id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,335,401 | Uncategorized | ဥဒါန်းပါဠိတော် | ငါသည် သီလတို့၌ ဖြည့်ကျင့်ရသူလည်း ဖြစ်၏။ |
1,335,402 | Uncategorized | ဥဒါန်းပါဠိတော် | ငါသည် ကောင်းစွာ တည်ကြည်၍ မပြန့်လွင့်သော စိတ်ရှိသူလည်း ဖြစ်၏။ |
1,335,403 | Uncategorized | ဥဒါန်းပါဠိတော် | ငါသည် အာသဝေါကုန်ခန်းသော ရဟန္တာလည်း ဖြစ်၏။ |
1,335,404 | Uncategorized | ဥဒါန်းပါဠိတော် | ငါသည်ကြီးသောတန်ခိုးအာနုဘော်ရှိသူလည်း ဖြစ်၏။ |
1,335,405 | Uncategorized | ဥဒါန်းပါဠိတော် | ငါ့အား အသက်ရှင်ခြင်းသည်လည်းကောင်း၊ သေရခြင်းသည်လည်းကောင်း ကောင်း၏”ဟု ဤသို့ စိတ်အကြံဖြစ်၏။ |
1,335,406 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ဝင်္ဂန္တပုဏ္ဏား၏သား အသျှင်ဥပသေန၏ စိတ်အကြံကို မိမိစိတ်ဖြင့်ပိုင်းခြားသိ၍ ထိုသိသောအချိန်၌- “အကြင်ရဟန္တာပုဂ္ဂိုလ်ကို ရှိနေဆဲ အသက်သည်လည်း မနှိပ်စက်နိုင်၊ အကြင် ရဟန္တာ ပုဂ္ဂိုလ်သည် သေခါနီးအခါ၌လည်း မစိုးရိမ်၊ နိဗ္ဗာန်ကို မြင်ပြီးသော ပညာ ရှိသော ထိုရဟန္တာပုဂ္ဂိုလ်သည် စိုးရိမ်သူတို့အလယ်၌ မစိုးရိမ်ရတော့ပေ။ |
1,335,407 | Uncategorized | ဥဒါန်းပါဠိတော် | ဘဝတဏှာ ဖြတ်တောက်ပြီး၍ ငြိမ်သက်သော စိတ်ရှိသူအား ဇာတိတည်းဟူသော သံသရာသည်ကုန်ခဲ့ပြီ။ |
1,335,408 | Uncategorized | ဥဒါန်းပါဠိတော် | ထိုရဟန်းအား တစ်ဖန် ဘဝအသစ် မရှိတော့ပြီ”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ |
1,335,409 | Uncategorized | ဥဒါန်းပါဠိတော် | -- ၁၀-သာရိပုတ္တဥပသမသုတ် |
1,335,410 | Uncategorized | ဥဒါန်းပါဠိတော် | ၄၀။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ |
1,335,411 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရား၏ မနီးမဝေးအရပ်၌ မိမိ၏ ကိလေသာငြိမ်းအေးမှုကို ဆင်ခြင်လျက်ကိုယ်ကို ဖြောင့်မတ်စွာ ထားပြီးလျှင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေ၏။ |
1,335,412 | Uncategorized | ဥဒါန်းပါဠိတော် | မိမိ၏ ကိလေသာငြိမ်းအေးခြင်းကို ဆင်ခြင်လျက် မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထားပြီးလျှင်ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသော အသျှင်သာရိပုတြာကို မြတ်စွာဘုရား မြင်တော်မူ၏။ |
1,335,413 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -"ငြိမ်းအေးငြိမ်သက်သော စိတ်ရှိ၍ ဘဝတဏှာ ပြတ်ပြီးသော ရဟန်းအား ဇာတိတည်းဟူသော သံသရာသည်ကုန်ခဲ့ပြီ။ |
1,335,414 | Uncategorized | ဥဒါန်းပါဠိတော် | ထိုရဟန်းသည် မာရ်၏ အနှောင်အဖွဲ့မှ လွတ်လေတော့၏”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ |
1,335,415 | Uncategorized | ဥဒါန်းပါဠိတော် | လေးခုမြောက် မေဃိယဝဂ် ပြီး၏။ |
1,335,416 | Uncategorized | ဥဒါန်းပါဠိတော် | -- ၅-သောဏဝဂ် |
1,335,417 | Uncategorized | ဥဒါန်းပါဠိတော် | ၁-ပိယတရသုတ် |
1,335,418 | Uncategorized | ဥဒါန်းပါဠိတော် | ၄၁။ အကျွန်ုပ်သည်ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ |
1,335,419 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ ပသေနဒီကောသလမင်းသည်မလ္လိကာမိဖုရားနှင့်အတူ မြတ်သော ပြာသာဒ်ထက်၌ တည်နေ၏။ |
1,335,420 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ ပသေနဒီကောသလမင်းသည် မလ္လိကာမိဖုရားအား “မလ္လိကာ သင့်အား မိမိထက်ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက်ရှိသေးသလော”ဟု ပြောဆို၏။ |
1,335,421 | Uncategorized | ဥဒါန်းပါဠိတော် | မင်းကြီး ကျွန်တော်မအား မိမိထက်ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက်မျှ မရှိပါ၊ မင်းကြီး အရှင်မင်းကြီးအားမူ မိမိထက်ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက်ရှိပါသေးသလောဟု (မေး၏)။ |
1,335,422 | Uncategorized | ဥဒါန်းပါဠိတော် | မလ္လိကာ ငါ့အားလည်း မိမိထက်ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက်မျှ မရှိပါဟု (ပြောဆို၏)။ |
1,335,423 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက်ပသေနဒီကောသလမင်းသည် ပြာသာဒ်မှ သက်ဆင်း၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက်တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရားကို- အသျှင်ဘုရား ယနေ့ တပည့်တော်သည် မလ္လိကာမိဖုရားကြီးနှင့်အတူ မြတ်သော ပြာသာဒ်ထက်၌ တည်နေလျက် မလ္လိကာမိဖုရားကြီးကို “မလ္လိကာ သင့်အား မိမိထက်ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက်... |
1,335,424 | Uncategorized | ဥဒါန်းပါဠိတော် | ဤသို့ဆိုသော် မလ္လိကာမိဖုရားသည် တပည့်တော်ကို “မင်းကြီး ကျွန်တော်မအား မိမိထက်ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက်မျှ မရှိပါ၊ အရှင်မင်းကြီးအားမူ မိမိထက်ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက် ရှိပါသေးသလော”ဟု မေးပါ၏။ |
1,335,425 | Uncategorized | ဥဒါန်းပါဠိတော် | ဤသို့မေးသော် အသျှင်ဘုရား တပည့်တော်သည် မလ္လိကာ မိဖုရားကို “မလ္လိကာ ငါ့အားလည်း မိမိထက်ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက်မျှ မရှိ”ဟု ဤသို့ ပြောဆိုပါသည်ဟု (လျှောက်၏)။ |
1,335,426 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -"အလုံးစုံ အရပ်တို့သို့ စိတ်ဖြင့် အစဉ်လျှောက်၍ ရှာဖွေသော်လည်း မိမိထက်ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက်ကိုမျှ မရနိုင်၊ ဤသို့ သူတစ်ပါးတို့ထက် မိမိကိုယ်ကို အသီးအခြား ချစ်၏။ |
1,335,427 | Uncategorized | ဥဒါန်းပါဠိတော် | ထို့ကြောင့် မိမိအကျိုးစီးပွါး လိုလားသူသည် သူတစ်ပါးကို မညှဉ်းဆဲရာ”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ |
1,335,428 | Uncategorized | ဥဒါန်းပါဠိတော် | -- ၂-အပ္ပါယုကသုတ် |
1,335,429 | Uncategorized | ဥဒါန်းပါဠိတော် | ၄၂။ အကျွန်ုပ်သည်ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ |
1,335,430 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အသျှင်အာနန္ဒာသည်ညနေချမ်းအခါတစ်ယောက်တည်း ကိန်းအောင်းရာမှ ထလျက်မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်မြတ်စွာဘုရားကို ရှိခိုးလျက်တစ်ခုသောအရပ်၌ ထိုင်နေပြီးသော်မြတ်စွာဘုရားကို “အသျှင်ဘုရားအံ့ဩဖွယ်ရှိပါပေစွ၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရား မြတ်စွာဘုရား၏မယ်တော်သည်အလွန်နည်းသော အသက်ရှိ၏။ |
1,335,431 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရား မွေးဖွားပြီးနောက်ခုနစ်ရက်မြောက်၌ ကွယ်လွန်၍ တုသိတာနတ်ပြည်၌ ဖြစ်ပါ၏”ဟု လျှောက်၏။ |
1,335,432 | Uncategorized | ဥဒါန်းပါဠိတော် | အာနန္ဒာဟုတ်ပေ၏။ |
1,335,433 | Uncategorized | ဥဒါန်းပါဠိတော် | အာနန္ဒာ ဘုရားလောင်းမယ်တော်တို့သည် နည်းသော အသက်ရှိကုန်၏။ |
1,335,434 | Uncategorized | ဥဒါန်းပါဠိတော် | ဘုရားလောင်းကို ဖွားမြင်ပြီးနောက်ခုနစ်ရက်မြောက်၌ ကွယ်လွန်ကြ၍ တုသိတာနတ်ပြည်၌ ဖြစ်ကြရကုန်၏ဟု (မိန့်တော်မူ၏)။ |
1,335,435 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -"အကြင်သတ္တဝါတို့သည် ဖြစ်ဆဲဖြစ်ကုန်၏။ |
1,335,436 | Uncategorized | ဥဒါန်းပါဠိတော် | အကြင်သတ္တဝါတို့သည်လည်း နောင် ဖြစ်ကုန်လတ္တံ့။ |
1,335,437 | Uncategorized | ဥဒါန်းပါဠိတော် | ထိုသတ္တဝါအားလုံးသည်ခန္ဓာကိုယ်ကို ပယ်စွန့်၍ သွားကြကုန်လတ္တံ့။ |
1,335,438 | Uncategorized | ဥဒါန်းပါဠိတော် | လိမ္မာသူ ပညာရှိသည်ထိုအလုံးစုံပျက်စီးဆုံးရှုံးခြင်းကို သိမြင်၍ ပြင်းထန်သော လုံ့လရှိလျက်မြတ်သောအကျင့်ကို ကျင့်ရာ၏”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ |
1,335,439 | Uncategorized | ဥဒါန်းပါဠိတော် | ၃-သုပ္ပဗုဒ္ဓကုဋ္ဌိသုတ် |
1,335,440 | Uncategorized | ဥဒါန်းပါဠိတော် | ၄၃။ အကျွန်ုပ်သည်ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည့်ရှဉ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ |
1,335,441 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ ရာဇဂြိုဟ်ပြည်၌ သုပ္ပဗုဒ္ဓမည်သော လူနူသည်လူတကာတို့ထက်ဆင်းရဲသူ အထီးကျန်သူ ချို့တဲ့သူ ဖြစ်၏။ |
1,335,442 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ၌ မြတ်စွာဘုရားသည် များစွာသော ပရိသတ်ခြံရံ၍ တရားဟောလျက်နေတော်မူ၏။ |
1,335,443 | Uncategorized | ဥဒါန်းပါဠိတော် | သုပ္ပဗုဒ္ဓလူနူသည်စုဝေးနေသော ထိုလူအပေါင်းကို အဝေးကပင်မြင်၍ “ဤအရပ်၌ တစ်စုံတစ်ခုသော ခဲဖွယ်ကိုလည်းကောင်း၊ စားသောက်ဖွယ်ကိုလည်းကောင်း မချွတ်ဧကန်ဝေခြမ်းနေဟန်ရှိသည်၊ အကယ်၍ငါသည်ထိုလူအပေါင်းကို ချဉ်းကပ်ရမူ ဤအရပ်၌ တစ်စုံတစ်ခုသော ခဲဖွယ်ကိုလည်းကောင်း၊ စားဖွယ်ကိုလည်းကောင်း ရနိုင်ကောင်းတန်ရာ၏”ဟု အကြံဖြစ်၏။ |
1,335,444 | Uncategorized | ဥဒါန်းပါဠိတော် | -- ထို့နောက်သုပ္ပဗုဒ္ဓလူနူသည် လူအပေါင်းရှိရာသို့ ချဉ်းကပ်လေသော် များစွာသော ပရိသတ်ခြံရံ၍တရားဟောနေသော မြတ်စွာဘုရားကို မြင်သဖြင့် “ဤအရပ်၌ တစ်စုံတစ်ခုသော ခဲဖွယ်ကိုလည်းကောင်း၊ စားဖွယ်ကိုလည်းကောင်း ဝေခြမ်းနေသည်မဟုတ်၊ ဤရဟန်းဂေါတမသည်ပရိသတ်၌ တရားဟောနေ၏။ |
1,335,445 | Uncategorized | ဥဒါန်းပါဠိတော် | ငါသည်လည်း တရားနာရမူ ကောင်း၏”ဟု ကြံပြီးလျှင်ထိုအရပ်၌ပင် “ငါသည်လည်း တရားနာအံ့”ဟု တစ်ခုသောအရပ်၌ ထိုင်၏။ |
1,335,446 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် လူမျိုးစုံပါဝင်သော ပရိသတ်ကို စိတ်တော်ဖြင့် (ပရိသတ်) စိတ်ကို ပိုင်းခြားသိ၍ “ဤပရိသတ်၌ အဘယ်သူသည် တရားကို သိထိုက်သနည်း”ဟု နှလုံးသွင်းတော်မူ၏။ |
1,335,447 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရားသည် ထိုပရိသတ်၌ ထိုင်နေသော သုပ္ပဗုဒ္ဓလူနူကို မြင်၍ “ဤပရိသတ်၌ သုပ္ပဗုဒ္ဓလူနူသည်တရားကို သိခြင်းငှါ ထိုက်၏”ဟု ကြံပြီးလျှင်သုပ္ပဗုဒ္ဓလူနူကို အကြောင်းပြု၍အစဉ်အတိုင်းသောတရားကို ဟောတော်မူ၏။ |
1,335,448 | Uncategorized | ဥဒါန်းပါဠိတော် | ဤအစဉ်အတိုင်းသောတရားစကားဟူသည်အဘယ်နည်း¿ ဒါနနှင့်စပ်သောစကား သီလနှင့်စပ်သောစကား နတ်ပြည်နှင့်စပ်သောစကား ကာမဂုဏ်တို့၏ အပြစ်ယုတ်ညံ့ခြင်း ညစ်ညူးခြင်းနှင့်စပ်သောစကား ကာမဂုဏ်တို့မှထွက်မြောက်ခြင်း၌ အကျိုးနှင့်စပ်သောစကားတို့တည်း။ |
1,335,449 | Uncategorized | ဥဒါန်းပါဠိတော် | ထိုစကားများကို ထင်ရှားပြတော်မူ၏။ |
1,335,450 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရားသည် သုပ္ပဗုဒ္ဓလူနူ၌ ခံ့သော စိတ်နူးညံ့သော စိတ်အပိတ်အပင်'နီဝရဏ'မှ ကင်းသော စိတ်တက်ကြွသော စိတ် ယုံကြည်သော စိတ် ရှိသည်ကို သိတော်မူသောအခါ မြတ်စွာဘုရား၏ကိုယ်တိုင်ထုတ်ဖော်သိမြင်အပ်သော သာမုက္ကံသိက တရားဒေသနာတော်ဖြစ်သော ဆင်းရဲ ‘ဒုက္ခသစ္စာ'ကိုလည်းကောင်း၊ ဆင်းရဲဖြစ်ကြောင်း ‘သမုဒယသစ္စာ'ကိုလည်းကောင်း၊ ဆင်းရဲချုပ်ရာ ‘နိရော... |
1,335,451 | Uncategorized | ဥဒါန်းပါဠိတော် | မည်းနက်ခြင်း ကင်း၍ စင်ကြယ်သော အဝတ်သည်ဆိုးရည်ကို ကောင်းစွာ ခံယူသကဲ့သို့ ဤအတူသာလျှင် သုပ္ပဗုဒ္ဓလူနူအား ထိုနေရာ၌ပင်လျှင် “ဖြစ်ခြင်းသဘောရှိသောတရားသည်ချုပ်ခြင်းသဘော ရှိ၏”ဟု ကိလေသာမြူ အညစ်အကြေးကင်းသောတရားမျက်စိ ‘သောတာပတ္တိမဂ်ဉာဏ်'သည်ထင်ရှားဖြစ်ပေါ်၏။ |
1,335,452 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက်သုပ္ပဗုဒ္ဓလူနူသည်တရားသို့ ရောက်ပြီးသည်ဖြစ်၍ တရားကို သိပြီးသည်ဖြစ်၍ တရားသို့ သက်ဝင်ပြီးသည်ဖြစ်၍ ယုံမှားခြင်းကို ကူးမြောက်ပြီးသည်ဖြစ်၍ (သို့လောသို့လော) တွေးတောခြင်းကင်းပြီးသည်ဖြစ်၍ မြတ်စွာဘုရား၏ သာသနာ၌ ရဲရင့်ခြင်းသို့ ရောက်ပြီးသည်ဖြစ်၍ သူတစ်ပါးကိုအားထား၍ ယုံကြည်သည်မဟုတ်ဘဲကိုယ်တိုင်ပင်သိမြင်ပြီးဖြစ်၍ မြတ်စွာဘုရား... |
1,335,453 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေ၏။ |
1,335,454 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေ၏၊ အသျှင်ဘုရား ဥပမာအားဖြင့် မှောက်ထားသော ဝတ္ထုကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းအပ်သော ဝတ္ထုကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူ့အား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း “မျက်စိအမြင်ရှိသောသူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်”ဟု အမိုက်မှောင်၌ ဆီမီး... |
1,335,455 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား အကျွန်ုပ်သည်မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကိုလည်းကောင်း၊ ရဟန်းသံဃာတော်ကိုလည်းကောင်းကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ |
1,335,456 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရားသည် အကျွန်ုပ်ကို “ယနေ့မှစ၍အသက်ထက်ဆုံး ဘုရား တရား သံဃာတော်ကို ကိုးကွယ်ဆည်းကပ်သူ ဥပါသကာ”ဟုမှတ်တော်မူပါဟူ၍ (လျှောက်၏)။ |
1,335,457 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက်သုပ္ပဗုဒ္ဓလူနူသည်မြတ်စွာဘုရားသည် တရာစကားဖြင့် အကျိုးစီးပွါးကို ကောင်းစွာ ပြလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်း စေအပ်ပြီးသည်ရှိသော်မြတ်စွာဘုရား၏ စကားကို နှစ်သက်ဝမ်းမြောက်၍ နေရာမှ ထလျက်မြတ်စွာဘုရားကို ရှိခိုးပြီးလျှင်အရိုအသေပြုကာ ဖဲသွားလေ၏။ |
1,335,458 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက်ဖဲသွား၍ မကြာသေးသော သုပ္ပဗုဒ္ဓလူနူကို နို့စို့နွားငယ်ရှိသော နွားမသည်ဝှေ့၍ သတ်လေ၏။ |
1,335,459 | Uncategorized | ဥဒါန်းပါဠိတော် | -- ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင်တစ်ခုသောအရပ်၌ ထိုင်နေကြကုန်ပြီးသော်"မြတ်စွာဘုရား တရာစကားဖြင့် အကျိုးစီးပွါးကို ကောင်းစွာ ပြလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေအပ်သော သုပ္ပဗုဒ္ဓလူနူသည်ကွယ်လွန်ပါပြီ။ |
1,335,460 | Uncategorized | ဥဒါန်းပါဠိတော် | ထိုသုပ္ပဗုဒ္ဓလူနူ၏ လားရာဂတိကား အဘယ်ပါနည်း¿ တမလွန်ဘဝကားအဘယ်ပါနည်း”ဟု လျှောက်ကုန်၏။ |
1,335,461 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းတို့ သုပ္ပဗုဒ္ဓလူနူသည်ပညာရှိ၏။ |
1,335,462 | Uncategorized | ဥဒါန်းပါဠိတော် | တရားအားလျော်သောအကျင့်ကို ထိုးထွင်း၍ သိ၏။ |
1,335,463 | Uncategorized | ဥဒါန်းပါဠိတော် | တရားတည်းဟူသော အကြောင်းကြောင့် ငါဘုရားကို မပင်ပန်းစေ၊ ရဟန်းတို့ သုပ္ပဗုဒ္ဓလူနူသည်သံယောဇဉ်သုံးပါးတို့ကုန်ခြင်းကြောင့် ဖရိုဖရဲ ပျက်စီးကျရောက်ခြင်းသဘောမရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင်လဲလျောင်းရာရှိသော သောတာပန်ဖြစ်၏ဟု (မိန့်တော်မူ၏)။ |
1,335,464 | Uncategorized | ဥဒါန်းပါဠိတော် | ဤသို့ မိန့်တော်မူသော်ရဟန်းတစ်ပါးသည်မြတ်စွာဘုရားကို “အသျှင်ဘုရား သုပ္ပဗုဒ္ဓကလူနူသည်လူတကာတို့ထက်ဆင်းရဲရခြင်း အထီးကျန်ရခြင်း ချို့တဲ့ရခြင်း အကြောင်းကား အဘယ်ပါနည်း¿ အထောက်အပံ့ကား အဘယ်ပါနည်း”ဟု (လျှောက်၏)။ |
1,335,465 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား သုပ္ပဗုဒ္ဓလူနူသည်ဤရာဇဂြိုဟ်ပြည်၌ပင် သူဌေးသား ဖြစ်ဖူး၏။ |
1,335,466 | Uncategorized | ဥဒါန်းပါဠိတော် | ထိုသူဌေးသားသည်ဥယျာဉ်သို့ ထွက်လတ်သော် (ရာဇဂြိုဟ်) မြို့သို့ ဆွမ်းခံဝင်သောတဂ္ဂရသိခီပစ္စေကဗုဒ္ဓါကို မြင်၍ “ဤသူသည် အဘယ်သူနည်း¿ လူနူသည်လူနူအဝတ်ဖြင့် လှည့်လည်၏”ဟု ကြံစည်ပြီးလျှင်တံတွေးထွေးကာ အရိုအသေ မပြုဘဲ ဖဲသွား၏။ |
1,335,467 | Uncategorized | ဥဒါန်းပါဠိတော် | ထိုသူဌေးသားသည်ထိုကံ၏ အကျိုးကြောင့် အနှစ်အရာ အနှစ်အထောင်အနှစ်အသော င်းတို့ပတ်လုံး ငရဲ၌ ကျရောက်၏။ |
1,335,468 | Uncategorized | ဥဒါန်းပါဠိတော် | ထိုကံ၏ အကျိုးကြွင်းကြောင့် ပင်လျှင်ဤရာဇဂြိုဟ်ပြည်၌ လူတကာတို့ထက်ဆင်းရဲသော အထီးကျန်သော ချို့တဲ့သော လူနူဖြစ်၏။ |
1,335,469 | Uncategorized | ဥဒါန်းပါဠိတော် | ထိုလူနူသည်မြတ်စွာဘုရားဟောကြားအပ်သော သုတ်အဘိဓမ္မာ ဝိနည်းကိုမှီငြမ်းပြု၍ယုံကြည်မှု ‘သဒ္ဓါ'ကို ဆောက်တည်၏။ |
1,335,470 | Uncategorized | ဥဒါန်းပါဠိတော် | စောင့်ထိန်းမှု ‘သီလ'ကို ဆောက်တည်၏။ |
1,335,471 | Uncategorized | ဥဒါန်းပါဠိတော် | အကြားအမြင် ‘သုတ'ကို ဆောက်တည်၏။ |
1,335,472 | Uncategorized | ဥဒါန်းပါဠိတော် | စွန့်ကြဲမှု ‘စာဂ'ကို ဆောက်တည်၏။ |
1,335,473 | Uncategorized | ဥဒါန်းပါဠိတော် | ပညာကို ဆောက်တည်၏။ |
1,335,474 | Uncategorized | ဥဒါန်းပါဠိတော် | ထိုလူနူသည်မြတ်စွာဘုရား ဟောကြားအပ်သော သုတ်အဘိဓမ္မာ ဝိနည်းကိုမှီငြမ်းပြု၍ယုံကြည်မှု ‘သဒ္ဓါ'ကို ဆောက်တည်သောကြောင့် စောင့်ထိန်းမှု ‘သီလ'ကို အကြားအမြင် ‘သုတ'ကို စွန့်ကြဲမှု ‘စာဂ'ကို ပညာကို ဆောက်တည်သောကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော လားရာဖြစ်သောတာဝတိံသာနတ်တို့၏ အပေါင်းအဖော်ဖြစ်သော နတ်ပြည်သို့ ရောက်၏။ |
1,335,475 | Uncategorized | ဥဒါန်းပါဠိတော် | ထိုသုပ္ပဗုဒ္ဓလူနူသည်ထို တာဝတိံသာနတ်ပြည်၌ အဆင်းဖြင့်လည်းကောင်း၊ အခြံအရံဖြင့်လည်းကောင်း့တစ်ပါးသော နတ်တို့ထက် လွန်၍ တင့်တယ်၏ဟု (မိန့်တော်မူ၏)။ |
1,335,476 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -"မျက်စိအမြင်ရှိသူသည် လုံ့လဝီရိယရှိလတ်သော်မညီညွတ်သောအရပ်တို့ကို ရှောင်ကြဉ်သကဲ့သို့ ဤအတူ သတ္တလောက၌ ပညာရှိသောသူသည် မကောင်းမှုတို့ကို ကြဉ်ရှောင်ရာ၏”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ |
1,335,477 | Uncategorized | ဥဒါန်းပါဠိတော် | -- ၄-ကုမာရကသုတ် |
1,335,478 | Uncategorized | ဥဒါန်းပါဠိတော် | ၄၄။ အကျွန်ုပ်သည်ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ |
1,335,479 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ များစွာသောသူငယ်တို့သည်သာဝတ္ထိပြည်နှင့် ဇေတဝန်ကျောင်းတော်အကြား၌ ငါးဖမ်းနေကြကုန်၏။ |
1,335,480 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက်သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်တော်မူ၏။ |
1,335,481 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရားသည် သာဝတ္ထိပြည်နှင့်ဇေတဝန်ကျောင်းတော်အကြား၌ ငါးဖမ်းနေကြကုန်သော များစွာသောသူငယ်တို့ကို မြင်၍သူငယ်တို့ထံသို့ ချဉ်းကပ်ပြီးလျှင်သူငယ်တို့ကို “သူငယ်တို့ သင်တို့သည် ဆင်းရဲကို မနှစ်သက်ကြမူ၍ဆင်းရဲမှ ကြောက်ကြကုန်၏ လော”ဟု (မိန့်တော်မူ၏)။ |
1,335,482 | Uncategorized | ဥဒါန်းပါဠိတော် | မှန်ပါသည်အသျှင်ဘုရား၊ အသျှင်ဘုရားတပည့်တော်တို့သည် ဆင်းရဲကို မနှစ်သက်ကြမူ၍ ဆင်းရဲမှ ကြောက်ကြပါကုန်၏”ဟု (လျှောက်ကုန်၏)။ |
1,335,483 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက်မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “သင်တို့သည် အကယ်၍ ဆင်းရဲမှ ကြောက်ကုန်မူ ဆင်းရဲကို မနှစ်သက်ကြကုန်မူ မျက်မှောက်၌ ဖြစ်စေ၊ မျက်ကွယ်၌ ဖြစ်စေ မကောင်းမှုကို မပြုကြကုန်လင့်၊ သင်တို့သည် ယုတ်မာသော မကောင်းမှုကံကို ယခုလည်းပြု နောင်လည်း ပြုမည်ဖြစ်ကြမူ ဖဲရှောင်ထွက်ပြေးကုန်သော်လည်း သင်တို့အား ဆင်းရ... |
1,335,484 | Uncategorized | ဥဒါန်းပါဠိတော် | ၅-ဥပေါသထသုတ် |
1,335,485 | Uncategorized | ဥဒါန်းပါဠိတော် | ၄၅။ အကျွန်ုပ်သည်ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း မိဂါရမာတာဝိသာခါ၏ ပြာသာဒ်၌ သီတင်းသုံးနေတော်မူ၏။ |
1,335,486 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ထိုဥပုသ်နေ့၌ ရဟန်းသံဃာခြံရံလျက် နေတော်မူ၏။ |
1,335,487 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အသျှင်အာနန္ဒာသည် ညဉ့်နက်သည်ဖြစ်၍ ပဌမယံလွန်လတ်သော် နေရာမှ ထကာ လက်ဝဲတစ်ဖက်ပခုံးထက်၌ ဧကသီကို စံပယ်တင်၍ မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီလျက် ဤစကားကို လျှောက်၏ “အသျှင်ဘုရား ညဉ့်နက်ပါပြီ။ |
1,335,488 | Uncategorized | ဥဒါန်းပါဠိတော် | ပဌမယံ လွန်ပါပြီ။ |
1,335,489 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းသံဃာထိုင်နေရသည်မှာကြာမြင့်ပါပြီ။ |
1,335,490 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းတို့အားပါတိမောက်ကို ပြတော်မူပါ”ဟု လျှောက်သော် မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေတော်မူ၏။ |
1,335,491 | Uncategorized | ဥဒါန်းပါဠိတော် | -- နှစ်ကြိမ်မြောက်လည်း အသျှင်အာနန္ဒာသည် ညဉ့်နက်သည်ဖြစ်၍ မဇ္ဈိမယံလွန်လတ်သော် နေရာမှ ထကာလက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍ မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီလျက်"အသျှင်ဘုရား ညဉ့်နက်ပါပြီ။ |
1,335,492 | Uncategorized | ဥဒါန်းပါဠိတော် | မဇ္ဈိမယံ လွန်ပါပြီ။ |
1,335,493 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းသံဃာထိုင်နေရသည်မှာ ကြာမြင့်ပါပြီ။ |
1,335,494 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းတို့အားပါတိမောက်ကို ပြတော်မူပါ”ဟု လျှောက်၏။ |
1,335,495 | Uncategorized | ဥဒါန်းပါဠိတော် | သုံးကြိမ်မြောက်လည်း အသျှင်အာနန္ဒာသည် ညဉ့်နက်သဖြင့် ပစ္ဆိမယံလွန်၍ နှစ်သက်ဖွယ်မျက်နှာကဲ့သို့ အရုဏ်တက်လတ်သော် နေရာမှ ထကာ လက်ဝဲတစ်ဖက်ပခုံးထက်၌ ဧကသီကို စံပယ်တင်၍မြတ်စွာဘုရား ရှိရာသို့ လက်အုပ်ချီလျက် “အသျှင်ဘုရား ညဉ့်နက်ပါပြီ။ |
1,335,496 | Uncategorized | ဥဒါန်းပါဠိတော် | ပစ္ဆိမယံလွန်၍ နှစ်သက်ဖွယ်မျက်နှာကဲ့သို့ အရုဏ်တက်ပါပြီ။ |
1,335,497 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းသံဃာထိုင်နေရသည်မှာ ကြာမြင့်လှပါပြီ။ |
1,335,498 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရားမြတ်စွာဘုရားသည် ရဟန်းတို့အားပါတိမောက်ကို ပြတော်မူပါ”ဟု လျှောက်ထား၏။ |
1,335,499 | Uncategorized | ဥဒါန်းပါဠိတော် | အာနန္ဒာ ပရိသတ်မစင်ကြယ်သေးဟု (မိန့်တော်မူ၏)။ |
1,335,500 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ “မြတ်စွာဘုရားက အဘယ်သူကို ရည်၍ ‘အာနန္ဒာ ပရိသတ်မစင်ကြယ်သေး’ဟု “ မိန့်တော်မူသနည်းဟု အသျှင်မဟာမောဂ္ဂလ္လာန်အား အကြံဖြစ်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.