id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,333,901
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထု
“သစ္စာလေးပါးကိုသိသော သဗ္ဗညုမြတ်စွာဘုရားတည်း”ဟု ဆိုလတ်သော် “အကျွန်ုပ်အား ထိုဘုရားရှင်နှင့် အတူတကွ အကျွမ်းဝင်ခြင်းမရှိပါ”ဟု ဆိုလေ၏။
1,333,902
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထု
“ငါပြုလုပ်ပေးမည်၊ မြတ်စွာဘုရားသည် နက်ဖြန် ရဟန်းသံဃာအပေါင်းကို ခေါ်၍ ဤအိမ်သို့ ကြွလာလတ္တံ့၊ သင်သည် အကြင်အကြင်ရအပ်သော ပူဇော်သက္ကာရကိုယူ၍ ဤအိမ်သို့သာ လာပြီးလျှင် ဘုရားရှင်ကို တောင်းပန်ကန်တော့ပါလော့”ဟု ဆိုလတ်သော် ထိုသီရိမာသည် “သခင်မ- ကောင်းပါပြီ”ဟု ဝန်ခံပြီးမှ ထ၍ မိမိအိမ်သို့သွားပြီးလျှင် အခြံအရံဖြစ်သော ငါးရာသောမိန်းမတို့က...
1,333,903
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထု
ထိုအလုံးစုံသော လှူဖွယ်ဝတ္ထုကိုယူ၍ ဥတ္တရာသည်သာလျှင် စီမံပြုလုပ်လေ၏။
1,333,904
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထု
သီရိမာသည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးသောအဆုံး၌ အခြံအရံနှင့်တကွ ဘုရားရှင်၏ ခြေတော်ရင်း၌ ဝပ်လျက် နေရှာလေ၏။
1,333,905
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထု
ဥတ္တရာ၏ မေတ္တာ
1,333,906
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထု
ထိုအခါ သီရိမာကို မြတ်စွာဘုရားသည် “သင်၏အဖြစ်ကား အဘယ်နည်း”ဟု မေးတော်မူလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်မသည် ယမန်နေ့က ဤမည်သောအမှုကို ပြုမိပါသည်ဘုရား၊ ထိုအခါ တပည့်တော်မ၏ သူငယ်ချင်းမ ဥတ္တရာသည် တပည့်တော်မကို ပုတ်ခတ်ညှဉ်းဆဲကုန်သော ကျွန်မတို့ကို တားမြစ်၍ တပည့်တော်မအား ကျေးဇူးဥပကာရကိုသာလျှင် ပြုပါသည်။
1,333,907
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထု
ထိုတပည့်တော်မသည် ဤဥတ္တရာ၏ ဂုဏ်ကျေးဇူးကိုသိ၍ ဥတ္တရာကို တောင်းပန်ကန်တော့ပါသည်ဘုရား၊ ထိုအခါ တပည့်တော်မကို ဤဥတ္တရာသည် ရှင်တော်မြတ်ဘုရားတို့ သည်းခံကုန်သည်ရှိသော် သည်းခံပါမည်ဟူ၍ ဆိုပါသည်ဘုရား”ဟု လျှောက်ထားလေ၏။
1,333,908
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထု
“ချစ်သမီးဥတ္တရာ- ဤသို့ သီရိမာ လျှောက်ချက်အတိုင်း ဟုတ်မှန်လေသလော”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- ဟုတ်မှန်ပါသည်။
1,333,909
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထု
တပည့်တော်မ၏ ဦးခေါင်း၌ သူငယ်ချင်းမ သီရိမာသည် ကျိုက်ကျိုက်ဆူသော ထောပတ်ကို သွန်းလောင်းပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။
1,333,910
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထု
“ထိုအခါ သင်သည် အဘယ်သို့ ကြံစည်ဘိသနည်း”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- စကြဝဠာသည် အလွန်ကျဉ်းမြောင်းလှသေး၏၊ ဗြဟ္မာပြည်သည် အလွန်နိမ့်လှသေး၏၊ ငါ၏သူငယ်ချင်းမ သီရိမာ၏ ဂုဏ်ကျေးဇူးသည်သာလျှင် များလှပေ၏ဟူ၍လည်းကောင်း၊ ငါကား ဤသီရိမာကိုမှီ၍ အလှူလှူဒါန်းခြင်းငှာလည်းကောင်း၊ တရားတော်ကို နာကြားခြင်းငှာလည်းကောင်း ရခဲ့ပေ၏။
1,333,911
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထု
” “ဤသီရိမာ၏အပေါ်၌ ငါ၏အမျက်ထွက်ခြင်းသည် အကယ်၍ ရှိသည်ဖြစ်အံ့၊ ဤထောပတ်သည် ငါ့ကို ပူလောင်ပါစေသတည်း၊ အကယ်၍ မရှိသည်ဖြစ်အံ့၊ မပူလောင်ပါစေသတည်း ဟူ၍လည်းကောင်း ကြံစည်ပြီးလျှင် ဤသီရိမာကို မေတ္တာဖြင့် ပျံ့နှံ့စေပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။
1,333,912
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထု
မြတ်စွာဘုရားသည် “ချစ်သမီး ဥတ္တရာ- ကောင်းပေစွ၊ ကောင်းပေစွ၊ ဤသို့ အမျက်ဒေါသကို အောင်ခြင်းငှာ သင့်လျော်ပေ၏”ဟု မိန့်တော်မူပြီးလျှင် “အမျက်ထွက်သောသူမည်သည်ကို အမျက်မထွက်ခြင်းဖြင့် အောင်အပ်ပေ၏၊ ဆဲရေးရေရွတ်သောသူကို မဆဲရေးခြင်း မရေရွတ်ခြင်းဖြင့် အောင်အပ်ပေ၏။
1,333,913
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထု
မပေးကမ်းလို လွန်စွာ ဝန်တိုသောသူကို မိမိ၏ဥစ္စာကို ပေးကမ်းခြင်းဖြင့် အောင်အပ်ပေ၏၊ မမှန်စကား ဆိုတတ်သောသူကို အဟုတ်အမှန် မဖောက်ပြန်သော သစ္စာစကား ပြောကြားခြင်းဖြင့် အောင်အပ်ပေ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
1,333,914
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထု
ဒေသနာတော် [၂၂၃] အက္ကောဓေန ဇိနေ ကောဓံ၊ အသာဓုံ သာဓုနာ ဇိနေ။
1,333,915
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထု
အက္ကောဓေန၊ အမျက်မထွက်ခြင်းဖြင့်။
1,333,916
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထု
ဇိနေ-ဇိနာတိ၊ အောင်မြင်နိုင်၏။
1,333,917
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထု
သာဓုနာ၊ ကောင်းခြင်းဖြင့်။
1,333,918
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထု
ကဒရိယံ၊ မပေးကမ်းလို လွန်စွာဝန်တိုသောသူကို။
1,333,919
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထု
သစ္စေန၊ မှန်သောစကားကို ဆိုခြင်းဖြင့်။
1,333,920
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထု
ဇိနေ-ဇိနာတိ၊ အောင်မြင်နိုင်ရာ၏။
1,333,921
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထု
ဒေသနာတော်၏အဆုံး၌ သီရိမာသည် ငါးရာသော မိန်းမတို့နှင့် အတူတကွ သောတာပတ္တိဖိုလ်၌ တည်လေ၏။
1,333,922
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထု
ဥတ္တရာဥပါသိကာမ ဝတ္ထု ပြီး၏။
1,333,923
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
၃-ဥတ္တရာဥပါသိကာဝတ္ထု
1,333,924
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
၂၂၃။ အက္ကောဓေန ဇိနေ ကောဓံ၊ အသာဓုံ သာဓုနာ ဇိနေ။
1,333,925
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရာဇဂြိုဟ်သဌေးသုမန၏ ချွေးမ၊ ပုဏ္ဏသဌေး၏သမီးက မိမိခင်ပွန်းအတွက် ခေတ္တငှားထားသော သီရိမာကို ငြူစူ၍ ထောပတ်ပူဖြင့် လောင်းသည်ကို မေတ္တာဖြင့် နေသော ဥတ္တရာအမျိုးသမီးကို အကြောင်းပြု၍ ဟောတော်မူသည်။
1,333,926
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
ဒေသနာတော်အဆုံး၌ သီရိမာနှင့် ငါးရာသော အမျိုးသမီးတို့ သောတာပန်ဖြစ်ကြသည်။
1,333,927
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
အနက် ကောဓံ၊ အမျက်ထွက်သောသူကို။
1,333,928
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
အက္ကောဓေန၊ မေတ္တာတရားဖြင့်။
1,333,929
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
အသာဓုံ၊ မကောင်းသောသဘောရှိသူကို။
1,333,930
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
သာဓုနာ၊ ကောင်းသောသဘောဖြင့်။
1,333,931
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
ကဒရိယံ၊ နှမြောဝန်တိုသောသူကို။
1,333,932
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
အလိကဝါဒိနံ၊ မဟုတ်မမှန်ပြောသောသူကို။
1,333,933
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
သစ္စေန၊ ဟုတ်မှန်စွာ ပြောဆိုခြင်းဖြင့်။
1,333,934
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
စကားပြေ အမျက်ထွက်သောသူကို မေတ္တာတရားဖြင့်၊ မကောင်းသောသဘောရှိသူကို ကောင်းသောသဘောဖြင့်၊ နှမြောဝန်တိုသောသူကို ပေးကမ်းခြင်းဖြင့်၊ မဟုတ်မမှန်ပြောသောသူကို ဟုတ်မှန်စွာ ပြောဆိုခြင်းဖြင့် အောင်ရာ၏။
1,333,935
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
အဘနှစ်မျိုး—ပုဏ္ဏသဌေးသည် ဥတ္တရာအမျိုးသမီး၏ ဝဋ္ဋဇနကပိတာ (သံသရာဝဋ်ဆင်းရဲကို ဖြစ်စေသောအဘ) ဖြစ်သည်။
1,333,936
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
မြတ်စွာဘုရားသည် ဥတ္တရာအမျိုးသမီး၏ ဝိဝဇနကပိတာ (ဝဋ်မှကင်းရာ နိဗ္ဗာန်ကို ဖြစ်စေသောအဘ) ဖြစ်သည်။
1,333,937
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
အလိကဝါဒိနံ = အလိကံ ဝဒတိ သီလေနာတိ အလိကဝါဒီ။
1,333,938
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
အလိက + ဝဒ် + ဏီ။
1,333,939
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
အလ် + ဏိက။
1,333,940
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
ဥတ္တရာဥပါသိကာဝတ္ထု ပြီး၏။
1,333,941
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
၃-ဥတ္တရာဥပါသိကာဝတ္ထုပါဠိဂါထာ
1,333,942
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
၄၄၁။ အက္ကောဓေန ဇိနေ ကောဓံ, အသာဓုံ သာဓုနာ ဇိနေ၊ဇိနေ ကဒရိယံ ဒါနေန, သစ္စေနာ’လိကဝါဒိနံ။
1,333,943
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
အက္ကောဓေန၊ အမျက်မထွက်သူ၏အဖြစ်ဖြင့်။
1,333,944
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
ဝါ၊ အမျက်မထွက်ခြင်းမေတ္တာတရားဖြင့်။
1,333,945
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
အသာဓုံ၊ မကောင်း သောသူကို။
1,333,946
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
သာဓုနာ၊ ကောင်းသောသူ၏အဖြစ်ဖြင့်။
1,333,947
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
ဝါ၊ ကောင်းသောနည်းလမ်းဖြင့်။
1,333,948
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
ဇိနေ၊ ၏။ ကဒရိယံ၊ ဝန်တိုစေးနှဲ, မစွန့်ကြဲတတ်, စက်ဆုတ်အပ်စွာ, သတ္တဝါကို။
1,333,949
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
ဇိနေ၊ ၏။ အလိကဝါဒိနံ၊ မမှန်သော စကားကို ပြောဆိုလေ့ရှိသူကို။
1,333,950
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
သစ္စေန၊ အမှန်ကို ပြောဆိုခြင်းသစ္စာဖြင့်။
1,333,951
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
ဇိနေ၊ ၏။ (ပါ-၂၂၃) [ဓမ္မ-ဋီ-၂၃၃အလို “ကောဓံ၊ ကို။
1,333,952
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
အက္ကောဓေန၊ အမျက်မထွက်သည်။
1,333,953
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
သမေန၊ မျှတသဖြင့်။
1,333,954
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
) ဇိနေ၊ ၏။
1,333,955
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
ကဒရိယံ၊ ကို။
1,333,956
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
ဝါ၊ ဒါနနှင့်စပ်သော တရားစကား ဖြင့်။
1,333,957
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
ဝါ၊ ဓမ္မဒါနဖြင့်။
1,333,958
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
ဇိနေ၊ ၏။ အလိကဝါဒိနံ၊ ကို။
1,333,959
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
သစ္စေန၊ သစ္စာ၏ အကျိုးအာနိသင်ကိုပြသော တရားနှင့်စပ်သော စကားဖြင့်၊ ဇိနေ-၏”ဟု ပေး။
1,333,960
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥတ္တရာဥပါသိကာဝတ္ထုဂါထာ
] ဥတ္တရာဥပါသိကာဝတ္ထုဂါထာနိဿယပြီးပြီ။
1,333,961
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒဉ္စနီဇာတ်
၆။ ဥဒဉ္စနီဇာတ်
1,333,962
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒဉ္စနီဇာတ်
အပျိုကြီးဖျက်ဆီး၍ သီလပျက်သော ရသေ့၏အကြောင်း
1,333,963
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒဉ္စနီဇာတ်
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သုခံ ဝတ မံ ဇီဝန္တံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ဥဒဉ်စနီဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အပျိုကြီး ဖြားယောင်းသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။
1,333,964
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒဉ္စနီဇာတ်
ဝတ္ထုသည် တေရသကနိပါတ် စူဠနာရဒကဿပဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ အထူးကား ရဟန်း သင်သည် ငြီးငွေ့ သတတ်ဟူသည် မှန်သလောဟု မေးတော်မူ၏။
1,333,965
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒဉ္စနီဇာတ်
အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် သင်၏ စိတ်သည် အဘယ်သူ၌ တည်စွန်းသနည်းဟု မေးတော်မူ၏။
1,333,966
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒဉ္စနီဇာတ်
ရဟန်းသည် တယောက်သောအပျိုကြီး၌ တပ်စွန်း၏ဟု လျှောက်၏။
1,333,967
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒဉ္စနီဇာတ်
ထိုရဟန်းကို
1,333,968
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒဉ္စနီဇာတ်
မြတ်စွာဘုရားသည် ရဟန်း ယခုအခါ၌သလျင် ဤအပျိုကြီးသည် သင်၏ အကျိုးမရှိသည်ကို ပြုသည်မဟုတ်သေး၊ ရှေး၌လည်း ပြုဘူးသည်သင်တည်း။
1,333,969
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒဉ္စနီဇာတ်
သင်သည် ထိုမိန်းမကိုမှီ၍ သီလပျက်စီးခြင်းသို့ရောက်၍ တုန်တုန်လှုပ်လှုပ်သွားလျက် ပညာရှိတို့ကိုမှီ၍ ချမ်းသာရာရဘူးသလျင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
1,333,970
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒဉ္စနီဇာတ်
အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒက်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဤသို့ အစရှိသော အတိတ်ဝတ္ထုသည်လည်း စူဠနာရဒကသပဇာတ်၌လျှင် ထင်စွာဖြစ်လတ္တံ့၊ အထူးကား ထိုအခါ ဘုရားလောင်းသည် ညအခါ၌ သစ်သီးကြီးငယ်တို့ကိုယူပြီးသော် လာ၍ ကျောင်းတံခါးကိုဖွင့်၍ ဝင်ပြီးလျှင် သားဖြစ်သော ရသေ့ငယ်ကို ချစ်သား သင်သည် တပါးကုန်သောနေ့တို့၌ ထ...
1,333,971
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒဉ္စနီဇာတ်
သောက်ရေ သုံးဆောင်ရေတို့ကို ဆောင်၏။
1,333,972
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒဉ္စနီဇာတ်
မီးကိုပြု၏။
1,333,973
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒဉ္စနီဇာတ်
ယနေ့မူကား တခုသောအမှုကိုလည်း မပြုမူ၍ အဘယ့်ကြောင့် မျက်နှာမသာသည်ဖြစ်၍ ဝင်လျက် အိပ်သနည်းဟု မေး၏။
1,333,974
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒဉ္စနီဇာတ်
ဘခင် သင်တို့သည် သစ်သီးကြီးငယ်အကျိုး ငှါ သွားလတ်သော် တယောက်သောမိန်းမသည်လာလတ်၍ အကျွန်ုပ်ကို ဖျားယောင်း၍ ခေါ်သွားအံ့ဟု အားထုတ်၏။
1,333,975
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒဉ္စနီဇာတ်
အကျွန်ုပ်သည်ကား သင်တို့လွှတ်မှ သွားအံ့ဟု မလိုက်သေး၊ ဤမည်သောအရပ်၌ကား ထိုမိန်းမကို နေနှင့်စေ၍ လာခဲ့၏။
1,333,976
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒဉ္စနီဇာတ်
ဘခင်အကျွန်ုပ်သည် ယခု သွားအံ့ဟု ဆို၏။
1,333,977
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒဉ္စနီဇာတ်
ဘုရားလောင်းသည် ဤရသေ့ငယ်ကို ပြန်စိမ့်သောငှါ မတတ်နိုင်ဟုသိ၍ ချစ်သား ထိုသို့တပြီးကား သွားလော့ မိန်းမသည်ကား သင့်ကိုဆောင်၍ အကြင်အခါ၌ ငါး အမဲ အစရှိသည်တို့ကိုလည်း လိုသည် ဖြစ်လတ္တံ့၊ ထောပတ် ဆီ ဆန် အစရှိသည်တို့ကိုလည်း ထိုမိန်းမသည် အလိုရှိသည် ဖြစ်လတ္တံ့၊ ထိုအခါ ဤမည်သောဝတ္ထုကို ဆောင်ချေဟု သင့်ကို ပင်ပန်းစေလတ္တံ့။
1,333,978
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒဉ္စနီဇာတ်
ထိုအခါ ငါ၏ကျေးဇူးကို အောက်မေ့သဖြင့် ပြေးလာ၍ ဤအရပ်သို့သာလျှင် လာလောဟု ဆို၍ လွှတ် လိုက်၏။
1,333,979
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒဉ္စနီဇာတ်
ရသေ့ငယ်သည် ထိုမိန်းမနှင့်တကွ လူ့ပြည်သို့ သွား၏။
1,333,980
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒဉ္စနီဇာတ်
ထိုအခါ ထိုရသေ့ငယ်ကို ထိုမိန်းမသည် မိမိအလိုသို့လိုက်စေ၍ အမဲကို ဆောင်ချေလော၊ ငါးကို ဆောင်ချေလော၊ အကြင်ဝတ္ထုဖြင့် အလိုရှိ၏။
1,333,981
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒဉ္စနီဇာတ်
ထိုဝတ္ထုကို ဆောင်ချေလောဟု ဆို၏။
1,333,982
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒဉ္စနီဇာတ်
ထိုအခါ ရသေ့ငယ်သည် ဤမိန်းမသည် ငါ့ကို ကျွန်ကဲ့သို့၎င်း၊ အမှုလုပ်သော သူကဲ့သို့၎င်းပြု၍ နှိပ်စက်၏ဟုပြေး၍ အဘထံသို့ သွား၍ အဘကို ရှိခိုး၍ ရပ်လျက်သလျှင်-
1,333,983
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒဉ္စနီဇာတ်
၁၀၆။ သုခံ ဝတ မံ ဇီဝန္တံ၊ ပစမာနာ ဥဒဉ်စနီ။
1,333,984
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒဉ္စနီဇာတ်
စောရီ ဇာယပ္ပဝါဒေန၊ တေလံ လောဏဉ္စ ယာစတိ။
1,333,985
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒဉ္စနီဇာတ်
၁၀၆။ တာတ၊ ဘခင်။
1,333,986
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒဉ္စနီဇာတ်
ဇီဝန္တံ၊ အသက်မွေးသော မံ၊ ငါ့ကို။
1,333,987
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒဉ္စနီဇာတ်
ပစမာနာ၊ ပူပန်စေတတ်သော။
1,333,988
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒဉ္စနီဇာတ်
ဥဒဉ်စနီ၊ ရေလှောင်အိုးနှင့် တူသော။
1,333,989
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒဉ္စနီဇာတ်
စောရီ၊ ခိုးသူမသည်။
1,333,990
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒဉ္စနီဇာတ်
ဇာယပ္ပဝါဒေန၊ သာယာစွာသော စကားဖြင့်။
1,333,991
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒဉ္စနီဇာတ်
ဥပလောဘေတွာ၊ ဖျားယောင်း၍။
1,333,992
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒဉ္စနီဇာတ်
ထိုအခါ ရသေ့ငယ်ကို ဘုရားလောင်းသည် နှစ်သိမ့်စေ၍ ချစ်သား ထိုသို့ဖြစ်စေ၊ လာလော၊ သင်သည် မေတ္တာကို ပွားစေလော၊ ကရုဏာကို ပွားစေလော၊ မုဒိတာကို ပွားစေလော၊ ဥပေက္ခာကို ပွားစေလော၊ ဤသို့ လေးပါးကုန်သော ဗြဟ္မဝိဟာရတရားတို့ကို၎င်း, ကသိုဏ်း ပရိကံတို့ကို၎င်း ကြား၏။
1,333,993
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒဉ္စနီဇာတ်
ထိုရသေ့ငယ်သည် မကြာမြင့်မီလျှင် အဘိညာဥ်တို့ကို၎င်း, ရှစ်ပါးသော သမာပတ်တို့ကို၎င်း ဖြစ်စေ၍ ဗြဟ္မဝိဟာရတရားတို့ကို ပွားစေ၍ အဘနှင့်တကွ ဗြဟ္မာ့ပြည်၌ ဖြစ်၏။
1,333,994
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒဉ္စနီဇာတ်
အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူ ယခုအခါ အပျိုကြီးသည် ထိုအခါ အပျိုကြီး ဖြစ်ဘူးပြီ၊ ယခုအခါ ငြီးငွေ့သောရဟန်းသည် ထိုအခါ ရသေ့ငယ် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ အဘဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။
1,333,995
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒဉ္စနီဇာတ်
မိန်းမကိုတပ်၊ ဆင်းရဲလတ်၊ ဘမြတ်ထံမှီ ချမ်းသာစည် ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဥဒဉ္စနီဇာတ်သည် ပြီး၏။
1,333,996
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
၁။ ဥဒပါနဒူသကဇာတ်
1,333,997
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
မြေခွေးညစ်
1,333,998
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည်အာရညိကဿ ဣသိနောအစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဥဒပါနဒူသကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ရေတွင်းကို ဖျက်ဆီးသော တခုသောမြေခွေးကို အကြောင်းပြု၍ ဟောတော်မူ၏။
1,333,999
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
တခုသော မြေခွေးသည် ရဟန်းသင်္ဃာ၏ သောက်ရေတွင်းကို ကျင်ကြီးစွန့်ခြင်း ကျင်ငယ်စွန့်ခြင်းကိုပြု၍ ဖျက်ဆီး၍သွား၏။
1,334,000
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒပါနဒူသကဇာတ်
ထိုအခါ တနေ့သ၌ ရေတွင်းအနီးသို့ ရောက်လာသော မြေခွေးကို သာမဏေတို့သည် ခဲ, အုတ်တို့ဖြင့် ပစ်ခတ်၍ ပင်ပန်းစေကုန်၏။