id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,333,801 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ကောဓဝဂ် ၃။ |
1,333,802 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ဥတ္တရာဥပါသိကာမဝတ္ထု အက္ကောဓေန ဇိနေ ကောဓံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ဥတ္တရာ၏အိမ်၌ ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုတော်မူပြီးသည်ရှိသော် ဥတ္တရာမည်သော ဒါယိကာမကို အကြောင်းပြု၍ ဟောတော်မူလေ၏။ |
1,333,803 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ဆင်းရဲသား မောင်ပုဏ္ဏ လယ်ထွန်သွားခြင်း |
1,333,804 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ထိုဂါထာကို ဟောတော်မူရာ၌ ဤဆိုလတ္တံ့သည်ကား စကားအစဉ်တည်း၊ ရာဇဂြိုဟ်ပြည်၌ သုမနအမည်ရှိသော သူဌေးကိုမှီ၍ ပုဏ္ဏအမည်ရှိသော သူဆင်းရဲသည် အခစားအမှုပြုလျက် အသက်မွေးသတတ်၊ ထိုပုဏ္ဏအား မယားသည်လည်းကောင်း, ဥတ္တရာအမည်ရှိသော သမီးသည်လည်းကောင်း ဤသို့ နှစ်ယောက်ကုန်သော အိမ်၌နေသော သူတို့သည် ရှိကုန်၏။ |
1,333,805 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ထိုအခါ တစ်နေ့သ၌ ခုနစ်ရက်ပတ်လုံး နက္ခတ်သဘင်ကစားရမည်ဟု ရာဇဂြိုဟ်ပြည်၌ ကြွေးခြင်းကို ပြုကြကုန်၏။ |
1,333,806 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ထိုစကားကိုကြားရလျှင် သုမနသူဌေးသည် နံနက်စောစောကသာလျှင် ရောက်လာသော ပုဏ္ဏကိုခေါ်၍ “အမောင်- ငါတို့၏ ထက်ဝန်းကျင် အမှုလုပ် လူအပေါင်းသည် နက္ခတ်သဘင်ကို ကစားခြင်းငှာ အလိုရှိ၏။ |
1,333,807 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | အမောင်- အသို့နည်း၊ နက္ခတ်သဘင်ကို ကစားအံ့လော၊ သို့တည်းမဟုတ် အခစားအမှုကို ပြုလုပ်အံ့လော”ဟု ဆိုလေ၏။ |
1,333,808 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | “အရှင်သူဌေးကြီး- နက္ခတ်သဘင် ပျော်ရွှင်ကစားခြင်းမည်သည် ဥစ္စာရှိသူတို့အလို့ငှာ ဖြစ်ပေါ်ရပါသည်။ |
1,333,809 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ကျွန်တော်၏အိမ်၌ကား နက်ဖြန်အလို့ငှာ ယာဂုကျိုစရာ ဆန်မျှလည်း မရှိသေးပါ။ |
1,333,810 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ကျွန်တော်အား နက္ခတ်သဘင် ကစားခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း။ |
1,333,811 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | နွားတို့ကို ရသည်ရှိသော် လယ်ထွန်ခြင်းငှာ သွားပါမည်”ဟု ဆိုရကား “ထိုသို့ဖြစ်မူ နွားတို့ကို ယူလော့”ဟု ဆိုလေ၏။ |
1,333,812 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ထိုပုဏ္ဏသည် အားရှိသောနွားတို့ကိုလည်းကောင်း၊ ထွန်ကိုလည်းကောင်း ယူခဲ့ပြီးလျှင် “နှမ-- မြို့သူမြို့သားတို့သည် နက္ခတ်သဘင်ကို ပျော်ရွှင်စွာ ကစားကြကုန်၏။ |
1,333,813 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ငါကား ဆင်းရဲခြင်းကြောင့် အခစားအမှု ပြုလုပ်ခြင်းငှာ သွားပေအံ့၊ ငါ၏အလို့ငှာလည်း ယနေ့ များများနှစ်ဆဖြစ်သော ရိက္ခာကိုချက်၍ ထမင်းကို ဆောင်ခဲ့လေလော့”ဟု ဆိုလျက် မယားအား မှာထား၍ လယ်တောသို့ သွားလေ၏။ |
1,333,814 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ရှင်သာရိပုတ္တရာအား ရေ,ဒန်ပူလှူခြင်း |
1,333,815 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ရှင်သာရိပုတ္တရာ မထေရ်သည်လည်း ခုနစ်ရက်ပတ်လုံး နိရောဓသမာပတ်ကို ဝင်စားတော်မူသည်ဖြစ်၍ ထိုနေ့၌ ထပြီးလျှင် “ငါသည် အဘယ်သူအား ယနေ့ ချီးမြှောက်ခြင်းကို ပြုသင့်ပေသနည်း”ဟု ကြည့်ရှုလတ်သည်ရှိသော် မိမိ၏ ဉာဏ်တည်းဟူသော ကွန်ရက်အတွင်းသို့ ဝင်ရောက်လာသော ပုဏ္ဏကို မြင်တော်မူလျှင် “ဤပုဏ္ဏသည် သဒ္ဓါတရားရှိအံ့လော၊ ငါ့အား ချီးမြှောက်ခြင်းကို ပြ... |
1,333,816 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ပုဏ္ဏသည် ရှင်သာရိပုတ္တရာမထေရ်ကို မြင်လျှင်မြင်ချင်း လယ်ထွန်ခြင်းကို ရပ်ထား၍ ငါးပါးသော တည်ခြင်းဖြင့် ရှင်သာရိပုတ္တရာမထေရ်ကို ရှိခိုးပြီးလျှင် “ဒန်ပူဖြင့် အလိုတော်ရှိသည် ဖြစ်လတ္တံ့”ဟု နှလုံးပြု၍ ဒန်ပူကို ဖြတ်တောက်ခြင်းကိုပြု၍ ပေးလှူလေ၏။ |
1,333,817 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ထိုအခါ ပုဏ္ဏအား မထေရ်မြတ်သည် သပိတ်ကိုလည်းကောင်း၊ ရေစစ်ကိုလည်းကောင်း ထုတ်၍ ပေးတော်မူလေ၏။ |
1,333,818 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ပုဏ္ဏသည် “သောက်ရေဖြင့် အလိုတော်ရှိသည်ဖြစ်လတ္တံ့”ဟု သပိတ်နှင့်ရေစစ်ကို ယူပြီးလျှင် သောက်ရေကိုစစ်၍ လှူဒါန်းဆက်ကပ်လေ၏။ |
1,333,819 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ရှင်သာရိပုတ္တရာမထေရ်သည် “ဤသူကား သူတစ်ပါးတို့၏ အိမ်နောက်၌ နေရရှာ၏။ |
1,333,820 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ထိုအိမ်တံခါးသို့ အကယ်၍ ငါသွားခဲ့ငြားအံ့၊ ဤသူ၏မယားသည် ငါ့ကိုဖူးမြင်ခြင်းငှာ မရနိုင်လတ္တံ့၊ အကြင်မျှလောက် ကာလပတ်လုံး ဤပုဏ္ဏ၏ အလို့ငှာ ထမင်းကိုယူ၍ ခရီးလမ်းမသို့ ရောက်လာ၏။ |
1,333,821 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ထိုမျှလောက် ကာလပတ်လုံး ဤအရပ်၌သာလျှင် ဖြစ်ဦးအံ့၊ ဆိုင်းငံ့ကာနေဦးအံ့”ဟု ကြံစည်တော်မူလေ၏။ |
1,333,822 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | မောင်ပုဏ္ဏ၏မယား ဆွမ်းလှူခြင်း |
1,333,823 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ထိုရှင်သာရိပုတ္တရာသည် ထိုအရပ်၌သာလျှင် အတန်ငယ်ကာလကို လွန်စေတော်မူပြီးလျှင် သူဆင်းရဲမ၏ ခရီးလမ်းမသို့ တက်သည်အဖြစ်ကို သိတော်မူသဖြင့် မြို့တွင်းသို့ ရှေးရှု ကြွသွားတော်မူလေ၏။ |
1,333,824 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | သူဆင်းရဲမသည် ခရီးလမ်းမအလယ်၌ ရှင်သာရိပုတ္တရာမထေရ်ကို မြင်ရလျှင် ဤသို့ကြံမိလေ၏။ |
1,333,825 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | “ငါသည် တစ်ရံတစ်ခါ လှူဖွယ်ဝတ္ထုရှိလျက် အရှင်မြတ်ကိုမမြင်၊ တစ်ရံတစ်ခါ ငါ၏အရှင်မြတ်ကို မြင်ရပါ၏။ |
1,333,826 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | လှူဖွယ်ဝတ္ထုမရှိ၊ ယနေ့မူကား ငါသည် အရှင်မြတ်ကိုလည်း မြင်ရ၏။ |
1,333,827 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ဤလှူဖွယ်ဝတ္ထုသည်လည်း ရှိခဲ့၏။ |
1,333,828 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ငါ့အား ချီးမြှင့်ခြင်း ပြုပါလိမ့်မည်လော”ဟု ကြံပြီးလျှင် ထိုသူဆင်းရဲမသည် ထမင်းခွက်ကိုချ၍ မထေရ်မြတ်ကို ငါးပါးသော တည်ခြင်းဖြင့် ရှိခိုးပြီးလျှင် “အရှင်ဘုရား- ဤဆွမ်းကို ညံ့ဖျင်း၏ဟူ၍လည်းကောင်း၊ မွန်မြတ်၏ဟူ၍လည်းကောင်း ကြံစည်တော်မမူပါဘဲ အရှင်ဘုရားတို့၏ ကျေးကျွန် တပည့်မွဲအား ချီးမြှောက် ထောက်ပံ့ခြင်းအမှုကို ပြုတော်မူကြပါဘုရား”... |
1,333,829 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | မထေရ်မြတ်သည် သပိတ်ကို ညွှတ်တော်မူပြီးလျှင် ထိုသူဆင်းရဲမသည် လက်တစ်ဖက်ဖြင့် ထိုထမင်းခွက်မှ (ထမင်းကို) ဆွမ်းကို လှူဒါန်းစဉ် ထက်ဝက်သောဆွမ်းကို လှူအပ်သည်ရှိသော် တန်ပြီဟူ၍ လက်တော်ဖြင့် သပိတ်ကို ပိတ်တော်မူ၏။ |
1,333,830 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ထိုသူဆင်းရဲမသည် “အရှင်ဘုရား- တစ်ယောက်စာအတွက် တစ်ခုသောအဖို့ကို နှစ်ဖို့ပြုခြင်းငှာ မတတ်ကောင်းပါဘုရား၊ အရှင်ဘုရားတို့၏ ကျေးကျွန်အား ဤပစ္စုပ္ပန်လောကအတွက် ချီးမြောက်သင်္ဂြိုဟ်ခြင်းကို ပြုတော်မမူပါဘဲ တမလွန်လောကအတွက် ချီးမြှောက်သင်္ဂြိုဟ်ခြင်းကို ပြုတော်မူကြပါဘုရား၊ အကြွင်းမဲ့သာလျှင် လှူခြင်းငှာ အလိုရှိပါသည်ဘုရား”ဟု လျှောက်က... |
1,333,831 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ရှင်သာရိပုတြာမထေရ်သည် “ဤသို့ တောင်းသည့်ဆုအတိုင်း ပြည့်စုံစေသော”ဟု မိန့်တော်မူပြီးလျှင် ရပ်တော်မူလျက်သာလျှင် အနုမောဒနာကိုပြု၍ ရေရလွယ်၍ ချမ်းသာရာအရပ် တစ်ခု၌ နေထိုင်ကာ ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုတော်မူလေ၏။ |
1,333,832 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | မောင်ပုဏ္ဏ၏မယား ကုသိုလ်ပွားအောင် ပြောပြပုံ |
1,333,833 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | သူဆင်းရဲမသည်လည်း အိမ်သို့ပြန်လည်၍ ဆန်တို့ကို ရှာပြီးလျှင် ထမင်းကို ချက်ရပြန်လေ၏။ |
1,333,834 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ပုဏ္ဏသည်လည်း ရှစ်မင်းပယ်မျှလောက်သော အရပ်ကို လယ်ထွန်ပြီးလျှင် မွတ်သိပ်ဆာလောင်ခြင်းကို သည်းခံခြင်းငှာ မတတ်နိုင်ရကား နွားတို့ကို လွှတ်လိုက်၍ တစ်ခုသော သစ်ပင်ရိပ်သို့ဝင်သဖြင့် လမ်းခရီးကို မျှော်ကြည့်ကာ နေရှာလေ၏။ |
1,333,835 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ထိုအခါ ပုဏ္ဏ၏မယားသည် ထမင်းကိုယူ၍ သွားသည်ရှိသော် ထိုပုဏ္ဏကို မြင်လျှင်မြင်ချင်း “ဤပုဏ္ဏသည် မွတ်သိပ်ဆာလောင်ခြင်းဖြင့် နှိပ်စက်ခြင်းကြောင့် လမ်းခရီးကို မျှော်ကြည့်ကာ နေရှာလေ၏။ |
1,333,836 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ငါ့ကို အလွန်လျှင် ကြာမြင့်လှဘိ၏ဟု မောင်းမဲ၍ နှင်တံရိုးဖြင့် အကယ်၍ ပုတ်ခတ်သည်ဖြစ်အံ့၊ ငါပြုအပ်သော ကောင်းမှုသည် အကျိုးမရှိဖြစ်တော့အံ့၊ ထိုခင်ပွန်းသည် ပုဏ္ဏအား ရှေးဦးမဆွ ကြိုတင်၍သာလျှင် ပြောကြားပေတော့အံ့”ဟုကြံ၍ “အရှင်- ယနေ့တစ်နေ့ပတ်လုံး စိတ်ကို ကြည်ဖြူစေပါလော့၊ ကျွန်မပြုအပ်သော ကောင်းမှုကို အကျိုးမဲ့ မပြုပါလင့်၊ ကျွန်မသည် ... |
1,333,837 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | စိတ်ကို ကြည်ဖြူစေပါလော့”ဟု တင်ကြိုကာ ဆိုရှာလေ၏။ |
1,333,838 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ထိုသူဆင်းရဲပုဏ္ဏသည် “ချစ်နှမ- သင်သည် အဘယ်စကားကို ဆိုသနည်း”ဟု မေးလေသောကြောင့် တစ်ဖန် ထိုအကြောင်းကို ကြားပြန်လတ်သော် “ချစ်နှမ- ငါ့အလို့ငှာ ဆောင်ခဲ့သော ထမင်းကို ရှင်သာရိပုတ္တရာအား ပေးလှူခြင်းအားဖြင့် သင်ပြုအပ်သောအမှုသည် ကောင်းလေစွတကား၊ ငါသည်လည်း ရှင်သာရိပုတ္တရာအား ယနေ့ နံနက်စောစောကပင်လျှင် ဒန်ပူနှင့် မျက်နှာသစ်တော်ရေကိုလည... |
1,333,839 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | အလွန်နေမြင့်သော အခါကာလ၌ ရအပ်သော ထမင်းရှိသောကြောင့် ပင်ပန်းသောကိုယ် ရှိသည်ဖြစ်ရကား ထိုမယား၏ရင်ခွင်၌ ဦးခေါင်းထားသည်ကိုပြု၍ အိပ်ပျော်ခြင်းသို့ ရောက်လေ၏။ |
1,333,840 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ရွှံ့မှ ရွှေဖြစ်ခြင်း |
1,333,841 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ထိုအခါ မောင်ပုဏ္ဏ၏ နံနက်စောစောကပင်လျှင် လယ်ထွန်သော နေရာအရပ်တစ်ခုလုံးသည် မြေမှုန့်ကို အစပြု၍ နီသောရွှေဖြစ်၍ မဟာလှေကားပန်းပွင့် အစုကဲ့သို့ တင့်တယ်လျက် တည်လေ၏။ |
1,333,842 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | မောင်ပုဏ္ဏ နိုးလတ်သဖြင့် ကြည့်ရှုပြီးလျှင် မယားကို “ချစ်နှမ- ထိုလယ်ထွန်ရာ အရပ်တစ်ခုလုံးသည် ငါ့အား ရွှေဖြစ်၍ ထင်၏”ဟု ဆိုပြီးလျှင် “အသို့နည်း၊ အလွန်နေမြင့်သော အခါကာလ၌ ရအပ်သော ထမင်းရှိသည် အဖြစ်ကြောင့် ငါ၏မျက်စိတို့သည် လည်လေကုန်သလော”ဟု ဆိုလေ၏။ |
1,333,843 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | မယားသည်လည်း “အရှင်- ကျွန်မအားလည်း ဤအတူသာလျှင် ထင်၏”ဟု ဆိုလတ်သော် မောင်ပုဏ္ဏသည် ထတဲ့၍ ထိုလယ်ထွန်ထားရာအရပ်သို့ သွားပြီးလျှင် တစ်ခုသော အစိုင်အခဲကို ယူသဖြင့် ထွန်တုံးစွန်း၌ ပုတ်ခတ်လိုက်သည်ရှိသော် ရွှေ၏အဖြစ်ကို သိရသောကြောင့် “ဪ- အံ့ဖွယ်ရှိလှပေ၏တကား၊ တရားစစ်သူကြီးဖြစ်သော ရှင်သာရိပုတ္တရာအား ပေးလှူအပ်သော အလှူဒါနသည် ယနေ့ပင်လျှင... |
1,333,844 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | “သင်-အဘယ်သူဖြစ်သနည်း”ဟု မိန့်လတ်သော် “ကျွန်တော်မျိုးသည် ပုဏ္ဏမည်သောသူ ဖြစ်ပါသည်ဘုရား”ဟု လျှောက်တင်လေ၏။ |
1,333,845 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | “သင်သည် ယနေ့ အဘယ်သို့သော ကောင်းမှုကို ပြုလေဘိသနည်း”ဟု မေးပြန်လတ်သော် “ကျွန်တော်မျိုးသည် ယနေ့ နံနက်စောစောကပင်လျှင် ရှင်သာရိပုတြာအား ဒန်ပူကိုလည်းကောင်း၊ မျက်နှာသစ်တော်ရေကိုလည်းကောင်း လှူဒါန်းပါသည်၊ ကျွန်တော်မျိုး၏ မယားသည်လည်း ပို့ဆောင်လာသော ထမင်းကို ရှင်သာရိပုတ္တရာအားသာလျှင် လှူဒါန်းရပါသည်ဘုရား”ဟု လျှောက်တင်လေ၏။ |
1,333,846 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ထိုစကားကို ကြားရလျှင် မင်းကြီးသည် “အချင်းတို့- ယနေ့ပင်လျှင် တရားစစ်သူကြီးဖြစ်တော်မူသော ရှင်သာရိပုတ္တရာအား ပေးလှူအပ်သောအလှူသည် အကျိုးကို ပြလေသတတ်”ဟု မိန့်ဆိုတော်မူ၍ “အမောင်ပုဏ္ဏ- ငါ-အဘယ်သို့ ပြုရအံ့နည်း”ဟု မေးလေ၏။ |
1,333,847 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | “များစွာ လှည်းအထောင်တို့ကို စေလွှတ်၍ ရွှေကို ဆောင်ယူစေတော်မူကြပါဘုရား”ဟု လျှောက်တင်သဖြင့် မင်းကြီးသည် လှည်းတို့ကို စေလွှတ်တော်မူလေ၏။ |
1,333,848 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | မောင်ပုဏ္ဏ သူဌေးရာထူး ရရှိခြင်း |
1,333,849 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | မင်းချင်းယောက်ျားတို့သည် “မင်းကြီး၏ ဥစ္စာ”ဟု ဆို၍ ယူကြကုန်သည်ရှိသော် ယူတိုင်းယူတိုင်းသော ရွှေသည် မြေစိုင်ခဲသာလျှင် ဖြစ်၏။ |
1,333,850 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | မင်းချင်းယောက်ျားတို့သည် ပြန်သွား၍ မင်းကြီးအား လျှောက်ကြားခြင်းကြောင့် “သင်တို့သည် အဘယ်သို့ဆို၍ ယူဘိသနည်း”ဟု မေးမြန်းအပ်သည်ရှိသော် “အရှင်မင်းကြီးတို့၏ ဥစ္စာဟုဆို၍ ယူပါသည်”ဟု လျှောက်တင်ကြလေကုန်၏။ |
1,333,851 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | “အမောင်တို့- ငါသည် အဘယ်အရပ်မှ ရလတ္တံ့နည်း”ဟု မိန့်ဆိုပြီးလျှင် “မောင်ပုဏ္ဏ၏ ဥစ္စာဟုဆို၍ ယူကြကုန်လော့”ဟု မိန့်တော်မူလိုက်သည်ရှိသော် ထိုမင်းချင်းယောက်ျားတို့သည် မင်းကြီးဆိုတိုင်း ပြုကြလေကုန်၏။ |
1,333,852 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ယူတိုင်းယူတိုင်းသော ဥစ္စာသည် ရွှေသာလျှင် ဖြစ်လေ၏။ |
1,333,853 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | အလုံးစုံသော ရွှေတို့ကို ဆောင်ယူပြီးလျှင် မင်းရင်ပြင်၌ အစုအပုံပြုကြကုန်၏။ |
1,333,854 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | အတောင်ရှစ်ဆယ်မြင့်သော အစုအပုံသည် ဖြစ်လေ၏။ |
1,333,855 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | မင်းကြီးသည် မြို့သူမြို့သားတို့ကို စည်းဝေးစေပြီးလျှင် “ဤမင်းနေပြည်တော်၌ တစ်စုံတစ်ယောက်သောသူအား ဤမျှလောက်သော ရွှေသည် ရှိသလော”ဟု မေးလေ၏။ |
1,333,856 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | “အရှင်မင်းကြီး- မရှိပါ”ဟု လျှောက်တင်လတ်သော် “ထိုသူအား အဘယ်ရာထူးကို ပေးကမ်းချီးမြှောက်ခြင်းငှာ သင့်မည်နည်း”ဟု မေးတော်မူပြန်လေ၏။ |
1,333,857 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | “အရှင်မင်းကြီး- သူဌေးတို့ ဆောင်းသောထီးကို ပေးကမ်းချီးမြှောက်ခြင်းငှာ သင့်လျော်လျောက်ပတ်ပါသည်”ဟု လျှောက်တင်လတ်သော် မင်းကြီးသည် များသော ဥစ္စာရှိသည်ကို အစွဲပြု၍ “ဗဟုဓနသူဌေး မည်သောသူ ဖြစ်စေ”ဟု များစွာသော စည်းစိမ်နှင့်တကွ ထိုပုဏ္ဏအား သူဌေးဆောင်းသောထီးကို ပေးသနားတော်မူ၍ သူဌေးရာထူးဖြင့် ချီးမြှောက်လေ၏။ |
1,333,858 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | သောတာပန် တည်ခြင်း |
1,333,859 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ထိုအခါ မင်းကြီးကို သူဌေး မောင်ပုဏ္ဏက “အရှင်မင်းကြီး- ကျွန်တော်မျိုးတို့သည် ဤမျှလောက်သော ကာလပတ်လုံး သူတစ်ပါးအိမ်၌ နေကြပါကုန်၏။ |
1,333,860 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ကျွန်တော်မျိုးအား နေရာအရပ်ကို သနား ကယ်မတော်မူကြပါဦး”ဟု လျှောက်တင်လေ၏။ |
1,333,861 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | “ထိုသို့ဖြစ်မူ ကြည့်ရှုစမ်းလော့၊ ထိုချုံသည် ထင်ရှား၏၊ ထိုချုံကို သုတ်သင်ရှင်းလင်းပြီးလျှင် အိမ်ဆောက်ချေလော့”ဟု ရှေးသူဌေးတစ်ဦး၏ အိမ်နေရာအရပ်ကို ညွှန်ကြားတော်မူလေ၏။ |
1,333,862 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ထိုပုဏ္ဏသူဌေးသည် ထိုအရပ်၌ နှစ်ရက်သုံးရက်ဖြင့်သာလျှင် အိမ်ရာကို သုတ်သင်စေသဖြင့် ထိုအိမ်နေရာ၌ ရွှေအိုးအပေါင်းသည် တစ်အိုးနှင့်တစ်အိုး ထိခိုက်လျက်ရှိ၏။ |
1,333,863 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ထိုရွှေအိုးအပေါင်းကို ထုတ်ဖော်၍ မင်းကြီးကို “အရှင်မင်းကြီး- ရွှေအိုးအပေါင်းကို ယူငင်သိမ်းပိုက်တော်မူပါဘုရား”ဟု သိသာအောင် လျှောက်တင်လေ၏။ |
1,333,864 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | “သင်၏ကောင်းမှုကြောင့် ရအပ်သော ရွှေအိုးအပေါင်းကို သင်သာ ယူလေလော့”ဟု မိန့်တော်မူပြန်သဖြင့် များစွာသော ဥစ္စာကိုရ၍ အိမ်ကို ဆောက်လုပ်စေပြီးလျှင် အိမ်တက်မင်္ဂလာကိုလည်းကောင်း၊ ထီးဆောင်းမင်္ဂလာကိုလည်းကောင်း တစ်ပြိုင်နက်တည်းသာလျှင် ပြုလုပ်လျက် ခုနစ်ရက်ပတ်လုံး ဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းအား အလှူကို လှူဒါန်းလေ၏။ |
1,333,865 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ထိုအခါ ပုဏ္ဏသူဌေးအား မြတ်စွာဘုရားသည် အနုမောဒနာ ပြုတော်မူလျက် အစဉ်အတိုင်းသော တရားစကားကို ဟောကြားတော်မူလေ၏။ |
1,333,866 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | တရားစကားကို ဟောကြားတော်မူပြီးသည့် အဆုံး၌ ပုဏ္ဏသူဌေးသည်လည်းကောင်း၊ ပုဏ္ဏသူဌေး၏ မယားသည်လည်းကောင်း၊ သမီး ဥတ္တရာသည်လည်းကောင်း ဤသုံးယောက်သော သူတို့သည် သောတာပန် ဖြစ်ကြလေကုန်၏။ |
1,333,867 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | သမီးဥတ္တရာ မိစ္ဆာဒိဋ္ဌိအိမ်၌ စိတ်ဆင်းရဲရခြင်း |
1,333,868 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | နောက်အဖို့၌ ရာဇဂြိုဟ်သူဌေးကြီးသည် ပုဏ္ဏသူဌေး၏သမီး ဥတ္တရာကို မိမိ၏သားအား ပေးစိမ့်သောငှာ အလိုရှိသည်ဖြစ်၍ ပုဏ္ဏသူဌေးအား ဖိတ်ကြားတောင်းရမ်းလေ၏။ |
1,333,869 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ပုဏ္ဏသူဌေးသည် “ကျွန်ုပ်ကား မပေးနိုင်ပါ”ဟု ဆိုလတ်သော် “ဤသို့ မပြုစေချင်ပါ၊ ဤမျှလောက်သော ကာလပတ်လုံး ငါတို့ကိုမှီ၍ နေသဖြင့်သာလျှင် သင်သည် စည်းစိမ်ချမ်းသာကို ရအပ်ပေ၏၊ ငါ့သားအား သမီးဥတ္တရာကို ပေးစေချင်ပါသည်”ဟု ဆိုလေ၏။ |
1,333,870 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | “ထိုသူဌေးမင်း၏ သားသည် မှားသောအယူရှိသော မိစ္ဆာဒိဋ္ဌိ ဖြစ်ပါသည်၊ အကျွန်ုပ်၏သမီးသည် ရတနာသုံးပါးတို့နှင့် ကင်း၍နေခြင်းငှာ မတတ်နိုင်ပါ။ |
1,333,871 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ထို့ကြောင့် ထိုသူဌေးမင်း၏သားအား သမီးဥတ္တရာကို မပေးနိုင်ပါ”ဟု ဆိုလေ၏။ |
1,333,872 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ထိုအခါ ပုဏ္ဏသူဌေးကို များစွာသော သူဌေးအပေါင်းစသော အမျိုးကောင်းသားတို့သည် “ရာဇဂြိုဟ်သူဌေးကြီးနှင့် ချစ်ကျွမ်းဝင်ခြင်းကို မဖျက်ပါလင့် (မိတ်မဖျက်ပါလင့်)။ |
1,333,873 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ထိုသူဌေးသားအား သမီးဥတ္တရာကို ပေးပါလော့”ဟု တောင်းပန်စကား ပြောကြားကြလေကုန်၏။ |
1,333,874 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ထိုပုဏ္ဏသူဌေးသည် သူဌေးအပေါင်းစသော အမျိုးကောင်းသားတို့၏ စကားကို ဝန်ခံပြီးလျှင် ဝါဆိုလပြည့်နေ့၌ သမီးကို ပေးရလေ၏။ |
1,333,875 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ထိုသမီးဥတ္တရာသည် လင့်အိမ်သို့ ရောက်သွားသောအခါမှစ၍ ရဟန်းယောက်ျားကိုလည်းကောင်း၊ ရဟန်းမိန်းမကိုလည်းကောင်း ဆည်းကပ်ခြင်းငှာလည်းကောင်း၊ အလှူပေးခြင်းငှာလည်းကောင်း၊ တရားနာခြင်းငှာလည်းကောင်း မရရှာခဲ့လေပြီ။ |
1,333,876 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ဤသို့လျှင် နှစ်လခွဲတို့သည် လွန်လတ်ကုန်သည်ရှိသော် အနီးအပါး၌နေသော အလုပ်အကျွေးကို “ယခုအခါ ဝါတွင်းကာလ၏ အကြွင်းဖြစ်သော နေ့ရက်သည် အဘယ်မျှရှိသေးသနည်း”ဟု မေးလေ၏။ |
1,333,877 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | “အရှင်မ- တစ်ဆယ့်ငါးရက် ရှိပါသေး၏”ဟု ပြောဆိုလတ်သော် ဥတ္တရာသည် ဖခင်၏အထံသို့ “အဘယ့်ကြောင့် သမီးဖြစ်သူ ကျွန်တော်မကို ဤသို့ သဘောရှိသော နှောင်အိမ်၌ ထည့်သွင်းထားကြပါကုန်သနည်း၊ သံပူကပ်ခြင်းဖြင့် တံဆိပ်ခတ်သည်ကိုပြု၍ သူတစ်ပါး၏ကျေးကျွန်မဟု ပြောကြားခြင်းသည် သမီးအား မြတ်ပါသေး၏။ |
1,333,878 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ဤသို့သဘောရှိသော မိစ္ဆာဒိဋ္ဌိအမျိုးအား ပေးခြင်းသည် မသင့်လှပါ၊ ရောက်လာသောအခါမှစ၍ ရဟန်းတော်ကို ဖူးမြင်ရခြင်းစသော ကုသိုလ်ကောင်းမှုတို့တွင် တစ်ခုမျှလည်းဖြစ်သော ကုသိုလ်ကောင်းမှုကို ပြုလုပ်ခြင်းငှာ မရပါ”ဟု သတင်းစကားကို စေလွှတ်လိုက်လေ၏။ |
1,333,879 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ဥတ္တရာခွင့်ပန်၍ ကုသိုလ်ရေး အားထုတ်ခြင်း |
1,333,880 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ထိုအခါ ဥတ္တရာ၏ဖခင်ဖြစ်သော ပုဏ္ဏသူဌေးသည် “ငါ့သမီးကား ဆင်းရဲလေစွတကား”ဟု နှလုံးမသာယာသည်အဖြစ်ကို ပြောကြားသိစေလျက် တစ်သောင်းငါးထောင်သော အသပြာတို့ကို ပို့လိုက်လေ၏။ |
1,333,881 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | အဘယ်သို့ဆို၍ ပို့သနည်းဟူမူကား “ဤရာဇဂြိုဟ်ပြည်၌ သီရိမာ အမည်ရှိသော ပြည့်တန်ဆာမသည် ရှိ၏၊ နေ့တိုင်း တစ်ထောင်သော ဥစ္စာကို ယူလေ့ရှိ၏၊ ဤအသပြာတို့ဖြင့် ထိုသီရိမာကို ခေါ်စေပြီးလျှင် လင်ယောက်ျား၏အလို့ငှာ ခြေရင်းစောင့် အလုပ်အကျွေး ပြုလုပ်ထားပြီးမှ မိမိကိုယ်တိုင် ကုသိုလ်ကောင်းမှုတို့ကို ပြုစေသတည်း”ဟု ဆို၍ ပို့လိုက်လေ၏။ |
1,333,882 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ထိုဥတ္တရာသည် သီရိမာကို ခေါ်စေပြီးလျှင် “သူငယ်ချင်းမ- ဤအသပြာတို့ကိုယူ၍ တစ်ဆယ့်ငါးရက်ပတ်လုံး ညည်း၏မိတ်ဆွေကို အလေးဂရု လုပ်ကျွေးမှုဖြင့် ပြုစုစမ်းပါလေလော့”ဟု ဆိုလေ၏။ |
1,333,883 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | သီရိမာသည် “ကောင်းပါပြီ”ဟု ဝန်ခံလေ၏။ |
1,333,884 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ဥတ္တရာသည် သီရိမာကို ခေါ်ဆောင်လျက် လင်ယောက်ျား၏ အထံသို့ သွားရောက်လတ်သော် လင်ယောက်ျားက သီရိမာကိုမြင်ရလျှင် “ဤကား အဘယ်သို့သော အကြောင်းအရာနည်း”ဟု ဆိုလတ်သော် “အရှင့်သား- တစ်ဆယ့်ငါးရက်ပတ်လုံး ကျွန်မ၏သူငယ်ချင်း သီရိမာသည် အရှင့်သားတို့ကို လုပ်ကျွေးသမှု ပြုစုပါစေ၊ ကျွန်မသည်ကား ဤတစ်ဆယ့်ငါးရက်ပတ်လုံး အလှူဒါနကိုလည်း လှူဒါန်းလိုပါသ... |
1,333,885 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | သူဌေးသားသည် အလွန်အဆင်းလှသော သီရိမာဟူသော မိန်းမကိုမြင်ရလျှင် ဖြစ်သော ချစ်ခင်နှစ်သက်ခြင်းရှိသည်ဖြစ်၍ “ကောင်းပေပြီ”ဟု ဝန်ခံလေ၏။ |
1,333,886 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ဥတ္တရာသည်လည်း ဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းကို ပင့်ဖိတ်ပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤတစ်ဆယ့်ငါးရက်ပတ်လုံး တစ်ပါးသောအရပ်သို့ မကြွမူ၍ ဤအိမ်၌သာလျှင် ဆွမ်းကို ခံယူတော်မူအပ်ပါသည်ဘုရား”ဟု လျှောက်ကြား၍ မြတ်စွာဘုရား၏ ဝန်ခံခြင်း ပဋိညာဉ်ကို ယူသဖြင့် “ယခုအခါ ဤနေ့မှစ၍ အကြင်ရွေ့လောက် သီတင်းကျွတ်လပြည့် မဟာ... |
1,333,887 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ထိုအခါ ဥတ္တရာ၏လင်သည် “နက်ဖြန် သီတင်းကျွတ်လပြည့် ပဝါရဏာနေ့ ဖြစ်လတ္တံ့”ဟု စားဖိုအိမ်သို့ ရှေးရှုလျက် လေသာပြတင်း၌ရပ်၍ “အဘယ်အမှုကိုပြုလျက် ထိုအမိုက်မ ဥတ္တရာသည် လှည့်လည်နေဘိသနည်း”ဟု ကြည့်ရှုလတ်သည်ရှိသော် ချွေးအလိမ်းလိမ်းကပ်လျက် ပြာဖြင့်ပြွမ်းလျက် မီးသွေး,အိုးမဲတို့ဖြင့် လိမ်းကျံလျက် ထိုအခြင်းအရာဖြင့် စီမံလျက် သွားလာလှည့်လည်... |
1,333,888 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | သီရိမာ၏ ဒေါသနှင့် ဥတ္တရာ၏ မေတ္တာဓာတ် |
1,333,889 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ထိုဥတ္တရာ၏လင်ယောက်ျား ဖဲသွားသည်ရှိသော် ထိုလင်ယောက်ျား၏ အထံ၌နေသော သီရိမာသည် “အဘယ်ကို ကြည့်ရှု၍ ဤသူဌေးသား ရယ်ရွှင်ဘိသနည်း”ဟု ထိုလေသာပြတင်းဖြင့်သာလျှင် ကြည့်ရှုလတ်သည်ရှိသော် ဥတ္တရာကို မြင်ရ၍ “ဤဥတ္တရာကိုကြည့်လျက် ဤသူဌေးသား ရယ်ဘိ၏၊ မချွတ်လျှင် ဤသူဌေးသားအား ဤဥတ္တရာနှင့်တကွ အကျွမ်းတဝင် ပေါင်းဖော်ယဉ်ပါးခြင်းရှိ၏”ဟု ကြံမိလေ၏။ |
1,333,890 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ထိုသီရိမာသည် ဥတ္တရာအပေါ်၌ ရန်ငြိုးဖွဲ့လျက် “ဥတ္တရာအား ဆင်းရဲခြင်းကို ဖြစ်စေအံ့”ဟု ပြာသာဒ်မှ ဆင်းသက်၍ စားဖိုအိမ်သို့ ဝင်ပြီးလျှင် မုန့်ကြော်ရာ၌ ကျိုက်ကျိုက်ဆူသော ထောပတ်ကို ယောက်မ (ယောက်ချို)ဖြင့် ခပ်ယူ၍ ဥတ္တရာရှိရာသို့ ရှေးရှုသွားလေ၏။ |
1,333,891 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ဥတ္တရာသည် လာသော ထိုသီရိမာကိုမြင်ရလျှင် “ငါ့သူငယ်ချင်းမသည် ငါ့အား များစွာ ကျေးဇူးရှိသောသူ ဖြစ်ပေ၏၊ စကြဝဠာသည် အလွန် ကျဉ်းမြောင်းလှသေး၏၊ ဗြဟ္မာပြည်သည် အလွန်နိမ့်လှသေး၏၊ ငါ၏ သူငယ်ချင်းမ၏ ဂုဏ်ကျေးဇူးကား များလှပေ၏၊ ငါသည် ဤသီရိမာကိုမှီ၍ အလှူကို လှူဒါန်းခြင်းငှာလည်းကောင်း၊ တရားကို နာခြင်းငှာလည်းကောင်း ရဘိလေ၏၊ ဤသီရိမာအပေါ်၌ ငါ၏... |
1,333,892 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | သီရိမာသည် ဥတ္တရာ၏ ဦးခေါင်းထိပ်ထက်၌ သွန်းလောင်းအပ်သော ကျိုက်ကျိုက်ဆူလှသော ထောပတ်သည် အေးသောရေကဲ့သို့ ဖြစ်လေ၏။ |
1,333,893 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | သီရိမာအား ဝိုင်းရိုက်ကြခြင်း |
1,333,894 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ထိုအခါ ထိုထောပတ်ကို “ဤထောပတ်သည် အေးပြီးသော ထောပတ် ဖြစ်လတ္တံ့”ဟု အောက်မေ့၍ ယောက်မကို ပြည့်စေလျက် ယူလာပြန်သော သီရိမာကို ဥတ္တရာ၏ကျွန်မတို့ မြင်ကြလျှင် “မိမဆုံးမ ဖမဆုံးမ ဟယ်သူယုတ်မ- ဖဲလေလော့၊ နင်သည် ငါတို့၏သခင်မအား ကျိုက်ကျိုက်ဆူသော ထောပတ်ကို သွန်းလောင်းခြင်းငှာ မလျော်ပါတကား”ဟု ကြိမ်းမောင်းကုန်လျက် ထိုမှဤမှထ၍ လက်တို့ဖြင့်လ... |
1,333,895 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ဥတ္တရာသည် တားမြစ်ပါသော်လည်း တားမြစ်ခြင်းငှာ မတတ်နိုင်ရှာ။ |
1,333,896 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ထိုအခါ ဥတ္တရာသည် သီရိမာ၏ အထက်၌နေလျက် အလုံးစုံသော ကျွန်မတို့ကို တားမြစ်ပြီးလျှင် “အဘယ့်ကြောင့် သင်သည် ဤသို့သဘောရှိသော ဝန်လေးသော အမှုကို ပြုဘိသနည်း”ဟု သီရိမာကို ပြောဆိုဆုံးမ၍ ရေနွေးဖြင့် ရေချိုးစေသဖြင့် အကြိမ်တစ်ရာ ချက်ပြီးသော ဆီဖြင့် ဆုပ်နယ်ပေးလေသောကြောင့် ထိုခဏ၌ သီရိမာသည် မိမိ၏ သူစိမ်းပြင်ပ မိန်းမ၏အဖြစ်ကို သိရသဖြင့် “င... |
1,333,897 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ဘုရားရှင်ကို ကန်တော့ရမည် ဆိုခြင်း |
1,333,898 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | “ငါကား ဖခင်ရှိသော သမီးဖြစ်သည်။ |
1,333,899 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | ဖခင် သည်းခံသည်ရှိသော် ငါလည်း သည်းခံပါ၏”ဟု ဆိုလတ်သော် “သခင်မ- ထိုသို့ဖြစ်ပါစေ၊ သင်၏ဖခင်ဖြစ်သော ပုဏ္ဏသူဌေးကိုလည်း တောင်းပန်ကန်တော့ပါမည်”ဟု ဆိုလေ၏။ |
1,333,900 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥတ္တရာဥပါသိကာဝတ္ထု | “ပုဏ္ဏသူဌေးကား ငါ၏ သံသရာဝဋ်၌ ဖြစ်စေတတ်သော ဖခင်ဖြစ်၏၊ သံသရာဝဋ်ပြတ်ခြင်းကို ဖြစ်စေတတ်သော ဖခင် သည်းခံသည်ရှိသော်ကား ငါသည်းခံအံ့”ဟု ဆိုလျှင် “သံသရာဝဋ်ပြတ်ခြင်းကို ဖြစ်စေတတ်သော် သင်၏ဖခင်ကား အဘယ်သူနည်း”ဟု မေးလေ၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.