီပနီ | - ထိုနာမက္ခန္ဓာလေးပါးတို့၏ အနိစ္စမှု ဒုက္ခမှု ဝိပရိဏာမမှုသည် အာဒီနဝ မည်၏။ |
1,332,556 | Uncategorized | ဥတ္တမပုရိသဒီပနီ | အဿာဒဘေး အာဒီနဝဘေး နှိပ်စက်ပုံမှာ ရူပက္ခန္ဓာ၌ ပြခဲ့သော အဆိပ်ထည့်သော အသားတုံးဥပမာလည်း သင့်မြတ်ပါ၏။ |
1,332,557 | Uncategorized | ဥတ္တမပုရိသဒီပနီ | အဿာဒမှုကား ယခုသာသနာတော်နှင့် တွေ့ကြုံသောအခါမှာပင် ကာမဂုဏ်ထောင်ကြီး, အဝီစိငရဲမီး သံသရာဝဋ်ဒုက္ခကြီးတို့မှ မထွက်နိုင်အောင် ဖမ်းဆီးချည်နှောင်မှုဖြင့် နှိပ်စက်သောအမှုပေတည်း။ |
1,332,558 | Uncategorized | ဥတ္တမပုရိသဒီပနီ | လောဘတရားကို ပွားစေသောအားဖြင့် နှိပ်စက်၏။ |
1,332,559 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဒေါသတရားကို၊ မောဟတရားကို၊ မာနတရားကို၊ သက္ကာယဒိဋ္ဌိတရားကို ပွားများစေသောအားဖြင့် နှိပ်စက်၏၊ ဤသို့လည်း ဆိုသင့်၏။ |
1,332,560 | Uncategorized | ဥတ္တမပုရိသဒီပနီ | အဿာဒ ပြီး၏။ |
1,332,561 | Uncategorized | ဥတ္တမပုရိသဒီပနီ | အနိစ္စ ဒုက္ခ ဝိပရိဏာမဓမ္မ ဟူသော အာဒီနဝသုံးပါးတို့တွင် နာမက္ခန္ဓာတို့၏ အနိစ္စမှုသည် ရူပက္ခန္ဓာ၏ အနိစ္စမှုထက် အဆတစ်ထောင်မက လျင်မြန်လှ၏။ |
1,332,562 | Uncategorized | ဥတ္တမပုရိသဒီပနီ | လျင်မြန်ကြောင်းကို သမုဒယ နိရောဓအခန်းမှာ ပြဆိုခဲ့သော အချက်စုနှင့်ပင် သိသာလှပြီ။ |
1,332,563 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဝေဒနာက္ခန္ဓာ၏ အနိစ္စ နှိပ်စက်ညှဉ်းပမ်းပုံကို ပြဆိုအံ့။ |
1,332,564 | Uncategorized | ဥတ္တမပုရိသဒီပနီ | အနမတဂ္ဂ သံသရာ၌ လူ့ပြည်၌ဖြစ်၍ လူ့ကာမဂုဏ်, နတ်ပြည်၌ဖြစ်၍ နတ်ပြည်ခြောက်ထပ် ကာမဂုဏ်, ဗြဟ္မာ့ပြည်၌ဖြစ်၍ ဗြဟ္မာ့ကျက်သရေတည်းဟူသော အာရုံတို့ကို ဒွါရခြောက်ပါးတို့ဖြင့် ခံစားစံစားကြလှပြီ။ |
1,332,565 | Uncategorized | ဥတ္တမပုရိသဒီပနီ | အလွန်ကောင်းသည်၊ အလွန်တင့်တယ်သည်၊ အလွန်ဝမ်းမြောက်သည်၊ အလွန်ဝမ်းသာသည်၊ အလွန်ချမ်းသာသည်၊ အလွန်နှစ်သက်သည်ဟူသော သုခသောမနဿကို ရကြလှပြီဆိုလိုသည်၊ အနိစ္စဓမ္မဖြစ်သည့်အတွက်ကြောင့် အနိစ္စဟူသော မရဏဓာတ်ဘီလူး အတွင်အပြောင်စား၍ပစ်သည့်အတွက်ကြောင့် အိပ်မက်လောက်မျှ ရှာ၍မရလေပြီ။ |
1,332,566 | Uncategorized | ဥတ္တမပုရိသဒီပနီ | ယခုလည်း ထိုဝေဒနာကို ရှာကြံလုပ်ဆောင်မှုဟူသော ဒုက္ခခွင်က မထွက်ရ၊ နောက်အနန္တသံသရာကြာချင်တိုင်းကြာသော်လည်း အနိစ္စဝေဒနာကို ရှာကြံ၍ ဆုံးလမ်းမရှိ။ |
1,332,567 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤကား ဝေဒနာက္ခန္ဓာသည် သတ္တဝါအပေါင်းတို့ကို အနိစ္စဒဏ်ချက်နှင့် နှိပ်စက်ညှဉ်းပမ်းပုံတည်း။ |
1,332,568 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဝေဒနာက္ခန္ဓာသည် သတ္တဝါအပေါင်းတို့ကို ဒုက္ခဒဏ်ချက်နှင့် အဘယ်သို့ နှိပ်စက်သနည်းဟူမူကား |
1,332,569 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၁။ ဒုက္ခ ဒုက္ခ၊ |
1,332,570 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၂။ သင်္ခါရ ဒုက္ခ၊ |
1,332,571 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၃။ ဝိပရိဏာမ ဒုက္ခ |
1,332,572 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဟူ၍ သုံးပါး ရှိ၏။ |
1,332,573 | Uncategorized | ဥတ္တမပုရိသဒီပနီ | မိမိအလိုရှိရာ နှစ်သက်ရာအာရုံနှင့် တပြုံးပြုံး တရွှင်ရွှင် ကြည်လင်ချမ်းမြနေရခြင်းအခွင့်မည်သည် အလိုအလျောက်ဖြစ်နိုင်သောအခွင့်မဟုတ်။ |
1,332,574 | Uncategorized | ဥတ္တမပုရိသဒီပနီ | ရှေးရှေးဘဝတို့က တင်ကူး၍ ဒါနမှုနှင့် ဒုက္ခစိုက်ရခြင်း၊ သီလမှုနှင့် ဒုက္ခစိုက်ရခြင်း၊ ဘာဝနာမှုနှင့် ဒုက္ခစိုက်ရခြင်း ဤသို့တင်ကူး၍ ဒုက္ခစိုက်နိုင်မှ ရထိုက်သောအခွင့်ပေတည်း။ |
1,332,575 | Uncategorized | ဥတ္တမပုရိသဒီပနီ | ရှေးရှေးဘဝတို့က တင်ကူး၍ ဒုက္ခစိုက်ခြင်းကြောင့် နောက်ဘဝမှာ ရပြန်ပါသော်လည်း မိမိသန္တာန်မှာ အပင်စိုက်၍နေသော ဓာတ်မျိုးမဟုတ်၊ မိမိ၏ အဇ္ဈတ္တအကြည်ခြောက်ပါးနှင့် ဗဟိဒ္ဓအာရုံခြောက်ပါး ဆုံဆည်း၍ ထားခိုက်မှာမှ ခြောက်ဒွါရတွင် ဖြစ်ပေါ်လာသော အာဂန္တုဓာတ်မျိုး ဖြစ်ခဲ့ပြန်၍ အာရုံဝတ္ထုတို့ကို စုဆောင်းဆည်းပူးမှုနှင့် နေ့ရှိသမျှ ဒုက္ခစိုက်... |
1,332,576 | Uncategorized | ဥတ္တမပုရိသဒီပနီ | ကြောင့်ကြစိုက်နိုင်၍ အလိုရှိရာ နှစ်သက်ရာအာရုံနှင့် ပြုံးကာရွှင်ကာ နေရပါသော်လည်း အနိစ္စဓမ္မဖြစ်ပြန်၍ ပြုံးပြီးရင်း ကွယ်ပျောက်ကုန်ခန်း၍ ကုန်ပြန်ရင်း အာရုံနှင့်ကွာပြန်ရင်း ကွယ်ပျောက်ကုန်ခန်း၍ သွားပြန်ရင်းဖြစ်သည်နှင့် ပြုံးလိုသေးသမျှ ကာလပတ်လုံး အာရုံဝတ္ထုတို့အတွက် ဒုက္ခစိုက်မှုမှ လွတ်ခွင့်မရှိပြီ။ |
1,332,577 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဒုက္ခစိုက်၍နေဆဲမှာပင် ပျက်စီးရန်အခွင့်ဆိုက်တိုက်လာ၍ စက္ခုပျက်စီး၍သွားပြန်လျှင် စက္ခုသမ္ဖဿဇာဝေဒနာဟူသော ပြုံးပေါက်ပြုံးလမ်း တစ်ခန်းပိတ်၍သွားပြန်၏။ |
1,332,578 | Uncategorized | ဥတ္တမပုရိသဒီပနီ | သောတစသည်တို့မှာလည်း ထို့အတူ ပကတိအခါ၌ မပျက်မစီးသော်လည်း မရဏအခါ၌ ဧကန္တပျက်စီးလေ၏။ |
1,332,579 | Uncategorized | ဥတ္တမပုရိသဒီပနီ | ထိုသို့ ဧကန္တပျက်စီးခွင့်ကို သိကြသည်ဖြစ်၍လည်း နောက်ဘဝကို သုခသောမနဿအသစ်ထူထောင်ရန် ယခုလည်း ဒါနမှုနှင့် ဒုက္ခစိုက်ရလျက် သီလမှုနှင့် ဒုက္ခစိုက်ရလျက် ဘာဝနာမှုနှင့် ဒုက္ခစိုက်ရလျက်ပင်ဖြစ်၏။ |
1,332,580 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤသို့လျှင် ဤဝေဒနာက္ခန္ဓာသည် အနမတဂ္ဂသံသရာ၌ သတ္တဝါအများတို့ကို ဒါနမှုနှင့် နှိပ်စက်၏၊ သီလမှုဥပုသ်မှုနှင့် နှိပ်စက်၏၊ ရဟန်းအလုပ်နှင့် နှိပ်စက်၏၊ ရသေ့အလုပ်နှင့် နှိပ်စက်၏၊ အာရုံဝတ္ထုပေါင်းစည်းမှုနှင့် နှိပ်စက်၏၊ အသက်မွေးမှုအလုပ်နှင့် နှိပ်စက်၏၊ အာရုံဝတ္ထုပေါင်းစည်းမှု အသက်မွေးမှုတို့၌ ဒုစ္စရိုက်ဆယ်ပါးအတွင်းဝင်ပြန်သည်နှင့် ... |
1,332,581 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤကား ဝေဒနာက္ခန္ဓာ၏ အဿာဒဘေး အာဒီနဝဘေးတည်း။ |
1,332,582 | Uncategorized | ဥတ္တမပုရိသဒီပနီ | --- သညာ၌ အဿာဒ.အာဒီနဝ |
1,332,583 | Uncategorized | ဥတ္တမပုရိသဒီပနီ | သညာက္ခန္ဓာ၌ အဿာဒဘေး-အာဒီနဝဘေး နှစ်ပါးတွင် အဿာဒဘေး အလွန်အားကြီး၏။ |
1,332,584 | Uncategorized | ဥတ္တမပုရိသဒီပနီ | အဘယ်သို့ အားကြီးသနည်း ဖြစ်လေရာရာ ဘုံဘဝတို့မှာ အများသိကျွမ်းကြသော အရာဌာနတို့၌ သိကျွမ်းလိမ္မာမှုသည် သညာက္ခန္ဓာမှုပေတည်း။ |
1,332,585 | Uncategorized | ဥတ္တမပုရိသဒီပနီ | ထိုသိကျွမ်းလိမ္မာမှုသည် မိမိကိုယ်ကို “ငါ ငါ”ဟူ၍ အဿာဒတရားပွါးများမှု၌ အချုပ်အခြာပေတည်း။ |
1,332,586 | Uncategorized | ဥတ္တမပုရိသဒီပနီ | “ငါ ငါ”ဟူ၍ တကြော့ကြော့ တရွရွ တကြွကြွ တရွှင်ရွှင်မြင်ရသော သုခသောမနဿစုသည် သညာအတွက်နှင့် ဖြစ်သတည်း။ |
1,332,587 | Uncategorized | ဥတ္တမပုရိသဒီပနီ | ထိုသညာမှဖြစ်သော အဿာဒဘေးကြီးသည် ကာမဂုဏ်ထောင်ကြီး အဝီစိငရဲမီး သံသရာဝဋ်ဒုက္ခကြီးတို့မှ မလွတ်ရအောင် ချည်နှောင်တုပ်ဖွဲ့၍ နှိပ်စက်၏။ |
1,332,588 | Uncategorized | ဥတ္တမပုရိသဒီပနီ | အာဒီနဝ၌ အလိုရှိရာ စိတ်ကြိုက်ရာနှင့် တကြော့ကြော့ တရွရွ တကြွကြွ နေရသော သုခသညာမည်သည် ဣဋ္ဌာရုံနှင့် ပေါင်းဆုံတွဲဖက်မိသောအခါ၌သာ အဇ္ဈတ္တသန္တာန်မှာ တံလှပ်ထသကဲ့သို့ တကြွကြွ တရှိန်းရှိန်း ဖြစ်ပေါ်နိုင်သည်၊ ဣဋ္ဌာရုံနှင့်ကွာပြန်လျှင် ကွယ်ပျောက်ပြန်လေ၏။ |
1,332,589 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဝေဒနာက္ခန္ဓာနည်းအတိုင်း အကျယ်ဆိုလေ။ |
1,332,590 | Uncategorized | ဥတ္တမပုရိသဒီပနီ | သညာက္ခန္ဓာ၌ အဿာဒ၊ အာဒီနဝပြခန်း ပြီး၏။ |
1,332,591 | Uncategorized | ဥတ္တမပုရိသဒီပနီ | --- သင်္ခါရ၌ အဿာဒ-အာဒီနဝ |
1,332,592 | Uncategorized | ဥတ္တမပုရိသဒီပနီ | သင်္ခါရက္ခန္ဓာ၌ အဿာဒ အာဒီနဝကို ပြဆိုပေအံ့။ |
1,332,593 | Uncategorized | ဥတ္တမပုရိသဒီပနီ | အဆင်းသဏ္ဌာန်ကို မြင်ရာမျက်စိ၌ အကောင်းတွေ့မှု မကောင်းတွေ့မှုကား စက္ခုသမ္ဖဿ ဓာတ်ပေတည်း။ |
1,332,594 | Uncategorized | ဥတ္တမပုရိသဒီပနီ | အသံကိုကြားရာနား၌ အကောင်းတွေ့မှု မကောင်းတွေ့မှုကား သောတသမ္ဖဿ ဓာတ်ပေတည်း။ |
1,332,595 | Uncategorized | ဥတ္တမပုရိသဒီပနီ | အနံ့ကိုနံရာ ဃာန၌အကောင်းတွေ့မှု မကောင်းတွေ့မှုကား ဃာနသမ္ဖဿ ဓာတ်ပေတည်း။ |
1,332,596 | Uncategorized | ဥတ္တမပုရိသဒီပနီ | အချိုအချဉ်စသော အရသာကိုသုံးဆောင်ရာလျှာ၌ အကောင်းတွေ့မှု မကောင်းတွေ့မှုကား ဇိဝှါသမ္ဖဿ ဓာတ်ပေတည်း။ |
1,332,597 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဖောဋ္ဌဗ္ဗာရုံကိုထိရာ ကာယ၌ အကောင်းတွေ့မှု မကောင်းတွေ့မှုကား ကာယသမ္ဖဿ ဓာတ်ပေတည်း။ |
1,332,598 | Uncategorized | ဥတ္တမပုရိသဒီပနီ | စိတ်နှင့်ကြံဖန်ရာ မနော၌အကောင်းတွေ့မှု မကောင်းတွေ့မှုကား မနောသမ္ဖဿ ဓာတ်ပေတည်း။ |
1,332,599 | Uncategorized | ဥတ္တမပုရိသဒီပနီ | သက္ကာယဒိဋ္ဌိကား ထိုဓာတ်ကို ငါဟုယူ၏၊ သမ္မာဒိဋ္ဌိကား ဓာတ်တစ်မျိုးဟု မြင်၏။ |
1,332,600 | Uncategorized | ဥတ္တမပုရိသဒီပနီ | ထိုထိုဒွါရ၌ အကောင်းတွေ့သော ဖဿဓာတ်ပေါ်သောအခါမှ သုခဝေဒနာပေါ်နိုင်သည်၊ သုခသညာပေါ်နိုင်သည်၊ ထိုဖဿဓာတ်ကွယ်ပျောက် သေဆုံးပြန်လျှင် သုခဝေဒနာ သုခသညာတို့ ကွယ်ပျောက်သေဆုံးကြကုန်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.