id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,335,801
Uncategorized
ဥဒါန်းပါဠိတော်
တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ ရှိကုန်သော သမဏဗြာဟ္မဏ့အချို့တို့သည် ရှိကုန်၏။
1,335,802
Uncategorized
ဥဒါန်းပါဠိတော်
ထို့ပြင် “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်လည်း ဖြစ်၏။
1,335,803
Uncategorized
ဥဒါန်းပါဠိတော်
မဖြစ်လည်းမဖြစ်၊ ဤအယူသာမှန်၏။
1,335,804
Uncategorized
ဥဒါန်းပါဠိတော်
ထို့ပြင် “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်၊ ဤအယူသာမှန်၏။
1,335,805
Uncategorized
ဥဒါန်းပါဠိတော်
ထိုသမဏဗြာဟ္မဏတို့သည် ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန် ဆန့်ကျင်ဘက်စကား ပြောဆိုကြကုန်လျက် “ဤသဘောကား တရားဟုတ်၏။
1,335,806
Uncategorized
ဥဒါန်းပါဠိတော်
ဤသဘောကား တရားမဟုတ်။
1,335,807
Uncategorized
ဥဒါန်းပါဠိတော်
ဤသဘောကား တရားမဟုတ်၊ ဤသဘောကား တရားဟုတ်၏”ဟု အချင်းချင်း နှုတ်လှံထိုးလျက် နေကြကုန်၏။
1,335,808
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ များစွာသော ရဟန်းတို့သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ကုန်၏။
1,335,809
Uncategorized
ဥဒါန်းပါဠိတော်
သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်၍ဆွမ်းခံပြီးနောက် ဆွမ်းခံရွာမှ ဖဲကြကုန်လျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေကြကုန်ပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရားအထူးထူးသော အယူ အထူးထူးသော အလို ‘ဆန္ဒ’ အထူးထူးသော နှစ်သက်ခြင်းရှိကုန်၍ အထူးထူးသော အယူတည်းဟူသောမှီရာကိုမှီတတ်ကုန်သော များစွာသ...
1,335,810
Uncategorized
ဥဒါန်းပါဠိတော်
တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိပါကုန်၏။
1,335,811
Uncategorized
ဥဒါန်းပါဠိတော်
ပ။ ထိုသမဏဗြာဟ္မဏအချို့တို့သည် ငြင်းခုံကြကုန်ခိုက်ရန်ဖြစ်ကြကုန် ဆန့်ကျင်ဘက်စကား ပြောဆိုကြကုန်လျက် ‘ဤသဘောကား တရားဟုတ်၏။
1,335,812
Uncategorized
ဥဒါန်းပါဠိတော်
ဤသဘောကား တရားမဟုတ်၊ ဤသဘောကား တရားဟုတ်၏’ဟု အချင်းချင်း နှုတ်လှံထိုးလျက် နေကြပါကုန်သည်”ဟု ဤစကားကို လျှောက်ကုန်၏။
1,335,813
Uncategorized
ဥဒါန်းပါဠိတော်
ရဟန်းတို့ သာသနာပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့သည် ကန်းကုန် ပညာမျက်စိမရှိကုန်သည်ဖြစ်၍အကျိုးကို မသိကုန် အကျိုးမဲ့ကို မသိကုန် တရားကို မသိကုန် တရားမဟုတ်သည်ကို မသိကုန်။
1,335,814
Uncategorized
ဥဒါန်းပါဠိတော်
ထိုသူတို့သည် အကျိုးကို မသိကုန်ဘဲ အကျိုးမဲ့ကို မသိကုန်ဘဲ တရားကို မသိကုန်ဘဲ တရားမဟုတ်သည်ကို မသိကုန်ဘဲ “ဤသဘောကား တရားဟုတ်၏။
1,335,815
Uncategorized
ဥဒါန်းပါဠိတော်
ဤသဘောကား တရားမဟုတ်၊ ဤသဘောကားတရားမဟုတ်၊ ဤသဘောကား တရားဟုတ်၏”ဟု ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန် ဆန့်ကျင်ဘက်စကား ပြောဆိုကြကုန်လျက် အချင်းချင်း နှုတ်လှံထိုးလျက် နေကြကုန်၏။
1,335,816
Uncategorized
ဥဒါန်းပါဠိတော်
ရဟန်းတို့ ဤသာဝတ္ထိပြည်၌သာလျှင် တစ်ဦးသော မင်းသည် ရှေးကဖြစ်ဖူး၏။
1,335,817
Uncategorized
ဥဒါန်းပါဠိတော်
ရဟန်းတို့ ထိုအခါ ထိုမင်းသည် မင်းချင်းယောက်ျားတစ်ယောက်ကို “အချင်းယောက်ျား လာလော့၊ သာဝတ္ထိပြည်၌ ရှိကြသည့်သူကန်းအားလုံးတို့ကို တစ်ပေါင်းတည်း စုဝေးစေလော့”ဟု အမိန့်ပေး၏။
1,335,818
Uncategorized
ဥဒါန်းပါဠိတော်
ရဟန်းတို့ ထိုယောက်ျားသည် “အရှင်မင်းကြီး ကောင်းပါပြီ”ဟု ထိုမင်း၏စကားကို ဝန်ခံ၍ သာဝတ္ထိပြည်တွင်းရှိ သူကန်းအားလုံးတို့ကို ခေါ်ယူ၍ ထိုမင်းကြီးထံသို့ ချဉ်းကပ်လျက် ထိုမင်းကြီးကို “အရှင်မင်းကြီး သာဝတ္ထိပြည်တွင်းရှိသူကန်းအားလုံးတို့ကို စည်းဝေးစေအပ်ပါပြီ”ဟု သံတော်ဦးတင်၏။
1,335,819
Uncategorized
ဥဒါန်းပါဠိတော်
အချင်းသို့ ဖြစ်လျှင်သူကန်းတို့အား ဆင်ကို ပြလော့ဟု အမိန့်ပေး၏။
1,335,820
Uncategorized
ဥဒါန်းပါဠိတော်
ရဟန်းတို့ ထိုမင်းချင်းယောက်ျားသည် “အရှင်မင်းကြီးကောင်းပါပြီ”ဟု ထိုမင်းကြီး၏ စကားကို ဝန်ခံ၍ သူကန်းတို့အား ဆင်ကို ပြ၏-
1,335,821
Uncategorized
ဥဒါန်းပါဠိတော်
-- “သူကန်းတို့ ဆင်ကား ဤသဘောရှိ၏”ဟု သူကန်းအချို့တို့အား ဆင်၏ ဦးခေါင်းကို ပြ၏။
1,335,822
Uncategorized
ဥဒါန်းပါဠိတော်
“သူကန်းတို့ ဆင်ကား ဤသဘောရှိ၏”ဟု သူကန်းအချို့တို့အား ဆင်၏ နားကို ပြ၏။
1,335,823
Uncategorized
ဥဒါန်းပါဠိတော်
“သူကန်းတို့ဆင်ကား ဤသဘောရှိ၏”ဟု သူကန်းအချို့တို့အား ဆင်၏ အစွယ်ကို ပြ၏။
1,335,824
Uncategorized
ဥဒါန်းပါဠိတော်
“သူကန်းတို့ ဆင်ကား့ဤသဘောရှိ၏”ဟု သူကန်းအချို့တို့အား ဆင်၏ နှာမောင်းကို ပြ၏။
1,335,825
Uncategorized
ဥဒါန်းပါဠိတော်
“သူကန်းတို့ ဆင်ကား ဤသဘောရှိ၏”ဟု သူကန်းအချို့တို့အား ဆင်၏ကိုယ်ကို ပြ၏။
1,335,826
Uncategorized
ဥဒါန်းပါဠိတော်
“သူကန်းတို့ ဆင်ကား ဤသဘောရှိ၏”ဟု သူကန်း အချို့တို့အား ဆင်၏ ခြေထောက်ကို ပြ၏။
1,335,827
Uncategorized
ဥဒါန်းပါဠိတော်
“သူကန်းတို့ ဆင်ကားဤသဘောရှိ၏”ဟု သူကန်းအချို့တို့အား ဆင်၏ ပေါင်ကို ပြ၏။
1,335,828
Uncategorized
ဥဒါန်းပါဠိတော်
“သူကန်းတို့ ဆင်ကားဤသဘောရှိ၏”ဟု သူကန်း အချို့တို့အား ဆင်၏။
1,335,829
Uncategorized
ဥဒါန်းပါဠိတော်
မီးတံကို ပြ၏။
1,335,830
Uncategorized
ဥဒါန်းပါဠိတော်
“သူကန်းတို့ ဆင်ကားဤသဘောရှိ၏”ဟု သူကန်းအချို့တို့အား ဆင်၏။
1,335,831
Uncategorized
ဥဒါန်းပါဠိတော်
မီးဆံကို ပြ၏။
1,335,832
Uncategorized
ဥဒါန်းပါဠိတော်
ရဟန်းတို့ ထို့နောက် ထိုမင်းချင်းယောက်ကျ်ားသည် သူကန်းတို့အား ဆင်ကို ပြပြီးလျှင် ထိုမင်း ရှိရာသို့ ချဉ်းကပ်၍ ထိုမင်းကို “အရှင်မင်းကြီး ထိုသူကန်းတို့သည် ဆင်ကို တွေ့မြင်အပ်ပါပြီ။
1,335,833
Uncategorized
ဥဒါန်းပါဠိတော်
ယခုအခါ သွားရန်အချိန် အခါ ကို သိတော်မူပါလော့”ဟု လျှောက်၏။
1,335,834
Uncategorized
ဥဒါန်းပါဠိတော်
ရဟန်းတို့ ထို့နောက် ထိုမင်းကြီးသည် ထိုသူကန်းတို့ထံသို့ ချဉ်းကပ်၍ ထိုသူကန်းတို့ကို “သူ ကန်းတို့သင်တို့သည် ဆင်ကို မြင်ကြကုန်ပြီလော”ဟု (မိန့်တော်မူ၏)။
1,335,835
Uncategorized
ဥဒါန်းပါဠိတော်
အရှင်မင်းကြီးမှန်ပါ၏။
1,335,836
Uncategorized
ဥဒါန်းပါဠိတော်
အကျွန်ုပ်တို့သည် ဆင်ကို မြင်ဖူးပါကုန်ပြီဟု သံတော်ဦးတင်ကုန်၏။
1,335,837
Uncategorized
ဥဒါန်းပါဠိတော်
သူကန်းတို့ ပြောကြကုန်လော့၊ ဆင်ကား အဘယ်သို့ သဘောရှိကုန်သနည်းဟု (မိန့်၏)။
1,335,838
Uncategorized
ဥဒါန်းပါဠိတော်
ရဟန်းတို့ဆင်၏ ဦးခေါင်းကို စမ်းသပ်မိသောသူကန်းတို့က “အရှင်မင်းကြီး ဆင်သည် ရေအိုးနှင့် တူပါ၏”ဟု ဤသို့ သံတော်ဦးတင်ကုန်၏။
1,335,839
Uncategorized
ဥဒါန်းပါဠိတော်
ရဟန်းတို့ ဆင်၏ နားရွက်ကို စမ်းသပ်မိသောသူကန်းတို့က “အရှင်မင်းကြီး ဆင်သည် ဗန်းဆန်ကောနှင့် တူပါ၏”ဟု ဤသို့ သံတော်ဦးတင်ကုန်၏။
1,335,840
Uncategorized
ဥဒါန်းပါဠိတော်
ရဟန်းတို့ ဆင်၏ အစွယ်ကို စမ်းသပ်မိသောသူကန်းတို့က “အရှင်မင်းကြီး ဆင်သည် ထွန်သွားနှင့်တူပါ၏”ဟု ဤသို့ သံတော်ဦးတင်ကုန်၏။
1,335,841
Uncategorized
ဥဒါန်းပါဠိတော်
ရဟန်းတို့ ဆင်၏ နှာမောင်းကို စမ်းသပ်မိသောသူကန်းတို့က “အရှင်မင်းကြီး ဆင်သည် ထွန်သံနှင့်တူပါ၏”ဟု ဤသို့ သံတော်ဦးတင်ကုန်၏။
1,335,842
Uncategorized
ဥဒါန်းပါဠိတော်
ရဟန်းတို့ ဆင်၏ကိုယ်ကို စမ်းသပ်မိသောသူကန်းတို့က “အရှင်မင်းကြီး ဆင်သည် ကျီကြနံရံနှင့်တူပါ၏”ဟု ဤသို့ သံတော်ဦးတင်ကုန်၏။
1,335,843
Uncategorized
ဥဒါန်းပါဠိတော်
ရဟန်းတို့ ဆင်၏ ခြေထောက်ကို စမ်းသပ်မိသောသူကန်းတို့က “အရှင်မင်းကြီး ဆင်သည် တိုင်နှင့်တူပါ၏”ဟု ဤသို့ သံတော်ဦးတင်ကုန်၏။
1,335,844
Uncategorized
ဥဒါန်းပါဠိတော်
ရဟန်းတို့ ဆင်၏ ပေါင်ကို စမ်းသပ်မိသောသူကန်းတို့က “အရှင်မင်းကြီး ဆင်သည် လက်ဆုံနှင့်တူပါ၏”ဟု ဤသို့ သံတော်ဦးတင်ကုန်၏။
1,335,845
Uncategorized
ဥဒါန်းပါဠိတော်
ရဟန်းတို့ ဆင်၏။
1,335,846
Uncategorized
ဥဒါန်းပါဠိတော်
မီးတံကို စမ်းသပ်မိသောသူကန်းတို့က “အရှင်မင်းကြီး ဆင်သည် ကျည်ပွေ့နှင့်တူပါ၏”ဟု ဤသို့ သံတော်ဦးတင်ကုန်၏။
1,335,847
Uncategorized
ဥဒါန်းပါဠိတော်
-- ရဟန်းတို့ ဆင်၏။
1,335,848
Uncategorized
ဥဒါန်းပါဠိတော်
မီးဆံကို စမ်းသပ်မိသောသူကန်းတို့က “အရှင်မင်းကြီး ဆင်သည် တံမြက်စည်းနှင့် တူပါ၏”ဟု ဤသို့ သံတော်ဦးတင်ကုန်၏။
1,335,849
Uncategorized
ဥဒါန်းပါဠိတော်
ထိုသူကန်းတို့သည် “ဆင်သည် ဤသဘောရှိ၏။
1,335,850
Uncategorized
ဥဒါန်းပါဠိတော်
ဆင်သည် ဤသဘောမရှိ၊ ဤသဘောရှိသည်ကားဆင်မဟုတ်၊ ဤသဘောရှိသည်ကား ဆင်တည်း”ဟု အချင်းချင်း လက်သီးဆုပ်တို့ဖြင့် ထိုးကြိတ်ကုန်၏။
1,335,851
Uncategorized
ဥဒါန်းပါဠိတော်
ရဟန်းတို့ ထိုသို့ ထိုးကြိတ်သောအခါ ထိုမင်းသည် ဝမ်းမြောက်ဝမ်းသာ ရယ်မောလေ၏။
1,335,852
Uncategorized
ဥဒါန်းပါဠိတော်
ရဟန်းတို့ ဤအတူပင် သာသနာတော်မှ ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့သည် ကန်းကုန်သည်ပညာမျက်စိမရှိကုန်သည်ဖြစ်၍ အကျိုးကို မသိကုန်။
1,335,853
Uncategorized
ဥဒါန်းပါဠိတော်
အကျိုးမဲ့ကို မသိကုန်။
1,335,854
Uncategorized
ဥဒါန်းပါဠိတော်
တရားကို မသိကုန်။
1,335,855
Uncategorized
ဥဒါန်းပါဠိတော်
တရားမဟုတ်သည်ကို မသိကုန်။
1,335,856
Uncategorized
ဥဒါန်းပါဠိတော်
ထိုသူတို့သည် အကျိုးကို မသိကုန်ဘဲ အကျိုးမဲ့ကို မသိကုန်ဘဲ တရားကို မသိကုန်ဘဲ တရားမဟုတ်သည်ကို မသိကုန်ဘဲ “ဤသဘောကား တရားတည်း၊ ဤသဘောကား တရား့မဟုတ်၊ ဤသဘောကား တရားမဟုတ်၊ ဤသဘောကား တရားတည်း”ဟု ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန် ဆန့်ကျင်ဘက်စကားကို ပြောဆိုကြကုန်လျက် အချင်းချင်း နှုတ်လှံထိုးလျက် နေကြကုန်၏။
1,335,857
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “အချို့ကုန်သော သမဏဗြာဟ္မဏတို့သည် အနှစ်မရှိသည့် ဤမိစ္ဆာအယူတို့၌ နှစ်သက်စွဲလမ်းကပ်ငြိကုန်ဘိ၏။
1,335,858
Uncategorized
ဥဒါန်းပါဠိတော်
(ဆင်ကို) တစ်စိတ်တစ်ဒေသ စမ်းသပ်မိကြသည့် သူကန်းတို့ကဲ့သို့ အချင်းချင်းဆန့်ကျင်ဘက်ပြုကာ ငြင်းခုံကြကုန်၏”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
1,335,859
Uncategorized
ဥဒါန်းပါဠိတော်
၅-ဒုတိယနာနာတိတ္ထိယသုတ်
1,335,860
Uncategorized
ဥဒါန်းပါဠိတော်
၅၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
1,335,861
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ အထူးထူးသော အယူ အထူးထူးသော အလို ‘ဆန္ဒ’ အထူးထူးသော နှစ်သက်ခြင်းရှိကြ၍ အထူးထူးသော အယူတည်းဟူသောမှီရာကိုမှီတတ်ကုန်သော များစွာသောတိတ္ထိသမဏ, ဗြာဟ္မဏပရိဗိုဇ်အမျိုးမျိုးတို့သည်သာဝတ္ထိပြည်၌ နေကြကုန်၏။
1,335,862
Uncategorized
ဥဒါန်းပါဠိတော်
“အတ္တသည်လည်းကောင်း လောကသည်လည်းကောင်း မြဲ၏။
1,335,863
Uncategorized
ဥဒါန်းပါဠိတော်
“အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မမြဲ၊ ဤအယူသာမှန်၏။
1,335,864
Uncategorized
ဥဒါန်းပါဠိတော်
“အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲလည်းမြဲ၏။
1,335,865
Uncategorized
ဥဒါန်းပါဠိတော်
မမြဲလည်းမမြဲ၊ ဤအယူသာမှန်၏။
1,335,866
Uncategorized
ဥဒါန်းပါဠိတော်
“အတ္တသည်လည်းကောင်းလောကသည်လည်းကောင်း မြဲသည်လည်း မဟုတ်၊ မမြဲသည်လည်း မဟုတ်၊ ဤအယူသာမှန်၏။
1,335,867
Uncategorized
ဥဒါန်းပါဠိတော်
တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏ အချို့တို့သည် ရှိကုန်၏။
1,335,868
Uncategorized
ဥဒါန်းပါဠိတော်
-- “အတ္တကိုလည်းကောင်း လောကကိုလည်းကောင်း မိမိပြုအပ်၏။
1,335,869
Uncategorized
ဥဒါန်းပါဠိတော်
တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။
1,335,870
Uncategorized
ဥဒါန်းပါဠိတော်
“အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း သူတစ်ပါးသည် ပြုအပ်၏။
1,335,871
Uncategorized
ဥဒါန်းပါဠိတော်
“အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်းမိမိလည်း ပြုအပ်၏။
1,335,872
Uncategorized
ဥဒါန်းပါဠိတော်
သူတစ်ပါးလည်း ပြုအပ်၏။
1,335,873
Uncategorized
ဥဒါန်းပါဠိတော်
“အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း မိမိလည်း မပြုအပ်၊ သူတစ်ပါးလည်း မပြုအပ်၊ တစ်စုံတစ်ခုသော အကြောင်းကို မစွဲမူ၍ ဖြစ်၏။
1,335,874
Uncategorized
ဥဒါန်းပါဠိတော်
“အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲ၏။
1,335,875
Uncategorized
ဥဒါန်းပါဠိတော်
ချမ်းသာဆင်းရဲ ရှိ၏။
1,335,876
Uncategorized
ဥဒါန်းပါဠိတော်
တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။
1,335,877
Uncategorized
ဥဒါန်းပါဠိတော်
“အတ္တသည်လည်းကောင်း လောကသည်လည်းကောင်း မမြဲ၊ ချမ်းသာ ဆင်းရဲရှိ၏။
1,335,878
Uncategorized
ဥဒါန်းပါဠိတော်
မမြဲလည်းမမြဲ၊ ချမ်းသာဆင်းရဲ ရှိ၏။
1,335,879
Uncategorized
ဥဒါန်းပါဠိတော်
“အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်းမြဲသည်လည်း မဟုတ်၊ မမြဲသည်လည်း မဟုတ်၊ ချမ်းသာ, ဆင်းရဲ ရှိ၏။
1,335,880
Uncategorized
ဥဒါန်းပါဠိတော်
“အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း မိမိပြုအပ်၏။
1,335,881
Uncategorized
ဥဒါန်းပါဠိတော်
“အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း သူတစ်ပါး ပြုအပ်၏။
1,335,882
Uncategorized
ဥဒါန်းပါဠိတော်
ချမ်းသာ, ဆင်းရဲ ရှိ၏။
1,335,883
Uncategorized
ဥဒါန်းပါဠိတော်
“အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း မိမိလည်း ပြုအပ်၏။
1,335,884
Uncategorized
ဥဒါန်းပါဠိတော်
တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏ အချို့တို့သည် ရှိကုန်၏။
1,335,885
Uncategorized
ဥဒါန်းပါဠိတော်
ထိုသမဏဗြာဟ္မဏတို့သည် ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန် ဆန့်ကျင်ဘက်စကားကို ဆိုကြကုန်လျက် “ဤသဘောကား တရားဟုတ်၏။
1,335,886
Uncategorized
ဥဒါန်းပါဠိတော်
ဤသဘောကား တရားမဟုတ်၊ ဤသဘောကားတရားမဟုတ်၊ ဤသဘောကား တရားဟုတ်၏”ဟု အချင်းချင်း နှုတ်လှံထိုးလျက် နေကြကုန်၏။
1,335,887
Uncategorized
ဥဒါန်းပါဠိတော်
-- ထိုအခါ များစွာသော ရဟန်းတို့သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ကုန်၏။
1,335,888
Uncategorized
ဥဒါန်းပါဠိတော်
သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်၍ဆွမ်းခံပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့ကြသော ထိုရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေကြပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရားအထူးထူးသော အယူ အထူးထူးသော အလို ‘ဆန္ဒ’ အထူးထူးသော နှစ်သက်ခြင်း ရှိကြကုန်လျက်အထူးထူးသော အယူကိုမှီ၍ တည်ကုန်သော များစွာသော...
1,335,889
Uncategorized
ဥဒါန်းပါဠိတော်
ပ။ ထိုသမဏဗြာဟ္မဏတို့သည် ငြင်းခုံကြကုန်ခိုက်ရန်ဖြစ်ကြကုန် ဆန့်ကျင်ဘက် စကားကို ပြောဆိုကုန်လျက် ‘ဤသဘောကား တရားဟုတ်၏။
1,335,890
Uncategorized
ဥဒါန်းပါဠိတော်
ဤသဘောကား တရားမဟုတ်၊ ဤသဘောကား တရားမဟုတ်၊ ဤသဘောကား တရားဟုတ်၏’ဟု အချင်းချင်း နှုတ်လှံထိုးလျက် နေကြပါကုန်၏”ဟု လျှောက်ကုန်၏။
1,335,891
Uncategorized
ဥဒါန်းပါဠိတော်
ရဟန်းတို့ ဤသာသနာတော်မှ ပြင်ပအယူရှိသော ပရိဗိုဇ်တို့သည် ကန်းကုန် (ပညာ) မျက်စိမရှိကုန်သည်ဖြစ်၍ အကျိုးကို မသိကုန်။
1,335,892
Uncategorized
ဥဒါန်းပါဠိတော်
ထိုသူတို့သည် အကျိုးကို မသိကုန်ဘဲ အကျိုးမဲ့ကို မသိကုန်ဘဲ တရားကို မသိကုန်ဘဲ တရား့မဟုတ်သည်ကို မသိကုန်ဘဲ ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန် ဆန့်ကျင်ဘက်စကားကို ပြောဆိုကုန်လျက်"ဤသဘောကား တရားဟုတ်၏။
1,335,893
Uncategorized
ဥဒါန်းပါဠိတော်
ဤသဘောကား တရားမဟုတ်၊ ဤသဘောကား တရားမဟုတ်၊ ဤသဘောကား တရားဟုတ်၏”ဟု အချင်းချင်း နှုတ်လှံထိုးလျက် နေကြကုန်၏ဟု (မိန့်တော်မူ၏)။
1,335,894
Uncategorized
ဥဒါန်းပါဠိတော်
ထိုသူတို့သည် ထောက်တည်ရာ နိဗ္ဗာန်သို့ မရောက် ကြကုန်မူ၍အကြား၌သာလျှင် (ဩဃလေးဖြာ သံသရာ၌) နစ်မြုပ်ကြရကုန်၏”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
1,335,895
Uncategorized
ဥဒါန်းပါဠိတော်
-- ၆-တတိယနာနာတိတ္ထိယသုတ်
1,335,896
Uncategorized
ဥဒါန်းပါဠိတော်
၅၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
1,335,897
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ အထူးထူးသော အယူ အထူးထူးသော အလို ‘ဆန္ဒ’ အထူးထူးသော နှစ်သက်ခြင်း ရှိကုန်လျက်အထူးထူးသော အယူကိုမှီ၍ တည်ကုန်သော များစွာသောတိတ္ထိ, သမဏ, ဗြာဟ္မဏပရိဗိုဇ်အမျိုးမျိုးတို့သည်သာဝတ္ထိပြည်၌ နေကြကုန်၏။
1,335,898
Uncategorized
ဥဒါန်းပါဠိတော်
တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။
1,335,899
Uncategorized
ဥဒါန်းပါဠိတော်
“အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲသည်လည်းမဟုတ် မမြဲသည်လည်းမဟုတ်၊ ဤအယူသာမှန်၏။
1,335,900
Uncategorized
ဥဒါန်းပါဠိတော်
“အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း သူတစ်ပါးပြုအပ်၏။