id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,336,601 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ခန္တိသောရစ္စံ၊ သည်းခံခြင်း သီလ၌ အလွန်မွေ့လျော်ခြင်းသည်။ |
1,336,602 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | န စေဝ ဟောတိ၊ မဖြစ်သလျှင်ကတည်း။ |
1,336,603 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | နာပိ ပရိနိဗ္ဗုတော၊ မငြိမ်း။ |
1,336,604 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ထို့နောင်မှ ထိုပုရောဟိတ်ကို ဥဒ္ဒါလကသည် ဤသို့ ဆိုအပ်သောနည်းဖြင့် ပုဏ္ဏားသည် အကယ်၍ မဖြစ်အံ့၊ ထိုသို့ မဖြစ်သည်ရှိသော် အဘယ်သို့သော အကျင့်ဖြင့် ပုဏ္ဏားဖြစ်အံ့နည်းဟု မေးလိုရကား - |
1,336,605 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ၇၀။ ကထံ ဘော ဗြာဟ္မဏော ဟောတိ၊ ကထံ ဘဝတိ ကေဝလီ။ |
1,336,606 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ၇၀။ ဘော၊ အို-ပုဏ္ဏား။ |
1,336,607 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ကထံ၊ အသို့သော အကြောင်းဖြင့်ကား။ |
1,336,608 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ပရိနိဗ္ဗာနံ၊ ကိလေသာမှ ငြိမ်းသနည်း။ |
1,336,609 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ကိန္တိ၊ အဘယ်သို့သောသူကို။ |
1,336,610 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဓမ္မဋ္ဌော၊ ပုဏ္ဏားကျင့်ဝတ်တရား၌ တည်၏ဟူ၍။ |
1,336,611 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ပုရောဟိတ်သည်လည်း ဥဒ္ဒါလကအား ပုဏ္ဏားတို့ ကျင့်ဝတ်တရားကို ကြားလိုရကား- |
1,336,612 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ၇၁။ အက္ခေတ္တဗန္ဓူ အမမော နိရာသော၊နိလ္လောဘပါပေါ ဘဝလောဘခီဏော။ |
1,336,613 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဧဝံ ကရော ဗြာဟ္မဏော ဟောတိ ခေမီ၊ဓမ္မေ ဌိတံ တေန အမာပယိံသု။ |
1,336,614 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ၇၁။ အက္ခေတ္တဗန္ဓူ၊ လယ်ယာ ရွာနိဂုံးကို သိမ်းဆည်းခြင်း ဆွေမျိုးဖွဲ့ခြင်း, အနွယ်ဖွဲ့ခြင်း, မိတ်ဖွဲ့ခြင်း အပေါင်းအဖော်ဖွဲ့ခြင်း, အတတ်သင်သဖြင့် ဖွဲ့ခြင်းဟူသော ဗန္ဓုငါးပါးကို သိမ်းဆည်းခြင်း ကင်းသည်ဖြစ်၍။ |
1,336,615 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | အမမော၊ သတ္တဝါသင်္ခါရတို့၌ မြတ်နိုးခြင်း ကင်းသည်ဖြစ်၍။ |
1,336,616 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | နိရာသော၊ လာဘ် ဥစ္စာ သားသမီး အသက်တို့၌ တပ်ခြင်းအာသာ ကင်းသည်ဖြစ်၍။ |
1,336,617 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | နိလ္လောဘပါပေါ၊ မကောင်းသော မက်မောခြင်း မညီညွတ်သော မက်မောခြင်း ကင်းသည်ဖြစ်၍။ |
1,336,618 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဘဝလောဘခီဏော၊ ကုန်ပြီးသော ဘဝရာဂ ရှိသည်ဖြစ်၍။ |
1,336,619 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဧဝံ၊ ဤသို့ ဆိုအပ်ပြီးသော နည်းဖြင့်။ |
1,336,620 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ခေမီ၊ ကိလေမှ ငြိမ်းခြင်းသို့ ရောက်၏။ |
1,336,621 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဓမ္မေ၊ ပုဏ္ဏား ကျင့်ဝတ်တရား၌။ |
1,336,622 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဌိတံ၊ တည်၏ ဟူ၍။ |
1,336,623 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ထို့နောင်မှ ဥဒ္ဒါလကသည် ပုရောဟိတ်အား ပုဏ္ဏားအကျင့်၌ တည်ကုန်သော အလုံးစုံသော သူတို့အား ယုတ်ခြင်းမြတ်ခြင်း ရှိမည်လောဟု မေးလိုရကား- |
1,336,624 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ၇၂။ ခတ္တိယာ ဗြာဟ္မဏာ ဝေဿာ၊ သုဒ္ဒါ စဏ္ဍာလပုက္ကုသာ။ |
1,336,625 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | သဗ္ဗေဝ သောရတာ ဒန္တာ၊ သဗ္ဗေဝ ပရိနိဗ္ဗုတာ။ |
1,336,626 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | သဗ္ဗေသံ သီတိဘူတာနံ၊ အတ္ထိ သေယျောထ ပါပိယော။ |
1,336,627 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ၇၂။ ပုရောဟိတ၊ ပုရောဟိတ်။ |
1,336,628 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ခတ္တိယာ၊ မင်းတို့သည်၎င်း။ |
1,336,629 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဗြာဟ္မဏာ၊ ပုဏ္ဏားတို့သည်၎င်း။ |
1,336,630 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဝေဿာ၊ သူကြွယ်တို့သည်၎င်း။ |
1,336,631 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | သုဒ္ဒါ၊ သူဆင်းရဲတို့သည်၎င်း။ |
1,336,632 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | စဏ္ဍာလပုက္ကုသာ၊ ဒွန်းစဏ္ဍာ ပန်းမှိုက်စွန့် မျိုးတို့သည်၎င်း။ |
1,336,633 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | သဗ္ဗေဝ၊ အလုံးစုံသော သူတို့သည်လျှင်။ |
1,336,634 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | သောရတာ၊ သီလ၌ အလွန်မွေ့လျော်ကုန်၏။ |
1,336,635 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဒန္တာ၊ ယဉ်ကျေးကုန်၏။ |
1,336,636 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ပရိနိဗ္ဗုတာ၊ ကိလေသာမှ ငြိမ်းကုန်၏။ |
1,336,637 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | သီတိဘူတာနံ၊ ငြိမ်းသည်ဖြစ်၍ ဖြစ်ကုန်သော။ |
1,336,638 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | သဗ္ဗေသံ၊ အလုံးစုံကုန်သော သူတို့အား။ |
1,336,639 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | သေယျော၊ မြတ်ခြင်းသည်။ |
1,336,640 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | အတ္ထိ၊ ရှိမည်လော။ |
1,336,641 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ပါပိယော၊ ယုတ်ညံ့ခြင်းသည်။ |
1,336,642 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ထိုအခါ ဥဒ္ဒါလကအား အရဟတ္တဖိုလ် ဖြစ်သည်မှ စ၍ ယုတ်သောအဖြစ် မြတ်သောအဖြစ်သည် မရှိဟု ပြခြင်းငှါ ပုရောဟိတ်သည်- |
1,336,643 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ၇၃။ ခတ္တိယာ ဗြာဟ္မဏာ ဝေဿာ၊ သုဒ္ဒါ စဏ္ဍာလပုက္ကုသာ။ |
1,336,644 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | သဗ္ဗေဝ သုရတာ ဒန္တာ၊ သဗ္ဗေဝ ပရိနိဗ္ဗုတာ။ |
1,336,645 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | သဗ္ဗေသံ သီတိဘူတာနံ၊ နတ္ထိ သေယျောထ ပါပိယော။ |
1,336,646 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ၇၃။ ဥဒ္ဒါလက၊ ဥဒ္ဒါလက။ |
1,336,647 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | သုဒ္ဒါ၊ ဆင်းရဲတို့သည်၎င်း။ |
1,336,648 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | သုရတာ၊ သီလ၌ အလွန်မွေ့လျော်ကုန်၏။ |
1,336,649 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | သဗ္ဗေသံ၊ အလုံးစုံကုန်သောသူတို့အား။ |
1,336,650 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ထိုအခါ ပုရောဟိတ်ကို ကဲ့ရဲ့လိုသည်ဖြစ်၍ ဥဒ္ဒါလကသည်- |
1,336,651 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ၇၄။ ခတ္တိယာ ဗြာဟ္မဏာ ဝေဿာ၊ သုဒ္ဒါ စဏ္ဍာလပုက္ကုသာ။ |
1,336,652 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ၇၅။ သဗ္ဗေသံ သီတိဘူတာနံ၊ နတ္ထိ သေယျောထ ပါပိယော။ |
1,336,653 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ပသတ္ထံ စရသိ ဗြာဟ္မညံ၊ သောတ္ထိယကုလဝံသတံ။ |
1,336,654 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ပုရောဟိတ၊ ပုရောဟိတ်။ |
1,336,655 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | သဗ္ဗေဝ၊ အလုံးစုံသောသူတို့သည်လျှင်။ |
1,336,656 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | သုရတာ၊ သီလ၌ အလွန် မွေ့လျော်ကုန်၏။ |
1,336,657 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ပရိနိဗ္ဗုတာ၊ ငြိမ်းကုန်၏။ |
1,336,658 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ၇၅။ သီတိဘူတာနံ၊ ငြိမ်းသည်ဖြစ်၍ ဖြစ်ကုန်သော။ |
1,336,659 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | နတ္ထိ၊ မရှိခဲ့အံ့။ |
1,336,660 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ပသတ္ထံ၊ ချီးမွမ်းအပ်သော။ |
1,336,661 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | သောတ္ထိယကုလဝံသတံ၊ ပုဏ္ဏား အမျိုးအနွယ်ဟု ဆိုအပ်သော။ |
1,336,662 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဗြာဟ္မညံ၊ မြတ်သောအဖြစ်ကို။ |
1,336,663 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | စရသိ၊ ကျင့်သနည်း။ |
1,336,664 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ထိုအခါ ထိုဥဒ္ဒါလကကို ပုရောဟိတ်သည် ဥပမာဖြင့် သိစေလိုရကား- |
1,336,665 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ၇၆။ နာနာရတ္တေဟိ ဝတ္ထေဟိ၊ ဝိမာနံ ဘဝတိ ဆာဒိတံ။ |
1,336,666 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | န တေသံ ဆာယာ ဝတ္ထာနံ၊ သော ရာဂေါ အနုပပဇ္ဇထ။ |
1,336,667 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ၇၇။ ဧဝမေဝ မနုဿေသု၊ ယဒါ သုဇ္ဈန္တိ မာဏဝါ။ |
1,336,668 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | န တေသံ ဇာတိ သုဇ္စျတိ၊ ဓမ္မမညာယ သုဗ္ဗတာ။ |
1,336,669 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ၇၆။ ဥဒ္ဒါလက၊ ဥဒ္ဒါလက။ |
1,336,670 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | နာနာရတ္တေဟိ၊ အထူးထူးသော တပ်ခြင်းရှိကုန်ထသော။ |
1,336,671 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဝတ္ထေဟိ၊ ပုဆိုးအဝတ်တို့ဖြင့်။ |
1,336,672 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဝိမာနံ၊ အိမ်ကို။ |
1,336,673 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဆာဒိတံ၊ မိုးအပ်သည်။ |
1,336,674 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဘဝတိ၊ ဖြစ်အံ့။ |
1,336,675 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | တေသံ ဝတ္ထာနံ၊ ထိုပုဆိုး အဝတ်တို့၏။ |
1,336,676 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | နဘဝတိ၊ အထူးထူးအပြားပြား ဆန်းကြယ်သည် မဖြစ်။ |
1,336,677 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | သော ရာဂေါ၊ ထိုတပ်ခြင်းသည်။ |
1,336,678 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | အနုပပဇ္ဇထ၊ မဖြစ်။ |
1,336,679 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ၇၇။ ဧဝမေဝ၊ ဤအတူလျှင်။ |
1,336,680 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | သုဇ္ဈန္တိ၊ စင်ကြယ်ကုန်၏။ |
1,336,681 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | သုဗ္ဗတာ၊ ကောင်းသော အကျင့်ရှိကုန်၏။ |
1,336,682 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | တေသံ၊ ထိုလူတို့အား။ |
1,336,683 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | န သုဇ္စျတိ၊ မစင်ကြယ်။ |
1,336,684 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဥဒ္ဒါလကသည်ကား တဖန် ဆောင်ခြင်းငှါ မတတ်နိုင်ရကား စကားဆိုရာ မရှိသည်ဖြစ်၍လျှင် နေ၏။ |
1,336,685 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ထိုအခါ ပုရောဟိတ်သည် မင်းကို တင်လျှောက်၏။ |
1,336,686 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | မြတ်သောမင်းကြီး အလုံးစုံသော ဤရသေ့တို့သည် အယောင် ဆောင်၍အံ့ဘွယ်သရဲကို ဖြစ်စေကုန်၏။ |
1,336,687 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်း၌အံ့ဘွယ်သရဲဖြင့်သာလျှင် ပျက်စီးစေကုန်လတ္တံ့၊ ဥဒ္ဒါလကကို လူထွက်စေ၍ ပုရောဟိတ်ငယ် ပြုတော်မူကုန်လော့၊ ကြွင်းသော ရသေ့အပေါင်းတို့ကို လူထွက်စေပြီးလျှင် ဓားလက်နက်တို့ကို အပ်၍ အမှုတော်ကို ထမ်းစေကုန်လော့ဟု တင်လျှောက်၏။ |
1,336,688 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဆရာ ကောင်းပြီဟု ဆို၍ ဆရာပုရောဟိတ်ဆိုတိုင်း ပြု၏။ |
1,336,689 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ထိုရသေ့လူထွက်တို့သည် မင်းကို ခစားကုန်လျက် ကံအားလျော်စွာ လားကုန်၏။ |
1,336,690 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ၌ သာလျှင် ဤရဟန်းသည်အံ့ဘွယ်သရဲကို ဖြစ်စေသည်မဟုဘ်သေး၊ ရှေး၌လည်း ဤရဟန်းသည်အံ့ဘွယ်သရဲကို ဖြစ်စေဘူးသည်သာတည်းဟု မိန့်တော်မူ၍ ယခုအခါအံ့ဘွယ်သရဲကို ဖြစ်စေတတ်သော ဤရဟန်းသည် ထိုအခါ ဥဒ္ဒါလက ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘ... |
1,336,691 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | အယောင်ဆောင်ငြား၊ အံ့ဘွယ်များ၊ မမှားပျက်စီးမည် |
1,336,692 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥဒ္ဒါလကဇာတ် | လေးခုမြောက်သော ဥဒ္ဒါလကဇာတ်သည် ပြီး၏။ |
1,336,693 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပကာဇီဝကဝတ္ထု | ၉။ ဥပကမည်သော တက္ကတွန်းဝတ္ထု သဗ္ဗာဘိဘူအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် လမ်းခရီးအကြား၌ ဥပကအမည်ရှိသော အာဇီဝက တက္ကတွန်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။ |
1,336,694 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပကာဇီဝကဝတ္ထု | ဥပကနှင့် ရှေးဦးစွာ တွေ့ဆုံခြင်း |
1,336,695 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပကာဇီဝကဝတ္ထု | တစ်ပါးသောအခါ၌ မြတ်စွာဘုရားသည် ရအပ်သော သဗ္ဗညုတဉာဏ် ရှိတော်မူပြီးသည်ဖြစ်၍ ဗောဓိမဏ္ဍိုင်၌ ခုနစ်ရက် ခုနစ်လီဖြစ်သော သတ္တသတ္တာဟကို လွန်စေပြီးလျှင် ကိုယ်တော်မြတ်၏ သပိတ်သင်္ကန်းကို ယူတော်မူလျက် တရားတည်းဟူသောစက်ကို လည်စိမ့်သောငှာ ဓမ္မစကြာတရားကို ဟောကြားခြင်းငှာ ဗာရာဏသီပြည်ကို ရည်မှန်း၍ တစ်ဆယ့်ရှစ်ယူဇနာရှိသော လမ်းခရီးကို ကြွသွား... |
1,336,696 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပကာဇီဝကဝတ္ထု | ထိုတက္ကတွန်းသည်လည်း မြတ်စွာဘုရားကို ဖူးမြင်ရပြီးလျှင် “ငါ့ရှင်- သင်၏ စက္ခုစသော ဣန္ဒြေတို့သည် ကြည်လင်လှကုန်၏၊ အရေအဆင်းသည် သန့်ရှင်းဖြူစင်လှဘိ၏၊ ပြိုးပြိုးပြက်သော အရောင်ရှိဘိ၏၊ ငါ့ရှင်- သင်သည် အဘယ်သူကို ရည်မှန်း၍ ရဟန်းပြုလေဘိသနည်း၊ အဘယ်သူသည် သင်၏ဆရာ ဖြစ်သနည်း၊ အဘယ်သူ၏တရားကို အသင် နှစ်သက်ဘိသနည်း”ဟု မေးမြန်းလေ၏။ |
1,336,697 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပကာဇီဝကဝတ္ထု | ထိုအခါ ဥပကအား မြတ်စွာဘုရားသည် “ငါ၏ ဥပဇ္ဈာယ်သည်လည်းကောင်း၊ ဆရာသည်လည်းကောင်း မရှိ”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။ |
1,336,698 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပကာဇီဝကဝတ္ထု | ဒေသနာတော် [၃၅၃] သဗ္ဗာဘိဘူ သဗ္ဗဝိဒူဟမသ္မိ၊ သဗ္ဗေသု ဓမ္မေသု အနူပလိတ္တော။ |
1,336,699 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပကာဇီဝကဝတ္ထု | သဗ္ဗဉ္ဇဟော တဏှာက္ခယေ ဝိမုတ္တော၊ သယံ အဘိညာယ ကမုဒိသေယျံ။ |
1,336,700 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပကာဇီဝကဝတ္ထု | ဥပက၊ ဥပက။ အဟံ၊ ငါဘုရားသည်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.