id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,336,401
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
လူတို့သည် မွန်မြတ်သော ဆွမ်းကိုလှူ၍ နက်ဖြန်အကျိုးငှါ ဘိတ်ကုန်၏။
1,336,402
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
ထိုအာဂန္တုက ရဟန်းသည် နှစ်ရက် သုံးရက်စား၍ တခုသောဥပါယ်ဖြင့် ကျောင်းနေရဟန်းကို လှည့်စား၍ နှင်ထုတ်၍ ဤကျောင်းကိုငါယူအံ့ဟု ကြံ၏။
1,336,403
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
ထိုအခါ မထေရ်ကြီးကို ခစားလာသော ထိုကျောင်းနေရဟန်းကို ငါ့သျှင် သင်ကား ဘုရားအား ဆည်းကပ်ခြင်းကို အဘယ့်ကြောင့် မပြုသနည်းဟု မေး၏။
1,336,404
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
အရှင်ဘုရား ဤကျောင်းကို စောင့်သောသူမရှိ၊ ထို့ကြောင့် ကျွန်ုပ်သည် ဘုရားအထံတော်သို့ မရောက်မဖူးရဟု ဆို၏။
1,336,405
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
အကြင်မျှလောက် သင်သည် ဘုရားအထံတော်သို့သွား၍ လာ၏။
1,336,406
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
ထိုမျှလောက် စောင့်ရစ်အံ့ဟုဆို၏။
1,336,407
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
အရှင်ဘုရား ကောင်းပြီဟု ကျောင်းနေရဟန်းသည် ငါလာသည့်တိုင်အောင် မထေရ်ကို မမေ့ရစ်ကြကုန်လင့်ဟု လူတို့ကို ဆို၍ သွား၏။
1,336,408
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
ထိုအခါမှစ၍ အာဂန္တုက ရဟန်းသည် ဤသည် ဤသည်လည်း ထိုကျောင်းနေ ရဟန်း၏အပြစ်တည်းဟု ဆို၍ ထိုလူတို့ကို ဖျက်ဆီး၏။
1,336,409
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
ကျောင်းနေရဟန်းသည်လည်း ဘုရားကိုရှိခိုး၍ တဖန်ပြန်လာ၏။
1,336,410
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
ထိုအခါ ကျောင်းနေရဟန်းအား အာဂန္တုကရဟန်းသည် ကျောင်းကိုမပေး၊ ထိုကျောင်းနေရဟန်းသည် တခုသောအရပ်၌နေ၍ နက်ဖြန် ရွာသို့ဆွမ်းခံ ဝင်၏။
1,336,411
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
လူတို့သည် အရိုအသေအမှုကိုလည်း မပြုကြကုန်၊ ထိုကျောင်းနေ ရဟန်းသည် နှလုံးမသာယာ၍ တဖန် ဇေတဝန် ကျောင်းတော်သို့ သွား၍ ထိုအကြောင်းကို ရဟန်းတို့အား ကြားလျှောက်၏။
1,336,412
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
ထိုရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဤမည်သောရဟန်းသည် ဤမည်သောရဟန်းကို ကျောင်းမှနှင်ထုတ်၍ မိမိသည် ထိုကျောင်း၌ နေ၏ဟု စကားကိုဖြစ်စေကုန်၏။
1,336,413
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ၌ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော်လျောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ထိုရဟန်းသည် ဤရဟန်းကို နေရာမှ နှင်ထုတ်သည် မဟုတ်သေး၊ ရှေး၌လည်း နေရာမှ နှင်ထုတ်ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ...
1,336,414
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
ထိုတော၌ မိုဃ်းကာလဝယ် ခုနစ်ရက် ခုနစ်လီ မိုဃ်းရွာ၏။
1,336,415
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
ထိုအခါ တခုသော နီသော မျက်နှာရှိသော မျောက်ငယ်သည် တခုသော မိုယ်းမစွတ် သော ကျောက်ဂူ၌ နေလတ်သော် တနေ့သ၌ ဂူတံခါး မိုယ်းမစွတ် သောအရပ်၌ ချမ်းသာသဖြင့်နေ၏။
1,336,416
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
ထိုအရပ်၌ တခုသော မည်းသော မျက်နှာရှိသော မျောက်ကြီးသည် မိုယ်းစွတ်၍ အချမ်းနှိပ်စက်လျှက် လှည့်လည်လတ်သော် ထိုသို့နေသော ထိုမျောက်ငယ်ကိုမြင်၍ ထိုမျောက်ငယ်ကို ဥပါယ်ဖြင့် နှင်ထုတ်၍ ထိုအရပ်၌ နေအံ့ဟုကြံ၍ ဝမ်းကို တွဲလျားကျစေ၍ ဝသောအခြင်းအရာကိုပြ၍ ထိုမျောက်ငယ်၏ ရှေ့၌ ရပ်၍-
1,336,417
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
၁၄၂။ ဥဒုမ္ဗရာ စိမေ ပက်က်ကာ၊ နိဂြောဓာ စ ကပိတ္ထနာ။
1,336,418
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
ဧဟိ နိက္ခမ ဘုဉ္စဿု၊ ကိံ ဇိဃစ္ဆာယ မိယျသိ။
1,336,419
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
၁၄၂။ ခုဒ္ဒကမက္ကဋ၊ အို မျောက်ငယ်။
1,336,420
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
ဣမေ ဥဒုမ္ဗရာ စ၊ ဤရေသဖန်းတို့သည်၎င်း။
1,336,421
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
ဣမေ နိဂြောဓာ စ၊ ဤပညောင်တို့သည်၎င်း။
1,336,422
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
ဣမေ ကပိတ္ထနာ စ၊ ဤညောင်ချဉ်တို့သည်၎င်း။
1,336,423
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
ပက္ကာ၊ မှည့်ကုန်၏။
1,336,424
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
ဘုဉ္ဇဿု၊ စားလှည့်လော့။
1,336,425
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
ဇိဃစ္ဆာယ၊ ငတ်မွတ်သဖြင့်။
1,336,426
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
ကိံ မိယျသိ၊ အဘယ်ကြောင့် သေလိုဘိသနည်း။
1,336,427
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
ထိုမျောက်ငယ်သည်လည်း ထိုမျောက်ကြီး၏ စကားကိုကြား၍ ယုံကြည်၍ အသီးတို့ကို စားလိုရကား ထွက်၍ ထိုထိုအရပ်သို့ လှည့်လည်၍ တစုံတခုသောသစ်သီးတို့ကို မရ၍ တဖန်ပြန်လာ၍ ကျောက်ဂူ၏အတွင်းသို့ ဝင်၍နေသော မျောက်ကြီးကိုမြင်၍ ထိုမျောက်ကြီးကို လှည့်စားအံ့ဟု မျောက်ကြီး၏ရှေ့၌ရပ်၍-
1,336,428
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
၁၄၃။ ဧဝံ သော သုဟိတော ဟောတိ၊ ယော ဝုဍ္ဎ မပစာယတိ။
1,336,429
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
ယထာဟမဇ္ဇ သုဟိတော၊ ဒုမပက္ကာနိ မာသိတော။
1,336,430
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
၁၄၃။ အဟံ၊ ငါသည်။
1,336,431
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
ဒုမပက္ကာနိ၊ သစ်သီးမှည့်တို့ကို။
1,336,432
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
အာသိတော၊ စားရ၍။
1,336,433
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
သုဟိတော ယထာ၊ ဝသကဲ့သို့။
1,336,434
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
ဝုဍ္ဎံ၊ ကြီးသောသူကို။
1,336,435
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
ဟိတော၊ ဝသည်။
1,336,436
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
ထိုစကားကိုကြား၍ မျောက်ကြီးသည်-
1,336,437
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
၁၄၄။ ယံ ဝနေဇော ဝနေဇဿ၊ ဝဉ္စေယျ ကပိနော ကပိ။
1,336,438
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
ဒဟရော ကပိ သဒ္ဓေယျ၊ န ဟိ ဇိဏ္ဏော ဇရာကပိ၊
1,336,439
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
၁၄၄။ ဝနေဇော၊ တော၌ဖြစ်သော။
1,336,440
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
ဝနေဇဿ၊ တော၌ဖြစ်သော။
1,336,441
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
ကပိနော၊ မျောက်အား။
1,336,442
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
ယံ၊ အကြင် စကားကို။
1,336,443
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
ဝဉ္စေယျ၊ လှည့်စားရာ၏။
1,336,444
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
ဒဟရော ကပိ၊ မျောက်ငယ်သည်။
1,336,445
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
သဒ္ဓေယျ၊ ယုံရာ၏။
1,336,446
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
ဇိဏ္ဏော၊ ရင့်ပြီးသော။
1,336,447
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
ဇရာကပိ၊ မျောက်အိုသည်ကား။
1,336,448
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
န ဟိ သဒ္ဓေယျ၊ မယုံသလျှင်ကတည်း။
1,336,449
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
အချင်း မျောက်ငယ် ဟိမဝန္တာ၌ သစ်သီး ကြီးငယ်သည် မိုယ်းစွတ်၍ ကြွေလေပြီ၊ တဖန် သင့်အား ဤနေရာသည် မရှိပြီ၊ သွားလေဟုဆို၏။
1,336,450
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
ထိုမျောက်ငယ်သည် ထိုအရပ်မှ ဖဲသွားရ၏။
1,336,451
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ကျောင်းနေရဟန်းသည် ထိုအခါ မျောက်ငယ် ဖြစ်ဘူးပြီ၊ ယခုအခါ အာဂန္တုက ရဟန်းသည် ထိုအခါ မည်းသောမျောက်ကြီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရုက္ခစိုဝ်းနတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။
1,336,452
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
ရှေးဝါသနာ၊ အထုံပါ၊ လိမ်ကာ လှည့်စားပြီ
1,336,453
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒုမ္ဗရဇာတ်
ရှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဥဒုမ္ဗရဇာတ်သည် ပြီး၏။
1,336,454
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
၄။ ဥဒ္ဒါလကဇာတ်
1,336,455
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
အံ့ဘွယ်သရဲကို ဖြစ်စေခြင်း အကြောင်း
1,336,456
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ခရာဇိနာ ဇဋိလာ ပင်္ကဒန္တာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သောဤ ဥဒ္ဒါလကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ်အံ့ဘွယ်သရဲကို ဖြစ်စေတတ်သော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူ၏။
1,336,457
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
ထိုဟန်းသည် ဆင်းရဲမှ ထွက်မြောက်စေတတ်သော ဘုရားသာသနာတော်၌ ရဟန်းပြု၍လည်း ပစ္စည်းလေးပါးအကျိုးငှါ အထူးထူး အပြားပြားဖြစ်သောအံ့ဘွယ်သရဲသောဝတ္ထုကို ဖြစ်စေ၏။
1,336,458
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
ထိုအခါ ထိုရဟန်း၏ ကျေးဇူးမဲ့ကို ထင်ရှားပြလိုကုန်သော ရဟန်းတို့သည် တရားသဘင်၌ စကားကို ဖြစ်စေကုန်၏။
1,336,459
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
ငါ့သျှင်တို့ ဤအမည်ရှိသော ရဟန်းသည် ဤသို့သဘောရှိသော ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော မြတ်စွာဘုရား သာသနာတော်၌ ရဟန်းပြုလျက်အံ့ဘွယ်သရဲကိုမှီ၍ အသက်မွေးခြင်းကို ပြု၏ဟု စကားကို ဖြစ်စေကုန်၏။
1,336,460
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
သဗ္ဗညူမြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌ သာလျှင် ဤရဟန်းသည်အံ့ဘွယ်သရဲကို ဖြစ်စေတတ်သည် မဟုတ်သေး၊ ရှေး၌လည်း ဤရဟန်းသည်အံ့ဘွယ်သရဲကို ဖြစ်စေတတ်ဘူးသည် သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ...
1,336,461
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ထိုအခါ ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ ပုရောဟိတ် ဖြစ်၏။
1,336,462
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
ပညာရှိ၏ လိမ်မာ၏ ထိုပုရောဟိတ်သည် တနေ့သ၌ ဥယျာဉ်ကစားအံ့သောငှါ သွားသည်ရှိသော် အလွန် အဆင်းလှသော ပြည့်တန်ဆာမ တယောက်ကိုမြင်လျှင် တပ်သောစိတ်ရှိသည်ဖြစ်၍ ထိုပြည့်တန်ဆာမနှင့်တကွ ပေါင်းဖော်ခြင်းကို ပြု၏။
1,336,463
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
ထိုပြည့်တန်ဆာမသည် ထိုပုရောဟိတ်ကိုစွဲ၍ ကိုယ်ဝန်ကိုရ၏။
1,336,464
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
ကိုယ်ဝန်တည်သော အဖြစ်ကိုသိလျှင် ထိုပုရောဟိတ်ကို အရှင်အကျွန်ုပ်အား ကိုယ်ဝန်သည် တည်၏။
1,336,465
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
ဖွားသောကာလ၌ အမည်ကို ပြုကုန်အံ့၊ ထိုသူအား အဘယ်အမည်ကို ပြုရအံ့နည်းဟု မေး၏။
1,336,466
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
ထိုပုရောဟိတ်သည် ပြည့်တန်ဆာမဝမ်း၌ ဖြစ်သည်၏အဖြစ်ကြောင့် အမျိုးအမည်ကို ပြုအံ့သောငှါ မတတ်ကောင်းဟု ကြံ၍ အရှင်မ ဤလေခတ်သော သစ်ပင်သည် ဥဒ္ဒါလက မည်၏။
1,336,467
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
ဤအရပ်၌ ရအပ်သည်၏အဖြစ်ကြောင့် ထိုသူအား ဥဒ္ဒါလကဟူသော အမည်ကို မှည့်လေလော့ဟု ဆို၍ လက်စွပ်ကိုလည်း ပေး၏။
1,336,468
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
သ္မီးသည် အကယ်၍ ဖြစ်အံ့။
1,336,469
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
ဤလက်စွပ်ဖြင့် သူငယ်မကို မွေးလေလော့၊ အကယ်၍ သားဖြစ်အံ့၊ ထိုအခါ အရွယ်ရောက်သော် ထိုသားငယ်ကို ငါ့အား ပြလှည့်လော့ဟု ဆို၏။
1,336,470
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
ထိုပြည့်တန်ဆာမသည် နောက်အဘို့၌ သားကိုဖွား၍ ထိုသားအား ဥဒ္ဒါလကဟူသော အမည်ကို မှည့်၏။
1,336,471
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
ထို ဥဒ္ဒါလကသည် အရွယ်သို့ ရောက်လတ်သော် မိခင် အကျွန်ုပ်အဖသည် အဘယ်သူနည်းဟု အမိကို မေး၏။
1,336,472
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
ချစ်သား ပုရောဟိတ်တည်းဟု ဆို၏။
1,336,473
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
ထိုအကျွန်ုပ်အဖသည် အကယ်၍ ပုရောဟိတ်ဖြစ်အံ့၊ ဤသို့ ဖြစ်သည်ရှိသော် ဗေဒင်တို့ကို သင်အံ့ဟု အမိလက်မှ လက်စွပ်ကို၎င်း, ဆရာ့အဘို့ကို၎င်းယူ၍ တက္ကသိုလ်ပြည်သို့သွား၍ ဒိသာပါမောက္ခ ဆရာ့အထံ၌ အတတ်ကိုသင်လျက် တခုသော ရသေ့အပေါင်းကိုမြင်၍ ဤသူတို့၏အထံ၌ မြတ်သောအတတ်သည် ဖြစ်လတ္တံ့၊ ထိုအတတ်ကို သင်အံ့ဟု အတတ်၌တပ်စွန်းသဖြင့် ရဟန်းပြု၍ ထိုသူတို့အား ...
1,336,474
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
ထိုရသေ့တို့သည် မိမိ မိမိတို့ တတ်သောနည်းဖြင့်လျှင် ထိုဥဒ္ဒါလကကို သင်စေကုန်၏။
1,336,475
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
ရသေ့ငါးရာတို့တွင် တယောက်သော ရသေ့သည်လည်း ထိုဥဒ္ဒါလကထကျ သာလွန်သောပညာသည် မရှိ၊ ထိုဥဒ္ဒါလကသည်လျှင် ထိုရသေ့တို့ထက် ပညာဖြင့် လွန်မြတ်၏။
1,336,476
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
ထိုအခါ ထိုရသေ့တို့သည် စည်းဝေးကုန်၍ ထိုဥဒ္ဒါလကအား ဆရာ့အရာကို ပေးကုန်၏။
1,336,477
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
ထိုအခါ ထိုရသေ့တို့ကို ဥဒ္ဒါလက ရသေ့သည် အချင်းတို့ သင်တို့သည် အမြဲလျှင် တောသစ်မြစ်သစ်သီး အာဟာရ ရှိကုန်သည်ဖြစ်၍ တော၌ သာလျှင် နေကြကုန်၏။
1,336,478
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
လူ့ပြည်သို့ အဘယ့်ကြောင့် မသွားကြကုန်သနည်းဟု ဆို၏။
1,336,479
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
ရှင်ရသေ့ လူတို့မည်သည် အလှူကြီးကိုပေး၍ အနုမောဒနာကို ပြုစေကုန်၏။
1,336,480
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
တရားစကားကို ဆိုစေကုန်၏။
1,336,481
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
ပြဿနာကို မေးကုန်၏။
1,336,482
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
ငါတို့သည် ထိုဘေးကြောင့် လူ့ပြည်အရပ်သို့ မသွားကုန်ဟု ဆိုကုန်၏။
1,336,483
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
ရှင်ရသေ့တို့ အကယ်၍ စကြာမင်းဖြစ်ကုန်ငြားအံ့၊ ငါ့ကိုယူ၍ သွားကြကုန်၊ ဆိုခြင်းမည်သည် ငါ၏ဝန်တည်း၊ သင်တို့သည် မကြောက်ကြကုန်လင့်ဟု ဆို၍ ထိုရသေ့တို့နှင့်တကွ လှည့်လည်လျက် အစဉ်သဖြင့် ဗာရာ ဏသီသို့ ရောက်လျှင် မင်း၏ဥယျာဉ်၌နေ၍ ထိုဥဒ္ဒါလကသည် နက်ဖြန်နေ့၌လျှင် အလုံးစုံသော ရသေ့တို့နှင့်တကွ တံခါးရွာ၌ ဆွမ်းခံအံ့သောငှါ သွား၏။
1,336,484
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
ရသေ့တို့သည် နက်ဖြန်နေ့၌ မြို့သို့ဝင်ကုန်၏။
1,336,485
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
လူတို့သည် အလူကြီးကို ပေးကုန်၏။
1,336,486
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
ဥဒ္ဒါလကရသေ့သည် အလှူအနုမောဒနာကို ပြု၏။
1,336,487
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
မင်္ဂလာကို ရွတ်၏။
1,336,488
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
ပြဿနာကို ဖြေ၏။
1,336,489
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
လူတို့သည် ကြည်ညို၍ များစွာသော ပစ္စည်းဖြင့် လှူကုန်၏။
1,336,490
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
မြို့အလုံးသည် ပညာရှိသော ဂိုဏ်းဆရာဖြစ်သော ရသေ့သည် လာရောက်၏ဟု မင်းအားလည်း ကြားလျှောက်ကုန်၏။
1,336,491
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
မင်းသည် အဘယ်အရပ်၌ နေသနည်းဟု မေး၍ ဥယျာဉ်တော်၌ နေသည်ကိုကြား၍ ကောင်းပြီ၊ ယနေ့ ထိုရသေ့ကို ဖူးမြင်ခြင်းငှါ သွားအံ့ဟု ဆို၏။
1,336,492
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
တယောက်သော မင်းချင်းယောက်ျားသည် သွား၍ အရှင်မင်းကြီးသည် ရှင်ရသေ့တို့ကို ဖူးမြင်ခြင်းငှါ လာတော်မူလတ္တံ့ဟု ဥဒ္ဒါလကရသေ့အား ကြားနှင့်၏။
1,336,493
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
ထိုဥဒ္ဒါလက ရသေ့သည်လည်း ရသေ့အပေါင်းကို ခေါ်၍ ရှင်ရသေ့တို့ မင်းသည် လာလတ္တံ့သတတ်၊ မင်းမည်သည်ကား တနေ့မျှ နှစ်သက်စေသည်ရှိသော် အသက်ထက်ဆုံး အသက်မွေးခြင်းငှါ စွမ်းနိုင်သည်ဖြစ်၏ဟု ဆို၏။
1,336,494
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
ဆရာအသို့လျှင် ပြုအပ်သနည်းဟု မေးသည်ရှိသော် ထိုဥဒ္ဒါလက ရသေ့သည် ဤသို့ ဆို၏။
1,336,495
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
သင်တို့တွင် အချို့သောသူတို့သည် လင်းနို့ကဲ့သို့ ကျင့်လေကုန်၊ အချို့သော ရသေ့တို့သည် ဆောင့်ကြောင့်ထိုင်သော အကျင့်ကို ကျင့်လေကုန်၊ အချို့သော ရသေ့တို့သည် ဆူး၌ အိပ်လေကုန်၊ အချို့ကုန်သော ရသေ့တို့သည် ငါးပါးသော ပူခြင်းကို ပူစေကုန်၊ အချို့သော ရသေ့တို့သည် ရေသို့ဆင်းသက်သော အမှုကို ပြုလေကုန်၊ အချို့သောရသေ့တို့သည် ထိုထိုသို့သောအရပ်၌...
1,336,496
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
ထိုရသေ့ငါးရာတို့သည် ထိုဥဒ္ဒါလက ရသေ့ဆိုတိုင်း ပြုကုန်၏ မိမိသည်ကား ရှစ်ယောက်လည်း ဖြစ်ကုန်သော တကျိပ်လည်းဖြစ်ကုန်သော ပညာရှိကုန်သော ရသေ့တို့ကိုယူ၍ နှလုံးမွေ့လျော်ဘွယ် တင့်တယ်သော သပိတ်ခြေ၌ မွေ့လျော်ဘွယ်ရှိသော စာကိုတင်၍ တပည့်အပေါင်း ခြံရံလျက် ခင်းအပ်သောနေရာ၌ နေ၏။
1,336,497
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
ထိုခဏ၌ မင်းသည် ပုရောဟိတ်ကိုယူ၍ များစွာသော အခြံအရံဖြင့် ဥယျာဉ်တော်သို့ သွား၍ မိစ္ဆာအကျင့်ကို ကျင့်ကုန်သော ထိုရသေ့တို့ကိုမြင်၍ အပါယ်ဘေးမှ လွတ်ကုန်ပြီဟု ကြည်ညို၍ ဥဒ္ဒါလက ရသေ့အထံသို့ သွားပြီးလျှင် စကားပြောခြင်းကိုပြု၍ တင့်အပ် လျောက်ပတ်သော အရပ်၌ နေပြီးသော် နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ ပုရောဟိတ်နှင့်တကွ စကားပြောလိုရကား-
1,336,498
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
၆၂။ ခရာဇိနာ ဇဋိလာ ပင်္ကဒန္တာ၊ဒုမ္မုခရူပါ ယေ မန္တံ ဇပန္တိ။
1,336,499
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
၆၂။ အာစရိယ၊ ဆရာ။
1,336,500
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဒ္ဒါလကဇာတ်
ခရာဇိနာ၊ ကြမ်းတမ်းသော သစ်နက်ရေလည်း ရှိကုန်ထသော။