id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,334,101 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဒဠှမဋ္ဋာလကောဋ္ဌကံ၊ မြဲမြံသော ပြအိုး ပစ္စင် တံခါးမုခ်နှင့်လည်း ပြည့်စုံ၏။ |
1,334,102 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ခဂ္ဂဟတ္ထေဟိ၊ သန်လျက်လက်စွဲကုန်သော သူတို့သည်။ |
1,334,103 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ရက္ခိတံ၊ စောင့်ရှောက်အပ်သည်ဖြစ်၍။ |
1,334,104 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဒုပ္ပဝေသံ၊ ဝင်နိုင်ခဲ၏။ |
1,334,105 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ၃၉။ ဒဟရဿ ဝါ၊ သူငယ်၏လည်းကောင်း။ |
1,334,106 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ယုဝိနောစာပိ၊ အရွယ်ရောက်သူ သူရဲသူခက်၏ လည်းကောင်း။ |
1,334,107 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | အာမော စ၊ လာခြင်းမည်သည်လည်း။ |
1,334,108 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | န ဝိဇ္ဇတိ၊ မရှိစဘူး။ |
1,334,109 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | အထ၊ ထိုသို့ မရှိစဘူးလျက်။ |
1,334,110 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ကေန ဝဏ္ဏန၊ အဘယ်အကြောင်းကြောင့်။ |
1,334,111 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | သင်္ဂမံ၊ အုံးအိပ်ရာယှဉ်တွဲ၍ မေတ္တာရစ်ခွေ ကြာနှင့်ရေကဲ့သို့ အဆွေခင်ပွန်းဖွဲ့၍ နေခြင်းကို။ |
1,334,112 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဣစ္ဆသေ နု၊ အလိုရှိသနည်း။ |
1,334,113 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ငါ နတ်သားဖြစ်တယ် |
1,334,114 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ထိုအခါ သိကြားမင်းသည်- |
1,334,115 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ၄၀။ ယက္ခောဟသ္မိ ကလျာဏိ၊ အာဂတောသ္မိ တဝန္တိကေ။ |
1,334,116 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | တွံ မံ နန္ဒယ ဘဒ္ဒန္တေ၊ ပုဏ္ဏကံသံ ဒဒါမိ တေ။ |
1,334,117 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ၄၀။ ကလျာဏိ၊ ကောင်းသောအဆင်းနှင့် ပြည့်စုံသော မင်းသမီး။ |
1,334,118 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ယက္ခေ၊ နတ်သားသည်။ |
1,334,119 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | တဝန္တိကေ၊ သင်၏အထံသို့။ |
1,334,120 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | အာဂတော၊ တန်ခိုးဖြင့်လာသည်။ |
1,334,121 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | အတ္ထု၊ ဖြစ်စေတည်း။ |
1,334,122 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | နန္ဒယ၊ ကြိုက်နှစ်သက်လော့။ |
1,334,123 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဧဝံ၊ ဤသို့ကြိုက်နှစ်သက်သည်ရှိသော်။ |
1,334,124 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ပုဏ္ဏကံသံ၊ ပဲရုပ်ဖြင့် ပြည့်သော ဤရွှေခွက်ကို။ |
1,334,125 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | တေ၊ သင်နှမအား။ |
1,334,126 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ကန်တော့ဆွမ်းပါ |
1,334,127 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ထိုစကားကိုကြား၍ မင်းသမီးသည် - |
1,334,128 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ၄၁။ ဒေဝံ ဝါ ယက်ခံ အထ ဝါ မနုဿံ၊န ပတ္ထယေ ဥဒယမတိစ္စ အညံ။ |
1,334,129 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဂစ္ဆေဝ တွံ ယက္ခ မဟာနုဘာဝ၊မာ စဿု ဂန္တွာ ပုနရာဝဇိတ္ထ။ |
1,334,130 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ၄၁။ မဟာနုဘာဝ၊ ကြီးသော တန်ခိုးရှိသော။ |
1,334,131 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဒေဝံ ဝါ၊ နတ်ကိုလည်းကောင်း။ |
1,334,132 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ယက်ခံ ဝါ၊ ဘီလူးကိုလည်းကောင်း။ |
1,334,133 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | မနုဿံ ဝါ၊ လူကိုလည်းကောင်း။ |
1,334,134 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဥဒယံ၊ ဥဒယမင်းကို။ |
1,334,135 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | အညံ၊ ဥဒယမင်းသားမှ တစ်ပါးသော သူကို။ |
1,334,136 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | န ပတ္ထယေ- န ပတ္ထေမိ၊ မတောင့်တ။ |
1,334,137 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဂစ္ဆေဝ-၈စ္ဆ ဧဝ၊ မြန်စွာသာ သွားလေလော့။ |
1,334,138 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဂန္တွာ၊ သွားပြီး၍။ |
1,334,139 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | မာ စ အာဝဇိတ္ထ၊ ပြန်မလာပါလင့်။ |
1,334,140 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ထိုဂါထာ၏ အဓိပ္ပာယ်ကား- နတ်မင်း ငါသည် နတ်ကိုလည်းကောင်း, ဘီလူးကိုလည်းကောင်း, ဥဒယမင်းသားကို လွန်၍ တစ်ပါးသော သူကို မတောင့်တ၊ သင်သည်သာ သွားပါ၊ ဤအရပ်၌ မရပ်ပါလင့်၊ ငါ့ဖို့ဆောင်ခဲ့သော ပဏ္ဏာလက်ဆောင်ကို ငါအလိုမရှိ၊ သွားပြီး၍တစ်ဖန် ဤအရပ်သို့ ပြန်မလာပါလင့် ဟု ဆိုလိုသည်။ |
1,334,141 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | သိကြားမင်းသည် ထိုမင်းသမီး၏ စကားသံကို ကြားရ၍ မရပ်မူ၍ သွားသကဲ့သို့ ထိုအရပ်၌ပင်လျှင် ကွယ်လေ၏။ |
1,334,142 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဒုတိယနေ့ လူပျိုစကားပြော |
1,334,143 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | နက်ဖြန်နေ့၌ ထိုညဉ့်အခါ၌လျှင် ရွှေပဲရုပ်ဖြင့်ပြည့်သော ငွေခွက်ကိုယူ၍ ထိုမင်းသမီးနှင့်တကွ စကားပြောလို၍- |
1,334,144 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ၄၂။ ယာသာ ရတိ ဥတ္တမာ ကာမဘာဂိနံ၊ယံ ဟေတု သတ္တာ ဝိသမံ စရန္တိ။ |
1,334,145 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | မာ တံ ရတိံ ဇိယိ တုဝံ သုစိမှိတေ၊ဒဒါမိ တေ ရူပိယံ ကံသပူရံ။ |
1,334,146 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ၄၂။ ဘဒ္ဒေ၊ နှမ။ |
1,334,147 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ကာမဘောဂိနံ၊ ကာမစည်းစိမ်ကို ခံစားကုန်သော သူတို့အား။ |
1,334,148 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ယာသာ ရတိ၊ အကြင် မေထုန်ကာမ၌ မွေ့လျော်ခြင်းသည်။ |
1,334,149 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဥတ္တမာ၊ မြတ်၏။ |
1,334,150 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ယံ ဟေတု၊ အကြင်မေထုန်ကာမ၌ မွေ့လျော်လိုသောကြေးင့်။ |
1,334,151 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဝိသမံ၊ ကာယဒုစရိုက် အစရှိသော မကောင်းမှုကို။ |
1,334,152 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | သုစိမှိ၊ နှစ်သက်ဖွယ် ပြုံးရယ်တတ်သော မင်းသမီး။ |
1,334,153 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | တံ ရတိံ၊ ထိုမေထုန်ကာမ၌ မွေ့လျော်ခြင်းကို။ |
1,334,154 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | မာ ဇိယိ၊ မပျက်စေလင့်။ |
1,334,155 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ရူပိယံ ကံသပူရံ၊ ရွှေပဲရုပ်ဖြင့်ပြည့်သော ငွေခွက်ကို။ |
1,334,156 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ထိုဂါထာ၏ အဓိပ္ပာယ်ကား- မင်းသမီးဖြစ်သော နှမ ကာမစည်းစိမ်ကို ခံစားသောသူတို့အား မွေ့လျော်ခြင်းတို့တွင် အကြင်မေထုန်ကာမ၌ မွေ့လျော်ခြင်းသည် လွန်သော မွေ့လျော်ခြင်းမည်၏။ |
1,334,157 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | အကြင်ကာမ၌ မွေ့လျော်ခြင်းဟူသော အကြောင်းနှင့် သတ္တဝါတို့သည် ကာယဒုစရိုက် အစရှိသော မကောင်းမှုကို ကျင့်ကုန်၏။ |
1,334,158 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | နှစ်သက်ဖွယ် ပြုံးရယ်တတ်သော နှမ ထိုမွေ့လျော်ခြင်းကို မပျက်စေလင့်၊ ငါသည်လည်း လာသည်ရှိသော် လက်ချည်း သက်သက် မလာ၊ ယမန်နေ့ ရွှေပဲရုပ်နှင့်ပြည့်သော ရွှေခွက်ကို ယူဆောင်ခဲ့၏။ |
1,334,159 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ယနေ့ ရွှေပဲရုပ်နှင့်ပြည့် ငွေခွက်ကို ဆောင်လာ၏။ |
1,334,160 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ငါသည် ရွှေပ်ရုပ်နှင့်ပြည့်သော ဤငွေခွက်ကို သင့်အားပေး၏ ဟု ဆိုလိုသည်။ |
1,334,161 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | တတိယနေ့ လာပြောသော် |
1,334,162 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | မင်းသမီးသည် ကြံ၏။ |
1,334,163 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဤသူသည် စကားဟောခြင်းကို ရသည်ရှိသော် အဖန်ဖန် လာလတ္တံ့၊ ထို့ကြောင့် ယခုအခါ၌ ထိုသူနှင့် စကားမပြောအံ့ ဟု ကြံ၍ ထိုမင်းသမီးသည် တစ်ခွန်းသောစကားကိုမျှ မပြောလတ်သော် သိကြားမင်းသည် ထိုမင်းသမီး၏ စကားမပြောသော အဖြစ်ကိုသိ၍ ထိုအရပ်၌ပင်လျှင် ကွယ်၍ တစ်နေ့သ၌ ထိုညဉ့်အခါဝယ် အသပြာဖြင့်ပြည့်သော ကြေးခွက်ကိုယူ၍ နှမ ငါ့ကို ကာမ၌ မွေ့လျော်ခြင်းဖြင... |
1,334,164 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | လက်ဆောင်က နည်းနည်းလာသကိုး |
1,334,165 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ထိုသိကြားမင်းကိုမြင်၍ မင်းသမီးသည်- |
1,334,166 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ၄၃။ နာရိံ နရော နိဇ္ဈာပယံ ဓနေန၊ဥက္ကံသတီ ယတ္ထ ကရောတိ ဆန္ဒံ။ |
1,334,167 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဝိပစ္စနီကော တဝ ဒေဝဓမ္မော၊ပစ္စက္ခတော ထောကတရေန ဧသိ။ |
1,334,168 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ၄၃။ ဘော ပုရိသ၊ အိုယောက်ျား။ |
1,334,169 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | နာရိံ၊ မိန်းမကို။ |
1,334,170 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | နိဇ္ဈာပယံ-နိဗ္ဗပယန္တော၊ သိစေသည်ရှိသော်။ |
1,334,171 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ယတ္ထ၊ အကြင်မိန်းမ၌။ |
1,334,172 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဆန္ဒံ၊ အလိုကို။ |
1,334,173 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ကရောတိ၊ ပြုအံ့။ |
1,334,174 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဥက္ကံသတိ၊ ချီးမွမ်း၏။ |
1,334,175 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | တဝ၊ သင်၏။ ဒေဝဓမ္မော၊ နတ်၏သဘောသည်။ |
1,334,176 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဝိပစ္စနီကော၊ ဆန့်ကျင်၏။ |
1,334,177 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ပစ္စက္ခတော၊ မျက်မှောက်လျှင်။ |
1,334,178 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ထောကတရေန၊ အလွန်နည်းသော ဥစ္စာဖြင့်။ |
1,334,179 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဧသိ၊ လာ၏။ |
1,334,180 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ထိုဂါထာ၏ အဓိပ္ပာယ်ကား- အို ယောကျ်ား သင်သည် အလွန်မိုက်စွ၊ ထိုစကားသည် မှန်၏။ |
1,334,181 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ယောက်ျားမည်သည်ကား မိန်းမကို ကိလေသာဖြင့် မွေ့လျော်ခြင်းကို ခံစားလိုသောကြောင့် ဥစ္စာလက်ဆောင်ဖြင့် စုံစမ်းဆင်ခြင်၍ သိစေသည်ရှိသော် အကြင်မိန်းမ၌ အလိုကို ပြု၏။ |
1,334,182 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ထိုမိန်းမအား ချီးမွမ်းထောမနာ၍ များသည်ထက်များသော ဥစ္စာဖြင့် ဖြားယောင်းလှည့်ပတ် သွေးခေါ်၏။ |
1,334,183 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | သင်နတ်၏ အကျင့်သဘောသည် ဆန့်ကျင်၏။ |
1,334,184 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | သင်သည် ယမန်နေ့က ငါ့အား မျက်မှောက်လျှင် အလွန်နည်းသော ဥစ္စာဖြင့်လာ၏။ |
1,334,185 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ရှေးဦးစွာသောနေ့၌ ရွှေဖြင့်ပြည့်သော ရွှေခွက်ကို ဆောင်ယူလာ၏။ |
1,334,186 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | နှစ်ရက်မြောက်သောနေ့၌ ရွှေဖြင့်ပြည့်သော ငွေခွက်ကို ဆောင်ယူခဲ့၏။ |
1,334,187 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | သုံးရက်မြောက်သောနေ့၌ အသပြာဖြင့်ပြည့်သော ကြေးခွက်ကို ဆောင်ယူ၏ ဟု ဆိုလိုသည်။ |
1,334,188 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | သင့်ရုပ်လွှာက အိုအိုလာ |
1,334,189 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ထိုစကားကိုကြား၍ သိကြားမင်းသည် နှမ မင်သမီး ငါသည် လိမ္မာသော ကုန်သည်နှင့်တူ၏။ |
1,334,190 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | အကျိုးစီးပွားမရှိသည်၌ ဥစ္စာကို မဆုတ်မယုတ်စေ၊ အကယ်၍ သင်သည် အသက်ဖြင့်လည်းကောင်း၊ အဆင်းဖြင့်လည်းကောင်း တိုးသည် ဖြစ်အံ့၊ ငါသည် သင့်အား ပဏ္ဏာလက်ဆောင်ကို တိုးပွား၍ ဆောရာ၏။ |
1,334,191 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | သင်သည် တစ်နေ့တစ်ပါး အသက်ဖြင့်လည်းကောင်း, အဆင်းဖြင့်လည်းကောင်း ဆုတ်ယုတ်သည်သာတည်း။ |
1,334,192 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ထို့ကြောင့် ငါသည် ဥစ္စာလက်ဆောင်ကို ဆုတ်ယုတ်စေ၏ညဟု ဆိုလိုရကား- |
1,334,193 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ၄၄။ အာယု စ ဝဏ်ဏော စ မနုဿလောကေ၊နိဟီယတိ မနုဇာနံ သုဂတ္တေ။ |
1,334,194 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | တေနေဝ ဝဏ္ဏေန ဓနမ္ပိ တုယှံ၊နိဟီယတိ ဇိဏ္ဏတရာသိ အဇ္ဇ။ |
1,334,195 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ၄၅။ ဧဝံ မေ ပေက္ခမာနဿ၊ ရာဇပုတ္တိ ယဿသိနီ။ |
1,334,196 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဟာယတေဝ တဝ ဝဏ္ဏော၊ အဟောရတ္တာနမစ္စယေ။ |
1,334,197 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ၄၆။ ဣမိနာဝ တွံ ဝယသာ၊ ရာဇပုတ္တိ သုမေဓသေ။ |
1,334,198 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဗြဟ္မစရိယံ စရေယျာသိ၊ ဘိယျော ဝဏ္ဏဝတီ သိယာ။ |
1,334,199 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ၄၄။ သုဂတ္တေ၊ ကောင်းသော ကိုယ်ရှိသော မင်းသမီး။ |
1,334,200 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | မနုဇာနံ၊ လူတို့အား။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.