id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,334,501 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ၁၁-ဇရာဝဂ် ၈-ဥဒါနဝတ္ထုပါဠိဂါထာ |
1,334,502 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ၃၂၅။ အနေကဇာတိသံသာရံ, သန္ဓာဝိဿံ အနိဗ္ဗိသံ၊ဂဟကာရံ ဂဝေသန္တော, ဒုက္ခာ ဇာတိ ပုနပ္ပုနံ။ |
1,334,503 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ) ဇာတိ၊ ပဋိသန္ဓေနေရခြင်းသည်။ |
1,334,504 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | (ဇရာဗျာဓိမရဏမိဿိတာယ၊ အိုနာသေရေး, ဒုက္ခဘေးတို့နှင့်, ရောထွေး၍ နေသည်၏အဖြစ်ကြောင့်။ |
1,334,505 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ) ပုနပ္ပုနံ၊ အဖန်ဖန်အထပ်။ |
1,334,506 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | (ဥပဂန္တုံ၊ ကပ်ရောက်ခြင်းငှာ။ |
1,334,507 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ) ဒုက္ခာ၊ ဆင်းရဲလှချေ၏။ |
1,334,508 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | (တသ္မာ စ၊ ထို့ကြောင့်လည်းကောင်း။ |
1,334,509 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | တသ္မိံ၊ ထိုတဏှာယောက်ျား, လက်သမားကို။ |
1,334,510 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | အဒိဋ္ဌေ၊ ဉာဏ်ဖြင့်ထင်ထင်, မတွေ့မြင်အပ်သေးသည်ရှိသော်။ |
1,334,511 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | သာ ဇာတိ၊ ထိုဇာတိ သည်။ |
1,334,512 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | န နိဝတ္တတိ၊ ဆုတ်နစ်မည်မဟုတ်။ |
1,334,513 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | တသ္မာ စ၊ ထိုကြောင့်လည်းကောင်း။ |
1,334,514 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ) ဂဟကာရံ၊ ခန္ဓာအိမ်ကို, အကြိမ်ကြိမ်အဖန်ဖန်, စီမံတတ်သော, တဏှာယောက်ျား, လက် သမားကို။ |
1,334,515 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ဂဝေသန္တော၊ မရမနေ, ရှာဖွေသော။ |
1,334,516 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ) အနိဗ္ဗိသံ၊ တဏှာမြင်ရန်, သဗ္ဗညာဏ်ကို, ဧကန်ပိုင်ပိုင်, မရနိုင်သေးသည်။ |
1,334,517 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ဧတ္တကံ ကာလံ၊ ဤမျှလောက်သော လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး။ |
1,334,518 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ) အနေကဇာတိသံသာရံ၊ အသိန်းမက, ဘဝများစွာ, သံသရာစက်ဝိုင်းကို။ |
1,334,519 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | သန္ဓာဝိဿံ၊ ဆုံဝယ်တပ်နွား, ရဟတ်ခြားသို့, ပြေးသွားကျင်လည်ခဲ့ရလေပြီ။ |
1,334,520 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ၁။ သန္ဓာဝိဿံ။ |
1,334,521 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ။ သံ+ဓာဝု+ဣံ၊ ဂါထာယ မတီတတ္ထေ ဣမိဿံ(နီတိ-၁၁၀၃)သုတ်ဖြင့် ဣံဝိဘတ်ကို ဣဿံပြု၊ ရူ-၂၈၁၌ အတိတ်ကို အနာဂတ်အနေဖြင့် ဆိုလိုသောကြောင့် အနာဂတေ ဘဝိဿန္တိသုတ်(ဝိဗော၌ “ဘဝိဿန္တိ”ဟူသော ယောဂဝိဘာဂ)ဖြင့် အတိတ်အနက်၌ ဿံဝိဘတ် သက်သည်၊ မောဂ်.နိ၊၂၊၃၀၂၊ နိဒီ-၃၇၉၌လည်း ဤနည်းတူပင် ဆို၏။ |
1,334,522 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ၃၂၆။ ဂဟကာရက ဒိဋ္ဌောသိ, ပုန ဂေဟံ န ကာဟသိ၊သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ, ဂဟကူဋံ ဝိသင်္ခတံ၊ဝိသင်္ခါရဂတံ စိတ္တံ, တဏှာနံ ခယမဇ္ဈဂါ။ |
1,334,523 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ဂဟကာရက၊ ခန္ဓာအိမ်ကို, အကြိမ်ကြိမ်အဖန်ဖန်, စီမံတတ်သော, တဏှာ ယောက်ျား, ဟဲ့...လက်သမား! (ဒါနိ၊ သဗ္ဗညုတဉာဏ်ကို ရပြီးရာ, ယခုအခါ၌။ |
1,334,524 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ဝါ၊ သင့်ကို။ |
1,334,525 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ) ဒိဋ္ဌော၊ ဉာဏ်ဖြင့်ထင်ထင်, တွေ့မြင်အပ်ပြီးသည်။ |
1,334,526 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | န ကာဟသိ၊ ပြုလုပ်ရတော့မည်မဟုတ်။ |
1,334,527 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | တေ၊ သင်၏။ သဗ္ဗာ၊ ကြွင်းမဲ့ဥဿုံ, အလုံးစုံကုန်သော။ |
1,334,528 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ဖာသုကာ၊ ကိလေသာအခြင် ရနယ်တို့ကို။ |
1,334,529 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | [ပါတဗ္ဗာ ရက္ခိတဗ္ဗာတိ ဖာသု, ပကာရဿ ဖကာရံ ကတွာ၊ ဖုသိတဗ္ဗာတိ ဝါ ဖာသု၊ သာယေဝ ဖာသုကာ။ |
1,334,530 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | သီဋီသစ်၊၁၊၈၆။ |
1,334,531 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ] ဘဂ္ဂါ၊ မှုန့်မှုန့်ညက်ညက်, ချိုးဖျက်အပ်ကုန်ပြီ။ |
1,334,532 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ဂဟကူဋံ၊ ခန္ဓာအိမ်၏ အဝိဇ္ဇာအထွတ်ကို။ |
1,334,533 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | စိတ္တံ၊ ငါ၏စိတ် သည်။ |
1,334,534 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ဝိသင်္ခါရဂတံ၊ သင်္ခါရကင်းမြုံ, နိဗ္ဗာန်ဘုံသို့, အာရုံပြုသောအားဖြင့် ရောက်ပြီ။ |
1,334,535 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | (အဟဉ္စ၊ ငါသည်လည်း။ |
1,334,536 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ) တဏှာနံ၊ သင်တဏှာတို့၏။ |
1,334,537 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ခယံ၊ ကုန်ကြောင်းဖြစ်သော အရဟတ္တမဂ်, အရဟတ္တဖိုလ်ကို။ |
1,334,538 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | (တစ်နည်း) ဝိသင်္ခါရဂတံ၊ သော။ |
1,334,539 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | တဏှာနံ၊ တို့၏။ |
1,334,540 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ခယံ၊ ကို။ အဇ္ဈဂါ၊ ပြီ။ |
1,334,541 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ၁။ ခယမဇ္ဈဂါ။ |
1,334,542 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ။ ခယသင်္ခါတံ အရဟတ္တမဂ္ဂံ, အရဟတ္တဖလံ ဝါ(သာရတ္ထ၊၁၊၆၅)၊ “ခီယန္တိ တဏှာယော ဧတေနာတိ ခယော”ဟုပြု၊ “အဟံ”ဟု ကတ္တားထည့်သော ရှေ့နည်းအလို အဇ္ဈဂါ၌ အဓိပုဗ္ဗ ဂမုဓာတ်နောင် အဇ္ဇတနီဣံဝိဘတ်, သို့မဟုတ် အံဝိဘတ်ကို အဇ္ဇတနိယမာတ္တ- မိံ ဝါ အံ ဝါ(နီတိ-၁၁၀၄)သုတ်ဖြင့် အာပြု၊ ကွစိဓာတုသုတ်ကြီးဖြင့် ဂမ်ကို ဂါပြု။ |
1,334,543 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | နောက်နည်း ကား စိတ္တံကို အဇ္ဈဂါ၏ ကတ္တားဟုယူသော ဂဏ္ဌိပုဒ်၏ အလိုတည်း၊ ဂမုကို ဂါပြု, ဤဝိဘတ်ချေ (သာရတ္ထ၊၁၊၆၅၊ ရူ-၂၈၀)၊ သီ၊ဋီ၊သစ်၊၁၊၈၆၌ ပရောက္ခာဝိဘတ်ဟု ဆို၏၊ ထိုအဆိုကို ဆရာတို့ နှစ်သက်တော်မမူ။ |
1,334,544 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ဥဒါနဝတ္ထုဂါထာနိဿယပြီးပြီ။ |
1,334,545 | Uncategorized | ဥဒါန်းပါဠိတော် | ဥဒါန်းပါဠိတော် |
1,334,546 | Uncategorized | ဥဒါန်းပါဠိတော် | ၁-ဗောဓိဝဂ် |
1,334,547 | Uncategorized | ဥဒါန်းပါဠိတော် | ၁-ပဌမဗောဓိသုတ် |
1,334,548 | Uncategorized | ဥဒါန်းပါဠိတော် | ၁။ အကျွန်ုပ်သည်ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူစဥရုဝေလတော နေရဉ္ဇရာ မြစ်ကမ်းနား ဗောဓိပင်၏အနီး၌ နေတော်မူ၏။ |
1,334,549 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ခုနစ်ရက်ပတ်လုံး တင်ပျဉ်ခွေကာ ဖလသမာပတ် သမာဓိချမ်းသာကို ခံစားလျက် တစ်ထိုင်တည်းနေတော်မူ၏။ |
1,334,550 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ထိုခုနစ်ရက်ကို လွန်သဖြင့် ထို (အရဟတ္တဖိုလ်) ဖလသမာပတ်သမာဓိမှ ထတော်မူ၍ ညဉ့်၏ ပဌမယာမ်ပတ်လုံး ပဋိစ္စသမုပ္ပါဒ်တရားကို အနုလုံအားဖြင့် ကောင်းစွာ နှလုံးသွင်းတော်မူ၏- |
1,334,551 | Uncategorized | ဥဒါန်းပါဠိတော် | ဤ (အဝိဇ္ဇာစသော) အကြောင်းတရား ဖြစ်လတ်သော် ဤ (သင်္ခါရစသော) အကျိုးတရားသည် ဖြစ်၏။ |
1,334,552 | Uncategorized | ဥဒါန်းပါဠိတော် | ဤ (အဝိဇ္ဇာစသော) အကြောင်းတရား ဖြစ်ခြင်းကြောင့် ဤ (သင်္ခါရစသော) အကျိုးတရားသည် ဖြစ်ပေါ်လာ၏။ |
1,334,553 | Uncategorized | ဥဒါန်းပါဠိတော် | ယင်းအကြောင်းအကျိုးတို့ကား မသိမှု ‘အဝိဇ္ဇာ’ ကြောင့် ပြုပြင်စီရင်မှု ‘သင်္ခါရ'တို့ ဖြစ်ကုန်၏။ |
1,334,554 | Uncategorized | ဥဒါန်းပါဠိတော် | ပြုပြင်စီရင်မှု ‘သင်္ခါရ'တို့ကြောင့် ပဋိသန္ဓေဝိညာဏ်ဖြစ်၏။ |
1,334,555 | Uncategorized | ဥဒါန်းပါဠိတော် | ပဋိသန္ဓေဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်၏။ |
1,334,556 | Uncategorized | ဥဒါန်းပါဠိတော် | နာမ်ရုပ်ကြောင့် အာယတနခြောက်ပါး ‘သဠာယတန’ ဖြစ်၏။ |
1,334,557 | Uncategorized | ဥဒါန်းပါဠိတော် | အာယတနခြောက်ပါးကြောင့် တွေ့ထိမှု ‘ဖဿ'ဖြစ်၏။ |
1,334,558 | Uncategorized | ဥဒါန်းပါဠိတော် | တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏။ |
1,334,559 | Uncategorized | ဥဒါန်းပါဠိတော် | ခံစားမှု ‘ဝေဒနာ’ ကြောင့် တပ်နှစ်သက်မှု ‘တဏှာ’ ဖြစ်၏။ |
1,334,560 | Uncategorized | ဥဒါန်းပါဠိတော် | တပ်နှစ်သက်မှု ‘တဏှာ’ ကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်၏။ |
1,334,561 | Uncategorized | ဥဒါန်းပါဠိတော် | စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့် ဖြစ်ကြောင်း ‘ဘဝ’ ဖြစ်၏။ |
1,334,562 | Uncategorized | ဥဒါန်းပါဠိတော် | ဖြစ်ကြောင်း ‘ဘဝ’ ကြောင့် ပဋိသန္ဓေနေမှု ‘ဇာတိ’ ဖြစ်၏။ |
1,334,563 | Uncategorized | ဥဒါန်းပါဠိတော် | ပဋိသန္ဓေနေမှု ‘ဇာတိ’ ကြောင့် အိုမှု ‘ဇရာ’ သေမှု ‘မရဏ’ စိုးရိမ်မှု ‘သောက’ ငိုကြွေးမှု ‘ပရိဒေဝ’ ကိုယ်ဆင်းရဲမှု ‘ဒုက္ခ’ စိတ်ဆင်းရဲမှု ‘ဒေါမနဿ’ ပြင်းစွာပင်ပန်းမှု ‘ဥပါယာသ'တို့ ဖြစ်ပေါ်လာကုန်၏။ |
1,334,564 | Uncategorized | ဥဒါန်းပါဠိတော် | ဤသို့လျှင် အလုံးစုံသော ဤဆင်းရဲအစုသည် ဖြစ်ပွါး၏ဟု (ဤသို့ နှလုံးသွင်းတော်မူ၏)။ |
1,334,565 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ဤ (ပဋိစ္စသမုပ္ပါဒ်) သဘောကို သိတော်မူ၍ ထိုသိသောအချိန်၌ -"အကြင်အခါ်၌ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသော မကောင်းမှုကို ရှို့မြှိုက်တတ်သော မကောင်းမှုမှ အပပြုပြီးသော ရဟန္တာအား စင်စစ်အားဖြင့် (ဗောဓိပက္ခိယ) တရား (သုံးဆယ့်ခုနစ်ပါး)တို့သည် ထင်ရှားဖြစ်ပေါ်လာကုန်၏။ |
1,334,566 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အကြောင်းနှင့်တကွ (ပဋိစ္စသမုပ္ပါဒ်) တရားကို အပြားအားဖြင့် သိသောကြောင့် ထိုမကောင်းမှုမှ အပပြုပြီးသော ရဟန္တာအား ယုံမှားခြင်းအားလုံးတို့သည် ကင်းပျောက်ကုန်၏”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ |
1,334,567 | Uncategorized | ဥဒါန်းပါဠိတော် | -- ၂-ဒုတိယဗောဓိသုတ် |
1,334,568 | Uncategorized | ဥဒါန်းပါဠိတော် | ၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူစ ဥရုဝေလတော နေရဉ္ဇရာ မြစ်ကမ်းနား ဗောဓိပင်၏အနီး၌ နေတော်မူ၏။ |
1,334,569 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ခုနစ်ရက်ပတ်လုံး တင်ပျဉ်ခွေကာ ဖလသမာပတ် သမာဓိချမ်းသာကို ခံစားလျက် တစ်ထိုင်တည်း နေတော်မူ၏။ |
1,334,570 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ထိုခုနစ်ရက်ကို လွန်သဖြင့် ထို (အရဟတ္တဖိုလ်) ဖလသမာပတ် သမာဓိမှ ထတော်မူ၍ ညဉ့်၏ မဇ္ဈိမယာမ်ပတ်လုံး ပဋိစ္စသမုပ္ပါဒ်တရားကို ပဋိလုံအားဖြင့် ကောင်းစွာ နှလုံးသွင်းတော်မူ၏- |
1,334,571 | Uncategorized | ဥဒါန်းပါဠိတော် | ဤ (အဝိဇ္ဇာစသော) အကြောင်းတရား မဖြစ်လတ်သော် ဤ (သင်္ခါရစသော) အကျိုးတရားသည် မဖြစ်၊ ဤ (အဝိဇ္ဇာစသော) အကြောင်းတရား ချုပ်ခြင်းကြောင့် ဤ (သင်္ခါရစသော) အကျိုးတရားသည် ချုပ်၏။ |
1,334,572 | Uncategorized | ဥဒါန်းပါဠိတော် | ယင်းအကြောင်းအကျိုးတို့ ချုပ်ပုံကား မသိမှု ‘အဝိဇ္ဇာ’ ချုပ်ခြင်းကြောင့် ပြုပြင်စီရင်မှု ‘သင်္ခါရ’ ချုပ်၏။ |
1,334,573 | Uncategorized | ဥဒါန်းပါဠိတော် | ပြုပြင်စီရင်မှု ‘သင်္ခါရ’ ချုပ်ခြင်းကြောင့် ပဋိသန္ဓေဝိညာဏ် ချုပ်၏။ |
1,334,574 | Uncategorized | ဥဒါန်းပါဠိတော် | ပဋိသန္ဓေဝိညာဏ်ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏။ |
1,334,575 | Uncategorized | ဥဒါန်းပါဠိတော် | နာမ်ရုပ် ချုပ်ခြင်းကြောင့် အာယတနခြောက်ပါး ‘သဠာယတန’ ချုပ်၏။ |
1,334,576 | Uncategorized | ဥဒါန်းပါဠိတော် | အာယတနခြောက်ပါး ချုပ်ခြင်းကြောင့် တွေ့ထိမှု ‘ဖဿ’ ချုပ်၏။ |
1,334,577 | Uncategorized | ဥဒါန်းပါဠိတော် | တွေ့ထိမှု ‘ဖဿ’ ချုပ်ခြင်းကြောင့် ခံစားမှု ‘ဝေဒနာ’ ချုပ်၏။ |
1,334,578 | Uncategorized | ဥဒါန်းပါဠိတော် | ခံစားမှု ‘ဝေဒနာ’ ချုပ်ခြင်းကြောင့် တပ်နှစ်သက်မှု ‘တဏှာ’ ချုပ်၏။ |
1,334,579 | Uncategorized | ဥဒါန်းပါဠိတော် | တပ်နှစ်သက်မှု ‘တဏှာ’ ချုပ်ခြင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်၏။ |
1,334,580 | Uncategorized | ဥဒါန်းပါဠိတော် | စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်ခြင်းကြောင့် ဖြစ်ကြောင်း'ဘဝ’ ချုပ်၏။ |
1,334,581 | Uncategorized | ဥဒါန်းပါဠိတော် | ဖြစ်ကြောင်း ‘ဘဝ’ ချုပ်ခြင်းကြောင့် ပဋိသန္ဓေနေမှု ‘ဇာတိ’ ချုပ်၏။ |
1,334,582 | Uncategorized | ဥဒါန်းပါဠိတော် | ပဋိသန္ဓေနေမှု ‘ဇာတိ’ ချုပ်ခြင်းကြောင့် အိုမှု ‘ဇရာ’ သေမှု ‘မရဏ’ စိုးရိမ်မှု ‘သောက’ ငိုကြွေးမှု ‘ပရိဒေဝ’ ကိုယ်ဆင်းရဲမှု ‘ဒုက္ခ’ စိတ်ဆင်းရဲမှု ‘ဒေါမနဿ’ ပြင်းစွာပင်ပန်းမှု ‘ဥပါယာသ'တို့ ချုပ်ကုန်၏။ |
1,334,583 | Uncategorized | ဥဒါန်းပါဠိတော် | ဤသို့လျှင် အလုံးစုံသော ဤဆင်းရဲအစုသည် ချုပ်ပျောက်၏ဟု (ဤသို့ နှလုံးသွင်းတော်မူ၏)။ |
1,334,584 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ဤ (ပဋိစ္စသမုပ္ပါဒ်) သဘောကို သိတော်မူ၍ ထိုသိသောအချိန်၌ -"အကြင်အခါ်၌ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသော မကောင်းမှုကို ရှို့မြှိုက်တတ်သော မကောင်းမှုမှ အပပြုပြီးသော ရဟန္တာအား စင်စစ်အားဖြင့် (ဗောဓိပက္ခိယ) တရား (သုံးဆယ့်ခုနစ်ပါး) တို့သည် ထင်ရှားဖြစ်ပေါ်လာကုန်၏။ |
1,334,585 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အဝိဇ္ဇာစသော အကြောင်းတရားတို့၏ကုန်ရာ နိဗ္ဗာန်ကို သိသောကြောင့် ထိုမကောင်းမှုမှ အပပြုပြီးသော ရဟန္တာအား ယုံမှားခြင်းအားလုံးတို့သည် ကင်းပျောက်ကုန်၏”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ |
1,334,586 | Uncategorized | ဥဒါန်းပါဠိတော် | -- ၃-တတိယဗောဓိသုတ် |
1,334,587 | Uncategorized | ဥဒါန်းပါဠိတော် | ၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူစ ဥရုဝေလတော နေရဉ္ဇရာ မြစ်ကမ်းနား ဗောဓိပင်၏ အနီး၌ နေတော်မူ၏။ |
1,334,588 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ထိုခုနစ်ရက်ကို လွန်သဖြင့် ထို (အရဟတ္တဖိုလ်) ဖလသမာပတ်သမာဓိမှ ထတော်မူ၍ ညဉ့်၏နောက်ဆုံး ပစ္ဆိမယာမ်ပတ်လုံး ပဋိစ္စသမုပ္ပါဒ်ကို အနုလုံ ပဋိလုံအားဖြင့် ကောင်းစွာ နှလုံးသွင်းတော်မူ၏- |
1,334,589 | Uncategorized | ဥဒါန်းပါဠိတော် | ဤ (အဝိဇ္ဇာစသော) အကြောင်းတရား ဖြစ်ခြင်းကြောင့် ဤ (သင်္ခါရစသော) အကျိုးတရားသည် ဖြစ်၏။ |
1,334,590 | Uncategorized | ဥဒါန်းပါဠိတော် | ဤ (အဝိဇ္ဇာစသော) အကြောင်းတရား မဖြစ်လတ်သော် ဤ (သင်္ခါရစသော) အကျိုးတရားသည် မဖြစ်။ |
1,334,591 | Uncategorized | ဥဒါန်းပါဠိတော် | ဤ (အဝိဇ္ဇာ စသော) အကြောင်းတရား ချုပ်ခြင်းကြောင့် ဤ (သင်္ခါရစသော) အကျိုးတရားသည် ချုပ်၏။ |
1,334,592 | Uncategorized | ဥဒါန်းပါဠိတော် | ယင်းဖြစ်ပုံ ချုပ်ပုံကား မသိမှု ‘အဝိဇ္ဇာ’ ကြောင့် ပြုပြင်စီရင်မှု ‘သင်္ခါရ'တို့ ဖြစ်ကုန်၏။ |
1,334,593 | Uncategorized | ဥဒါန်းပါဠိတော် | ပြုပြင်စီရင်မှု ‘သင်္ခါရ'တို့ကြောင့် ပဋိသန္ဓေဝိညာဏ် ဖြစ်၏။ |
1,334,594 | Uncategorized | ဥဒါန်းပါဠိတော် | ပဋိသန္ဓေဝိညာဏ်ကြောင့် နာမ်ရုပ် ဖြစ်၏။ |
1,334,595 | Uncategorized | ဥဒါန်းပါဠိတော် | အာယတနခြောက်ပါးကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏။ |
1,334,596 | Uncategorized | ဥဒါန်းပါဠိတော် | တွေ့ ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏။ |
1,334,597 | Uncategorized | ဥဒါန်းပါဠိတော် | ပဋိသန္ဓေနေမှု ‘ဇာတိ’ ကြောင့် အိုမှု ‘ဇရာ’ သေမှု ‘မရဏ’ စိုးရိမ်မှု ‘သောက’ ငိုကြွေးမှု ‘ပရိဒေဝ’ ကိုယ်ဆင်းရဲမှု ‘ဒုက္ခ’ စိတ်ဆင်းရဲမှု ‘ဒေါမနဿ'တို့ ဖြစ်ပေါ်ကုန်၏။ |
1,334,598 | Uncategorized | ဥဒါန်းပါဠိတော် | ဤသို့လျှင် အလုံးစုံသော ဤဆင်းရဲအစုသည် ဖြစ်ပွါး၏။ |
1,334,599 | Uncategorized | ဥဒါန်းပါဠိတော် | မသိမှု ‘အဝိဇ္ဇာ’၏သာလျှင် အရဟတ္တမဂ်ဖြင့် ကြွင်းမဲ့ ချုပ်ခြင်းကြောင့် ပြုပြင်စီရင်မှု ‘သင်္ခါရ’ ချုပ်၏။ |
1,334,600 | Uncategorized | ဥဒါန်းပါဠိတော် | ပဋိသန္ဓေဝိညာဏ် ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.