id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,335,601 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အသျှင်အာနန္ဒာအား “အကြင်ရဟန်းအတွက် မြတ်စွာဘုရားသည် ‘အာနန္ဒာ အာဂန္တုရဟန်း၏ အိပ်ရာနေရာကို ခင်းလော့’ဟု ငါ့ကို စေခိုင်း၏။ |
1,335,602 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရားသည် ထိုရဟန်းနှင့် တစ်ကျောင်းတည်း နေလို၏။ |
1,335,603 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရားသည် အသျှင်သောဏနှင့်အတူ တစ်ကျောင်းတည်း နေလို၏”ဟု အကြံဖြစ်ပြီးလျှင် မြတ်စွာဘုရား နေတော်မူသော (ဂန္ဓကုဋိ) ကျောင်း၌ အသျှင်သောဏ၏ အိပ်ရာနေရာကို ခင်းလေ၏။ |
1,335,604 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက်မြတ်စွာဘုရားသည် ညဉ့်နက်သည်တိုင်အောင် လွင်တီးခေါင်၌ ထိုင်နေခြင်းဖြင့် (အချိန်ကို) လွန်စေလျက် ခြေတော်တို့ကို ဆေးပြီးလျှင် (ဂန္ဓကုဋိ) ကျောင်းတော်သို့ ဝင်တော်မူ၏။ |
1,335,605 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်သောဏသည်လည်း ညဉ့်နက်သည်တိုင်အောင် လွင်တီးခေါင်၌ ထိုင်နေခြင်းဖြင့် အချိန်ကို လွန်စေလျက် ခြေဆေးပြီးလျှင် (ဂန္ဓကုဋိ) ကျောင်းသို့ ဝင်၏။ |
1,335,606 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက် မြတ်စွာဘုရားသည် ညဉ့်၏ မိုးသောက်ယံအခါ၌ ထ၍ “အသျှင်သောဏကို ရဟန်းသင်သည် တရားဟောလော့”ဟု တိုက်တွန်းတော်မူ၏။ |
1,335,607 | Uncategorized | ဥဒါန်းပါဠိတော် | “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်သောဏသည် မြတ်စွာဘုရား၏ စကားကို ဝန်ခံ၍ အဋ္ဌကဝဂ်၌ပါသော တစ်ဆယ့်ခြောက်သုတ်လုံးတို့ကို အသံဖြင့် ရွတ်ဆို၏။ |
1,335,608 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် အသျှင်သောဏ၏ သာယာစွာ ရွတ်ဆိုသည်၏ အဆုံး၌ “ရဟန်း ကောင်းပေစွ ကောင်းပေစွ၊ ရဟန်း သင်သည် အဋ္ဌကဝဂ်၌ပါသော တစ်ဆယ့်ခြောက်သုတ်လုံး တို့ကို ကောင်းစွာ သင်ထားပေ၏။ |
1,335,609 | Uncategorized | ဥဒါန်းပါဠိတော် | ကောင်းစွာ နှလုံးသွင်းထားပေ၏။ |
1,335,610 | Uncategorized | ဥဒါန်းပါဠိတော် | ကောင်းစွာ ဆောင်ထား ပေ၏။ |
1,335,611 | Uncategorized | ဥဒါန်းပါဠိတော် | သန့်ရှင်း၍ အပြစ်ကင်းသော အနက်ကို သိခြင်းငှါ စွမ်းနိုင်သော သာယာသော စကားနှင့်လည်း ပြည့်စုံ၏ဟု အနုမောဒနာ ပြုတော်မူ၍ ရဟန်း သင်သည် အဘယ်မျှလောက် ဝါရပြီနည်း”ဟု (မိန့်တော်မူ၏)။ |
1,335,612 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရား တပည့်တော်သည် တစ်ဝါသာ ရပါသေး၏ဟု (လျှောက်၏)။ |
1,335,613 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်း သင်သည် အဘယ့်ကြောင့် ဤသို့ ကြာမြင့်မှ ရဟန်းပြုသနည်းဟု မိန့်တော်မူ၏။ |
1,335,614 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား တပည့်တော်သည် ကာမဂုဏ်တို့၌ အပြစ်ကို မြင်သည်ကား ကြာပါပြီ။ |
1,335,615 | Uncategorized | ဥဒါန်းပါဠိတော် | သို့သော်လည်း လူ့ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်းပါ၏။ |
1,335,616 | Uncategorized | ဥဒါန်းပါဠိတော် | များသော ကိစ္စရှိပါ၏။ |
1,335,617 | Uncategorized | ဥဒါန်းပါဠိတော် | များသော ပြုဖွယ်ရှိပါ၏ဟု (လျှောက်၏)။ |
1,335,618 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “စင်ကြယ်သောသူသည် မကောင်းမှု၌ မမွေ့လျော်နိုင်၊ ထို့ကြောင့် အရိယာ ပုဂ္ဂိုလ်သည် အလုံးစုံသင်္ခါရလောက၌ အပြစ်ကိုမြင်၍ ဥပဓိကင်းရာ နိဗ္ဗာန်တရားကို သိပြီးသောကြောင့် မကောင်းမှု၌ မမွေ့လျော်တော့ပေ”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ |
1,335,619 | Uncategorized | ဥဒါန်းပါဠိတော် | -- ၇-ကင်္ခါရေဝတသုတ် |
1,335,620 | Uncategorized | ဥဒါန်းပါဠိတော် | ၄၇။ အကျွန်ုပ်သည်ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ |
1,335,621 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အသျှင်ကင်္ခါရေဝတသည် မြတ်စွာဘုရား၏ မနီးမဝေး၌ မိမိ၏ ယုံမှားအားလုံးမှ လွန်မြောက်၍ ကိလေသာတို့မှစင်ကြယ်သော အရိယမဂ်တရားကို ဆင်ခြင်လျက်ကိုယ်ကို ဖြောင့်မတ်စွာ ထားပြီးလျှင် ထက်ဝယ်ဖွဲ့ခွေထိုင်နေ၏။ |
1,335,622 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရားသည် မနီးမဝေး၌ မိမိ၏ ယုံမှားအားလုံးမှ လွန်မြောက်၍ ကိလေသာတို့မှ စင်ကြယ်သော အရိယမဂ်တရားကို ဆင်ခြင်လျက်ကိုယ်ကို ဖြောင့်မတ်စွာ ထားပြီးလျှင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသော အသျှင်ကင်္ခါရေဝတကို မြင်တော်မူ၏။ |
1,335,623 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “ဤပစ္စုပ္ပန် အတ္တဘော၌လည်းကောင်း၊ အတိတ်အနာဂတ် အတ္တဘော၌လည်းကောင်း၊ မိမိအတ္တဘော၌ ရအပ်သည်လည်း ဖြစ်ကုန်သောသူတစ်ပါး အတ္တဘော၌ ရအပ်သည်လည်း ဖြစ်ကုန်သော ယုံမှားခြင်းအားလုံးတို့သည် ရှိကုန်၏။ |
1,335,624 | Uncategorized | ဥဒါန်းပါဠိတော် | သမထ ဝိပဿနာဖြင့် မကောင်းမှုဒုစရိုက်ကို ရှို့မြှိုက်ကြပြီးလျှင်သမ္မပ္ပဓာန်လုံ့လ ရှိကြကုန်လျက် မဂ်တည်းဟူသော ဗြဟ္မစရိယကို ကျင့်သုံးရရှိကြသူပုဂ္ဂိုလ်တို့သည် ထိုယုံမှားမှုအားလုံးတို့ကို ပယ်စွန့်နိုင်ကြကုန်၏”ဟု ဤဥဒါန်းကို ကျူးရင့် တော်မူ၏။ |
1,335,625 | Uncategorized | ဥဒါန်းပါဠိတော် | -- ၈-သံဃဘေဒသုတ် |
1,335,626 | Uncategorized | ဥဒါန်းပါဠိတော် | ၄၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ |
1,335,627 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အသျှင်အာနန္ဒာသည် ဥပုသ်နေ့တစ်နေ့ နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်တော်မူ၏။ |
1,335,628 | Uncategorized | ဥဒါန်းပါဠိတော် | ဒေဝဒတ်သည် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်သော အသျှင်အာနန္ဒာကို မြင်၍ အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်အာနန္ဒာအား “ငါ့သျှင်အာနန္ဒာ ငါသည် ယနေ့မှအစပြု၍မြတ်စွာဘုရားမှလည်းကောင်း၊ ရဟန်းသံဃာမှလည်းကောင်း၊ အသီးအခြားခွဲ၍သာလျှင် ဥပုသ်ကိုလည်းကောင်း၊ သံဃကံကိုလည်းကောင်း ပြုအံ့”ဟု ပြောဆို၏။ |
1,335,629 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက် အသျှင်အာနန္ဒာသည်ရာဇဂြိုဟ်ပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှဖဲခဲ့ပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်ပြီးသော်မြတ်စွာဘုရားကို “အသျှင်ဘုရား တပည့်တော်သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်... |
1,335,630 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား ဒေဝဒတ်သည် ရာဇဂြိုဟ်ပြည်၌ ဆွမ်းခံဝင်သောတပည့်တော်ကို မြင်၍ တပည့်တော်ထံသို့ ချဉ်းကပ်ပြီးလျှင် တပည့်တော်ကို “ငါ့သျှင်အာနန္ဒာ ငါသည် ယနေ့မှအစပြု၍ မြတ်စွာဘုရားမှလည်းကောင်း၊ ရဟန်းသံဃာမှလည်းကောင်း၊ အသီးအခြားခွဲ၍သာလျှင် ဥပုသ်ကိုလည်းကောင်း၊ သံဃကံကိုလည်းကောင်း ပြုတော့အံ့”ဟု ပြောဆိုပါ၏။ |
1,335,631 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား ယနေ့ ဒေဝဒတ်သည်သံဃာကို သင်းခွဲလတ္တံ့။ |
1,335,632 | Uncategorized | ဥဒါန်းပါဠိတော် | ဥပုသ်ကိုလည်းကောင်း၊ သံဃကံကိုလည်းကောင်း ပြုတော့အံ့”ဟု ဤသို့ လျှောက်၏။ |
1,335,633 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “သူတော်ကောင်းသည် ကောင်းသော အမှုကို ပြုလွယ်၏။ |
1,335,634 | Uncategorized | ဥဒါန်းပါဠိတော် | သူယုတ်မာသည် ကောင်းသော အမှုကို ပြုနိုင်ခဲ၏။ |
1,335,635 | Uncategorized | ဥဒါန်းပါဠိတော် | သူယုတ်မာသည် မကောင်းသော အမှုကို ပြုလွယ်၏။ |
1,335,636 | Uncategorized | ဥဒါန်းပါဠိတော် | အရိယာသူတော်ကောင်းတို့သည် မကောင်းသော အမှုကို ပြုဖို့ရန် ခဲယဉ်းလှ၏”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ |
1,335,637 | Uncategorized | ဥဒါန်းပါဠိတော် | -- ၉-သဓာယမာနသုတ် |
1,335,638 | Uncategorized | ဥဒါန်းပါဠိတော် | ၄၉။ အကျွန်ုပ်သည်ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသလတိုင်းတို့၌ များစွာသော ရဟန်းအပေါင်းနှင့်အတူ ဒေသစာရီ လှည့်လည်တော်မူ၏။ |
1,335,639 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ များစွာသော လုလင်တို့သည် မြတ်စွာဘုရား၏ မနီးမဝေး၌ ပြက်ရယ်ပြောဆိုခြင်း သဘောရှိကုန်လျက်ဖြတ်သန်းသွားကြကုန်၏။ |
1,335,640 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရားသည် မနီးမဝေး၌ ပြက်ရယ်ပြောဆိုသော သဘောရှိသည်ဖြစ်၍ ဖြတ်သန်းသွားကြကုန်သော များစွာသော လုလင်တို့ကို မြင်သည်သာတည်း။ |
1,335,641 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “သတိလွတ်ကုန်သော ပညာရှိယောင်ဆောင်ကုန်သော စကားသာ ကျက်စားရာရှိ သူတို့သည် အလိုရှိသမျှခံတွင်းဟ၍ ပြောဆိုတတ်ကုန်၏၊ အရှက်မရှိခြင်း မိမိကိုယ်ကို ပညာရှိဟု ထင်မှတ်မှုကို ဆောင်ကြောင်းဖြစ်သော သတိကင်းလွတ်မှု စသည်ကို မူ ထိုသူတို့ မသိကြလေကုန်”ဟု ဤဥဒါန်းကို ကျူးရင့်တော်မ... |
1,335,642 | Uncategorized | ဥဒါန်းပါဠိတော် | ၁၀-စူဠပန္ထကသုတ် |
1,335,643 | Uncategorized | ဥဒါန်းပါဠိတော် | ၅၀။ အကျွန်ုပ်သည်ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည့်အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ |
1,335,644 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အသျှင်စူဠပန္ထကသည် မြတ်စွာဘုရား၏ မနီးမဝေး၌ သတိကို ရှေးရှုထင်စေပြီးလျှင်ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေ၏။ |
1,335,645 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရားသည် မနီးမဝေး၌ သတိကို ရှေးရှုထင်စေပြီးလျှင်ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသော အသျှင်စူဠပန္ထကကို မြင်တော်မူ၏။ |
1,335,646 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “ကောင်းစွာ ထားအပ်သော ကိုယ်ကောင်းစွာ ထားအပ်သော စိတ်ရှိသည်ဖြစ်၍ရပ်သော်လည်းကောင်း၊ ထိုင်သော်လည်းကောင်း၊ ထိုမှတစ်ပါး လျောင်းသော်လည်းကောင်း ဤသို့ သတိကို ကောင်းစွာထားသော ရဟန်းသည် ရှေ့နောက်ဖြစ်သော အကျိုးထူးကို ရရာ၏။ |
1,335,647 | Uncategorized | ဥဒါန်းပါဠိတော် | ရှေ့နောက်ဖြစ်သော အကျိုးထူးကို ရသောကြောင့် သေမင်းမမြင်ရာ နိဗ္ဗာန်သို့ ရောက်နိုင်ရာ၏”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ |
1,335,648 | Uncategorized | ဥဒါန်းပါဠိတော် | ငါးခုမြောက်သောဏဝဂ်ပြီး၏။ |
1,335,649 | Uncategorized | ဥဒါန်းပါဠိတော် | -- ၆-ဇစ္စန္ဓဝဂ် |
1,335,650 | Uncategorized | ဥဒါန်းပါဠိတော် | ၁-အာယုသင်္ခါရောဿဇ္ဇနသုတ် |
1,335,651 | Uncategorized | ဥဒါန်းပါဠိတော် | ၅၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ |
1,335,652 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် ဝေသာလီပြည်သို့ ဆွမ်းခံဝင်တော်မူ၏။ |
1,335,653 | Uncategorized | ဥဒါန်းပါဠိတော် | ဝေသာလီပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့ပြီးသော်"အာနန္ဒာ နေရာထိုင်ခင်းကို ယူခဲ့လော့၊ နေ့သန့်စင်ရန် စာပါလစေတီသို့ ချဉ်းကပ်ကုန်အံ့”ဟု အသျှင်အာနန္ဒာအား မိန့်တော်မူ၏။ |
1,335,654 | Uncategorized | ဥဒါန်းပါဠိတော် | “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ စကားကို ဝန်ခံပြီးလျှင်နေရာထိုင်ခင်းကို ယူ၍ မြတ်စွာဘုရား၏ နောက်မှ နောက်မှ အစဉ်လိုက်လေ၏။ |
1,335,655 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက် မြတ်စွာဘုရားသည် စာပါလစေတီသို့ ချဉ်းကပ်၍ ခင်းထားသောနေရာ၌ ထိုင်တော်မူပြီးသော် အာနန္ဒာ ဝေသာလီပြည် သည် မွေ့လျော်ဖွယ် ရှိ၏။ |
1,335,656 | Uncategorized | ဥဒါန်းပါဠိတော် | ဥဒေနနတ်ကွန်းသည် မွေ့လျော်ဖွယ် ရှိ၏။ |
1,335,657 | Uncategorized | ဥဒါန်းပါဠိတော် | ဂေါတမနတ်ကွန်းသည်မွေ့လျော်ဖွယ် ရှိ၏။ |
1,335,658 | Uncategorized | ဥဒါန်းပါဠိတော် | သတ္တမ္ဗနတ်ကွန်းသည် မွေ့လျော်ဖွယ် ရှိ၏။ |
1,335,659 | Uncategorized | ဥဒါန်းပါဠိတော် | ဗဟု ပုတ္တနတ်ကွန်းသည် မွေ့လျော်ဖွယ်ရှိ၏။ |
1,335,660 | Uncategorized | ဥဒါန်းပါဠိတော် | သာရန္ဒဒနတ်ကွန်းသည် မွေ့လျော်ဖွယ် ရှိ၏။ |
1,335,661 | Uncategorized | ဥဒါန်းပါဠိတော် | စာပါလနတ်ကွန်းသည် မွေ့လျော်ဖွယ် ရှိ၏။ |
1,335,662 | Uncategorized | ဥဒါန်းပါဠိတော် | အာနန္ဒာတစ်စုံတစ်ယောက်သောသူသည် ပြီးစီးခြင်း၏ အခြေခံ ‘ဣဒ္ဓိပါဒ်လေးပါး'တို့ကို ပွါးများထား၏။ |
1,335,663 | Uncategorized | ဥဒါန်းပါဠိတော် | ကောင်းစွာဆည်းပူး ထား၏။ |
1,335,664 | Uncategorized | ဥဒါန်းပါဠိတော် | ကောင်းစွာအားထုတ်ထား၏။ |
1,335,665 | Uncategorized | ဥဒါန်းပါဠိတော် | ထိုသူသည် အလိုရှိခဲ့မူ အာယုကပ်ပတ်လုံးဖြစ်စေ၊ အာယုကပ် ထက် လွန်၍ဖြစ်စေ တည်နိုင်ပေ၏။ |
1,335,666 | Uncategorized | ဥဒါန်းပါဠိတော် | အာနန္ဒာ မြတ်စွာဘုရားသည် ကား ပြီးစီးခြင်း၏အခြေခံ ‘ဣဒ္ဓိပါဒ် လေးပါး'တို့ကို ပွါးများထားပြီး ဖြစ်၏။ |
1,335,667 | Uncategorized | ဥဒါန်းပါဠိတော် | ယာဉ်ကဲ့သို့ ပြုထားပြီး ဖြစ်၏။ |
1,335,668 | Uncategorized | ဥဒါန်းပါဠိတော် | တည်ရာကဲ့သို့ ပြုထားပြီး ဖြစ်၏။ |
1,335,669 | Uncategorized | ဥဒါန်းပါဠိတော် | ကောင်းစွာဆည်းပူးထားပြီးဖြစ်၏။ |
1,335,670 | Uncategorized | ဥဒါန်းပါဠိတော် | ကောင်းစွာအားထုတ်ထားပြီးဖြစ်၏။ |
1,335,671 | Uncategorized | ဥဒါန်းပါဠိတော် | အာနန္ဒာ (သို့ ဖြစ်၍) မြတ်စွာဘုရားသည် အလိုရှိခဲ့မူ အာယုကပ် ပတ်လုံးဖြစ်စေ၊ အာယုကပ်ထက် လွန်၍ဖြစ်စေ တည်နိုင်ပေ၏ဟု (မိန့်တော်မူ၏)။ |
1,335,672 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်အာနန္ဒာသည်ကား မြတ်စွာဘုရားသည် ထင်ရှားသော နိမိတ်အရိပ်အရောင် ဤသို့ ပင်ပြသော်လည်း မာရ်နတ်နှောင့်ယှက်ခံရသော စိတ်ရှိသောကြောင့် သဘောပေါက်ခြင်းငှါ မစွမ်းနိုင်ချေ၊ (ထို့ကြောင့် ) “အသျှင်ဘုရား လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန်အလို့ငှါနတ်လူတို့၏ အကျိုးစီးပွါးနှင့် ချမ်းသာအလို့ငှါ ဘုန်းတော်ကြီးသော မြတ်... |
1,335,673 | Uncategorized | ဥဒါန်းပါဠိတော် | ပ။ သုံးကြိမ် မြောက်လည်း မြတ်စွာဘုရားသည် အသျှင်အာနန္ဒာအားမိန့်တော်မူ၏- |
1,335,674 | Uncategorized | ဥဒါန်းပါဠိတော် | အာနန္ဒာ ဝေသာလီပြည် သည် မွေ့လျော်ဖွယ် ရှိ၏။ |
1,335,675 | Uncategorized | ဥဒါန်းပါဠိတော် | ဥဒေနနတ်ကွန်းသည် မွေ့လျော်ဖွယ်ရှိ၏။ |
1,335,676 | Uncategorized | ဥဒါန်းပါဠိတော် | ဂေါတမနတ်ကွန်းသည် မွေ့လျော်ဖွယ် ရှိ၏။ |
1,335,677 | Uncategorized | ဥဒါန်းပါဠိတော် | ဗဟု ပုတ္တနတ်ကွန်းသည် မွေ့လျော်ဖွယ် ရှိ၏။ |
1,335,678 | Uncategorized | ဥဒါန်းပါဠိတော် | သာရန္ဒဒ နတ်ကွန်းသည် မွေ့လျော်ဖွယ် ရှိ၏။ |
1,335,679 | Uncategorized | ဥဒါန်းပါဠိတော် | စာပါလနတ်ကွန်းသည်မွေ့လျော်ဖွယ် ရှိ၏။ |
1,335,680 | Uncategorized | ဥဒါန်းပါဠိတော် | အာနန္ဒာ တစ်စုံတစ်ယောက်သောသူသည် ပြီးစီးခြင်း၏ အခြေခံ ‘ဣဒ္ဓိပါဒ်လေးပါး'တို့ကို ပွါးများထား၏။ |
1,335,681 | Uncategorized | ဥဒါန်းပါဠိတော် | လေ့ကျင့်ထား၏။ |
1,335,682 | Uncategorized | ဥဒါန်းပါဠိတော် | ဆောက်တည် ထား၏။ |
1,335,683 | Uncategorized | ဥဒါန်းပါဠိတော် | ကောင်းစွာ ဆည်းပူးထား၏။ |
1,335,684 | Uncategorized | ဥဒါန်းပါဠိတော် | ထိုသူသည် အလိုရှိခဲ့မူ အာယုကပ် ပတ်လုံးဖြစ်စေ၊ အာယုကပ်ထက် လွန်၍ဖြစ်စေ တည်နိုင်ပေ၏။ |
1,335,685 | Uncategorized | ဥဒါန်းပါဠိတော် | အာနန္ဒာမြတ်စွာဘုရားသည် ကား ပြီးစီးခြင်း၏ အခြေခံ ‘ဣဒ္ဓိပါဒ်လေးပါး'တို့ကို ပွါးများထားပြီး ဖြစ်၏။ |
1,335,686 | Uncategorized | ဥဒါန်းပါဠိတော် | ကောင်းစွာ ဆည်း ပူးထားပြီး ဖြစ်၏။ |
1,335,687 | Uncategorized | ဥဒါန်းပါဠိတော် | အာနန္ဒာသို့ ဖြစ်၍ မြတ်စွာဘုရားသည် အလိုရှိခဲ့မူ အာယုကပ်ပတ်လုံးဖြစ်စေ၊ အာယုကပ်ထက်လွန်၍ဖြစ်စေ တည်နိုင်ပေ၏ဟု (မိန့်တော်မူ၏)။ |
1,335,688 | Uncategorized | ဥဒါန်းပါဠိတော် | -- မြတ်စွာဘုရားသည် ထင်ရှားသော နိမိတ်အရိပ်အရောင်ကို ဤသို့ ပင်ပြသော်လည်း မာရ်နတ်နှောင့်ယှက်ခံရသော စိတ်ရှိသော အသျှင်အာနန္ဒာသည် သဘောပေါက်ခြင်းငှါ မစွမ်းနိုင်ချေ၊ (ထို့ကြောင့် ) “အသျှင်ဘုရား လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန်အလို့ငှါ နတ်လူတို့၏အကျိုးစီးပွါးနှင့် ချမ်းသာအလို့ငှါ ဘုန်းတော်ကြီးသော မြတ်စွာဘ... |
1,335,689 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် “အာနန္ဒာ သင်သွားလော့၊ ယခုအခါ သွားရန်အချိန်ကို သင်သိ၏”ဟု အသျှင်အာနန္ဒာအား (မိန့်တော်မူ၏)။ |
1,335,690 | Uncategorized | ဥဒါန်းပါဠိတော် | “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည်မြတ်စွာဘုရား၏ စကားကို ဝန်ခံပြီးလျှင် နေရာမှထကာ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြု၍မနီးမဝေး တစ်ခုသော သစ်ပင်ရင်း၌ ထိုင်နေလေ၏။ |
1,335,691 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အသျှင်အာနန္ဒာ ဖဲကြွ၍ မကြာမီ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍တစ်ခုသောအရပ်၌ ရပ်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- |
1,335,692 | Uncategorized | ဥဒါန်းပါဠိတော် | “အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန်ပြုတော်မူပါ၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန်ပြုတော်မူပါ၊ အသျှင်ဘုရားယခုအခါ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုရန် အချိန်တန်ပါပြီ။ |
1,335,693 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား မြတ်စွာဘုရားသည် ‘မာရ်နတ်ငါ၏ တပည့်ရဟန်းတို့သည် အကြင်မျှလောက်ကာလပတ်လုံး တတ်သိလိမ္မာမရှိကြသေး၊ ကောင်းစွာ ဆုံးမပြီးမဖြစ်ကြသေး၊ မရဲရင့်ကြသေး၊ အကြားအမြင် မများကြသေး၊ တရားတော်ကို မဆောင်နိုင်ကြသေး၊ (လောကုတ္တရာ) တရားနှင့်လျော်သောတရားကို မကျင့်နိုင်ကြသေး၊လျော်သောအကျင့်ကို မကျင့်နိုင်ကြသေး၊ တရားနှင့်လျော်စွာ မကျင့်နို... |
1,335,694 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင့်ဘုရား ယခုအခါ မြတ်စွာဘုရား၏ တပည့်ရဟန်းတို့သည် တတ်သိလိမ္မာကြပါပြီ။ |
1,335,695 | Uncategorized | ဥဒါန်းပါဠိတော် | ကောင်းစွာဆုံးမထားပြီး ဖြစ်ကြပါပြီ။ |
1,335,696 | Uncategorized | ဥဒါန်းပါဠိတော် | ရဲရင့်ကြပါပြီ။ |
1,335,697 | Uncategorized | ဥဒါန်းပါဠိတော် | အကြားအမြင်များကြပါပြီ။ |
1,335,698 | Uncategorized | ဥဒါန်းပါဠိတော် | တရားတော်ကို ဆောင်နိုင်ကြပါပြီ။ |
1,335,699 | Uncategorized | ဥဒါန်းပါဠိတော် | (လောကုတ္တရာ) တရားနှင့်လျော်သောတရားကို ကျင့်နိုင်ကြပါပြီ။ |
1,335,700 | Uncategorized | ဥဒါန်းပါဠိတော် | လျော်သောအကျင့်ကို ကျင့်နိုင်ကြပါပြီ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.