id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,336,501 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဇဋိလာ၊ ဆံကျစ်လည်း ထုံးကုန်ထသော။ |
1,336,502 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ပင်္ကဒန္တာ၊ အညစ်အကြေးကပ်သော သွားလည်း ရှိကုန်ထသော။ |
1,336,503 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဒုမ္မုခရူပါ၊ မျက်ရေးမကွင်းသော မျက်နှာလည်း ရှိကုန်ထသော။ |
1,336,504 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ယေ၊ အကြင် ရသေ့တို့သည်။ |
1,336,505 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဇပန္တိ၊ ရွတ်ဘတ်သရဇ္ဈာယ်ကုန်၏။ |
1,336,506 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | မာနုသကေ၊ လူ၌ဖြစ်သော။ |
1,336,507 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ပယောဂေ၊ လုံ့လကြောင့်။ |
1,336,508 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဣဒံ၊ ဤ ပဉ္စာတပ အကျင့်ကို ကျင့်ခြင်း, ဗေဒင်ကို သရဇ္ဈာယ်ခြင်းကို။ |
1,336,509 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဝိဒူ၊ သိကုန်သည်ဖြစ်၍။ |
1,336,510 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | အပါယာ၊ အပါယ်လေးပါးမှ။ |
1,336,511 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ပရိမုတ္တာ နု၊ လွတ်ကုန်ပြီလော။ |
1,336,512 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ထိုစကားကို ကြား၍ ပုရောဟိတ်သည် ဤမင်းကား အရာမဟုတ်သည်၌ ပြေးဝင်၏။ |
1,336,513 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဆိတ်ဆိတ်နေခြင်းငှါ မသင့်ဟု ကြံ၍ မင်း၏စကားကို ပယ်လိုရကား- |
1,336,514 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ၆၃။ ပါပါနိ ကမ္မာနိ ကရောထ ရာဇ။ |
1,336,515 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဗဟုဿုတော စေ န စရေယျ ဓမ္မံ။ |
1,336,516 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | သဟဿဗေဒါပိ န တံ ပဋိစ္စ၊ဒုက္ခာ ပမောစေ စရဏံ အပတွာ။ |
1,336,517 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ၆၃။ ရာဇ၊ မင်းမြတ်။ |
1,336,518 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဗဟုဿုတော၊ များသော အကြားအမြင် ရှိသောသူသည်။ |
1,336,519 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | စေ ကရောထ၊ အကယ်၍ ပြုကုန်ငြားအံ့။ |
1,336,520 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဓမ္မံ၊ ကုသိုလ် ကမ္မပထတရား ဆယ်ပါးကို။ |
1,336,521 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | စေ န စရေယျ၊ အကယ်၍ မကျင့်ငြားအံ့။ |
1,336,522 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | စရဏံ၊ သမာပတ်ရှစ်ပါးသို့။ |
1,336,523 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | သဟဿ ဗေဒါပိ၊ ဗေဒင်တထောင် ဖြစ်သော်လည်း။ |
1,336,524 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဒုက္ခာ၊ အပါယ်ဆင်းရဲမှ။ |
1,336,525 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | န ပမောစေ၊ မလွတ်ရာ။ |
1,336,526 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ထိုရောဟိတ်စကားကို ကြား၍ ဥဒ္ဒါလက ရသေ့သည် ကြံ၏။ |
1,336,527 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | မင်းသည်မူကား ဟုတ်ဟုတ်ငြားငြား ရသေ့အပေါင်းအား သဒ္ဓါကြည်ညို၏။ |
1,336,528 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဤပုဏ္ဏားသည်ကား ကျက်စား၍ နေသော နွားကို တုတ်လှံတံဖြင့် ပုတ်ခတ်သကဲ့သို့၎င်း, ခူးပြီးသောထမင်းပွဲ၌ အမှိုက်တို့ကို ပစ်ချဘိသကဲ့သို့၎င်း ဖြစ်၏။ |
1,336,529 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ထိုပုဏ္ဏားနှင့်တကွ စကားပြောအံ့ဟု ကြံ၍ ပြောဆိုလိုရကား- |
1,336,530 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ၆၄။ သဟဿဗေဒါပိ န တံ ပဋိစ္စ၊ဒုက္ခာ ပမုစ္စေ စရဏံ အပတွာ။ |
1,336,531 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | မညာမိ ဗေဒါ အဖလာ ဘဝန္တိ၊သ သံယမံ စရဏညေဝ သစ္စံ။ |
1,336,532 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | သဟဿဗေဒါပိ၊ ဗေဒင်တထောင် ဖြစ်သော်လည်း။ |
1,336,533 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | န ပမုစ္စေ၊ မလွတ်ငြားအံ့။ |
1,336,534 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | သ သံယမံ၊ သီလ သံယမနှင့် တကွဖြစ်သော။ |
1,336,535 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | စရဏညေဝ၊ သမာပတ် ရှစ်ပါးသည်သာလျှင်။ |
1,336,536 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဗေဒါ၊ ဗေဒင်တို့သည်။ |
1,336,537 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | အဖလာ၊ အကျိုး မရှိကုန်သည်။ |
1,336,538 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဘဝန္တိ၊ ဖြစ်ကုန်၏ဟူ၍။ |
1,336,539 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | အာပဇ္ဇတိ၊ ဆိုရာရောက်၏။ |
1,336,540 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ထို့နောင်မှ ပုရောဟိတ်သည်- |
1,336,541 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ၆၅။ န ဟေဝ ဗေဒါ အဖလာ ဘဝန္တိ၊သ သံယမံ စရဏညေဝ သစ္စံ။ |
1,336,542 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ကိတ္တိဉှိ ပပ္ပေါတိ အဓိစ္စ ဗေဒေ၊သန္တိံ ပုဏာတိ စရဏေန ဒန္တော။ |
1,336,543 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ၆၅။ ဗေဒါ၊ ဗေဒင်တို့သည်။ |
1,336,544 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | နဟေဝ ဘဝန္တိ၊ မဖြစ်ကုန်။ |
1,336,545 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | သ သံယမံ၊ သီလကို စောင့်ခြင်းနှင့် တကွသော။ |
1,336,546 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | စရဏံ ဧဝ၊ သမာပတ်ရှစ်ပါးသာလျှင်။ |
1,336,547 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ကိတ္တိံ၊ ကျော်စောခြင်းသို့။ |
1,336,548 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဒန္တော၊ ကိုယ်နှုတ်နှလုံးကို ဆုံးမသောသူသည်။ |
1,336,549 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | စရဏေန၊ သမာပတ်ဖြင့်။ |
1,336,550 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ပုဏာတိ၊ ရောက်၏။ |
1,336,551 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ထိုစကားကိုကြား၍ ဥဒ္ဒါလက ရသေ့သည် ဤပုဏ္ဏားနှင့်တကွ ဆန့်ကျင်ဘက်၏ အစွမ်းအားဖြင့် မြစ်ခြင်းငှါ မတတ်နိုင်၊ သားဟူ၍ ဆိုသည်ရှိသော် ချစ်ခြင်းကို မပြုသောသူမည်သည် မရှိ၊ ထိုပုဏ္ဏားအား သား၏အဖြစ်ကို ပြောဆိုအံ့ဟု ကြံ၍ ပြောလိုရကား- |
1,336,552 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ၆၆။ ဘစ္စာ မာတာ ပိတာ ဗန္ဓု၊ ယေန ဇာတော သယေဝ သော။ |
1,336,553 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဥဒ္ဒါလကော အဟံ ဘောတိ၊ သောတ္ထိယကုလဝံသတော။ |
1,336,554 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ၆၆။ ယေန၊ အကြင်သားသည်။ |
1,336,555 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | မာတာ၊ အမိကို၎င်း။ |
1,336,556 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ပိတာ၊ အဖကို၎င်း။ |
1,336,557 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဗန္ဓု၊ အဆွေအမျိုးကို၎င်း။ |
1,336,558 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဘစ္စာ၊ မွေးအပ်၏။ |
1,336,559 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | သယေဝ၊ ထိုငါပင်တည်း။ |
1,336,560 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဘောတိ၊ အို ပုဏ္ဏား။ |
1,336,561 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဥဒ္ဒလကော၊ ဥဒ္ဒါလက မည်၏။ |
1,336,562 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | သောတ္ထိယကုလဝံသတော၊ သောတ္ထိယပုဏ္ဏား အမျိုးအနွယ်မှ။ |
1,336,563 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ထိုပုရောဟိတ်ပုဏ္ဏားသည် စင်စစ်လျှင် သင်သည် ဥဒ္ဒါလကပင်လောဟု မေးသည်ရှိသော် ဟုတ်၏ဟုဆိုလျှင် ငါသည် သင့်အမိအား အမှတ်သညာကို ပေးအပ်၏။ |
1,336,564 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ထိုအမှတ်သည် အဘယ်မှာနည်းဟု မေးသည်ရှိသော် ပုဏ္ဏား ဤလက်စွပ်သည် အမှတ်တည်းဟု ဆို၍ လက်စွပ်ကို ပုဏ္ဏားလက်၌ထား၏။ |
1,336,565 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ပုဏ္ဏားသည် လက်စွပ်ကို အဟုတ်အမှန်အားဖြင့် သိလျှင် သင်သည် ပုဏ္ဏားတို့အကျင့်ကို သိ၏လောဟုဆို၍ ပုဏ္ဏားတို့၏ အကျင့်ကို မေးလိုရကား- |
1,336,566 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ၆၇။ ကထံ ဘော ဗြာဟ္မဏော ဟောတိ၊ ကထံ ဘဝတိ ကေဝလီ။ |
1,336,567 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ကထဉ္စ ပရိနိဗ္ဗာနံ၊ ဓမ္မဋ္ဌော ကိန္တိ ဝုစ္စတိ။ |
1,336,568 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ၆၇။ ဘော၊ အို ဥဒ္ဒါလက။ |
1,336,569 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ကထံ၊ အသို့သောအကြောင်းဖြင့်။ |
1,336,570 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဗြာဟ္မဏော၊ ပုဏ္ဏားမည်သည်။ |
1,336,571 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ကထံ၊ အသို့သော အကြောင်းဖြင့်။ |
1,336,572 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ကေဝလီ၊ အလုံးစုံပြည့်စုံသည်။ |
1,336,573 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဘဝတိ၊ ဖြစ်သနည်း။ |
1,336,574 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ကထဉ္စ၊ အသို့သော အကြောင်းဖြင့်လျှင်။ |
1,336,575 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ပရိနိဗ္ဗာနံ၊ ငြိမ်းသနည်း။ |
1,336,576 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဓမ္မဋ္ဌော၊ တရား၌တည်၏ဟူ၍။ |
1,336,577 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဥဒ္ဒါလကသည်လည်း ထိုရောဟိတ်အား ပုဏ္ဏားတို့၏ အကျင့်ကို ကြားလိုရကား- |
1,336,578 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ၆၈။ နိရံ ကတွာ အဂ္ဂိမာဒါယ ဗြာဟ္မဏော၊အာပေါသိဉ္စ ယဇံ ဥဿေတိ ယူပံ။ |
1,336,579 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဧဝံ ကရော ဗြာဟ္မဏော ဟောတိ ခေမီ၊ဓမ္မေ ဌိကံ တေန အမာပယိံသု။ |
1,336,580 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ၆၈။ ပုရောဟိတ၊ ပုရောဟိတ်။ |
1,336,581 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | အဂ္ဂိံ၊ ဖွားစနေ့ကဖြစ်သော မီးကို။ |
1,336,582 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | နိရံ ကတွာ၊ မပြတ်မူ၍။ |
1,336,583 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | အာပေါသိဉ္စ၊ ရေသွန်း၍။ |
1,336,584 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ယဇံ-ယဇန္တော၊ ယဇ်ပူဇော်လျက်။ |
1,336,585 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ယူပံ၊ ယဇ်တိုင်ကို။ |
1,336,586 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဥဿေတိ၊ စိုက်ထောင်စေ၏။ |
1,336,587 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဧဝံ၊ ဤသို့သော နည်းဖြင့်။ |
1,336,588 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ကရော၊ ပြုသောသူသည်။ |
1,336,589 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ခေမီ၊ ငြိမ်းခြင်းရောက်သည်။ |
1,336,590 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | တေန၊ ထိုသို့ ယဇ်ပူဇော်ခြင်း အစရှိသည်တို့ကို ပြုသောကြောင့်။ |
1,336,591 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဓမ္မေ၊ ပုဏ္ဏားကျင့်ဝတ်တရား၌။ |
1,336,592 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဌိတံ၊ တည်၏ဟူ၍။ |
1,336,593 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | အမာပယိံသု၊ ဆိုကုန်၏။ |
1,336,594 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ထိုစကားကို ကြား၍ ပုရောဟိတ်သည် ဥဒ္ဒါလကသည် ဖြေဆိုအပ်သော ပုဏ္ဏားအကျင့်ကို ကဲ့ရဲ့လိုရကား- |
1,336,595 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ၆၉။ န သုဒ္ဓိ သေစနေ နတ္ထိ၊ နာပိ ကေဝလီ ဗြာဟ္မဏော။ |
1,336,596 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | န စေဝ ခန္တိသောရစ္စံ၊ နာပိ သော ပရိနိဗ္ဗုတော။ |
1,336,597 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ၆၉။ ဥဒ္ဒါလက၊ ဥဒ္ဒါလက။ |
1,336,598 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | သေစနေန ဝါ၊ ရေသွန်းသဖြင့်လည်း။ |
1,336,599 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | သုဒ္ဓိ၊ စင်ကြယ်ခြင်းသည်။ |
1,336,600 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ကေဝလီပိ၊ အလုံးစုံ ပြည့်စုံသည်လည်း။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.