id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,335,501 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက် အသျှင်မဟာမောဂ္ဂလ္လာန်သည်အလုံးစုံပါဝင်သော ရဟန်းအပေါင်း၏ စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍ နှလုံးသွင်းတော်မူ၏။ |
1,335,502 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်မဟာမောဂ္ဂလ္လာန်သည် ယုတ်ညံ့သောအကျင့်ရှိသော မစင်ကြယ်သည်ဖြစ်၍ ယုံမှားတွေးတောဖွယ်အကျင့်ရှိသော အမှုကို ဖုံးကွယ်သော ရဟန်းမဟုတ်ဘဲ ရဟန်းဟု ဝန်ခံသော မြတ်သောအကျင့်ကို မကျင့်ဘဲ မြတ်သောအကျင့်ကို ကျင့်၏ဟု ဝန်ခံသော အတွင်းပုပ်သော ကိလေသာမိုးစွတ်သော အမှိုက်သဖွယ်ဖြစ်သော ရဟန်းသံဃာအလယ်၌ ထိုင်နေသော ထိုဒုဿီလပုဂ္ဂိုလ်ကို မြင်၍ နေရာမှထပ... |
1,335,503 | Uncategorized | ဥဒါန်းပါဠိတော် | သင့်အား ရဟန်းတို့နှင့် အတူတကွ ပေါင်းသင်းမှု မရှိ”ဟု ဆိုသော်လည်း ထိုပုဂ္ဂိုလ်သည် ဆိတ်ဆိတ်နေ၏။ |
1,335,504 | Uncategorized | ဥဒါန်းပါဠိတော် | နှစ်ကြိမ်မြောက်လည်း အသျှင်မဟာမောဂ္ဂလ္လာန်သည် ထိုပုဂ္ဂိုလ်ကို “ငါ့သျှင်ထလော့၊ မြတ်စွာဘုရားသည် သင့်ကို မြင်တော်မူ၏။ |
1,335,505 | Uncategorized | ဥဒါန်းပါဠိတော် | သင့်အား ရဟန်းတို့နှင့် အတူတကွ ပေါင်းသင်းမှုမရှိ”ဟု ဆိုသော်လည်း နှစ်ကြိမ်မြောက်လည်း။ |
1,335,506 | Uncategorized | ဥဒါန်းပါဠိတော် | ပ။ သုံးကြိမ်မြောက်လည်း ထိုပုဂ္ဂိုလ်သည် ဆိတ်ဆိတ်နေ၏။ |
1,335,507 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အသျှင်မဟာမောဂ္ဂလ္လာန်သည် ထိုပုဂ္ဂိုလ်ကို လက်မောင်း၌ ကိုင်လျက် တံခါးမုခ်ပြင်ဘက်သို့ ဆွဲထုတ်ပြီးလျှင် တံခါးပိတ်ကာ မင်းတုတ်လျှို၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်မြတ်စွာဘုရားကို “အသျှင်ဘုရား တပည့်တော်သည် ထိုရဟန်းကို ထွက်သွားစေပါပြီ။ |
1,335,508 | Uncategorized | ဥဒါန်းပါဠိတော် | ပရိသတ်စင်ကြယ်ပါပြီ။ |
1,335,509 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းတို့အားပါတိမောက်ကို ပြတော်မူပါ”ဟု လျှောက်ထား၏။ |
1,335,510 | Uncategorized | ဥဒါန်းပါဠိတော် | မောဂ္ဂလ္လာန်အံ့ဩဖွယ်ရှိပေစွ၊ မောဂ္ဂလ္လာန် မဖြစ်ဖူးမြဲဖြစ်ပေစွ၊ ထို (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားသည် လက်မောင်းကို ကိုင်ထုတ်ရသည့်တိုင်အောင်ဆိုင်းငံ့နေဘိသေး၏ဟု (မိန့်တော်မူ၏)။ |
1,335,511 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက်မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏- ရဟန်းတို့ ငါဘုရားသည် ယခုအခါ သင်တို့သာ ဥပုသ်ပြုကြကုန်လော့၊ပါတိမောက်ပြကြကုန်လော့၊ ရဟန်းတို့ ယနေ့မှ အစပြု၍ ငါဘုရားသည် ဥပုသ်မပြုတော့အံ့၊ပါတိမောက်မပြတော့အံ့၊ ရဟန်းတို့ မစင်ကြယ်သော ပရိသတ်၌ မြတ်စွာဘုရား ဥပုသ်ပြုခြင်းပါတိမောက်ပြခြင်းသည် အကြောင်းမဟုတ်၊ အခွင့်မဟုတ်။ |
1,335,512 | Uncategorized | ဥဒါန်းပါဠိတော် | သမုဒ္ဒရာ၏အံ့ဖွယ်ရှစ်ပါး |
1,335,513 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းတို့ မဟာသမုဒ္ဒရာ၌အံ့ဩဖွယ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတို့သည် ဤရှစ်ပါးတို့တည်း။ |
1,335,514 | Uncategorized | ဥဒါန်းပါဠိတော် | ယင်းအံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော သဘောတို့ကို မြင်ကုန်မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကုန်၏။ |
1,335,515 | Uncategorized | ဥဒါန်းပါဠိတော် | အဘယ်ရှစ်ပါးတို့နည်းဟူမူ- |
1,335,516 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းတို့ မဟာသမုဒ္ဒရာသည် အစ၌ ကမ်းပါးစောက်မရှိမူ၍ အစဉ်အတိုင်း နိမ့်၏။ |
1,335,517 | Uncategorized | ဥဒါန်းပါဠိတော် | အစဉ်အတိုင်းကိုင်း၏။ |
1,335,518 | Uncategorized | ဥဒါန်းပါဠိတော် | အစဉ်အတိုင်း ရှိုင်း၏။ |
1,335,519 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းတို့ ယင်းသို့ မဟာသမုဒ္ဒရာ၏ အစ၌ ကမ်းပါးစောက်မရှိမူ၍အစဉ်အတိုင်း နိမ့်ခြင်း အစဉ်အတိုင်းကိုင်းခြင်း အစဉ်အတိုင်း ရှိုင်းခြင်းသည် မဟာသမုဒ္ဒရာ၌ ပဌမဖြစ်သောအံ့ဩဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတည်း။ |
1,335,520 | Uncategorized | ဥဒါန်းပါဠိတော် | ယင်းသဘောကို မြင်ကုန်မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကုန်၏။ |
1,335,521 | Uncategorized | ဥဒါန်းပါဠိတော် | ၂။ ရဟန်းတို့ နောက်တစ်မျိုးကား မဟာသမုဒ္ဒရာသည် တည်တံ့သော သဘောရှိ၏။ |
1,335,522 | Uncategorized | ဥဒါန်းပါဠိတော် | ကမ်းကို မလွန်။ |
1,335,523 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းတို့ ယင်းသို့ မဟာသမုဒ္ဒရာ၏ တည်တံ့သော သဘောရှိခြင်း ကမ်းကို မလွန်ခြင်းသည်လည်းမဟာသမုဒ္ဒရာ၌ ဒုတိယအံ့ဩဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတည်း။ |
1,335,524 | Uncategorized | ဥဒါန်းပါဠိတော် | ၃။ ရဟန်းတို့ နောက်တစ်မျိုးကား မဟာသမုဒ္ဒရာသည် အသေကောင်ပုပ်နှင့် မဆက်ဆံ၊ မဟာသမုဒ္ဒရာ၌ အသေကောင်ပုပ်ရှိခဲ့မူ ထိုအသေကောင်ပုပ်ကို ကမ်းသို့ လျင်စွာ ပို့ဆောင်၏။ |
1,335,525 | Uncategorized | ဥဒါန်းပါဠိတော် | ကုန်း၌ တင်စေ၏၊ ရဟန်းတို့ ယင်းသို့ မဟာသမုဒ္ဒရာ၏ အသေကောင်ပုပ်နှင့် မဆက်ဆံခြင်း မဟာသမုဒ္ဒရာ၌ အသေ ကောင်ပုပ်သည် ရှိခဲ့မူ ထိုအသေကောင်ပုပ်ကို ကမ်းသို့ လျင်စွာ ပို့ဆောင်ခြင်းကုန်း၌ တင်စေခြင်းသည်လည်း မဟာသမုဒ္ဒရာ၌ တတိယအံ့ဩဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတည်း။ |
1,335,526 | Uncategorized | ဥဒါန်းပါဠိတော် | ၄။ ရဟန်းတို့ နောက်တစ်မျိုးကား ဂင်္ဂါမြစ် ယမုနာမြစ် အစီရဝတီမြစ် သရဘူမြစ် မဟီမြစ်ဟူသော မြစ်ကြီးအားလုံးတို့သည် မဟာသမုဒ္ဒရာသို့ ရောက်ခဲ့သော် ရှေးအမည်အနွယ်တို့ကို စွန့်ကုန်၍"မဟာသမုဒ္ဒရာ”ဟူ၍သာ ခေါ်ဝေါ်ခြင်းသို့ ရောက်ကုန်၏။ |
1,335,527 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းတို့ ယင်းသို့ ဂင်္ဂါမြစ် ယမုနာမြစ်အစီရဝတီမြစ် သရဘူမြစ် မဟီမြစ်ဟူသော မြစ်ကြီးအားလုံးတို့သည် မဟာသမုဒ္ဒရာသို့ ရောက်ခဲ့သော်ရှေးအမည်အနွယ်တို့ကို စွန့်၍ “မဟာသမုဒ္ဒရာ”ဟူ၍သာ ခေါ်ဝေါ်ခြင်းသို့ ရောက်ရခြင်းသည် မဟာသမုဒ္ဒရာ၌ စတုတ္ထအံ့ဩဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတည်း။ |
1,335,528 | Uncategorized | ဥဒါန်းပါဠိတော် | ၅။ ရဟန်းတို့ နောက်တစ်မျိုးကား လောက၌ မဟာသမုဒ္ဒရာသို့ မြစ်ရေအလျဉ်၏ စီးဝင်ခြင်းကောင်းကင်မှ မိုးရေအလျဉ်ရွာချခြင်းဟူသော အကြောင်းကြောင့် မဟာသမုဒ္ဒရာ၌ ယုတ်လျော့မှုပြည့်လျှံမှု မထင်ရှား၊ ရဟန်းတို့ ယင်းသို့လောက၌ မဟာသမုဒ္ဒရာသို့ မြစ်ရေအလျဉ်၏ စီးဝင်ခြင်းကောင်းကင်မှ မိုးရေအလျဉ်ရွာချခြင်းဟူသော အကြောင်းကြောင့် မဟာသမုဒ္ဒရာ၌ ယုတ်လျော့... |
1,335,529 | Uncategorized | ဥဒါန်းပါဠိတော် | ၆။ ရဟန်းတို့ နောက်တစ်မျိုးကား မဟာသမုဒ္ဒရာသည်ငန်သော အရသာ တစ်မျိုးတည်းသာ ရှိ၏။ |
1,335,530 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းတို့ ယင်းသို့ ငန်သော အရသာ တစ်မျိုးတည်းသာ ရှိခြင်းသည်လည်း မဟာသမုဒ္ဒရာ၌ ဆဋ္ဌအံ့ဩဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော သဘောတည်း။ |
1,335,531 | Uncategorized | ဥဒါန်းပါဠိတော် | ၇။ ရဟန်းတို့ နောက်တစ်မျိုးကား မဟာသမုဒ္ဒရာ၌ ပုလဲ မြ ကြောင်မျက်ရွဲ ခရုသင်း ကျောက်သလင်းသန္တာ ရွှေ ငွေ ပတ္တမြားနီ ပတ္တမြားပြောက်ဟူသောတစ်ပါးမကများသော ရတနာရှိ၏။ |
1,335,532 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းတို့ယင်းသို့ မဟာသမုဒ္ဒရာ၌ ပုလဲ မြ ကြောင်မျက်ရွဲ ခရုသင်း ကျောက်သလင်း သန္တာ ရွှေ ငွေ ပတ္တမြားနီပတ္တမြားပြောက်ဟူသောတစ်ပါးမက, များသော ရတနာရှိခြင်းသည်လည်း မဟာသမုဒ္ဒရာ၌ သတ္တမအံ့ဩဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော သဘောတည်း။ |
1,335,533 | Uncategorized | ဥဒါန်းပါဠိတော် | ယင်းသဘောကို မြင်ကုန်မြင်ကုန်၍အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကုန်၏။ |
1,335,534 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းတို့ နောက်တစ်မျိုးကား မဟာသမုဒ္ဒရာသည် တိမိမည်သော ငါး တိမိင်္ဂလမည်သော ငါး တိမိတိမိင်္ဂလမည်သော ငါး အသုရာနဂါး ဂန္ဓဗ္ဗနတ်ဟူကုန်သော သတ္တဝါကြီးတို့၏ နေရာဖြစ်၏။ |
1,335,535 | Uncategorized | ဥဒါန်းပါဠိတော် | မဟာသမုဒ္ဒရာ၌ ယူဇနာတစ်ရာ ယူဇနာနှစ်ရာ ယူဇနာသုံးရာ ယူဇနာလေးရာ ယူဇနာငါးရာခန္ဓာကိုယ်အတ္တ့ဘောရှိသော သတ္တဝါတို့သည် ရှိနေကုန်၏။ |
1,335,536 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းတို့ ယင်းသို့ မဟာသမုဒ္ဒရာ၏ တိမိမည်သော ငါးတိမိင်္ဂလမည်သော ငါး တိမိတိမိင်္ဂလမည်သော ငါး အသုရာ နဂါး ဂန္ဓဗ္ဗနတ်ဟူကုန်သော သတ္တဝါကြီးတို့၏နေရာဖြစ်ခြင်း ယူဇနာတစ်ရာ နှစ်ရာ သုံးရာ လေးရာ ငါးရာ အတ္တဘောရှိသော သတ္တဝါတို့ရှိနေခြင်းသည်လည်း မဟာသမုဒ္ဒရာ၌ အဋ္ဌမအံ့ဩဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတည်း။ |
1,335,537 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းတို့ ဤအတူသာလျှင် ဤဓမ္မဝိနယ ‘သာသနာတော်’၌အံ့ဩဖွယ်သော မဖြစ်ဖူးမြဲ ဖြစ်သော သဘောတို့သည် ဤရှစ်ပါးတို့တည်း။ |
1,335,538 | Uncategorized | ဥဒါန်းပါဠိတော် | ယင်းသဘောရှစ်မျိုးတို့ကို မြင်ကုန်မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ ‘သာသနာတော်’၌ အလွန်မွေ့လျော်ကုန်၏။ |
1,335,539 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းတို့ မဟာသမုဒ္ဒရာသည် အစ၌ ကမ်းပါးစောက်မရှိမူ၍ အစဉ်အတိုင်း နိမ့်သကဲ့သို့ အစဉ် အတိုင်းကိုင်းသကဲ့သို့ အစဉ်အတိုင်း ရှိုင်းသကဲ့သို့ ဤအတူသာလျှင် အစ၌ အရဟတ္တဖိုလ်ကို ထိုးထွင်း မသိမူ၍ဤဓမ္မဝိနယ ‘သာသနာတော်’၌ သိက္ခာစဉ်ရှိ၏။ |
1,335,540 | Uncategorized | ဥဒါန်းပါဠိတော် | လုပ်ငန်းစဉ်ရှိ၏။ |
1,335,541 | Uncategorized | ဥဒါန်းပါဠိတော် | ကျင့်စဉ်ရှိ၏။ |
1,335,542 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းတို့ အစ၌ အရဟတ္တဖိုလ်ကို ထိုးထွင်းမသိမူ၍ ဤဓမ္မဝိနယ ‘သာသနာတော်’၌ သိက္ခာစဉ်ရှိခြင်း လုပ်ငန်းစဉ်ရှိခြင်းကျင့်စဉ်ရှိခြင်းသည် ဤဓမ္မဝိနယ ‘သာသနာတော်’၌ ပဌမအံ့ဩဖွယ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတည်း။ |
1,335,543 | Uncategorized | ဥဒါန်းပါဠိတော် | ယင်းသဘောကို မြင်ကုန်မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ ‘သာသနာတော်’၌ အလွန်မွေ့လျော်ကုန်၏။ |
1,335,544 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းတို့ မဟာသမုဒ္ဒရာသည် တည်တံ့သော သဘော ကမ်းကို မလွန်သော သဘော ရှိသကဲ့သို့ ဤအတူသာလျှင် ငါဘုရားသည် တပည့်တို့အတွက်ပညတ်ထားသော သိက္ခာပုဒ်ကို ငါ၏ တပည့်တို့သည် အသက်ဟူသော အကြောင်းကြောင့် မျှလည်း မကျူးကျော်ကုန်။ |
1,335,545 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းတို့ ငါဘုရားသည် တပည့်တို့အတွက်ပညတ်ထားသော သိက္ခာပုဒ်ကို ငါ၏တပည့်တို့သည် အသက်ဟူသော အကြောင်းကြောင့် မျှလည်းမကျူးကျော်ခြင်းသည်လည်း ဤဓမ္မဝိနယ ‘သာသနာတော်’၌ ဒုတိယအံ့ဩဖွယ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတည်း။ |
1,335,546 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းတို့ မဟာသမုဒ္ဒရာသည် အသေကောင်ပုပ်နှင့် မဆက်ဆံ၊ မဟာသမုဒ္ဒရာ၌ အသေကောင်ပုပ် ရှိခဲ့မူထိုအသေကောင်ပုပ်ကို ကမ်းသို့ လျင်စွာ ပို့ဆောင်၍ကုန်း၌ တင်စေသကဲ့သို့ ဤအတူသာလျှင် သီလမရှိသော ယုတ်ညံ့သော သဘောရှိသော မစင်ကြယ်သော တွေးတောဖွယ်အကျင့်ရှိသော အမှုကို ဖုံးကွယ်သော ရဟန်းမဟုတ်ဘဲ ရဟန်းဟု ဝန်ခံသော မြတ်သောအကျင့်ကို မကျင့်ဘဲ မြတ်သောအကျင... |
1,335,547 | Uncategorized | ဥဒါန်းပါဠိတော် | ထိုပုဂ္ဂိုလ်သည် ရဟန်းသံဃာအလယ်၌ ထိုင်နေစေကာမူ သံဃာမှ ဝေးသည်သာတည်း။ |
1,335,548 | Uncategorized | ဥဒါန်းပါဠိတော် | သံဃာသည်လည်း ထိုပုဂ္ဂိုလ်မှဝေးသည်သာတည်း။ |
1,335,549 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းတို့ သီလမရှိသော ယုတ်ညံ့သော သဘောရှိသော မစင်ကြယ်သော တွေးတောဖွယ်အကျင့် ရှိသော အမှုကို ဖုံးကွယ်သော ရဟန်းမဟုတ်ဘဲ ရဟန်းဟု ဝန်ခံသော မြတ်သောအကျင့်ကို မကျင့်ဘဲ မြတ်သောအကျင့်ကို ကျင့်၏ဟု ဝန်ခံသော အတွင်းပုပ်သော ကိလေသာမိုးစွတ်သော အမှိုက်သဖွယ် ဖြစ်သော ဒုဿီလနှင့် သံဃာသည်မဆက်ဆံ၊ စင်စစ်မူကား စည်းဝေး၍ ထိုပုဂ္ဂိုလ်ကို လျင်စွာ နှင်ထ... |
1,335,550 | Uncategorized | ဥဒါန်းပါဠိတော် | -- ရဟန်းတို့ ဂင်္ဂါမြစ် ယမုနာမြစ် အစီရဝတီမြစ် သရဘူမြစ် မဟီမြစ်ဟူသော မြစ်ကြီးအားလုံးတို့သည် မဟာသမုဒ္ဒရာသို့ ရောက်ခဲ့သော် ရှေးအမည်အနွယ်တို့ကို စွန့်ကုန်၍ “မဟာသမုဒ္ဒရာ”ဟူ၍သာ ခေါ်ဝေါ်ခြင်းသို့ ရောက်ကုန်သကဲ့သို့ ဤအတူသာလျှင် ရဟန်းတို့ မင်းမျိုး ပုဏ္ဏားမျိုးကုန်သည်မျိုး သူဆင်းရဲမျိုးဟူသော အမျိုးလေးပါးတို့သည် လူ့ဘောင်မှ ခွါ၍ မ... |
1,335,551 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းတို့ မင်းမျိုး ပုဏ္ဏားမျိုးကုန်သည်မျိုး သူဆင်းရဲမျိုးဟူသော အမျိုးလေးပါးတို့သည် လူ့ဘောင်မှ ခွါ၍ မြတ်စွာဘုရား ဟောကြားအပ်သော ဤဓမ္မဝိနယ ‘သာသနာတော်’၌ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့သော် ရှေးဖြစ်သော အမည်အနွယ်တို့ကို စွန့်ကုန်၍ “သာကီဝင်မင်းသား ရဟန်းတို့”ဟူ၍ ခေါ်ဝေါ်ခြင်းသို့ ရောက်ခြင်းသည်လည်း ဤဓမ္မဝိနယ'သာသနာတော်’၌ စတုတ္ထအံ့ဩဖ... |
1,335,552 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းတို့ လောက၌ မဟာသမုဒ္ဒရာသို့ မြစ်ရေအလျဉ်၏ စီးဝင်ခြင်း ကောင်းကင်မှ မိုးရေအလျဉ်ရွာချခြင်းဟူသော အကြောင်းကြောင့် မဟာသမုဒ္ဒရာ၏ ယုတ်လျော့မှု ပြည့်လျှံမှု မထင်ရှားသကဲ့သို့ ဤအတူသာလျှင် များစွာသော ရဟန်းတို့သည် ခန္ဓာမကြွင်းကျန်သော နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုကုန်၏။ |
1,335,553 | Uncategorized | ဥဒါန်းပါဠိတော် | ယင်းပရိနိဗ္ဗာန်ပြုခြင်းကြောင့် နိဗ္ဗာန်၌ ယုတ်လျော့မှု ပြည့်လျှံမှု မထင်ရှား၊ ရဟန်းတို့ များစွာသော ရဟန်းတို့သည် ခန္ဓာမကြွင်းကျန်သော နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုခြင်းကြောင့် နိဗ္ဗာန်၌ ယုတ်လျော့မှုပြည့်လျှံမှု မထင်ရှားခြင်းသည်လည်း ဤဓမ္မဝိနယ ‘သာသနာတော်’၌ ပဉ္စမအံ့ဩဖွယ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတည်း။ |
1,335,554 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းတို့ မဟာသမုဒ္ဒရာသည် ငန်သော အရသာ တစ်မျိုးတည်းသာ ရှိသကဲ့သို့ ဤအတူ ဤဓမ္မဝိနယ'သာသနာတော်’၌ ကိလေသာမှ လွတ်မြောက်မှု အရသာတစ်မျိုးတည်းသာ ရှိ၏။ |
1,335,555 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းတို့ ယင်းသို့ ဤဓမ္မဝိနယ ‘သာသနာတော်’၌ ကိလေသာမှ လွတ်မြောက်မှု အရသာတစ်မျိုးတည်းသာ ရှိခြင်းသည်လည်းဤဓမ္မဝိနယ'သာသနာတော်’၌ ဆဋ္ဌအံ့ဩဖွယ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတည်း။ |
1,335,556 | Uncategorized | ဥဒါန်းပါဠိတော် | ယင်းသဘောကို မြင်ကုန်မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ'သာသနာတော်’၌ အလွန်မွေ့လျော်ကုန်၏။ |
1,335,557 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းတို့ မဟာသမုဒ္ဒရာ၌ ပုလဲ မြ ကြောင်မျက်ရွဲ ခရုသင်း ကျောက်သလင်း သန္တာ ရွှေ ငွေပတ္တမြားနီ ပတ္တမြားပြောက်ဟူသောတစ်ပါးမကများသော ရတနာရှိသကဲ့သို့ ဤအတူ ဤဓမ္မဝိနယ'သာသနာတော်’၌ သတိပဋ္ဌာန်လေးပါး သမ္မပ္ပဓာန်လေးပါး ဣဒ္ဓိပါဒ်လေးပါး ဣန္ဒြေငါးပါး ဗိုလ်ငါးပါးဗောဇ္ဈင်ခုနစ်ပါး အရိယမဂ္ဂင်ရှစ်ပါးဟူသောတစ်ပါးမကများသော ရတနာရှိ၏။ |
1,335,558 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းတို့ ယင်းသို့ ဤဓမ္မဝိနယ ‘သာသနာတော်’၌ သတိပဋ္ဌာန်လေးပါး သမ္မပ္ပဓာန်လေးပါး ဣဒ္ဓိပါဒ်လေးပါး ဣန္ဒြေငါးပါးဗိုလ်ငါးပါး ဗောဇ္ဈင်ခုနစ်ပါး အရိယမဂ္ဂင်ရှစ်ပါးဟူသောတစ်ပါးမက များသော ရတနာရှိခြင်းသည်လည်းဤဓမ္မဝိနယ ‘သာသနာတော်’၌ သတ္တမအံ့ဩဖွယ်သော မဖြစ်ဖူးမြဲ ဖြစ်သော သဘောတည်း။ |
1,335,559 | Uncategorized | ဥဒါန်းပါဠိတော် | -- ရဟန်းတို့ မဟာသမုဒ္ဒရာသည် တိမိငါး တိမိင်္ဂလငါး တိမိတိမိင်္ဂလငါး အသုရာ နတ်နဂါးဂန္ဓဗ္ဗနတ်ဟူသော သတ္တဝါကြီးတို့၏ နေရာဖြစ်၍ ယူဇနာတစ်ရာ နှစ်ရာ သုံးရာ လေးရာ ငါးရာအတ္တဘောရှိသော သတ္တဝါတို့ ရှိကုန်သကဲ့သို့ ဤအတူသာလျှင် ဤဓမ္မဝိနယ ‘သာသနာတော်'သည်သောတာပန်ပုဂ္ဂိုလ်၊ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန်ကျင့်သော ပုဂ္ဂိုလ်၊ သကဒါဂါမ်ပုဂ္... |
1,335,560 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းတို့ ယင်းသို့ ဤဓမ္မဝိနယ ‘သာသနာတော်'သည်သောတာပန်ပုဂ္ဂိုလ်၊ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သော ပုဂ္ဂိုလ်၊ သကဒါဂါမ်ပုဂ္ဂိုလ်၊ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သော ပုဂ္ဂိုလ်၊ အနာဂါမ်ပုဂ္ဂိုလ်၊ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန်ကျင့်သော ပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်၊ အရဟတ္တဖိုလ်၊ အကျိုးငှါ ကျင့်သော ပုဂ္ဂိုလ်တ... |
1,335,561 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းတို့ဤဓမ္မဝိနယ ‘သာသနာတော်’၌အံ့ဩဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော ဤရှစ်ပါးသော သဘောတို့ကို မြင်ကုန်မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ ‘သာသနာတော်’၌ အလွန်မွေ့လျော်ကုန်၏ဟု (မိန့်တော်မူ၏)။ |
1,335,562 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “အာပတ်ကို ဖုံးလွှမ်းသူကို ကိလေသာမိုး စွတ်၏။ |
1,335,563 | Uncategorized | ဥဒါန်းပါဠိတော် | အာပတ်ကို ဖွင့်လှစ်ဖော်ပြ သူကို ကိလေသာမိုးမစွတ်၊ ထို့ကြောင့် ဖုံးလွှမ်းမှုကို ဖွင့်လှစ်ဖော်ပြကုန်လော့၊ ဤသို့ ဖွင့်လှစ်ဖော်ပြသည်ရှိသော် ထိုသူကို ကိလေသာမိုး မစွတ်နိုင်ပေ”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ |
1,335,564 | Uncategorized | ဥဒါန်းပါဠိတော် | ၆-သောဏသုတ် |
1,335,565 | Uncategorized | ဥဒါန်းပါဠိတော် | ၄၆။ အကျွန်ုပ်သည်ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ |
1,335,566 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အသျှင်မဟာကစ္စည်းသည် အဝန္တိတိုင်း ကုရရဃရမြို့ ပဝတ္တတောင်၌ နေတော်မူ၏။ |
1,335,567 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ ကုဋေထိုက်သော နားတန်ဆာကို ဝတ်ဆင်သော သောဏမည်သော ဥပါသကာသည် အသျှင်မဟာကစ္စည်း၏ အလုပ်အကျွေးဖြစ်၏။ |
1,335,568 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ ကုဋေထိုက်သော နားတန်ဆာကို ဝတ်ဆင်သော သောဏမည်သော ဥပါသကာအား ဆိတ်ငြိမ်ရာသို့ကပ်လျက် တစ်ယောက်တည်းနေစဉ် “အသျှင်မဟာကစ္စည်း ဟောတော်မူတိုင်းသော တရားတော်ကို လူ့ဘောင်၌ နေသူသည် စင်စစ်ပြည့်စုံစင်ကြယ်၍ ခရုသင်းပွတ်သစ်နှင့်တူသော ဤမြတ်သောအကျင့်ကို ကျင့်ခြင်းငှါ မလွယ်ကူချေ၊ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကိ... |
1,335,569 | Uncategorized | ဥဒါန်းပါဠိတော် | -- ထို့နောက် ကုဋေထိုက်သော နားတန်ဆာကို ဝတ်ဆင်သော သောဏမည်သော ဥပါသကာသည် အသျှင်မဟာကစ္စည်းထံသို့ ချဉ်းကပ်၍ အသျှင်မဟာကစ္စည်းကို ရှိခိုးကာ တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် တပည့်တော်အား “အသျှင်မဟာကစ္စည်း ဟောတော်မူတိုင်းသော တရားတော်ကို လူ့ဘောင်၌ နေသူသည် စင်စစ်ပြည့်စုံစင်ကြယ်၍ ခရုသင်းပွတ်သစ်နှင့်တူသော ဤမြတ်သောအကျင့်ကို ကျင့်ခြင်းငှ... |
1,335,570 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား အသျှင်မဟာကစ္စည်းသည် တပည့်တော်ကို ရှင်ရဟန်း ပြုတော်မူပါဟု (လျှောက်၏)။ |
1,335,571 | Uncategorized | ဥဒါန်းပါဠိတော် | ဤသို့ လျှောက်လတ်သော် အသျှင်မဟာကစ္စည်းသည် ကုဋေထိုက်သော နားတန်ဆာကို ဝတ်ဆင်သော သောဏဥပါသကာကို “သောဏ အသက်ထက်ဆုံး တစ်ထပ်တည်းသာ စားရသော တစ်ယောက်တည်းသာ အိပ်ရသော မြတ်သောအကျင့်ကို ကျင့်ခြင်းသည် ခဲယဉ်းလှ၏။ |
1,335,572 | Uncategorized | ဥဒါန်းပါဠိတော် | သောဏ တိုက်တွန်း၏။ |
1,335,573 | Uncategorized | ဥဒါန်းပါဠိတော် | သင်သည် ထိုလူ့ဘောင်၌သာလျှင် လူအဖြစ်နှင့် အခါအားလျော်စွာ တစ်ထပ်တည်းသာ စားရသော တစ်ယောက်တည်းသာ အိပ်ရသော ဘုရားရှင်တို့ အဆုံးအမဟု ဆိုအပ်သော မြတ်သောအကျင့်ကို ကျင့်လော့”ဟု (မိန့်တော်မူ၏)။ |
1,335,574 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ ကုဋေထိုက်သော နားတန်ဆာကို ဝတ်ဆင်သော သောဏဥပါသကာ၏ ရဟန်းပြုအံ့ဟု အားထုတ်ခြင်းသည် ငြိမ်းလေ၏။ |
1,335,575 | Uncategorized | ဥဒါန်းပါဠိတော် | ပ။ အသျှင်မဟာကစ္စည်းသည် ကုဋေထိုက်သော နားတန်ဆာကို ဝတ်ဆင်သော သောဏဥပါသကာကို “သောဏ အသက်ထက်ဆုံး တစ်ထပ်တည်းသာ စားရသော တစ်ယောက်တည်းသာ အိပ်ရသော မြတ်သောအကျင့်ကို ကျင့်ခြင်းသည် ခဲယဉ်းလှ၏။ |
1,335,576 | Uncategorized | ဥဒါန်းပါဠိတော် | သင်သည်ထိုလူ့ဘောင်၌သာလျှင် လူအဖြစ်နှင့် အခါအားလျော်စွာ တစ်ထပ်တည်းသာ စားရသော တစ်ယောက်တည်းသာ အိပ်ရသော ဘုရားရှင်တို့ အဆုံးအမဟု ဆိုအပ်သော မြတ်သောအကျင့်ကို ကျင့်လော့”ဟု (မိန့်တော်မူ၏)။ |
1,335,577 | Uncategorized | ဥဒါန်းပါဠိတော် | နှစ်ကြိမ်မြောက်လည်း ကုဋေထိုက်သော နားတန်ဆာကို ဝတ်ဆင်သော သောဏဥပါသကာ၏ ရဟန်းပြုအံ့ဟု အားထုတ်ခြင်းသည် ငြိမ်းလေ၏။ |
1,335,578 | Uncategorized | ဥဒါန်းပါဠိတော် | သုံးကြိမ်မြောက်လည်း ကုဋေထိုက်သော နားတန်ဆာကို ဝတ်ဆင်သော သောဏ ဥပါသကာအား ဆိတ်ငြိမ်ရာသို့ ကပ်လျက် တစ်ယောက်တည်း နေစဉ် “အသျှင်မဟာကစ္စည်း ဟောတော်မူတိုင်းသော တရားတော်ကို လူ့ဘောင်၌ နေသူသည် စင်စစ် ပြည့်စုံစင်ကြယ်၍ ခရုသင်းပွတ်သစ်နှင့်တူသော ဤမြတ်သောအကျင့်ကို ကျင့်ခြင်းငှါ မလွယ်ကူချေ၊ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော ... |
1,335,579 | Uncategorized | ဥဒါန်းပါဠိတော် | သုံးကြိမ်မြောက်လည်း ကုဋေထိုက်သော နားတန်ဆာကို ဝတ်ဆင်သော သောဏမည်သော ဥပါသကာသည် အသျှင်မဟာကစ္စည်းထံသို့ ချဉ်းကပ်၍ အသျှင်မဟာကစ္စည်းကို ရှိခိုးကာ တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် အသျှင်မဟာကစ္စည်းကို - |
1,335,580 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား ဆိတ်ငြိမ်ရာသို့ ကပ်လျက် တစ်ယောက်တည်းနေသော တပည့်တော်အား “အသျှင်မဟာကစ္စည်း ဟောတော်မူတိုင်းသော တရားတော်ကို လူ့ဘောင်၌ နေသူသည် စင်စစ် ပြည့်စုံစင်ကြယ်၍ ခရုသင်းပွတ်သစ်နှင့်တူသော ဤမြတ်သောအကျင့်ကို ကျင့်ခြင်းငှါ မလွယ်ကူချေ၊ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံလျက် လူ့ဘောင်မှ ရဟန်းဘောင်သိ... |
1,335,581 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား အသျှင်မဟာကစ္စည်းသည် အကျွန်ုပ်ကို ရှင်ရဟန်း ပြုပေးတော်မူပါဟု ဤစကားကို လျှောက်၏။ |
1,335,582 | Uncategorized | ဥဒါန်းပါဠိတော် | -- ထိုအခါ အသျှင်မဟာကစ္စည်းသည် ကုဋေထိုက်သော နားတန်ဆာကို ဝတ်ဆင်သော သောဏဥပါသကာကို ရှင်ပြုပေးလေ၏။ |
1,335,583 | Uncategorized | ဥဒါန်းပါဠိတော် | ထိုစဉ်အခါ၌ အဝန္တိတိုင်း ဒက္ခိဏာပထဇနပုဒ်သည် ရဟန်းနည်းပါး၏။ |
1,335,584 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ၌ အသျှင်မဟာကစ္စည်းသည် သုံးနှစ်လွန်သဖြင့် ငြိုငြင်ပင်ပန်းစွာ ထိုထိုအရပ်မှ တစ်ကျိပ်အစုရှိသော ရဟန်းအပေါင်းကို စည်းဝေးစေပြီးလျှင် အသျှင်သောဏကို ပဉ္စင်းခံပေး၏။ |
1,335,585 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အသျှင်သောဏမထေရ်အား ဝါကျွတ်၍ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်လျက် တစ်ယောက်တည်းနေစဉ် “ထိုမြတ်စွာဘုရားသည် ဤသို့ သဘောရှိသော ရူပကာယကျေးဇူး ဤသို့ သဘောရှိသော ဓမ္မကာယကျေးဇူး ရှိတော်မူ၏ဟု ငါသည် ကြားဖူးရုံသာတည်း။ |
1,335,586 | Uncategorized | ဥဒါန်းပါဠိတော် | ငါသည် မျက်မှောက်ထင်ထင် မမြင်ရဖူးပေ၊ အကယ်၍ ဥပဇ္ဈာယ်ဆရာသည် ငါ့ကို ခွင့်ပြုငြားအံ့၊ ငါသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြော်ခြင်းငှါ သွားလို၏”ဟု စိတ်အကြံ ဖြစ်၏။ |
1,335,587 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက် အသျှင်သောဏမထေရ်သည် ညနေချမ်းအခါတစ်ယောက်တည်း ကိန်းအောင်းနေရာမှ ထလျက် အသျှင်မဟာကစ္စည်းထံသို့ ချဉ်းကပ်၍ အသျှင်မဟာကစ္စည်းကို ရှိခိုးပြီးလျှင် တစ်ခုသောအရပ်၌ ထိုင်ပြီးသော် အသျှင်မဟာကစ္စည်းကို အသျှင်ဘုရား ဆိတ်ငြိမ်ရာသို့ ကပ်လျက် တစ်ယောက်တည်း ကိန်းအောင်းနေသော တပည့်တော်အား “ထိုမြတ်စွာဘုရားသည် ဤသို့ သဘောရှိသော ရူပကာယကျေ... |
1,335,588 | Uncategorized | ဥဒါန်းပါဠိတော် | ငါသည် မျက်မှောက်ထင်ထင် မမြင်ရဖူးပေ၊ အကယ်၍ ဥပဇ္ဈာယ်ဆရာသည် ငါ့ကို ခွင့်ပြုငြားအံ့၊ ငါသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြော်ခြင်းငှါ သွားလို၏”ဟု ဤသို့ စိတ်အကြံ ဖြစ်ပါသည်ဟု လျှောက်၏။ |
1,335,589 | Uncategorized | ဥဒါန်းပါဠိတော် | သောဏ ကောင်းပေစွ ကောင်းပေစွ၊ သောဏ သင်သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြော်ရန်သွားလော့။ |
1,335,590 | Uncategorized | ဥဒါန်းပါဠိတော် | သောဏ သင်သည် ကြည်ညိုဖွယ် ပသာဒနီယဂုဏ်ကို ဆောင်လျက် ငြိမ်သက်သော ဣန္ဒြေ ငြိမ်းအေးသော စိတ်ရှိသော အလွန်အကဲ ဆုံးမခြင်း အလွန်အကဲ ငြိမ်းအေးခြင်းသို့ ရောက်သည်ဖြစ်၍ ကိုယ်အမူအရာ ယဉ်ကျေးသော နှုတ်အမူအရာကို စောင့်ရှောက်သောမနိန္ဒြေကို စောင့်စည်းတော်မူသော ဆင်ပြောင်ကြီးသဖွယ်ဖြစ်သော ထိုမြတ်စွာဘုရားကို ဖူးမြော်ရလတ္တံ့။ |
1,335,591 | Uncategorized | ဥဒါန်းပါဠိတော် | ဖူးမြော်ပြီး၍ “အသျှင်ဘုရား အကျွန်ုပ်၏ ဥပဇ္ဈာယ်ဆရာဖြစ်သော အသျှင်မဟာကစ္စည်းသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခေါင်းဖြင့် ရှိခိုးလိုက်ပါ၏။ |
1,335,592 | Uncategorized | ဥဒါန်းပါဠိတော် | အနာမရှိခြင်း ဆင်းရဲကင်းခြင်း လျင်စွာထကြွနိုင်သော ခွန်အားရှိခြင်း ချမ်းသာစွာနေရခြင်းကိုလည်း မေးလျှောက်လိုက်ပါ၏”ဟု ငါ၏စကားဖြင့် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခေါင်းဖြင့် ရှိခိုးလေလော့၊ အနာမရှိခြင်း ဆင်းရဲကင်းခြင်း လျင်စွာထကြွနိုင်သော ခွန်အားရှိခြင်း ချမ်းသာစွာ နေရခြင်းကိုလည်း မေးလျှောက်လေလော့ဟု (မိန့်ဆို၏)။ |
1,335,593 | Uncategorized | ဥဒါန်းပါဠိတော် | “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်သောဏသည် အသျှင်မဟာကစ္စည်း ပြောဆိုသော စကားကို အလွန်နှစ်သက်ဝမ်းမြောက်၍ နေရာမှ ထလျက် အသျှင်မဟာကစ္စည်းကို ရှိခိုး၍ အရိုအသေပြုကာ ကျောင်း အိပ်ရာ နေရာကို သိမ်းဆည်းပြီးလျှင် သပိတ်သင်္ကန်းကို ယူဆောင်လျက် သာဝတ္ထိပြည်သို့ ဒေသစာရီ ဖဲသွားလေ၏။ |
1,335,594 | Uncategorized | ဥဒါန်းပါဠိတော် | အစဉ်အတိုင်း ဒေသစာရီ လှည့်လည်လတ်သော် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသောအရပ်၌ ထိုင်ပြီးသော် မြတ်စွာဘုရားကို “အသျှင်ဘုရား တပည့်တော်၏ ဥပဇ္ဈာယ်ဆရာဖြစ်သော အသျှင်မဟာကစ္စည်းသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခေါင်းဖြင့် ရှိခိုးလိုက်ပါ၏။ |
1,335,595 | Uncategorized | ဥဒါန်းပါဠိတော် | အနာမရှိခြင်း ဆင်းရဲကင်းခြင်း လျင်စွာထကြွနိုင်သော ခွန်အားရှိခြင်း ချမ်းသာစွာနေရခြင်းကို မေးလျှောက်လိုက်ပါ၏”ဟု (လျှောက်၏)။ |
1,335,596 | Uncategorized | ဥဒါန်းပါဠိတော် | -- ရဟန်း ခံ့ကျန်း၏လော၊ မျှတ၏လော၊ မပင်ပန်းဘဲ ခရီးကို လာခဲ့ရ၏လော၊ ဆွမ်းဖြင့် ငြိုငြင်ခြင်းမဖြစ်ဘဲ ရှိပါ၏လောဟု (မိန့်တော်မူ၏)။ |
1,335,597 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရား ခံ့ကျန်းပါ၏။ |
1,335,598 | Uncategorized | ဥဒါန်းပါဠိတော် | မျှတပါ၏။ အသျှင်ဘုရား တပည့်တော်သည် မပင်ပန်းဘဲ ခရီးကို လာခဲ့ရပါ၏။ |
1,335,599 | Uncategorized | ဥဒါန်းပါဠိတော် | ဆွမ်းဖြင့်လည်း ပင်ပန်းခြင်း မဖြစ်ပါဟု (လျှောက်၏)။ |
1,335,600 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက် မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို “အာနန္ဒာ ဤအာဂန္တုရဟန်း၏ အိပ်ရာနေရာကို ခင်းလော့”ဟု (မိန့်တော်မူ၏)။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.