id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,334,001
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
ထိုမြေခွေးသည် ထိုအခါမှစ၍ ထိုအရပ်ကို ပြန်၍မကြည့်ဝံ့၊ ရဟန်းတို့သည် ထိုအကြောင်းကိုသိ၍ တရားသဘင်၌ ငါ့သျှင်တို့ ရေတွင်းကို ဖျက်ဆီးသော မြေခွေးကို သာမဏေတို့သည် ပင်ပန်းစေအပ်သော ကာလမှစ၍ တဖန်ပြန်၍ ထိုအရပ်ကို မကြည့်ဝံ့ဟု စကားကို ဖြစ်စေကုန်၏။
1,334,002
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သော စကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ထိုမြေခွေးသည် ယခုအခါ၌သာလျှင် ဖျက်ဆီးသည် မဟုတ်သေး၊ ရှေး၌လည်း ဖျက်ဆီးဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
1,334,003
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဤဣသိပတနအရပ်၌ ဤရေတွင်းသည် ဖြစ်၏။
1,334,004
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
ထိုအခါ ဘုရားလောင်းသည် ဗာရာဏသီပြည်၌ အမျိုးအိမ်၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် ရသေ့ ရဟန်းပြု၍ ရသေ့အပေါင်းခြံရံလျက် ဣသိပတနအရပ်၌ နေ၏။
1,334,005
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
ထိုအခါ တခုသော မြေခွေးသည် ဤရေတွင်းကို ဖျက်ဆီး၍ သွား၏။
1,334,006
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
ထိုအခါ တနေ့သ၌ ထိုမြေခွေးကို ရသေ့တို့သည် ဝန်းရံ၍ တည်ကုန်လျက် တခုသော ဥပါယ်တမျဉ်ဖြင့် ဖမ်း၍ ဘုရားလောင်း၏ အထံသို့ ဆောင်ခဲ့ကုန်၏။
1,334,007
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
ဘုရားလောင်းသည် မြေခွေးနှင့်တကွစကားဆိုလိုရကား-
1,334,008
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
၆၁။ အာရညိကဿ ဣသိနော၊ စိရရတ္တ တပဿိနော။
1,334,009
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
ကိစ္ဆာကတံ ဥဒပါနံ၊ ကထံ သမ္မ အဝါဟသိ။
1,334,010
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
၆၁။ သမ္မ၊ အချင်း မြေခွေး။
1,334,011
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
အာရညိကဿ၊ တော၌နေထသော။
1,334,012
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
ဣသိနော၊ သီလ အစရှိသော ကျေးဇူးကို ရှာတတ်ထသော။
1,334,013
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
စိရရတ္တံ၊ ရှည်မြင့်စွာသော ကာလပတ်လုံး။
1,334,014
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
တပဿိနော၊ ခြိုးခြံသော ရသေ့အပေါင်းသည်။
1,334,015
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
ကိစ္ဆာကတံ၊ ငြင်သဖြင့် ပြုအပ်သော။
1,334,016
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
အဝါဟသိ၊ ကျင်ကြီး ကျင်ငယ်စွန့်သဖြင့် ဖျက်ဆီးဘိသနည်း။
1,334,017
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
ထိုစကားကို ကြား၍ မြေခွေးသည်-
1,334,018
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
၆၂။ ဧသ ဓမ္မော သိင်္ဂါလာနံ၊ ယံ ပိတွာ ဩဟဒါမသေ။
1,334,019
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
ပိတု ပိတာမဟံ ဓမ္မော၊ န တံ ဥဇ္စျာတုမရဟသိ။
1,334,020
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
၆၂။ သမ္မ တာပသ၊ အချင်းရသေ့။
1,334,021
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
ယံ၊ အကြင်ရေတွင်းကို။
1,334,022
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
ဩဟဒါမသေ၊ ကျင်ကြီး ကျင်ငယ်စွန့်ကုန်၏။
1,334,023
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
ဧသ၊ ဤကျင်ကြီးကျင်ငယ် စွန့်ခြင်းသည်။
1,334,024
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
သိင်္ဂလာနံ၊ မြေခွေးကို၏။
1,334,025
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
ပိတုပိတာမဟံ၊ အဘ အဘိုးတို့၏။
1,334,026
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
တံ၊ ထိုအဘအဘိုးတို့မှ လာသောအကျင့်ကို။
1,334,027
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
ဥဇ္စျာတုံ၊ စွန့်အံ့သောငှါ။
1,334,028
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
ထိုအခါ မြေခွေးအား ဘုရားလောင်းသည်-
1,334,029
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
၆၃။ ယေသံ ဝေါ ဧဒိသော ဓမ္မော၊ အဓမ္မော ပန ကီဒိသော။
1,334,030
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
၆၃။ သိင်္ဂါလ၊ မြေခွေး။
1,334,031
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
ဓမ္မော၊ အကျင့်သဘောသည်။
1,334,032
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
ဧဒိသော၊ ဤသို့သဘောရှိ၏။
1,334,033
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
အဓမ္မော ပန၊ အဓမ္မသည်တမူကား။
1,334,034
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
ကီဒိသော၊ အဘယ်သို့ သဘောရှိလတ္တံ့နည်း။
1,334,035
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
ဓမ္မံ ဝါ၊ သဘောအကျင့်ကို၎င်း။
1,334,036
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
အဓမ္မံ ဝါ၊ သဘောမဟုတ်သော အကျင့်ကို၎င်း။
1,334,037
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
မာ အဒ္ဒသာမ၊ မမြင်လိုကုန်။
1,334,038
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
ဤသို့ ဘုရားလောင်းသည် ထိုမြေခွေးအား အဆုံးအမကို ပေး၍ တဖန် မလာလင့်ဟု ဆို၍ ထိုမြေခွေးသည် ထိုအခါမှစ၍ တဖန် ပြန်၍မျှလည်း မကြည့်။
1,334,039
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ယခုအခါ ဤမြေခွေးသည် ထိုအခါ ရေတွင်းကို ဖျက်ဆီးသော မြေခွေး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရသေ့အပေါင်း၏ ဆရာ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။
1,334,040
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
မြေခွေးဟူပေ့၊ အဓလေ့၊ ကောင်းတွေ့ ဖျက်ဆီးမည်
1,334,041
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
ရှေးဦးစွာသော ဥဒပါနဒူသကဇာတ်သည် ပြီး၏။
1,334,042
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
၄။ ဥဒယဘဒ္ဒဇာတ်
1,334,043
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
နတ်သမီးနှင့်တူသော မိန်းမနှင့်သော်လည်း မပြစ်မှားခြင်း
1,334,044
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
ဟောတော်မူရာဌာန... နတ်လူတို့၏ဆရာ ဖြစ်တော်မူသော သဗ္ဗညူ မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူသည်ရှိသော် သာသနာတော်မှ ဆန့်ကျင်သော ရဟန်းတစ်ယောက်ကို အကြောင်းပြု၍ ဧကာ နိသိန္နာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဥဒယဘဒ္ဒဇာတ်ကို ဟောတော်မူ၏။
1,334,045
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုသည် ကုသ၌ ထင်ရှားစွာ ဖြစ်လတ္တံ့။
1,334,046
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
အထူးကိုဆိုအံ့။
1,334,047
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
ဘုရားသခင်သည် ထိုရဟန်းကို သာသနာတော်၌ ငြီးငွေ့မရွှင် ဆန့်ကျင်သောဟု ငါးကြားတော်မူသည် မှန်သလော ဟု မေးတော်မူ၍ အရှင်ဘုရား မှန်ပါ၏ ဟု နားတော် လျှောက်လတ်သော် ရဟန်း အဘယ့်ကြောင့် ကိလေသာ၏အစွမ်းဖြင့် ဤသို့သဘောရှိသော ဝဋ်ဆင်းရဲမှ ထွက်မြောက်ရာ ဘုရားသာသနာတော်၌ ရဟန်းပြုလျက် ဆန့်ကျင်ဘိသနည်း၊ ရှေးပညာရှိတို့သည် ကြွယ်ဝပြည့်စုံသော တစ်ဆယ့်နှ...
1,334,048
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
မိန်းမနှင့်တကွ အနှစ်ခုနစ်ရာတို့ပတ်လုံး တစ်ခုသောတိုက်ခန်း၌ နေကုန်လတ်သော်လည်း ဣန္ဒြေကိုဖျက်၍ လောဘတဏှာ၏ အစွမ်းဖြင့် မကြည့်ဘူးကုန်ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
1,334,049
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ကာသိတိုင်း သုရုန္ဓနမြို့၌ ကာကရာဇ်မင်းသည် မင်းပြု၏။
1,334,050
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
ထိုမင်းအား သားသမီးတို့သည် မရှိကုန်၊ ထိုမင်းသည် မိမိ၏ မိဖုရားတို့ကို သားဆုကို တောင်းလော့ ဟု တိုက်တွန်၏။
1,334,051
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
ထိုအခါ ဘုရားလေင်းသည် ဗြဟ္မာ့ပြည်မှ စုတေ၍ မင်း၏ မိဖုရားကြီး၏ဝမ်း၌ ဖြစ်၏။
1,334,052
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
ထိုအခါ မင်းသားအား လူများ၏ နှလုံးကိုပွားစေ၍ ဖွားမြင်သည်၏ အဖြစ်ကြောင့် ဥဒယဘဒ္ဒ ဟူသော အမည်ကို မှည့်ကုန်၏။
1,334,053
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
မင်းသားသည် ခြေဖြင့်သွားနိုင်သောအခါ တစ်ပါးသော သတ္တဝါသည် ဗြဟ္မာပြည်မှစုတေ၍ ထိုမင်း၏ မိဖုရားတစ်ယောက်ဝမ်း၌ သတို့သမီး ဖြစ်၏။
1,334,054
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
ထိုမင်းသမီးအားလည်း ဥဒယဘဒ္ဒါ ဟူသော အမည်ကို မှည့်ကုန်၏။
1,334,055
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
မင်းသားသည် အရွယ်သို့ရောက်သည်ရှိသော် အလုံးစုံသော အတတ်နှင့် ပြည့်စုံခြင်းသို့ ရောက်၏။
1,334,056
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
ဖွားသည်မှစ၍ မြတ်သောအကျင့်ကို ကျင့်၏။
1,334,057
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
အိပ်မက်ဖြင့်သော်လည်း မေထုန်အကျင့်ကို မသိစဘူး၊ ထိုမင်းသား၏ စိတ်သည် ကိလေသာတို့၌ မကပ်ငြိ၊ မင်းသည် သားတော်ကို မင်းအဖြစ်၌ အဘိသိက်သွန်း၍ ကချေသည်တို့ကို လုပ်ကျွေးစေအံ့ ဟု မင်းသားအထံသို့ သတင်းစကားကို စေ၏။
1,334,058
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
ဘုရားလောင်းသည် အကျွန်ုပ်သည် မင်းအဖြစ်ကို အလိုမရှိပါ၊ ကိလေသာတို့၌ အကျွန်ုပ်၏စိတ်သည် မကပ်ငြိ ဟု ပယ်၏။
1,334,059
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
အဖန်တလဲလဲ ဆိုသတ်သော်လျှင် ဇမ္ဗူရစ် ရွှေစင်ဖြင့်ပြီးသော မိန်းမရုပ်ကို ပြုလုပ်စေ၍ ဤအရုပ်နှင့်တူသော မိန်းမကိုရသော် မင်းအဖြစ်ကို ဝန်ခံအံ့ ဟု မယ်တော် ခမည်းတော်တို့အား စေ၏။
1,334,060
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
ထိုမိဘတို့သည် ထိုရွှေရုပ်ကို ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကို လှည့်လည်စေ၍ ထိုအရုပ်နှင့်တူသော မိန်းမကို မရကုန်၍ ဥဒယဘဒ္ဒါ မင်းသမီးကို တန်ဆာဆင်၍ ထိုရွှေရုပ်၏အနီး၌ ထားကုန်၏။
1,334,061
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
မင်းဖြစ်ပြီ
1,334,062
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
ထိုဥဒယဘဒ္ဒါ မင်းသမီးသည် ထိုရွှေရုပ်ကိုလွှမ်းမိုး၍ တည်၏။
1,334,063
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
ထိုအခါ၌ ထိုသူနှစ်ယောက်တို့သည် အလိုမရှိကုန်ဘဲလျှင် အဖတူ အမိခြား နှစ်မဖြစ်သော ဥဒယဘဒ္ဒါမင်းသမီးကို မိဖုရားကြီးပြု၍ ဘုရားလောင်းကို မင်းအဖြစ်ဖြင့် အဘိသိက် သွန်းကုန်၏။
1,334,064
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
ရဟန်းပြုခြင်း
1,334,065
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
ထိုနှစ်ယောက်သော သူတို့သည်လည်း မြတ်သော အကျင့်ဖြင့် နေခြင်းကိုသာလျှင် နေကုန်၏။
1,334,066
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
နောက်အဖို့၌ မိဘတို့၏ သေလွန်သဖြင့် ဘုရားလောင်းသည် မင်းပြု၏။
1,334,067
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
ကတိကဝတ် နှစ်ယောက်သော မင်းမိဖုရားတို့သည် တစ်ခုသောတိုက်ခန်း၌ နေကုန်သော်လည်း တဏှာ၏ အစွမ်းဖြင့် ဣန္ဒြေတို့ကိုဖျက်၍ အချင်းချင်း မကြည့်ဘူးကုန်။
1,334,068
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
စင်စစ်သော်ကား တို့နှစ်ယောက်တို့တွင် အကြင်သူသည် ဦးစွာသေအံ့၊ ထိုသူသည် ဖြစ်ရာအရပ်မှလာ၍ ဤမည်သောအရပ်၌ ဖြစ်သည်ဟု ကြလော့ ဟု ကတိကဝတ်ကို ပြုကုန်၏။
1,334,069
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
သိကြားမင်းဖြစ်ပြီး
1,334,070
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
ထိုအခါ ဘုရားလောင်းသည် အဘိသိက်ခံသည်မှ အနှစ်ခုနစ်ရာလွန်သဖြင့် သေခဲ့၏။
1,334,071
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
တစ်ပါးသော မင်းသည် မဖြစ်၊ ဥဒယဘဒ္ဒါမင်းသမီး၏ အာဏာဖြင့်သာ အမတ်တို့သည် တိုင်းပြည်ကို ဆုံးမကုန်၏။
1,334,072
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
ဘုရားလောင်းသည် တာဝတိံသာနတ်ပြည်၌ သိကြားမင်း၏အဖြစ်သို့ရောက်၍ စည်းစိမ် အခြံအရံများသည်၏ အဖြစ်ကြောင့် ခုနှစ်ရက်ပတ်လုံး အောက်မေ့ခြင်းငှာ မတတ်နိုင်။
1,334,073
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
ထိုဘုရားလောင်းသည် လူတို့၏ အရေအတွက် အနှစ်ခုနစ်ရာလွန်သဖြင့် ဆင်ခြင်၍ ဥဒယဘဒ္ဒါမင်းသမီးကို ဥစ္စာဖြင့် ဖျားယောင်းစုံစမ်း၍ မြတ်သောအသံကို ဆိုစေ၍ တရားဟော၍ ကတိကဝတ်ကို လွှတ်စေ၍ ပြန်အံ့ ဟု ကြံ၏။
1,334,074
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
ထိုအခါဝယ် လူတို့အား အနှစ်တစ်သောင်း အသက်ရှည်သောအခါ ဖြစ်သတတ် မင်းသမီးလည်း ထိုနေ့ညဉ့်အဖို့၌ ပိတ်ကုန်သော မြတ်သော ပြာသာဒ်အထက်၌ တန်ဆာဆင်သော ကျက်သရေရှိသော တိုက်ခန်းဝယ် တစ်ယောက်အတည်းလျှင် မတုန်မလှုပ် မိမိ၏သီလကို ဆင်ခြင်လျက်နေ၏။
1,334,075
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
မိဖုရားကို စမ်းကြည့်ပုံ
1,334,076
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
ထိုအခါ၌ သိကြားမင်းသည် ရွှေပဲရုပ်ဖြင့်ပြည့်သော ရွှေခွက်တစ်လုံးကိုယူ၍ လာပြီးလျှင် အိပ်ရာ တိုက်ခန်း၌ ထင်ရှားဖြစ်၍ တင့်အပ်သောအရပ်၌ ရပ်လျက် ထိုမင်းသမီးနှင့် အတူတကွ စကားပြောဟောလိုရကား-
1,334,077
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
၃၇။ ဧကာ နိသိန္နာ သုစိ သညတူရူ၊ပါသာဒမာရုယှ အနိန္ဒိတင်္ဂီ။
1,334,078
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
ယာစာမိ တံ ကိန္နရနေတ္တစက္ခု။
1,334,079
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
ဣမေကရတ္တိံ ဥဘယော ဝသေမ။
1,334,080
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
တညဉ့်မျှ အတူနေပါရစေ
1,334,081
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
၃၇။ သုစိ၊ စင်ကြယ်သော အဝတ်ကိုလည်း ဝတ်ထသော။
1,334,082
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
သညတူရူ၊ သိမ်းဆည်း၍ ထားအပ်သော ပေါင်ရှိသော။
1,334,083
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
အနိန္ဒိတင်္ဂီ၊ မကဲ့ရဲ့အပ်သော ကိုယ်ရှိသော။
1,334,084
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
ကိန္နရနေတ္တစက္ခု၊ ကိန္နရီနှင့်တူသော မျက်စိရှိသော။
1,334,085
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
ရာဇဓီတ၊ မင်းသမီး။
1,334,086
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
ပါသာဒံ၊ ပြာသဒ်ထက်သို့။
1,334,087
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
ဧကာ၊ ထစ်ယောက်ထီးတည်း။
1,334,088
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
နိသိန္နာ၊ နေ၏။
1,334,089
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
ယာစာမိ၊ ခွင့်တောင်း၏။
1,334,090
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
ဣမံ ဧကရတ္တိံ၊ ဤတစ်ညဉ့်ကို။
1,334,091
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
ဝသေမ၊ အတူတကွနေလိုပါကုန်၏။
1,334,092
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
ဘယ်လို လာသလဲ
1,334,093
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
ထို့နောင်မှ မင်းသမီးသည်-
1,334,094
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
၃၈။ ဩကိဏ္ဏန္တရပရိခံ၊ ဒဠှမဋ္ဋာလကောဋ္ဌကံ။
1,334,095
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
ရက္ခိတံ ခဂ္ဂဟတ္ထေဟိ၊ ဒုပ္ပဝေသမိဒံ ပုရံ။
1,334,096
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
၃၉။ ဒဟရဿ ယုဝိနော စာပိ၊ အာဂမော စ န ဝိဇ္ဇတိ။
1,334,097
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
အထ ကေန နု ဝဏ္ဏေန၊ သင်္ဂမံ ဣစ္ဆသေ မယာ။
1,334,098
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
ဟူသော နှစ်ခုသော ဤဂါထာတို့ကို ဆို၏။
1,334,099
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
၃၈။ ဣဒံပုရံ၊ ဤသုရုန္ဓနပြည်သည်။
1,334,100
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒယဇာတ်
ဩကိဏ္ဏန္တရပရိခံ၊ ကျုံးသုံးတန် ခြံရံ၏။