id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,336,201 | Uncategorized | ဥဒါန်းပါဠိတော် | ဥပါသကာတို့သီလမရှိသူ၏ သီလပျက်ခြင်း၌ အပြစ်တို့သည် ဤငါပါးတို့ပေတည်း။ |
1,336,202 | Uncategorized | ဥဒါန်းပါဠိတော် | ဥပါသကာတို့ သီလရှိသူ၏ သီလပြည့်စုံခြင်း၌ အကျိုးအာနိသင်တို့သည် ဤငါးပါးတို့တည်း။ |
1,336,203 | Uncategorized | ဥဒါန်းပါဠိတော် | အဘယ်ငါးပါးတို့နည်းဟူမူ-ဥပါသကာတို့ ဤလောက၌ သီလရှိသော သီလနှင့် ပြည့်စုံသောသူသည် မမေ့ မလျော့ခြင်းကြောင့် များစွာသော စည်းစိမ်အစုကိုရ၏။ |
1,336,204 | Uncategorized | ဥဒါန်းပါဠိတော် | ဤသည်ကား သီလရှိသူ၏သီလပြည့်စုံခြင်း၌ ပဌမဖြစ်သော အကျိုးအာနိသင်တည်း။ |
1,336,205 | Uncategorized | ဥဒါန်းပါဠိတော် | ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလရှိသော သီလနှင့် ပြည့်စုံသောသူ၏ ကောင်းသော ကျော်စောသတင်းသည် ပျံ့နှံ့၍ ထွက်၏။ |
1,336,206 | Uncategorized | ဥဒါန်းပါဠိတော် | ဤသည်ကား သီလရှိသူ၏ သီလပြည့်စုံခြင်း၌ ဒုတိယဖြစ်သော အကျိုးအာနိသင်တည်း။ |
1,336,207 | Uncategorized | ဥဒါန်းပါဠိတော် | ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလရှိသော သီလနှင့် ပြည့်စုံသောသူသည် မင်းပရိသတ်ပုဏ္ဏားပရိသတ် သူကြွယ်ပရိသတ် ရဟန်းပရိသတ် အလယ်သို့ ချဉ်းကပ်ခဲ့သော် မကြောက်မရွံ့ မျက်နှာမညှိုးငယ်ဘဲ ချဉ်းကပ်ရ၏။ |
1,336,208 | Uncategorized | ဥဒါန်းပါဠိတော် | ဤကား သီလရှိသူ၏ သီလပြည့်စုံခြင်း၌ တတိယဖြစ်သော အကျိုးအာနိသင်တည်း။ |
1,336,209 | Uncategorized | ဥဒါန်းပါဠိတော် | ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလရှိသော သီလနှင့် ပြည့်စုံသောသူသည် တွေဝေခြင်းမရှိဘဲသေရ၏။ |
1,336,210 | Uncategorized | ဥဒါန်းပါဠိတော် | ဤကား သီလရှိသူ၏ သီလနှင့် ပြည့်စုံခြင်း၌ စတုတ္ထဖြစ်သော အကျိုးအာနိသင်တည်း။ |
1,336,211 | Uncategorized | ဥဒါန်းပါဠိတော် | ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလရှိသော သီလနှင့် ပြည့်စုံသောသူသည် ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်၌ ဖြစ်ရ၏။ |
1,336,212 | Uncategorized | ဥဒါန်းပါဠိတော် | ဤကား သီလရှိသူ၏ သီလနှင့်ပြည့်စုံခြင်း၌ ပဉ္စမဖြစ်သော အကျိုးအာနိသင်တည်း။ |
1,336,213 | Uncategorized | ဥဒါန်းပါဠိတော် | ဥပါသကာတို့ သီလရှိသူ၏ သီလနှင့် ပြည့်စုံခြင်း၌ အကျိုးအာနိသင်တို့သည် ဤငါပါးတို့ပေတည်းဟု (မိန့်တော်မူ၏)။ |
1,336,214 | Uncategorized | ဥဒါန်းပါဠိတော် | -- ထိုအခါ မြတ်စွာဘုရားသည်ပါဋလိရွာသား ဥပါသကာတို့ကို ကြာမြင့်စွာ ညဉ့်အချိန်ပတ်လုံး (ညဉ့်နက်သည်တိုင်အောင်) တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် (တရားကို) ဆောက်တည် စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူပြီးလျှင် “ဥပါသကာတို့ ညဉ့်ဦးယံလွန်လေပြီ။ |
1,336,215 | Uncategorized | ဥဒါန်းပါဠိတော် | ယခုအခါ သွားရန် အချိန်ကို သင်တို့ သိကုန်၏။ |
1,336,216 | Uncategorized | ဥဒါန်းပါဠိတော် | (သွားရန်မှာ သင်တို့၏ အလိုအတိုင်းပင်ဖြစ်၏)”ဟု ပြန်လွှတ်တော်မူ၏။ |
1,336,217 | Uncategorized | ဥဒါန်းပါဠိတော် | “အသျှင်ဘုရား ကောင်းပါပြီ”ဟုပါဋလိရွာသား ဥပါသကာတို့သည် မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုလျက် ပြန်သွားကြကုန်၏။ |
1,336,218 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည်ပါဋလိရွာသား ဥပါသကာတို့ ပြန်သွား၍ မကြာမြင့်မီ ဆိတ်ငြိမ်ရာသို့ဝင်တော်မူ၏။ |
1,336,219 | Uncategorized | ဥဒါန်းပါဠိတော် | ထိုစဉ်အခါ၌ မဂဓတိုင်း အမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရပုဏ္ဏားတို့သည် ဝဇ္ဇီမင်းတို့ကို တားဆီးပိတ်ဆို့ခြင်းငှါပါဋလိရွာ၌ မြို့ တည်ထောင်နေကြကုန်၏။ |
1,336,220 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ၌ များစွာသော နတ်တို့သည်လည်း တစ်ထောင်စီ တစ်ထောင်စီ စုရုံး၍သာလျှင်ပါဋလိရွာ၌ အိမ်ရာတို့ကို သိမ်းပိုက်လျက် နေကြကုန်၏။ |
1,336,221 | Uncategorized | ဥဒါန်းပါဠိတော် | တန်ခိုးကြီးသော နတ်တို့ အိမ်ရာသိမ်းပိုက်သော ရပ်ကွက်၌ တန်ခိုးကြီးသော မင်းနှင့် အမတ်ကြီးတို့ အိမ်ရာတည်ဆောက်ရန် စိတ်ညွတ်ကြကုန်၏။ |
1,336,222 | Uncategorized | ဥဒါန်းပါဠိတော် | တန်ခိုးအလတ်စားနတ်တို့ အိမ်ရာသိမ်းပိုက်သော ရပ်ကွက်၌ တန်ခိုးအလတ်စားမင်းနှင့် အမတ်ကြီးတို့ အိမ်ရာတည်ဆောက်ရန် စိတ်ညွတ်ကြကုန်၏။ |
1,336,223 | Uncategorized | ဥဒါန်းပါဠိတော် | တန်ခိုး နည်းသော နတ်တို့ အိမ်ရာသိမ်းပိုက်သော ရပ်ကွက်၌ တန်ခိုးနည်းသော မင်းနှင့်အမတ်ကြီးတို့အိမ်ရာ တည်ဆောက်ရန် စိတ်ညွတ်ကြကုန်၏။ |
1,336,224 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရားသည် တစ်ထောင်စီ တစ်ထောင်စီ စုရုံး၍သာလျှင်ပါဋလိရွာ၌ အိမ်ရာတို့ကို သိမ်းပိုက်နေကြသော ထိုနတ်တို့ကို အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏ မျက်စိနှင့် တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် မြင်တော်မူ၏။ |
1,336,225 | Uncategorized | ဥဒါန်းပါဠိတော် | ပ။ ထိုအခါ မြတ်စွာဘုရားသည် ညဉ့်၏အဆုံး (မိုးသောက်ယံ၌) လျောင်းစက်ရာမှ ထတော်မူ၍ အာနန္ဒာပါဋလိရွာ၌ မြို့ ကို အဘယ်သူတို့သည် တည်ဆောက်နေကြသနည်းဟု အသျှင်အာနန္ဒာကို မေးတော်မူ၏။ |
1,336,226 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား မဂဓတိုင်း အမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရပုဏ္ဏားတို့သည် ဝဇ္ဇီမင်းတို့ကို တားဆီးပိတ်ဆို့ရန်ပါဋလိရွာ၌ မြို့ တည်ထောင်နေကြပါကုန်၏ဟု လျှောက်၏။ |
1,336,227 | Uncategorized | ဥဒါန်းပါဠိတော် | အာနန္ဒာ မဂဓတိုင်းအမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရပုဏ္ဏားတို့သည် ဝဇ္ဇီမင်းတို့ကို တားဆီးပိတ်ဆို့ရန်ပါဋလိရွာ၌ မြို့ တည်ထောင် နေကြသည်မှာ တာဝတိံသာနတ်တို့နှင့် တိုင်ပင်၍ တည်ထောင်သကဲ့သို့ ပင်ရှိချေ၏။ |
1,336,228 | Uncategorized | ဥဒါန်းပါဠိတော် | အာနန္ဒာ တစ်ထောင်စီ တစ်ထောင်စီ စုရုံး၍သာလျှင်ပါဋလိရွာ၌ အိမ်ရာတို့ကို သိမ်းပိုက်နေကြသော များစွာသော နတ်တို့ကို ငါသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏မျက်စိထက် သာလွန်သော နတ်တို့၏ မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် မြင်တော်မူ၏။ |
1,336,229 | Uncategorized | ဥဒါန်းပါဠိတော် | အာနန္ဒာတန်ခိုးကြီးသော နတ်တို့ အိမ်ရာ သိမ်းပိုက်သော ရပ်ကွက်၌ တန်ခိုးကြီးသော မင်းနှင့် အမတ်ကြီးတို့အိမ်ရာတည်ဆောက်ရန် စိတ်ညွတ်ကြကုန်၏။ |
1,336,230 | Uncategorized | ဥဒါန်းပါဠိတော် | တန်ခိုးအလတ်စားနတ်တို့ အိမ်ရာသိမ်းပိုက်သော ရပ်ကွက်၌ တန်ခိုးအလတ်စားမင်းနှင့် အမတ် ကြီးတို့ အိမ်ရာတည်ဆောက်ရန် စိတ်ညွတ်ကြကုန်၏။ |
1,336,231 | Uncategorized | ဥဒါန်းပါဠိတော် | တန်ခိုးနည်းသော နတ်တို့ အိမ်ရာသိမ်းပိုက်သော ရပ်ကွက်၌ တန်ခိုးနည်းသော မင်းနှင့် အမတ်ကြီးတို့အိမ်ရာတည်ဆောက်ရန် စိတ်ညွတ်ကြကုန်၏။ |
1,336,232 | Uncategorized | ဥဒါန်းပါဠိတော် | အာနန္ဒာ အရိယာလူမျိုးတို့၏ စုဝေးနေထိုင်ရာကူးသန်းရောင်းဝယ်ရာ မြို့ တို့တွင် ဤမြို့ သစ်သည်ကုန်ထုတ်များကို ဖွင်းလှစ်ရောင်းချရာပါဋလိပုတ်မည်သော အကြီးဆုံးမြို့ ဖြစ်ရစ်ပေလတ္တံ့။ |
1,336,233 | Uncategorized | ဥဒါန်းပါဠိတော် | အာနန္ဒာပါဋလိပုတ်မြို့၌ မီးကြောင့်လည်းကောင်း၊ ရေကြောင့်လည်းကောင်း၊ အချင်းချင်း ကွဲပြားမှုကြောင့်လည်းကောင်း ဤသုံးပါးသော အန္တရာယ်တို့သည် ဖြစ်ကုန်လတ္တံ့ဟု မိန့်တော်မူ၏။ |
1,336,234 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မဂဓတိုင်း အမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရပုဏ္ဏားတို့သည် မြတ်စွာဘုရား ထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုကုန်၏။ |
1,336,235 | Uncategorized | ဥဒါန်းပါဠိတော် | ဝမ်းမြောက်ဖွယ်အမှတ်ရဖွယ် စကားကို ပြီးဆုံးစေပြီး၍ တစ်ခုသောအရပ်၌ ထိုင်နေကြပြီးသော် “အသျှင်ဂေါတမသည်ယနေ့အဖို့ ရဟန်းသံဃာနှင့်အတူ အကျွန်ုပ်တို့၏ ဆွမ်းကို လက်ခံတော်မူပါ”ဟု မြတ်စွာဘုရားအားလျှောက်ကုန်၏။ |
1,336,236 | Uncategorized | ဥဒါန်းပါဠိတော် | -- ထိုအခါ မဂဓတိုင်း အမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရပုဏ္ဏားတို့သည် မြတ်စွာဘုရားလက်ခံတော်မူသည်ကို သိ၍ မိမိတို့ (တည်းခို) အိမ်သို့ ချဉ်းကပ်ကုန်လျက် မိမိတို့ (တည်းခို) အိမ်၌ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ကို စီမံစေပြီးလျှင် “အသျှင်ဂေါတမ အချိန်တန်ပါပြီ။ |
1,336,237 | Uncategorized | ဥဒါန်းပါဠိတော် | ဆွမ်းပြင်ပြီးပါပြီ”ဟု မြတ်စွာဘုရားအား အချိန်တန်ကြောင်းကို လျှောက်ကြားစေကုန်၏။ |
1,336,238 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် ရဟန်းသံဃာနှင့်အတူ မဂဓတိုင်း အမတ်ကြီးများဖြစ်သော သုနိဓနှင့်ဝဿကာရပုဏ္ဏားတို့၏ (တည်းခို) အိမ်သို့ ချဉ်းကပ်၍ ခင်းထားအပ်သောနေရာ၌ ထိုင်တော်မူ၏။ |
1,336,239 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက် မဂဓတိုင်း အမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရပုဏ္ဏားတို့သည် ဘုရားအမှူးရှိသော ရဟန်းသံဃာကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် မိမိတို့ကိုယ်တိုင်လုပ်ကျွေးကုန်၏။ |
1,336,240 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက် မဂဓတိုင်း အမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရပုဏ္ဏားတို့သည် မြတ်စွာဘုရားဆွမ်းစားပြီး၍ သပိတ်မှ လက်ကို ဖယ်ပြီးသောအခါ နိမ့်သော ထိုင်စရာတစ်ခုကို ယူ၍ တစ်ခုသောနေရာ၌ ထိုင်ကုန်၏။ |
1,336,241 | Uncategorized | ဥဒါန်းပါဠိတော် | တစ်ခုသောနေရာ၌ ထိုင်ပြီးသော မဂဓတိုင်း အမတ်ကြီးများဖြစ်သော သုနိဓနှင့်ဝဿကာရပုဏ္ဏားတို့ကို မြတ်စွာဘုရားသည် ဤဂါထာတို့ဖြင့် အနုမောဒနာပြုတော်မူ၏- |
1,336,242 | Uncategorized | ဥဒါန်းပါဠိတော် | “ပုဏ္ဏားတို့ ပညာရှိသည် အကြင်အရပ်၌ အိမ်ရာဆောက်လုပ်နေထိုင်၏။ |
1,336,243 | Uncategorized | ဥဒါန်းပါဠိတော် | ဤအရပ်၌ သီလရှိသော ကိုယ် နှုတ် နှလုံးစောင့်သုံးသော မြတ်သောအကျင့်ကို ကျင့်သော ပုဂ္ဂိုလ်တို့ကို ဆွမ်းကျွေးပြီးလျှင်ထိုအရပ်၌ ရှိသော နတ်တို့အား အလှူ၏ အဖို့ကို အမျှပေးဝေရာ၏။ |
1,336,244 | Uncategorized | ဥဒါန်းပါဠိတော် | ဤသို့ အမျှပေးဝေလတ်သော်နတ်တို့သည် ပူဇော်ခံရသဖြင့် ထို (အမျှပေးဝေ) သူကို အတုံ့ပြန်၍ ပူဇော်ကုန်၏။ |
1,336,245 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်နိုးခံရသဖြင့်လည်းအတုံ့ပြန်၍ မြတ်နိုးကုန်၏။ |
1,336,246 | Uncategorized | ဥဒါန်းပါဠိတော် | ထို့ကြောင့် မိခင်သည် ရင်ဝယ်သားကို စောင့်ရှောက်သကဲ့သို့ နတ်တို့သည် ထို (အမျှ ပေးဝေ) သူကို စောင့်ရှောက်ကုန်၏။ |
1,336,247 | Uncategorized | ဥဒါန်းပါဠိတော် | နတ်တို့ စောင့်ရှောက်ခံရသောသူသည် အခါ ခပ်သိမ်းကောင်းခြင်း မင်္ဂလာတို့ကိုသာ တွေ့မြင်ရလေ၏”ဟု အနုမောဒနာပြုတော်မူ၏။ |
1,336,248 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် မဂဓတိုင်း အမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရပုဏ္ဏားတို့အားဤဂါထာတို့ဖြင့် အနုမောဒနာပြု၍ နေရာမှ ထကာ ဖဲကြွတော်မူ၏။ |
1,336,249 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မဂဓတိုင်း အမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရပုဏ္ဏားတို့သည် “ယနေ့ ရဟန်းဂေါတမ ထွက်သွားရာ တံခါးကို ဂေါတမတံခါးဟုတွင်စေလတ္တံ့။ |
1,336,250 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဂေါတမကူးရာ ဂင်္ဂါမြစ်ဆိပ်ကို ဂေါတမရေဆိပ်ဟုတွင်စေလတ္တံ့”ဟု မြတ်စွာဘုရား၏ နောက်မှ နောက်မှ အစဉ်လိုက်ကုန်၏။ |
1,336,251 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရား ထွက်သွားရာ ထိုတံခါးသည် ဂေါတမတံခါးဟု အမည်တွင်လေ၏။ |
1,336,252 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက်မြတ်စွာဘုရားသည် ဂင်္ဂါမြစ်သို့ ချဉ်းကပ်တော်မူ၏။ |
1,336,253 | Uncategorized | ဥဒါန်းပါဠိတော် | ထိုစဉ်အခါ၌ ဂင်္ဂါမြစ်သည် (ကမ်းမှာနား၍) ကျီးသောက်နိုင်လောက်အောင် ကမ်းနှင့်အညီ ရေပြည့်လျက် ရှိ၏။ |
1,336,254 | Uncategorized | ဥဒါန်းပါဠိတော် | ကမ်းတစ်ဖက်မှ ကမ်းတစ်ဖက်သို့ ကူးရောက်လိုသောအချို့သူတို့သည် လှေကို ရှာကုန်၏။ |
1,336,255 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါအားရှိသော ယောက်ျားသည် ကွေးသော လက်မောင်းကို ဆန့်တန်းသကဲ့သို့ ဆန့်တန်းသော လက်မောင်းကို ကွေးသကဲ့သို့ ဤအတူပင် မြတ်စွာဘုရားသည် ဂင်္ဂါမြစ်၏ ဤမှာဘက်ကမ်းမှ ကွယ်ခဲ့၍ ထိုမှာဘက်ကမ်း၌ ရဟန်းသံဃာနှင့်အတူ ထင်ရှားဖြစ်တော်မူ၏။ |
1,336,256 | Uncategorized | ဥဒါန်းပါဠိတော် | -- မြတ်စွာဘုရားသည် ကမ်းတစ်ဖက်မှ ကမ်းတစ်ဖက်သို့ ကူးလိုကုန်သည်ဖြစ်၍ အချို့က လှေကို ရှာလျက်အချို့က ဖောင်ကို ရှာလျက် အချို့က ဝါးဖောင်ကို ဖွဲ့လျက် နေကုန်သော ထိုသူတို့ကို မြင်တော်မူ၏။ |
1,336,257 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “နက်ကျယ်လှစွာသောတဏှာမြစ်ကို ကူးသော အရိယာပုဂ္ဂိုလ်တို့သည် (အရိယ မဂ်) တံတားကို ဆောက်လုပ်၍ ကိလေသာညွန်ပျောင်းတို့ကို ပယ်စွန့်လျက် ကူး သွားကုန်၏။ |
1,336,258 | Uncategorized | ဥဒါန်းပါဠိတော် | လူအပေါင်းသည်ကားမြစ်ကို ကူးရန် ဖောင်ကို ဖွဲ့နေကြ၏။ |
1,336,259 | Uncategorized | ဥဒါန်းပါဠိတော် | (တဏှာ မြစ်ကို) ကူးမြောက်ပြီးသော ပညာရှိအရိယာပုဂ္ဂိုလ်တို့သည်ကား ဖောင်ကို မဖွဲ့ကြ ရတော့သည်သာတည်း”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ |
1,336,260 | Uncategorized | ဥဒါန်းပါဠိတော် | ၇-ဒွိဓာပထသုတ် |
1,336,261 | Uncategorized | ဥဒါန်းပါဠိတော် | ၇၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် အသျှင်နာဂသမာလကို နောက်လိုက်ရဟန်းပြု၍ ကောသလတိုင်း၌ ခရီးရှည်ကြွတော်မူ၏။ |
1,336,262 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်နာဂသမာလသည် ခရီးအကြား၌ လမ်းခွဲကို မြင်၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤသည်ကား လမ်းကောင်းပါတည်း။ |
1,336,263 | Uncategorized | ဥဒါန်းပါဠိတော် | ဤလမ်းဖြင့် သွားပါကုန်အံ့”ဟု မြတ်စွာဘုရားအား လျှောက်၏။ |
1,336,264 | Uncategorized | ဥဒါန်းပါဠိတော် | ဤသို့ လျှောက်သော်မြတ်စွာဘုရားသည် “နာဂသမာလ ဤသည်ကား လမ်းကောင်းတည်း။ |
1,336,265 | Uncategorized | ဥဒါန်းပါဠိတော် | ဤလမ်းဖြင့် သွားကုန်အံ့”ဟု မိန့်တော်မူ၏။ |
1,336,266 | Uncategorized | ဥဒါန်းပါဠိတော် | ပ။ သုံးကြိမ်မြောက်လည်း အသျှင်နာဂသမာလသည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤသည်ကား လမ်းကောင်းပါတည်း။ |
1,336,267 | Uncategorized | ဥဒါန်းပါဠိတော် | ဤလမ်းဖြင့် သွားကြကုန်အံ့”ဟု မြတ်စွာဘုရားအား လျှောက်၏။ |
1,336,268 | Uncategorized | ဥဒါန်းပါဠိတော် | သုံးကြိမ်မြောက်လည်း “နာဂသမာလ ဤသည်ကားလမ်းကောင်းတည်း။ |
1,336,269 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက် အသျှင်နာဂသမာလသည် မြတ်စွာဘုရား၏ သပိတ်သင်္ကန်းကို ထိုအရပ်မြေကြီးပေါ်၌သာချထားခဲ့၍ “အသျှင်ဘုရား ဤသည်ကား မြတ်စွာဘုရား၏ သပိတ်သင်္ကန်းပါတည်း”ဟု ဆိုကာဖဲသွား၏။ |
1,336,270 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက် ထိုလမ်းခရီးဖြင့်သွားသော အသျှင်နာဂသမာလအား ခရီးလမ်းအကြား၌ ခိုးသူတို့သည် ထွက်၍ လက်တို့ဖြင့်လည်း ရိုက်နှက်ကုန်၏။ |
1,336,271 | Uncategorized | ဥဒါန်းပါဠိတော် | ခြေတို့ဖြင့်လည်း ကန်ကျောက်ကုန်၏။ |
1,336,272 | Uncategorized | ဥဒါန်းပါဠိတော် | သပိတ်ကိုလည်း ခွဲကုန်၏။ |
1,336,273 | Uncategorized | ဥဒါန်းပါဠိတော် | သင်္ကန်းကိုလည်း ဆုတ်ဖြဲကုန်၏။ |
1,336,274 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက် အသျှင်နာဂသမာလသည်ကွဲသော သပိတ် စုတ်ပြဲသော သင်္ကန်းရှိသည်ဖြစ်၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် “အသျှင်ဘုရား ထိုခရီးလမ်းဖြင့် သွားသောတပည့်တော်အား ခရီးလမ်းအကြား၌ ခိုးသူတို့သည် ထွက်၍ လက်တို့ဖြင့်လည်း ရိုက်နှက်ပါကုန်၏။ |
1,336,275 | Uncategorized | ဥဒါန်းပါဠိတော် | ခြေတို့ဖြင့်လည်း ကန်ကျောက်ပါကုန်၏။ |
1,336,276 | Uncategorized | ဥဒါန်းပါဠိတော် | သပိတ်ကိုလည်း ခွဲပါကုန်၏။ |
1,336,277 | Uncategorized | ဥဒါန်းပါဠိတော် | သင်္ကန်းကိုလည်းဆုတ်ဖြဲပါကုန်၏”ဟု လျှောက်၏။ |
1,336,278 | Uncategorized | ဥဒါန်းပါဠိတော် | -- ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “ရေရောသော နို့ရည်ကို သောက်သော ကြိုးကြာသည် ရေကို စွန့်သကဲ့သို့ (သစ္စာတရားကို) သိခြင်းသို့ ရောက်သော ပညာရှိသည် အကျိုးရှိသည် မရှိသည်ကို မသိသူနှင့်အတူတကွသွားသော်လည်းကောင်း၊ အတူတကွနေသော်လည်းကောင်း၊ ရောနှောသော်လည်းကောင်းမကောင်းမှုကို စွန့်၏”ဟု ဤဥဒါန်းကို ကျူ... |
1,336,279 | Uncategorized | ဥဒါန်းပါဠိတော် | ၈-ဝိသာခါသုတ် |
1,336,280 | Uncategorized | ဥဒါန်းပါဠိတော် | ၇၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း မိဂါရမာတာဝိသာခါ၏ ပြာသာဒ်၌ သီတင်းသုံးနေတော်မူ၏။ |
1,336,281 | Uncategorized | ဥဒါန်းပါဠိတော် | ထိုအခါ မိဂါရမာတာဝိသာခါချစ်နှစ်သက်အပ်သော မြေးမသည် ကွယ်လွန်လေ၏။ |
1,336,282 | Uncategorized | ဥဒါန်းပါဠိတော် | ထို့နောက် မိဂါရမာတာ ဝိသာခါသည် စိုစွတ်သော အဝတ်စိုစွတ်သော ဆံပင်ရှိသည်ဖြစ်၍ နေ့ခင်းချည်းအချိန်၌ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေ၏။ |
1,336,283 | Uncategorized | ဥဒါန်းပါဠိတော် | တစ်ခုသောအရပ်၌ ထိုင်နေသော မိဂါရမာတာဝိသာခါကို - |
1,336,284 | Uncategorized | ဥဒါန်းပါဠိတော် | ဝိသာခါ စိုစွတ်သော အဝတ် စိုစွတ်သော ဆံပင်ရှိလျက် နေ့ခင်းချည်းအချိန်ဝယ် အဘယ်အရပ်မှ လာ၍ ငါ့ဘုရားထံသို့ ချဉ်းကပ်သနည်းဟု (မိန့်တော်မူ၏)။ |
1,336,285 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား တပည့်တော်မ ချစ်နှစ်သက်အပ်သော မြေးမသည် ကွယ်လွန်ခဲ့ပါ၏။ |
1,336,286 | Uncategorized | ဥဒါန်းပါဠိတော် | ထို့ကြောင့် တပည့်တော်မသည် စိုစွတ်သော အဝတ် စိုစွတ်သော ဆံပင်ရှိလျက် နေ့ခင်းချည်းအချိန်ဝယ် အသျှင်ဘုရားထံသို့ ချဉ်းကပ်ပါ၏ဟု (လျှောက်၏)။ |
1,336,287 | Uncategorized | ဥဒါန်းပါဠိတော် | ဝိသာခါသင်သည်သာဝတ္ထိပြည်၌ ရှိကြသည့် လူတို့လောက်သော သားတို့ကိုလည်းကောင်း၊ မြေးတို့ကိုလည်းကောင်း အလိုရှိသလောဟု (မိန့်တော်မူ၏)။ |
1,336,288 | Uncategorized | ဥဒါန်းပါဠိတော် | မြတ်စွာဘုရား တပည့်တော်သည်သာဝတ္ထိပြည်၌ ရှိကြသည့်လူတို့လောက်သော သားတို့ကိုလည်းကောင်း၊ မြေးတို့ကိုလည်းကောင်း အလိုရှိပါသည်ဟု လျှောက်၏။ |
1,336,289 | Uncategorized | ဥဒါန်းပါဠိတော် | ဝိသာခါ သာဝတ္ထိပြည် သူပြည် သားတို့သည် နေ့တိုင်းအဘယ်မျှလောက် များပြားစွာ ကွယ်လွန်ကုန်သနည်းဟု (မိန့်တော်မူ၏)။ |
1,336,290 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား နေ့တိုင်း သာဝတ္ထိပြည် သားတို့သည် ဆယ်ယောက်တို့လည်းကွယ်လွန်ပါကုန်၏။ |
1,336,291 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား သာဝတ္ထိပြည် သားတို့သည် ကိုးယောက် ရှစ်ယောက် ခုနစ်ယောက်ခြောက်ယောက် ငါးယောက် လေးယောက် သုံးယောက် နှစ်ယောက်တို့လည်း ကွယ်လွန်ပါကုန်၏။ |
1,336,292 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား နေ့တိုင်း သာဝတ္ထိပြည် သား တစ်ယောက်သော်လည်း ကွယ်လွန်ပါ၏။ |
1,336,293 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရားသာဝတ္ထိ ပြည် သည် သေသော လူတို့ဖြင့် မဆိတ်ပါဟု (လျှောက်၏)။ |
1,336,294 | Uncategorized | ဥဒါန်းပါဠိတော် | ဝိသာခါ ထိုအရာကို အဘယ်သို့မှတ်ထင်သနည်း¿ သင်သည် တစ်ခါတစ်ရံမျှ မစိုသော အဝတ် မစိုသော ဆံပင်ရှိသည် ဖြစ်နိုင်ပါတော့မည်လောဟု (မိန့်တော်မူ၏)။ |
1,336,295 | Uncategorized | ဥဒါန်းပါဠိတော် | အသျှင်ဘုရား ဤသို့ မဖြစ်နိုင်ပါ၊ အသျှင်ဘုရားထိုမျှလောက် များပြားသော သားတို့ဖြင့်လည်းကောင်း မြေးတို့ဖြင့်လည်းကောင်း တပည့်တော်မအား အကျိုးမရှိတော့ပါဟု (လျှောက်၏)။ |
1,336,296 | Uncategorized | ဥဒါန်းပါဠိတော် | -- ဝိသာခါ တစ်ရာမျှလောက် ချစ်အပ်သော အရာဝတ္ထုရှိကြသူတို့အား တစ်ရာမျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ |
1,336,297 | Uncategorized | ဥဒါန်းပါဠိတော် | ကိုးဆယ်မျှလောက် ချစ်အပ်သော အရာဝတ္ထုရှိကြသူတို့အား ကိုးဆယ်မျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ |
1,336,298 | Uncategorized | ဥဒါန်းပါဠိတော် | ရှစ်ဆယ်မျှလောက် ချစ်အပ်သော အရာဝတ္ထုရှိကြသူတို့အားရှစ်ဆယ်မျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ |
1,336,299 | Uncategorized | ဥဒါန်းပါဠိတော် | ခုနစ်ဆယ်မျှလောက် ချစ်အပ်သော အရာဝတ္ထုရှိကြသူတို့အား ခုနစ်ဆယ်မျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ |
1,336,300 | Uncategorized | ဥဒါန်းပါဠိတော် | ခြောက်ဆယ်မျှလောက် ချစ်အပ်သော အရာဝတ္ထုရှိကြသူတို့အား ခြောက်ဆယ်မျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.