id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,333,101
Uncategorized
ဥတ္တမပုရိသဒီပနီ
(မဇ္ဈိမပဏ္ဏာသ ပါဠိတော်)
1,333,102
Uncategorized
ဥတ္တမပုရိသဒီပနီ
၁။ ပေးကမ်းကျိုးရှိ၏၊ ၂။
1,333,103
Uncategorized
ဥတ္တမပုရိသဒီပနီ
လက်ဦး လက်ဖျား ပေးလှူ ပူဇော်ကျိုး ရှိ၏၊ ၃။
1,333,104
Uncategorized
ဥတ္တမပုရိသဒီပနီ
အကြီးအကျယ် ပေးလှူပူဇော်ကျိုးရှိ၏၊ ၄။
1,333,105
Uncategorized
ဥတ္တမပုရိသဒီပနီ
သုစရိုက် ဆယ်ပါး၏ ကောင်းကျိုး ဒုစ္စရိုက်ဆယ်ပါး၏ မကောင်းကျိုးရှိ၏၊ ၅။
1,333,106
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤလူ့ဘုံ လောကသည်ရှိ၏၊ ၆။
1,333,107
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤလူ့ဘုံမှတစ်ပါး နတ်ဘုံ ငရဲဘုံရှိ၏၊ ၇။
1,333,108
Uncategorized
ဥတ္တမပုရိသဒီပနီ
အမိ၌ ကောင်းစွာ လုပ်ကျွေးမွေးမြူခြင်း ပြစ်မှား လွန်ကျူးခြင်း ကောင်းကျိုး မကောင်းကျိုး ရှိ၏၊ ၈။
1,333,109
Uncategorized
ဥတ္တမပုရိသဒီပနီ
အဖ၌ ကောင်းစွာလုပ်ကျွေး မွေးမြူခြင်း ပြစ်မှားလွန်ကျူးခြင်း ကောင်းကျိုး မကောင်းကျိုး ရှိ၏၊ ၉။
1,333,110
Uncategorized
ဥတ္တမပုရိသဒီပနီ
လောကတစ်ပါးမှ လောကတစ်ပါးသို့ ပြောင်းရွှေ့၍ ပဋိသန္ဓေစွဲနေကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ ၁၀။
1,333,111
Uncategorized
ဥတ္တမပုရိသဒီပနီ
လောက၌ အညီအညွတ်ဖြစ်ကြကုန်သော ကောင်းစွာ ကျင့်ကြ ကုန်သော ဤလောကနှင့် တမလွန်လောကကို ကိုယ်တိုင်ဒိဋ္ဌ သိ၍ မျက်မှောက်ပြု၍ ဟောကြားကြပေကုန်သော ရဟန်း ပုဏ္ဏား ဘုရား ပစ္စေကဗုဒ္ဓါ အရိယာသူတော်ကောင်းတို့သည်ရှိကုန်၏။
1,333,112
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤကား ဒသဝတ္ထုက သမ္မာဒိဋ္ဌိတည်း။
1,333,113
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤသမ္မာဒိဋ္ဌိ တည်လျှင်ပင် ဗုဒ္ဓဘာသာဝင် ဆိုရပြီ။
1,333,114
Uncategorized
ဥတ္တမပုရိသဒီပနီ
လောက၌ မိစ္ဆာဒိဋ္ဌိဟူသမျှတို့ကို ပဋိစ္စသမုပ္ပါဒ် ပညာသည် ပယ် ဖျောက်နိုင်၏၊ မိစ္ဆာဒိဋ္ဌိ အယူဟူသမျှသည် ပဋိစ္စသမုပ္ပါဒ်ပညာ မရှိသော သူတို့၌သာ ဖြစ်နိုင်၏၊ ယခုအခါ ပဋိစ္စသမုပ္ပါဒ်ကို ဓာတ်ကွဲအောင် ဓာတ် ပေါက်အောင် မြင်နိုင်သော ပညာသည် အလွန်လိုလှ၏။
1,333,115
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤကား ဗုဒ္ဓဘာသာဝင် အလတ်တည်း။
1,333,116
Uncategorized
ဥတ္တမပုရိသဒီပနီ
ဆိုအပ်ခဲ့ပြီးသော သတ္တကောသလ္လဌာန၌ ဝိပဿနာ သမ္မာဒိဋ္ဌိ ဉာဏ်ကို ရသော ပုဂ္ဂိုလ်ကား။
1,333,117
Uncategorized
ဥတ္တမပုရိသဒီပနီ
(ဗုဒ္ဓဘာသာဝင် အကြီးတည်း။
1,333,118
Uncategorized
ဥတ္တမပုရိသဒီပနီ
) ပရမတ္ထ ဗုဒ္ဓဘာသာဝင် အစစ်ကား သစ္စာလေးပါး ပေါက်ရောက် ပြီးသော သောတာပန်ပုဂ္ဂိုလ်သည်သာ ပရမတ္ထ ဗုဒ္ဓဘာသာဝင် အစစ် ပေတည်း၊ အဘယ့် ကြောင့်နည်ဟူမူကား- နောက်နောက်ဘဝတို့၌လည်း သဗ္ဗညုဗုဒ္ဓသရဏဂုံ အပြီး မြဲပေသောကြောင့်တည်း။
1,333,119
Uncategorized
ဥတ္တမပုရိသဒီပနီ
ဗုဒ္ဓဘာသာဝင် အလတ် အကြီးတို့ကား- ယခု တစ်ဘဝသာ စိတ်ချရကုန်သည်။
1,333,120
Uncategorized
ဥတ္တမပုရိသဒီပနီ
ဗုဒ္ဓဘာသာဝင် အငယ်သည်ကား တစ်နေ့တစ်ရက်မျှပင် စိတ် မချရ၊ ယနေ့ ဗုဒ္ဓဘာသာ နက်ဖြန်ခါ စာဖြူဝင်ဖြစ်နိုင်သောသူတည်း။
1,333,121
Uncategorized
ဥတ္တမပုရိသဒီပနီ
ပရမတ် ဗုဒ္ဓဘာသာဝင်မှာမူကား သေလွန်၍ ဗုဒ္ဓဘာသာ မရှိရာ မိစ္ဆာဒိဋ္ဌိ အမျိုးထဲမှာ ဖြစ်လေ၍ ဆယ်လအရွယ် တစ်နှစ်အရွယ် စကား ပြောတတ်သောအခါ ဗုဒ္ဓသရဏဂုံကို သင်စွန့်ရမည်၊ ငါတို့ကိုးကွယ်ရာ ဆရာများကို ကိုးကွယ်ရမည်၊ မကိုးကွယ်လျှင် သင်၏ ဦးခေါင်းကို ဤ သံလျက်နှင့် ဖြတ်မည်ဟု ဆိုငြားအံ့၊ ထိုသူငယ်သည် ဦးခေါင်းကိုသာ အဖြတ်ခံလတ္တံ့ ကြီးစွာသော မီး...
1,333,122
Uncategorized
ဥတ္တမပုရိသဒီပနီ
အဋ္ဌာန မေတံ ဘိက္ခဝေ အနဝကာသော ယံ ဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော အညံ သတ္ထာရံ ဥဒ္ဒိသေယျ
1,333,123
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုသူအား နိဗ္ဗာန်ယူသည်တိုင်အောင် သဗ္ဗညု ဗုဒ္ဓသာသနာသည် အမြဲ တည်လေ၏။
1,333,124
Uncategorized
ဥတ္တမပုရိသဒီပနီ
တစ်နည်း- ဗုဒ္ဓဘာသာဝင် လက္ခဏာ ဝိနည်းမှာ ဟောတော်မူ၏၊
1,333,125
Uncategorized
ဥတ္တမပုရိသဒီပနီ
ကုဒ္ဓေါ အာရာဓကော ဟောတိ၊
1,333,126
Uncategorized
ဥတ္တမပုရိသဒီပနီ
တုဋ္ဌော အနာရာဓကော။
1,333,127
Uncategorized
ဥတ္တမပုရိသဒီပနီ
ပါဠိတော်။
1,333,128
Uncategorized
ဥတ္တမပုရိသဒီပနီ
ကုဒ္ဓေါ=အမျက်ထွက်မူ၊ အာရာဓကော=အားရလောက်သည်၊ ဟောတိ=ဖြစ်၏၊ တုဋ္ဌော=နှစ်သက်သည်ရှိသော်၊ အနာရာဓကော=အား မရလောက်။
1,333,129
Uncategorized
ဥတ္တမပုရိသဒီပနီ
အဓိပ္ပါယ်ကား- တစ်ပါးသောဘာသာမှ ဗုဒ္ဓဘာသာသို့ဝင်ပါပြီ ဆိုသူကို နဂိုဘာသာဝင် ပရိသတ်အမျိုးအရိုးများအလယ်၌ အမောင်စာဖြူ အမောင် ယေရှုခရစ်ဟု ခေါ်လိုက်လျှင် အမျက်ထွက်၏၊ အမောင် ရှင်ဂေါတမ တပည့်ဟု ခေါ်ဆိုလိုက်လျှင် အလွန်ကြည်လင် ရွှင်လန်း၏၊ ဗုဒ္ဓဘာသာ၏ ဂုဏ်ကျေးဇူးကို ကြားလျှင် ကြည်လင်ရွှင်လန်း၏၊ ခရစ် စာဖြူ၏ ဂုဏ်ကျေးဇူးကို ကြားလျှင် နှ...
1,333,130
Uncategorized
ဥတ္တမပုရိသဒီပနီ
အဋ္ဌမ ပြဿနာအဖြေ ပြီး၏။
1,333,131
Uncategorized
ဥတ္တမပုရိသဒီပနီ
--- နဝမ ခန်း
1,333,132
Uncategorized
ဥတ္တမပုရိသဒီပနီ
“ဗုဒ္ဓဘာသာဝင် လူမျိုးဖြစ်သည် အားလျော်စွာ သိသင့်သိ ထိုက်သော တရား, တစ်ပါးသော ဘာသာဝင်လူမျိုးတို့ မလှုပ်ချောက်ချား စေနိုင်ခြင်းငှါ သိအပ် နှလုံးသွင်းအပ်သော တရားများကိုလည်း သိလို ပါသည်” ဟူသော နဝမ လျှောက်ချက်၌
1,333,133
Uncategorized
ဥတ္တမပုရိသဒီပနီ
ဘာသာတစ်ပါး မလှုပ်ချောက်ချားနိုင်အောင် ဗုဒ္ဓဘာသာဝင်တို့ သိအပ်သော သစ္စာ လေးပါး
1,333,134
Uncategorized
ဥတ္တမပုရိသဒီပနီ
သိသင့်သိထိုက်သော တရားမှာ အန္ဓပုထုဇန်အဖြစ်မှ လွတ်၍ ကလျာဏပုထုဇန်အဖြစ်သို့ရောက်ရန် စတုတ္ထလျှောက်ချက်မှာ ပြဆိုခဲ့ပြီး သော ခန္ဓာ အာယတန ဓာတ် ပဋိစ္စသမုပ္ပါဒ် သတိပဋ္ဌာန် စသောတရား စုသည် ဗုဒ္ဓဘာသာ မှာမှရှိသော တရားစုဖြစ်၍ ဗုဒ္ဓဘာသာဝင်ဆိုလျှင် ထိုတရားတို့ကို သိကျွမ်းလိမ္မာမှ ဗုဒ္ဓဘာသာဝင် ဆိုစလောက်သည်၊ ဒါနမှုမျိုး ငါးပါးသီလ ရှစ်ပါး...
1,333,135
Uncategorized
ဥတ္တမပုရိသဒီပနီ
သာသနာတွင်း၌ကား မြတ်သောအလှူခံ ပုဂ္ဂိုလ်အတွက် သရဏဂုံ သုံးပါး အတွက်သာ၏၊ မြတ်စွာဘုရားပွင့်မှ ရှိသောတရားကား ခန္ဓာ အာယတန ဓာတ် ပဋိစ္စသမုပ္ပါဒ်တရားစုပေတည်း၊ ထို့ကြောင့် ဗုဒ္ဓဘာသာ ဝင်ဆိုလျှင် မြတ်စွာဘုရား ပွင့်မှ ရှိသောတရားစုကို အထူးသိကျွမ်း လိမ္မာအောင် အားထုတ်ရာသတည်း။
1,333,136
Uncategorized
ဥတ္တမပုရိသဒီပနီ
(ထုတ်ပြခဲ့ပြီးသော သတ္တကောသလ္လဌာနသည် ဗုဒ္ဓဘာသာ အစစ်ပင်တည်း)
1,333,137
Uncategorized
ဥတ္တမပုရိသဒီပနီ
- ယခုဘဝ၌ ဘာသာတစ်ပါးတို့ မလှုပ် ချောက်ချားနိုင်စေခြင်းငှါ သိအပ် နှလုံးသွင်းအပ်သော တရားကား ပဋိစ္စသမုပ္ပါဒ်တရား ပေတည်း။
1,333,138
Uncategorized
ဥတ္တမပုရိသဒီပနီ
- နိဗ္ဗာန်ရသည့်တိုင်အောင် ဖြစ်လေရာဘဝ အဆက်ဆက်တို့၌ ဘာသာ တစ်ပါးတို့ မလှုပ်ချောက်ချားနိုင်စေခြင်းငှာ ထိုးထွင်း၍ သိအပ်သော တရားကား သစ္စာလေးပါးတရားပေတည်း။
1,333,139
Uncategorized
ဥတ္တမပုရိသဒီပနီ
ဘာသာတစ်ပါး မလှုပ်ချောက်ခြားနိုင်အောင် သိအပ်သော ပဋိစ္စသမုပ္ပါဒ်တရား
1,333,140
Uncategorized
ဥတ္တမပုရိသဒီပနီ
ပဋိစ္စသမုပ္ပါဒ်တရားကို အတန်ငယ်ပြဆိုဦးအံ့။
1,333,141
Uncategorized
ဥတ္တမပုရိသဒီပနီ
၁။ အဝိဇ္ဇာ၊
1,333,142
Uncategorized
ဥတ္တမပုရိသဒီပနီ
၂။ သင်္ခါရ၊
1,333,143
Uncategorized
ဥတ္တမပုရိသဒီပနီ
၃။ ဝိညာဏ်၊
1,333,144
Uncategorized
ဥတ္တမပုရိသဒီပနီ
၄။ နာမ်ရုပ်၊
1,333,145
Uncategorized
ဥတ္တမပုရိသဒီပနီ
၅။ သဠာယတန၊
1,333,146
Uncategorized
ဥတ္တမပုရိသဒီပနီ
၆။ ဖဿ၊
1,333,147
Uncategorized
ဥတ္တမပုရိသဒီပနီ
၇။ ဝေဒနာ၊
1,333,148
Uncategorized
ဥတ္တမပုရိသဒီပနီ
၈။ တဏှာ၊
1,333,149
Uncategorized
ဥတ္တမပုရိသဒီပနီ
၉။ ဥပါဒါန်၊
1,333,150
Uncategorized
ဥတ္တမပုရိသဒီပနီ
၁၀။ ဘဝ၊
1,333,151
Uncategorized
ဥတ္တမပုရိသဒီပနီ
၁၁။ ဇာတိ၊
1,333,152
Uncategorized
ဥတ္တမပုရိသဒီပနီ
၁၂။ ဇရာမရဏ။
1,333,153
Uncategorized
ဥတ္တမပုရိသဒီပနီ
ပဋိစ္စသမုပ္ပါဒ် အင်္ဂါ တစ်ဆယ့်နှစ်ပါး နှုတ်တက်ရစေ။
1,333,154
Uncategorized
ဥတ္တမပုရိသဒီပနီ
၁-အဝိဇ္ဇာ အဝိဇ္ဇာဆိုသည်ကား- ဝိဇ္ဇာ၏ဆန့်ကျင်ဖက်ဖြစ်သော မောဟ တည်း၊ သတ္တဝါတို့၏စိတ်သည် လဝန်းနေဝန်းနှင့်တူ၏၊ ဉာဏ်ခေါ်သော ဝိဇ္ဇာသည် လဝန်းနေဝန်းမှထွက်သော အရောင်နှင့်တူ၏၊ အဝိဇ္ဇာမောဟ သည် ရာဟု အသူရိန်နှင့်တူ၏၊ ရာဟုဖမ်း၍နေသောအခါ လရောင် နေရောင်ပျောက်ကွယ်၍ နေသကဲ့သို့ စိတ်ကို အဝိဇ္ဇာလွှမ်းမိုး အုပ်ဖုံး မြှေးယှက်လုံးထွေး၍ နေသောအခါ ...
1,333,155
Uncategorized
ဥတ္တမပုရိသဒီပနီ
အဝိဇ္ဇာ လေးမျိုး
1,333,156
Uncategorized
ဥတ္တမပုရိသဒီပနီ
၁။ ဒုက္ခသစ္စာ၌ ဖုံးလွှမ်းသော အဝိဇ္ဇာ၊
1,333,157
Uncategorized
ဥတ္တမပုရိသဒီပနီ
၂။ သမုဒယသစ္စာ၌ ဖုံးလွှမ်းသောအဝိဇ္ဇာ၊
1,333,158
Uncategorized
ဥတ္တမပုရိသဒီပနီ
၃။ နိရောဓသစ္စာ၌ ဖုံးလွှမ်းသော အဝိဇ္ဇာ၊
1,333,159
Uncategorized
ဥတ္တမပုရိသဒီပနီ
၄။ မဂ္ဂ သစ္စာ၌ဖုံးလွှမ်းသောအဝိဇ္ဇာ၊
1,333,160
Uncategorized
ဥတ္တမပုရိသဒီပနီ
တစ်နည်း အဝိဇ္ဇာ ၇-မျိုး
1,333,161
Uncategorized
ဥတ္တမပုရိသဒီပနီ
ပြဆိုခဲ့ပြီးသော ကောသလ္လဌာန ခုနစ်ပါးတို့တွင် ပထမကောသလ္လ ဌာန၌ ဖုံးလွှမ်းသော အဝိဇ္ဇာ၊ ဒုတိယ ကောသလ္လဌာန၌ ဖုံးလွှမ်းသော အဝိဇ္ဇာ၊ တတိယ ကောသလ္လဌာန၌ ဖုံးလွှမ်းသော အဝိဇ္ဇာ၊ စတုတ္ထ ကောသလ္လဌာန၌ ဖုံးလွှမ်းသော အဝိဇ္ဇာ၊ ပဉ္စမကောသလ္လဌာန၌ ဖုံးလွှမ်းသော အဝိဇ္ဇာ၊ ဆဋ္ဌကောသလ္လဌာန၌ ဖုံးလွှမ်းသော အဝိဇ္ဇာ၊ သတ္တမကောသလ္လဌာန၌ ဖုံးလွှမ်းသော အဝိဇ...
1,333,162
Uncategorized
ဥတ္တမပုရိသဒီပနီ
မိမိကိုယ်ဖြစ်၍နေသော ခန္ဓာငါးပါးတွင် ရူပက္ခန္ဓာသည် အကြမ်း ဆုံး တည်း၊ ရူပက္ခန္ဓာတွင်လည်း မြေဓာတ်သည်၊ အကြမ်းဆုံးတည်း၊ ထိုမြေဓာတ်ကို ကြည့်၍ စမ်း၊ တိမ်သလာထူထပ်စွာ ဖုံးလွှမ်းသော သူသည် မွန်းတည့်၍နေသော နေဝန်း လဝန်းကိုကြည့်သောအခါ မှောင်ကျ၍သာ နေလတ္တံ့၊ နေဝန်း လဝန်း အရိပ်မျှ မထင်လတ္တံ့၊ ဤအတူ စိတ်ထဲမှာ မှောင်ကျ၍နေသည်ကား အဝိဇ္ဇာတည်...
1,333,163
Uncategorized
ဥတ္တမပုရိသဒီပနီ
ကြွင်းသောရုပ်စု ကြွင်းသောခန္ဓာစု၌လည်း ဤနည်းအတိုင်း မြင်လေ၊ ခန္ဓာငါးပါးကို ပရမတ် ဓာတ်စစ်ပေါ်အောင် မြင်နိုင်သော အခါ ပထမကောသလ္လ ဝိဇ္ဇာကိုရ၏ ပထမကောသလ္လဌာန၌ ဖုံးလွှမ်းသော အဝိဇ္ဇာ ခွါရှဲ၏၊ ကြွင်းသော ကောသလ္လခြောက်ဌာန တို့၌လည်း ဝိဇ္ဇာပေါ်မှု အဝိဇ္ဇာ ခွါရှဲမှုကို မြင်လေ။
1,333,164
Uncategorized
ဥတ္တမပုရိသဒီပနီ
ဝိဇ္ဇာခုနစ်ပါးပေါ်၍ အဝိဇ္ဇာခုနစ်ပါးခွါရှဲပြီးနောက်၌ ပေါ်ပြီးသော ဝိဇ္ဇာ သမ္မာဒိဋ္ဌိမဂ်ဉာဏ်ကို အရောင်ရွှန်းရွှန်း တောက်ထွန်း၍ သွား စေခြင်းငှါ အဖန်ဖန် ပွါးများသည်ရှိသော် အဝိဇ္ဇာမှောင်ဓာတ်သည် အကြွင်းမဲ့ ကုန်ဆုံးလေ၏၊ အဝိဇ္ဇာ မှောင်ဓာတ်ကုန်ဆုံးသည်နှင့် တစ်ပြိုင် နက် သင်္ခါရ ဝိညာဏ်စသော နောက်နောက်သော ပဋိစ္စသမုပ္ပါဒ် အင်္ဂါ တစ်...
1,333,165
Uncategorized
ဥတ္တမပုရိသဒီပနီ
သစ္စာ လေးပါး အလင်းပေါက်ပုံ
1,333,166
Uncategorized
ဥတ္တမပုရိသဒီပနီ
ခန္ဓာငါးပါးဟူသော ဒုက္ခသစ္စာကို ပိုင်းခြား၍သိမှု၊ အဝိဇ္ဇာဟူသော သမုဒယသစ္စာကို ပယ်မှု၊ ပဋိစ္စသမုပ္ပါဒ် အင်္ဂါတို့၏ အဝိဇ္ဇာနှင့်တကွ ချုပ်ငြိမ်းကြခြင်း တည်းဟူသော နိရောဓသစ္စာကို မျက်မှောက်ထင်ထင် ကိုယ်တွေ့ဒိဋ္ဌမြင်ရမှု၊ ဝိဇ္ဇာဉာဏ်နှင့်တကွ မဂ္ဂင်ရှစ်ပါး ထင်ရှားပေါ်မှု ဤလေးချက် တစ်ပြိုင်နက် ပေါက်၏၊ သိက္ခာသုံးပါး ပေါက်၏၊ ဗောဓိ ပ...
1,333,167
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤကား ပဋိစ္စသမုပ္ပါဒ် အင်္ဂါ တစ်ဆဲ့နှစ်ပါးတွင် အဝိဇ္ဇာကို မြင်သာအောင် ပြချက်တည်း၊ ဤအဝိဇ္ဇာ ချုပ်လျှင်ပင် အလုံးစုံသောကိစ္စ ပြီးစီးငြားသော်လည်း အထက်အင်္ဂါတို့ ကိုလည်း သိသာရုံပြဆိုဦးအံ့။
1,333,168
Uncategorized
ဥတ္တမပုရိသဒီပနီ
အဝိဇ္ဇာ ပြီး၏၊
1,333,169
Uncategorized
ဥတ္တမပုရိသဒီပနီ
၂-သင်္ခါရ သင်္ခါရ ဆိုသည်ကား--ပစ္စုပ္ပန်ဘဝကို သာယာမှု အနာဂတ်ဘဝ ကို သာယာမှုတို့နှင့် နေ့နေ့ညည ပုပုရွရွ ပြုကြသမျှသော ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့ကို သင်္ခါရဆိုသည်။
1,333,170
Uncategorized
ဥတ္တမပုရိသဒီပနီ
သုစရိုက်ဆယ်ပါး ဒုစ္စရိုက်ဆယ်ပါး အဝင်အပါ ဟူသမျှသည် သင်္ခါရချည်းတည်း။
1,333,171
Uncategorized
ဥတ္တမပုရိသဒီပနီ
ပစ္စုပ္ပန်ခန္ဓာ၌ ဖုံးလွှမ်းသော အဝိဇ္ဇာကြောင့် ပစ္စုပ္ပန်ခန္ဓာကို သာယာခြင်း လျှင် အရင်းရှိသော ဒုစ္စရိုက်သင်္ခါရ ခန္ဓာစုဖြစ်ပွားသည်၊ အနာဂတ်ခန္ဓာ၌ ဖုံးလွှမ်းသော အဝိဇ္ဇာကြောင့် အနာဂတ်ဘဝကို သာယာခြင်းလျှင် အရင်တရားရှိသော ဒါန သီလ အစရှိသော သုစရိုက် သင်္ခါရတရားစုဖြစ်ပွားသည်။
1,333,172
Uncategorized
ဥတ္တမပုရိသဒီပနီ
အဝိဇ္ဇာ ကင်းပျောက် ဝိဇ္ဇာဉာဏ်ပေါက်ပြီးသော ဘုရား ရဟန္တာ တို့အား ပကတိ လူတို့ထက်ပင် ထက်သန်သော လုံ့လမှု ဥဿာဟမှု ရှိကြကုန်ငြားသော်လည်း တစ်စုံတစ်ခုသော ခန္ဓာကိုသာယာမှုနှင့် ပြုကြသော ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှု မရှိပြီဖြစ်၍ ကုသိုလ်လည်း မဆိုရပြီ၊ သင်္ခါရလည်း မဆိုရပြီ။
1,333,173
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤအဝိဇ္ဇာမှ သင်္ခါရပေါက်ဖွားမှုကို ပြောဆိုသည်ရှိသော် မိစ္ဆာဒိဋ္ဌိအယူရှိသော သူတို့သည်လည်း သဘော ကျနိုင်ကုန်လတ္တံ့။
1,333,174
Uncategorized
ဥတ္တမပုရိသဒီပနီ
သင်္ခါရပြီး၏၊
1,333,175
Uncategorized
ဥတ္တမပုရိသဒီပနီ
၃-ဝိညာဏ် ဝိညာဏ်ဆိုသည်ကား -- ရှေးရှေးဘဝတို့၌ ပြုခဲ့သော သင်္ခါရမှု တို့တွင် ကမ္မပထမြောက်သည်ဟုဆိုအပ်သော အဆံအောင်မြင် သော မျိုးစေ့ကဲ့သို့ ပဋိသန္ဓေဝိညာဏ်ကို ပေါက်ဖွားစေနိုင်လောက်သော သန်မာ သော ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့ကြောင့် ယခုဘဝတွင် အစစွာ ဖြစ်ပေါ်သော ပဋိသန္ဓေ ဝိညာဏ် ပဝတ္တိဝိညာဏ်ကို ဝိညာဏ်ဆို သတည်း။
1,333,176
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤရှေးကံကြောင့် နောက်ဘဝ ပဋိသန္ဓေ ဝိညာဏ်ပေါ်မှုသည် ကား အဘိညာဉ်ကိုရသော ရသေ့ ရဟန်း၊ တန်ခိုး ပညာ ကြီးလှစွာသော နတ်သိကြားတို့သည်သာ သိမြင်နိုင်သောအရာ ဖြစ်ချေ သည်၊ ပကတိ သော လောကီလူများ ဉာဏ်သမားတို့၏ အရာမဟုတ်ပြီ၊ ထိုကဲ့သို့ သော ရသေ့ ရဟန်း နတ်သိကြားတို့သည်လည်း ဓာတ်ခွဲ၍ မသိနိုင်ကြကုန်၊ ဘယ်ဘဝမှ ပြောင်း၍လာခဲ့သော အတ္တဖြစ်သည်ဟူ၍လည်းကေ...
1,333,177
Uncategorized
ဥတ္တမပုရိသဒီပနီ
အတ္ထိ လောကေ သမဏ ဗြာဟ္မဏာ သမ္မဂ္ဂတာ သမ္မာ ပဋိပန္နာ၊ ယေ ဣမဉ္စ လောကံ ပရဉ္စ လောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ
1,333,178
Uncategorized
ဥတ္တမပုရိသဒီပနီ
ဟူသော နောက်ဆုံး သမ္မာဒိဋ္ဌိသည် ပါရှိ၏။
1,333,179
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤသမ္မာဒိဋ္ဌိ မရှိကုန်သော လူမျိုးတို့အား ဤပဋိသန္ဓေအရာ၌ မိစ္ဆာ ဒိဋ္ဌိချည်းဖြစ်၍ နေကြကုန်၏၊ ယခုအခါ ဥရောပတိုက် အမေရိက တိုက်တို့မှာ ဤသမ္မာဒိဋ္ဌိ မရှိသည့်အတွက် မိစ္ဆာဒိဋ္ဌိ တိုက်တွေဖြစ်၍ နေကြကုန်ပြီ၊ ထိုမိစ္ဆာဒိဋ္ဌိစု သည်လည်း ယခုအခါမှ ဖြစ်ပေါ်လာသည် မဟုတ်၊ လောက၌ စျာန်အဘိညာဉ်ကို ရကြသော ရသေ့ ရဟန်းအနွယ် ကွယ်ပသောအခါ ဩက္ကာကရာဇ်မင်...
1,333,180
Uncategorized
ဥတ္တမပုရိသဒီပနီ
ဝဿသဟဿာယုကေသု ဘိက္ခဝေ မနုေဿသု မိစ္ဆဒိဋ္ဌိ ဝေပုလ္လံ အဂမာသိ
1,333,181
Uncategorized
ဥတ္တမပုရိသဒီပနီ
ဟူ၍ စက္ကဝတ္တိသုတ်၌ ဟောတော်မူသောကြောင့် လူတို့အသက် တစ် ထောင်တမ်းဆီကပင် ဖြစ်ပွား၍လာခဲ့သော မိစ္ဆာဒိဋ္ဌိစုပေတည်း၊ ယခုအခါ ဥရောပတိုက်သား အမေရိကတိုက်သား ဆေးသမားဆရာ ပညာရှိတို့သည်လည်း ထိုသမ္မာဒိဋ္ဌိ မရှိရှာကြသည့်အတွက် လက်တွေ့ မျက်မြင်နှင့် မှန်ဘီလူးကို ဆရာပြု၍ မိမိတို့၏ အရာမဟုတ်သော ပဋိသန္ဓေအချက်များကို ပညတ်တင်ထားကြကုန်၏၊ သမ္မာဒ...
1,333,182
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤဒိဋ္ဌိဇုကမ္မ သမ္မာဒိဋ္ဌိဉာဏ်သည်ကား သက္ကာယဒိဋ္ဌိနှင့် ရှေ့သွား နောက်လိုက် တွဲဖက်တည်း၊ ဆိုခဲ့ပြီးသော ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ် သည်သာ သက္ကာယ ဒိဋ္ဌိကို လွန်နိုင်သည်။
1,333,183
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤကား-ပဋိသန္ဓေအချက်၏ နက်နဲခက်ခဲမှုကို ပြဆိုလိုက်သော အခန်းတည်း။
1,333,184
Uncategorized
ဥတ္တမပုရိသဒီပနီ
ရုပ်, နာမ်ခန္ဓာ နှစ်ဖြာအလား
1,333,185
Uncategorized
ဥတ္တမပုရိသဒီပနီ
အနုမာနအားဖြင့် ဆ,ပုံကို ပြဆိုလိုက်ဦးအံ့၊ တစ်ယောက် တစ် ယောက်သော သတ္တဝါ၏ ခန္ဓာကိုယ်ကို ရုပ်ခန္ဓာ နာမ်ခန္ဓာ နှစ်လမ်း ခွဲ၍ထား၊ ရုပ်ခန္ဓာ အစဉ်၏ ဖြစ်ပုံအလား တစ်မျိုး၊ နာမ်ခန္ဓာအစဉ်၏ ဖြစ်ပုံအလားလည်း တစ်မျိုး၊ အနမတဂ္ဂသံသရာမှာ ရုပ်ခန္ဓာအစဉ်ကား တစ်ဘဝလျှင်တစ်ခု အပိုင်းအပိုင်း ပြတ်၍လာ၏၊ နာမ်ခန္ဓာ အစဉ်ကား ပရိနိဗ္ဗာန် စုတိကျအောင် တစ...
1,333,186
Uncategorized
ဥတ္တမပုရိသဒီပနီ
ရုပ်ခန္ဓာ၏ အလား
1,333,187
Uncategorized
ဥတ္တမပုရိသဒီပနီ
ရုပ်ခန္ဓာ၏ အလားကို ပြဆိုဦးအံ့၊ မြစ်ရေအယဉ် လေမုန်တိုင်း အယဉ် အညာမှ မဟာသမုဒ္ဒရာတိုင်အောင်လာခဲ့သော မြစ်ရေအယဉ်၌ ဓာတ်အစဉ် ဖြစ်ပွား၍ စီးသွားပုံကား--ရှေးရှေးဓာတ်ကလာပ်စုမှာ တေဇောခေါ်သော ဓာတ်မီးသည် ပါရှိ၏၊ ဝါယောခေါ်သော ဓာတ်လေ သည် ပါရှိ၏၊ သီတဓာတ်မီးသည် သီတကလာပ်တို့ကို ပေါက်ဖွားစေ၏၊ ဥဏှဓာတ်မီးသည် ဥဏှကလာပ်တို့ကို ပေါက်ဖွားစေ၏၊ အာပ...
1,333,188
Uncategorized
ဥတ္တမပုရိသဒီပနီ
(အညာမှ ရေစီး၍လာပုံ)။
1,333,189
Uncategorized
ဥတ္တမပုရိသဒီပနီ
လေမုန်တိုင်းမှာမူကား လွှမ်းမိုးသော အာပေါမရှိ လုံးစီးသော အာပေါမျှ သာ ရှိသောကြောင့် နိမ့်ရာသို့ စီးမှုမရှိ ရေ၌လည်းကောင်း လေ၌လည်းကောင်း တစ်ဆက်တည်း နေကြရာ၌ ယူဇနာတစ်ရာ အစဉ်မှာ နောက်ဆုံးက ရေဟုန် လေဟုန်သည် အလယ်နေ အဆုံးနေ ရေလေများကို အားပေးနိုင်၏။
1,333,190
Uncategorized
ဥတ္တမပုရိသဒီပနီ
သားသမီးကလာပ်တို့ အရပ်တစ်ပါးခွါ၍ ပေါက်ဖွားကြသော်လည်း ရုပ်တရားဖြစ်ကြသည်နှင့် အစဉ်ကိုလွှတ်၍ ခွါနိုင်ကြသည်မဟုတ်၊ ရှေးကလာပ်၏ အဆုံးနှင့် နောက်ကလာပ်၏အစ ဆက်နွယ်၍သာ ခွါကြရကုန်၏၊ တိမ်တိုက်မှ ထွက်၍ မြေအပြင်ကျအောင် ခဏချင်းပြန့်ပွား ၍လာခဲ့သော လျှပ်ရောင်မှာလည်း ဤနည်းတူ ဝါယော သန်လျှင်သန် သည့်အလျှောက် အခွါကလေး အခွါကြီး ရှိရာ၏။
1,333,191
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤကား ရုပ်ခန္ဓာ၏ အလားတည်း။
1,333,192
Uncategorized
ဥတ္တမပုရိသဒီပနီ
နာမ်ခန္ဓာ၏ အလား
1,333,193
Uncategorized
ဥတ္တမပုရိသဒီပနီ
နာမ်ခန္ဓာ၏ အလားမူကား--တစ်ခုသော ရုပ်ခန္ဓာမှာ မှီ၍ဖြစ်ခိုက် ထိုရုပ် ခန္ဓာမှခွါ၍ မဖြစ်၊ ရုပ်ခန္ဓာကား တစ်ဘဝမှာတစ်ခါ အစဉ်ပြတ်၏၊ နာမ်ခန္ဓာကား ပြတ်သည်မရှိ၊ မှီရာရုပ်ခန္ဓာတစ်ခု အပြတ်တွင် ခွါချက် ဆိုက်၏။
1,333,194
Uncategorized
ဥတ္တမပုရိသဒီပနီ
- နာမ်ခန္ဓာ အစဉ်ထဲတွင် စေတနာသည် ဓာတ်မီးနှင် အလားတူ၏၊ ၂၄-ပစ္စည်းတွင် ကမ္မပစ္စည်းဆို၏။
1,333,195
Uncategorized
ဥတ္တမပုရိသဒီပနီ
- မိစ္ဆာဒိဋ္ဌိ သမ္မာဒိဋ္ဌိ အစရှိသော ဓာတ်ကြီးစုသည် ဝါယောနှင့် တူ၏၊ ၂၄-ပစ္စည်းတွင် မဂ္ဂပစ္စည်းဆို၏။
1,333,196
Uncategorized
ဥတ္တမပုရိသဒီပနီ
တစ်ခုတစ်ခုသောဘဝသည် တစ်ခုတစ်ခုသော စေတနာမှ ပေါက်ဖွား မှုတည်း၊ တေဇောမှာ ပထမကလာပ်၌ပါသော တေဇောသည် ဒုတိယကလာပ်ကို- ဒုတိယ၌ပါသော တေဇောသည်၊ တတိယကိုဤသို့သာ ပေါက်ဖွားစေနိုင်သည်၊ မိမိရှိစဉ်အခါ၌သာ ပေါက်ဖွားစေ နိုင်သည်၊ စေတနာမူကား ပဋိသန္ဓေနာမ်ကလာပ် တစ်ချက်ပေါက်ဖွား လိုက်လျှင် အနှစ်တစ်သိန်း အနှစ်ကုဋေများစွာ မိမိ၏သားသမီး ကလာပ် ချည်း ဆက...
1,333,197
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤသို့လျှင်ရုပ်အစဉ်၏အလားနှင့် နာမ်အစဉ်၏အလာသည် အနန္တ ကွာလှမ်းကြ၏၊ နာမ်အစဉ်၏အလားကို ရုပ်ထဲမှာ ဥပမာရှာ၍မရ အတန်အရာ တူရာကို ဆွဲ၍ပြကြရသည် ယခုဘဝ၌လည်း နာမ်အမှုနှင့် ရုပ်အမှုသည် အနန္တ ကွာလှမ်းကြမှု ထင်ရှားပါ၏၊ မြင်အောင်ကြည့်လေ။
1,333,198
Uncategorized
ဥတ္တမပုရိသဒီပနီ
မှီရာ ရုပ်ခန္ဓာတစ်ခု ပျက်ဆုံးရာတွင် ခွါချက်စခန်းဆိုက်၏ ဟူရာ၌ ထို ပျက်ဆုံးသော မှီရာရုပ်ခန္ဓာမှ အဘယ်မျှ ဝေးကွာအောင်ခွါ၍ ပေါက် ဖွားနိုင်သနည်းဟူမူ
1,333,199
Uncategorized
ဥတ္တမပုရိသဒီပနီ
- ဓာတ်မီးနှင့်တူသော ပေါက်ဖွားစေတတ်သော စေတနာမှု
1,333,200
Uncategorized
ဥတ္တမပုရိသဒီပနီ
- ဝါယောနှင့်တူသော မှုတ်လွှင့်တွန်းကန်တတ်သော သမ္မာဒိဋ္ဌိ မိစ္ဆာဒိဋ္ဌိ သမ္မာသင်္ကပ္ပ မိစ္ဆာသင်္ကပ္ပစသော မဂ္ဂပစ္စည်းတရား ပေါင်း။