id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,336,001
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ များစွာသော ရဟန်းတို့သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်ကုန်၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့ကုန်လျက်မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် တစ်ခုသောအရပ်၌ ထိုင်နေကြကုန်ပြီးသော် မြတ်စွာဘုရားအား"အသျှင်ဘုရား ဤသာဝတ္ထိ ပြည် သူပြည် သားတို့သည် အများအားဖြင့် က...
1,336,002
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “ကာမဂုဏ်တို့၌ ကပ်ငြိကုန်သော ကာမဂုဏ်တို့၌ ငြိတွယ်ခြင်းတို့ဖြင့် ငြိတွယ်ကုန်သော သံယောဇဉ်တို့၌ အပြစ်ကို မမြင်ကုန်သော သံယောဇဉ် ငြိတွယ်ခြင်းဖြင့် ငြိတွယ်ကုန်သော သတ္တဝါတို့သည် ပြန့်ပြောကြီးကျယ်လှစွာသော ဩဃကို မကူးနိုင်ကုန်ရာ”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
1,336,003
Uncategorized
ဥဒါန်းပါဠိတော်
-- ၄-ဒုတိယသတ္တသုတ်
1,336,004
Uncategorized
ဥဒါန်းပါဠိတော်
၆၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
1,336,005
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ သာဝတ္ထိပြည် သူ ပြည် သားတို့သည် အများအားဖြင့် ကာမဂုဏ်တို့၌ ကပ်ငြိကုန် တပ်စွန်းကုန် မက်မောကုန် ဖွဲ့နှောင်ကုန် မိန်းမောကုန် မျိုထားသကဲ့သို့ တည်ကြကုန် မကန်းသော်လည်း ကန်းသကဲ့သို့ ဖြစ်ကုန်လျက်ကာမဂုဏ်တို့၌ ပြင်းစွာ ယစ်ခြင်းသို့ ရောက်ကာ နေကြကုန်၏။
1,336,006
Uncategorized
ဥဒါန်းပါဠိတော်
မြတ်စွာဘုရားသည် အများအားဖြင့် ကာမဂုဏ်တို့၌ ကပ်ငြိကုန်တပ်စွန်းကုန် မက်မောကုန် ဖွဲ့နှောင်ကုန် မိန်းမောကုန် မျိုထားသကဲ့သို့ တည်ကြကုန် မကန်းသော်လည်း ကန်းသကဲ့သို့ ဖြစ်ကုန်လျက် ကာမဂုဏ်တို့၌ ပြင်းစွာ ပျက်စီးခြင်းသို့ ရောက်ကာ နေကုန်သော သာဝတ္ထိပြည် သူ ပြည် သားတို့ကို မြင်တော်မူ၏။
1,336,007
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “ဝတ္ထုကာမတို့၌ ကိလေသာကာမဖြင့် ကန်းသည်ကို အပြုခံရသူ တဏှာတည်းဟူသော ပိုက်ကွန်ဖြင့်အဖုံးလွှမ်းခံရသူ တဏှာတည်းဟူသော အမိုးဖြင့် ဖုံးအုပ်ခံ ရသူ သတ္တဝါတို့သည် မြှုံးဝ၌ ဝင်ကုန်သော ငါးတို့သည် သေခြင်းသို့ ရောက်ကုန်သကဲ့သို့လည်းကောင်း နို့စို့အရွယ် နွားသူငယ်သည်အမိနွား...
1,336,008
Uncategorized
ဥဒါန်းပါဠိတော်
-- ၅-အပရလကုဏ္ဍကဘဒ္ဒိယသုတ်
1,336,009
Uncategorized
ဥဒါန်းပါဠိတော်
၆၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
1,336,010
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ အသျှင်လကုဏ္ဍကဘဒ္ဒိယသည် များစွာသော ရဟန်းတို့၏ နောက်မှ နောက်မှ လိုက်၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၏။
1,336,011
Uncategorized
ဥဒါန်းပါဠိတော်
မြတ်စွာဘုရားသည် များစွာသော ရဟန်းတို့၏ နောက်မှ နောက်မှ လိုက်လာသော မကောင်းသော အဆင်းရှိသော မကောင်းသော အမြင်ရှိသော ပုသော အများအားဖြင့် ပုထုဇဉ်ရဟန်းတို့ ရှုတ်ချခံရသော သဘောရှိသော အသျှင်လကုဏ္ဍကဘဒ္ဒိယကို အဝေးကပင် မြင်တော်မူ၍ ရဟန်းတို့ကို မိန့်တော်မူ၏-
1,336,012
Uncategorized
ဥဒါန်းပါဠိတော်
ရဟန်းတို့ သင်တို့သည် များစွာသော ရဟန်းတို့၏ နောက်မှ နောက်မှ လိုက်လာသော မကောင်းသော အဆင်းရှိသော မကောင်းသော အမြင်ရှိသော ပုသော အများအားဖြင့် ပုထုဇဉ်ရဟန်းတို့ ရှုတ်ချအပ်သော သဘောရှိသော ထိုရဟန်းကို အဝေးကပင် မြင်ကြကုန်၏လောဟု (မိန့်တော်မူ၏)။
1,336,013
Uncategorized
ဥဒါန်းပါဠိတော်
အသျှင်ဘုရားမြင်ပါကုန်၏ဟု (လျှောက်ကြကုန်၏)။
1,336,014
Uncategorized
ဥဒါန်းပါဠိတော်
ရဟန်းတို့ ဤရဟန်းသည် ကြီးသောတန်ခိုးအာနုဘော် ရှိ၏။
1,336,015
Uncategorized
ဥဒါန်းပါဠိတော်
ထိုရဟန်း မဝင်စားဖူးသေးသော သမာပတ်ဟူ၍ မရှိသလောက်ပင် ဖြစ်၏။
1,336,016
Uncategorized
ဥဒါန်းပါဠိတော်
ထိုရဟန်းသည် ကောင်းစွာသာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြကုန်သော အမျိုးသားများ လိုလားအပ်သော အတုမရှိ မြတ်သောအကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ကပ်ရောက်၍ နေ၏ဟု (မိန့်တော်မူ၏)။
1,336,017
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “အရဟတ္တဖိုလ် သီလတည်းဟူသော အပြစ်အနာကင်းသော လှည်းဘီးရှိသော ဝိမုတ္တိတည်းဟူသော ဖြူသော အဆင်းလည်းရှိသော သတိတည်းဟူသော အကန့်လည်းရှိသော လကုဏ္ဍကဘဒ္ဒိယမထေရ်၏အတ္တဘောတည်းဟူသော ရထားသည် လှည့်လည် သွားလာ၏။
1,336,018
Uncategorized
ဥဒါန်းပါဠိတော်
ရဟန်းတို့၏ နောက်မှလာသော ဆင်းရဲမရှိသောတဏှာ အလျဉ်ကင်းပြတ်သော (ကိလေသာ) အဖွဲ့မရှိသော ဤ (လကုဏ္ဍကဘဒ္ဒိယမထေရ်၏ အတ္တဘောဟူသော) ရထားကို ကြည့်ရှုလော့”ဟု ဤဥဒါန်းကို့ကျူးရင့်တော်မူ၏။
1,336,019
Uncategorized
ဥဒါန်းပါဠိတော်
-- ၆-တဏှာသင်္ခယသုတ်
1,336,020
Uncategorized
ဥဒါန်းပါဠိတော်
၆၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
1,336,021
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ အသျှင်အညာသိကောဏ္ဍညသည် မြတ်စွာဘုရား၏ မနီးမဝေး၌ တဏှာကုန်ခန်းပြီးသော အရဟတ္တဖိုလ် ဝိမုတ္တိချမ်းသာကို ဆင်ခြင်လျက်ကိုယ်ကို ဖြောင့်မတ်စွာ ထားပြီးလျှင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေ၏။
1,336,022
Uncategorized
ဥဒါန်းပါဠိတော်
မြတ်စွာဘုရားသည် မနီးမဝေး၌ တဏှာကုန်ခန်းပြီးသော အရဟတ္တဖိုလ် ဝိမုတ္တိချမ်းသာကို ဆင်ခြင်လျက်ကိုယ်ကို ဖြောင့်မတ်စွာ ထားပြီးလျှင် ထက်ဝယ်ဖွဲ့ခွေထိုင်နေသော အသျှင်အညာသိကောဏ္ဍညကို မြင်တော်မူ၏။
1,336,023
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “အကြင်ပုဂ္ဂိုလ်အား (အဝိဇ္ဇာတဏှာဟူသော) အမြစ် မရှိ၊ (အာသဝ, နီဝရဏ စသော) မြေလည်း မရှိ၊ (မာန, အတိမာနစသော) အခက်အလက်တို့လည်း မရှိကုန်။
1,336,024
Uncategorized
ဥဒါန်းပါဠိတော်
(မဒ, ပမာဒ, မာယာ, သာဌေယျစသော) အရွက်တို့ကား အဘယ်မှာရှိအံ့ နည်း¿ သမ္မပ္ပဓာန်လုံ့လရှိ၍ အနှောင်အဖွဲ့မှ လွတ်ပြီးသော ထိုပုဂ္ဂိုလ်ကို အဘယ်သူသည် ကဲ့ရဲ့ခြင်းငှါ ထိုက်အံ့နည်း¿ ထိုပုဂ္ဂိုလ်ကို နတ်တို့သည်လည်း ချီးမွမ်းကုန်၏။
1,336,025
Uncategorized
ဥဒါန်းပါဠိတော်
ဗြဟ္မာပင်သော်လည်း ချီးမွမ်းရ၏”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
1,336,026
Uncategorized
ဥဒါန်းပါဠိတော်
၇-ပပဉ္စခယသုတ်
1,336,027
Uncategorized
ဥဒါန်းပါဠိတော်
၆၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
1,336,028
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် မိမိ၏ ပယ်ခဲ့ပြီးသော သံသရာကို ချဲ့တတ်သည့် ကိလေသာတို့နှင့်တကွသော သညာအစုကို ဆင်ခြင်လျက် နေတော်မူ၏။
1,336,029
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် မိမိ၏ ပယ်ခဲ့ပြီးသော သံသရာကို ချဲ့တတ်သည့် ကိလေသာတို့နှင့်တကွသော သညာအစုကို သိတော်မူ၍ ထိုသိသောအချိန်၌ -"အကြင်မြတ်စွာဘုရားအား သံသရာကို ချဲ့တတ်သော ကိလေသာ၏ တည်ခြင်းသည် မရှိ၊ ထိုမြတ်စွာဘုရားအား တဏှာဒိဋ္ဌိတည်းဟူသော ကြိုးကိုလည်းကောင်း၊ အဝိဇ္ဇာတည်းဟူသောတံခါးကျည်ကိုလည်းကောင်း လွန်မြောက်ပြီ။
1,336,030
Uncategorized
ဥဒါန်းပါဠိတော်
တဏှာကင်းသည်ဖြစ်၍ ကြွသွားတော်မူသော ထိုမြတ်စွာဘုရားကို နတ်နှင့်တကွသော လူအပေါင်းသည် မရှုတ်ချ မကဲ့ရဲ့”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
1,336,031
Uncategorized
ဥဒါန်းပါဠိတော်
-- ၈-ကစ္စာနသုတ်
1,336,032
Uncategorized
ဥဒါန်းပါဠိတော်
၆၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
1,336,033
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ အသျှင်မဟာကစ္စည်းသည် မြတ်စွာဘုရား၏ မနီးမဝေး၌ ကမ္မဋ္ဌာန်းအာရုံသို့ ရှေးရှု ကောင်းစွာတည်သော ကာယဂတာသတိဖြင့်ကိုယ်ကို ဖြောင့်မတ်စွာထားလျက် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေ၏။
1,336,034
Uncategorized
ဥဒါန်းပါဠိတော်
မြတ်စွာဘုရားသည် မနီးမဝေး၌ ကမ္မဋ္ဌာန်းအာရုံသို့ ရှေးရှု ကောင်းစွာတည်သော ကာယဂတာ သတိဖြင့်ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသော အသျှင်မဟာကစ္စည်းကို မြင်တော်မူ၏။
1,336,035
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -"ငါ့အား (ကိလေသာကံသည်) အကယ်၍ အတိတ်ကာလက မဖြစ်ခဲ့ပါမူ ဤပစ္စုပ္ပန် ကာလ၌ ငါ၏အတ္တဘောသည် မဖြစ်တန်ရာ၊ ဤပစ္စုပ္ပန်အတ္တဘော၌ ငါ့အား ကိလေသာကံ အကယ်၍ မဖြစ်ငြားအံ့၊ နောင်အနာဂတ်ကာလ၌ ဝိပါကဝဋ်ဖြစ်မည် မဟုတ်ဟု အကြင်ပုဂ္ဂိုလ်အား ဤသို့ ကိုယ်၌ တည်သော သတိသည် အခါ ခပ်သိမ်း အမြဲမပ...
1,336,036
Uncategorized
ဥဒါန်းပါဠိတော်
ဤသို့ ထိုသင်္ခါရတရား၌ အနုပုဗ္ဗဝိပဿနာဖြင့် နေလေ့ရှိသော ထိုပုဂ္ဂိုလ်သည် (ဣန္ဒြေရင့်ကျက်သော) ကာလ၌သာလျှင် တဏှာကို လွန်နိုင် ရာ၏”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
1,336,037
Uncategorized
ဥဒါန်းပါဠိတော်
၉-ဥဒပါနသုတ်
1,336,038
Uncategorized
ဥဒါန်းပါဠိတော်
၆၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ မလ္လတိုင်း၌ ဒေသစာရီ လှည့်လည်တော်မူလတ်သော် မလ္လမင်းတို့၏ ထူဏမည်သော ပုဏ္ဏားရွာသို့ ဆိုက်ရောက်၏။
1,336,039
Uncategorized
ဥဒါန်းပါဠိတော်
ထူဏရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် “အချင်းတို့ သာကီဝင်မင်းသားဖြစ်သော သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော ရဟန်းဂေါတမသည် များစွာသော ရဟန်းသံဃာနှင့်အတူ မလ္လတိုင်း၌ ဒေသစာရီလှည့်လည်ခဲ့ရာ ထူဏပုဏ္ဏားရွာသို့ ဆိုက်ရောက်၏”ဟု ကြားကြကုန်၏။
1,336,040
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ ထူဏရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် “ဦးပြည်းရဟန်းယုတ်တို့သည် သောက်ရေကို မသောက်ကြရစေကုန်လင့်”ဟု (နှလုံးပိုက်ကာ) ရေတွင်းကို မြက်ဖြင့်လည်းကောင်း၊ ဖွဲဖြင့်လည်းကောင်းရေတွင်းနှုတ်ခမ်းဝတိုင်အောင် ဖို့ကြကုန်၏။
1,336,041
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် လမ်းခရီးမှ ဖဲ၍ သစ်ပင်ရင်းသို့ ချဉ်းကပ်လျက် ခင်းထားအပ်သောနေရာ၌ ထိုင်တော်မူပြီးသော် အသျှင်အာနန္ဒာအား “အာနန္ဒာ ငါခိုင်းလို၏။
1,336,042
Uncategorized
ဥဒါန်းပါဠိတော်
သင်သည် ငါဘုရားသောက်ရန်ထိုရေတွင်းမှသောက်ရေကို ဆောင်ခဲ့လော့”ဟု (မိန့်တော်မူ၏)။
1,336,043
Uncategorized
ဥဒါန်းပါဠိတော်
-- ဤသို့ မိန့်ဆိုလတ်သော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားကို “အသျှင်ဘုရား ယခုအခါ ဦးပြည်းရဟန်းယုတ်တို့သည် သောက်ရေကို မသောက်ကြစေကုန်လင့်”ဟု နှလုံးပိုက်ကာ ရေတွင်းကို ထူဏရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် မြက်ဖြင့်လည်းကောင်း၊ ဖွဲဖြင့်လည်းကောင်း ရေတွင်းနှုတ်ခမ်းဝတိုင်အောင် ဖို့ထားကြပါကုန်သည်”ဟု (လျှောက်၏)။
1,336,044
Uncategorized
ဥဒါန်းပါဠိတော်
ပ။ သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားသည် “အာနန္ဒာ ငါခိုင်းလို၏။
1,336,045
Uncategorized
ဥဒါန်းပါဠိတော်
သင်သည် ငါဘုရားသောက်ရန် ထိုရေတွင်းမှသောက်ရေကို ဆောင်ခဲ့လော့”ဟု (မိန့်တော်မူ၏)။
1,336,046
Uncategorized
ဥဒါန်းပါဠိတော်
“အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ (စကားကို) ဝန်ခံ၍ သပိတ်ကို ယူလျက် ထိုရေတွင်းသို့ ချဉ်းကပ်၏။
1,336,047
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ အသျှင်အာနန္ဒာ ချဉ်းကပ်လတ်သော်ထိုရေတွင်းသည် ထိုအလုံးစုံသော မြက်ကိုလည်းကောင်း၊ ဖွဲကိုလည်းကောင်း ရေတွင်းနှုတ်ခမ်းဝမှအန်ထုတ်၍ ကြည်လင်သော မနောက်ကျုသော အထူးကြည်လင်သော ရေဖြင့်တွင်းနှုတ်ခမ်းဝတိုင်အောင် ပြည့်လျက် စီးထွက်သကဲ့သို့ တည်၏။
1,336,048
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ အသျှင်အာနန္ဒာအား ဤအကြံသည် ဖြစ်၏ “အချင်းတို့ မြတ်စွာဘုရား၏ တန်ခိုးအာနုဘော်ကြီးသည်၏အဖြစ်သည်အံ့ဩဖွယ်ရှိပေစွ၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ ငါချဉ်းကပ်မိသောအခါ ဤရေတွင်းသည်အလုံးစုံသော မြက်ကိုလည်းကောင်း၊ ဖွဲကိုလည်းကောင်းတွင်းနှုတ်ခမ်းဝမှ အန်ထုတ်၍ ကြည်လင်သော မနောက်ကျုသော အထူးကြည်လင်သော ရေဖြင့် ရေတွင်းနှုတ်ခမ်းဝတိုင်အောင် စီးထ...
1,336,049
Uncategorized
ဥဒါန်းပါဠိတော်
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရေကို သောက်တော်မူပါ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ရေကို သောက်တော်မူပါ”ဟု (လျှောက်၏)။
1,336,050
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -"ရေတို့သည် အခါ ခပ်သိမ်း အရပ်အားလုံးတို့၌ အကယ်၍ ဖြစ်ပေါ်နေကြကုန်မူ ရေတွင်းဖြင့်အသို့ ပြုရအံ့နည်း¿ အလိုရှိသည်ကို မရခြင်းကြောင့် ဖြစ်သော ဆင်းရဲ၏ အကြောင်းဖြစ်သောတဏှာ၏အမြစ်ကို ဖြတ်၍ တည်သော ငါကဲ့သို့ သော ဘုရားသျှင်သည် အဘယ့်ကြောင့် ရှာမှီးရန်လှည့်လည်ရအံ့နည်း”ဟု...
1,336,051
Uncategorized
ဥဒါန်းပါဠိတော်
-- ၁၀-ဥတေနသုတ်
1,336,052
Uncategorized
ဥဒါန်းပါဠိတော်
၇၀။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးနေတော်မူ၏။
1,336,053
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ ဥတေနမင်းသည် ဥယျာဉ်သို့ ထွက်သွားစဉ်နန်းတော်ကို မီးလောင်၏။
1,336,054
Uncategorized
ဥဒါန်းပါဠိတော်
သာမာဝတီအမှူးရှိသော မိန်းမငါးရာတို့ သည်လည်း သေကြကုန်၏။
1,336,055
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ များစွာသော ရဟန်းတို့သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် ကောသမ္ဗီပြည်သို့ ဆွမ်းခံဝင်ကုန်၏။
1,336,056
Uncategorized
ဥဒါန်းပါဠိတော်
ကောသမ္ဗီပြည်၌ ဆွမ်းခံလှည့်လည်ပြီး၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲကြကုန်လျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို “အသျှင်ဘုရား ယနေ့ ဥတေနမင်း ဥယျာဉ်သို့ ထွက်သွားစဉ် နန်းတော်ကို မီးလောင်ပါ၏။
1,336,057
Uncategorized
ဥဒါန်းပါဠိတော်
သာမာဝတီအမှူးရှိသော မိန်းမငါးရာတို့သည်လည်း သေကြကုန်၏။
1,336,058
Uncategorized
ဥဒါန်းပါဠိတော်
အသျှင်ဘုရား ထိုဥပါသိကာမတို့၏ လားရာဂတိကားအဘယ်ပါနည်း¿ တမလွန်ဘဝကား အဘယ်ပါနည်း”ဟု (လျှောက်ကုန်၏)။
1,336,059
Uncategorized
ဥဒါန်းပါဠိတော်
ရဟန်းတို့ ဤဥပါသိကာမအပေါင်းတို့တွင်သောတာပန် ဥပါသိကာမတို့သည် ရှိကုန်၏။
1,336,060
Uncategorized
ဥဒါန်းပါဠိတော်
သကဒါဂါမ်ဥပါသိကာမတို့သည် ရှိကုန်၏။
1,336,061
Uncategorized
ဥဒါန်းပါဠိတော်
အနာဂါမ် ဥပါသိကာမတို့သည် ရှိကုန်၏။
1,336,062
Uncategorized
ဥဒါန်းပါဠိတော်
ရဟန်းတို့ အလုံးစုံသော ဥပါသိကာမတို့သည် အကျိုးမဲ့ မဟုတ်ကုန်မူ၍ သေကြရကုန်၏ဟု (မိန့်တော်မူ၏)။
1,336,063
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -"လောကသည် မောဟဖြင့် ဖွဲ့ယှက်ဖုံးလွှမ်းရကား အကြောင်းနှင့် ပြည့်စုံသကဲ့သို့ ထင်ရ၏။
1,336,064
Uncategorized
ဥဒါန်းပါဠိတော်
ဥပဓိတို့ဖြင့်အဖွဲ့ခံရသော သူမိုက်သည် အဝိဇ္ဇာဟူသော အမိုက်တိုက်ဖြင့် ခြံရံအပ်ရကား မြဲသကဲ့သို့ ထင်ရ၏။
1,336,065
Uncategorized
ဥဒါန်းပါဠိတော်
အနိစ္စစသည်တို့၏ အစွမ်းဖြင့် ရှုသူ မဂ်ပညာဖြင့် မြင်သူအား ရာဂစသောကြောင့်ကြမှုမရှိနိုင်တော့ချေ”ဟု ဤဥဒါန်းကို ကျူး ရင့်တော်မူ၏။
1,336,066
Uncategorized
ဥဒါန်းပါဠိတော်
ခုနစ်ခုမြောက် စူဠဝဂ် ပြီး၏။
1,336,067
Uncategorized
ဥဒါန်းပါဠိတော်
-- ၈-ပါဋလိဂါမိယဝဂ်
1,336,068
Uncategorized
ဥဒါန်းပါဠိတော်
၁-ပဌမနိဗ္ဗာနပဋိသံယုတ္တသုတ်
1,336,069
Uncategorized
ဥဒါန်းပါဠိတော်
၇၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
1,336,070
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို နိဗ္ဗာန်နှင့်စပ်သောတရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏။
1,336,071
Uncategorized
ဥဒါန်းပါဠိတော်
ထိုရဟန်းတို့သည် အရိုအသေပြု၍ နှလုံးသွင်းလျက် အလုံးစုံသော စိတ်ဖြင့် ကောင်းစွာ ဆောင်ပြီးလျှင် နားစိုက်ကာ တရားကို နာကြကုန်၏။
1,336,072
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “ရဟန်းတို့ အကြင်နိဗ္ဗာန်အရပ်၌ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် မရှိ၊ အာကာသာနဉ္စာယတနဈာန် ဝိညာဏဉ္စာယတနဈာန် အာကိဉ္စညာ ယတနဈာန်နေဝသညာနာသညာယတနဈာန်လည်း မရှိ၊ ပစ္စုပ္ပန်လောက တမလွန် လောကလည်း မရှိ၊ နှစ်ပါးစုံသော လနေတို့သည်လည်း မရှိကုန်။
1,336,073
Uncategorized
ဥဒါန်းပါဠိတော်
ထိုနိဗ္ဗာန်သည် ရှိသည်သာတည်း။
1,336,074
Uncategorized
ဥဒါန်းပါဠိတော်
ရဟန်းတို့ ထိုနိဗ္ဗာန်၌လည်းတစ်စုံတစ်ခုသော ဘဝမှလာခြင်းကို ငါမဟော၊ တစ်စုံတစ်ခုသော ဘဝသို့ သွားခြင်းကိုလည်း ငါမဟော၊ တစ်စုံ တစ်ခုသောအရပ်၌ တည်ခြင်းကိုလည်း ငါမဟော၊ ရွေ့လျောစုတေခြင်းကိုလည်း ငါ မဟော၊ ပဋိသန္ဓေအားဖြင့် ဖြစ်ခြင်းကိုလည်း ငါမဟော၊ ထိုနိဗ္ဗာန်သည် တည်ရာ မရှိ ဖြစ်ခြင်းမရှိအာရုံပြုမှုမရှိသည်သာတည်း။
1,336,075
Uncategorized
ဥဒါန်းပါဠိတော်
ဤသဘောသည်သာ ဆင်းရဲ၏ အဆုံးတည်း”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
1,336,076
Uncategorized
ဥဒါန်းပါဠိတော်
၂-ဒုတိယနိဗ္ဗာနပဋိသံယုတ္တသုတ်
1,336,077
Uncategorized
ဥဒါန်းပါဠိတော်
၇၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
1,336,078
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -"တဏှာကင်းရာ နိဗ္ဗာန်မည်သည်ကား မြင်နိုင်ခဲသောတရားတည်း။
1,336,079
Uncategorized
ဥဒါန်းပါဠိတော်
မှန်၏- နိဗ္ဗာန်သည် မြင်ခြင်းငှါလွယ်ကူသောတရားမဟုတ်၊ နိရောဓသစ္စာကို အာရုံပြုသောအားဖြင့် ဒုက္ခသစ္စာကို ပိုင်းခြား၍သိသောအားဖြင့် မဂ္ဂသစ္စာကို ပွါးသောအားဖြင့် ထိုးထွင်း၍ သိသကဲ့သို့ တဏှာဟူသော သမုဒယသစ္စာကိုလည်း ပယ်သောအားဖြင့် ထိုးထွင်း၍ သိအပ်၏။
1,336,080
Uncategorized
ဥဒါန်းပါဠိတော်
ဤသို့ သစ္စာလေးပါးကို မဂ်ပညာဖြင့်သိသူ မြင်သူအားကြောင့်ကြမှု မရှိနိုင်တော့ပြီ”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
1,336,081
Uncategorized
ဥဒါန်းပါဠိတော်
-- ၃-တတိယနိဗ္ဗာနပဋိသံယုတ္တသုတ်
1,336,082
Uncategorized
ဥဒါန်းပါဠိတော်
၇၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
1,336,083
Uncategorized
ဥဒါန်းပါဠိတော်
ထိုရဟန်းတို့သည့်အရိုအသေ ပြု၍ နှလုံးသွင်းလျက် အလုံးစုံသော စိတ်ဖြင့် ကောင်းစွာ ဆောင်ပြီးလျှင် နားစိုက်ကာတရားကို နာကြကုန်၏။
1,336,084
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -"ရဟန်းတို့ ဖြစ်ပေါ်မှုမရှိသော ထင်ရှားဖြစ်နေမှုမရှိသော ပြုလုပ်ထားမှုမရှိသော စီရင်ထားမှုမရှိသော နိဗ္ဗာန်သည် ရှိ၏။
1,336,085
Uncategorized
ဥဒါန်းပါဠိတော်
ရဟန်းတို့ ဖြစ်ပေါ်မှုမရှိသော ထင်ရှားဖြစ် နေမှု မရှိသော ပြုလုပ်ထားမှုမရှိသော စီရင်ထားမှုမရှိသော နိဗ္ဗာန်သည် အကယ်၍ မရှိပါမူ ဤလောက၌ ဖြစ်ပေါ်လာမှု ထင်ရှားဖြစ်နေမှုပြုလုပ်ထားမှု စီရင်ထားမှု သဘောရှိသော ခန္ဓာပဉ္စကမှ ထွက်မြောက်ရာသည် မထင်ရှားရာ။
1,336,086
Uncategorized
ဥဒါန်းပါဠိတော်
ရဟန်းတို့အကြင့်ကြောင့် ဖြစ်ပေါ်မှု မရှိသော ထင်ရှားဖြစ်နေမှုမရှိသော ပြုလုပ်ထားမှုမရှိသော စီရင်ထားမှုမရှိသော နိဗ္ဗာန်သည် ရှိ၏။
1,336,087
Uncategorized
ဥဒါန်းပါဠိတော်
ထို့ကြောင့် သာ ဖြစ်ပေါ်လာမှု ထင် ရှားဖြစ်နေမှု ပြုလုပ်ထားမှုစီရင်ထားမှု သဘောရှိသော ခန္ဓာပဉ္စကမှ ထွက်မြောက် ရာသည် ထင်ရှား၏”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
1,336,088
Uncategorized
ဥဒါန်းပါဠိတော်
-- ၄-စတုတ္ထနိဗ္ဗာနပဋိသံယုတ္တသုတ်
1,336,089
Uncategorized
ဥဒါန်းပါဠိတော်
၇၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
1,336,090
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -"ရုပ်အစရှိသော သင်္ခါရ၌ တဏှာဒိဋ္ဌိတို့ဖြင့်မှီသောသူအား တဏှာဒိဋ္ဌိတို့ဖြင့် တုန်လှုပ်၏။
1,336,091
Uncategorized
ဥဒါန်းပါဠိတော်
တဏှာဒိဋ္ဌိတို့ဖြင့် မမှီသောသူအား တုန်လှုပ်မှု မရှိ၊ တုန်လှုပ်မှုမရှိသော် ငြိမ်းအေး၏။
1,336,092
Uncategorized
ဥဒါန်းပါဠိတော်
ငြိမ်းအေးမှုရှိလတ်သော် ညွတ်မှုတဏှာ မဖြစ်၊ ညွတ်မှု တဏှာမရှိသော် ပဋိသန္ဓေအားဖြင့် ဤဘဝသို့ လာခြင်း, စုတေအားဖြင့် ထိုဘဝသို့ သွားခြင်း မဖြစ်၊ လာခြင်း သွားခြင်းမရှိသော် စုတေခြင်းပဋိသန္ဓေနေခြင်း မဖြစ်၊ စုတေခြင်း ပဋိသန္ဓေနေခြင်း မရှိသော် မျက်မှောက်ဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း၊ နှစ်ပါးစုံဘဝ၌လည်းကောင်း မဖြစ်တော့လတ္တံ့။
1,336,093
Uncategorized
ဥဒါန်းပါဠိတော်
ဤသည်ပင်လျှင်ဆင်းရဲ၏အဆုံးတည်း”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
1,336,094
Uncategorized
ဥဒါန်းပါဠိတော်
၅-စုန္ဒသုတ်
1,336,095
Uncategorized
ဥဒါန်းပါဠိတော်
၇၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် မလ္လတိုင်း၌ များစွာသော ရဟန်းသံဃာနှင့်အတူ ဒေသစာရီ ကြွချီလှည့်လည်တော်မူလတ်သော်ပါဝါမြို့သို့ ဆိုက်ရောက် တော်မူ၏။
1,336,096
Uncategorized
ဥဒါန်းပါဠိတော်
ထိုပါဝါမြို့၌ မြတ်စွာဘုရားသည် ရွှေပန်းထိမ်သည်၏သား စုန္ဒ၏ သရက်ဥယျာဉ်၌ နေတော်မူ၏။
1,336,097
Uncategorized
ဥဒါန်းပါဠိတော်
ရွှေပန်းထိမ်သည်၏သား စုန္ဒသည် “မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ မလ္လတိုင်း၌ ဒေသစာရီ ကြွချီတော်မူလတ်သော်ပါဝါမြို့သို့ ဆိုက်ရောက်တော်မူ၍ မိမိသရက်ဥယျာဉ်၌ နေတော်မူ၏”ဟု ကြားလေ၏။
1,336,098
Uncategorized
ဥဒါန်းပါဠိတော်
ထိုအခါ ရွှေပန်းထိမ်သည်၏သား စုန္ဒသည် မြတ်စွာဘုရားထံသို့ ချဉ်း့ကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောအရပ်၌ ထိုင်နေ၏။
1,336,099
Uncategorized
ဥဒါန်းပါဠိတော်
တစ်ခုသောအရပ်၌ ထိုင်နေသော ရွှေပန်းထိမ်သည်၏သား စုန္ဒအား မြတ်စွာဘုရားသည် တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏။
1,336,100
Uncategorized
ဥဒါန်းပါဠိတော်
မြတ်စွာဘုရားသည် တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေပြီးသည်ရှိသော် ရွှေပန်းထိမ်သည်၏သား စုန္ဒသည် “အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းသံဃာနှင့်အတူ နက်ဖြန် အကျွန်ုပ်၏ ဆွမ်းကို လက်ခံတော်မူပါ”ဟု မြတ်စွာဘုရားအား လျှောက်၏။