id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,335,301 | Uncategorized | ဥဒါန်းပါဠိတော် | ငါသည်ရောပြွမ်းသည်ဖြစ်၍ ဆင်းရဲ၏။ |
1,335,302 | Uncategorized | ဥဒါန်းပါဠိတော် | ချမ်းသာစွာ မနေရ၊ ငါသည် ဆင်အုပ်မှ ထွက်၍ (တစ်ကောင်တည်း) ဆိတ်ငြိမ်ရာသို့ ကပ်လျက် နေရပါမူ ကောင်းလေစွ”ဟု ဤအကြံသည် ဖြစ်၏။ |
1,335,303 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက် ထိုဆင်ပြောင်ကြီးသည် ဆင်အုပ်မှ ဖဲ၍ပါလိလေယျကရွာ ရက္ခိတတောအုပ် အင်ကြင်းပင်ပျိုအနီး၌ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ နေ၏။ |
1,335,304 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ ထိုဆင်ပြောင်ကြီးသည် မြတ်စွာဘုရားနေတော်မူရာ အရပ်ကိုလည်း စိမ်းစိုသော မြက်သစ်ပင်မရှိအောင် ပြု၏။ |
1,335,305 | Uncategorized | ဥဒါန်းပါဠိတော် | နှာမောင်းဖြင့်လည်း မြတ်စွာဘုရား၏သောက်ရေ သုံးဆောင်ရေကို တည်ထား၏။ |
1,335,306 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက် ဆိတ်ငြိမ်ရာသို့ ကပ်လျက် တစ်ပါးတည်း ကိန်းအောင်းတော်မူသော မြတ်စွာဘုရားအား"ငါသည် ရှေးအခါ က ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာယောက်ျား ဥပါသိကာမိန်းမ မင်းမင်းအမတ် တိတ္ထိ တိတ္ထိတပည့်တို့နှင့် ရောပြွမ်းလျက် နေရသည်ဖြစ်၍ ဆင်းရဲ၏။ |
1,335,307 | Uncategorized | ဥဒါန်းပါဠိတော် | ချမ်းသာစွာမနေရ၊ “ထိုငါသည် ယခုအခါ၌ ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာယောက်ျား ဥပါသိကာမိန်းမ မင်းမင်းအမတ် တိတ္ထိ တိတ္ထိတပည့်တို့နှင့် မရောပြွမ်းဘဲ နေသောကြောင့် ချမ်းသာစွာ နေရ၏”ဟု စိတ်အကြံ ဖြစ်၏။ |
1,335,308 | Uncategorized | ဥဒါန်းပါဠိတော် | ထိုဆင်ပြောင်ကြီးအားလည်း “ငါသည် ရှေးအခါ က ဆင်ပေါက် ဆင်မ ဆင်ရွေ နို့စို့ဆင်ငယ်တို့နှင့်ရောပြွမ်းလျက် နေရသည်ဖြစ်၍ အညွန့်ပြတ်ပြီးသော မြက်တို့ကိုလည်း စားရ၏။ |
1,335,309 | Uncategorized | ဥဒါန်းပါဠိတော် | ငါ ချိုး၍ ချိုး၍ ချသောသစ်ခက် သစ်ကိုင်းကိုလည်း ဆင်ငယ်တို့သည် စားကုန်၏။ |
1,335,310 | Uncategorized | ဥဒါန်းပါဠိတော် | ငါသည် နောက်ကျုသော ရေတို့ကိုလည်းသောက်ရ၏။ |
1,335,311 | Uncategorized | ဥဒါန်းပါဠိတော် | ထိုငါသည် ယခုအခါ ဆင်ထီး ဆင်မ ဆင်ပေါက်ဆင်ငယ်တို့နှင့် မရောပြွမ်းဘဲ နေရ၏။ |
1,335,312 | Uncategorized | ဥဒါန်းပါဠိတော် | အဖျားမပြတ်သော မြက်တို့ကိုလည်း စားရ၏။ |
1,335,313 | Uncategorized | ဥဒါန်းပါဠိတော် | ငါ ချိုး၍ ချိုး၍ချသော သစ်ခက် သစ်ကိုင်းတို့ကိုလည်း ဆင်ငယ်တို့သည် မစားကုန်။ |
1,335,314 | Uncategorized | ဥဒါန်းပါဠိတော် | ကြည်လင်သော ရေတို့ကိုလည်းသောက်ရ၏။ |
1,335,315 | Uncategorized | ဥဒါန်းပါဠိတော် | ဆိပ်ကမ်းမှတက်သော ငါ၏ကိုယ်ကိုလည်း ဆင်မတို့သည် တိုးဝှေ့လျက် မသွားကုန်။ |
1,335,316 | Uncategorized | ဥဒါန်းပါဠိတော် | မရောပြွမ်းသောကြောင့် ချမ်းသာစွာ နေရ၏”ဟု ဤသို့ စိတ်အကြံ ဖြစ်၏။ |
1,335,317 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက် မြတ်စွာဘုရားသည် မိမိ၏ ကာယဝိဝေကကို သိ၍ ထိုဆင်ပြောင်ကြီး၏ စိတ်အကြံကိုလည်းမိမိစိတ်ဖြင့် သိတော်မူ၍ ထိုသိသောအချိန်၌- “ဘုရားတည်းဟူသော ဆင်ပြောင်ကြီးသည် တစ်ပါးတည်း တော၌ မွေ့လျော်ကုန်သကဲ့သို့ ဤဆင်ပြောင်ကြီးသည်လည်း တစ်စီးတည်း တော၌ မွေ့လျော်၏။ |
1,335,318 | Uncategorized | ဥဒါန်းပါဠိတော် | ထို့ကြောင့် မြတ်စွာဘုရားတည်းဟူသော ဆင်ပြောင်ကြီး၏ ထိုတစ်ပါးတည်း မွေ့လျော်သော စိတ်သည်လှည်းစွယ်ရန်းနှင့်တူသော အစွယ်ရှိသော ဆင်ပြောင်ကြီး၏ တစ်စီးတည်း မွေ့လျော်သော စိတ်နှင့်တူမျှ၏”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ |
1,335,319 | Uncategorized | ဥဒါန်းပါဠိတော် | -- ၆-ပိဏ္ဍောလသုတ် |
1,335,320 | Uncategorized | ဥဒါန်းပါဠိတော် | ၃၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ |
1,335,321 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အရညကင်ဓုတင် ပိဏ္ဍပါတ်ဓုတင် ပံသုကူဓုတင် တိစီဝရိတ်ဓုတင်ဆောင်ကာ အလိုနည်းသူ ရောင့်ရဲလွယ်သူ ဆိတ်ငြိမ်ရာသို့ ကပ်သူ မရောနှောသူ ထက်သန်သော ဝီရိယရှိသူ ဓုတင်တရားကို ဟောပြောတတ်သူ လွန်ကဲသော အရဟတ္တဖိုလ်သမာဓိ စိတ်ကို မပြတ်အားထုတ်သူ အသျှင်ပိဏ္ဍောလဘာရဒွါဇသည် မြတ်စွာဘုရား၏ မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ထက်ဝယ်ဖွဲ့ခွေ ထိ... |
1,335,322 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရားသည် အရညကင်ဓုတင် ပိဏ္ဍပါတ်ဓုတင် ပံသုကူဓုတင် တိစီဝရိတ်ဓုတင်ဆောင်ကာအလိုနည်းသူ ရောင့်ရဲလွယ်သူ ဆိတ်ငြိမ်ရာသို့ ကပ်သူ မရောနှောသူ ထက်သန်သော ဝီရိယရှိသူ ဓုတင်တရားကို ဟောပြောတတ်သူ လွန်ကဲသော အရဟတ္တဖိုလ်သမာဓိစိတ်ကို မပြတ်အားထုတ်သူ အသျှင်ပိဏ္ဍောလဘာရဒွါဇကို မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသည... |
1,335,323 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -"တစ်စုံတစ်ယောက်ကိုမျှ နှုတ်ဖြင့် မစွပ်စွဲခြင်းလည်းကောင်း၊ ကိုယ်ဖြင့် မညှဉ်း ဆဲခြင်းလည်းကောင်း၊ပါတိမောက္ခသီလ၌ စောင့်စည်းခြင်းလည်းကောင်း၊ ဘောဇဉ်၌ အတိုင်းအရှည်ကို သိခြင်းလည်းကောင်း၊ ဆိတ်ငြိမ်သော ကျောင်း အိပ်ရာ နေရာ၌ နေခြင်းလည်းကောင်း၊ လွန်ကဲသော စိတ်၌အားထုတ်... |
1,335,324 | Uncategorized | ဥဒါန်းပါဠိတော် | ၃၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည့်အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ |
1,335,325 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အလိုနည်းသူရောင့်ရဲလွယ်သူ ဆိတ်ငြိမ်ရာသို့ ကပ်သူ မရောနှောသူ ထက်သန်သော ဝီရိယရှိသူ လွန်ကဲသော စိတ်ကို မပြတ်အားထုတ်သူ အသျှင်သာရိပုတြာသည် မြတ်စွာဘုရား၏ မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေ၏။ |
1,335,326 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရားသည် အလိုနည်းသူ ရောင့်ရဲလွယ်သူ ဆိတ်ငြိမ်ရာသို့ ကပ်သူ မရောနှောသူ ထက်သန်သော ဝီရိယရှိသူ လွန်ကဲသော စိတ်ကို မပြတ်အားထုတ်သူ အသျှင်သာရိပုတြာကို မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသည်ကို မြင်တော်မူ၏။ |
1,335,327 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -"လွန်ကဲသော စိတ်ရှိလျက် မမေ့မလျော့မူ၍ အရဟတ္တမဂ်ဉာဏ်၏ လမ်းကြောင်း တရားတို့၌ ကျင့်ကာငြိမ်သက်စွာသောအခါ ခပ်သိမ်းသတိရှိသောတာဒိဂုဏ်နှင့် ပြည့်စုံသော ရဟန္တာပုဂ္ဂိုလ်အား စိုးရိမ်သောကတို့သည် မဖြစ်ကုန်”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ |
1,335,328 | Uncategorized | ဥဒါန်းပါဠိတော် | ၈-သုန္ဒရီသုတ် |
1,335,329 | Uncategorized | ဥဒါန်းပါဠိတော် | ၃၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ |
1,335,330 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် အရိုအသေပြုမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို ခံယူလျက် သင်္ကန်း ဆွမ်း ကျောင်းသူနာတို့၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်တို့ကို ရရှိ၏။ |
1,335,331 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းသံဃာသည်လည်း အရိုအသေပြုမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို ခံယူလျက် သင်္ကန်း ဆွမ်း ကျောင်းသူနာတို့၏ အထောက်အပံ့ဖြစ်သော ဆေး အသုံးအဆောင်တို့ကို ရရှိ၏။ |
1,335,332 | Uncategorized | ဥဒါန်းပါဠိတော် | သာသနာတော်မှပြင်ပဖြစ်သောတိတ္ထိပရိဗိုဇ်တို့သည်ကား အရိုအသေပြုမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို မခံယူကြကုန်ဘဲ သင်္ကန်း ဆွမ်း ကျောင်း သူနာတို့၏ အထောက်အပံ့ ဖြစ်သော ဆေးအသုံးအဆောင်တို့ကို မရရှိကုန်။ |
1,335,333 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ သာသနာတော်ပြင်ပမှဖြစ်သော ထိုတိတ္ထိပရိဗိုဇ်တို့သည် မြတ်စွာဘုရားအားလည်းကောင်း၊ ရဟန်းသံဃာအားလည်းကောင်း အရိုအသေပြုခံရသည်ကိုသည်းမခံနိုင်ကြသောကြောင့် သုန္ဒရီပရိဗိုဇ်မထံသို့ ချဉ်းကပ်လျက် သုန္ဒရီပရိဗိုဇ်မကို “နှမ သင်သည် ဆွေမျိုးတို့၏ အကျိုးကို ပြုခြင်းငှါ စွမ်းနိုင်၏”ဟု ပြောကုန်၏။ |
1,335,334 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်တို့ အကျွန်ုပ်သည် အဘယ်ကို ပြုရပါမည်နည်း¿ အကျွန်ုပ်သည် အဘယ်ကို ပြုခြင်းငှါ မစွမ်းနိုင်ဘဲ ရှိပါမည်နည်း¿ ဆွေမျိုးတို့၏ အကျိုးငှါ အကျွန်ုပ်၏ အသက်ကို စွန့်နိုင်ပါ၏ဟု (ပြောဆို၏)။ |
1,335,335 | Uncategorized | ဥဒါန်းပါဠိတော် | -- နှမသို့ ဖြစ်လျှင် ဇေတဝန်ကျောင်းသို့ မပြတ်သွားပါဟု ပြောကုန်၏။ |
1,335,336 | Uncategorized | ဥဒါန်းပါဠိတော် | “အသျှင်တို့ ကောင်းပါပြီ”ဟု သုန္ဒရီပရိဗိုဇ်မသည် ထိုသာသနာပြင်ပဖြစ်သောတိတ္ထိပရိဗိုဇ်တို့၏ (စကားကို) ဝန်ခံ၍ ဇေတဝန်ကျောင်းတော်သို့ မပြတ်သွား၏။ |
1,335,337 | Uncategorized | ဥဒါန်းပါဠိတော် | သာသနာပြင်ပဖြစ်သော ထိုတိတ္ထိပရိဗိုဇ်တို့သည် “သုန္ဒရီပရိဗိုဇ်မသည် ဇေတဝန်ကျောင်းသို့ မပြတ်သွားသည်ကို လူအများ မြင်၏”ဟု သိကြသောအခါ ထိုသုန္ဒရီပရိဗိုဇ်မကို သတ်၍ ထိုအရပ်၌ပင်လျှင်ဇေတဝန်ကျောင်းတော်အနီး (ပန်းမှိုက်စွန့်ရာ) မြောင်းထဲ၌ ပစ်ချထားပြီးလျှင် ပသေနဒီကောသလမင်းထံသို့ ချဉ်းကပ်လျက် ပသေနဒီကောသလမင်းကို “မင်းကြီး အကျွန်ုပ်တို့ သ... |
1,335,338 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်တို့သည် အဘယ်အရပ်၌ ယုံမှားကြပါသနည်းဟု (မေး၏)။ |
1,335,339 | Uncategorized | ဥဒါန်းပါဠိတော် | မင်းကြီး ဇေတဝန်ကျောင်း၌ ယုံမှားကြပါကုန်၏ဟု (ဆိုကြကုန်၏)။ |
1,335,340 | Uncategorized | ဥဒါန်းပါဠိတော် | သို့ ဖြစ်လျှင် ဇေတဝန်ကျောင်းကို့ (စူးစမ်း) ရှာ ဖွေကြကုန်လော့ဟု (ဆို၏)။ |
1,335,341 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ သာသနာပြင်ပဖြစ်သော ထိုတိတ္ထိပရိဗိုဇ်တို့သည် ဇေတဝန်ကျောင်းကို စူးစမ်း ရှာဖွေ၍ (မိမိတို့) ပစ်ချထားခဲ့သော အလောင်းကောင်ကို မြောင်းအတွင်းမှ ထုတ်လျက် ညောင်စောင်းငယ်သို့ တင် ပြီးလျှင်သာဝတ္ထိမြို့တွင်းသို့ သွင်းကြ၍ လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံ တစ်ခုသို့ ချဉ်းကပ်လျက် လူတို့ကို ကဲ့ရဲ့စေကုန်၏။ |
1,335,342 | Uncategorized | ဥဒါန်းပါဠိတော် | အမောင်တို့ သာကီဝင်မင်းသား ရဟန်းတို့၏ အမှုကို ကြည့်ကြကုန်လော့၊ ဤသာကီဝင်မင်းသားရဟန်းတို့သည် အရှက်မရှိကုန်။ |
1,335,343 | Uncategorized | ဥဒါန်းပါဠိတော် | သီလမရှိကုန်။ |
1,335,344 | Uncategorized | ဥဒါန်းပါဠိတော် | ယုတ်ညံ့သော သဘောရှိကုန်၏။ |
1,335,345 | Uncategorized | ဥဒါန်းပါဠိတော် | မဟုတ်မမှန် ပြောဆိုကုန်၏။ |
1,335,346 | Uncategorized | ဥဒါန်းပါဠိတော် | မမြတ်သောအကျင့်ကို ကျင့်ကြကုန်၏။ |
1,335,347 | Uncategorized | ဥဒါန်းပါဠိတော် | သို့ စဉ်လျက် ဤရဟန်းတို့သည် တရားကျင့်ကုန်၏။ |
1,335,348 | Uncategorized | ဥဒါန်းပါဠိတော် | ကိုယ်ကျင့်ကောင်းကုန်၏။ |
1,335,349 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်သောအကျင့်ကို ကျင့်ကြကုန်၏။ |
1,335,350 | Uncategorized | ဥဒါန်းပါဠိတော် | အမှန်ကို ပြောဆိုကြကုန်၏။ |
1,335,351 | Uncategorized | ဥဒါန်းပါဠိတော် | သီလရှိကုန်၏။ |
1,335,352 | Uncategorized | ဥဒါန်းပါဠိတော် | ကောင်းသော သဘောရှိကုန်၏ဟု ဝန်ခံကြကုန်ဘိသေး၏။ |
1,335,353 | Uncategorized | ဥဒါန်းပါဠိတော် | ဤရဟန်းတို့အား ရဟန်း၏အကျင့်သည် မရှိ၊ မြတ်သောအကျင့်သည် မရှိ၊ ဤရဟန်းတို့အား ရဟန်းအကျင့်သည် ပျောက်ကင်း၏။ |
1,335,354 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်သောအကျင့်သည် ပျောက်ကင်း၏။ |
1,335,355 | Uncategorized | ဥဒါန်းပါဠိတော် | ဤရဟန်းတို့အား ရဟန်းအကျင့်သည် အဘယ်မှာ ရှိအံ့နည်း¿ မြတ်သောအကျင့်သည် အဘယ်မှာ ရှိအံ့နည်း¿ ဤရဟန်းတို့သည် ရဟန်းအကျင့်မှ ကင်းကုန်၏။ |
1,335,356 | Uncategorized | ဥဒါန်းပါဠိတော် | ဤရဟန်းတို့သည် မြတ်သောအကျင့်မှ ကင်းကုန်၏။ |
1,335,357 | Uncategorized | ဥဒါန်းပါဠိတော် | ယောက်ျားသည် ယောက်ျား၏ အမှုကို ပြုပြီးလျှင်မိန်းမကို အဘယ့်ကြောင့် သတ်ရဘိသနည်းဟု (ကဲ့ရဲ့စေကုန်၏)။ |
1,335,358 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ၌သာဝတ္ထိမြို့တွင်းဝယ် လူတို့သည် ရဟန်းတို့ကို မြင်လျှင် မလျော်သော ကြမ်းတမ်းသော စကားတို့ဖြင့် ဆဲရေးကုန်၏။ |
1,335,359 | Uncategorized | ဥဒါန်းပါဠိတော် | ရေရွတ်ကုန်၏။ |
1,335,360 | Uncategorized | ဥဒါန်းပါဠိတော် | ညှဉ်းဆဲကုန်၏- ဤသာကီဝင်မင်းသားရဟန်းတို့သည် အရှက်မရှိကုန်။ |
1,335,361 | Uncategorized | ဥဒါန်းပါဠိတော် | ယုတ်မာသော သဘောရှိကုန်၏။ |
1,335,362 | Uncategorized | ဥဒါန်းပါဠိတော် | မဟုတ်မမှန် ပြောကုန်၏။ |
1,335,363 | Uncategorized | ဥဒါန်းပါဠိတော် | မမြတ်သောအကျင့်ကို ကျင့်ကုန်၏။ |
1,335,364 | Uncategorized | ဥဒါန်းပါဠိတော် | ကောင်းသော သဘော ရှိကုန်၏ဟူ၍ ဝန်ခံကုန်ဘိသေး၏။ |
1,335,365 | Uncategorized | ဥဒါန်းပါဠိတော် | ဤရဟန်းတို့အား ရဟန်း၏ အကျင့်သည်မရှိ၊ မြတ်သောအကျင့်သည် မရှိ၊ ဤရဟန်းတို့အား ရဟန်းအကျင့်သည် ပျောက်ကင်း၏။ |
1,335,366 | Uncategorized | ဥဒါန်းပါဠိတော် | ယောက်ျားသည် ယောက်ျား၏ အမှုကို ပြုပြီးလျှင် မိန်းမကို အဘယ့်ကြောင့် သတ်ရဘိသနည်းဟု (ကဲ့ရဲ့ကုန်၏)။ |
1,335,367 | Uncategorized | ဥဒါန်းပါဠိတော် | -- ထိုအခါ များစွာသော ရဟန်းတို့သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် သာဝတ္ထိမြို့သို့ ဆွမ်းခံဝင်ကုန်၏။ |
1,335,368 | Uncategorized | ဥဒါန်းပါဠိတော် | သာဝတ္ထိမြို့၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးနောက်ဆွမ်းခံရွာမှ ဖဲကြကုန်လျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေကြ ပြီးသော် မြတ်စွာဘုရားအား ဤသို့ လျှောက်ကုန်၏ - |
1,335,369 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား ယခုအခါ သာဝတ္ထိမြို့၌ လူတို့သည် ရဟန်းတို့ကို မြင်လျှင် မလျော်သော ကြမ်းတမ်းသော စကားတို့ဖြင့် ဆဲရေးပါကုန်၏။ |
1,335,370 | Uncategorized | ဥဒါန်းပါဠိတော် | ရေရွတ်ပါကုန်၏။ |
1,335,371 | Uncategorized | ဥဒါန်းပါဠိတော် | ခြုတ်ခြယ်ပါကုန်၏။ |
1,335,372 | Uncategorized | ဥဒါန်းပါဠိတော် | ညှဉ်းဆဲပါကုန်၏"ဤသာကီဝင်မင်းသား ရဟန်းတို့သည် အရှက်မရှိကုန်။ |
1,335,373 | Uncategorized | ဥဒါန်းပါဠိတော် | သို့ စဉ်လျက် ဤရဟန်းတို့သည် တရား ကျင့်ကုန်၏။ |
1,335,374 | Uncategorized | ဥဒါန်းပါဠိတော် | ကိုယ်ကျင့် ကောင်းကုန်၏။ |
1,335,375 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်သောအကျင့်ကို ကျင့်ကုန်၏။ |
1,335,376 | Uncategorized | ဥဒါန်းပါဠိတော် | ကောင်းသော သဘောရှိကုန်၏ဟူ၍ ဝန်ခံဘိကုန်သေး၏။ |
1,335,377 | Uncategorized | ဥဒါန်းပါဠိတော် | ဤရဟန်းတို့အား ရဟန်း၏ အကျင့်သည် မရှိ၊ မြတ်သောအကျင့်သည် မရှိ၊ ဤရဟန်းတို့အားရဟန်းအကျင့်သည် ပျောက်ကင်း၏။ |
1,335,378 | Uncategorized | ဥဒါန်းပါဠိတော် | ဤရဟန်းတို့အား့ရဟန်းအကျင့်သည် အဘယ်မှာ ရှိအံ့နည်း¿ မြတ်သောအကျင့်သည် အဘယ်မှာ ရှိအံ့နည်း¿ ဤရဟန်းတို့သည် ရဟန်းအကျင့်မှ ကင်းကုန်၏။ |
1,335,379 | Uncategorized | ဥဒါန်းပါဠိတော် | ယောက်ျားသည် ယောက်ျား၏ အမှုကို ပြုပြီးလျှင် မိန်းမကို အဘယ့်ကြောင့် သတ်ရဘိသနည်း”ဟု ကဲ့ရဲ့ကြပါကုန်၏ဟု (လျှောက်ကုန်၏)။ |
1,335,380 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းတို့ ထိုအသံသည် ကြာမြင့်စွာ မဖြစ်နိုင်၊ ခုနစ်ရက်မျှသာ ဖြစ်လိမ့်မည်၊ ခုနစ်ရက်လွန်လျှင်ကွယ်ပျောက်လိမ့်မည်။ |
1,335,381 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းတို့ ထိုသို့ ဖြစ်မူ ရဟန်းတို့ကို မြင်လျှင် မလျော်ကြမ်းတမ်းသော စကားတို့ဖြင့် ဆဲရေးကုန် ရေရွတ်ကုန် ခြုတ်ခြယ်ကုန် ညှဉ်းဆဲကုန်သော လူတို့ကို - |
1,335,382 | Uncategorized | ဥဒါန်းပါဠိတော် | “မဟုတ်မမှန်ပြောလေ့ရှိသူသည် ငရဲသို့ ကျရောက်ရ၏။ |
1,335,383 | Uncategorized | ဥဒါန်းပါဠိတော် | မကောင်းမှုပြုပြီးလျှင် ငါ မပြုဟု ဆိုသူသည်လည်း ငရဲသို့ ကျရောက်ရ၏။ |
1,335,384 | Uncategorized | ဥဒါန်းပါဠိတော် | ယုတ်ညံ့သော အမှုရှိကြသည့် ထိုသူနှစ်ယောက်တို့သည် ဤဘဝမှတစ်ပါးသောတမလွန်ဘဝ၌ တူမျှစွာ ဖြစ်ကြရကုန်၏”ဟု ဤဂါထာဖြင့်ပြန်လည်ချေပကြကုန်လော့ဟု (မိန့်တော်မူ၏)။ |
1,335,385 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက် ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ အထံ၌ ဤဂါထာကို သင်ပြီး၍ ရဟန်းတို့ကို မြင်လျှင်မလျော် ကြမ်းတမ်းသော စကားတို့ဖြင့် ဆဲရေးကုန် ရေရွတ်ကုန် ခြုတ်ခြယ်ကုန်ညှဉ်းဆဲကုန်သော လူတို့ကို ရဟန်းတို့သည် - |
1,335,386 | Uncategorized | ဥဒါန်းပါဠိတော် | ယုတ်ညံ့သော အမှုရှိကြသည့် ထိုသူနှစ်ယောက်တို့သည် ဤဘဝမှတစ်ပါးသောတမလွန်ဘဝ၌ တူမျှစွာ ဖြစ်ကြရကုန်၏”ဟု ဤဂါထာဖြင့် ပြန်လည် ချေပကြကုန်၏။ |
1,335,387 | Uncategorized | ဥဒါန်းပါဠိတော် | “ဤသာကီဝင်မင်းသား ရဟန်းတို့သည် အပြစ်မရှိကုန်။ |
1,335,388 | Uncategorized | ဥဒါန်းပါဠိတော် | ဤသာကီဝင်မင်းသား ရဟန်းတို့သည် (မကောင်းမှုကို) မပြုအပ်၊ ဤသာကီဝင်မင်းသား ရဟန်းတို့သည် ကျိန်စာဆိုကြပေကုန်၏”ဟု လူတို့အား ဤအကြံသည် ဖြစ်၏။ |
1,335,389 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအသံသည် ကြာမြင့်စွာ မဖြစ်တော့ပေ၊ ခုနစ်ရက်မျှသာလျှင် ဖြစ်၏။ |
1,335,390 | Uncategorized | ဥဒါန်းပါဠိတော် | ခုနစ်ရက်လွန်သောအခါ ကွယ်ပျောက်တော့၏။ |
1,335,391 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက် များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား အသျှင်ဘုရားအံ့ဩဖွယ် ကောင်းပါပေစွ၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရား မြတ်စွာဘုရားသည် “ရဟန်းတို့ ဤအသံသည် ကြာမြင့်စွာ မဖြစ်နိုင်၊ ခုနစ်ရက်မျှသာ ဖြစ်လိမ့်မည်၊ ခုနစ်ရ... |
1,335,392 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား ထိုအသံသည် ကွယ်ပျောက်သွားပါပြီဟု လျှောက်ကုန်၏။ |
1,335,393 | Uncategorized | ဥဒါန်းပါဠိတော် | -- ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -"စစ်မြေပြင်သို့ ရောက်သော ဆင်ပြောင်ကြီးကို မြားလှံကန်တို့ဖြင့် ထိုးဆွသကဲ့သို့ ကိုယ် နှုတ် နှလုံးမစောင့်စည်းသော လူတို့သည် သူတစ်ပါးတို့ကို နှုတ်လှံကန်ဖြင့် ထိုးဆွကုန်၏။ |
1,335,394 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းသည် သူတစ်ပါးတို့ ပြောဆိုအပ်သော ကြမ်းသော စကားကို ကြားရသောကြောင့် ဒေါသစိတ်မရှိဘဲသည်းခံရာ၏”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ |
1,335,395 | Uncategorized | ဥဒါန်းပါဠိတော် | ၉-ဥပသေနသုတ် |
1,335,396 | Uncategorized | ဥဒါန်းပါဠိတော် | ၃၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ |
1,335,397 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ ဝင်္ဂန္တပုဏ္ဏား၏သား အသျှင်ဥပသေနအား တစ်ယောက်တည်း ဆိတ်ငြိမ်ရာအရပ်သို့ ကိန်းအောင်းစဉ့်"ငါသည် အရတော်ပေစွ၊ ငါသည် ကောင်းစွာ ရအပ်ပေစွ၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ငါ၏ ဆရာပေတည်း။ |
1,335,398 | Uncategorized | ဥဒါန်းပါဠိတော် | ငါသည် လူ့ဘောင်မှ ထွက်ခဲ့၍ ကောင်းစွာ ဟောအပ်သော ဓမ္မဝိနယ ‘သာသနာတော်’၌ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့သူလည်း ဖြစ်၏။ |
1,335,399 | Uncategorized | ဥဒါန်းပါဠိတော် | ငါ၏ သီတင်းသုံးဖော်တို့သည်လည်း သီလရှိကုန်၏။ |
1,335,400 | Uncategorized | ဥဒါန်းပါဠိတော် | ကောင်းသော သဘောရှိကုန်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.