id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,335,901
Uncategorized
ဥဒါန်းပါဠိတော်
“အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း မိမိလည်းပြုအပ်၏။
1,335,902
Uncategorized
ဥဒါန်းပါဠိတော်
တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ ရှိကုန်သော သမဏ, ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။
1,335,903
Uncategorized
ဥဒါန်းပါဠိတော်
တစ်ပါးသော အယူသည်အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။
1,335,904
Uncategorized
ဥဒါန်းပါဠိတော်
ချမ်းသာဆင်းရဲရှိ၏။
1,335,905
Uncategorized
ဥဒါန်းပါဠိတော်
“အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မမြဲ၊ ချမ်းသာဆင်းရဲ ရှိ၏။
1,335,906
Uncategorized
ဥဒါန်းပါဠိတော်
“အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲသည်လည်းမဟုတ်၊ မမြဲသည်လည်း မဟုတ်၊ ချမ်းသာဆင်းရဲ ရှိ၏။
1,335,907
Uncategorized
ဥဒါန်းပါဠိတော်
-- “အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း မိမိပြုအပ်၏။
1,335,908
Uncategorized
ဥဒါန်းပါဠိတော်
“အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်းသူတစ်ပါးပြုအပ်၏။
1,335,909
Uncategorized
ဥဒါန်းပါဠိတော်
ချမ်းသာ ဆင်းရဲ ရှိ၏။
1,335,910
Uncategorized
ဥဒါန်းပါဠိတော်
ထိုသမဏဗြာဟ္မဏတို့သည် ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန် ဆန့်ကျင်ဘက်စကားကို ပြောဆိုကြကုန်လျက် “ဤသဘောကား တရားဟုတ်၏။
1,335,911
Uncategorized
ဥဒါန်းပါဠိတော်
ဤသဘောကား တရားမဟုတ်၊ ဤသဘောကား တရားမဟုတ်၊ ဤသဘောကား တရားဟုတ်၏”ဟု အချင်းချင်း နှုတ်လှံထိုးလျက် နေကြကုန်၏။
1,335,912
Uncategorized
ဥဒါန်းပါဠိတော်
သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်၍ဆွမ်းခံပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့ကြကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေကြကုန်ပြီးသော် မြတ်စွာဘုရားအား"အသျှင်ဘုရား အထူးထူးသော အယူ အထူးထူးသော အလို ‘ဆန္ဒ’ အထူးထူးသော နှစ်သက်ခြင်းရှိကြကုန်လျက် အထူးထူးသော အယူကိုမှီ၍ တည်ကုန်သော များစ...
1,335,913
Uncategorized
ဥဒါန်းပါဠိတော်
ပ။ ထိုသမဏဗြာဟ္မဏတို့သည် ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန် ဆန့် ကျင်ဘက်စကားကို ပြောဆိုကြကုန်လျက် ‘ဤသဘောကား တရားဟုတ်၏။
1,335,914
Uncategorized
ဥဒါန်းပါဠိတော်
ဤသဘောကား တရား မဟုတ်၊ ဤသဘောကား တရားမဟုတ်၊ ဤသဘောကား တရားဟုတ်၏”ဟု အချင်းချင်း နှုတ်လှံထိုးလျက်နေကြပါကုန်၏”ဟု လျှောက်ကုန်၏။
1,335,915
Uncategorized
ဥဒါန်းပါဠိတော်
ရဟန်းတို့ သာသနာတော်ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့သည် ကန်းကုန် (ပညာ) မျက်စိမရှိကုန့်သည်ဖြစ်၍ အကျိုးကို မသိကုန်။
1,335,916
Uncategorized
ဥဒါန်းပါဠိတော်
ထိုသူတို့သည် အကျိုးကို မသိကြကုန်ဘဲ အကျိုးမဲ့ကို မသိကြကုန်ဘဲ တရားကို မသိကြကုန်ဘဲ တရားမဟုတ်သည်ကို မသိကြကုန်ဘဲ ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန် ဆန့်ကျင်ဘက်စကားကို ပြော ဆိုကြကုန်လျက် “ဤသဘောကား တရားဟုတ်၏။
1,335,917
Uncategorized
ဥဒါန်းပါဠိတော်
ဤသဘောကား တရားမဟုတ်၊ ဤသဘောကား တရားမဟုတ်၊ ဤသဘောကား တရားဟုတ်၏”ဟု အချင်းချင်း နှုတ်လှံထိုးလျက်နေကြကုန်၏ဟု (မိန့်တော်မူ၏)။
1,335,918
Uncategorized
ဥဒါန်းပါဠိတော်
-- ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “ဤသတ္တဝါအပေါင်းသည် အတ္တလောကသုခနှင့် ဒုက္ခကို ငါပြု၏ဟူသော မိစ္ဆာ အယူ၌ လေ့လာအားထုတ်၏။
1,335,919
Uncategorized
ဥဒါန်းပါဠိတော်
သူတစ်ပါး (အစိုးရသူ) ပြု၏ဟူသော မိစ္ဆာအယူနှင့် စပ်ယှဉ်၏။
1,335,920
Uncategorized
ဥဒါန်းပါဠိတော်
(အဓိစ္စသမုပ္ပန္နအယူရှိသူ) သမဏဗြာဟ္မဏအချို့တို့သည် ဤမိစ္ဆာအယူ နှစ်မျိုးကို လက်မခံနိုင်ကြကုန်။
1,335,921
Uncategorized
ဥဒါန်းပါဠိတော်
သို့ ပင်ဖြစ်သော်လည်း ထိုမိစ္ဆာအယူနှစ်မျိုးကို (ဒုက္ခကို ဖြစ်စေတတ်သည့်) မြားငြောင့်ဟူ၍လည်းမမြင်နိုင်ကြကုန်။
1,335,922
Uncategorized
ဥဒါန်းပါဠိတော်
ဤမိစ္ဆာအယူနှစ်မျိုးကို မြားငြောင့်ဟု ကြိုတင်၍ မြင်သူအားမူကား ငါပြု၏ဟူ၍လည်းအယူမဖြစ်၊ သူတစ်ပါးပြု၏ဟူ၍လည်း အယူမဖြစ်၊ ဤသတ္တဝါအပေါင်းသည် မာနနှင့်ပြည့်စုံသည်မာနဖြင့် ထုံးဖွဲ့အပ်သည် မာနဖြင့် ရစ်ပတ်အပ်သည်ဖြစ်၍ မိစ္ဆာအယူတို့၌ (အတ္တုက္ကံသန ပရဝမ္ဘနအားဖြင့်) ခြုတ်ခြယ်စွပ်စွဲသော စကားရှိသောကြောင့် သံသရာကို မလွန်မြောက်နိုင်”ဟု ဤဥဒါန်...
1,335,923
Uncategorized
ဥဒါန်းပါဠိတော်
၇-သုဘူတိသုတ်
1,335,924
Uncategorized
ဥဒါန်းပါဠိတော်
၅၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
1,335,925
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ အသျှင်သုဘူတိသည် မြတ်စွာဘုရား၏ မနီးမဝေး၌ ဝိတက်ကင်းသော အရဟတ္တဖိုလ်သမာဓိကို ဝင်စားလျက်ကိုယ်ကို ဖြောင့်မတ်စွာ ထားပြီးလျှင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေ၏။
1,335,926
Uncategorized
ဥဒါန်းပါဠိတော်
မြတ်စွာဘုရားသည် မနီးမဝေး၌ ဝိတက်ကင်းသော အရဟတ္တဖိုလ်သမာဓိကို ဝင်စားလျက်ကိုယ်ကို ဖြောင့်မတ်စွာ ထားပြီးလျှင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသော အသျှင်သုဘူတိကို မြင်တော်မူ၏။
1,335,927
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “အကြင်ပုဂ္ဂိုလ်အား အတွင်းသန္တာန်၌ မိစ္ဆာဝိတက်တို့ကို ဖျက်ဆီးအပ်ကုန်ပြီ။
1,335,928
Uncategorized
ဥဒါန်းပါဠိတော်
အကြွင်းမဲ့ ကောင်းစွာဖြတ်အပ်ကုန်ပြီ။
1,335,929
Uncategorized
ဥဒါန်းပါဠိတော်
ထိုပုဂ္ဂိုလ်သည် ငြိတွယ်မှုအားလုံးကို လွန်ကာ နိဗ္ဗာန်ကို အာရုံပြုသော မဂ်သညာဖိုလ်သညာရှိသည်ဖြစ်၍ ယောဂ လေးပါးကို လွန်ပြီးဖြစ်ရကား တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်းသို့ မရောက်တော့ပေ”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
1,335,930
Uncategorized
ဥဒါန်းပါဠိတော်
-- ၈-ဂဏိကာသုတ်
1,335,931
Uncategorized
ဥဒါန်းပါဠိတော်
၅၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
1,335,932
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ ရာဇဂြိုဟ်ပြည်၌ အသင်းအဖွဲ့ နှစ်ဖွဲ့တို့သည် ပြည့်တန်ဆာမတစ်ယောက်တည်း၌ အလွန်တပ်မက်ကုန်ကိလေသာဖြင့် ဖွဲ့သော စိတ်ရှိကုန်သည် ဖြစ်သောကြောင့် ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန် ဆန့်ကျင်ဘက်စကားကို ပြောဆိုကုန်လျက် အချင်းချင်း လက်တို့ဖြင့် ရိုက်ပုတ်ကြကုန်၏။
1,335,933
Uncategorized
ဥဒါန်းပါဠိတော်
ခဲတို့ဖြင့်လည်း ပေါက်ကြ့ကုန်၏။
1,335,934
Uncategorized
ဥဒါန်းပါဠိတော်
တုတ်တို့ဖြင့်လည်း ရိုက်ကြကုန်၏။
1,335,935
Uncategorized
ဥဒါန်းပါဠိတော်
ဓားလက်နက်တို့ဖြင့်လည်း ထိုးခုတ်ကြကုန်၏။
1,335,936
Uncategorized
ဥဒါန်းပါဠိတော်
ထိုအသင်းအဖွဲ့ နှစ်ဖွဲ့တို့သည် ထိုရိုက်နှက်ပုတ်ခတ်ရာ အရပ်၌ပင် သေခြင်းသို့လည်း ရောက်ကြကုန်၏။
1,335,937
Uncategorized
ဥဒါန်းပါဠိတော်
သေလုနီးပါး ဆင်းရဲသို့လည်း ရောက်ကြကုန်၏။
1,335,938
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ များစွာသော ရဟန်းတို့သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်ကုန်၏။
1,335,939
Uncategorized
ဥဒါန်းပါဠိတော်
ရာဇဂြိုဟ်ပြည်၌ ဆွမ်းခံလှည့်လည်၍ဆွမ်းခံပြီး နောက် ဆွမ်းခံရွာမှ ဖဲခဲ့ကြသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြကုန်၍တစ်ခုသောအရပ်၌ ထိုင်နေကြပြီးသော် မြတ်စွာဘုရားအား- အသျှင်ဘုရား ယနေ့ ရာဇဂြိုဟ်ပြည်၌ အသင်းအဖွဲ့ နှစ်ဖွဲ့တို့သည် ပြည့်တန်ဆာမ တစ်ယောက်တည်း၌ အလွန်တပ်မက်ကုန်သည် ကိလေသာဖြင့်ဖွဲ့သော စိတ်ရှိကုန်သည် ဖြစ်သောကြောင့...
1,335,940
Uncategorized
ဥဒါန်းပါဠိတော်
ခဲတို့ဖြင့်လည်း ပေါက်ကြကုန်၏။
1,335,941
Uncategorized
ဥဒါန်းပါဠိတော်
ထိုအသင်းအဖွဲ့နှစ်ဖွဲ့တို့သည် ထိုရိုက်နှက်ပုတ်ခတ်ရာအရပ်၌ သေခြင်းသို့လည်း ရောက်ကုန်၏။
1,335,942
Uncategorized
ဥဒါန်းပါဠိတော်
သေလုနီးပါးဆင်းရဲသို့လည်းရောက်ကုန်၏ဟု (လျှောက်ကြကုန်၏)။
1,335,943
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “ရအပ်ခံစားအပ်သော ကာမဂုဏ်နှင့် ရထိုက်ခံစားထိုက်သော ကာမဂုဏ်ဟူသော နှစ်ပါးစုံသည် ကိလေသာနှိပ်စက်ခံရသူ နောက်နောင်အကျိုး မျှော်ကိုးကျင့်ကြံသူ၏ (သန္တာန်၌) ရာဂစသော မြူတို့ဖြင့်ရောပြွမ်း၏။
1,335,944
Uncategorized
ဥဒါန်းပါဠိတော်
အကြင်သူတို့သည် သီလဗ္ဗတ စသောအကျင့်ကို ကိလေသာ စင်ကြယ်၏ဟု ယူဆပြောဆိုကြကုန်၏။
1,335,945
Uncategorized
ဥဒါန်းပါဠိတော်
အကြင်သူတို့အား ရှောင်ကြဉ်မှု ‘သီလ’ ဆင်းရဲငြိုငြင်စွာ ပြုကျင့်မှု ‘ဝတ'ဟင်းရွက်စားခြင်း စသည်ဖြင့် အသက်မွေးမှု ‘ဇီဝိတ’ မေထုန်မှ ရှောင်ကြဉ်မှု ‘ဗြဟ္မစရိယ’ ဗိဿနိုးနတ်စသည်တို့အား လုပ်ကျွေးမှု ‘ဥပဋ္ဌာန’ စသည်တို့ဖြင့် သံသရာမှ စင်ကြယ်၏ဟု ယူဆပြောဆိုကြကုန်၏။
1,335,946
Uncategorized
ဥဒါန်းပါဠိတော်
ထိုသူတို့၏ သီလဗ္ဗတစသည်တို့၏ အစွမ်းဖြင့် ဖြစ်သော အတ္တကိလမထာနုယောဂဟူသောအကျင့်သည်အယုတ်တရား တစ်ပါးတည်း။
1,335,947
Uncategorized
ဥဒါန်းပါဠိတော်
အကြင်သူတို့ကား ‘ကာမဂုဏ်တို့၌ အပြစ်မရှိ’ဟု ဆိုကြကုန်၏။
1,335,948
Uncategorized
ဥဒါန်းပါဠိတော်
ထိုသူတို့၏ ကာမဂုဏ်တို့၌ အပြစ်မရှိဟု ပြောဆိုကျင့်ကြံမှုဟူသော ကာမသုခလ္လိကာနုယောဂ အကျင့်သည်ဒုတိယမြောက်ဖြစ်သော အယုတ်တရားတည်း။
1,335,949
Uncategorized
ဥဒါန်းပါဠိတော်
ဤသို့ ဤအယုတ် တရားနှစ်ပါးတို့သည် ကဋသီမည်သောတဏှာအဝိဇ္ဇာတို့ကို ပွါးစေတတ်ကုန်၏။
1,335,950
Uncategorized
ဥဒါန်းပါဠိတော်
ကဋသီမည်သောတဏှာအဝိဇ္ဇာတို့သည် မိစ္ဆာဒိဋ္ဌိကို ပွါးစေတတ်ကုန်၏။
1,335,951
Uncategorized
ဥဒါန်းပါဠိတော်
ဤအယုတ်တရားနှစ်ပါးတို့ကို မသိခြင်းကြောင့် အချို့သောသူတို့သည် ဆုတ်နစ်ကုန်၏။
1,335,952
Uncategorized
ဥဒါန်းပါဠိတော်
အချို့သောသူတို့သည် လွန်၍ ပြေးကုန်၏။
1,335,953
Uncategorized
ဥဒါန်းပါဠိတော်
အကြင်သူတို့အား ထိုအယုတ် တရားနှစ်ပါးတို့ကို သိသောကြောင့် ထိုအယုတ်တရား၌ မကျရောက်ကြကုန်။
1,335,954
Uncategorized
ဥဒါန်းပါဠိတော်
ထိုသို့ အယုတ်တရား နှစ်ပါး၌ မကျရောက်ခြင်းကြောင့် တဏှာမာနဒိဋ္ဌိတို့ဖြင့် (မိမိကိုယ်ကို) အထင်မမှားကြကုန်။
1,335,955
Uncategorized
ဥဒါန်းပါဠိတော်
ထိုပုဂ္ဂိုလ်တို့အား (လူနတ်စသည်) ပညတ်ရန် ဝဋ် မရှိတော့ပြီ”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
1,335,956
Uncategorized
ဥဒါန်းပါဠိတော်
-- ၉-ဥပါတိဓာဝန္တိသုတ်
1,335,957
Uncategorized
ဥဒါန်းပါဠိတော်
၅၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
1,335,958
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် အလွန်မှောင်မိုက်သော ညဉ့်အခါ ဆီမီးတို့ကို ညှိထွန်းထားရာ လွင်တီးခေါင်၌ ထိုင်နေတော်မူ၏။
1,335,959
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ များစွာသော ပိုးဖလံတို့သည် ထိုဆီမီးတို့၌ တိုးဝင်ရစ်ဝဲကာ ကျရောက်ကုန်လျက် ဆင်းရဲခြင်းသို့ ရောက်ကုန်၏။
1,335,960
Uncategorized
ဥဒါန်းပါဠိတော်
ပျက်စီးခြင်းသို့ ရောက်ကုန်၏။
1,335,961
Uncategorized
ဥဒါန်းပါဠိတော်
ဆင်းရဲပျက်စီးခြင်းသို့ ရောက်ကုန်၏။
1,335,962
Uncategorized
ဥဒါန်းပါဠိတော်
မြတ်စွာ့ဘုရားသည် ထိုဆီမီးတို့၌ တိုးဝင်ရစ်ဝဲကာ ကျရောက်ကုန်လျက် ဆင်းရဲခြင်း ပျက်စီးခြင်း ဆင်းရဲပျက်စီးခြင်းသို့ ရောက်ကုန်သော ထိုပိုးဖလံများစွာတို့ကို မြင်တော်မူ၏။
1,335,963
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “အချို့သော သမဏဗြာဟ္မဏတို့သည် သီလ သမာဓိ ပညာစသော အနှစ်သာရသို့ မရောက်ကြဘဲလွန်၍ ပြေးကုန်၏။
1,335,964
Uncategorized
ဥဒါန်းပါဠိတော်
တဏှာဒိဋ္ဌိဟူသော အသစ် အသစ်ဖြစ်သော အနှောင်အဖွဲ့ကို ပွါးစေကုန်၏။
1,335,965
Uncategorized
ဥဒါန်းပါဠိတော်
မြင်ရသော အရာ ကြားရသော အရာတို့ကို ဤသို့မှန်၏ဟု အမှားနှလုံးသွင်းကုန်လျက် ပိုးဖလံတို့သည် ဆီမီးသို့ ကျကုန်သကဲ့သို့ (ရာဂစသောတစ်ဆယ့်တစ်ပါးသော မီးကျီးတို့ဖြင့် ရဲရဲငြိသော ဘဝသုံးပါးဟူသော မီးကျီးတွင်း၌) ကျရောက်ရကုန်၏”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
1,335,966
Uncategorized
ဥဒါန်းပါဠိတော်
၁၀-ဥပ္ပဇ္ဇန္တိသုတ်
1,335,967
Uncategorized
ဥဒါန်းပါဠိတော်
၆၀။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
1,335,968
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်လျက် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-
1,335,969
Uncategorized
ဥဒါန်းပါဠိတော်
အသျှင်ဘုရား လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူကုန်သော မြတ်စွာဘုရားသျှင်တို့ ပွင့်တော်မမူသေးသမျှ ကာလပတ်လုံးသာသနာတော်ပြင်ပ အယူရှိသောတိတ္ထိပရိဗိုဇ်တို့သည် အရိုအသေပြုမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှုတုပ်ဝပ်မှုကို ခံရကုန်လျက် သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာ...
1,335,970
Uncategorized
ဥဒါန်းပါဠိတော်
အသျှင်ဘုရား လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူကုန်သော မြတ်စွာဘုရားတို့သည် ပွင့်တော်မူသောအခါ၌ ကား သာသနာတော်ပြင်ပ အယူရှိသောတိတ္ထိပရိဗိုဇ်တို့သည် အရိုအသေပြုမှုအလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို မခံရကုန်မူ၍ သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာသူနာတို့၏ အထော...
1,335,971
Uncategorized
ဥဒါန်းပါဠိတော်
အသျှင်ဘုရား ယခုအခါ၌ မြတ်စွာဘုရားသည် လည်းကောင်း၊ ရဟန်းသံဃာသည်လည်းကောင်း အရိုအသေပြုမှု အလေးပြုမှုမြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို ခံယူရလျက် သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာတို့၏အထောက်အပံ့ဖြစ်သော ဆေးအသုံး အဆောင်တို့ကို ရရှိ၏ဟု (လျှောက်၏)။
1,335,972
Uncategorized
ဥဒါန်းပါဠိတော်
-- အာနန္ဒာဟုတ်မှန်၏။
1,335,973
Uncategorized
ဥဒါန်းပါဠိတော်
အာနန္ဒာ လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူကုန်သော မြတ်စွာဘုရားတို့သည် ပွင့်တော်မမူသေးသမျှ ကာလပတ်လုံး သာသနာတော်ပြင်ပ အယူရှိသောတိတ္ထိပရိဗိုဇ်တို့သည် အရိုအသေပြုမှု အလေးပြုမှု မြတ်နိုးမှုပူဇော်မှု တုပ်ဝပ်မှုကို ခံရကုန်လျက် သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာတို့၏...
1,335,974
Uncategorized
ဥဒါန်းပါဠိတော်
အာနန္ဒာ လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူကုန်သော မြတ်စွာဘုရားတို့ ပွင့်တော်မူသောအခါ၌ ကား သာသနာတော် ပြင်ပ အယူရှိသောတိတ္ထိပရိဗိုဇ်တို့သည် အရိုအသေပြုမှု အလေးပြုမှုမြတ်နိုးမှုပူဇော်မှု တုပ်ဝပ်မှုကို မခံရမူ၍ သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာတို့၏ အထောက်အပံ့ဖြစ်...
1,335,975
Uncategorized
ဥဒါန်းပါဠိတော်
ယခုအခါ ငါဘုရားသည် လည်းကောင်း၊ ရဟန်းသံဃာသည်လည်းကောင်း အရိုအသေပြုမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို ခံရလျက်သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာတို့၏ အထောက်အပံ့ ဖြစ်သော ဆေးအသုံးအဆောင်တို့ကို့ရရှိ၏ဟု (မိန့်တော်မူ၏)။
1,335,976
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “အကြင်မျှလောက် ကာလပတ်လုံး နေမင်းသည် မထွက်ပေါ်လာသေး၊ ထိုမျှ လောက် ကာလပတ်လုံးပိုးစုန်းကြူးသည် တောက်ပနေသေး၏။
1,335,977
Uncategorized
ဥဒါန်းပါဠိတော်
နေမင်းထွက်ပေါ် လာသောအခါ ထိုပိုးစုန်းကြူးအရောင်ပျောက်သကဲ့သို့ မတောက်ပနိုင်သကဲ့သို့ ထို့အတူ အကြင်မျှလောက် ကာလပတ်လုံး လောက၌ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားတို့သည် မပွင့်ကုန်သေး၊ ထိုမျှ လောက် ကာလပတ်လုံး ကြံဆကာမျှဖြင့် ယူဆတတ်သောတိတ္ထိတို့၏ အရောင်သည်တောက်ပနိုင်သေး၏။
1,335,978
Uncategorized
ဥဒါန်းပါဠိတော်
အကြင်အခါ မြတ်စွာဘုရားတို့သည် ပွင့်ကုန်၏။
1,335,979
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ ကြံဆကာမျှဖြင့်ယူတတ်သောတိတ္ထိတို့သည်လည်းကောင်း၊ တိတ္ထိတို့၏ တပည့်တို့သည်လည်းကောင်း မတောက်ပကုန်။
1,335,980
Uncategorized
ဥဒါန်းပါဠိတော်
ဖောက်ပြန်သော အယူရှိသူ တိတ္ထိတို့သည် ဆင်းရဲမှ မလွတ်နိုင်ကြကုန်”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
1,335,981
Uncategorized
ဥဒါန်းပါဠိတော်
ခြောက်ခုမြောက် ဇစ္စန္ဓဝဂ် ပြီး၏။
1,335,982
Uncategorized
ဥဒါန်းပါဠိတော်
-- ၇-စူဠဝဂ်
1,335,983
Uncategorized
ဥဒါန်းပါဠိတော်
၁-ပဌမလကုဏ္ဍကဘန္ဒိယသုတ်
1,335,984
Uncategorized
ဥဒါန်းပါဠိတော်
၆၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
1,335,985
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ အသျှင်သာရိပုတြာသည် အသျှင်လကုဏ္ဍကဘဒ္ဒိယကို (တရားစကားဖြင့်) အကျိုးစီးပွါးကို ကောင်းစွာပြလျက် (တရားကို) ဆောက်တည်စေကာ (အကြောင်းအမျိုးမျိုးဖြင့် တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏။
1,335,986
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ အသျှင်သာရိပုတြာသည် (တရားစကားဖြင့်) အကျိုးစီးပွါးကို ကောင်းစွာပြလျက် (တရားကို) ဆောက်တည်စေကာ (အကြောင်းအမျိုးမျိုးဖြင့် တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူသည်ရှိသော် အသျှင်လကုဏ္ဍကဘဒ္ဒိယ၏စိတ်သည် (တဏှာဒိဋ္ဌိတို့ဖြင့်) တစ်စုံတစ်ခုသော အာရုံကို မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ်မြောက်ပြီ။
1,335,987
Uncategorized
ဥဒါန်းပါဠိတော်
အသျှင်သာရိပုတြာသည် (တရားစကားဖြင့်) အကျိုးစီးပွါးကို ကောင်းစွာပြလျက် (တရားကို) ဆောက်တည်စေကာ (အကြောင်းအမျိုးမျိုးဖြင့် တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေအပ်သည်ဖြစ်၍ တဏှာဒိဋ္ဌိတို့ဖြင့် တစ်စုံတစ်ခုသော အာရုံကို မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ်မြောက်သော စိတ်ရှိသော အသျှင်လကုဏ္ဍကဘဒ္ဒိယကို မြတ်စွာဘုရား မြင်တော်မူ၏။
1,335,988
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “အကြင်ပုဂ္ဂိုလ်သည် အထက်ရူပ, အရူပဓာတ်၌လည်းကောင်း၊ အောက်ကာမဓာတ်၌လည်းကောင်း၊ သင်္ခါရအားလုံး၌လည်းကောင်း ခပ်သိမ်းသော အခြင်းအရာတို့ဖြင့် လွတ်မြောက်၏။
1,335,989
Uncategorized
ဥဒါန်းပါဠိတော်
ထိုပုဂ္ဂိုလ်သည် ဤတရားသည်ပင် ငါဖြစ်၏ဟု မရှုတော့ပြီ။
1,335,990
Uncategorized
ဥဒါန်းပါဠိတော်
ဤသို့ သံယောဇဉ်ဆယ်ပါး အကုသိုလ်အားလုံးတို့မှ ဤသို့ လွတ်မြောက်ပြီးသော ရဟန္တာ ပုဂ္ဂိုလ်သည် တစ်ဖန် ဘဝသစ်၌ မဖြစ်ဖို့ရန် ရှေးအခါ ကမကူးမြောက်ခဲ့ဖူးသော ဩဃလေးဖြာ သံသရာကို ကူးခဲ့လေပြီ”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
1,335,991
Uncategorized
ဥဒါန်းပါဠိတော်
-- ၂-ဒုတိယလကုဏ္ဍကဘန္ဒိယသုတ်
1,335,992
Uncategorized
ဥဒါန်းပါဠိတော်
၆၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
1,335,993
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ အသျှင့်သာရိပုတြာသည် အသျှင်လကုဏ္ဍကဘဒ္ဒိယကို သေက္ခဟု အောက်မေ့မှတ်ထင်သောကြောင့် (တရားစကားဖြင့်) အကျိုးစီးပွါးကို ကောင်းစွာပြလျက် (တရားကို) ဆောက်တည်စေကာ အတိုင်းထက်အလွန် များစွာသော အကြောင်းဖြင့် (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏။
1,335,994
Uncategorized
ဥဒါန်းပါဠိတော်
အသျှင်လကုဏ္ဍကဘဒ္ဒိယကို သေက္ခဟု အောက်မေ့မှတ်ထင်လျက် (တရားစကားဖြင့်) အကျိုးစီးပွါးကို ကောင်းစွာပြလျက် (တရားကို) ဆောက်တည်စေကာ အတိုင်းထက်အလွန် များစွာသော အကြောင်းဖြင့် (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေသော အသျှင်သာရိပုတြာကို မြတ်စွာဘုရား မြင်တော်မူ၏။
1,335,995
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “အကြင်ပုဂ္ဂိုလ်အား ကိလေသာဝဋ် ကမ္မဝဋ်နှစ်ပါးသည် အကြွင်းမဲ့ ပြတ်လေပြီ။
1,335,996
Uncategorized
ဥဒါန်းပါဠိတော်
တဏှာကင်းရာနိဗ္ဗာန်ကို အထူးသဖြင့် ရခဲ့ပြီ။
1,335,997
Uncategorized
ဥဒါန်းပါဠိတော်
လေးခုမြောက် မဂ်ဉာဏ်တည်းဟူသော နေမင်း၏ဖြစ်ပေါ်မှုကြောင့် အကြွင်းမဲ့ ခြောက်ခန်းခဲ့သောတဏှာဟူသော မြစ်ကြီးသည် မစီးမဆင်းနိုင်တော့ချေ၊ ကိလေသာဝဋ်ပြတ်သဖြင့် ပြတ်လေပြီးသော ကမ္မဝဋ်သည် တဝဲလည်လည် မဖြစ်နိုင်တော့ပေ၊ ထိုပုဂ္ဂိုလ်အားကိလေသာဝဋ် ကမ္မဝဋ် ပြတ်သဖြင့် ထိုဝိပါကဝဋ်၏ မဖြစ်ခြင်းသည် ပင် အလုံးစုံသော သံသရာဝဋ်ဆင်းရဲ၏ အဆုံး ဖြစ်လေတော့၏...
1,335,998
Uncategorized
ဥဒါန်းပါဠိတော်
-- ၃-ပဌမသတ္တသုတ်
1,335,999
Uncategorized
ဥဒါန်းပါဠိတော်
၆၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
1,336,000
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ သာဝတ္ထိပြည် သူ ပြည် သားတို့သည် အများအားဖြင့် ကာမဂုဏ်တို့၌ အလွန့်အလွန် ကပ်ငြိကုန် တပ်စွန်းကုန်မက်မောကုန် ဖွဲ့နှောင်ကုန် မိန်းမောကုန် မျိုထားသကဲ့သို့ တည်ကုန်လျက် ကာမဂုဏ်တို့၌ ပြင်းစွာယစ်ခြင်းသို့ ရောက်ကာ နေကြကုန်၏။