id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,333,201
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤနှစ်ပါးတို့ အားရှိအားမဲ့သို့လိုက်၍ အဝေးအနီးခွါ၍ ဆက်လက် ပေါက်ဖွားမှုကိုသိရာ၏၊ ကျမ်းဂန်တို့မှာ-ခိပနက သင်္ခါရာ၊ ခိပနက သင်္ခါရာ၊ ပစ်လွင့် တတ်သော သင်္ခါရဓမ္မတို့သည်- ဟုဆိုသည်ကား ဤမဂ္ဂပစ္စည်းတရားတို့ကို ပဓာနပြု၍ ဆိုပေသည်၊ မဂ္ဂပစ္စည်းတရားတို့ အားကောင်းပေလျှင် လူ့ဘုံမှစုတေ၍ နေဝသညာ နာသညာခေါ်သော ဘဝဂ်ဘုံမှာ ပဋိသန္ဓေ ဝိညာဏ်ကို ပေ...
1,333,202
Uncategorized
ဥတ္တမပုရိသဒီပနီ
မနောဒွါရစိတ်ဖြင့် အာရုံပြုမှုမည်သည် မြင့်မိုရ်တောင်၏ ထိုမှာ ဖက်သို့ ချက်ချင်းရောက်နိုင်၏၊ မြင့်မိုရ်တောင်ခြားမှု မရှိ၊ ရုပ်ချင်းချင်း ကိုသာ ခြားဆီးနိုင်သည်၊ ဤအတူ တစ်ခုသောဘဝမှ ချူပ်၍ တစ်ခုသော ဘဝ၌ ဆက်လက်သော နာမ်အဉ်ကို မြင့်မိုရ် မဟာပထဝီ ခြားဆီးမှု မရှိ၊ ဤသို့ ရုပ်ခန္ဓာ၏ အစွမ်းအလား တစ်ခြား၊ နာမ်ခန္ဓာ၏ အစွမ်းအလား တစ်ခြား၊ ...
1,333,203
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤသို့ ရုပ်ခန္ဓာ နာမ်ခန္ဓာတို့၏ ကွာလှမ်းချက်ကို မမြင်နိုင်ကုန်သော အကြံသမားတိုသည် လက်တွေ့ကိုယ်တွေ့ မျက်မြင် ဒိဋ္ဌဖြစ်သော ရုပ်ခန္ဓာတို့၏ အလားနှင့် နှိုင်းယှဉ်တိုင်းထွာ၍ သတ္တဝါသလောက အဖြစ်ကို ကြံကြကုန်သည့်အတွက် မိစ္ဆာဒိဋ္ဌိ အမျိုးမျိုးတို့ ဖြစ်ပွားကုန် သည်။
1,333,204
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤကား ဘာသာတစ်ပါးတို့ လှုပ်ချောက်ချားရန် အချက်ကြီး ဌာနကြီးဖြစ်၍ မလှုပ်ချောက်ချားနိုင်စေရန် အတန်ငယ် ပြဆို လိုက်သော အခန်းတည်း။
1,333,205
Uncategorized
ဥတ္တမပုရိသဒီပနီ
ဗုဒ္ဓဘာသာဝင် ဖြစ်သောသူသည် ဘာသာတစ်ပါးနှင့် စကားပြော ဆိုခဲ့လျှင် မိမိဘာသာ၌ အချက်ကျကျ ဒိဋ္ဌကိုယ်တွေ့အစေ့အစပ် သိကျွမ်းလိမ္မာ များလှသူမှသာ ပြောဆိုထိုက်သည်၊ သို့မဟုတ် ကျမ်းဂန်တွေ့ ကြားဘူးနားဝ ဗဟုဿုတမျှနှင့် ပြောဆိုခဲ့လျှင် ထိုသူ့ အတွက် ဗုဒ္ဓဘာသာကို သူတစ်ပါးတို့ မထေမဲ့မြင် မှတ်ထင် မှောက် မှားဖို့ ဖြစ်လေရာသည်။
1,333,206
Uncategorized
ဥတ္တမပုရိသဒီပနီ
သင်္ခါရမှ ပဋိသန္ဓေဝိညာဏ် ပေါက်ဖွားပုံပြီး၏၊
1,333,207
Uncategorized
ဥတ္တမပုရိသဒီပနီ
၄။ နာမ်ရုပ်
1,333,208
Uncategorized
ဥတ္တမပုရိသဒီပနီ
နာမ်ဆိုသည်ကား--ဝေဒနာ သညာ သင်္ခါရ ဟုဆိုအပ်သော စေတသိက် ခန္ဓာ သုံးပါးတည်း၊ ရုပ်ဆိုသည်ကား--မြေ ရေ လေ မီး စသောရုပ်ခန္ဓာတည်း၊ ဝိညာဏ်ဆိုသောတရားသည် ပရမတ္ထဓမ္မစုတွင် ဇေဋ္ဌ သေဋ္ဌ ပဓာန ပမုခ အစိုးရ အချုပ်အခြာ ရာဇာခေါ်ရသော ဓာတ်ကြီးပေတည်း။
1,333,209
Uncategorized
ဥတ္တမပုရိသဒီပနီ
ဆဒွါရာဓိပတိရာဇာ ဟူ၍ ဟောတော်မူ ပေသည်၊ ဇေဋ္ဌ သေဋ္ဌ ပဓာန ဖြစ်ပုံကို ရှေး၌ ပြဆိုခဲ့ပြီ။
1,333,210
Uncategorized
ဥတ္တမပုရိသဒီပနီ
ရုပ် နာမ် ခန္ဓာ ဖြစ်ပွားပုံ
1,333,211
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤလူ့ပြည်မှ ကုသိုလ်ပုည အားကြီးသောသူသေ၍ တာဝတိံသာ နတ် ပြည်မှာ ဖြစ်သောအခါ ဖြစ်သည်နှင့်တစ်ပြိုင်နက် ကိုယ်ရောင် ကိုယ်ဝါလည်း အပြီးပါ၏၊ ဘုံဗိမာန်လည်း အပြီးပေါက်၏၊ ဤဥပမာ အတိုင်း ဝိညာဏ် ဖြစ်ပေါ်လျှင် ဝေဒနာလည်း ဖြစ်ပေါ်တော့ သည်၊ သညာလည်းဖြစ်ပေါ်တော့သည်၊ ဖဿ စေတနာ အစရှိသော သင်္ခါရစု လည်း ဖြစ်ပေါ်တော့သည်၊ ဝိညာဏ်၏မှီရာ ဝတ္ထုရုပ်နှင့်တ...
1,333,212
Uncategorized
ဥတ္တမပုရိသဒီပနီ
- ကလလရေကြည် ခုနစ်ရက်၊
1,333,213
Uncategorized
ဥတ္တမပုရိသဒီပနီ
- အမြှုပ် ခုနစ်ရက်၊
1,333,214
Uncategorized
ဥတ္တမပုရိသဒီပနီ
- သွေးခဲ ခုနစ်ရက်၊
1,333,215
Uncategorized
ဥတ္တမပုရိသဒီပနီ
- အသားခဲ ခုနစ်ရက်၊
1,333,216
Uncategorized
ဥတ္တမပုရိသဒီပနီ
ဦးခေါင်း ခြေလက် ခက်မငါးဖြာ သတ္တဟပေါင်း ခုနစ်၊ ၁၁- သတ္တာဟ ရှိပြီ၊ ရက်ပေါင်း--၇၇၊ ထိုအခါမှ စက္ခုအကြည် သောတ အကြည် ဃာနအကြည် ဇိဝှါအကြည် ဤအကြည်ကြီးလေးပါးတို့သည် ဖြစ်ပေါ်ကုန်၏၊ ကာယအကြည် မနောအကြည်တို့သည်ကား ပဋိသန္ဓေ အခါကပင်ပါခဲ့ပြီ။
1,333,217
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤကား ရုပ်ခန္ဓာ ဖြစ်ပွားပုံတည်း။
1,333,218
Uncategorized
ဥတ္တမပုရိသဒီပနီ
ဥရောပတိုက်သား ဆေးဆရာတို့ကား မှန်ဘီလူးကို ဆရာလုပ်ရ သည် ဖြစ်၍သိမ်မွေ့လှစွာသော ဓာတ်နုတို့ကို မသိရှာကြကုန်ပြီ၊ သွေးအထူးအထွေ၊ သွေးကြော လေကြော အထူးအထွေကို အစွဲပြု၍ သိမှု မြင်မှု မိုက်မှု လိမ်မာမှု အလုံးစုံကို ပညတ်ကြကုန်၏။
1,333,219
Uncategorized
ဥတ္တမပုရိသဒီပနီ
နာမ်ရုပ်ပြီး၏၊
1,333,220
Uncategorized
ဥတ္တမပုရိသဒီပနီ
၅-သဠာယတန စက္ခုအကြည် သောတအကြည် ဃာနအကြည် ဇိဝှာအကြည် ကာယအကြည် မနောအကြည် ဤအကြည်ဓာတ် ခြောက်ပါးကို သဠာယတနဆိုသည် ဤခြောက်ပါးတွင် ရှေ့အကြည်ငါးပါးသည် ပြဆိုခဲ့ပြီးသော ရုပ်တွင်ပါဝင်၏၊ မနောအကြည်သည်ပဝတ္တိ ဝိညာဏ်ပင် တည်း၊ ထို့ကြောင့် ဝိညာဏ်အင်္ဂါ နာမ်ရုပ် အင်္ဂါတွင် သဠာယတနသည် ပါဝင်ပြီးဖြစ်၏၊ ထိုသို့ဖြစ်ပါလျက် အသီးအခြား ပဉ္စမအင်္ဂါပြု...
1,333,221
Uncategorized
ဥတ္တမပုရိသဒီပနီ
ထို့ကြောင့် သဠာယတနသံယုတ်ပါဠိတော်၌
1,333,222
Uncategorized
ဥတ္တမပုရိသဒီပနီ
ကတမော စ ဘိက္ခဝေ လောကသမုဒယော။
1,333,223
Uncategorized
ဥတ္တမပုရိသဒီပနီ
၁။ စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖေဿာ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာ ပစ္စယာ တဏှာ၊ တဏှာပစ္စယာ ပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာ မရဏံ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊ ဧဝ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။
1,333,224
Uncategorized
ဥတ္တမပုရိသဒီပနီ
၂။ သောတဉ္စ ပဋိစ္စ သဒ္ဒေ စ ဥပ္ပဇ္ဇတိ သောတဝိညာဏံ တိဏ္ဏံ သင်္ဂတိ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ (လ) သမုဒယော ဟောတိ။
1,333,225
Uncategorized
ဥတ္တမပုရိသဒီပနီ
၃။ ဃာနဉ္စ ပဋိစ္စ ဂန္ဓေစ ဥပ္ပဇ္ဇတိ ဃာနဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖေဿာ ဖဿပစ္စယာ ဝေဒနာ (လ) သမုဒယော ဟောတိ။
1,333,226
Uncategorized
ဥတ္တမပုရိသဒီပနီ
၄။ ဇိဝှဉ္စ ပဋိစ္စ ရသေစ ဥပ္ပဇ္ဇတိ ဇိဝှါဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ (လ)သမုဒယော ဟောတိ။
1,333,227
Uncategorized
ဥတ္တမပုရိသဒီပနီ
၅။ ကာယဉ္စ ပဋိစ္စ ဖောဋ္ဌဗ္ဗေစ ဥပ္ပဇ္ဇတိ ကာယဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ (လ) သမုဒယော ဟောတိ။
1,333,228
Uncategorized
ဥတ္တမပုရိသဒီပနီ
၆။ မနဉ္စ ပဋိစ္စ ဓမ္မေစ ဥပ္ပဇ္ဇတိ မနောဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ (လ) သမုဒယော ဟောတိ၊ အယံ ဝုစ္စတိ ဘိက္ခဝေ လောကသမုဒယော။
1,333,229
Uncategorized
ဥတ္တမပုရိသဒီပနီ
ဘိက္ခဝေ=ရဟန်းတို့၊ လောကသမုဒယော=လူသတ္တဝါ ခန္ဓာငါးပါး တဖွားဖွား ဖြစ်ပေါ်ပုံဟူသည်၊ ကတမောစ=အဘယ်နည်းဟူမူကား၊ စက္ခုဉ္စ=မျက်စိကိုလည်းကောင်း၊ ရူပေစ=ရုပါရုံတို့ကိုလည်းကောင်း၊ ပဋိစ္စ=စွဲ၍၊ စက္ခုဝိညာဏံ=မြင်သိ စိတ်သည်၊ ဥပ္ပဇ္ဇတိ=ဖြစ်၏၊ တိဏ္ဏံ= စက္ခုဝတ္ထု ရူပါရုံ စက္ခုဝိညာဏ်ဟူသော ဓာတ်သုံးပါးတို့၏၊ သင်္ဂတိ= ပေါင်းဆုံစည်းဝေး လုံးထွေး...
1,333,230
Uncategorized
ဥတ္တမပုရိသဒီပနီ
ဆိုရိုးပေးရိုးအတိုင်း ပေးလေ။
1,333,231
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤဝေဒနာဖြင့် သတ္တဝါတစ်ယောက်၏ ခြောက်ဒွါရမှ ပဋိစ္စသမုပ္ပါဒ် ခြောက်သွယ် ထွက်သည်ကို ပြတော်မူသည်၊ ယခုငရဲဘုံ၌ရှိသော သတ္တဝါ တို့ကို ခြောက်ပုံစု
1,333,232
Uncategorized
ဥတ္တမပုရိသဒီပနီ
၁။ တစ်စုကား စက္ခုပေါက်မှထွက်သော ပဋိစ္စသမုပ္ပါဒ်ဓာတ် ရထားနှင့် ကျလေ ရောက်လေသောအစုတည်း။
1,333,233
Uncategorized
ဥတ္တမပုရိသဒီပနီ
၂။ တစ်စုကား သောတပေါက်မှထွက်သော (လ) အစုတည်း။
1,333,234
Uncategorized
ဥတ္တမပုရိသဒီပနီ
၃။ တစ်စုကား ဃာနပေါက်မှထွက်သော။
1,333,235
Uncategorized
ဥတ္တမပုရိသဒီပနီ
(လ)အစုတည်း။
1,333,236
Uncategorized
ဥတ္တမပုရိသဒီပနီ
၄။ တစ်စုကား ဇိဝှါပေါက်မှထွက်သော (လ)အစုတည်း။
1,333,237
Uncategorized
ဥတ္တမပုရိသဒီပနီ
၅။ တစ်စုကား ကာယပေါက်မှထွက်သော (လ) အစုတည်း။
1,333,238
Uncategorized
ဥတ္တမပုရိသဒီပနီ
၆။ တစ်စုကား မနောပေါက်မှထွက်သော ပဋိစ္စသမုပ္ပါဒ် ဓာတ်ရထားနှင့် ကျလေ ရောက်လေသော အစုတည်း။
1,333,239
Uncategorized
ဥတ္တမပုရိသဒီပနီ
စက္ခု ရထားရုံမှ ထွက်သော ဓာတ်ရထား၊ သောတ ရထားရုံမှ ထွက်သော ဓာတ်ရထား ဟူ၍လည်းဆိုလေ၊ စက္ခုဆိပ်မှ ထွက်လေသော စက်သင်္ဘော၊ သောတဆိပ်မှ ထွက်လေသော စက်သင်္ဘောဟူ၍လည်း ဆိုလေ။
1,333,240
Uncategorized
ဥတ္တမပုရိသဒီပနီ
နာမ်ခန္ဓာတို့၏ သမုဒယမှုသည် တစ်ခြား၊ ရုပ်ခန္ဓာတို့၏ သမုဒယ မှုသည် တစ်မှုခြား၊ ရုပ်ခန္ဓာ၌ ညောင်စေ့ငယ်တစ်ခုမှ ညောင်ပင်ကြီး တစ်ခုဖြစ်၏၊ ညောင်ပင်ကြီး အသီးအစေ့တို့မှ ထိုညောင်ပင်ကြီးရှိစဉ်ပင် ညောင်ပင်ပေါင်း တစ်သောင်းမက ပွားနိုင်၏၊ သတ္တဝါတို့ ကံတည်း ဟူသော မျိုးစေ့မှာမူကား ဘဝတစ်ခုဆုံးမှ ဘဝတစ်ခုသာ ပေါက်ပွား၏၊ ထိုကြောင့် ဤသတ္တဝါတိ...
1,333,241
Uncategorized
ဥတ္တမပုရိသဒီပနီ
ဖြစ်ပုံကား-- သာယာလောက်သော သူတစ်ပါးသိမ်းပိုက်သော အထည် ဒြဗ်မျိုးကို မြင်လိုက်ရာအဇ္ဈတ္တစက္ခုနှင့် ဗဟိဒ္ဓရူပါရုံ ပေါင်းဆုံမိ သည်နှင့် တစ်ပြိုင်နက် စက္ခုဝိညာဏဓာတ် ဖြစ်ပေါ်၏၊။
1,333,242
Uncategorized
ဥတ္တမပုရိသဒီပနီ
စက္ခုဉ္စ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ-ပါဠိတော်အရတည်း။
1,333,243
Uncategorized
ဥတ္တမပုရိသဒီပနီ
မီးခတ်နှင့်ကျောက် ထိခိုက်ရာ မီးပွင့်ဖြစ်ပေါ်သလိုမှတ်၊ ထို ဝိညာဏ် ဖြစ်ပေါ်သည်နှင့်တစ်ပြိုင်နက် စက္ခုအဆင်းသဏ္ဌာန် ဝိညာဏ် ၃-ပါး လုံးထွေးမိရန် ဖဿဓာတ်လည်းပေါ်၏၊ တိဏ္ဏံ သင်္ဂတိ ဖေဿာ အရတည်း။
1,333,244
Uncategorized
ဥတ္တမပုရိသဒီပနီ
ဝိညာဏ်သည် ဖဿတည်းဟူသောလက်ဖြင့် ထိုအဆင်းသဏ္ဌာန် ကို ပွေ့ဖက်သကဲ့သို့ ယူ၏၊ ဖဿလည်း ပွေ့ဖက်သော လက်နှင့်တူ၏၊ ဖဿပွေ့ဖက်သည်နှင့်တစ်ပြိုင်နက် ထိုအဆင်းသဏ္ဌာန်၏ရသကို ခံစားမှု ဟူသောဝေဒနာသည် ဖြစ်ပေါ်၏၊ ဖဿပစ္စယာ ဝေဒနာ အရတည်း။
1,333,245
Uncategorized
ဥတ္တမပုရိသဒီပနီ
ညှိုး၍နေသောကြာပန်းကို အေးမြသောရေနှင့် သွန်းလောင်းရာ ကြာပန်း၏ ရွှင်လန်းမှုကဲ့သို့ စိတ်၏ ရွှင်လန်းမှုကို ဝေဒနာဆိုသည်၊ ဝေဒနာပေါ်၍ အရသာ ရှိမှန်း သိသည့်အခါ ထိုအာရုံ၌ တွယ်တာ ကပ်စေးသော စိတ်အစေးပေါ်၍လာ၏၊ မလွှတ်ချင်မှု မကွာချင်မှုတည်း၊ ဝေဒနာပစ္စယာ တဏှာ အရတည်း။
1,333,246
Uncategorized
ဥတ္တမပုရိသဒီပနီ
ဘုရားရဟန္တာတို့၏ စိတ်၌ကား ဤအစေးမရှိပြီ၊ ဝေဒနာပေါ်၍ အရသာရှိမှန်း သိသော်လည်း သာယာတွယ်တာ ကပ်စေးသော စိတ် အစေး မပေါက်မူ၍ အပြစ်ဒေါသ အာဒီနဝသညာသည်သာ ဖြစ်ပေါ်၏။
1,333,247
Uncategorized
ဥတ္တမပုရိသဒီပနီ
ဥပမာကား---- အဗ္ဘန္တရ သရက်သီးနှင့် အဆင်းအနံ့အရသာ တူသော အဆိပ်သီးကိုတွေ့မြင်ကြရာ၌ ထိုအသီး၏ အပြစ်ကို မသိသော သူအား အဆင်း အနံ့အရသာအတွက် ထိုအသီး၌ နှစ်သက်တွယ် တာခြင်းဖြစ်၏၊ အသီး၏ အပြစ်ကို သိပြီးသောသူအား အဆင်းအနံ့ အရသာအတွက် အဆိပ်သီးဟု ချက်ချင်းသိ၍ ရယ်ဖွယ် ကြောက် ဖွယ်ဟူသော စိတ်ဖြစ်၍သွား၏၊။
1,333,248
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤကား အဆင်းကို မြင်ရာ၌ ကိလေသာ ရှိ,မရှိသော စိတ်နှစ်မျိုးတို့၏ ထူးခြားပုံတည်း။
1,333,249
Uncategorized
ဥတ္တမပုရိသဒီပနီ
မျောက်ထောင်သော မျောက်နှဲစေး၏ ကပ်ငြိမှုကိုလည်း ဥပမာဆို။
1,333,250
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုအဆင်းသဏ္ဌာန်ကို အဖန်ဖန် ကြည့်ဖန်များလတ်သော် ထို တဏှာသည် ထိုအာရုံ၌ အမျိုးမျိုး ပြန့်ပွား၍ ထိုအာရုံဝယ် ညောင် မြစ်တွယ်သကဲ့သို့ တဏှာ မြစ်တွယ်လေ၏၊ အဆင့်ဆင့် အမြစ်ပွါးများ စည်ကားခိုင်ဖြီး ကြီးကျယ်၍သွား လေ၏၊ ကြီးကျယ်ပုံကို နောက်မှဆိုအံ့၊ အမြစ်တွယ်သော တဏှာကို ကာမုပါဒါန် ဆိုသည်။
1,333,251
Uncategorized
ဥတ္တမပုရိသဒီပနီ
တဏှာ ပစ္စယာ ဥပါဒါနံ အရတည်း။
1,333,252
Uncategorized
ဥတ္တမပုရိသဒီပနီ
အမြစ် တွယ်မှုမှာလည်း တဏှာစရိုက်ကို လိုက်စားရင်းရှိသော သူအား ခဏချင်း အမြစ်တွယ်နိုင်၏၊ မိမိသန္တက၌ တွယ်သော ဥပါဒါန် မူကား-- သံသရာဝဋ်မှ မကျွတ်နိုင်အောင် ဖွဲ့နှောင်ချည်တုပ်၏၊ အပါယ် သို့ချသော အမှုမျိုးမဟုတ်၊ ပရသန္တက၌ဖြစ်သော ဥပါဒါန်သည်လည်း ပရသန္တကအနေအတိုင်းနှင့်ဖြစ်မူ အပါယ်သို့ မချနိုင်သေး၊ ဥပါဒါန်မှာ စေတနာဖက်တွဲ၍ ငါ၏သန္တကဖြစ်...
1,333,253
Uncategorized
ဥတ္တမပုရိသဒီပနီ
ဥပါဒါန ပစ္စယာ ဘဝေါ အရတည်း။
1,333,254
Uncategorized
ဥတ္တမပုရိသဒီပနီ
တစ်ဖန် ထိုသန္တက၏ အရှင်သည် သေပါမူ ကောင်းလေစွ သေပါ လေစေ၊ သေပါမူ ဤသန္တကကို ငါယူရလေ၏ဟု ကြံမိပြန်မူ ဗျာပါဒ ကမ္မပထ ဖြစ်ပြန်၏၊ ဤလည်း အပါယ်သွား မီးစက် ရထားတစ်ခုတည်း၊ ဤသို့ စိတ်ထဲတွင် ကြံဖန်သော အဘိဇ္ဈာမှုကို အပါယ်သို့ချတတ်သော အကုသိုလ်ကံမှုဟု လောက၌ သမဏ ဗြာဟ္မဏတို့ ပညတ်ဟောပြော ကြ၏-မဟုတ်၊ ကံဟူ၍မရှိ၊ ထိုသို့ကြံသည့်အတွက် နောင်မကောင်...
1,333,255
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤသို့ဖြစ်သော ဒုစ္စရိုက်စေတနာ ဆယ်ပါးတို့ကို ဥပါဒါနပစ္စယာ ဘဝေါ ၌ ဘဝ ဆိုသတည်း။
1,333,256
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤသည်ကား စက္ခုဒွါရဟူသော မီးရထားရုံကြီးမှာ တစ်နေ့ တစ်နေ့လျှင် အခါများစွာ ထမြောက်ပြီးစီးလျက် ထင်းမီး အပြည့်နှင့် ရှိနေသော အပါယ်သွား မီးရထား ဆယ်မျိုးဖြစ်ပုံတည်း။
1,333,257
Uncategorized
ဥတ္တမပုရိသဒီပနီ
ကြွင်းသော ငါးဒွါရတည်းဟူသော မီးရထား ရုံကြီး ငါးရုံတို့မှာလည်း ဤနည်းတူမြင်လေ။
1,333,258
Uncategorized
ဥတ္တမပုရိသဒီပနီ
သုဂတိသွား မီးရထား ၆-မျိုးလည်း ထိုအာရုံကြီး ၆-ဌာနမှပင် ထွက်၏၊ ယခုပစ္စုပ္ပန်တွင် နေ့စဉ်ဖြစ်ပွား၍ နေကြပုံပြဆိုသော အခန်း ဖြစ်၍ ဇာတိသို့ ဆိုက်အောင် မဆိုလိုက်သည်၊ တစ်ခုတစ်ခုသော ဒွါရမှ ဒုစ္စရိုက်ရထားဆယ်စင်း၊ သုစရိုက်ရထား ဆယ်စင်း၊ ဒုစ္စရိုက် ရထားစုကား အပါယ်လေးဘုံ တစ်ခွင်လုံးကို အနှံ့သွား၏၊ သုစရိုက် ရထားစုကား လူ့ပြည်၊ နတ်ပြည် ၆...
1,333,259
Uncategorized
ဥတ္တမပုရိသဒီပနီ
သဠာယတနပြီး
1,333,260
Uncategorized
ဥတ္တမပုရိသဒီပနီ
၆။ ဖဿအင်္ဂါ၊ ၇။
1,333,261
Uncategorized
ဥတ္တမပုရိသဒီပနီ
ဝေဒနာအင်္ဂါ၊ ၈။
1,333,262
Uncategorized
ဥတ္တမပုရိသဒီပနီ
တဏှာအင်္ဂါ၊ ၉။
1,333,263
Uncategorized
ဥတ္တမပုရိသဒီပနီ
ဥပါဒါန်အင်္ဂါ၊ ၁၀။
1,333,264
Uncategorized
ဥတ္တမပုရိသဒီပနီ
ဘဝအင်္ဂါ၊ ဤအင်္ဂါငါးပါးတို့မှာ သဠာယတန ၆-ပါးတို့မှာ ဒုဂ္ဂတိသွား သုဂတိသွား ရထား၆-စင်းကို ဆိုလိုက်သော စကားရပ်တွင် ပါဝင်လေပြီ။
1,333,265
Uncategorized
ဥတ္တမပုရိသဒီပနီ
၉-ဥပါဒါန် ဥပါဒါန်မှု ကြီးကျယ်ပုံမျှကို ဆိုလိုက်အံ့၊ ဉာဏ်မနိုင် ဉာဏ်မနှံ့ခဲ့လျှင် ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂-ပါးက အလွန်နည်း၍ လူ့လောက သံသရာမှုက အလွန် ကြီးကျယ်၍ နေတတ်သည်၊ လောကဓာတ် သံသရာ ကြီးကျယ် သမျှကို ပဋိစ္စ သမုပ္ပါဒ်အင်္ဂါ ၁၂-ပါးနှင့် နိုင်အောင်မြင်ရလိမ့်မည်၊ မနိုင်၍ လောကဖက်က ပိုမိုသမျှသည် မိစ္ဆာဒိဋ္ဌိ သက္ကာယဒိဋ္ဌိတို့ချ...
1,333,266
Uncategorized
ဥတ္တမပုရိသဒီပနီ
ဝိညာဏ် နာမ်ရုပ် ဤအင်္ဂါ ၂-ပါးနှင့် ယခုရှိကြသော လူ့ခန္ဓာ နတ်ခန္ဓာ ဗြဟ္မာ့ခန္ဓာ အပါယ်ခန္ဓာ အထည်ဝတ္ထုစု အကုန်နိုင်အောင်မြင် ရမည်၊ အထည်ဖြစ် အင်္ဂါ ၂-ပါးတည်း၊ သဠာယတန ဖဿ ဝေဒနာ ဤအင်္ဂါသုံးပါးကား သတ္တဝါ အထည်မှာ ခြယ်လှယ်သော အမွမ်းတင် သော အင်္ဂါသုံးပါးတည်း၊ တဏှာ ဥပါဒါန် ဘဝ ဤအင်္ဂါသုံးပါးကား သတ္တဝါအထည်တွင် အမွမ်းတင် ၃-ပါးတို့မှထွ...
1,333,267
Uncategorized
ဥတ္တမပုရိသဒီပနီ
ဝဲကြီးသန္တာန်-ဥပါဒါန်
1,333,268
Uncategorized
ဥတ္တမပုရိသဒီပနီ
လူ့စည်းစိမ် နတ်စည်းစိမ် သိကြားစည်းစိမ်တို့၌ ညောင်မြစ်သဖွယ် အမြစ်တွယ်ကာ တွယ်ကာကပ်ငြိသော လောဘတဏှာသည် ကာမုပါဒါန် မည်၏၊ ဗလဝါမုခ ဝဲစက်ကြီးနှင့်တူ၏၊ ဗလဝါမုခ ဝဲဂယက်မိသော လှေသင်္ဘောဟူသမျှ တို့သည် မဟာအဝီစိအပြင်သို့ ဆင်းသွားသော ရေကြောင်းသို့သာ ပါကြရလေကုန်၏၊ ဤအတူ အနမတဂ္ဂသံသရာမှာ လူ့စည်းစိမ် နတ်စည်းစိမ်တို့၌ ကာမုပါဒါန် အမြစ်တွယ်၍န...
1,333,269
Uncategorized
ဥတ္တမပုရိသဒီပနီ
ခြောက်ဒွါရမှာ ထင်တွေ့လာသော အာရုံ ၆-ပါးကို သာယာသော တဏှာသည် ဗလဝါမုခဝဲ၏ အစွန်အဖျားဖြစ်သော လှိုင်းဂယက်နှင့် တူ၏၊ ရုန်းနိုင်ခွင့် ရှိသေး၏၊ ထွက်နိုင်ခွင့်ရှိသေး၏၊ ထိုတွင် မရုန်းမထွက် မူ၍ ဝဲလှိုင်းထဲသို့ ရောက်ခဲ့လျှင် မထွက်နိုင်ပြီ၊ အဝီစိသို့သာ ပါရသကဲ့သို့ ဥပါဒါန်နယ်သို့ ရောက်ခဲ့လျှင် သံသရာဖက်သို့သာ ပါရလေတော့သည်။
1,333,270
Uncategorized
ဥတ္တမပုရိသဒီပနီ
ကာမုပါဒါန်ပြီး၏။
1,333,271
Uncategorized
ဥတ္တမပုရိသဒီပနီ
ဒိဋ္ဌုပါဒါန်ဆိုသည်ကား ခိုင်မြဲခြင်းသို့ ရောက်သော ၆၂- ပါးသော ဒိဋ္ဌိမျိုး၊ သုံးပါးသော မိစ္ဆာဒိဋ္ဌိကြီး၊ ယခု ကာလရှိနေကြသော လောကကို ထာဝရဘုရား ဖန်ဆင်းသည်ဟူသော ဝိသမဟေတုဒိဋ္ဌိမျိုး သည် ဒိဋ္ဌုပါဒါန်မည်၏။
1,333,272
Uncategorized
ဥတ္တမပုရိသဒီပနီ
သီလဗ္ဗတုပါဒါန်ဆိုသည်ကား နွားအမူအရာ ခွေးအမူ အရာတို့သည် သံသရာမှလွတ်ရန် အခွင့်ဟုယူသောဒိဋ္ဌိတည်း၊ သက္ကာယ ဒိဋ္ဌိသည် အတ္တဝါဒုပါဒါန်မည်၏၊။
1,333,273
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤသက္ကာယဒိဋ္ဌိကိုကား အထက်၌ ပြဆိုခဲ့လှပြီ။
1,333,274
Uncategorized
ဥတ္တမပုရိသဒီပနီ
ဥပါဒါန်ပြီး၏။
1,333,275
Uncategorized
ဥတ္တမပုရိသဒီပနီ
၁၀-ဘဝ ဘဝဆိုသည်ကား--ကမ္မဘဝ ဥပပတ္တိဘဝဟူ၍ နှစ်ပါးရှိ၏၊ ပြဆိုခဲ့ပြီးသော သုစရိုက်ဆယ်ပါး ဒုစ္စရိုက်ဆယ်ပါးသည် ကမ္မဘဝမည်၏၊ ထို သုစရိုက်တို့၏ အကျိုးဖြစ်သော နောက်နောက်ဘဝ၌ ဖြစ်ပေါ် လတ္တံ့သည့် လူ့ခန္ဓာ နတ်ခန္ဓာ ဗြဟ္မာ့ခန္ဓာစုသည်လည်းကောင်း၊ ဒုစ္စရိုက် တရားတို့၏ အကျိုးဖြစ်သော နောက်နောက်ဘဝတို့၌ ဖြစ်ပေါ်လတ္တံ့ သော ငရဲခန္ဓာ တိရစ္ဆာန်ခန...
1,333,276
Uncategorized
ဥတ္တမပုရိသဒီပနီ
ဘဝပြီး၏။
1,333,277
Uncategorized
ဥတ္တမပုရိသဒီပနီ
၁၁-ဇာတိ ၁၂-ဇရာမရဏ
1,333,278
Uncategorized
ဥတ္တမပုရိသဒီပနီ
ဇာတိဆိုသည်ကား- နောက်နောက်ဘဝတို့၌ ခန္ဓာအသစ် ဖြစ်ပေါ်မှုတည်း၊ ဇရာမရဏဆိုသည်ကား- ဖြစ်ဖြစ်သမျှသော ခန္ဓာတို့၏ အိုမင်းမှည့်ရွှမ်း ဟောင်းနွမ်းဆွေးမြည့်ခြင်း အမှုသည် ဇရာမည်၏၊ ပျောက်ကွယ်ပျက်ပြုန်း သေဆုံး ကုန်ခန်းမှုသည် မရဏ မည်၏။
1,333,279
Uncategorized
ဥတ္တမပုရိသဒီပနီ
ဇာတိ ဇရာ မရဏပြီး၏။
1,333,280
Uncategorized
ဥတ္တမပုရိသဒီပနီ
--- ပဋိစ္စသမုပ္ပါဒ်၌ ခဲရာခက်ဆစ်
1,333,281
Uncategorized
ဥတ္တမပုရိသဒီပနီ
အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိဇရာမရဏ၊ (နှုတ်တက်ရွရွရစေ။
1,333,282
Uncategorized
ဥတ္တမပုရိသဒီပနီ
) အဝိဇ္ဇာ သင်္ခါရ ဤနှစ်ပါးကား ယခုပစ္စုပ္ပန်ဘဝကို ဖန်ဆင်းသော ရှေးရှေးဘဝရှိ တရားစုပေတည်း၊ ဤသတ္တဝါအပေါင်းကို မည်သူ ဖန်ဆင်းသလဲဆိုလျှင် အဝိဇ္ဇာသင်္ခါရ ဖန်ဆင်းသည်ဟုပြော၊ အဝိဇ္ဇာ သင်္ခါရမှတစ်ပါး ဖန်ဆင်းသူဟူ၍ မရှိပြီ၊ အဝိဇ္ဇာသင်္ခါရတို့ကို ပြဆိုခဲ့ပြီ။
1,333,283
Uncategorized
ဥတ္တမပုရိသဒီပနီ
ယခုဘဝမှ သေလွန်လျှင် ဘာဖြစ်သလဲဟုဆိုသော် ဇာတိဖြစ်သည် ဟုပြော၊ ဇာတိဆိုသည်ကား နောက်ဘဝ ပဋိသန္ဓေပင်တည်း၊ ဝိညာဏ်မှစ၍ ဘဝတိုင်အောင် အလယ်အင်္ဂါရှစ်ပါးကား ပစ္စုပ္ပန်ဘဝ တစ်ခုလုံးတည်း၊ အနမတဂ္ဂ သံသရာမှာ တစ်ခုတစ်ခုသော ဘဝကို ပစ္စုပ္ပန်ထား၊ ထိုပစ္စုပ္ပန်ဘဝကို ဖန်ဆင်းသူကား အဝိဇ္ဇာ သင်္ခါရတည်း။
1,333,284
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုပစ္စုပ္ပန်ဘဝဆုံးပြန်လျှင် ဇာတိသို့အမြဲဆိုက်၏၊ ဇာတိဆိုလျှင် ပစ္စုပ္ပန် တစ်ဘဝရပြန်၏၊ အဝိဇ္ဇာနှင့်တဏှာ မကုန်သမျှသည် အနမတဂ္ဂသံသရာသွား၏။
1,333,285
Uncategorized
ဥတ္တမပုရိသဒီပနီ
အဝိဇ္ဇာသင်္ခါရကိုပြတော်မူသည်ကား ဤလောကကို အဝိဇ္ဇာ သင်္ခါရတို့မှတစ်ပါး ဖန်ဆင်းသူဟူ၍ မရှိကြောင်းကို ပြတော်မူပေသည်၊ နောက် အနာဂတ် ဇာတိကိုဟောတော်မူသည်ကား တဏှာ ဥပါဒါန်ရှိသမျှသည် ဘယ်နည်းနှင့်မှ ဘဝ သံသရာ အဆုံးသတ်သည် မရှိဟု ပြတော်မူသည်။
1,333,286
Uncategorized
ဥတ္တမပုရိသဒီပနီ
အဝိဇ္ဇာသင်္ခါရဆိုသည်ကား ဝိညာဏ်စသော ပစ္စုပ္ပန် အင်္ဂါရှစ်ပါးရှိသော သန္တာန်၌သာရှိ၏၊ အလွတ်သန္တာန်၌မရှိ၊ ထို့ကြောင့် အဝိဇ္ဇာ သင်္ခါရရှိရာမှာ အင်္ဂါရှစ်ပါးရှိမြဲဖြစ်ပြန်၏၊ ထိုအင်္ဂါရှစ်ပါးသည်လည်း ထိုမှရှေ့ဖြစ်သော အဝိဇ္ဇာ သင်္ခါရ ဖန်ဆင်းသူ ရှိရပြန်၏၊ အနမတဂ္ဂ အတိတ်သံသရာသွားလေ၏၊ သတ္တဝါသည် အစရှိရာ၏ ဟူသော မိစ္ဆာဝိတက် ပျောက်ကင်းဖ...
1,333,287
Uncategorized
ဥတ္တမပုရိသဒီပနီ
ထို့ကြောင့် တစ်ယောက်တစ်ယောက်သော သတ္တဝါ၏ သံသရာ သည် တဏှာ ဥပါဒါန် ချုပ်ဆုံးမှပင် ဆုံးသည်၊ တဏှာ ဥပါဒါန် ချုပ် ဆုံးမှုကို လွှတ်၍ ဆုံးသည်မရှိ၊ တဏှာ ဥပါဒါန် ချုပ်ဆုံးမှုသည် မိမိသန္တာန်၌ သတ္တကောသလ္လဌာန၌ သမ္မာဒိဋ္ဌိ ဝိဇ္ဇာဉာဏ်ပေါ်အောင် မိမိကိုယ်ကို မိမိလုပ်မှသာလျှင် တဏှာ ဥပါဒါန်ချုပ်ဆုံးလမ်းရှိသည်၊ ဤမှတစ်ပါး တဏှာ ဥပါဒါန် ချုပ်ဆ...
1,333,288
Uncategorized
ဥတ္တမပုရိသဒီပနီ
မြတ်စွာဘုရားလည်း အင်္ဂါတစ်ဆဲ့နှစ်ပါးကို ဟောတော်မူသည်မှာ တစ်ခုသောဘဝ၏ ဖြစ်ပုံကို ဟော၍ပြတော်မူသည်၊ သမုဒ္ဒရာရေသည် ချိုသလော ငန်သလော မေးသောသူအား သမုဒ္ဒရာရေကို လက်နှင့်ယူ၍ လျှာမှာတို့၍ မြီးစေရာ၏၊ မြီးမိလျှင် သမုဒ္ဒရာလေးစင်းရေကို အငန်ဟု သိနိုင်၏။
1,333,289
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤဥပမာအတူ တစ်ခုသော ဘဝဖြစ်ပုံ သတ္တဝါဖြစ်ပုံကို နမူနာပုံစံ ထုတ်၍ ပြတော်မူသည်၊ ထို့ကြောင့် အစဆုံးဖြစ်သော အဝိဇ္ဇာကား ဘယ်မှဖြစ်သနည်းဟု ယုံမှားမပြုသင့်၊ အဝိဇ္ဇာ သင်္ခါရတို့လည်း အင်္ဂါရှစ်ပါး ရှိသော ခန္ဓာတစ်ခု ဘဝတစ်ခုမှ ဖြစ်ခဲ့သည်၊ ထိုဘဝလည်း ထိုမှ ရှေး အဝိဇ္ဇာသင်္ခါရရှိ၍ဖြစ်လေသည်၊ ထိုအဝိဇ္ဇာ သင်္ခါရတို့လည်း အင်္ဂါရှစ်ပါး ရှိသေ...
1,333,290
Uncategorized
ဥတ္တမပုရိသဒီပနီ
--- ဘေးစစ်မှန်လှ ဇရာ မရဏ
1,333,291
Uncategorized
ဥတ္တမပုရိသဒီပနီ
တေဘုမ္မက လောက၌ ဇရာဘေး မရဏဘေးသည်သာ ဘေး အစစ်တည်း၊ မိမိသိမ်းပိုက်သော အသက်ခန္ဓာဥစ္စာဝတ္ထုတို့၏ အတွင်းမှာ ဇရာဓာတ် မရဏ ဓာတ်ရှိ၍နေသောကြောင့် မီးဘေးဟူ၍ရှိရ သည်၊ ရေဘေးဟူ၍ရှိရသည်၊ ရောဂါ ဘေး အနာဘေး ဟူ၍ရှိရသည်၊ မြွေဘေး ကင်းဘေး၊ ခြင်္သေ့ သစ် ကျား ဘီလူး သဘက်ဘေးဟူ၍ရှိရသည်၊ မိမိ ကိုယ်တွင်းမှာ ဝက်ရူးနာ ရှိသောသူအား ပွဲလမ်းသဘင်မှုသည် ဘေး...
1,333,292
Uncategorized
ဥတ္တမပုရိသဒီပနီ
ဇရာ မရဏဘေး ကိုယ်တွင်းမှာ ရှိနေသည့်အတွက်ကြောင့် လောက၌ လူတို့ကိစ္စ လူတို့ဒုက္ခ ကြောင့်ကြစိုက်မှုရှိရသည်၊ ဇရာ မရဏ ဘေးရှိခြင်းကြောင့် ဒါနမှုဒုက္ခ၊ သီလမှုဒုက္ခ၊ ပညာမှုဒုက္ခ၊ ကျင့်မှုဒုက္ခ၊ ကြံမှုဒုက္ခရှိကြရသည်။
1,333,293
Uncategorized
ဥတ္တမပုရိသဒီပနီ
တေဘုမ္မကလောက၌ ဇရာဘေးမရဏဘေးသည်သာ ဘေးအစစ် တည်း၊ ဇရာမီး မရဏမီးသည်သာ မီးအစစ်တည်း၊ လှုပ်လှုပ်ရွရွမြင်သမျှ သည် ဇရာဘေး မရဏဘေးအတွက်ချည်းသာတည်း။
1,333,294
Uncategorized
ဥတ္တမပုရိသဒီပနီ
အပြောကောင်းလျှင် ဘာသာတစ်ပါးဖြစ်သူသည် မြင်နိုင်လတ္တံ့။
1,333,295
Uncategorized
ဥတ္တမပုရိသဒီပနီ
မေး။ ဇရာ မရဏသည် ဘယ်မှ ဖြစ်သနည်း။
1,333,296
Uncategorized
ဥတ္တမပုရိသဒီပနီ
ဖြေ။ ဇာတိမှ ဖြစ်သည်။
1,333,297
Uncategorized
ဥတ္တမပုရိသဒီပနီ
ဇာတိမရှိသော ဓာတ်မျိုးမှာ ဇရာ မရဏမရှိ၊ ဇာတိရှိသော ဓာတ် မျိုးမှာမှ ဇရာ မရဏရှိသည်၊ ဖြစ်ပေါ်မှုရှိသော ဓာတ်မျိုးမှာမှ ရင့်ရော် ဆွေးမြေ့မှု ပျက်ဆုံးမှု ရှိသည်ဟူလို၊ ဘာသာတစ်ပါးတို့လည်း မြင်နိုင် ရာ၏၊ ယခုလောက၌ အဇ္ဈတ္တ ဗဟိဒ္ဓသန္တာန်မှာ ဘာဖြစ်သည်၊ ဘာပေါ် သည်၊ ဘယ်အနာဖြစ်၍ လာသည်၊ ဘယ်ရောဂါဖြစ်၍ လာသည်၊ ဘယ်အမှုဖြစ်၍ လာသည်၊ ဘယ်စိတ်ဖြစ...
1,333,298
Uncategorized
ဥတ္တမပုရိသဒီပနီ
မေး။ ပဋိသန္ဓေဇာတိသည် ဘယ်မှ ဖြစ်သနည်း။
1,333,299
Uncategorized
ဥတ္တမပုရိသဒီပနီ
ဖြေ။ ကုသိုလ်ကံဟောင်း အကုသိုလ်ကံဟောင်းဟူသော ကမ္မဘဝမှ ဖြစ်သည်။
1,333,300
Uncategorized
ဥတ္တမပုရိသဒီပနီ
ကမ္မဘဝ မရှိလျှင် ဇာတိမရှိ၊ ကမ္မဘဝမှတစ်ပါး ဇာတိကိုဖြစ် အောင် ပြုနိုင်သောသူ မရှိ။