id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,336,101 | Uncategorized | ဥဒါန်းပါဠိတော် | -- ထိုအခါ ရွှေပန်းထိမ်သည်၏သား စုန္ဒသည် မြတ်စွာဘုရား လက်ခံတော်မူသည်ကို သိ၍နေရာမှ ထကာမြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုပြီးလျှင် ဖဲခွါသွား၏။ |
1,336,102 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ ရွှေပန်းထိမ်သည်၏သားစုန္ဒသည် ထိုညဉ့်လွန်မြောက်ပြီးနောက် မိမိနေအိမ်၌ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ကိုလည်းကောင်း၊ နူးညံ့သော ဝက်သား ‘သူကရမဒ္ဒဝ’ များကိုလည်းကောင်း စီရင်စေပြီးလျှင် “အသျှင်ဘုရား အချိန်တန်ပါပြီ။ |
1,336,103 | Uncategorized | ဥဒါန်းပါဠိတော် | ဆွမ်းပြင်ပြီးပါပြီ”ဟု အချိန်တန်ကြောင်းကို မြတ်စွာဘုရားအား လျှောက်၏။ |
1,336,104 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် ရဟန်းသံဃာနှင့်အတူ ရွှေပန်းထိမ်သည်၏သား စုန္ဒနေအိမ်သို့ ချဉ်းကပ်၍ခင်းထားအပ်သောနေရာ၌ ထိုင်တော်မူ၏။ |
1,336,105 | Uncategorized | ဥဒါန်းပါဠိတော် | ထိုင်တော်မူပြီးလျှင် မြတ်စွာဘုရားသည် “ရွှေပန်းထိမ်သည်၏သား စုန္ဒ သင် စီရင်ထားသည့် နူးညံ့သော ဝက်သားဖြင့် ငါ့ကို လုပ်ကျွေးလော့၊ သင် စီရင်ထားသည့် အခြားခဲဖွယ် ဘောဇဉ်ဖြင့် ရဟန်းသံဃာကို လုပ်ကျွေးလော့”ဟု ရွှေပန်းထိမ်သည်၏သား စုန္ဒအား မိန့်တော်မူ၏။ |
1,336,106 | Uncategorized | ဥဒါန်းပါဠိတော် | “အသျှင်ဘုရား ကောင်းပါပြီ”ဟု ရွှေပန်းထိမ်သည်၏သား စုန္ဒသည် မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် စီရင်ထားသည့် နူးညံ့သော ဝက်သားဖြင့် မြတ်စွာဘုရားကို လုပ်ကျွေး၏။ |
1,336,107 | Uncategorized | ဥဒါန်းပါဠိတော် | စီရင်ထားသည့် အခြားခဲဖွယ် ဘောဇဉ်ဖြင့် ရဟန်းသံဃာကို လုပ်ကျွေး၏။ |
1,336,108 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ရွှေပန်းထိမ်သည်၏သား စုန္ဒကို မိန့်တော်မူ၏ “စုန္ဒ သင်၏ ကြွင်းကျန်သော နူးညံ့သော ဝက်သားကိုတွင်း၌ မြှုပ်လိုက်လော့၊ စုန္ဒ နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် တကွသော သမဏ, ဗြာဟ္မဏ မင်းများ လူများနှင့်တကွသော ဤလူ့လောက၌ ထို (နူးညံ့သော ဝက်သား) ကို စားလျှင် မြတ်စွာဘုရားမှတစ်ပါး ကောင်းစွာ အစာကြေအံ့သော ... |
1,336,109 | Uncategorized | ဥဒါန်းပါဠိတော် | “အသျှင်ဘုရား ကောင်းပါပြီ”ဟု ရွှေပန်းထိမ်သည်၏သား စုန္ဒသည်မြတ်စွာဘုရားအား ဝန်ခံ၍ ကြွင်းကျန်သော နူးညံ့သော ဝက်သားကိုတွင်း၌ မြှုပ်ပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်၏။ |
1,336,110 | Uncategorized | ဥဒါန်းပါဠိတော် | တစ်ခုသောအရပ်၌ ထိုင်နေသော ရွှေပန်းထိမ်သည်၏သား စုန္ဒကို မြတ်စွာဘုရားသည် တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူပြီးလျှင်နေရာမှ ထကာ ဖဲကြွတော်မူ၏။ |
1,336,111 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက် ရွှေပန်းထိမ်သည်၏သား စုန္ဒ၏ ဆွမ်းကို ဘုဉ်းပေးတော်မူပြီးသောအခါ မြတ်စွာဘုရားအားကြမ်းတမ်းသော အနာရောဂါကပ်ရောက်လျက် သေလောက်အောင် ပြင်းထန်သော ဝမ်းသွေးသွန်ရောဂါဝေဒနာတို့သည် ဖြစ်ပေါ်လာကုန်၏။ |
1,336,112 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရားသည် ထိုဝေဒနာတို့ကို သတိရှိလျက် ဆင်ခြင်လျက် ပင်ပန်းသည်ကို မရေတွက်ဘဲသည်းခံတော်မူ၏။ |
1,336,113 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် “အာနန္ဒာ လာ, သွားကြကုန်အံ့၊ ကုသိနာရုံပြည်သို့ ချဉ်းကပ်ကုန်အံ့”ဟု အသျှင်အာနန္ဒာအား မိန့်တော်မူ၏။ |
1,336,114 | Uncategorized | ဥဒါန်းပါဠိတော် | “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဝန်ခံ၏။ |
1,336,115 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရားသည် ရွှေပန်းထိမ်သည်၏သား စုန္ဒ၏ (နူးညံ့သော ဝက်သား) ဆွမ်းကို့ဘုဉ်းပေးတော်မူပြီး၍ သေလောက်အောင် ပြင်းထန်သော အနာရောဂါကို ရတော်မူသည်ဟု ပြောကြသည်ကို အကျွန်ုပ်ကြားရပါ၏။ |
1,336,116 | Uncategorized | ဥဒါန်းပါဠိတော် | -- နူးညံ့သော ဝက်သားဆွမ်းကို ဘုဉ်းပေးပြီးသောအခါ မြတ်စွာဘုရားအား ပြင်း ထန်သော အနာရောဂါဖြစ်ပေါ်လာ၏။ |
1,336,117 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရားသည် ဝမ်းသွေးသွန်တော်မူသည် ဖြစ်လျက်သာလျှင် ကုသိနာရုံပြည်သို့ ငါ သွားအံ့ဟု မိန့်တော်မူ၏။ |
1,336,118 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် လမ်းခရီးမှ ဖဲ၍ သစ်ပင်ရင်းသို့ ချဉ်းကပ်ပြီးလျှင် “အာနန္ဒာ ငါ ခိုင်း၏။ |
1,336,119 | Uncategorized | ဥဒါန်းပါဠိတော် | သင်သည် ငါ၏ ဒုကုဋ်သင်္ကန်းကြီးကို လေးထပ်ခေါက်၍ ခင်းပေးလော့၊ အာနန္ဒာ ငါဘုရား ပင်ပန်းလာပြီ။ |
1,336,120 | Uncategorized | ဥဒါန်းပါဠိတော် | ထိုင်ဦးအံ့”ဟု အာနန္ဒာအား မိန့်တော်မူ၏။ |
1,336,121 | Uncategorized | ဥဒါန်းပါဠိတော် | “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည်မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် ဒုကုဋ်သင်္ကန်းကြီးကို လေးထပ်ခေါက်၍ ခင်းပေး၏။ |
1,336,122 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရားသည် ခင်းထားသောနေရာ၌ ထိုင်တော်မူပြီးလျှင် “အာနန္ဒာ ငါ ခိုင်း၏။ |
1,336,123 | Uncategorized | ဥဒါန်းပါဠိတော် | သင်သည် ငါဘုရားအတွက်သောက်ရေကို ဆောင်ချေလော့၊ အာနန္ဒာ (ငါဘုရား) ရေမွတ်သိပ်၏။ |
1,336,124 | Uncategorized | ဥဒါန်းပါဠိတော် | ရေသောက်အံ့”ဟု အသျှင်အာနန္ဒာအား မိန့်တော်မူ၏။ |
1,336,125 | Uncategorized | ဥဒါန်းပါဠိတော် | ဤသို့ မိန့်လတ်သော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏။ |
1,336,126 | Uncategorized | ဥဒါန်းပါဠိတော် | “အသျှင်ဘုရား လှည်းအစီးငါးရာတို့ ဖြတ်ကူးသွားကြပါ၏။ |
1,336,127 | Uncategorized | ဥဒါန်းပါဠိတော် | လှည်းများ ဖြတ်ကူးထားသောကြောင့် ထို အနည်းငယ်သော (ချောင်း) ရေသည် ချောက်ချား နောက်ကျုလျက် စီးနေပါ၏။ |
1,336,128 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရားကုကုဋ္ဌာမြစ်သည် မဝေးလှတော့ပါ၊ (ထိုမြစ်သည်) ကြည်လင်သော ရေရှိပါ၏။ |
1,336,129 | Uncategorized | ဥဒါန်းပါဠိတော် | ချိုမြိန်သော ရေရှိပါ၏။ |
1,336,130 | Uncategorized | ဥဒါန်းပါဠိတော် | အေးမြသော ရေရှိပါ၏။ |
1,336,131 | Uncategorized | ဥဒါန်းပါဠိတော် | ညွန်ကင်းသော ရေ ရှိပါ၏။ |
1,336,132 | Uncategorized | ဥဒါန်းပါဠိတော် | ကောင်းသော ဆိပ်ကမ်းရှိပါ၏။ |
1,336,133 | Uncategorized | ဥဒါန်းပါဠိတော် | မွေ့လျော်ဖွယ်ရှိပါ၏။ |
1,336,134 | Uncategorized | ဥဒါန်းပါဠိတော် | ဤကုကုဋ္ဌာမြစ်၌ မြတ်စွာဘုရားသည် ရေကိုလည်း သောက်တော်မူရလတ္တံ့။ |
1,336,135 | Uncategorized | ဥဒါန်းပါဠိတော် | ကိုယ်တော်ကိုလည်း အေးမြအောင် ပြုတော်မူရပါလတ္တံ့”ဟု (ဤသို့ လျှောက်၏)။ |
1,336,136 | Uncategorized | ဥဒါန်းပါဠိတော် | ပ။ သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားသည် “အာနန္ဒာ ငါ ခိုင်း၏။ |
1,336,137 | Uncategorized | ဥဒါန်းပါဠိတော် | သင်သည်ငါဘုရားအတွက်သောက်ရေကို ဆောင်ချေလော့၊ အာနန္ဒာ ငါဘုရား ရေမွတ်သိပ်၏။ |
1,336,138 | Uncategorized | ဥဒါန်းပါဠိတော် | “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည်မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် သပိတ်ကို ယူကာ ထိုချောင်းဆီသို့ ချဉ်းကပ်လေ၏။ |
1,336,139 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ လှည်းများဖြတ်ကူးထားသောကြောင့် ချောက်ချား နောက်ကျုလျက် စီးနေသော ထိုချောင်းရေအနည်းငယ်သည်အသျှင်အာနန္ဒာ ချဉ်းကပ်လေလျှင် ကြည်လင်သန့်ရှင်း နောက်ကျုကင်းလျက် စီးလေ၏။ |
1,336,140 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ အသျှင်အာနန္ဒာသည် ဤသို့ ဆင်ခြင်မိ၏ “အချင်းတို့ မြတ်စွာဘုရား၏ တန်ခိုးအာနုဘော်ကြီးသည်၏ အဖြစ်သည်အံ့ဩဖွယ် ရှိပါပေစွ၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ လှည်းများ ဖြတ်ကူးထားသောကြောင့် ချောက်ချားနောက်ကျုလျက် စီးနေသော ဤချောင်းရေအနည်းငယ်သည် ငါ ချဉ်းကပ်သောအခါ ကြည်လင်သန့်ရှင်း နောက်ကျုကင်းလျက် စီးဘိ၏”ဟု ဆင်ခြင်ပြီးလျှင် သပ... |
1,336,141 | Uncategorized | ဥဒါန်းပါဠိတော် | “အသျှင်ဘုရားမြတ်စွာဘုရား၏ တန်ခိုးတော် အာနုဘော်ကြီးသည်၏ အဖြစ်သည်အံ့ဩဖွယ် ရှိပါပေစွ၊ မဖြစ်ဖူးမြဲဖြစ်ပါပေစွ၊မှန်ပါ၏။ |
1,336,142 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား ယခုပင် လှည်းများဖြတ်ကူးထားသောကြောင့် ချောက်ချားနောက်ကျုလျက် စီးနေသော ထိုချောင်းရေအနည်းငယ်သည် အကျွန်ုပ်ချဉ်းကပ်သွားသောအခါ ကြည်လင်သန့်ရှင်း နောက်ကျုကင်းလျက် စီးပါသည်၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသောက်ရေကို သုံးဆောင်တော်မူပါ၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသောက်ရေကို သုံးဆောင်တော်မူပါ”ဟု (လျှော... |
1,336,143 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် သောက်ရေကို သုံးဆောင်တော်မူ၏။ |
1,336,144 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ကုကုဋ္ဌာမြစ်သို့ ချဉ်းကပ်တော်မူ၍ကုကုဋ္ဌာမြစ်၌ သက်ဆင်းလျက် ရေချိုးတော်မူသောက်တော်မူပြီးနောက် တစ်ဖန် ပြန်တက်ပြီးလျှင့်သရက်တောသို့ ချဉ်းကပ်တော်မူ၍ “စုန္ဒ ငါ ခိုင်း၏။ |
1,336,145 | Uncategorized | ဥဒါန်းပါဠိတော် | သင်သည် ငါ၏ ဒုကုဋ်သင်္ကန်းကြီးကို လေးထပ်ခေါက်၍ ခင်းပေးလော့၊ စုန္ဒ ငါဘုရား ပင်ပန်း၏။ |
1,336,146 | Uncategorized | ဥဒါန်းပါဠိတော် | လျောင်းစက်ဦးအံ့”ဟု အသျှင်စုန္ဒအားမိန့်တော်မူ၏။ |
1,336,147 | Uncategorized | ဥဒါန်းပါဠိတော် | -- “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်စုန္ဒသည် မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် ဒုကုဋ်သင်္ကန်းကြီးကို လေးထပ်ခေါက်၍ ခင်းပေးလေ၏။ |
1,336,148 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက် မြတ်စွာဘုရားသည် (လက်ျာ) ခြေပေါ်၌ (လက်ဝဲ) ခြေကို စဉ်းငယ်လွန်ကာ တင်ထား၍ သတိရှိလျက် ဆင်ခြင်လျက် (မည်သည့်အချိန်၌) ထအံ့ဟု နှလုံးသွင်း ပိုင်းခြားလျက် လက်ျာနံတောင်းဖြင့် မြတ်သော လျောင်းစက်ခြင်းကို ပြုတော်မူ၏။ |
1,336,149 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်စုန္ဒသည်ကား ထိုအရပ်၌ပင် မြတ်စွာဘုရား၏ မျက်မှောက်၌ ထိုင်နေ၏။ |
1,336,150 | Uncategorized | ဥဒါန်းပါဠိတော် | ဤလောက၌ အတုမရှိသော သစ္စာလေးပါးကို သိတော်မူသော ဆရာသခင် မြတ်စွာဘုရားသည် ရေကြည်လင်ချိုမြိန်သန့်ရှင်းသော ကုကုဋ္ဌာမြစ်သို့ ချဉ်းကပ် တော်မူပြီးလျှင် အလွန်ပင်ပန်းသော သဘောရှိသည်ဖြစ်၍ သက်ဆင်းတော်မူကာ ရေချိုးတော်မူသောက်တော်မူပြီးလျှင် ပြန်တက်တော်မူ၏။ |
1,336,151 | Uncategorized | ဥဒါန်းပါဠိတော် | ဤ (သာသနာတော်)၌ တရားတို့ကို တီထွင်ဟောကြားတော်မူတတ်သော ဘုန်းတော်ကြီးသော ဆရာသခင် မြတ်စွာဘုရားသည် ထိုသို့ ပြန်တက်တော်မူပြီးလျှင် ရဟန်းအပေါင်း၏ အလယ်၌ (ရဟန်းအပေါင်း) ကြည့်ရှုခြံရံလျက် သရက်တောသို့ ချဉ်းကပ်တော်မူ၏။ |
1,336,152 | Uncategorized | ဥဒါန်းပါဠိတော် | ငါ၏ (ဒုကုဋ်သင်္ကန်းကြီးကို) လေးထပ်ခေါက်၍ ခင်းပေးလော့၊ လျောင်းစက်ဦးအံ့ဟု စုန္ဒမည်သော ရဟန်းကို မြတ်စွာဘုရားသည် မိန့်တော်မူ၏။ |
1,336,153 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရား စေခိုင်းတော်မူလျှင် ထိုစုန္ဒသည် (ဒုကုဋ်သင်္ကန်းကြီးကို) လေးထပ် ခေါက်၍ လျင်မြန်စွာခင်းပေး၏။ |
1,336,154 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရားသည် အလွန်ပင်ပန်းသော သဘောရှိသည်ဖြစ်၍ လျောင်းစက်တော်မူ၏။ |
1,336,155 | Uncategorized | ဥဒါန်းပါဠိတော် | စုန္ဒသည်လည်း (ထိုမြတ်စွာဘုရား၏) မျက်မှောက်၌ပင် ထိုင်နေ၏။ |
1,336,156 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို မိန့်တော်မူ၏ “အာနန္ဒာ တစ်စုံတစ်ယောက်သောသူသည် ရွှေပန်းထိမ်သည်၏သား စုန္ဒအား အချင်းစုန္ဒ သင်၏ ဆွမ်းကို နောက်ဆုံးဘုဉ်းပေးတော်မူ၍မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူရချေ၏။ |
1,336,157 | Uncategorized | ဥဒါန်းပါဠိတော် | (ထို့ကြောင့် ) သင်သည် အရမတော်လေစွ၊ သင့်အားမကောင်း သဖြင့် ရအပ်ပေစွ”ဟု ဆိုလျက် နှလုံးမသာခြင်းကို ဖြစ်စေသော်လည်း ဖြစ်စေရာ၏။ |
1,336,158 | Uncategorized | ဥဒါန်းပါဠိတော် | အာနန္ဒာ (ထိုသို့ ဖြစ်စေခဲ့ပါလျှင်) ရွှေပန်းထိမ်သည်၏သား စုန္ဒ၏ နှလုံးမသာခြင်းကို ဤသို့ ဖြေဖျောက်ရမည်- |
1,336,159 | Uncategorized | ဥဒါန်းပါဠိတော် | “ဒါယကာစုန္ဒ သင်၏ ဆွမ်းကို နောက်ဆုံးဘုဉ်းပေးတော်မူ၍ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူ၏။ |
1,336,160 | Uncategorized | ဥဒါန်းပါဠိတော် | ထို့ကြောင့် သင့်အား အရတော်ပါပေစွ၊ သင်သည် ကောင်းစွာ ရအပ်ပေစွ၊ ဒါယကာစုန္ဒမြတ်စွာဘုရား၏ မျက်မှောက်တော်မှ ဤစကားကို ကြားနာလိုက်ရ၏။ |
1,336,161 | Uncategorized | ဥဒါန်းပါဠိတော် | ခံယူလိုက်ရ၏။ |
1,336,162 | Uncategorized | ဥဒါန်းပါဠိတော် | ‘အခြားဆွမ်းတို့ထက် အကျိုး အာနိသင် ကြီးမားကုန်သောအချင်းချင်းတူမျှ၍အကျိုးဝိပါက်တူမျှကုန်သော ဤဆွမ်းနှစ်မျိုးတို့သည် ရှိကုန်၏။ |
1,336,163 | Uncategorized | ဥဒါန်းပါဠိတော် | အဘယ်နှစ်မျိုးတို့နည်းဟူမူ-အကြင်ဆွမ်းကို ဘုဉ်းပေးတော်မူ၍ မြတ်စွာဘုရားသည် အမြတ် ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူ၏။ |
1,336,164 | Uncategorized | ဥဒါန်းပါဠိတော် | (ဤဆွမ်းလည်း တစ်မျိုး၊) အကြင်ဆွမ်းကို ဘုဉ်းပေး တော်မူ၍ မြတ်စွာဘုရားသည် ခန္ဓာအကြွင်း မရှိသော ငြိမ်းခြင်းသဘော အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်စံဝင်တော်မူ၏။ |
1,336,165 | Uncategorized | ဥဒါန်းပါဠိတော် | (ဤဆွမ်းလည်း တစ်မျိုး၊) အခြားဆွမ်းတို့ထက် အကျိုးအာနိသင်ကြီးမားကုန်သောအချင်းချင်းတူမျှ၍အကျိုးဝိပါက်တူမျှကုန်သော ဆွမ်းနှစ်မျိုးတို့ဟူသည် ဤသည်တို့ပင်တည်း’ (ဟူ၍ဤစကားကို မြတ်စွာဘုရား၏) မျက်မှောက်တော်မှ ကြားနာလိုက်ရ၏၊ ခံယူလိုက်ရ၏။ |
1,336,166 | Uncategorized | ဥဒါန်းပါဠိတော် | ထို့ကြောင့် ရွှေပန်းထိမ်သည်၏သား ဒါယကာစုန္ဒသည် အသက်ရှည်ခြင်းကို ဖြစ်စေတတ်သော ကံကို ဆည်းပူးရပေပြီ။ |
1,336,167 | Uncategorized | ဥဒါန်းပါဠိတော် | အဆင်းလှခြင်းကို ဖြစ်စေတတ်သော ကံကို ဆည်းပူးရပေပြီ။ |
1,336,168 | Uncategorized | ဥဒါန်းပါဠိတော် | ချမ်းသာခြင်းကို ဖြစ်စေတတ်သော ကံကို ဆည်းပူးရပေပြီ။ |
1,336,169 | Uncategorized | ဥဒါန်းပါဠိတော် | နတ်ပြည်၌ ဖြစ်စေတတ်သော ကံကို ဆည်းပူးရပေပြီ။ |
1,336,170 | Uncategorized | ဥဒါန်းပါဠိတော် | အခြံအရံများ့ခြင်းကို ဖြစ်စေတတ်သော ကံကို ဆည်းပူးရပေပြီ။ |
1,336,171 | Uncategorized | ဥဒါန်းပါဠိတော် | အကြီးအကဲ ဖြစ်စေတတ်သော ကံကို ဆည်းပူးရပေပြီ”ဟု ဟောကြား၍ ရွှေပန်းထိမ်သည်၏သား စုန္ဒ၏ နှလုံးမသာခြင်းကို ဖြေဖျောက်ရမည် အာနန္ဒာဟု (မိန့်တော်မူ၏)။ |
1,336,172 | Uncategorized | ဥဒါန်းပါဠိတော် | -- ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “ပေးလှူသောသူအား ကုသိုလ်ကောင်းမှုသည် တိုးပွါး၏။ |
1,336,173 | Uncategorized | ဥဒါန်းပါဠိတော် | စောင့်စည်းသောသူအား ရန်မပွါးနိုင်၊ ဉာဏ်ရှိသူသည် မကောင်းမှုကို ပယ်စွန့်၏။ |
1,336,174 | Uncategorized | ဥဒါန်းပါဠိတော် | ထိုသို့ (ပယ်စွန့်) သူသည် ရာဂ ဒေါသ မောဟတို့ကုန်၍ (ကိလေသာမီး) ငြိမ်းအေးလေတော့ သတည်း”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ |
1,336,175 | Uncategorized | ဥဒါန်းပါဠိတော် | ၆-ပါဋလိဂါမိယသုတ် |
1,336,176 | Uncategorized | ဥဒါန်းပါဠိတော် | ၇၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ မဂဓတိုင်း၌ ဒေသစာရီလှည့်လည်လတ်သော်ပါဋလိရွာသို့ ရောက်တော်မူ၏။ |
1,336,177 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ “မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ မဂဓတိုင်း၌ ဒေသစာရီလှည့်လည်တော်မူရာပါဋလိရွာသို့ ရောက်တော်မူသတတ်”ဟုပါဋလိရွာသား ဥပါသကာတို့ ကြားကုန်၏။ |
1,336,178 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါပါဋလိရွာသား ဥပါသကာတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောအရပ်၌ ထိုင်နေကုန်ပြီးသော် “အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်တို့၏ ဧည့်သည်တို့တည်းခိုရာဇရပ်ကို လက်ခံတော်မူပါ”ဟု မြတ်စွာဘုရားအား လျှောက်ကုန်၏။ |
1,336,179 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေတော်မူသဖြင့် လက်ခံတော်မူ၏။ |
1,336,180 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါပါဋလိရွာသား ဥပါသကာတို့သည် မြတ်စွာဘုရား လက်ခံတော်မူသည်ကို သိသဖြင့် နေရာမှထကာ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုပြီးလျှင် ဧည့်သည်တို့တည်းခိုရာဇရပ်သို့ ချဉ်းကပ်ကုန်၍ ဧည့်သည်တို့တည်းခိုရာဇရပ်၌ ခင်းနှီးအပြည့်ခင်းခြင်း ထိုင်နေစရာတို့ကို ပြင်ထားခြင်း ရေပြည့်အိုးကြီးတို့ကို တည်ထားခြင်း ဆီမီးထွန်းခြင်းတို့ကို ပြုပြီးလ... |
1,336,181 | Uncategorized | ဥဒါန်းပါဠိတော် | ချဉ်းကပ်ပြီး၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောနေရာ၌ ရပ်တည်ကုန်ပြီးသော် “အသျှင်ဘုရားဧည့်သည်တို့တည်းခိုရာဇရပ်၌ ခင်းနှီးအပြည့် ခင်းပြီးပါပြီ။ |
1,336,182 | Uncategorized | ဥဒါန်းပါဠိတော် | ထိုင်နေစရာတို့ကိုလည်း ပြင်ထားပြီးပါပြီ။ |
1,336,183 | Uncategorized | ဥဒါန်းပါဠိတော် | ရေပြည့်အိုးကြီးကိုလည်း တည်ထားပြီးပါပြီ။ |
1,336,184 | Uncategorized | ဥဒါန်းပါဠိတော် | ဆီမီးကိုလည်း ညှိထွန်းထားပြီးပါပြီ။ |
1,336,185 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား ယခုအခါ ကြွတော်မူရန် အချိန်ကို မြတ်စွာဘုရား သိတော်မူပါသည်၊ (ကြွရန်မှာ မြတ်စွာဘုရား၏အလိုတော်အတိုင်း ပင် ဖြစ်ပါသည်)”ဟု မြတ်စွာဘုရားအား လျှောက်ကုန်၏။ |
1,336,186 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူဆောင်လျက်ရဟန်းသံဃာနှင့်အတူ ဧည့်သည်တို့တည်းခိုရာဇရပ်သို့ ချဉ်းကပ်တော်မူပြီးလျှင် ခြေဆေးတော်မူ၍ဧည့်သည်တို့တည်း ခိုရာဇရပ်သို့ ဝင်ပြီးသော် အလယ်တိုင်ကိုမှီလျက် အရှေ့အရပ်သို့ မျက်နှာမူကာထိုင်နေတော်မူ၏။ |
1,336,187 | Uncategorized | ဥဒါန်းပါဠိတော် | ရဟန်းသံဃာသည်လည်း ခြေဆေး၍ ဧည့်သည်တို့တည်းခိုရာဇရပ်သို့ ဝင်ပြီးသော်အနောက်ဘက်နံရံကိုမှီလျက် အရှေ့အရပ်သို့ မျက်နှာမူကာ မြတ်စွာဘုရားကိုသာလျှင် ရှေ့ထား၍ ထိုင်နေ၏။ |
1,336,188 | Uncategorized | ဥဒါန်းပါဠိတော် | ပါဋလိရွာသား ဥပါသကာတို့သည်လည်း ခြေဆေးကုန်၍ ဧည့်သည်တို့တည်းခိုရာ ဇရပ်သို့ ဝင်ကုန်ပြီးသော် အရှေ့ဘက်နံရံကိုမှီလျက် အနောက်အရပ်သို့ မျက်နှာမူကာ မြတ်စွာဘုရားကိုသာလျှင် ရှေ့ထား၍ ထိုင်နေကုန်၏။ |
1,336,189 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည်ပါဋလိရွာသား ဥပါသကာတို့ကို မိန့်တော်မူ၏- |
1,336,190 | Uncategorized | ဥဒါန်းပါဠိတော် | -- ဥပါသကာတို့ သီလမရှိသူ၏ သီလပျက်ခြင်း၌ အပြစ်တို့သည် ဤငါးပါးတို့တည်း။ |
1,336,191 | Uncategorized | ဥဒါန်းပါဠိတော် | အဘယ်ငါးပါးတို့နည်းဟူမူ- ဥပါသကာတို့ ဤလောက၌ သီလမရှိသော သီလပျက်သောသူသည် မေ့လျော့ခြင်းကြောင့် များစွာသော စည်းစိမ် ဆုံးရှုံးခြင်းသို့ ရောက်၏။ |
1,336,192 | Uncategorized | ဥဒါန်းပါဠိတော် | ဤသည်ကား သီလမရှိသောသူ၏ သီလပျက်ခြင်း၌ ပဌမဖြစ်သော အပြစ်တည်း။ |
1,336,193 | Uncategorized | ဥဒါန်းပါဠိတော် | ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလမရှိသော သီလပျက်သောသူ၏ မကောင်းသော ကျော်စောသတင်းသည် ပျံ့နှံ့၍ ထွက်၏။ |
1,336,194 | Uncategorized | ဥဒါန်းပါဠိတော် | ဤသည်ကား သီလမရှိသူ၏ သီလပျက်ခြင်း၌ ဒုတိယဖြစ်သော အပြစ်တည်း။ |
1,336,195 | Uncategorized | ဥဒါန်းပါဠိတော် | ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလမရှိသော သီလပျက်သောသူသည် မင်းပရိသတ်ပုဏ္ဏားပရိသတ် သူကြွယ်ပရိသတ် ရဟန်းပရိသတ် အလယ်သို့ ချဉ်းကပ်ခဲ့သော်ကြောက်ကြောက်ရွံ့ရွံ့ မျက်နှာညှိုးငယ်လျက် ချဉ်းကပ်ရ၏။ |
1,336,196 | Uncategorized | ဥဒါန်းပါဠိတော် | ဤကား သီလမရှိသူ၏ သီလပျက်ခြင်း၌ တတိယဖြစ်သော အပြစ်တည်း။ |
1,336,197 | Uncategorized | ဥဒါန်းပါဠိတော် | ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလမရှိသော သီလပျက်သောသူသည် တွေတွေဝေဝေ ဖြစ်လျက်သေရ၏။ |
1,336,198 | Uncategorized | ဥဒါန်းပါဠိတော် | ဤကား သီလမရှိသူ၏ သီလပျက်ခြင်း၌ စတုတ္ထဖြစ်သော အပြစ်တည်း။ |
1,336,199 | Uncategorized | ဥဒါန်းပါဠိတော် | ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလမရှိသော သီလပျက်သောသူသည် ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲ၌ ဖြစ်ရ၏။ |
1,336,200 | Uncategorized | ဥဒါန်းပါဠိတော် | ဤကား သီလမရှိသူ၏ သီလပျက်ခြင်း၌ ပဉ္စမဖြစ်သော အပြစ်တည်း။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.