id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,333,301
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤအချက်ကိုကား ဘာသာဝင်တစ်ပါးကို နားဝင်အောင် ပြော နိုင်ခဲစွ၊ ဗုဒ္ဓဘာသာဝင်တို့မှာလည်း အစဉ်အလာ ဒေသနာကို ယုံကြည်၍ အယူဖြောင့်ကြကုန်သည်၊ ဓာတ်သဘာဝနှင့်တကွ မြင်နိုင်ကြသည် မဟုတ်ကုန်၊ အောက်၌ ပြဆိုခဲ့ပြီးသော ရုပ်ခန္ဓာ အလားနှင့် နာမ်ခန္ဓာအလား ခြားနားချက်ကို ကောင်းကောင်း မြင်အောင်ကြံလေ။
1,333,302
Uncategorized
ဥတ္တမပုရိသဒီပနီ
အစဉ်အလာ ဒေသနာပညတ်မရှိသော လူမျိုးမှာ မိစ္ဆာဒိဋ္ဌိချည်း ဖြစ်၍ ကုန်ရာဌာနကြီးပေတည်း။
1,333,303
Uncategorized
ဥတ္တမပုရိသဒီပနီ
ဒိဋ္ဌိဇုကမ္မ သမ္မာဒိဋ္ဌိဆယ်ပါးတွင် နောက်ဆုံး သမ္မာဒိဋ္ဌိ ဉာဏ်ဖြင့် လောကီ လောကုတ္တရာ ပညာရှိကြီးတို့ကို သိတတ် ယုံကြည် တတ်မှ ဖြောင့်နိုင်သော ဌာနကြီးပေတည်း။
1,333,304
Uncategorized
ဥတ္တမပုရိသဒီပနီ
မေး။ ကမ္မဘဝသည် ဘယ်မှဖြစ်သနည်း။
1,333,305
Uncategorized
ဥတ္တမပုရိသဒီပနီ
ဖြေ။ ဥပါဒါန်မှ ဖြစ်သည်။
1,333,306
Uncategorized
ဥတ္တမပုရိသဒီပနီ
မေး။ ဥပါဒါန်သည် ဘယ်မှဖြစ်သနည်း။
1,333,307
Uncategorized
ဥတ္တမပုရိသဒီပနီ
ဖြေ။ တဏှာမှ ဖြစ်သည်။
1,333,308
Uncategorized
ဥတ္တမပုရိသဒီပနီ
မေး။ တဏှာသည် ဘယ်မှဖြစ်သနည်း။
1,333,309
Uncategorized
ဥတ္တမပုရိသဒီပနီ
ဖြေ။ ဝေဒနာ ရှိသောကြောင့် ဖြစ်သည်။
1,333,310
Uncategorized
ဥတ္တမပုရိသဒီပနီ
( ဤအချက်စုကိုကား ဘာသာဝင်တစ်ပါးတို့လည်း လိုက်နာနိုင်ကုန်ရာ၏၊)
1,333,311
Uncategorized
ဥတ္တမပုရိသဒီပနီ
မေး။ သုခ ဒုက္ခ ဝေဒနာသည် ဘယ်မှဖြစ်သနည်း။
1,333,312
Uncategorized
ဥတ္တမပုရိသဒီပနီ
ဖြေ။ ဖဿမှ ဖြစ်သည်၊ ဖဿကြောင့်ဖြစ်သည်။
1,333,313
Uncategorized
ဥတ္တမပုရိသဒီပနီ
(ဤမှာလည်း မိစ္ဆာဒိဋ္ဌိ ဖြစ်ပွားချက်ကြီး တစ်ခုပင်တည်း။
1,333,314
Uncategorized
ဥတ္တမပုရိသဒီပနီ
) ဘာသာချင်းချင်း ငြင်းခန်း ခုန်ခန်းကြီး တစ်ခုပင်တည်း၊ ဗုဒ္ဓဘာသာ ဝင်ထဲမှာပင် မိစ္ဆာသက်လျက် ရှိနေကြသော အချက်ကြီးတည်း။
1,333,315
Uncategorized
ဥတ္တမပုရိသဒီပနီ
အဘယ်သို့ရှိနေသနည်း--- မိမိအဇ္ဈတ္တသန္တာန်၌ သုခ ဒုက္ခ ဖြစ်သမျှသည် ကံစီမံရာဖြစ်ရသည်၊ ကံထုံးမြိတ်ရာ ဖြစ်ရသည်၊ ကံ လှုံ့ဆော်ရာဖြစ်ရသည်၊ ဖြစ်သမျှသည်လည်း ကံအမှုချည်းတည်း၊ ပျက် သမျှသည်လည်း ကံအမှုချည်းတည်း၊ ကံပေးမှ ရသည်၊ ကံကျွေးမှ ဝသည်၊ ကံ နှိပ်စက်၍ ဆင်းရဲရသည်၊ ကံကယ်ဆယ်၍ ချမ်းသာရသည်ဟု အရာရာတိုင်းမှာ ကံအလုပ်ချည်း ယူကြ၏၊ ထိုအယူကို...
1,333,316
Uncategorized
ဥတ္တမပုရိသဒီပနီ
- ကံသည် မျိုးစေ့နှင့်တူ၏။
1,333,317
Uncategorized
ဥတ္တမပုရိသဒီပနီ
- သုခ ဒုက္ခသည် ကောက်စပါးနှင့်တူ၏။
1,333,318
Uncategorized
ဥတ္တမပုရိသဒီပနီ
- ပယောဂသမ္ပတ္တိသည် မြေဥတုနှင့်တူ၏။
1,333,319
Uncategorized
ဥတ္တမပုရိသဒီပနီ
- အသိအလိမ္မာဉာဏ်ပညာသည် မိုးရေ ဥတုနှင့် တူ၏။
1,333,320
Uncategorized
ဥတ္တမပုရိသဒီပနီ
မျိုးချင်းတူသော်လည်း မြေဩဇာသို့ လိုက်၍ဖြစ်ရ၏၊ ရေမှု နေရာကျမှ ဖြစ်နိုင်၏၊ အခါမလွန်မီ နေရာကျသိ၍ ပြည့်စုံစွာ လုပ် နိုင်သော ပယောဂသမ္ပတ္တိ မှုသည် ကံ၏ကိုးကွယ်ရာကြီးပေတည်း၊ မြေကောင်း ရေကောင်းသည် မျိုးစေ့၏ ကိုးကွယ်ရာ ဖြစ်သကဲ့သို့တည်း၊ မြေကောင်း ရေကောင်းတည်းဟူသော ကိုးကွယ်ရာကို မရသော မျိုး စေ့မည်သည် အဗ္ဘန္တရသရက်မျိုးစေ့ ပင်ဖြစ်သ...
1,333,321
Uncategorized
ဥတ္တမပုရိသဒီပနီ
ပဋိသန္ဓေကံသည် ပဋိသန္ဓေ မတိုင်မီက နေရာကျသိ၍ ပြည့်စုံစွာ လုပ်နိုင်သော ပယောဂသမ္ပတ္တိလျှင် ကိုးကွယ်ရာရှိ၏၊ ပဝတ္တိအကျိုးပေး ကံတို့၏ ကိုးကွယ်ရာသည်ကား အခါအခွင့်ကိုသိ၍ ပြည့်စုံစွာပြုနိုင်သော ပယောဂသမ္ပတ္တိမှု ပေတည်း။
1,333,322
Uncategorized
ဥတ္တမပုရိသဒီပနီ
အချို့သောသူတို့သည် အတတ် အသိ အလိမ္မာ ပယောဂသမ္ပတ္တိ လည်း မရှိ၊ ကာလဝိပတ္တိကလည်း ဖျက်ဆီး၊ အကျိုးပေးနည်းပါး၍ နေကြသည်ကို ကံအတွက်ဟု ထင်မှတ်စွဲယူ၍ နေကြကုန်၏၊ ကုသိုလ် အကုသိုလ် နှစ်ဌာန၌ တစ်ရံတစ်ခါမျှ ကြားဘူးကြ ကြုံဘူးကြသော ဝိသေသကံကြီးရှင်တို့ကို ဥဒါဟရုဏ် ပြု၍ ကံအမှု၌ ချော်ကြကုန်၏၊ ရှေးအဖို့၌ အလိမ္မာမှု သမ္မာပယောဂမှု မရှိခဲ့၍ ပဋိ...
1,333,323
Uncategorized
ဥတ္တမပုရိသဒီပနီ
ပဝတ္တိအခါ၌ ဖြစ်ထိုက်သော အတတ်ပညာ အလိမ္မာမှုမျိုး, အသက် ရှည်မှုမျိုး၊ အနာရောဂါ ကင်းရှင်းမှုမျိုး၊ ပစ္စည်းဥစ္စာ ချမ်းသာမှုမျိုး၊ ဒါန သီလ ဘာဝနာ ကုသိုလ်တရား ပွားများမှုမျိုးတို့သည်မူကား ပဝတ္တိအခါ၌ အလိမ္မာနှင့် ပယောဂသမ္ပတ္တိ ၂-ပါးလျှင် ကိုးကွယ်ရာရှိကြကုန်၏၊ ပဝတ္တိ အခါ၌ အကျိုးပေးသော ကံတို့၏ ကိုးကွယ်ရာကား အလိမ္မာနှင့် သမ္မာပယေ...
1,333,324
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤကား သုခဝေဒနာ ဒုက္ခဝေဒနာမည်သည် ကမ္မဇတရား ဖြစ်ပါ လျက် ကမ္မပစ္စယာ ဝေဒနာ-ဟူ၍ မဟောဘဲ ဖဿပစ္စယာ ဝေဒနာ ဟူ၍သာ ဟောတော်မူရာ၌ သုခ ဒုက္ခ ဖြစ်ကြရာမှာ ကံထက်နီး စပ်သော ကံထက် တွင်ကျယ်သော အကြောင်းတရားစုလည်း ရှိသေးသည်ဟု ယုံကြည်နိုင်ရန် ပြဆိုလိုက်သော စကားရပ်တည်း။
1,333,325
Uncategorized
ဥတ္တမပုရိသဒီပနီ
- မိစ္ဆာဘာသာလူမျိုးကား ကံကို လုံးလုံးပယ်၍ ဉာဏ်ဝီရိယကိုသာ ယူ၏၊ ကံကို လုံးလုံးပယ်သည့်အတွက် ဒိဋ္ဌိဖြစ်၏။
1,333,326
Uncategorized
ဥတ္တမပုရိသဒီပနီ
- အချို့သော ဗုဒ္ဓဘာသာဝင် လူတို့ကား ဉာဏ်ဝီရိယကို ပယ်၍ ကံတစ်ခု တည်းကို လုံးလုံးယူကုန်၏၊ ကံတစ်ခုတည်း ယူသည့် အတွက် ဒိဋ္ဌိဖြစ်၏။
1,333,327
Uncategorized
ဥတ္တမပုရိသဒီပနီ
ယံ ကိဉ္စာယံ ပုရိသပုဂ္ဂလော ပဋိသံဝေဒေတိ သုခံဝါ ဒုက္ခံဝါ အဒုက္ခမသုခံဝါ သဗ္ဗံ တံ ပုဗ္ဗေကတဟေတု။
1,333,328
Uncategorized
ဥတ္တမပုရိသဒီပနီ
ကံတစ်ခုတည်း ယူရာ၌ ဟောတော်မူသော ဒိဋ္ဌိတည်း၊ ညောင်စေ့ ကို စိုက်ရာ၌ မြေရေ မျိုးစေ့ ၃-ပါး ပေါင်း၍ အညှောက် ပေါက်ရ၏၊ အညှောက် အပင်ပေါက်မှုမှာ မျိုးစေ့သာပဓာန ဖြစ်၏၊ ရေ မြေသည် အထောက်အပံ့မျှ ဖြစ်၏၊ အပင်ငယ်ပေါက်ပြီးသည့်နောက် ကြီးပွားရန် အမှုမှာ ရေမြေ၏ ဆိုင်ရာပေတည်း၊ မျိုးစေ့ ပုပ်ဆွေး၍ သွားပြီ၊ အပင် ငယ်သည် မြေ ရေ ၂-ပါးလက်၌ တည်၏၊ မ...
1,333,329
Uncategorized
ဥတ္တမပုရိသဒီပနီ
ကြီးပွားရာ၌ အပင်သဏ္ဌာန်နေပုံ အကိုင်း အခက် အရွက် သဏ္ဌာန်နေပုံ အမျိုးအရိုးအားလျော်စွာ အရပ်မြင့်မှု ပြန့်ကျယ်မှု အသက်ရှည်မှုတို့ကား မျိုးစေ့၏ အာနုဘော်တည်း၊ ထိုအာနုဘော်၏ ကိုးကွယ်ရာကား မြေ ရေပေတည်း၊ မြေ ရေ ချီးမြှောက်မှ ဖြစ်ပွားနိုင်သည်၊ ရေ မြေကောင်းလျှင် ကောင်းသလောက် ကြီးပွား စည်ကားနိုင်သည်၊ အသက်ရှည်နိုင်သည်၊ မြေ ရေသည်လည်း...
1,333,330
Uncategorized
ဥတ္တမပုရိသဒီပနီ
မျိုးစေ့အစွမ်း မြေ ရေ၏အစွမ်းကို ခွဲခြမ်း၍ မြင်နိုင်စေ။
1,333,331
Uncategorized
ဥတ္တမပုရိသဒီပနီ
- မျိုးစေ့နှင့် ကံ တူ၏။
1,333,332
Uncategorized
ဥတ္တမပုရိသဒီပနီ
- သစ်ပင်နှင့် ဤခန္ဓာကိုယ် တူ၏။
1,333,333
Uncategorized
ဥတ္တမပုရိသဒီပနီ
- မြေနှင့် ပယောဂသမ္ပတ္တိ တူ၏။
1,333,334
Uncategorized
ဥတ္တမပုရိသဒီပနီ
- မိုးရေနှင့် အလိမ္မာ တူ၏။
1,333,335
Uncategorized
ဥတ္တမပုရိသဒီပနီ
အနမတဂ္ဂ သံသရာ၌ ကျင်လည်၍ လာကြသော သတ္တဝါတို့မှာ ကံဆိုး လည်း အနန္တရှိကြ၏၊ ကံကောင်းလည်း အနန္တရှိကြ၏၊ အလိမ္မာနှင့် ပယောဂသမ္ပတ္တိ ၂-ပါးရှိသော လူမျိုးက အကျိုးပေးသာမြဲတည်း။
1,333,336
Uncategorized
ဥတ္တမပုရိသဒီပနီ
လောကစီးပွားမှာ ကံကိုချမှု-ပရိယတ် ပဋိပတ် ပဋိဝေဓ သာသနာ့ စီးပွား မှာ ပါရမီကိုချမှုတို့ကား ဆုတ်ယုတ်ဖို့အမှု သက်သက်သာတည်း။
1,333,337
Uncategorized
ဥတ္တမပုရိသဒီပနီ
သတိရှိကြစေကုန်။
1,333,338
Uncategorized
ဥတ္တမပုရိသဒီပနီ
ဖဿပစ္စယာ ဝေဒနာ၏အဓိပ္ပါယ်ကား-ဆောင်းရာသီမှာ ချမ်းအေး မှု ဒုက္ခဝေဒနာတရားသည် ဖြစ်ပွား၏၊ ထိုဝေဒနာတရားသည် ဘယ်ဟာ ကြောင့် ဖြစ်ပွားသနည်းဆိုသော် အချို့သော ဘာသာဆရာတို့ကား ဘုရားဖန်ဆင်း၍ ဖြစ်သည်ဟု ယူကြကုန်၏၊ ဤလည်း ဒိဋ္ဌိတစ်မျိုးတည်း၊ 'ဣဿရနိမ္မာနဒိဋ္ဌိ' ခေါ်သည်။
1,333,339
Uncategorized
ဥတ္တမပုရိသဒီပနီ
ယံ ကိဉ္စာယံ ပုရိသပုဂ္ဂလော ပဋိသံဝေဒေတိ သုခံဝါ ဒုက္ခံဝါ အဒုက္ခမသုခံဝါ သဗ္ဗံ တံ ဣဿရနိမ္မာနဟေတု။
1,333,340
Uncategorized
ဥတ္တမပုရိသဒီပနီ
(အဘိဓမ္မာ ခုဒ္ဒကဝတ္ထု ဝိဘင်းပါဠိတော်။
1,333,341
Uncategorized
ဥတ္တမပုရိသဒီပနီ
) အချို့သော ဘာသာဆရာတို့ကား အကြောင်းဟူ၍ မရှိ၊ အလို အလျောက် ဖြစ်သည်ဟု ယူကြကုန်၏၊ ဤလည်း ဒိဋ္ဌိတစ်မျိုးတည်း။
1,333,342
Uncategorized
ဥတ္တမပုရိသဒီပနီ
'အဟေတု ဒိဋ္ဌိ' ခေါ် သည်။
1,333,343
Uncategorized
ဥတ္တမပုရိသဒီပနီ
ယံ ကိဉ္စာယံ ပုရိသပုဂ္ဂလော ပဋိသံဝေဒေတိ သုခံဝါ ဒုက္ခံဝါ အဒုက္ခမသုခံဝါ သဗ္ဗံ တံ အဟေတု အပစ္စယာ။
1,333,344
Uncategorized
ဥတ္တမပုရိသဒီပနီ
(အဘိဓမ္မာဝိဘင်း ပါဠိတော်)
1,333,345
Uncategorized
ဥတ္တမပုရိသဒီပနီ
တက္ကဒွန်းဆရာတို့ကား ရှေးကံဟောင်း သက်သက်ကြောင့်ဖြစ်၏၊ ကံမှ တစ်ပါး သုခ ဒုက္ခကို ဖြစ်စေနိုင်သော အကြောင်းမရှိဟု ယူ၏၊ ဤလည်း ဒိဋ္ဌိ တစ်မျိုးတည်း 'သဗ္ဗံ ပုဗ္ဗေကတ ဟေတုဒိဋ္ဌိ' ခေါ်သည်။
1,333,346
Uncategorized
ဥတ္တမပုရိသဒီပနီ
ပါဠိတော်မှာ အောက်က ထုတ်ပြခဲ့ပြီ၊ ဤတက္ကဒွန်းဆရာတို့ အယူကား တစ်စိတ်မျှဟုတ်၏၊ တစ်ပါးသော အကြောင်းကို လုံးလုံးပယ် သည့်အတွက် ဒိဋ္ဌိ ဖြစ်ရသည်။
1,333,347
Uncategorized
ဥတ္တမပုရိသဒီပနီ
ပဋိစ္စသမုပ္ပါဒ် ဒေသနာအတိုင်း ပြောမူကား-
1,333,348
Uncategorized
ဥတ္တမပုရိသဒီပနီ
ကာယဉ္စ ပဋိစ္စ ဖောဋ္ဌဗ္ဗေစ ဥပ္ပဇ္ဇတိ ကာယဝိညာဏံ တိဏ္ဏံ သင်္ဂတိ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ။
1,333,349
Uncategorized
ဥတ္တမပုရိသဒီပနီ
ဟူသော ဒေသနာအတိုင်း ပြောရမည်။
1,333,350
Uncategorized
ဥတ္တမပုရိသဒီပနီ
အဇ္ဈတ္တသန္တာန်မှ ကာယဟူသော အကြည်ဓာတ်၊ ဗဟိဒ္ဓမှ သီတ ဥတုဟူသော ဖောဋ္ဌဗ္ဗဓာတ်မီး ဤ ၂-ပါးတို့၏ မိမိ အဇ္ဈတ္တခန္ဓာမှာ ခိုက်တိုက်မှုကြောင့် ထိုခိုက်တိုက်ရာ ကိုယ်အင်္ဂါအရပ်မှာ ကာယဝိညာဏ ဓာတ် တဖွားဖွား ဖြစ်ပေါ်၏၊ ထိုဓာတ် ၃-ပါးတို့၏ စည်းဝေးလုံး ထွေးမှု ဟူသော ဖဿခေါ်သောနာမ်ဓာတ် တဖွားဖွားဖြစ်ပေါ်၏၊ ထိုဖဿ ကြောင့် ချမ်းအေးမှုကို ခံစားသေ...
1,333,351
Uncategorized
ဥတ္တမပုရိသဒီပနီ
ဗဟိဒ္ဓမှ သီတဥတုဟုဆိုအပ်သော ဖောဋ္ဌဗ္ဗသီတဓာတ်မီးဆိုရာမှာ ဗဟိဒ္ဓမှ ဥဏှဥတုဟုဆိုအပ်သော ဖောဋ္ဌဗ္ဗဥဏှ ဓာတ်မီး ဆိုလေ၊ ပဋိစ္စသမုပ္ပါဒ် ဆိုသည်ကား- အဇ္ဈတ္တမှ ကာယအကြည်နှင့် ဗဟိဒ္ဓမှ သီတဥဏှ ဖောဋ္ဌဗ္ဗာရုံ ပေါ်ဆုံခိုက် တိုက်မှုကို စွဲ၍ ကာယဝိညာဏ ဓာတ်ဖြစ်ပေါ်သည်၊ ဓာတ် ၃-ပါး အစည်းအဝေး ကိုစွဲ၍ ကာယသမ္ဖဿ ဓာတ် ဖြစ်ပေါ်သည်၊ ကာယသမ္ဖဿဓာတ်ကိုစွ...
1,333,352
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤကား ပဋိစ္စသမုပ္ပါဒ်မှုတည်း။
1,333,353
Uncategorized
ဥတ္တမပုရိသဒီပနီ
မီး၏အနီးသို့ရောက်၍ ဗဟိဒ္ဓမှ သီတဖောဋ္ဌဗ္ဗဥတု ကွယ်ပျောက် လျှင် ထိုတဖွားဖွား ဖြစ်ပေါ်၍နေကြသော ဝိညာဏဓာတ် ဖဿဓာတ် ဝေဒနာဓာတ်တို့သည် သေပျောက်၍ကုန်၏၊ မီးနှင့်ကွာပြန်၍ ချမ်းသာ သောအတွေ့ ကွယ်ပျောက်ပြန်ရာ၌လည်း ဤနည်းတူ။
1,333,354
Uncategorized
ဥတ္တမပုရိသဒီပနီ
နွေရာသီ၌ အိုက်မှု ပူမှုနှင့် ဖြစ်ပွားသော ဖဿဝေဒနာတရားရေချိုး၍ အေးမှု ချမ်းသာမှုနှင့် ဖြစ်ပွားသော ဖဿဝေဒနာ တရားတို့၌ လည်း ဤနည်းအတိုင်း မြင်လေ၊ ဤကား ကာယဟူသော အကြည်ပေါက် တစ်မျိုးမှာ သုခဒုက္ခ ဖြစ်မှု၌ ဖဿကို အချုပ်အခြာ ပဓာန ပါကဋ အကြောင်းထား၍ ပဋိစ္စသမုပ္ပါဒ် တရားကို ပြဆိုချက်တည်း။
1,333,355
Uncategorized
ဥတ္တမပုရိသဒီပနီ
- ဤနည်းကို မှီ၍ ကြွင်းသော ငါးဒွါရတို့၌ သုခဒုက္ခဖြစ်ပုံကို မြင်လေ ပြောလေ၊ ယခု တစ်ဘဝလုံး အနမတဂ္ဂသံသရာ တစ်ခုလုံး သတ္တဝါ အနန္တတစ်ခုလုံး မြင်လေ။
1,333,356
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤအချက်မှာ ထိုဝေဒနာသည် ဝိပါက်ဝေဒနာဖြစ်၍ ကံကြောင့်ဆို လျှင်လည်း မလွဲလှ၊ သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာကို ပယ်နိုင်သော အယူကား မဟုတ်။
1,333,357
Uncategorized
ဥတ္တမပုရိသဒီပနီ
ဖဿကြောင့်ဖြစ်သည်ဟု မြင်မှ ခုတင်ခု ပေါ်မှု ခုတင် ခုသေမှုကို မြင်၍ သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ ငရဲမီးကြီးနှစ်ပါး ငြိမ်းရန်နည်းလမ်း ဖြစ်သတည်း၊ ဤသို့သော သုခ ဒုက္ခ ဖြစ်ပွားမှုမှာ ရှေးကံသည် အောက် ကပြခဲ့ပြီးသော ညောင်ပင်ကြီးမှာ မျိုးစေ့အာနုဘော်ကဲ့သို့ မကင်း တရားမျှသာ ဖြစ်၏၊ ဤလောကဓာတ်ကြီးသည်လည်း ဣဋ္ဌ အနိဋ္ဌ ဗဟိဒ္ဓ အာရုံတောကြီးဖြစ်၏...
1,333,358
Uncategorized
ဥတ္တမပုရိသဒီပနီ
လောဘ တိုက်တွန်းချက်နှင့် သွားလာလုပ်ဆောင်ရ၊ ဒေါသတိုက် တွန်းချက်နှင့် မောဟတိုက်တွန်းချက်နှင့် သဒ္ဓါတိုက်တွန်းချက်နှင့် ပညာမှုနှင့် ဒါနမှုနှင့် သီလမှုနှင့် ဓုတင်ပဋိပတ်မှုနှင့် အတ္တဟိတမှုနှင့် ပရဟိတမှုနှင့် ပြုရမှုရသော အမှုခပ်သိမ်းသည် ကံမဟုတ်၊ ဖြစ်ရာဘုံဘဝ အားလျော်စွာ လှုပ်ရှားကြသော ဗျာပါရမှုစုပေတည်း၊ ထိုဗျာပါရမှုစုမှာ အခွင...
1,333,359
Uncategorized
ဥတ္တမပုရိသဒီပနီ
အကြွင်း သိသာ လောက်ပြီ။
1,333,360
Uncategorized
ဥတ္တမပုရိသဒီပနီ
ပဋိစ္စသမုပ္ပါဒ်နည်း ပြီး၏။
1,333,361
Uncategorized
ဥတ္တမပုရိသဒီပနီ
--- ပဋိစ္စသမုပ္ပါဒ် ဒေသနာနည်းနှင့် စတုသစ္စဒေသနာနည်းအားဖြင့် သစ္စာလေးပါး၏ အဓိပ္ပါယ်
1,333,362
Uncategorized
ဥတ္တမပုရိသဒီပနီ
သစ္စာလေးပါး၏ အဓိပ္ပါယ်ကို အနည်းငယ် ဆိုဦးအံ့၊ လောကဓာတ်၌ ခပ်သိမ်းသော သတ္တဝါတို့၏ ဓမ္မတာသဘော ကား ဒုက္ခကင်းမှု၊ ချမ်းသာလိုမှု ဤနှစ်မှုသည် အချုပ်အခြာပဓာနမှုတည်း၊ ယခု လောက၌ ပုပုရွရွ နေ့နေ့ညည ကြံကြ စည်ကြ၊ ပြောကြ ဆိုကြ သွားကြ လာကြ၊ အားထုတ်ကြသော သူတို့၏အမှုကို အလိုကို လိုရင်း အချုပ် ကောက်ယူ လိုက်သည် ရှိသော် ဒုက္ခကင်းရှင်းဖို့ သ...
1,333,363
Uncategorized
ဥတ္တမပုရိသဒီပနီ
ဒုက္ခစစ်မှာ ဇရာ မရဏ
1,333,364
Uncategorized
ဥတ္တမပုရိသဒီပနီ
ဒုက္ခအချက် ဒုက္ခအချုပ် ဒုက္ခအခြာ ဆိုသည်ကား ဇရာ မရဏ တရား နှစ်ပါးပေတည်း၊ ထိုနှစ်ပါးတွင် မရဏဘေး မရဏမီး ကြီးကျယ် ပုံကိုလည်းကောင်း၊ လောကသုံးပါးလုံး၌ မရဏရှိနေသည့်အတွက် ကြောင့် ဒုက္ခတရား ကြီးကျယ်၍ နေကြပုံကိုလည်းကောင်း၊ မီးပူဇော်သော ပုဏ္ဏား ဥပမာ, အဇဋာကာသသို့ ဆင်းသောတွင်းကြီးကို ဖို့ကြသော ယောက်ျားတို့၏ ဥပမာ, အကျင့်အာစာရ ယုတ်ညံ့...
1,333,365
Uncategorized
ဥတ္တမပုရိသဒီပနီ
အနည်းငယ် ဆိုလိုက်ဦးအံ့။
1,333,366
Uncategorized
ဥတ္တမပုရိသဒီပနီ
ပုထုဇဉ် သတ္တဝါမည်သည် ဖြစ်လေရာရာ၌ နှလုံးထဲမှာ ငရဲအိုးကြီး နှစ်လုံး အမြဲပါ၏၊ သက္ကာယဒိဋ္ဌိ ငရဲအိုးကြီး တစ်လုံး၊ ဝိစိကိစ္ဆာ ငရဲအိုးကြီးတစ်လုံး၊ ဇရာ မရဏ တရားနှစ်ပါးသည်ကား ထိုငရဲအိုးကြီး နှစ်လုံး၏ အကျိုးဆောင် သက် သက်တည်း၊ ပုထုဇဉ်သတ္တဝါ လူ့ပြည်မှာ လူ့ခန္ဓာကို တွယ်တာ၍ နေ သည်ကို မှီရာတွယ်ရာ လူ့ခန္ဓာကို ပြိုကွဲပျက်ဆုံးအောင် လုပ်...
1,333,367
Uncategorized
ဥတ္တမပုရိသဒီပနီ
လူ့ခန္ဓာ ပျက်ဆုံးလျှင် အပါယ်သို့ ပစ်ချသည်ကား သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ နှစ်ပါးတည်း၊ လူ့ခန္ဓာ မပျက်လျှင် သက္ကာယဒိဋ္ဌိတို့ အခွင့်မရ ကုန်၊ နတ်ပြည်ခြောက်ထပ်ရှိ ပုထုဇန်စုကိုလည်း ဤနည်းအတိုင်း၊ ဗြဟ္မာ့ပြည်မှာနေသော ပုထုဇန်စုကိုလည်း ဤနည်းအတိုင်းမြင်လေ။
1,333,368
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုကြောင့် မြတ်စွာဘုရားသည်
1,333,369
Uncategorized
ဥတ္တမပုရိသဒီပနီ
ဧတဿ အာနန္ဒ ဓမ္မဿ အနနုဗောဓာ အပ္ပဋိဝေဓာ ဧဝမယံ ပဇာ တန္တာကုလကဇာတာ ဂုဠီဂုဏ္ဌိကဇာတာ မုဉ္စပဗ္ဗဇ ဘူတာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ သံသာရံ နာတိဝတ္တတိ။
1,333,370
Uncategorized
ဥတ္တမပုရိသဒီပနီ
အာနန္ဒ=အာနန္ဒာ၊ ဧတဿ ဓမ္မဿ=ဤပဋိစ္စသမုပ္ပါဒ် တရားကို၊ အနနုဗောဓာ=အလင်းပေါက်သော မဂ်ဉာဏ်ကို မရခြင်းကြောင့်၊ အပ္ပဋိဝေဓာ=ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ မသိခြင်းကြောင့်၊ ဧဝံ=ဤသို့၊ အယံပဇာ=ဤသတ္တဝါအပေါင်းသည်၊ တန္တာကုလက ဇာတာ=ချည်ခင် ထွေးကဲ့သို့ ထွေးရှုပ်၍နေသည်၊ ဂုဠီဂုဏ္ဌိကဇာတာ=စာပေါင်းသိုက်ကဲ့သို့ ထွေးယှက်၍နေသည်၊ မုဉ္စ ပဗ္ဗဇဘူတာ=ဖြူဆ...
1,333,371
Uncategorized
ဥတ္တမပုရိသဒီပနီ
ဝိနိပါတ ဘေး
1,333,372
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤပါဠိတော်၌ ဝိနိပါတံ ဟူသော ပုဒ်အနက်ကို ပြဆိုအံ့-ယခု အခါ လူလူရှင်ရှင် မြင်မြင်သမျှကို သင်သည်သေလျှင် အဘယ်မှာ ဖြစ် မည်နည်း မေးသည်ရှိသော် ဘယ်မှာဖြစ်မည်ဟု ဘယ်သူပြောတတ် မလဲ ကံချရာ ဖြစ်ရမှာပဟု ပြောလတ္တံ့၊ ဤသို့လျှင် သေလျှင် ဘယ်မှာ ဖြစ် မည်ဟု ကြည့်၍ ရွယ်၍ ဖြစ်နိုင်ကြသည် မဟုတ်၊ ကမ္မဿကာ ကံချရာဟု လွှတ်၍ချလိုက်ကြသည် လေမုန်တိုင်းလာရ...
1,333,373
Uncategorized
ဥတ္တမပုရိသဒီပနီ
ဥပမာဆိုအံ့-ဘုံအဆင့်ဆင့်ရှိသော တစ်ပင်တိုင် ပြာသာဒ်ကြီး ရှိသတတ်၊ ပဌမဘုံမှာ ခံစားဖွယ် စံစားဖွယ် ပေါများ၏၊ တစ်လမျှဘုံ သက်ရှိ၏၊ ဒုတိယဘုံမှာ ထိုထက် အဆများစွာ ခံစားဖွယ် စံစားဖွယ် ကြီးကျယ်၏၊ နှစ်လမျှ ဘုံသက်ရှိ၏၊ အထက်အထက် ဘုံစုမှာလည်း ဤနည်းအတိုင်း သိလေ၊ အောက်အပြင်၌ကား ဆူးငြောင့်ခလုပ် အပြည့်ရှိသော တောချုံအရပ်လည်း ရှိ၏၊ မစင် ဘင်ပ...
1,333,374
Uncategorized
ဥတ္တမပုရိသဒီပနီ
- ဘုံဆင့်တွေနှင့် လူ့ဘုံ နတ်ဘုံ ဗြဟ္မာ့ဘုံစု တူ၏။
1,333,375
Uncategorized
ဥတ္တမပုရိသဒီပနီ
- အောက်အပြင်စုနှင့် အပါယ်ဘုံစု တူ၏။
1,333,376
Uncategorized
ဥတ္တမပုရိသဒီပနီ
- လေပြင်းမုန်တိုင်းတွေနှင့် ထိုထိုဘုံတို့မှာ ရှိနေသော ဇရာ မရဏဘေးစု တူ၏။
1,333,377
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤသို့လျှင် သေနေ့မရောက်မီအတွင်းမှာ လူဖြစ်လျှင်လူ့စည်းစိမ် နှင့် တရွှင်ရွှင်တပြုံးပြုံးနေ၍ သေနေ့ဆိုက်သောအခါ ရပ်တည်ရာမရ ဖြစ်လေ၏၊ သေလျှင် ကျချင်ရာရာ ပရမ်းပတာ ကျရောက်လေ၏၊ နတ်ဘုံ ဗြဟ္မာ့ဘုံတို့မှာလည်း ဤနည်းတူ မြင်လေ၊ အနမတဂ္ဂသံသရာ တစ်ပြင် လုံးမြင်လေ၊ ဤသို့ ကမ္မဿကာ ကံချရာဟု ပေါက်လွှတ်ချရမြဲ ဓမ္မတာကို ဝိနိပါတံ ဆိုသတည်း။
1,333,378
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤကား ဇရာမရဏဘေး ကြီးကျယ်ပုံတည်း။
1,333,379
Uncategorized
ဥတ္တမပုရိသဒီပနီ
မသေမီကာလအတွင်းမှာ မရဏအတွက် ဒုက္ခစက် ကြီးကျယ်ပုံကို မီးပူဇော်သော ပုဏ္ဏား ဥပမာများနှင့် မြင်လေ။
1,333,380
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤသို့လျှင် ဇရာမရဏဘေး ကြီးကျယ်ပုံ၊ ဇရာမရဏမီးကြီးကျယ်ပုံ၊ သက္ကာယဒိဋ္ဌိ ငရဲမီးကြီးတို့၏ အကျိုးဆောင်ဖြစ်ပုံကို မြင်လေ၊ လူ့ခန္ဓာ နတ်ခန္ဓာ ဗြဟ္မာ့ခန္ဓာစုသည်လည်း သက္ကာယဒိဋ္ဌိငရဲမီးအိုးကြီးစုသာ ဖြစ်၏၊ ဇရာမရဏမီးကို မိမိကိုယ်တွင်းထား၍ သိမ်းပိုက်မွေးမြူသော ခန္ဓာစု သာဖြစ်၏၊ ထို့ကြောင့် ဇရာမရဏမီး အုပ်စိုးလျက်ရှိနေသော ထိုခန္ဓာ စုသည်...
1,333,381
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤကား ဘဝအဆုံးဖြစ်သော ဇရာမရဏဘေး ကြီးကျယ်ပုံတည်း။
1,333,382
Uncategorized
ဥတ္တမပုရိသဒီပနီ
ပဝတ္တိအရေး၌ ဇရာမရဏဘေး ကြီးကျယ်ပုံ
1,333,383
Uncategorized
ဥတ္တမပုရိသဒီပနီ
ပဋိသန္ဓေအခါမှစ၍ ပဝတ္တိအခါ၌ ဇရာမရဏဘေးကြီးကျယ်ပုံကို အကျဉ်းမျှ ပြဆိုဦးအံ့၊ ပဋိသန္ဓေနေပြီးသည်မှစ၍ အနှစ်တစ်ရာ အတွင်းမှာ သေဘေး ဆိုက်လာသည်ရှိသော် မသေနိုင်သော နာရီဟူ၍ တစ်နာရီမျှမရှိ၊ မသေနိုင်သောအချက်ဟူ၍ ထွက်သက် ဝင်သက် တစ်ခုစာမျှမရှိ၊ သေလောက်သောဘေး ထိလာလျှင် ဘယ်နာရီမဆို ဘယ်ခဏမဆို သေမည် ဧကန္တဖြစ်၏၊ ဤသို့ ဖြစ်လေရာရာ ဘဝတိုင်း ဘဝတ...
1,333,384
Uncategorized
ဥတ္တမပုရိသဒီပနီ
ဥပမာကား- ကိုယ်တွင်းမှာ အနာဆိုး ရောဂါဆိုးရှိသောသူအား လောက၌ စားကောင်းသောက်ဖွယ် ကြက်သား ဝက်သား ငါး အမဲ အုန်း ငှက်ပျော သရက် ပိန္နဲ ထောပတ်ထမင်း ဆီထမင်း သကြား သကာစ သည်တို့သည် ကြောက်စရာ ထိတ်စရာ ဘေးကြီးဖြစ်၍ နေကုန်သကဲ့ သို့တည်း၊ ဤရောဂါသည်မှာ ထိုအစာ အာဟာရတို့သည် ဘေးအစစ် မဟုတ်ကုန်၊ မိမိကိုယ်တွင်းမှာရှိသော ရောဂါဆိုး အနာဆိုးသည်သာ ...
1,333,385
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤနည်းတူ ကိုယ်တွင်းမှာ မရဏဘေး အမြဲပါရှိ၍ နေသည့် အတွက် လောကမှာ ကြောက်စရာအနန္တ၊ လန့်စရာအနန္တ၊ သေဘေး အနန္တ ဖြစ်၍ ကုန်လေသည်၊ မရဏဘေး မရှိပါမူကား ဦးခေါင်း၌ မိုးကြိုးကျသော်လည်း ကြောက်လန့်ဖွယ် မရှိရာ။
1,333,386
Uncategorized
ဥတ္တမပုရိသဒီပနီ
အသက်မွေးမှုဒုက္ခစု အဖော်အပေါင်းနှင့် မကင်းနိုင်သည့်အတွက် ဖြစ်ရသောဒုက္ခစု မြို့ရွာတည်ထောင်၍ နေရသောဒုက္ခမှုစု အိမ်ရာဝင်းခြံ အရံကာမှုနှင့်စပ်သောဒုက္ခစု၊ ဤသို့စသော ဒုက္ခမှုအလုံးစုံသည်လည်း ကိုယ်တွင်းမှာ ဇရာ မရဏဘေး အမြဲပါ၍နေသည့်အတွက်ချည်းတည်း၊ ဒါနကုသိုလ်မှုနှင့်စပ်သော ဒုက္ခစု၊ သီလမှုနှင့်စပ်သောဒုက္ခစု အလုံးစုံသော အကျင့်ပဋိပတ...
1,333,387
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤကား ပဝတ္တိအခါ၌ ဇရာမရဏဘေး ကြီးကျယ်ပုံတည်း။
1,333,388
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤသို့လျှင် ခပ်သိမ်းသော ဒုက္ခဟူသမျှ၏ အချုပ်အခြာကား ဇရာ မရဏတရား နှစ်ပါးသည်သာ ဖြစ်သတည်း၊ ထိုကြောင့် ထိုဇရာမရဏမီးနှင့် ဖက်တွဲ၍ရှိနေကြသော လူ့ပြည်မှာ သက်ရှိသက်မဲ့ ရုပ်နာမ်ခန္ခာ ဟူသမျှသည်လည်းကောင်း၊ နတ်ပြည်ခြောက်ထပ်မှာ သက်ရှိသက်မဲ့ ရုပ်နာမ်ခန္ခာဟူသမျှသည်လည်းကောင်း၊ ရူပအရူပ ဗြဟ္မာပြည်တစ်ခွင်မှာ သက်ရှိသက်မဲ့ ရုပ်နာမ် ခန္ဓာဟူသမျ...
1,333,389
Uncategorized
ဥတ္တမပုရိသဒီပနီ
ထိုကုသိုလ် ထိုခန္ဓာတို့သည် ယခု အဏုမြူမျှမရှိ၊ အိပ်မက်မက်ဖို့မျှ ရှာကြံ၍မရပြီ၊ ယခုလည်း အပါယ်ဘေး တန်းလန်းအတိုင်းပင် ပင်ပန်း ခဲ့သမျှ အချည်းနှီးနှယ် ကြီးကျယ်လေစွ၊ ဤသို့လျှင် ဒုက္ခကိုမုန်းကြ ရိုးအမှန် ဖြစ်ပါလျက် ဒုက္ခအချက်ကိုကား မသိနိုင်ကြသည့်အတွက် ကြောင့် ပြုခဲ့သမျှသော ဒါနမှုအနန္တတို့သည်လည်း ဒုက္ခမီးစာဖြစ်၍ ကုန်ဆုံးခဲ့လေကု...
1,333,390
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤကား ဒုက္ခအချက်ကို အမြွက်မျှပြ ဆိုသော အခန်းတည်း။
1,333,391
Uncategorized
ဥတ္တမပုရိသဒီပနီ
သုခ အစစ် သုခအစစ် သုခအမှန်ဆိုသည်ကား ထိုဇရာမရဏဘေး ကျွတ် လွတ်မှု တစ်ခုတည်းသာ သုခအစစ် သုခအမှန်ဖြစ်သတည်း၊ ထင်ရှား စေဦးအံ့- လူ့ပြည်၌ စကြာမင်းအစစ်သည် အလွန်ဆုံးသော မနုဿသုခ ဖြစ်၏၊ ထိုသုခသည် သုခအစစ် သုခအမှန် မဟုတ်၊ အတွင်းမှာ ဇရာမီး အပြည့်ရှိ၏၊ မရဏမီး အပြည့်ရှိ၏၊ သက္ကာယဒိဋ္ဌိငရဲမီး အပြည့်ရှိ၏၊ ဝိစိကိစ္ဆာငရဲမီး အပြည့်ရှိ၏၊ ဇရာမီးဆ...
1,333,392
Uncategorized
ဥတ္တမပုရိသဒီပနီ
စာတုမဟာရာဇ်မီးသည် နတ်နှစ်ငါးရာနှင့် ကျွမ်းအောင်လောင်၏၊ တာဝတိံသာမီးသည် နတ်နှစ်တစ်ထောင်နှင့် ကျွမ်းအောင်လောင်၏၊ စသည်ဖြင့်ဆိုလေ၊ ခန္ဓာမှာ အနှစ်နည်းပါး၍ အသားကျဲလေလေ မြန်မြန် ကျွမ်းအောင် လောင်လေလေမှတ်။
1,333,393
Uncategorized
ဥတ္တမပုရိသဒီပနီ
အနှစ်တစ်ရာတမ်းမှာ ပထမအရွယ် ဒုတိယအရွယ် တတိယ အရွယ်ရှိသည်တွင် တစ်ခုတစ်ခုသော အရွယ်ရုပ်မျိုးကို ၃၃-နှစ်နှင့် ကျွမ်းအောင်လောင်၏၊ မန္ဒဒသကစသော အရွယ်ရုပ်ဆယ်မျိုးတွင် တစ်မျိုးတစ်မျိုးကို ဆယ်နှစ် ဆယ်နှစ်နှင့် ကျွမ်းအောင်လောင်၏။
1,333,394
Uncategorized
ဥတ္တမပုရိသဒီပနီ
တစ်နှစ်တစ်နှစ်တွင် ဆောင်းရုပ်မျိုး နွေရုပ်မျိုး မိုးရုပ်မျိုး ဟူ၍ ၃-မျိုးရှိသည်တွင် တစ်မျိုးတစ်မျိုးကို လေးလ လေးလနှင့် ကျွမ်းအောင် လောင်၏၊ တန်ခူးရုပ်မျိုး ကဆုန်ရုပ်မျိုး စသည်ဖြင့် ၁၂-မျိုးရှိသည်တွင် တစ်မျိုးတစ်မျိုးကို အရက် ၃၀-နှင့် ကျွမ်းအောင်လောင်၏၊ တစ်ရက် တစ်ရက်ကို ၆-ယံနှင့် ကျွမ်းအောင်လောင်၏ စသည်ဖြင့် ထွက်သက် ဝင်သက...
1,333,395
Uncategorized
ဥတ္တမပုရိသဒီပနီ
လောက၌ ခဏအမျိုးမျိုး ရှိနေသည်မှစ၍ မဟာကမ္ဘာကြီး အမျိုးမျိုး ရှိနေမှုသည် ဇရာမီးအချက်ချည်းမှတ်၊ မရဏမီးဆိုသည်မှာ ဇရာမီး၏ နောက်အစွန်းကို ဆိုသတည်း၊ ဇရာမီးသည်သာ၍ ကြောက် ဖွယ်ကောင်းစွ၊ ဤကား ဇရာမီး၏အချက် မျက်မြင်ဒိဋ္ဌစုတည်း၊ ဇရာဓာတ် ကို မြင်အောင်ကြည့် ဓာတ်ကို မမြင်လျှင် ပြဆိုခဲ့ပြီးသော အဖြတ်အပိုင်း တို့၌ အမှုသည်ကို ရှာ၍မတွေ့ဘဲ နေ...
1,333,396
Uncategorized
ဥတ္တမပုရိသဒီပနီ
မရဏမီးမှာ ပြဆိုခဲ့လှပြီ။
1,333,397
Uncategorized
ဥတ္တမပုရိသဒီပနီ
သက္ကာယဒိဋ္ဌိမီး ကိုလည်း ပြဆိုခဲ့ပြီ။
1,333,398
Uncategorized
ဥတ္တမပုရိသဒီပနီ
ဝိစိကိစ္ဆာမီးဆိုသည်ကား- အဝိဇ္ဇာနှင့် ဝိစိကိစ္ဆာမီးကား ရှေ့သွား နောက်လိုက်တည်း၊ ထိုဝိစိကိစ္ဆာသည် ဓမ္မအရာ၌ ဖြစ်သော ဝိစိကိစ္ဆာ၊ အတ္တအရာ၌ ဖြစ်သော ဝိစိကိစ္ဆာဟူ၍ နှစ်ပါးရှိ၏၊ ခန္ဓာဓမ္မ အာယတန ဓမ္မ ဓာတ်ဓမ္မတို့တွင် အစိတ်စိတ်သော ဓာတ်, အပေါင်းဖြစ်သော ဓာတ်တို့ကို မိမိကိုယ်မှာ ကြည့်ရှု သောအခါ စိတ်မှောင်ကျ၍နေသည်ကား အဝိဇ္ဇာတည်း၊ တစ်...
1,333,399
Uncategorized
ဥတ္တမပုရိသဒီပနီ
ဤကား ဝိစိကိစ္ဆာမှုတည်း။
1,333,400
Uncategorized
ဥတ္တမပုရိသဒီပနီ
အတ္တအရာ၌ ဖြစ်ပုံကား- ပဋိစ္စသမုပ္ပါဒ်အချက်ကို အကွက်ကျ ဉာဏ် မပေါက်ဖူးကြကုန်သော သတ္တဝါတို့တွင် မိစ္ဆာဒိဋ္ဌိတို့သည် သေ မည်ရှိလျှင် အတ္တကို တွယ်တာ၍ သည်ငါသေလျှင် ငါဖြစ်နိုင်ဦးမည် လောဟု စိတ်ပူပန်ကြကုန်၏၊ သမ္မာဒိဋ္ဌိလူမျိုးတို့သည် အတ္တကိုတွယ် တာ၍ ငါသေရတော့မည်လားဟု ပူပန်မှု, အပါယ်သို့ ကျရောက်မည် လောဟု ပူပန်မှု ရှိကြကုန်၏၊ ထိုပူ...