id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,334,301 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဟူသော ဤမှတစ်ပါး အခြားမရှိသော ဤဂါထာကို ဆို၏။ |
1,334,302 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ၅၂။ ကလျဏိ၊ ကောင်းသောအပြင်ရှိသော မင်းသမီး။ |
1,334,303 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဥဒု ယော၊ လူ၏အဖြစ်တွင် သင်၏ချစ်လင်ခင်ပွန်း ဥဒယမင်းသားသည်။ |
1,334,304 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | သင်္ဂရတ္တာ၊ ရှေး၌ ကတိကဝတ်ကြောင့်။ |
1,334,305 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဣဓ၊ ဤသင်၏အထံသို့။ |
1,334,306 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | တံ၊ သင်နှမချစ်ကို။ |
1,334,307 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | အာမန္တ ခေါ၊ တိုင်ပင်၍လျှင်။ |
1,334,308 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | တဝ၊ သင်၏။ သင်္ဂရာ၊ ရှေး၌ပြုသော ကတိကဝတ်မှ။ |
1,334,309 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | မုတ္တာ၊ လွတ်သည်။ |
1,334,310 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ထိုဂါထာ၏ အဓိပ္ပာယ်ကား- ကောင်းသော အပြင်အာရှိသောမင်းသမီး-ငါကား ရှေးဘဝ၌ သင်၏ချစ်လင် ခင်ပွန်းဖြစ်သော ဥဒယမင်းသားတည်း၊ တာဝတိံသာနတ်ပြည်၌ သိကြားမင်းဖြစ်၏။ |
1,334,311 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဤအရပ်သို့လာသည်မှာလည်း သင်နှမကို ကိလေသာဖြင့် ချစ်ခင်လေးမြတ် နှစ်သက်အပ်သည်ဖြစ်၍ မလာ၊ သင်နှမကို စုံစမ်းပြီး၍ ကတိကဝတ်ကို ဖြေအံ့သော အကျိုးငှာ ရှေးဘဝ၌ ကတိကဝတ် သစ္စာရှိဖူးသည်၏ အဖြစ်ကြောင့် လာ၏။ |
1,334,312 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ယခု သင်နှမကိုခေါ်၍ သွားအံ့၊ သင်၏ ကတိကဝတ် သစ္စာမှ လွတ်ပြီဟု ဆိုလိုသည်။ |
1,334,313 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ခေါ်တော်မူပါ |
1,334,314 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | မင်းသမီးသည် နှစ်သက်၍ သခင် သင်သည် ဥဒယမင်းသားပေလော ဟု ဝမ်းနည်းချင်ဖွယ် အသွယ်သွယ်ဆင်းသော မျက်ရည်တို့ဖြင့် ငိုမြည်တမ်းလျက် ကျွန်ုပ်သည် သခင်တို့နှင့် ကွေကွင်း၍ နေခြင်းငှာ မတတ်နိုင်ပါ၊ သခင်တို့၏အထံ၌ အတူတကွ ခစားလုပ်ကျွေး၍ နေပါရအောင် ကျင့်ဆောင်ဆုံးမ ပြသသွန်သင် ပဲ့ပြင်တော်မူပါ ဟု လျှောက်ဆိုလိုရကား - |
1,334,315 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ၅၃။ သစေ ခေါ တွံ ဥဒယောသိ၊ သင်္ဂရတ္တာ ဣဓာဂတော။ |
1,334,316 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | အနာသာသ မံ ရာဇပုတ္တ၊ ယထာဿ ပုန သင်္ဂမော။ |
1,334,317 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဟူသော တစ်ပါးသော ဤဂါထာကိုဆို၏။ |
1,334,318 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ၅၃။ ရာဇပုတ္တ၊ အရှင်မင်းသား။ |
1,334,319 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | တွံ၊ အရှင်မင်းသည်။ |
1,334,320 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဥဒယော၊ ဥဒယ မင်းသားသည်။ |
1,334,321 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | သစေ အသိ၊ အကယ်၍ဖြစ်ပါအံ့။ |
1,334,322 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | သင်္ဂရတ္တာ၊ ကတိကဝတ် သစ္စာကြောင့်။ |
1,334,323 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဣဓ၊ ဤအကျွန်ုပ်၏ စံရာတိုက်ခန်းသို့။ |
1,334,324 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | အာဂတော၊ လာသည်ဖြစ်အံ့။ |
1,334,325 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ယထာ၊ ယကြင်အခြင်းဖြင့် ဆုံးမ သည်ရှိသော်။ |
1,334,326 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | သင်္ဂမော၊ အုံးအိပ်ရာ ယှဉ်တွဲ၍ မေတ္တာရစ်ခွေ ကြာနှင့်ရေကဲ့သို့ အဆွေခင်ပွန်းသဖြင့် ပေါင်းမိကြပြန်သည်။ |
1,334,327 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | တထာ၊ ထိုသို့ပေါင်းမိကြရအောင်။ |
1,334,328 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ထိုအခါ မင်းသမီးကို ဆုံးမလိုသော ဘုရားလောင်းသည်- |
1,334,329 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ၅၄။ အတိပတတိ ဝယော ခဏော တထေဝ၊ဌာနံ နတ္ထိ ဓုဝံ စဝန္တိ သတ္တာ။ |
1,334,330 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ပရိဇိယတိ အဒ္ဓုဝံ သရီရံ၊ဥဒယေ မာ ပမာဒ စရဿု ဓမ္မံ။ |
1,334,331 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | - ၅၅။ |
1,334,332 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ကသိဏာ ပထဝီ ဓနဿ ပူရာ၊ဧကဿေဝ သိယာ အနညဓေယျာ။ |
1,334,333 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | တံစာပိ ဇဟတိ အဝီတရာဂေါ၊ဥဒယေ မာ ပမာဒ စရဿု ဓမ္မံ။ |
1,334,334 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ၅၆။ မာတာ စ ပိတာ စ ဘာတရော စဖဘရိယာစာပိ ဓနေန ဟောန္တိ အတိတ္တာ။ |
1,334,335 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | တေ စာပိ ဇဟန္တိ အညမညံ၊ဥဒယေ မာ ပမာဒ စရဿု ဓမ္မံ။ |
1,334,336 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ၆၇။ ကာယော စ ပရဘောဇနံ ဝိဒိတွာ၊သံသာရေ သုဂတိံ ဒုဂ္ဂတိဉ္စ။ |
1,334,337 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဣတ္တရဝါသောတိ ဇာနိယာန၊ဥဒယေ မာ ပမာဒ စရဿု ဓမ္မံ။ |
1,334,338 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ၅၄။ ဥဒယေ၊ ဥဒယဘဒ္ဒါမည်သောမင်းသမီး။ |
1,334,339 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဝယော၊ အရွယ်သုံးပါးသည်။ |
1,334,340 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | အတိပတတိ၊ လျင်မြန်စွာ လွန်တတ်၏။ |
1,334,341 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ခဏော၊ ဥပါဒ် ဌီ ဘင်ဟူသော ခဏသုံးပါးသည်။ |
1,334,342 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | အတိပတတိ၊ အလွန်လျင်မြန်၏။ |
1,334,343 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဌာနံ၊ မပြိုမကွဲ အမြဲတည်သော အရပ်သည်။ |
1,334,344 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဓုဝံ၊ မချွတ်မလွဲ အမြဲဧကန် အမှန်မုချ။ |
1,334,345 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | စဝန္တိ၊ ရွေ့ကုန်၏။ |
1,334,346 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ပရိဇီယတိ၊ ကုန်းကွ ရွတ်ယို တွတွအို၏။ |
1,334,347 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | အဒ္ဓုဝံ၊ မမြဲ။ |
1,334,348 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | မာ ပမာဒ၊ မမေ့မလျော့လင့်။ |
1,334,349 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဓမ္မံ၊ ကုသိုလ်ကမ္မပထတရား ဆယ်ပါးကို။ |
1,334,350 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | စရဿု၊ ကျင့်လော့။ |
1,334,351 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဥဒယေ၊ ဥဒ်ဒယဘဒ္ဒါမည်သောမင်းသမီး။ |
1,334,352 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | အနညဓေယျော၊ သူတစ်ပါးနှင့်မစပ်သော။ |
1,334,353 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဓနဿ၊ ဥစ္စာဖြင့်။ |
1,334,354 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ပူရာ၊ ပြည့်သော။ |
1,334,355 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ကသိဏာ၊ အလုံးစုံသော။ |
1,334,356 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဧကဿေဝ၊ တစ်ယောက်တည်းသော မင်းအားသာလျှင်။ |
1,334,357 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | သိယာ၊ ဖြစ်စေကာမူ။ |
1,334,358 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | အဝီတရာဂေါ၊ တဏှာနိုင်ငံသို့ လိုက်သော သူသည်။ |
1,334,359 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | တံစာပိ၊ ထိုအလုံးစုံသော ဧကရာဇ်မင်းအဖြစ်ကိုလည်း။ |
1,334,360 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဇဟတိ၊ စွန့်ရ၏။ |
1,334,361 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | အဓိပ္ပာယ်က ဇမ္ဗူဒီပါကျွန်းကို အစိုးရသော ဧကရာဇ်မင်း ဖြစ်ငြားသော်လည်း တဏှာနိုင်ငံသို့လိုက်သော သူသည် မရောင့်ရဲနိုင်ချေ။ |
1,334,362 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ထို့ကြောင့် မမေ့မလျော့ ကုသိုလ်တရားကို ကြိုးစား၍ ကျင့်လော့ဟု ဆိုလိုသည်။ |
1,334,363 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | တရားသဖြင့် ကျင့်လေ |
1,334,364 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ၅၆။ ဥဒယေ၊ ဥဒယဘဒ္ဒါမည်သော မင်းသမီး။ |
1,334,365 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဘာတရော စ၊ ညီသားအစ်ကိုတို့သည်လည်းကောင်း။ |
1,334,366 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဘရိယာ စာပိ၊ မယားတို့သည်လည်းကောင်း။ |
1,334,367 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | အတိတ္တာ၊ မရောင့်ရဲကုန်သည်။ |
1,334,368 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | တေဝါ၊ ထိုအမိအဖ အစရှိသော သူတို့သည်လည်း။ |
1,334,369 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ၅၇။ ဥဒယေ၊ ဥဒယဘဒ္ဒါမည်သော မင်းသမီး။ |
1,334,370 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ပရဘောဇနံ၊ ကျီးရဲ စွန်ရဲ ကျားရဲ သစ်ရဲ ဘီလူးရက္ခိုသ် အစရှိသော တစ်ပါးသော သတ္တဝါတို့၏ အစာအာဟာရတည်း။ |
1,334,371 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | သုဂတိ၊ သုဂတိဘုံဘဝ၌လည်းကောင်း။ |
1,334,372 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဒုဂ္ဂတိဉ္စ၊ ဒုဂ္ဂတိဘုံဘဝ၌လည်းကောင်း။ |
1,334,373 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဣတ္တရဝါသောတိ၊ ဤနှစ်ပါးတို့တွင် တပါးပါးသော နေရာတည်းဟု။ |
1,334,374 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဇာနိယာန၊ သိ၍။ |
1,334,375 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ရသေ့မ ပြုလုပ်ပါတော့မည် |
1,334,376 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဤသို့ ဘုရားလောင်းသည် ထိုမင်းသမီးအား အဆုံးအမ ဩဝါဒကိုပေး၏။ |
1,334,377 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ထိုမင်းသမီးသည်လည်း ဘုရားလောင်း၏ တရားစကား၌ ကြည်ညို၍ ချီးမွမ်းခြင်းကို ပြုလိုရကား- |
1,334,378 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ၅၈။ သာဓု ဘာသတိယံ ယက္ခော၊ အပ္ပံ မစ္စာန ဇီဝိတံ။ |
1,334,379 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ကသိရဉ္စ ပရိတ္တဉ္စ၊ တဉ္စ ဒုက္ခေန သံယုတံ။ |
1,334,380 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | သာဟံ ဧကာ ပဗ္ဗဇိဿာမိ၊ ဟိတွာ ကာသိံ သုရုန္ဓနံ။ |
1,334,381 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ၅၈။ မစ္စာနံ၊ သတ္တဝါတို့၏။ |
1,334,382 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ကသိရဉ္စ၊ ဆင်းလည်း ဆင်းရဲ၏။ |
1,334,383 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ပရိတ္တဉ္စ၊ တို့လည်းတို့၏။ |
1,334,384 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | တဉ္စ၊ ထိုဆင်းရဲငြိုငြင်သော အသက်သည်လည်း။ |
1,334,385 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဒုက္ခေန၊ ဝဋ်ဆင်းရဲနှင့်။ |
1,334,386 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | သံယုတံ၊ ယှဉ်၏။ |
1,334,387 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | အယံ ယက္ခော၊ ဤနတ်သည်။ |
1,334,388 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | သာဓု၊ ကောင်းပေစွ တကား။ |
1,334,389 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ကာသိံ သုရုန္ဓနံ၊ ကာသိတိုင်း သုရုန္ဓနမြို့ကို။ |
1,334,390 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဧကာ၊ တစ်ယောက် အထီးတည်း။ |
1,334,391 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ပဗ္ဗဇိဿာမီ၊ ရဟန်းပြုတော့အံ့။ |
1,334,392 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဘုရားလောင်းသည် ထိုမင်းသမီးအား အဆုံးအမ ဩဝါဒကို ပေးပြီး၍ မိမိနေရာ နတ်ရွာသို့လျှင် သွားလေ၏။ |
1,334,393 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ထိုမင်းသမီးသည်လည်း မိုးသောက်သောနေ့၌ အမတ်တို့အား ပြည်ကို ဆောက်နှင်းပေးခဲ့၍ မြို့တွင်း၌ပင်လျင် နှလုံး မွေ့လျော်ဖွယ်ရှိသော ဥယျာဉ်၌ ရသေ့ရဟန်းပြုလုပ်ပြီးလျှင် တရားကိုကျင့်၍ အသက်အဆုံး၌ တာဝတိံသာ နတ်ပြည်ဝယ် ဘုရားလောင်း၏ အလုပ်အကျွေး မယားဖြစ်လေ၏။ |
1,334,394 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤသို့သော ဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြပြီး၍ ဇာတ်ကို ပေါင်းတော်မူ၏။ |
1,334,395 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | သစ္စာတို့ကို ပြသောအဆုံး၌ သာသနာတော်၌ ငြီးငွေ့မရွှင် လူထွက်ချင်သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ |
1,334,396 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | ထိုအခါ မင်းသမီးသည် ရာဟုလမယ်တော် ဖြစ်လာ၏။ |
1,334,397 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | သိကြားမင်းသည် သင်တို့ဆရာ ငါဘုရား ဖြစ်လာ၏။ |
1,334,398 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | တစ်နေ့ကား ရွှေ၊ တစ်နေ့ ငွေ၊ လျော့လေ ဆင်းရုပ်ဝါ |
1,334,399 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒယဇာတ် | လေးခုမြောက်သော ဥဒယဘဒ္ဒဇာတ်သည် ပြီး၏။ |
1,334,400 | မြန်မာဘာသာ, လင်္ကာ | ဥဒါနဝစနခဏ်း | ၁၄၄ ဤသို့ *၄င်း၊ မြတ်*စောလောင်းလျှင်၊ ညံ့ပျောင်း စိတ်တော်၊ ရွှေနန်းပေါ်ထက်၊ မပျော်တို့လို၊ ဝမ်းထဲ သိုပြီး၊ သံချို မိန့်ခွန်း၊ မြွက်ဘော်ညွှန်း၍့၊ ဥဒါန်း ထင်အောင်၊ ကျူးဆိုယောင်တည့်၊ “လူ့ဘောင်ဌာန၊ ဤလောကနှိုက်၊ ကာမ ငါးပါး၊ သား-မယားကား၊ သံမျှားချိပ်မည်၊ စစ်သည် သေနာ၊ ဗိုလ်ပါ ဆင်-မြင်း၊ ရွေ သင်းပင်းကား၊ ခြင်းခြင်း သွေးသံ၊ လိမ... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.