id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,334,401 | မြန်မာဘာသာ, လင်္ကာ | ဥဒါနဝစနခဏ်း | ။ ကွင်း၍့ သွေးရံ့ပါမည်သိ။ |
1,334,402 | မြန်မာဘာသာ, လင်္ကာ | ဥဒါနဝစနခဏ်း | ၁၄၅ ရွှေဇာ ငွေဇာ၊ ကွန်ချာ ထိပ်အုပ်၊ ခွါထုပ် စွယ်သိုင်း၊ ဆင်တိုင်း တင့်တယ်၊ ရွယ် ကြီး-ငယ်တိ၊ ရှုဘွယ် ကောင်းမြတ်၊ ပြစ်မျိုး လွတ်လျက်၊ ပတ် သုံးဆဲ့နှစ်၊ ယတ်စစ် အပြား၊ နှစ်ဆဲ့ငါးနှင့်၊ ထင်ရှား *ဖြိုးပုံ၊ အင်မကြုံသား၊ စွယ်စုံ ဟိုင်း*ဟံ၊ တည်*တံ ပေါက်မ၊ ဓာတ်ရ မိတ်လျော်၊ မျိုး ဆယ်ဘော်ဖြင့်၊ စီးတော် အပ၊ ဝင်းရွေး စသား၊ များလှ ရံရ... |
1,334,403 | မြန်မာဘာသာ, လင်္ကာ | ဥဒါနဝစနခဏ်း | ။ ကင်း၍့ ကွေရံ့ပါမည်သိ။ |
1,334,404 | မြန်မာဘာသာ, လင်္ကာ | ဥဒါနဝစနခဏ်း | ၁၄၆ အမျိုးအနွယ်၊ သန့်စင်ကြယ်လျက်၊ ဆင်း-ရွယ် ပျိုနု၊ စံ မတုအောင်၊ နှာရု အဋ္ဌိ၊ ဆဝိ မံသ၊ ဝယမည်သာ၊ ငါးကလျာနှင့်၊ ကောင်းစွာ စုံလင်၊ လင်ကို မြင်က၊ အလျင် ထ၍့၊ *ယုယ ကိုယ်-နှုတ်၊ ကျင့် မယုတ်သား၊ ပုဗ္ဗုဋ္ဌာယိနီ၊ ဦးချီ လက်ပြိုင်၊ ရှက်ကာ ဆိုင်၍့၊ လင်ထိုင် လင်အိပ်၊ သားကို သိပ်သို့၊ ခြေနှိပ် လက်စမ်း၊ စိတ်ချမ်း ကြည်မြ၊ ရိုသေ ခ,လျက်၊... |
1,334,405 | မြန်မာဘာသာ, လင်္ကာ | ဥဒါနဝစနခဏ်း | ။ ရှင်း၍့ နေရံ့ပါမည်သိ။ |
1,334,406 | မြန်မာဘာသာ, လင်္ကာ | ဥဒါနဝစနခဏ်း | ဤသုံးပိုဒ်တို့ကား 'ပေါက်ပြ'ချနည်း ဟူကုန်၏၊ 'သွေရံ့ပါမည်သိ၊ ကွေရံ့ပါမည်သိ၊ နေရံ့ပါမည်သိ'ဟူသော အချ သုံးပိုဒ်တို့နှိုက် 'ရံ့ပါမည်သိ'ကို 'ရအံ့ပါမည်သိ'ဟု ပုဒ်ဖြတ်၍့ အဓိပ္ပါယ်ယူ သန္ဓိပုဒ်စပ်သဖြင့် ပုဒ်ကို ဝှက်ထားရကား 'သမာဂတာပဟေဠိ'မျိုးတည်း။ |
1,334,407 | မြန်မာဘာသာ, လင်္ကာ | ဥဒါနဝစနခဏ်း | ၁၄၇ မိထိလာဟု၊ ယူဇနာအလှစ်၊ ပြန် ခုနစ်နှင့်၊ မြို့သစ် နန်းသစ်၊ *သရစ် ဝင်းပြောင်၊ ငါ တည်ထောင်၍့၊ နတ်ဘောင် မိုး†မှာ၊ တနိ†မ္မာသို့၊ လေးဖြာ မျိုးနွယ်၊ ပျော်ရာ†ကျယ်သား၊ ဆန်း†ကြယ် ဘုံနန်း၊ အခန်းခန်းနှင့်၊ သိန်း-သန်း-ကုဋေ၊ အနေ ထပ်ထပ်၊ အိမ်ခြေ စပ်မျှ၊ မလပ် မြေတာ၊ စည်ပင်စာလျက်၊ ဗိုလ်ပါ *ပြည့်လင်း၊ စံတု ကင်း၏၊ စောင်း-ငြင်း မိကျောင... |
1,334,408 | မြန်မာဘာသာ, လင်္ကာ | ဥဒါနဝစနခဏ်း | ။ ကွင်း၍့ သွေရတတ်ဘိမူ။ |
1,334,409 | မြန်မာဘာသာ, လင်္ကာ | ဥဒါနဝစနခဏ်း | ၁၄၈ မောက်တို မောက်လူ၊ ပါကူ လည်ကွေး၊ ငါးကြင်းကြေးနှင့်၊ ပုံသွေး မချို့၊ မြွေတို့ ဦးရီး၊ *အတီးပညပ်၊ သင်းခွေချပ်သို့၊ အထပ် အထပ်၊ ဘိတ်ဘိတ်လျှပ်သား၊ သံချပ်မိန်ညို၊ ရှည်-တို စိမ်း-ပြာ၊ နီ-ဝါ နက်မည်း၊ ခါးစည်း ရွှေ*ဖျင်၊ ဆင်ယင် မျဉ်းဝတ်၊ ရွှေထွတ် ရွှေကုံး၊ ပြိုးပြုံး ရောင်စုံ၊ ပုံပုံ သီးသီး၊ တညီးညီးတည့်၊ ဆင်စီး မြင်းစီး၊ ရထားစ... |
1,334,410 | မြန်မာဘာသာ, လင်္ကာ | ဥဒါနဝစနခဏ်း | ။ ကင်း၍့ ကွေရတတ်ဘိမူ။ |
1,334,411 | မြန်မာဘာသာ, လင်္ကာ | ဥဒါနဝစနခဏ်း | ၁၄၉ ရတနာမျိုး ခြယ်၊ ရွှေကြိုးနွယ်ဖြင့်၊ ရှုဘွယ် ပြေ †ပြစ်၊ မျက်စုံ†ပျစ်သား၊ တစ်-နှစ် ခုနစ်သွယ်၊ ရှစ်သွယ် ဆဲ့ခြောက်၊ လျှံတောက် ဆင့်ပွား၊ နှစ်ဆဲ့ငါးဟု၊ ပိုင်းခြား စီးလျဉ်၊ ဘိဓာန် ယှဉ်သော်၊ အစဉ်မကျူး၊ ရှေးဦး ကဝ ဉ္စိ၊ သတ္တတိက၊ ခေါ်ဘိ ဝေါဟာ၊ မေခလာရသန၊ ကလာပတည့်၊ တင့်လှ ငါးမျိုး၊ ရွှေခါးကြိုးနှင့်၊ တိမ်မိုး ဝလာ၊ သင်္ခါ သိပ္ပီ... |
1,334,412 | မြန်မာဘာသာ, လင်္ကာ | ဥဒါနဝစနခဏ်း | ။ ရှင်း၍့ နေရတတ်ဘိမူ။ |
1,334,413 | မြန်မာဘာသာ, လင်္ကာ | ဥဒါနဝစနခဏ်း | (၆) (ဤသုံးပိုဒ်တို့ကား 'ရွှေလောင်းပြန်'ချီနည်း ဟူ၏၊) |
1,334,414 | မြန်မာဘာသာ, လင်္ကာ | ဥဒါနဝစနခဏ်း | ၁၅၀ သုရုန္ဓန၊ နာမ သညာ၊ ပြည် ဗာရာနှိုက်၊ ရှေးခါမဆွ၊ အတီတဝယ်၊ ဥဒယဘဒ်၊ မင်းမြတ် မောင်နှံ၊ ရွှေနန်းစံတို့၊ နန်းယံ ရှည်*ညောင်း၊ နှစ်ပေါင်း များစွာ၊ တထောင်ကြာလည်း၊ ယုတ်မာ ညစ်ကျု၊ ကိလေမှုနှိုက်၊ မရှုမဆိတ်၊ လူ၏့စိတ်ကို၊ နိမိတ် မထင်၊ အိပ်မက်တွင်မျှ၊ မမြင်စဖူး၊ တထူး တို့တူ၊ ဒုကူပဏ္ဍိ၊ မယ်ပါရိတို့၊ ဇာတိဗြဟ္မ၊ စရိယဖြင့်၊ ဝမ်းကတည်း... |
1,334,415 | မြန်မာဘာသာ, လင်္ကာ | ဥဒါနဝစနခဏ်း | ။ မသုံးကြိုက်ရဘိသော်ကား။ |
1,334,416 | မြန်မာဘာသာ, လင်္ကာ | ဥဒါနဝစနခဏ်း | (၇) ၁၅၁ မင့်းအဖြစ်ဖြင့်၊ အနှစ် ခုနစ်ရာ၊ စံပြီး ကြာမှ၊ မဟာဇနက၊ *စောလောင်းလှလျှင်၊ အမ္ဗရုက္ခ၊ နာမမည်ဘိ၊ သီးယှိ သီးမဲ့၊ ကျိုးပဲ့ ညွန့်ရှင်၊ သရက်ပင်ကို၊ မြင်လျှင်* လှုလှု၊ ဆရာပြု၍့၊ မင်းဟုအဖြစ်၊ စည်းစိမ်ညစ်၏့၊ အပြစ် များဟန်၊ ဟုတ်အမှန်ကို၊ ရွှေဉာဏ် ဇာတိ၊ တပ်တပ် သိလျက်၊ သီဝလိမြတ်၊ ဒေဝီနတ်နှင့်၊ သတ္တသတာ၊ ခုနစ်ရာ အများ၊ မိဖုရာ... |
1,334,417 | မြန်မာဘာသာ, လင်္ကာ | ဥဒါနဝစနခဏ်း | ။ နှလုံးပိုက်ရဘိသော်ကား။ |
1,334,418 | မြန်မာဘာသာ, လင်္ကာ | ဥဒါနဝစနခဏ်း | ၁၅၂ သြရမ္ဘာဂိယ၊ ဟီန ယုတ်မာ၊ ကာမရွာနှိုက်၊ များစွာမပြတ်၊ ကျင်လည်တတ်သား၊ မမြတ် ဖျင်း*သုန်၊ ကာမဂုဏ်ဖြင့်၊ ရေစုန် ရွက်တိုက်၊ အပါယ်လိုက်တို့၊ လူနှိုက် ပျော်ပါး၊ သား-မြေး ပွားအောင်၊ မယား*ပြိန်းပြောင်၊ အိမ်ရာထောင်၍့၊ မရှောင် မကြဉ်၊ အစဉ် မကင်း၊ သက်ဆုံး ဖျင်း၏၊ ဝါတွင်း မိုဃ်းလ၊ မာသ သုံးထွေ၊ တော*မြိုင်†ခြေဝယ်၊ †ချေလည်း မဟောက်၊ မ... |
1,334,419 | မြန်မာဘာသာ, လင်္ကာ | ဥဒါနဝစနခဏ်း | ။ အဆုံး လိုက်ရဘိသော်ကား။ |
1,334,420 | မြန်မာဘာသာ, လင်္ကာ | ဥဒါနဝစနခဏ်း | (၉) (ဤပုဒ်တို့ကား 'နေရောင်ခြည်ပြေး'ချနည်း) |
1,334,421 | မြန်မာဘာသာ, လင်္ကာ | ဥဒါနဝစနခဏ်း | ၁၅၃ ဤသို့ မဟာ၊ ဗောဓိချာလျှင်၊ ရာဇာ မင်းဖြစ်၊ စည်းစိမ်ညစ်ဟု၊ မနှစ်လို့ကြီး၊ စွန့်ပြီး ကင်းအောင်၊ ရှောင်လို ပြည်လေ့၊ စံ မမွေ့ဘဲး၊ ငြီးငွေ့ *ဦးလေး၊ တောထွက်ရေးနှိုက်၊ ကြံတွေး ရွှင်လန်း၊ ဉာဏ်သိမ်းမြန်း၍့။ |
1,334,422 | မြန်မာဘာသာ, လင်္ကာ | ဥဒါနဝစနခဏ်း | ။ ဥဒါန်း သံဝေ၊ ကျူးသော့ထွေတည်း။ |
1,334,423 | မြန်မာဘာသာ, လင်္ကာ | ဥဒါနဝစနခဏ်း | (၁၀) ဤသို့လျှင်တိ၊ ဤတွင် ပိုင်းသန်း၊ သံဝေခဏ်းသည်။ |
1,334,424 | မြန်မာဘာသာ, လင်္ကာ | ဥဒါနဝစနခဏ်း | ။ ပြဋ္ဌာန်း နာမ၊ ဒုတီယအုပ်၊ အပြီးချုပ်တည်း။ |
1,334,425 | မြန်မာဘာသာ, လင်္ကာ | ဥဒါနဝစနခဏ်း | ဥဒါနဝစနခဏ်း (၁၀)ပိုဒ် ပြီး၏၊ |
1,334,426 | မြန်မာဘာသာ, လင်္ကာ | ဥဒါနဝစနခဏ်း | သံဝေဂခဏ်း ၆-ခုတို့ဖြင့် တန်းဆာဆင်အပ်သော မဟာသုတကာရီ မဃဒေဝလင်္ကသစ် ဒုတီယပိုင်း ဤတွင် ပြီး၏၊ |
1,334,427 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထု | ဇရာဝဂ် ၈။ |
1,334,428 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထု | အာနန္ဒာမထေရ်၏ ဥဒါန်းဂါထာဝတ္ထု အနေကဇာတိသံသာရံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဗောဓိပင်ရင်း၌ နေတော်မူစဉ် နှစ်သက်ဝမ်းမြောက်စွာ ဥဒါန်းကျူးခြင်း၏အစွမ်းဖြင့် ဥဒါန်းကျူးတော်မူသဖြင့် နောက်အဖို့၌ အာနန္ဒာမထေရ် မေးလျှောက်အပ်သည်ဖြစ်၍ ဟောကြားတော်မူလေ၏။ |
1,334,429 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထု | ဘုရားရှင်တိုင်း ဥဒါန်းကျူးတော်မူခြင်း |
1,334,430 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထု | ထိုသုံးလူ့ထွတ်ထား သဗ္ဗညု မြတ်စွာဘုရားသည် ဗောဓိပင်ရင်း၌ နေတော်မူစဉ် နေမဝင်မီသာလျှင် မာရ်စစ်သည်အပေါင်းကို အောင်မြင်ဖျက်ဆီးတော်မူ၍ ပထမယာမ်၌ ရှေး၌နေဖူးသော ခန္ဓာအစဉ်ကို ဖုံးလွှမ်းတတ်သော အဝိဇ္ဇာ မှောင်တိုက်ကို ဖောက်ခွဲတော်မူသဖြင့်လည်းကောင်း၊ မဇ္ဈိမယာမ်၌ ဒိဗ္ဗစက္ခုဉာဏ်တော်ကို သုတ်သင်တော်မူသဖြင့် လည်းကောင်း၊ ပစ္ဆိမယာမ်၌ သတ္တဝါ... |
1,334,431 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထု | ဒေသနာတော် [၁၅၃] အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။ |
1,334,432 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထု | [၁၅၄] ဂဟကာရက ဒိဋ္ဌောသိ၊ ပုန ဂေဟံ န ကာဟသိ။ |
1,334,433 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထု | ဝိသင်္ခါရဂတံ စိတ္တံ၊ တဏှာနံ ခယမဇ္ဈဂါ။ |
1,334,434 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထု | ဇာတိ၊ ပဋိသန္ဓေ နေရခြင်းသည်။ |
1,334,435 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထု | ဒုက္ခာ၊ အို,နာ,သေမြဲ ရောယှက်တွဲသောကြောင့် ဆင်းရဲလှပေ၏။ |
1,334,436 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထု | ဂဟကာရံ ဂဝေသန္တော၊ ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သော တဏှာတည်းဟူသော လက်သမားကို ဒီပင်္ကရာဘုရား ခြေတော်ရင်း၌ ဆုတောင်းကာ ရှာဖွေလာသော ငါသည်။ |
1,334,437 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထု | အနေကဇာတိသံသာရံ၊ ပဋိသန္ဓေများစွာ သံသရာ ကာလပတ်လုံး။ |
1,334,438 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထု | အနိဗ္ဗိသံ အဝိန္ဒန္တော၊ ဉာဏ်မရလေသောကြောင့်။ |
1,334,439 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထု | သန္ဓာဝိဿံ သံသရိံ၊ အတည်မကျ ကျင်လည်ရလေပြီ။ |
1,334,440 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထု | ဂဟကာရက၊ ခန္ဓာအိမ် ဆောက်လုပ်တတ်သော တဏှာလက်သမား။ |
1,334,441 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထု | မယာ၊ သဗ္ဗညုခေါ် ဉာဏ်တော်ပိုင်သား ငါဘုရားသည်။ |
1,334,442 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထု | ဒိဋ္ဌော၊ မြင်ရသည်။ |
1,334,443 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထု | ဂေဟံ၊ ငါ့အတွက် ခန္ဓာအိမ်ကို။ |
1,334,444 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထု | န ကာဟသိ၊ သင် မဆောက်လုပ်ရတော့လတ္တံ့။ |
1,334,445 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထု | တေ၊ သင်၏။ သဗ္ဗာ၊ အလုံးစုံကုန်သော။ |
1,334,446 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထု | ဖာသုကာ၊ ကိလေသာဟူသော အခြင်တို့ကို။ |
1,334,447 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထု | ဘဂ္ဂါ၊ ချိုးဖဲ့အပ်ကုန်ပြီ။ |
1,334,448 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထု | ဂဟကူဋံ၊ သင်ဆောက်လုပ်သော ခန္ဓာအိမ်၏ အဝိဇ္ဇာဟူသော အထွတ်ကို။ |
1,334,449 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထု | ဝိသင်္ခတံ၊ ငါ ဖျက်ဆီးအပ်ပြီ။ |
1,334,450 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထု | စိတ္တံ၊ ငါ၏စိတ်သည်။ |
1,334,451 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထု | ဝိသင်္ခါရဂတံ၊ နိဗ္ဗာန်သို့ အာရုံပြုခြင်းအစွမ်းဖြင့် သက်ဝင်လေပြီ။ |
1,334,452 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထု | တဏှာနံ၊ တဏှာတို့၏။ |
1,334,453 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထု | ခယံ၊ ကုန်ရာကုန်ကြောင်းဖြစ်သော အရဟတ္တဖိုလ်ကို။ |
1,334,454 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထု | အဇ္ဈဂါ၊ ငါရလေပြီ။ |
1,334,455 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထု | အာနန္ဒာမထေရ်၏ ဥဒါန်းဂါထာဝတ္ထု ပြီး၏။ |
1,334,456 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ၈ - ဥဒါနဝတ္ထု |
1,334,457 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ၁၅၃။ အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။ |
1,334,458 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ၁၅၄။ ဂဟကာရက ဒိဋ္ဌော အသိ၊ ပုန ဂေဟံ န ကာဟသိ။ |
1,334,459 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဗောဓိပင်ရင်း၌ နေမဝင်မီ မာရ်နတ်ရန်ကို အောင်မြင်၍ ပထမယာမ်၌ ပုဗ္ဗေနိဝါသဉာဏ် မဇ္ဈိမယာမ်၌ ဒိဗ္ဗစက္ခုဉာဏ် ပစ္ဆိမယာမ်၌ သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍သိမြင်တော်မူချိန် ကျူးရင့်တော်မူ၍ နောင်အခါ အရှင်အာနန္ဒာ၏ မေးလျှောက်ချက်အရ ဟောကြားတော်မူသည်။ |
1,334,460 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | အနက် ပုနပ္ပုနံ၊ အဖန်ဖန်။ |
1,334,461 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ဇာတိ၊ ပဋိသန္ဓေနေရခြင်းသည်။ |
1,334,462 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ဒုက္ခာ၊ ဆင်းရဲလှ၏။ |
1,334,463 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ဂဟကာရံ၊ ခန္ဓာအိမ်ဆောက်လုပ်သူကို။ |
1,334,464 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ဂဝေသန္တော၊ ရှာသော။ |
1,334,465 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | အနိဗ္ဗိသံ၊ တဏှာလက်သမားကို မြင်နိုင်သောဉာဏ်ကို မရသေးသော။ |
1,334,466 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | အနေကဇာတိသံသာရံ၊ ဘဝများစွာသံသရာပတ်လုံး။ |
1,334,467 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | သန္ဓာဝိဿံ၊ ကျင်လည်ခဲ့ရပေပြီ။ |
1,334,468 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ဂဟကာရက၊ ခန္ဓာအိမ်ကို အကြိမ်ကြိမ်ဆောက်လုပ်သော တဏှာယောက်ျား ဟဲ့လက်သမား။ |
1,334,469 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | တုံ၊ သင်ကို။ |
1,334,470 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ဒိဋ္ဌော၊ ပညာမျက်စိဖြင့်မြင်သည်။ |
1,334,471 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ဂေဟံ၊ ခန္ဓာအိမ်ကို။ |
1,334,472 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | န ကာဟသိ၊ သင်ဆောက်ရမည်မဟုတ်။ |
1,334,473 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ဖာသုကာ၊ ကိလေသာတည်းဟူသော အခြင်ရနယ်တို့ကို။ |
1,334,474 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ဘဂ္ဂါ၊ ချိုးဖျက်အပ်ပြီ။ |
1,334,475 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ဂဟကူဋံ၊ အဝိဇ္ဇာတည်းဟူသောအထွတ်ကို။ |
1,334,476 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ဝိသင်္ခတံ၊ ဖျက်ဆီးအပ်ပြီ။ |
1,334,477 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | မမ၊ ငါ၏။ စိတ္တံ၊ စိတ်သည်။ |
1,334,478 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ဝိသင်္ခါရဂတံ၊ ပြုပြင်ခြင်းကင်းရာနိဗ္ဗာန်သို့ ရောက်ပြီ။ |
1,334,479 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | အဇ္ဈဂါ၊ ရပြီ။ |
1,334,480 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | စကားပြေ ဤခန္ဓာကိုယ်ဆောက်လုပ်သော တဏှာယောက်ျား လက်သမားကိုရှာစဉ် ယင်းကိုမြင်နိုင်သော ဉာဏ်မရသေးခင် အဖန်ဖန် ပဋိသန္ဓေနေရခြင်းတည်းဟူသော ဘဝများစွာသံသရာ၌ ကျင်လည်ရခြင်းသည် ဆင်းရဲလှ၏။ |
1,334,481 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | တဏှာကို ငါသိသဖြင့် နောက်တဖန် ခန္ဓာအိမ်ကို မပြုရတော့အံ့။ |
1,334,482 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | အလုံးစုံသော ကိလေသာအခြင် အဝိဇ္ဇာဟူသောအိမ်အထွတ်ကို ဖျက်ဆီးပြီးလျှင် ငါ၏စိတ်သည် ပြုပြင်ခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်သည်ဖြစ်၍ တဏှာကုန်ရာအရဟတ္တဖိုလ်ကို ရပြီ။ |
1,334,483 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | အနေကဇာတိသံသာရံ— ၌ ဇာတိ တသိန်းသော ဘဝရ၏။ |
1,334,484 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ဂဟကာရ— ခန္ဓာဆောက်လုပ်သူ တဏှာလက်သမား ရှ၏။ |
1,334,485 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ဂေဟ— ခန္ဓာအိမ် ရှ၏။ |
1,334,486 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ဖာသုကာ— တဏှာမှကြွင်းသော ကိလေသာ ရ၏။ |
1,334,487 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ဂဟကူဋ— အဝိဇ္ဇာရှ၏။ |
1,334,488 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ဝိသင်္ခါရ— နိဗ္ဗာန်ရ၏။ |
1,334,489 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ဒိဋ္ဌော— သဗ္ဗညုတဉာဏ်ဖြင့် ထိုးသွင်း၍သိပြီ။ |
1,334,490 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ခယ— အရဟတ္တမဂ်ရ၏။ |
1,334,491 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | အနေကဇာတိသံသာရံ— အနေကာ ဇာတိ အနေကဇာတိ။ |
1,334,492 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | အနေက + ဇာတိ။ |
1,334,493 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ဇာတိ သံသာရော အနေကဇာတိသံသာရော။ |
1,334,494 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | အနိဗ္ဗိသန္တော— န + နိဗ္ဗိသံ = နိ + ဝိသ် + အန္တော။ |
1,334,495 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ဖာသုကာ— ပါ… ရုက္ခဏေ၊ သု၊ သကတ္ထေ ကော၊ ပဿ ဖော။ |
1,334,496 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ဂဟကူဋံ— ဂဟဿ ကူဋံ ဂဟကူဋံ။ |
1,334,497 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ဂဟ + ကူဋ။ |
1,334,498 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ဝိသင်္ခါရဂတံ— ဝိသင်္ခါရံ (နိဗ္ဗာနံ) ဂတံ ဝိသင်္ခါရဂတံ။ |
1,334,499 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ဝိသင်္ခါရ + ဂတံ။ |
1,334,500 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဒါနဝတ္ထုဂါထာ | ဥဒါနဝတ္ထု ပြီး၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.