id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,334,601 | Uncategorized | ဥဒါန်းပါဠိတော် | နာမ်ရုပ်ချုပ်ခြင်းကြောင့် အာယတနခြောက်ပါး ‘သဠာယတန’ ချုပ်၏။ |
1,334,602 | Uncategorized | ဥဒါန်းပါဠိတော် | အာယတနချုပ်ခြင်းကြောင့် တွေ့ထိမှု ‘ဖဿ’ ချုပ်၏။ |
1,334,603 | Uncategorized | ဥဒါန်းပါဠိတော် | စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်ခြင်းကြောင့် ဖြစ်ကြောင်း ‘ဘဝ’ ချုပ်၏။ |
1,334,604 | Uncategorized | ဥဒါန်းပါဠိတော် | ပဋိသန္ဓေနေမှု ‘ဇာတိ’ ချုပ်ခြင်းကြောင့် အိုမှု ‘ဇရာ’ သေမှု ‘မရဏ’ စိုးရိမ်မှု ‘သောက’ ငိုကြွေးမှု ‘ပရိဒေဝ’ ကိုယ်ဆင်းရဲမှု ‘ဒုက္ခ’ စိတ်ဆင်းရဲမှု ‘ဒေါမနဿ’ ပြင်းစွာ ပင်ပန်းမှု ‘ဥပါယာသ'တို့ချုပ်ကုန်၏။ |
1,334,605 | Uncategorized | ဥဒါန်းပါဠိတော် | ဤသို့လျှင် အလုံးစုံသော ဤဆင်းရဲအစုသည် ချုပ်၏ဟု (ဤသို့ နှလုံးသွင်းတော်မူ၏)။ |
1,334,606 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ဤ (ပဋိစ္စသမုပ္ပါဒ်) သဘောကို သိတော်မူ၍ ထိုသိသောအချိန်၌- “အကြင်အခါ၌ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသော မကောင်းမှုကို ရှို့မြှိုက်တတ်သော မကောင်းမှုမှ အပပြုပြီးသော ရဟန္တာအား စင်စစ်အားဖြင့် (ဗောဓိပက္ခိယ) တရား (သုံးဆယ့်ခုနစ်ပါး) တို့သည် ထင်ရှားဖြစ်ပေါ်လာကုန်၏။ |
1,334,607 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ ကောင်းကင်ကို တောက်ပစေသော နေမင်းသည် အမိုက်တိုက်ကို ဖျက်ဆီးလျက် တည်နေသကဲ့သို့ ထိုရဟန္တာသည် မာရ်စစ်သည်ကို ဖျက်ဆီးလျက်တည်၏”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ |
1,334,608 | Uncategorized | ဥဒါန်းပါဠိတော် | -- ၄-ဟုံဟုင်္ကသုတ် |
1,334,609 | Uncategorized | ဥဒါန်းပါဠိတော် | ၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူစ ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်းနား အဇပါလညောင်ပင်၏ အနီး၌ နေတော်မူ၏။ |
1,334,610 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ခုနစ်ရက်ပတ်လုံး တင်ပျဉ်ခွေကာ ဖလသမာပတ် သမာဓိချမ်းသာကို ခံစားလျက် တစ်ထိုင်တည်း ထိုင်နေတော်မူ၏။ |
1,334,611 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ထိုခုနစ်ရက်ကို လွန်သဖြင့် ထို (အရဟတ္တဖိုလ်) ဖလသမာပတ် သမာဓိမှ ထတော်မူ၏။ |
1,334,612 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါတဟုန်းဟုန်း မာန်မူခြင်းကို ပြုတတ်သော သဘောရှိသော ပုဏ္ဏား တစ်ယောက်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသောနေရာ၌ ရပ်တည်လျက် မြတ်စွာဘုရားအား “အသျှင်ဂေါတမ အဘယ်မျှဖြင့် ဗြာဟ္မဏ ဖြစ်ပါသနည်း¿ ဗြာဟ္မဏအဖြစ်ကို ပြုတတ်သောတရားတို့ကား အဘယ်တို့ပါနည်း”ဟု လျှောက်၏။ |
1,334,613 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ဤပြဿနာ၏ အနက်အဓိပ္ပါယ်ကို သိတော်မူ၍ ထိုသိသောအချိန်၌- “အကြင်သူသည် မကောင်းမှုကို အပပြုပြီး ဖြစ်၏။ |
1,334,614 | Uncategorized | ဥဒါန်းပါဠိတော် | တဟုန်းဟုန်း မာန်မူခြင်းသဘော မရှိ၊ ကိလေသာဟူသော ဖန်ရည် မရှိ၊ ဘာဝနာကို စီးဖြန်းအားထုတ်သော စိတ်ရှိ၏။ |
1,334,615 | Uncategorized | ဥဒါန်းပါဠိတော် | သိခြင်း၏အဆုံး အရဟတ္တဖိုလ်သို့ ရောက်၏။ |
1,334,616 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်သောအကျင့်ကို ကျင့်သုံးပြီး ဖြစ်၏။ |
1,334,617 | Uncategorized | ဥဒါန်းပါဠိတော် | ထိုပုဂ္ဂိုလ်သည်သာ ဗြာဟ္မဏမည်၏။ |
1,334,618 | Uncategorized | ဥဒါန်းပါဠိတော် | ထိုဗြာဟ္မဏသည် (ဟုတ်မှန်သော) သဘောဖြင့် မြတ်သော စကားကိုလည်း ဆိုရာ၏။ |
1,334,619 | Uncategorized | ဥဒါန်းပါဠိတော် | အကြင်ပုဂ္ဂိုလ်သည် လောကဝယ် တစ်စုံတစ်ရာ အာရုံ၌ တပ်မက်မှု စသည် တိုးပွါးခြင်း မရှိ၊ ထိုပုဂ္ဂိုလ်သည်သာ ဟုတ်မှန်သောသဘောဖြင့် ငါ ဗြာဟ္မဏဟု ပြောဆို ထိုက်၏ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ |
1,334,620 | Uncategorized | ဥဒါန်းပါဠိတော် | -- ၅-ဗြာဟ္မဏသုတ် |
1,334,621 | Uncategorized | ဥဒါန်းပါဠိတော် | ၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ |
1,334,622 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အသျှင်သာရိပုတြာ အသျှင်မဟာမောဂ္ဂလ္လာန် အသျှင်မဟာကဿပ အသျှင်မဟာကစ္စာယန အသျှင်မဟာကောဋ္ဌိကအသျှင်မဟာကပ္ပိန အသျှင်မဟာစုန္ဒ အသျှင်အနုရုဒ္ဓါ အသျှင်ရေဝတနှင့် အသျှင်နန္ဒတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြကုန်၏။ |
1,334,623 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရားသည် ထိုအသျှင်မြတ်တို့ လာကြသည်ကို အဝေးကပင်မြင်၍ ရဟန်းတို့အား “ရဟန်းတို့ ဗြာဟ္မဏဖြစ်သော ထိုသူတို့သည် လာကြကုန်၏။ |
1,334,624 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းတို့ ဗြာဟ္မဏဖြစ်သော ထိုသူတို့သည် လာကြကုန်၏”ဟု မိန့်တော်မူ၏။ |
1,334,625 | Uncategorized | ဥဒါန်းပါဠိတော် | ဤသို့ မိန့်တော်မူသော် ဗြာဟ္မဏဇာတ်ရှိသော ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား “အသျှင်ဘုရား အဘယ်မျှဖြင့် ဗြာဟ္မဏမည်ပါသနည်း¿ ဗြာဟ္မဏအဖြစ်ကို ပြုတတ်သောတရားတို့ကား အဘယ် မျှတို့ပါနည်း”ဟု လျှောက်၏။ |
1,334,626 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ထိုပြဿနာ၏ အနက်အဓိပ္ပါယ်ကို သိတော်မူ၍ ထိုသိသောအချိန်၌- “အကြင်ပုဂ္ဂိုလ်တို့သည် မကောင်းမှုတရားတို့ကို အပပြုပြီးဖြစ်လျက် အခါ ခပ်သိမ်း သတိရှိကုန်သည်ဖြစ်၍ သွားလာနေထိုင်ကုန်၏။ |
1,334,627 | Uncategorized | ဥဒါန်းပါဠိတော် | သံယောဇဉ်ကုန်ခန်းပြီး၍ သစ္စာလေးပါးကို သိပြီးဖြစ်ကုန်သော ထိုပုဂ္ဂိုလ်တို့သာ လောက၌ အမှန်စင်စစ် ဗြာဟ္မဏတို့ မည်ကုန်၏”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ |
1,334,628 | Uncategorized | ဥဒါန်းပါဠိတော် | -- ၆-မဟာကဿပသုတ် |
1,334,629 | Uncategorized | ဥဒါန်းပါဠိတော် | ၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ |
1,334,630 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အသျှင်မဟာကဿပသည် မကျန်းမမာ အနာနှိပ်စက်သည်ဖြစ်၍ ဆင်းရဲခြင်းသို့ ရောက်လျက် ပိပ္ပလိလိုဏ်ဂူ၌ နေတော်မူ၏။ |
1,334,631 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက် အခါတစ်ပါး၌ အသျှင်မဟာကဿပသည် ထိုအနာမှ ထမြောက်၏။ |
1,334,632 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအနာမှ ထမြောက်ပြီးသော အသျှင်မဟာကဿပအား “ငါသည် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်ရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ |
1,334,633 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ နတ်သမီးငါးရာတို့သည် အသျှင်မဟာကဿပ၏ ဆွမ်းရရေးအတွက် (ဆွမ်းလောင်းရန်) ကြောင့်ကြ စိုက်နေကြကုန်၏။ |
1,334,634 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အသျှင်မဟာကဿပသည် ထိုနတ်သမီးငါးရာတို့ကို ပယ်ကာ နံနက်အခါ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ပြီးလျှင် ရာဇဂြိုဟ်ပြည် ဆင်းရဲသားရပ်ကွက် လမ်းခရီး ခိုကိုးရာမဲ့တို့ရပ်ကွက် လမ်းခရီး ရက်ကန်းသည်ရပ်ကွက် လမ်းခရီးသို့ ဆွမ်းခံဝင်တော်မူ၏။ |
1,334,635 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဆင်းရဲသားရပ်ကွက် လမ်းခရီး ခိုကိုးရာမဲ့တို့ရပ်ကွက် လမ်းခရီး ရက်ကန်းသည်ရပ်ကွက် လမ်းခရီးသို့ ဆွမ်းခံလှည့်လည်သော အသျှင်မဟာကဿပကို မြင်တော်မူ၏။ |
1,334,636 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ထိုအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “သူတစ်ပါးတို့ မွေးမြူမှု မခံမူ၍ (လာဘ်ပူဇော်သကာအတွက် မိမိကိုယ်ကို) ထင်ရှားအောင် မပြုသော ဣန္ဒြေတို့ကို ဆုံးမပြီး၍ အရဟတ္တဖိုလ်ဟူသော အနှစ်သာရ၌ တည်သော အာသဝေါကုန်ခန်းပြီး၍ အပြစ်ဒေါသကို ထွေးအန်ပြီးသော ရဟန္တာပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏”ဟု ဤဥဒါန်းကို ကျူ... |
1,334,637 | Uncategorized | ဥဒါန်းပါဠိတော် | -- ၇-အဇကလာပကသုတ် |
1,334,638 | Uncategorized | ဥဒါန်းပါဠိတော် | ၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည်ပါဝါပြည် အဇကလာပကဘီလူးနေရာ အဇကလာပကနတ်ကွန်း၌ သီတင်းသုံးနေတော်မူ၏။ |
1,334,639 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် အလွန်မှောင်မိုက်သော ညဉ့်ဝယ် လွင်တီးခေါင်၌ နေတော်မူ၏။ |
1,334,640 | Uncategorized | ဥဒါန်းပါဠိတော် | မိုးသည်လည်း တစ်ပေါက်တစ်ပေါက် ရွာကျ၏။ |
1,334,641 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အဇကလာပကဘီလူးသည် မြတ်စွာဘုရားအား ကြောက်ခြင်း တုန်လှုပ်ခြင်း ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို သောကြောင့် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရား၏မနီးမဝေးအရပ်၌ “အက္ကုလ ပက္ကုလ”ဟု သုံးကြိမ်တိုင်တိုင် “ရဟန်း ဤသူသည် သင်၏အသားကို စားတတ်သော ဘီလူးတည်း”ဟု အက္ကုလ ပက္ကုလ အသံ (ဘီလူးကြိမ်း ကြိမ်းသံ) ကို ပြု၏။ |
1,334,642 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ထိုဘီလူးသဘောကို သိတော်မူ၍ ထိုသိသောအချိန်၌- “အကြင်အခါ၌ ရဟန္တာပုဂ္ဂိုလ်သည် မိမိ၏ သီလ သမာဓိစသောတရားတို့၌ တစ်ဖက်ကမ်းသို့ ရောက်၏။ |
1,334,643 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ၌ ဤပြအပ်သော ကြောက်မက်ဖွယ် ဘီလူးရုပ်ကိုလည်းကောင်း၊ အက္ကုလ ပက္ကုလ (ကြိမ်းဝါးသံ) ကိုလည်းကောင်း လွန်မြောက်နိုင်၏”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ |
1,334,644 | Uncategorized | ဥဒါန်းပါဠိတော် | -- ၈-သင်္ဂါမဇိသုတ် |
1,334,645 | Uncategorized | ဥဒါန်းပါဠိတော် | ၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ |
1,334,646 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အသျှင်သင်္ဂါမဇိသည်သာဝတ္ထိပြည်သို့ မြတ်စွာဘုရားကို ဖူးမြော်ခြင်းငှါ ရောက်လာ၏။ |
1,334,647 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်သင်္ဂါမဇိ၏ မယားဟောင်းသည် “အသျှင်သင်္ဂါမဇိသည်သာဝတ္ထိပြည်သို့ ရောက်လာသည်”ဟု ကြား၍ သားငယ်များကို ခေါ်ယူလျက် ဇေတဝန်ကျောင်းသို့ သွား၏။ |
1,334,648 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အသျှင်သင်္ဂါမဇိသည် သစ်ပင်တစ်ပင်၏ အရင်း၌ နေ့သန့်စင်ခြင်းဖြင့် ထိုင်နေတော်မူ၏။ |
1,334,649 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အသျှင်သင်္ဂါမဇိ၏ မယားဟောင်းသည် အသျှင်သင်္ဂါမဇိထံသို့ ချဉ်းကပ်၍ အသျှင်သင်္ဂါမဇိအား “ရဟန်း သားငယ်ရှိသော ကျွန်တော်မကို လုပ်ကျွေးပါလော့”ဟု ဤစကားကို လျှောက်၏။ |
1,334,650 | Uncategorized | ဥဒါန်းပါဠိတော် | ဤသို့လျှောက်လေသော် အသျှင်သင်္ဂါမဇိသည် ဆိတ်ဆိတ်နေ၏။ |
1,334,651 | Uncategorized | ဥဒါန်းပါဠိတော် | နှစ်ကြိမ်မြောက်လည်း အသျှင်သင်္ဂါမဇိ၏ မယားဟောင်းသည် အသျှင်သင်္ဂါမဇိအား “ရဟန်း သားငယ်ရှိသော ကျွန်တော်မကို လုပ်ကျွေးပါလော့”ဟု လျှောက်၏။ |
1,334,652 | Uncategorized | ဥဒါန်းပါဠိတော် | နှစ်ကြိမ်မြောက်လည်း အသျှင်သင်္ဂါမဇိသည် ဆိတ်ဆိတ်နေ၏။ |
1,334,653 | Uncategorized | ဥဒါန်းပါဠိတော် | သုံးကြိမ်မြောက်လည်း အသျှင်သင်္ဂါမဇိ၏ မယားဟောင်းသည် အသျှင်သင်္ဂါမဇိအား “ရဟန်း သားငယ်ရှိသော ကျွန်တော်မကို လုပ်ကျွေးပါလော့”ဟု လျှောက်၏။ |
1,334,654 | Uncategorized | ဥဒါန်းပါဠိတော် | သုံးကြိမ်မြောက်လည်း အသျှင်သင်္ဂါမဇိသည် ဆိတ်ဆိတ်နေ၏။ |
1,334,655 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အသျှင်သင်္ဂါမဇိ၏ မယားဟောင်းသည် ထိုကလေးကို အသျှင်သင်္ဂါမဇိ၏ ရှေ့၌ ချထား၍ “ရဟန်း ဤကလေးသည် သင်၏သားတည်း။ |
1,334,656 | Uncategorized | ဥဒါန်းပါဠိတော် | ထိုသားကို လုပ်ကျွေးလော့”ဟု (ဆိုကာ) ဖဲသွားလေ၏။ |
1,334,657 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အသျှင်သင်္ဂါမဇိသည် ထိုကလေးကို ကြည့်လည်းမကြည့်၊ စကားလည်းမပြော၊ ထိုအခါ အသျှင်သင်္ဂါမဇိ၏ မယားဟောင်းသည် မနီးမဝေးအရပ်သို့ ရောက်၍ ပြန်ကြည့်လတ်သော် ထိုကလေးကို ကြည့်လည်းမကြည့်၊ စကားလည်းမပြောသော အသျှင်သင်္ဂါမဇိကို မြင်သောကြောင့် “ဤရဟန်းသည်သားဖြင့်လည်း အလိုမရှိဟု ထိုမယားဟောင်းအား အကြံဖြစ်၏။ |
1,334,658 | Uncategorized | ဥဒါန်းပါဠိတော် | ထို့ကြောင့် ပြန်လှည့်၍ ကလေးကို ခေါ်ယူပြီးလျှင် ဖဲသွားလေ၏။ |
1,334,659 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရားသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ကို လွန်သော နတ်မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်မျက်စိဖြင့် အသျှင်သင်္ဂါမဇိမယားဟောင်း၏ ဤဖောက်ပြန်ပုံသဘောကို မြင်တော်မူ၏။ |
1,334,660 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ဤအနက်သဘောကို သိတော်မူ၍ ထိုသိသောအချိန်၌- “လာသော မယားဟောင်းကို မနှစ်သက်၊ ပြန်သွားသည်ကို မစိုးရိမ်၊ ကပ်ငြိ တွယ်တာခြင်းမှ လွတ်သော သင်္ဂါမဇိရဟန်းကို ဗြာဟ္မဏ (ရဟန္တာ) ဟု ငါဘုရား ဟော၏”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ |
1,334,661 | Uncategorized | ဥဒါန်းပါဠိတော် | -- ၉-ဇဋိလသုတ် |
1,334,662 | Uncategorized | ဥဒါန်းပါဠိတော် | ၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဂယာမြို့ ဂယာသီသတောင်၌ သီတင်းသုံးနေတော်မူ၏။ |
1,334,663 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ များစွာသော ရသေ့တို့သည် ချမ်းအေးကုန်သော ဆောင်းဥတု ညဉ့်အခါတွင် (တပို့တွဲ တပေါင်းလတို့၏) အကြား ရှစ်ညဉ့်တို့ဝယ် ဆီးနှင်းကျရာအခါ၌ “ဤအကျင့်ဖြင့် စင်ကြယ်၏”ဟု ဂယာဆိပ်၌ ငုပ်လည်း ငုပ်ကြကုန်၏။ |
1,334,664 | Uncategorized | ဥဒါန်းပါဠိတော် | ပေါ်လည်း ပေါ်ကြကုန်၏။ |
1,334,665 | Uncategorized | ဥဒါန်းပါဠိတော် | ငုပ်ခြင်း ပေါ်ခြင်းကိုလည်း ပြုကြကုန်၏။ |
1,334,666 | Uncategorized | ဥဒါန်းပါဠိတော် | (ရေဖြင့်) ခပ်၍ (မိမိကိုယ်ကို) လည်း သွန်းလောင်းကြကုန်၏။ |
1,334,667 | Uncategorized | ဥဒါန်းပါဠိတော် | မီးကိုလည်း ပူဇော်ကြကုန်၏။ |
1,334,668 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရားသည် ချမ်းအေးသော ဆောင်းဥတု ညဉ့်အခါတွင် (တပို့တွဲ တပေါင်းလတို့၏) အကြား ရှစ်ညဉ့်တို့ဝယ် ဆီးနှင်းကျရာအခါ၌ “ဤအကျင့်ဖြင့် စင်ကြယ်၏”ဟု ဂယာဆိပ်၌ ငုပ်လည်းငုပ် ပေါ်လည်း ပေါ်ကြကုန်သော ငုပ်ခြင်း ပေါ်ခြင်းကိုလည်း ပြုကြကုန်သော ရေဖြင့်လည်းခပ်၍ (မိမိကိုယ်ကို) လည်း သွန်းလောင်းကြကုန်သော မီးကိုလည်း ပူဇော်ကြကုန်သော ထိုများစွာသ... |
1,334,669 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ဤအနက်သဘောကို သိတော်မူ၍ ထိုသိသောအချိန်၌- “ဤဂယာမြစ်ဆိပ်၌ များစွာသော လူအပေါင်းသည် ရေချိုး၏။ |
1,334,670 | Uncategorized | ဥဒါန်းပါဠိတော် | ရေကြောင့် စင်ကြယ်ခြင်းကား မဖြစ်နိုင်၊ အကြင်ပုဂ္ဂိုလ်၌ သစ္စာသည်လည်းကောင်း မဂ်ဖိုလ်တရားသည်လည်းကောင်း ရှိ၏။ |
1,334,671 | Uncategorized | ဥဒါန်းပါဠိတော် | ထိုပုဂ္ဂိုလ်သည် စင်ကြယ်၏။ |
1,334,672 | Uncategorized | ဥဒါန်းပါဠိတော် | ထိုပုဂ္ဂိုလ်သည်သာ ဗြာဟ္မဏ (ရဟန္တာ) မည်၏”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ |
1,334,673 | Uncategorized | ဥဒါန်းပါဠိတော် | -- ၁၀-ဗာဟိယသုတ် |
1,334,674 | Uncategorized | ဥဒါန်းပါဠိတော် | ၁၀။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ |
1,334,675 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ သစ်သားပျဉ်ချပ် ဝတ်သောကြောင့် ဒါရုစီရိယမည်သော ဗာဟိယသည် ရိုသေခြင်း လေးမြတ်ခြင်း မြတ်နိုးခြင်း ပူဇော်ခြင်း တုပ်ဝပ်ခြင်းကို ခံယူလျက် သင်္ကန်း ဆွမ်း ကျောင်း သူနာတို့၏ အထောက်အပံ့ ဆေးအသုံးအဆောင်ကို ရသည်ဖြစ်၍ သမုဒ္ဒရာကမ်းခြေ သုပ္ပါရကဆိပ်၌ နေ၏။ |
1,334,676 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ ဒါရုစီရိယမည်သော ဗာဟိယအား ဆိတ်ငြိမ်ရာသို့ ကပ်၍ တစ်ယောက်တည်း ကိန်းအောင်းရာ၌ “လောက၌ ရဟန္တာတို့သည်လည်းကောင်း၊ အရဟတ္တမဂ်သို့ ရောက်ကြသောသူတို့သည်လည်းကောင်း ရှိကုန်၏။ |
1,334,677 | Uncategorized | ဥဒါန်းပါဠိတော် | ငါသည် ထိုသူတို့တွင် တစ်ယောက် အပါအဝင်တည်း”ဟု ဤသို့ စိတ်အကြံသည် ဖြစ်၏။ |
1,334,678 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ ဗာဟိယ၏ ရှေးဘဝက ဆွေမျိုးတော်ဖူးသော နတ်သားသည် စောင့်ရှောက်လိုသည် အစီးအပွါးကို အလိုရှိသည်ဖြစ်၍ သစ်သား အဝတ်ဝတ်သော ဗာဟိယ၏ စိတ်အကြံကို မိမိစိတ်ဖြင့်သိသောကြောင့် သစ်သား အဝတ်ဝတ်သော ဗာဟိယရှိရာသို့ ချဉ်းကပ်၍ သစ်သား အဝတ်ဝတ်သော ဗာဟိယကို “ဗာဟိယ သင်သည် ရဟန္တာလည်း မဟုတ်၊ အရဟတ္တမဂ်သို့ ရောက်သူလည်း မဟုတ်၊ အကြင်အကျင့်ဖြင့် သင်သည်... |
1,334,679 | Uncategorized | ဥဒါန်းပါဠိတော် | အရဟတ္တမဂ်သို့လည်း ရောက်ရာ၏။ |
1,334,680 | Uncategorized | ဥဒါန်းပါဠိတော် | သင့်အား ထိုအကျင့်မျှသော်လည်း မရှိ”ဟု ဤစကားကို ပြောဆို၏။ |
1,334,681 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ ဗာဟိယသည် နတ်သားအား နတ်နှင့်တကွသော လောက၌ ရဟန္တာသည် လည်းကောင်း၊ အရဟတ္တမဂ်သို့ ရောက်သောသူတို့သည်လည်းကောင်း အဘယ်အရပ်၌ နေကြကုန်သနည်းဟု (မေးလေ၏)။ |
1,334,682 | Uncategorized | ဥဒါန်းပါဠိတော် | ဗာဟိယ ဥတ္တရတိုင်း ဇနပုဒ်တို့၌ သာဝတ္ထိမည်သော မြို့သည် ရှိ၏။ |
1,334,683 | Uncategorized | ဥဒါန်းပါဠိတော် | ထိုသာဝတ္ထိမြို့၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ယခုအခါ၌ နေတော်မူ၏။ |
1,334,684 | Uncategorized | ဥဒါန်းပါဠိတော် | ဗာဟိယ ထိုမြတ်စွာဘုရားသည် ရဟန္တာလည်းဟုတ်၏။ |
1,334,685 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန္တာဖြစ်ခြင်းငှါ တရားကိုလည်း ဟော၏ဟု (ပြောလေ၏)။ |
1,334,686 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ သစ်သားပျဉ်ချပ်ဝတ်သော ဗာဟိယသည် ထိုနတ်သား၏ ထိတ်လန့်စေမှုကြောင့် ထိုခဏ၌ပင် သုပ္ပါရက ဆိပ်ကမ်းမှ ဖဲသွားလေ၏။ |
1,334,687 | Uncategorized | ဥဒါန်းပါဠိတော် | ခရီးအားလုံးတို့၌ တစ်ညဉ့်အိပ်နေခြင်းဖြင့် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းသို့ ရောက်၏။ |
1,334,688 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ၌ များစွာသော ရဟန်းတို့သည် လွင်တီးခေါင်၌ စင်္ကြံသွားကုန်၏။ |
1,334,689 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ သစ်သားပျဉ်ချပ် ဝတ်သော ဗာဟိယသည် ထိုရဟန်းတို့ရှိရာသို့ ချဉ်းကပ်၍ ထိုရဟန်းတို့ကို “အသျှင်ဘုရားတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ယခုအခါ အဘယ်မှာ နေပါသနည်း¿ အလုံးစုံသောတရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စ... |
1,334,690 | Uncategorized | ဥဒါန်းပါဠိတော် | ဗာဟိယမြတ်စွာဘုရားသည် ဆွမ်းအလို့ငှါ ရွာတွင်းသို့ ဝင်တော်မူ၏ဟု (ပြောဆိုကုန်၏)။ |
1,334,691 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ သစ်သားပျဉ်ချပ်ဝတ်သော ဗာဟိယသည် လျင်မြန်သော သဘောရှိကာ ဇေတဝန်ကျောင်းတော်မှထွက်၍ သာဝတ္ထိမြို့သို့ ဝင်လတ်သော် ကြည်ညိုဖွယ်ရှိသော ကြည်ညိုဖွယ်ကို ဆောင်သော ငြိမ်သက်သော ဣန္ဒြေရှိသော ငြိမ်းအေးသော စိတ်ရှိသော မြတ်သော ဒမထ, သမထသို့ ရောက်သော ယဉ်ကျေးသော လုံခြုံသော ရဟန်းဣန္ဒြေရှိသော ရဟန္တာဖြစ်သော မြတ်စွာဘုရားကို သာဝတ္ထိမြို့၌ ဆွမ... |
1,334,692 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရား မြတ်စွာဘုရားသည် တပည့်တော်အား ထိုတရားကို ဟောတော်မူပါလော့၊ ကောင်းသောစကားကို ဆိုတော်မူ တတ်သော မြတ်စွာဘုရား ထိုတရားကို တပည့်တော်အား ဟောတော်မူပါလော့”ဟု ဤစကားကို လျှောက်ထား၏။ |
1,334,693 | Uncategorized | ဥဒါန်းပါဠိတော် | ဤသို့ လျှောက်ထားလတ်သော် မြတ်စွာဘုရားသည် သစ်သားပျဉ်ချပ်ဝတ်သော ဗာဟိယကို “ဗာဟိယ အခါ မဟုတ်သေး၊ ဆွမ်းအလို့ငှါ ရွာတွင်းသို့ ဝင်နေ၏”ဟု ဤစကားကို မိန့်တော်မူ၏။ |
1,334,694 | Uncategorized | ဥဒါန်းပါဠိတော် | -- နှစ်ကြိမ်မြောက်လည်း သစ်သားပျဉ်ချပ်ဝတ်သော ဗာဟိယသည် မြတ်စွာဘုရားအား “အသျှင်ဘုရား မြတ်စွာဘုရား၏ အသက်အန္တရာယ်တို့ကိုလည်းကောင်း၊ တပည့်တော်၏ အသက်အန္တရာယ်တို့ကိုလည်းကောင်း သိနိုင်ခဲပါ၏။ |
1,334,695 | Uncategorized | ဥဒါန်းပါဠိတော် | အကြင်တရားတော်သည် တပည့်တော်၏ ရှည်ကြာစွာသော နေ့ညဉ့်ပတ်လုံး အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်၏။ |
1,334,696 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရား မြတ်စွာဘုရားသည် တပည့်တော်အား ထိုတရားကို ဟောတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ထိုတရားကို တပည့်တော်အား ဟောတော်မူပါလော့”ဟု ဤစကားကို လျှောက်ထား၏။ |
1,334,697 | Uncategorized | ဥဒါန်းပါဠိတော် | နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည် သစ်သားပျဉ်ချပ်ဝတ်သော ဗာဟိယကို “ဗာဟိယ အခါ မဟုတ်သေး၊ ရွာတွင်းသို့ ဆွမ်းအလို့ငှါ ဝင်နေ၏”ဟု ဤစကားကို မိန့်တော်မူ၏။ |
1,334,698 | Uncategorized | ဥဒါန်းပါဠိတော် | သုံးကြိမ်မြောက်လည်း သစ်သားပျဉ်ချပ်ဝတ်သော ဗာဟိယသည် မြတ်စွာဘုရားအား “အသျှင်ဘုရား မြတ်စွာဘုရား၏ အသက်အန္တရာယ်တို့ကိုလည်းကောင်း တပည့်တော်၏ အသက်အန္တရာယ်တို့ကိုလည်းကောင်း သိနိုင်ခဲပါ၏။ |
1,334,699 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရား မြတ်စွာဘုရားသည် တပည့်တော်အား တရားကို ဟောတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား တရားကို တပည့်တော်အား ဟောတော်မူပါလော့”ဟု ဤစကားကို လျှောက်ထား၏။ |
1,334,700 | Uncategorized | ဥဒါန်းပါဠိတော် | ထိုသို့ ဖြစ်လျှင် ဗာဟိယ သင်သည် ဤသို့ ကျင့်အပ်၏ “မြင်ရာ၌ မြင်ကာမျှ ဖြစ်လတ္တံ့။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.