id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,333,001
Uncategorized
ဥတ္တမပုရိသဒီပနီ
--- မာရ်ငါးပါး သဘော
1,333,002
Uncategorized
ဥတ္တမပုရိသဒီပနီ
မာရ်ဆိုသည်ကား-သတ်သမားတည်း၊ ထိုငါးပါးသည် သတ္တဝါတို့ကို အဘယ်သို့ သတ်သနည်းဟူမူကား-သတ္တဝါတို့၏ အသက်မည်သည်
1,333,003
Uncategorized
ဥတ္တမပုရိသဒီပနီ
၁။ ဇီဝိတိန္ဒြေလည်း အသက်တစ်ပါး။
1,333,004
Uncategorized
ဥတ္တမပုရိသဒီပနီ
၂။ သဒ္ဓါ သီလ စသော သုက္ကဓမ္မမျိုးလည်း အသက်တစ်ပါး။
1,333,005
Uncategorized
ဥတ္တမပုရိသဒီပနီ
၃။ ဒါနပါရမီ သီလပါရမီ အစရှိသော ဝိဝဋ္ဋ ဓမ္မမျိုးလည်း အသက် တစ်ပါး။
1,333,006
Uncategorized
ဥတ္တမပုရိသဒီပနီ
အသက်ဆိုသည်ကား--ရေသည် ကြာကိုစောင့်သကဲ့သို့ စောင့် ရှောက်သောဓာတ်ကို ဆိုသည်၊ ဇီဝိတိန္ဒြေသည် တစ်ခုတစ်ခုသော ဘဝ၌ ခန္ဓာကိုယ်ကို စောင့်ရှောက်၏၊ ဇီဝိတိန္ဒြေ ပျက်ရာ၌ ထိုခန္ဓာ ပျက်၏၊ ထိုသူသေ၏။
1,333,007
Uncategorized
ဥတ္တမပုရိသဒီပနီ
သုက္ကဓမ္မမျိုးသည် သူတော်ကောင်း အသက်တည်း၊ သုက္ကဓမ္မ ပျက်ရာ၌ သူတော်ကောင်း အသက်ဆုံး၏၊ ဇီဝိတိန္ဒြေ အသက် ပျိုနုလျက် ရှိငြားသော်လည်း အသေကောင်သာ မည်၏။
1,333,008
Uncategorized
ဥတ္တမပုရိသဒီပနီ
ဝိဝဋ္ဋဓမ္မမျိုးသည် ဗောဓိလောင်း အသက်တည်း၊ နိယတအဖြစ်သို့ မရောက် သေးသော ဗောဓိအသက်မည်သည်-ဗောဓိ၏ ဆန့်ကျင်ဘက် ဖြစ်သော ယုတ်မာလှစွာသော မိစ္ဆာဒိဋ္ဌိကို တစ်ကြိမ်ယူလိုက်လျှင် ကွယ်ပျက်၏၊ ဗောဓိလောင်း သေပြန်၏၊ ဝဋ္ဋနုသာရီပုထုဇန် အဖြစ်၌ တည်ပြန်၏၊
1,333,009
Uncategorized
ဥတ္တမပုရိသဒီပနီ
--- မာရ်ငါးပါး၏ အဓိပ္ပါယ်
1,333,010
Uncategorized
ဥတ္တမပုရိသဒီပနီ
မာရ်နတ်သားသည် သတ္တဝါတို့၏ သုက္ကဓမ္မအသက် ဝိဝဋ္ဋဓမ္မ အသက်ကို ချွေသမားတည်း၊ သူတော်ကောင်းကို သတ်သမား ဗောဓိ လောင်းကို သတ်သမားတည်း၊ ထို့ကြောင့် မာရ်ခေါ်သည်။
1,333,011
Uncategorized
ဥတ္တမပုရိသဒီပနီ
။ သေမင်းခေါ်သော မရဏတရားသည် သတ္တဝါတို့၏ ဇီဝိတိန္ဒြေကို ချွေသမားတည်း၊ ခပ်သိမ်းသော သတ္တဝါတို့ကို သတ်သမားတည်း၊ ထို့ကြောင့် မစ္စုမာရ်ခေါ်သည်။
1,333,012
Uncategorized
ဥတ္တမပုရိသဒီပနီ
မိမိတို့ အဇ္ဈတ္တသန္တာန်၌ ရှိ၍နေသော လောဘ, ဒေါသ, မောဟ, မာန, ဒိဋ္ဌိအစရှိသော ကိလေသာတရားတို့သည်ကား ဇီဝိတအသက်ကို လည်း ချွေဖြတ်၏၊ သုက္ကဓမ္မအသက်ကိုလည်း ချွေဖြတ်၏၊ ဝိဝဋ္ဋဓမ္မ အသက်ကိုလည်း ချွေဖြတ်၏၊ ဝဋ္ဋနိဿိတဖြစ်သော ဒါန သီလ အစရှိသော အဘိသင်္ခါရ တရားတို့သည် တစ်ခုတစ်ခုသော ဘဝခန္ဓာကို ထူထောင်ကြကုန်သည်ရှိသော် မစ္စုမာရ်တည်းဟူသော မရဏဓာတ...
1,333,013
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤကား မာရ်ငါးပါးတို့၏ သတ်ဖြတ်ပုံကို ပြဆိုခန်းတည်း။
1,333,014
Uncategorized
ဥတ္တမပုရိသဒီပနီ
--- ကိလေသမာရ်၏ သတ်ချက်
1,333,015
Uncategorized
ဥတ္တမပုရိသဒီပနီ
(တစ်နည်းကား) ဤလောက၌ လောဘနိုင်ငံသို့လိုက်၍ ရသေ့ရ ဟန်းသီလ ရသေ့ရဟန်းသိက္ခာ ရသေ့ရဟန်းကျက်သရေ လူ့သီလ လူ့သိက္ခာ လူ့ကျက်သရေ ပျက်ဆုံးမှု၊ ရသေ့ရဟန်း စည်းစိမ်ဟုဆိုအပ် သော နေက္ခမ္မသုခ ပျက်ဆုံးမှု၊ စျာန်သမာပတ် ပျက်ဆုံးမှု၊ လူ့စည်းစိမ်ဟု ဆိုအပ်သော ဥစ္စာဓန ပျက်ဆုံးမှု၊ လောဘနိုင်ငံသို့ လိုက်သည့်အတွက်နှင့် ခြေလက်စသော ကိုယ်အင်္ဂါ၊ စက္ခ...
1,333,016
Uncategorized
ဥတ္တမပုရိသဒီပနီ
တစ်နည်းကား- လောဘသည် အလောဘကို သတ်၏၊ ဒေါသ သည် အဒေါသကို သတ်၏၊ မောဟသည် အမောဟကို သတ်၏၊ အနမတဂ္ဂသံသရာ၌ ဖြစ်ခဲ့သမျှသော အလောဘမှုစု ရသေ့အလုပ်စု ရဟန်းအလုပ်စု ကသိုဏ်းစျာန်စု အသုဘစျာန်စုသည် လောဘ၏ နယ်တွင်း၌ ပျက်ဆုံးပြုန်းတီးခဲ့လေ၏၊ ဒေါသ စသည်တို့၌လည်း ဤနည်း အတိုင်း မြင်လေ။
1,333,017
Uncategorized
ဥတ္တမပုရိသဒီပနီ
ယခု ဘဝ၌လည်း သူတော်ကောင်းတရားကို ကြားရနာရ အမှတ် ရသောအခါ မိမိတို့ အဇ္ဈတ္တသန္တာန်တွင် ရံဖန်ရံခါ ပေါ်၍လာသော အလောဘဓာတ်ဖြူ နေက္ခမ္မဓာတ်ဖြူစုသည် လောဘမှု၏ လက်တွင်း၌ ပျက်ဆုံးခြင်းသို့ ရောက်လေ၏၊ တစ်ညဉ့်လုံး တဝင်းဝင်း တလက်လက် ပျက်သမျှ လျှပ်ရောင်စုသည် မှောင်၏ အတွင်း၌ ကွယ်ဆုံးလေသကဲ့သို့ တည်း၊ ဒေါသစသည်တို့၌လည်း ဤနည်းတူမြင်လေ။
1,333,018
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤကား ကိလေသမာရ်၏ သတ်ချက်ကို အမြွက်မျှပြ ဆိုသော စကားရပ်တည်း။
1,333,019
Uncategorized
ဥတ္တမပုရိသဒီပနီ
--- ခန္ဓမာရ်၏ သတ်ချက်
1,333,020
Uncategorized
ဥတ္တမပုရိသဒီပနီ
ခန္ဓမာရ်၌ ဦးခေါင်းဖြစ်၍နေသော ဓာတ်ကြီးလေးပါးတွင် တစ်ပါး ပါး ဖောက်ပြန်သေဆုံးမှု မျက်လုံးဖြစ်၍နေသော နားဖြစ်၍နေသော နှာခေါင်း ဖြစ်၍နေသော မေး,ပါး,သွား,လျှာ,ခံတွင်းဖြစ်၍နေသော လည်ပင်းဖြစ်၍နေသော အဆုတ်ဖြစ်၍နေသော အသည်းနှလုံးဖြစ်၍ နေသော စသည်ဖြင့် တစ်ကိုယ်လုံး အနှံ့မြင်လေ။
1,333,021
Uncategorized
ဥတ္တမပုရိသဒီပနီ
။ စက္ခုအာရုံကို လိုက်စား၍သေဆုံးမှု သောတအာရုံကို ဃာန အာရုံကို ဇိဝှါအာရုံကို ကာယအာရုံကို လိုက်စား၍ သေဆုံးမှု၊ ဤသို့စသည်ဖြင့် ရူပက္ခန္ဓာ၏ သတ်မှုကို မြင်လေ။
1,333,022
Uncategorized
ဥတ္တမပုရိသဒီပနီ
။ စက္ခုသမ္ဖဿဇာ ဝေဒနာကို လိုက်စား၍ သေမှု။
1,333,023
Uncategorized
ဥတ္တမပုရိသဒီပနီ
လ။ မနောသမ္ဖဿဇာဝေဒနာကို လိုက်စား၍သေမှု၊ ရူပသညာကို လိုက်စား၍ သေမှု။
1,333,024
Uncategorized
ဥတ္တမပုရိသဒီပနီ
လ။ ဓမ္မသညာကို လိုက်စား၍ သေမှု။
1,333,025
Uncategorized
ဥတ္တမပုရိသဒီပနီ
။ သဒ္ဓါလမ်း ကို လွန်စွာလိုက်စား၍ သေမှုကား သဒ္ဓါသတ်၍ သေမှုတည်း၊ သီလ လမ်းကို လွန်စွာလိုက်စား၍ သေမှုကား သီလသတ်၍ သေမှုတည်း၊ သုတလမ်းကို လွန်စွာ လိုက်စား၍ သေမှုကား သုတသတ်၍ သေမှုတည်း ဒါနလမ်း စာဂလမ်းကို လွန်စွာလိုက်စား၍ သေမှုကား ဒါနသတ်၍ စာဂ သတ်၍ သေမှုတည်း၊ လောကပညာ ဓမ္မပညာလမ်းကို လွန်စွာလိုက် စား၍ သေမှုကား ပညာသတ်၍ သေမှုတည်း။
1,333,026
Uncategorized
ဥတ္တမပုရိသဒီပနီ
ဘာဝနာလမ်းကို လွန်စွာ လိုက်စား၍ သေမှုကား ဘာဝနာသတ်၍ သေမှုတည်း၊ လောဘလမ်း ဒေါသလမ်းစသည်ကား ထင်ရှားပြီ၊ စက္ခုဝိညာဏ်စိတ်အလိုကို လိုက်၍ သေမှုကား စက္ခုဝိညာဏ်သတ်၍ သေမှုတည်း။
1,333,027
Uncategorized
ဥတ္တမပုရိသဒီပနီ
လ။ မနောဝိညာဏ် စိတ်အလိုကိုလိုက်၍ သေမှုကား မနောဝိညာဏ်သတ်၍ သေမှုတည်း။
1,333,028
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤကား နာမ်ခန္ဓာလေးပါး၏ သတ်ချက်ကို အမြွက်မျှ ပြဆိုလိုက်သော အခန်းတည်း။
1,333,029
Uncategorized
ဥတ္တမပုရိသဒီပနီ
--- မစ္စုမာရ်၏ သတ်ချက်
1,333,030
Uncategorized
ဥတ္တမပုရိသဒီပနီ
မစ္စုမာရ်၏ သတ်ချက်တို့ကို အမြွက်မျှပြဆိုဦးအံ့- အနမတဂ္ဂ သံသရာ၌ ငါ၏ဦးခေါင်းဖြစ်သော ရုပ်ခဲပေါင်း ဘယ်မျှကုန်ဆုံးကွယ် ပျောက်ခဲ့လိမ့်မည်နည်း။
1,333,031
Uncategorized
ဥတ္တမပုရိသဒီပနီ
မျက်လုံးရုပ်ခဲပေါင်း နားခဲပေါင်း နှာခဲပေါင်း လျှာခဲပေါင်း အဆုတ်ခဲပေါင်း အသည်းခဲပေါင်း ဤသို့ စသည်ဖြင့်ကြည့်မြော်လေ။
1,333,032
Uncategorized
ဥတ္တမပုရိသဒီပနီ
ယခု ဘဝမှာလည်း ဖွားမြင်သည်မှစ၍ နေ့စဉ်မျိုအပ်သော အာဟာရပေါင်း မည်မျှရှိလိမ့်မည်နည်း၊ အာဟာရဓာတ်ဆီ အသစ် အဟောင်း ပြောင်းလဲ တိုင်းပြောင်းလဲတိုင်း မစဲမစဲ နေ့စဉ်လဲသော ဦးနှောက်ခဲပေါင်းမည်မျှ ကုန်ဆုံးခဲ့လိမ့်မည် မျက်လုံးခဲပေါင်း မည်မျှ ကုန်ဆုံးခဲ့လိမ့်မည် နားခဲပေါင်း နှာခဲပေါင်း လျှာခဲပေါင်း အဆုတ်ခဲပေါင်း အသည်းခဲပေါင်း နှလုံးခဲပေ...
1,333,033
Uncategorized
ဥတ္တမပုရိသဒီပနီ
။ စက္ခုဒွါရမှာ ထခဲ့ ပေါ်ခဲ့သော နာမက္ခန္ဓာပေါင်း။
1,333,034
Uncategorized
ဥတ္တမပုရိသဒီပနီ
လ။ မနောဒွါရမှာ ထခဲ့ ပေါ်ခဲ့သော နာမက္ခန္ဓာပေါင်း ဘယ်မျှကုန်ဆုံးခဲ့လိမ့်မည်ဟု မြော်လေ။
1,333,035
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤသို့ မရဏ မီးချက်ကိုရှုမြော်သောအခါ ပုဂ္ဂိုလ် သတ္တဝါ ငါ ဟူသော အထင်ကို အဝင်မခံနှင့်။
1,333,036
Uncategorized
ဥတ္တမပုရိသဒီပနီ
--- ဓာတ်ဆေး ဥပမာ
1,333,037
Uncategorized
ဥတ္တမပုရိသဒီပနီ
ရုပ်နာမ်ခန္ဓာ အသစ်အဟောင်း အပြောင်းအလဲ မြန်ပုံကို ဥပမာ ဆိုဦးအံ့၊ ဝိဇ္ဇာမယ ဉာဏ်တန်ခိုးဖြင့် စီရင်၍ထားသော ဓာတ်ဆေး တစ်မျိုးသည် ရှိသတတ်၊ အလုံးသဏ္ဌာန် မုန်ညင်းစေ့ခန့်ရှိရာ၏၊ အချို့အလုံးကား အဖြူတည်း၊ အချို့ကား အနီတည်း၊ အချို့ကား အနက်တည်း၊ ဂါထာစုတ်၍ မုန်ညင်းစေ့ခန့် တစ်လုံးကို ပစ်လိုက် သည်ရှိသော် ပကတိ လူကောင်းသဏ္ဌာန်မျှ ပွါး၍ ဆ...
1,333,038
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤဥပမာ၌ ရှေးဦးစွာ ဉာဏ်မီရုံ ပြောင်း လဲ၍ကြည့်၊ အနီပွား၍ ချဲ့၍ သွားရာ၌ အဖြူခဲတွေ မြေ့မြေ့ ကြေပျက် ကွယ်ဆုံးမှုကို မြင်အောင်ကြည့်။
1,333,039
Uncategorized
ဥတ္တမပုရိသဒီပနီ
ငါတို့ကိုယ်ခန္ဓာလည်း ဤအတိုင်းပင်။
1,333,040
Uncategorized
ဥတ္တမပုရိသဒီပနီ
ယောစ ဝဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။
1,333,041
Uncategorized
ဥတ္တမပုရိသဒီပနီ
ယောစ=အကြင်သူသည်ကား၊ ဥဒယဗ္ဗယံ=ခန္ဓာငါးပါး၏ တဖွားဖွား ဖြစ်ပေါ်မှု အလုံးအခဲ တသဲသဲ ကွယ်ပျောက် ချုပ်ဆုံးမှုကို၊ အပဿံ အပဿန္တော=တစ်ကြီမ်တစ်ခါမျှ မမြင်ဘူးရဘဲ၊ ဝဿသတံ=အနှစ်တစ်ရာ ပတ်လုံး၊ ဇီဝေ=အသက်ရှည်၏၊ တတော=ထို့ထက်၊ ဥဒယဗ္ဗယံ=ခန္ဓာငါးပါး ၏ တဖွားဖွားဖြစ် ပေါ်မှု အလုံးအခဲ တသဲသဲ ကွယ်ပျောက် ချုပ်ဆုံးမှုကို၊ ပဿတော=မြင်နိုင်သောသူ၏၊ ဧက...
1,333,042
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤကား ပဋိသန္ဓေမှစ၍ ခဏမစဲ အသက်ခဲ ခန္ဓာခဲ ရုပ်ခဲ ကလာပ်ခဲ တို့ကို ရှဲရှဲ ရှဲရှဲ အမြဲသတ်စား၍နေသော မစ္စုမာရ်၏ အချက်ကို ပြဆိုခန်းတည်း၊ ပြဆိုခဲ့ပြီးသော ခန္ဓဝဂ္ဂသံယုတ် ဒေသနာတော်၌ အာဒီနဝကောသလ္လဌာနကို မြင်ပြန်လျှင် ခန္ဓမာရ် မစ္စုမာရ်တို့ကိုလည်း ကောင်းစွာ မြင်နိုင်လတ္တံ့။
1,333,043
Uncategorized
ဥတ္တမပုရိသဒီပနီ
မြတ်စွာဘုရား၏ ဘုရားမဖြစ်မီ ခန္ဓာအစဉ်နှင့် ဘုရားဖြစ်ပြီးသော ခန္ဓာအစဉ် အဘယ်သို့ ထူးခြားပါသနည်း ဟူရာ၌-ဘုရားမဖြစ်မီ ခန္ဓာ အစဉ်သည်ကား ကိလေသမာရ်ခေါ်သော ဓာတ်ညစ် ဓာတ်မဲစု၊ အဘိသင်္ခါရမာရ် ခေါ်သော ဓာတ်စေး ဓာတ်ချွဲစုနှင့် ရော၏၊ ဘုရားဖြစ် ပြီးသော ခန္ဓာအစဉ်သည် ကား ထိုဓာတ်ညစ် ဓာတ်မဲ ဓာတ်ချွဲ ဓာတ်စေးစု မရှိပြီ၊ ထိုဓာတ်ပုပ် ဓာတ်မဲ ဓာတ...
1,333,044
Uncategorized
ဥတ္တမပုရိသဒီပနီ
အစာအာဟာရခြင်း တူကြသော်လည်း ဝင်းဝင်းတောက် ကြည် လင် ဖြူစင်သော နာမက္ခန္ဓာတို့မှ တစ်ကိုယ်လုံးမွမ်း၍ လွှမ်းခြုံ၍နေသော စိတ္တဇ ရုပ်တို့အတွက် တစ်ကိုယ်လုံးသည် အလွန်ဖြူစင်စွာ ဖွပ်လျှော်၍ ထားသော ဝါဂွမ်းအစု အခဲကဲ့သို့တည်း။
1,333,045
Uncategorized
ဥတ္တမပုရိသဒီပနီ
--- စကြာမင်း ပတ္တမြားသို့
1,333,046
Uncategorized
ဥတ္တမပုရိသဒီပနီ
စကြာမင်း၏ ပတ္တမြားလုံးကို အလွန်နောက်လှစွာသော ရေအိုင် တွင်းမှာ ချ၍ထားခဲ့လျှင် တစ်အိုင်လုံးသည် ပတ္တမြားရေကဲ့သို့ ကြည်ရ၏၊ ဤအတူ ဘုရား ရဟန္တာတို့၏ ဇောခန္ဓာအစဉ်သည် စကြာမင်း၏ ပတ္တမြားရတနာနှင့် တူ၏၊ ခန္ဓာတော်သည် ရေအိုင်ရှိရေနှင့် တူ၏၊။
1,333,047
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤကား အပုပ်အနံ့ မရှိရာ၌ ယုတ္တိတည်း။
1,333,048
Uncategorized
ဥတ္တမပုရိသဒီပနီ
မင်းတို့၏ စံနေရာဖြစ်သော နန်းပြာသာဒ်သည် မင်း၏ စံနေ ရာဖြစ်၍ နေစဉ်အခါ ပူဇော်ခြင်းငှာ မထိုက်၊ ထိုပြာသာဒ်ကို ကျောင်း တော်ဆောက်လုပ်၍ ကျောင်းတော်ဖြစ်သောအခါ ပူဇော်ထိုက်၏၊ ပူဇော်လျှင် နတ်ရွာ နိဗ္ဗာန်အကျိုး ဖြစ်၏။
1,333,049
Uncategorized
ဥတ္တမပုရိသဒီပနီ
ဘုရားမဖြစ်မီ ခန္ဓာတော်သည် မင်းစံနေဆဲသော နန်းတော်နှင့် တူ၏ ဘုရားဖြစ်ပြီးနောက် ခန္ဓာတော်သည် မြတ်စွာဘုရား သီတင်းသုံး နေသော ကျောင်းတော်ကြီးနှင့် တူ၏၊ ဘုရားမဖြစ်မီ ဆိုသော်လည်း သိဒ္ဓတ်မင်းအဖြစ်၌ရှိသော ခန္ဓာအစဉ်ကိုယူ၊ တောထွက်ပြီးသော နောက်ခန္ဓာတော်ကား ပူဇော်ထိုက်လှပြီ ထို့ကြောင့် ဝတ်လဲတော်ပုဆိုးကို သုဒ္ဓါဝါသဗြဟ္မာတို့ယူ၍ ဒုဿစေ...
1,333,050
Uncategorized
ဥတ္တမပုရိသဒီပနီ
ဆဋ္ဌ ပြဿနာ အဖြေပြီး၏။
1,333,051
Uncategorized
ဥတ္တမပုရိသဒီပနီ
--- သတ္တမခန်း
1,333,052
Uncategorized
ဥတ္တမပုရိသဒီပနီ
“ရတနာသုံးပါး၏ သရဏဂုံအဖြစ် သရဏဂုံတည်အောင် ပြုကျင့် နည်းကို သိလိုပါသည်၊”ဟူသော သတ္တမလျှောက်ချက်၌
1,333,053
Uncategorized
ဥတ္တမပုရိသဒီပနီ
သရဏဂုံ၌ အထူးအပြား
1,333,054
Uncategorized
ဥတ္တမပုရိသဒီပနီ
သရဏဂုံအကြောင်းအရာ 'သရဏာဒိ ဝိနိစ္ဆယ' စသော စာအုပ် များ ထင်ရှားရှိကြပြီဖြစ်၍ အကျယ်ကို မဆိုလိုက်ပြီ၊ လိုရင်းမျှကို ပြဆိုပေအံ့။
1,333,055
Uncategorized
ဥတ္တမပုရိသဒီပနီ
- ဤဝတ္ထု ဤဓမ္မကို ရှိခိုးသည်ရှိသော် ငါ၏ ရှိခိုးမှုသည် အပါယ် ဘေးမှ လွတ်အောင် ဆောင်နိုင်သော ကုသိုလ်ပုညမှု ဖြစ်၏ဟု ရှိခိုး၏၊ ထို ရှိခိုးမှုလည်း ဧကန္တ အပါယ်ဘေးမှလွတ်အောင် ဆောင်နိုင်သော ကုသိုလ်ပုညမျိုးဖြစ်အံ့ ထိုဝတ္ထု ထိုဓမ္မသည် သရဏမည်၏၊ ကိုးကွယ်ရာထိုက်သော ဝတ္ထုဓမ္မမည်၏၊ ထိုသူ၏ ရှိခိုးမှုသည်လည်း သရဏဂုံမည်၏။
1,333,056
Uncategorized
ဥတ္တမပုရိသဒီပနီ
- ဤဝတ္ထု ဤဓမ္မကို ရှိခိုးသည်ရှိသော် ငါ၏ ရှိခိုးမှုသည် အပါယ် ဘေးမှ လွတ်အောင် ဆောင်နိုင်သော ကုသိုလ်ပုည ဖြစ်၏ဟု ရှိခိုးကား ရှိခိုး၏၊ ထိုရှိခိုးမှုသည် ဧကန္တ အပါယ်ဘေးမှ လွတ် အောင် ဆောင်နိုင်သော ကုသိုလ်ပုညမျိုး မဖြစ်၊ အချည်းနှီးသော ရှိခိုးမှုသာ ဖြစ်အံ့ ထိုဝတ္ထု ထိုဓမ္မသည် သရဏ မဟုတ်၊ ကိုးကွယ် ရာထိုက်သော ဝတ္ထုဓမ္မမျိုး မဟုတ်၊ ...
1,333,057
Uncategorized
ဥတ္တမပုရိသဒီပနီ
သရဏံ ဂစ္ဆာမိ ဟု ဆည်းကပ်မှု ဆောက်တည်မှု၌လည်း ဤနည်းအတိုင်း သိလေ။
1,333,058
Uncategorized
ဥတ္တမပုရိသဒီပနီ
သဘောယုတ္တိကား--
1,333,059
Uncategorized
ဥတ္တမပုရိသဒီပနီ
ဖြူစင်သော သီလ၊ သမာဓိ၊ ပညာ စသောဂုဏ်သည် အလွန် မွန်မြတ်သော မြေဆီဩဇာနှင့် တူ၏။
1,333,060
Uncategorized
ဥတ္တမပုရိသဒီပနီ
- ထိုဂုဏ်နှင့်ပြည့်စုံသော ဘုရား တရား သံဃာသည် ထိုမြေဆီ ဩဇာနှင့် ပြည့်စုံသော လယ်ခင်းနှင့် တူ၏။
1,333,061
Uncategorized
ဥတ္တမပုရိသဒီပနီ
- ထိုဘုရား တရား သံဃာကို အာရုံပြု၍ တွယ်တာ တည်စိုက်၍ မိမိ သန္တာန်၌ဖြစ်သော စိတ် စေတနာသည် ထိုလယ်ခင်းမှာ စိုက်ပျိုးသော စပါးမျိုးစေ့နှင့် တူ၏။
1,333,062
Uncategorized
ဥတ္တမပုရိသဒီပနီ
ဖြူစင်သော သီလ သမာဓိ ပညာ အစရှိသောဂုဏ်မှ ကင်း၍ အချည်းနှီးသော မိစ္ဆာဝိတက်မျိုးနှင့် နေသောသူသည် အဆီ ဩဇာ သက်သက်မရှိသော အလွန်ခြောက်သော ကျတ်တီးကုန်းပြင်နှင့် တူ၏၊ ထိုသူကို ဆိုခဲ့ပြီးသောနည်းဖြင့် ရှိခိုးသောအမှု ဆည်းကပ်သော အမှု များသည် ထိုကျတ်တီးကုန်းပြင်မှာ ကြဲပျိုးသော စပါးမျိုးနှင့် တူ၏၊ ကုသိုလ်ပုည မဖြစ်၊ အချည်းနှီးသာတည်း။
1,333,063
Uncategorized
ဥတ္တမပုရိသဒီပနီ
ကမ္ဘာစဉ်ဆက် လူပညာရှိ ရသေ့ ရဟန်း ပုဏ္ဏား ပညာရှိတို့၏ အစဉ်၌ ထင်ရှားစွာ လာခဲ့သော ကုသိုလ်တရား ဖြစ်ပွားမှု နည်းလမ်းမျိုး၊ အကုသိုလ်တရား ဖြစ်ပွားမှုနည်းလမ်းမျိုး၊ ဒုစ္စရိုက်နည်းလမ်းမျိုး၊ သုစရိုက်နည်းလမ်းမျိုး၊ သုဂတိအလား ဒုဂ္ဂတိအလား နည်းလမ်းမျိုးသည် ရှိ၏၊ ထိုနည်းလမ်းမျိုးတို့တွင် တစ်ခုသော နည်းလမ်းမျိုးကိုပင် ပယ်ဖျက်၍ အပြစ်ရှိ...
1,333,064
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုသရဏဂုံသည်-(၁)သုတသရဏဂုံ (၂)ဒိဋ္ဌသရဏဂုံဟူ၍ နှစ်ပါး အပြားရှိ၏၊ ထိုနှစ်ပါးတွင် သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာတို့၏ ပျောက်ငြိမ်း ရာသော ခန္ဓာဓမ္မ၊ အာယတနဓမ္မ၊ ဓာတုဓမ္မတို့၏ အဖြစ်အပျက်ကို မြင်နိုင်သော သမ္မာဒိဋ္ဌိဉာဏ်ကား မရှိ၊ ကြည်ညို ဘွယ်သော ဘုရားဂုဏ် တရားဂုဏ် သံဃာ့ဂုဏ် သာသနာ့ဂုဏ်တို့ကို ကြားနာမှတ်သား သဒ္ဓါပွား၍ ဆည်းကပ်ကိုးကွယ်သော...
1,333,065
Uncategorized
ဥတ္တမပုရိသဒီပနီ
ယော ခေါ ဝက္ကလိ ဓမ္မံ န ပဿတိ၊
1,333,066
Uncategorized
ဥတ္တမပုရိသဒီပနီ
သော မံ န ပဿတိ။
1,333,067
Uncategorized
ဥတ္တမပုရိသဒီပနီ
(ခန္ဓဝဂ္ဂသံယုတ္တပါဠိ)
1,333,068
Uncategorized
ဥတ္တမပုရိသဒီပနီ
ဝက္ကလိ=ဝက္ကလိရဟန်း၊ ခေါ=စင်စစ်၊ ယော=အကြင်သူသည်၊ ဓမ္မံ=ခန္ဓာ နာမ်ရုပ်တရားကို၊ န ပဿတိ=မြင်နိုင်သောဉာဏ်မရှိ၊ သော= ထိုသူသည်၊ မံ=ငါဘုရားကို၊ န ပဿတိ=မမြင်။
1,333,069
Uncategorized
ဥတ္တမပုရိသဒီပနီ
မြတ်စွာဘုရား၏ အနီးအနား၌ အမြဲနေ၍ နေ့မစဲ ညဉ့်မစဲ အမြဲ ရှိခိုးပူဇော် ဖူးမြော်၍နေသော ဝက္ကလိရဟန်းကို ဟောတော်မူသော ဒေသနာတော်။
1,333,070
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤဒေသနာတော်ကို ထောက်၍ မိမိကိုယ်မှာ ခန္ဓာ နာမ်ရုပ် တရား တို့ကိုလည်းကောင်း၊ ခန္ဓာ နာမ်ရုပ်တရားတို့၏ ဖြစ်မှု ပျက်မှုကိုလည်း ကောင်း မမြင်နိုင်သော သူတို့၏ သရဏဂုံသည် ဒိဋ္ဌသရဏဂုံမဟုတ်၊ သုတသရဏဂုံမျှသာ ဖြစ်ကြောင်းကို ဆိုနိုင် သိနိုင်ရာသတည်း။
1,333,071
Uncategorized
ဥတ္တမပုရိသဒီပနီ
ဒိဋ္ဌသရဏဂုံ ဆိုသည်ကား-သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာတို့၏ ပျောက်ငြိမ်း ရာသော ခန္ဓာ အာယတန ဓာတ်တို့ကိုလည်းကောင်း၊ ထိုခန္ဓာ အာယတန ဓာတ်တို့၏ ဖြစ်မှု ပျက်မှုကိုလည်းကောင်း မြင်နိုင်သော သမ္မာဒိဋ္ဌိဉာဏ်နှင့် ပြည့်စုံသောသူ၏ သရဏဂုံသည် ဒိဋ္ဌသရဏဂုံ မည်၏၊ ဘုရား တရား သံဃာ ရတနာသုံးပါးကို မြင်ရသောသရဏဂုံ တွေ့ရသောသရဏဂုံ ဆိုလိုသည်။
1,333,072
Uncategorized
ဥတ္တမပုရိသဒီပနီ
(ခန္ဓဝဂ္ဂသံယုတ္တ ပါဠိတော်။
1,333,073
Uncategorized
ဥတ္တမပုရိသဒီပနီ
) ဒုက္ခံ ဒုက္ခသမုပ္ပါဒံ၊ ဒုက္ခဿစ အတိက္ကမံ။
1,333,074
Uncategorized
ဥတ္တမပုရိသဒီပနီ
အရိယဋ္ဌင်္ဂီကံ မဂ္ဂံ၊ ဒုက္ခူပသမ ဂါမိနံ။
1,333,075
Uncategorized
ဥတ္တမပုရိသဒီပနီ
ဧတံ ခေါ သရဏံ ခေမံ၊ ဧတံ သရဏ မုတ္တမံ။
1,333,076
Uncategorized
ဥတ္တမပုရိသဒီပနီ
ဧတံ သရဏ မာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။
1,333,077
Uncategorized
ဥတ္တမပုရိသဒီပနီ
ဒုက္ခံ=ဒုက္ခသစ္စာကိုလည်း၊ ပဿတိ=မြင်၏၊ ဒုက္ခသမုပ္ပါဒံ=ဒုက္ခဖြစ် ပွားကြောင်းကိုလည်း၊ ပဿတိ=မြင်၏၊ ဒုက္ခဿ=ဒုက္ခသစ္စာ၏၊ အတိက္ကမံ=လွန်မြောက် ချုပ်ငြိမ်းမှုကိုလည်း၊ ပဿတိ=မြင်၏၊ ဒုက္ခူပ သမဂါမိနံ=ဒုက္ခ၏ ငြိမ်းမှုသို့ ဆိုက်စေတတ်သော၊ အရိယံအဋ္ဌင်္ဂီကံ မဂ္ဂံ=အဋ္ဌင်္ဂီက အရိယမဂ်ကိုလည်း၊ ပဿတိ=မြင်၏၊ ခေါ=စင်စစ်၊ ဧတံ=ဤ အမြင်လေးချက်သည်သာ...
1,333,078
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤကား ဒိဋ္ဌသရဏဂုံတည်း။
1,333,079
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤဒိဋ္ဌသရဏဂုံသည် ထုတ်ပြခဲ့ပြီးသော ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် ကို အစဉ်လျှောက်၍ ပထမ ဒိဋ္ဌသရဏဂုံ, ဒုတိယ, တတိယ, စတုတ္ထ, ပဉ္စမ, ဆဋ္ဌ, သတ္တမ ဒိဋ္ဌသရဏဂုံဟူ၍ ခုနစ်ပါးရှိ၏၊။
1,333,080
Uncategorized
ဥတ္တမပုရိသဒီပနီ
ကောသလ္လဌာန ခုနစ်ပါးနှင့် အစဉ်အတိုင်းယှဉ်လေ။
1,333,081
Uncategorized
ဥတ္တမပုရိသဒီပနီ
ဥပမာဆိုဦးအံ့-ကြီးစွာသော နူနာစွဲကပ်၍ ဒုက္ခပြင်းစွာ ခံ နေရသော သူနှစ်ယောက်သည် ရှိသတတ်၊ နူနာကြီးမျိုးကို ပျောက် အောင်ကုစားနိုင်သော ဝိဇ္ဇာမယဆေးသမားကြီးလည်း ရှိ၏၊ တစ်ယောက် သောသူသည် ဆေးဆရာနှင့် ယူဇနာတစ်ရာ ကွာဝေး၏၊ ဆေးဆရာကြီး ကို မမြင်ဘူးပေ၊ ဆေးဆရာကြီးအထံမှ အဆင့်ဆင့် ယူဆောင်၍ ရောက်လာသော ဆေးကိုတွေ့ရ၍ ကောင်းစွာ မှီဝဲခြင်းကြောင့်...
1,333,082
Uncategorized
ဥတ္တမပုရိသဒီပနီ
တစ်ယောက်သော သူသည်ကား ဆေးဆရာကြီးအိမ်မှာ တွယ် တာ၍ နေ၏၊ ဆေးကိုမူကား ခါးသည် နံသည်ဟု မသောက်မမျို၊ ဆေးသမားကြီး၏ ဘုန်းလာဘ်ကိုမှီ၍ အစားအသောက်ကိုသာ အားထုတ်၏၊ အနာတိုးမှုသာ ရှိ၏၊ နူနာကြီးပျောက်ငြိမ်းသော သူသာ လျှင် ဆေးဆရာကြီး၏ ပညာစွမ်း ဆေး၏အစွမ်းကို ကိုယ်တွေ့ဒိဋ္ဌ သိမြင်ရသောသူ ဖြစ်၏၊ ဆေးဆရာကြီး၏ အိမ်မှာ တွယ်တာမှီကပ်၍ နေရသော သူသည်က...
1,333,083
Uncategorized
ဥတ္တမပုရိသဒီပနီ
ထို့ကြောင့်- ပြဆိုခဲ့ပြီးသော ကောသလ္လဌာန ခုနစ်ပါးတို့၌ ကောသလ္လ အဖြစ်သို့ ရောက်ခြင်းငှာ ကောင်းစွာ အားထုတ်၍နေသော သူသည် ဗုဒ္ဓသရဏဂုံ ဓမ္မသရဏဂုံ သံဃာ့သရဏဂုံကို တမင်ဆောက် တည်ဖွယ် ကိစ္စမရှိ ဘုရားသွား ဖွယ်ကိစ္စ မရှိ၊ ထိုအလုပ်ကို အားမထုတ် နိုင်သော သုတသရဏဂုံသမားတို့၏ အမှုသာတည်း၊ သုတသရဏဂုံ သမားတို့၏ သရဏဂုံသည်ကား ယနေ့ငါတို့ဘုရား တပ...
1,333,084
Uncategorized
ဥတ္တမပုရိသဒီပနီ
သတ္တမ ပြဿနာ ဖြေဆိုခန်း ပြီး၏။
1,333,085
Uncategorized
ဥတ္တမပုရိသဒီပနီ
--- အဋ္ဌမခန်း
1,333,086
Uncategorized
ဥတ္တမပုရိသဒီပနီ
“မိစ္ဆာဒိဋ္ဌိ အယူရှိသော တစ်ယောက်သောသူသည် မိမိ၏ မိစ္ဆာ အယူကို စွန့်၍ အဘယ်ကဲ့သို့သော ဗုဒ္ဓဘာသာတရားအတိုင်း လိုက်နာ နိုင်မှ ဗုဒ္ဓဘာသာ ဝင်ဟူ၍ ခေါ်ထိုက်ပါသနည်း”။
1,333,087
Uncategorized
ဥတ္တမပုရိသဒီပနီ
ဟူသောပြဿနာ၌
1,333,088
Uncategorized
ဥတ္တမပုရိသဒီပနီ
ဗုဒ္ဓဘာသာဝင်အစစ်နှင့် ၎င်းလေးမျိုး ပြားပုံ
1,333,089
Uncategorized
ဥတ္တမပုရိသဒီပနီ
ဒသဝတ္ထုက ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ် စင်ကြယ်၍ ပဋိစ္စ သမုပ္ပါဒ်တရားတို့ကို လိုက်နာမှ ဗုဒ္ဓဘာသာဝင် ဟူ၍ ခေါ်ထိုက်သည်။
1,333,090
Uncategorized
ဥတ္တမပုရိသဒီပနီ
ဒသဝတ္ထုက သမ္မာဒိဋ္ဌိ ဆိုသည်ကား--
1,333,091
Uncategorized
ဥတ္တမပုရိသဒီပနီ
၁- အတ္ထိ ဒိန္နံ။
1,333,092
Uncategorized
ဥတ္တမပုရိသဒီပနီ
၂-အတ္ထိ ယိဋ္ဌံ။
1,333,093
Uncategorized
ဥတ္တမပုရိသဒီပနီ
၃- အတ္ထိ ဟုတံ။
1,333,094
Uncategorized
ဥတ္တမပုရိသဒီပနီ
၄- အတ္ထိ သုကတ ဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော။
1,333,095
Uncategorized
ဥတ္တမပုရိသဒီပနီ
၅- အတ္ထိ အယံ လောကော။
1,333,096
Uncategorized
ဥတ္တမပုရိသဒီပနီ
၆- အတ္ထိ ပရော လောကော။
1,333,097
Uncategorized
ဥတ္တမပုရိသဒီပနီ
၇- အတ္ထိ မာတာ။
1,333,098
Uncategorized
ဥတ္တမပုရိသဒီပနီ
၈- အတ္ထိ ပိတာ။
1,333,099
Uncategorized
ဥတ္တမပုရိသဒီပနီ
၉- အတ္ထိ သတ္တာ ဩပပါတိကာ။
1,333,100
Uncategorized
ဥတ္တမပုရိသဒီပနီ
၁၀- အတ္ထိ လောကေ သမဏ ဗြာဟ္မဏာ သမ္မဂ္ဂတာ သမ္မာ ပဋိပန္နာ ယေ ဣမဉ္စ လောကံ ပရဉ္စ လောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ။