id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,336,701
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထု
သဗ္ဗာဘိဘူ၊ အလုံးစုံသော တေဘူမက ဓမ္မတရားတို့ကို နှိပ်နင်းဖျက်ဆီးသည်။
1,336,702
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထု
သဗ္ဗဝိဒူ၊ သိအပ်သော ဘုံလေးပါး၌ရှိသော တရားတို့ကို သိသည်။
1,336,703
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထု
ဓမ္မေသု၊ တေဘူမကတရားတို့၌။
1,336,704
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထု
အနူပလိတ္တော၊ တဏှာဒိဋ္ဌိတို့ဖြင့် မလိမ်းကျံသည်။
1,336,705
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထု
သဗ္ဗဉ္ဇဟော၊ အလုံးစုံကုန်သော တေဘူမကကို စွန့်၍တည်သည်။
1,336,706
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထု
တဏှာက္ခယေ၊ တဏှာ၏ကုန်ရာဖြစ်သော အရဟတ္တဖိုလ်၌။
1,336,707
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထု
ဝိမုတ္တော၊ ကင်းလွတ်သောစိတ် ရှိသည်။
1,336,708
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထု
အဘိညာယ၊ သစ္စာလေးပါးတရား သိပြီးဖြစ်၍။
1,336,709
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထု
ဥဒ္ဒိသေယျံ၊ ဤသူ ငါ့ဆရာဟူ၍ ညွှန်းရအံ့နည်း။
1,336,710
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထု
ဒေသနာတော်နှင့် ဥပက၏ သဘောထား
1,336,711
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထု
ဒေသနာတော်၏အဆုံး၌ ဥပကအမည်ရှိသော အာဇီဝက တက္ကတွန်းသည် မြတ်စွာဘုရား၏ စကားတော်ကို နှစ်သက်သည်လည်း မဟုတ်၊ ပစ်ပယ်သည်လည်းမဟုတ်၊ ဦးခေါင်းကိုသာ လှုပ်၍ လျှာကိုလှုပ်ရှားပြီးလျှင် တစ်ဖဝါး လှမ်းသွားလောက်သော လမ်းခရီးယူသဖြင့် အမှတ်မရှိသော မုဆိုးတို့နေရာ အရပ်သို့ သွားလေ၏။
1,336,712
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထု
ဥပကမည်သောတက္ကတွန်းဝတ္ထု ပြီး၏။
1,336,713
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
၉-ဥပကာဇီဝကဝတ္ထု
1,336,714
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
၃၅၃။ သဗ္ဗာဘိဘူ သဗ္ဗဝိဒူဟမသ္မိ၊ သဗ္ဗေသု ဓမ္မေသု အနူပလိတ္တော။
1,336,715
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
သဗ္ဗဉ္ဇဟော တဏှက္ခယေ ဝိမုတ္တော၊ သယံ အဘိညာယ ကမုဒ္ဒိသေယျံ။
1,336,716
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် မိဂဒါဝုန်တောနှင့် ဗာရာဏသီပြည်အကြား ခရီးလမ်း၌ ဥပကမည်သော တက္ကတွန်းကို အကြောင်းပြု၍ ဟောတော်မူသည်။
1,336,717
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
ဒေသနာတော်အဆုံး၌ ဥပကသည် ဘုရားရှင်၏စကားကို နှစ်သက်ခြင်းလည်း မရှိ၊ ဆန့်ကျင်ခြင်းလည်း မပြုပဲ ခေါင်းကိုညိတ်ပြီး လျှာကိုထုတ်ပြီး ထွက်သွား၏။
1,336,718
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
အနက် အဟံ၊ ငါသည်။
1,336,719
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
သဗ္ဗာဘိဘူ၊ အလုံးစုံသော တေဘူမကတရားကို နှိမ်နင်းသည်။
1,336,720
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
သဗ္ဗဝိဒူ၊ အလုံးစုံသော စတုဘူမက တရားသဘောကို သိသည်။
1,336,721
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
သဗ္ဗေသု ဓမ္မေသု၊ အလုံးစုံသော တေဘူမက တရားတို့၌။
1,336,722
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
အနူပလိတ္တော၊ ကပ်ငြိတွယ်တာခြင်း မရှိသည်။
1,336,723
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
သဗ္ဗဉ္ဇဟော၊ အလုံးစုံသော တေဘူမကတရားတို့ကို စွန့်လျက်။
1,336,724
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
တဏှက္ခယေ၊ တဏှာကုန်ခန်းရာ အရဟတ္တဖိုလ်၌။
1,336,725
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
ဝိမုတ္တော၊ ကိလေသာမှ လွတ်၏။
1,336,726
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
အဘိညာယ၊ ထူးသော ဉာဏ်ဖြင့် သိ၍။
1,336,727
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
ဥဒ္ဒိသေယျံ၊ ဆရာဟူ၍ ညွှန်ပြအံ့နည်း။
1,336,728
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
စကားပြေ ငါသည် အလုံးစုံသော တေဘူမကတရားတို့ကို နှိမ်နင်း၍ အလုံးစုံသော စတုဘူမကတရားတို့ကို သိ၏။
1,336,729
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
အလုံးစုံသော တေဘူမက တရားတို့၌ ကပ်ငြိတွယ်တာခြင်း မရှိ၊ ထိုတရားတို့ကို စွန့်လျက်တည်၏။
1,336,730
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
တဏှာကုန်ခန်းရာ အရဟတ္တဖိုလ်၌ ကိလေသာမှ လွတ်သည်ဖြစ်၍ ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ အဘယ်သူကို ဆရာဟု ညွှန်ပြအံ့နည်း။
1,336,731
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
သဗ္ဗာဘိဘူ—၌ သဗ္ဗ-အရ တေဘူမကတရား။
1,336,732
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
သဗ္ဗဝိဒူ—၌ သဗ္ဗ-အရ စတုဘူမကတရား ရ၏။
1,336,733
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
သဗ္ဗေသု ဓမ္မေသု—၌ သဗ္ဗ-အရ တေဘူမကတရား ရ၏။
1,336,734
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
သဗ္ဗဉ္ဇဟော—၌ သဗ္ဗ-အရ တေဘူမကတရား ရ၏။
1,336,735
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
တဏှက္ခယေ—အရ အရဟတ္တဖိုလ် ရ၏။
1,336,736
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
သဗ္ဗာဘိဘူ = သဗ္ဗေ အဘိဘဝတီတိ သဗ္ဗာဘိဘူ။
1,336,737
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
သဗ္ဗ+အဘိ+ဘူ+ကွိ။
1,336,738
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
သဗ္ဗဝိဒူ = သဗ္ဗေ ဝိဒတိ ဇာနာတီတိ သဗ္ဗဝိဒူ။
1,336,739
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
သဗ္ဗ+ဝိဒ်+ရူ။
1,336,740
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
သဗ္ဗဉ္ဇဟော = သဗ္ဗံ ဇဟတီတိ သဗ္ဗဉ္ဇဟော။
1,336,741
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
သဗ္ဗ+ဟာ+ဏ။
1,336,742
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
ဥပကာဇီဝကဝတ္ထုပြီး၏။
1,336,743
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
၉-ဥပကာဇီဝကဝတ္ထုပါဠိဂါထာ
1,336,744
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
၆၂၉။ သဗ္ဗာဘိဘူ သဗ္ဗဝိဒူဟ မသ္မိ, သဗ္ဗေသု ဓမ္မေသု အနူပလိတ္တော၊သဗ္ဗဉ္ဇဟော တဏှက္ခယေ ဝိမုတ္တော, သယံ အဘိညာယ က မုဒ္ဒိသေယျံ။
1,336,745
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
(ဥပက၊ ဥပက!) အဟံ၊ ငါသည်။
1,336,746
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
သဗ္ဗာဘိဘူ၊ အလုံးစုံသော တေဘူမက တရားတို့ကို လွှမ်းမိုးတော်မူနိုင်သည်။
1,336,747
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
သဗ္ဗဝိဒူ၊ သဗ္ဗညုတဉာဏ်ဖြင့် အလုံးစုံသော စတုဘူမကတရားတို့ကို သိတော်မူပြီးသည်။
1,336,748
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
[သဗ္ဗညုတညာဏေန အဝေဒိံ၊ မ၊ဋီ၊၂၊၁၄၁။
1,336,749
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
] သဗ္ဗေသု၊ အလုံးစုံကုန်သော။
1,336,750
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
အနုပလိတ္တော၊ တဏှာ ဒိဋ္ဌိတို့သည် လိမ်းကျံတော်မမူအပ်သည်။
1,336,751
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
သဗ္ဗဉ္ဇဟော၊ အလုံးစုံသော တေဘူမကတရား တို့ကို စွန့်လွှတ်တော်မူပြီးသည်။
1,336,752
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
၁ တဏှက္ခယေ၊ တဏှာ၏ကုန်ရာ အရဟတ္တဖိုလ်၌။
1,336,753
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
(အရဟတ္တဖိုလ်တုန်းကထဲက)။
1,336,754
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
ဝိမုတ္တော၊ လွတ်မြောက်ပြီးသည်။
1,336,755
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
(တစ်နည်း) တဏှက္ခယေ၊ တဏှာ၏ကုန်ရာ နိဗ္ဗာန်၌။
1,336,756
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
ဝိမုတ္တော၊ အာရုံပြုသောအားဖြင့် လွတ်လွတ်ကျွတ် ကျွတ် သက်ဝင်တော်မူပြီးသည်။
1,336,757
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
[ရှေ့ ဓမ္မ၊ဋ္ဌ၊ နောက် ဝိ၊ဋ္ဌ၊၃၊၂၄၅။
1,336,758
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
မ၊ဋ္ဌ၊၂၊၉၄။
1,336,759
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
] အသ္မိ၊ ဖြစ်၏။
1,336,760
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
အဘိညာယ၊ အလုံးစုံသော စတုဘူမကတရားတို့ကို သိ၍။
1,336,761
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
ကံ၊ အဘယ်ပုဂ္ဂိုလ်ကို။
1,336,762
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
ဥဒ္ဒိသေယျံ၊ ဤသူကား ငါ့ဆရာဟု ညွှန်ပြရ ပါတော့အံ့နည်း။
1,336,763
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
(ပါ-၃၅၃) ၁။
1,336,764
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
သဗ္ဗဉ္ဇဟော။
1,336,765
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
။ သဗ္ဗေ+ဇဟိံတိ သဗ္ဗဉ္ဇဟော၊ ဆန်းကြောင့် ဗ္ဗ၌ နိဂ္ဂဟိတ်လာ၊ ကု သိုလ်နှင့် အဗျာကတတရားသည် အပ္ပဟာတဗ္ဗတရားဖြစ်သော်လည်း ထိုကုသိုလ်အဗျာကတနှင့် စပ်သော ကိလေသာတို့ကို ပယ်လိုက်လျှင် ကုသိုလ်အဗျာကတလည်း ဖြစ်ခွင့်မရတော့သော ကြောင့် ကုသိုလ်အဗျာကတကိုလည်း ပယ်ရာရောက်၏။
1,336,766
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဥပကာဇီဝကဝတ္ထုဂါထာ
(သာရတ္ထ၊၃၊၁၆၄၊ မ၊ဋီ၊၂၊၁၄၁)ဥပကာဇီဝကဝတ္ထုဂါထာနိဿယပြီးပြီ။
1,336,767
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်, အမိန့်များ, မြန်မာဘာသာ, မြန်မာနိုင်ငံ အစိုးရပြန်တမ်းများ
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ၁/၂၀၂၁
၁။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အခြေခံအသုံးပြုခဲ့သော မဲစာရင်းများမှာ ကြီးမားစွာကွာခြားမှုများရှိနေသဖြင့် ဖြေရှင်းဆောင်ရွက်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပျက်ကွက်ခဲ့ပါသည်။
1,336,768
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်, အမိန့်များ, မြန်မာဘာသာ, မြန်မာနိုင်ငံ အစိုးရပြန်တမ်းများ
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ၁/၂၀၂၁
၂။ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် ပြည်သူ့ထံမှ ဆင်းသက်ရမည်ဖြစ်သော်လည်း ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆိုးဝါးစွာလွဲမှားနေသည့် မဲစာရင်းများဖြစ်ခဲ့သဖြင့် ဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ပြည်သူ့ထံမှ အချုပ်အခြာအာဏာ ဆင်းသက်ရမည်ဆိုသည့်အချက်နှင့် ဆန့်ကျင်နေပါသည်။
1,336,769
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်, အမိန့်များ, မြန်မာဘာသာ, မြန်မာနိုင်ငံ အစိုးရပြန်တမ်းများ
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ၁/၂၀၂၁
၃။ မဲစာရင်းပြဿနာများကို ဖြေရှင်းရန်ငြင်းပယ်ခြင်း၊ အရေးယူဆောင်ရွက်မှုမပြုခြင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုအပေါ် ရွှေ့ဆိုင်းပေးခြင်းမရှိသည့် အပြင် ပြည်သူ့လွှတ်တော် အစည်းအဝေးအစီအစဉ်များ ထုတ်ပြန်ကာ အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်ရန် ဆောင်ရွက်ခြင်းတို့သည် ဖွဲ့စည်း...
1,336,770
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်, အမိန့်များ, မြန်မာဘာသာ, မြန်မာနိုင်ငံ အစိုးရပြန်တမ်းများ
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ၁/၂၀၂၁
၎င်းကဲ့သို့ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ မြို့/ဒေသအသီးသီးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မယုံကြည်သဖြင့် ဆန္ဒပြမှုများ များစွာဖြစ်ပေါ်လျက်ရှိပြီး အခြားပါတီအဖွဲ့အစည်း လူပုဂ္ဂိုလ်များကလည်း ထောက်ခံပွဲအလံ လွှင့်ထူခြင်းများအပါအဝင် လှုံ့ဆော်မှုမျိုးစုံ ပြုလုပ်နေကြောင်းတွေ့ရသဖြင့် နိုင်ငံတော်တည်ငြိမ်မှုကို မျ...
1,336,771
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်, အမိန့်များ, မြန်မာဘာသာ, မြန်မာနိုင်ငံ အစိုးရပြန်တမ်းများ
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ၁/၂၀၂၁
၄။ အဆိုပါပြဿနာကို မှန်ကန်စွာဖြေရှင်းခြင်းမပြုပါက နိုင်ငံတော်၏ ဒီမိုကရေစီလျှောက်လှမ်းမှုတွင် အခက်အခဲများဖြစ်ပေါ်လာစေမည်ဖြစ်၍ ဥပဒေနှင့်အညီ ဖြေရှင်းရန်လိုအပ်ပါသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇ အရ နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာလိုက်သည်။
1,336,772
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်, အမိန့်များ, မြန်မာဘာသာ, မြန်မာနိုင်ငံ အစိုးရပြန်တမ်းများ
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ၁/၂၀၂၁
၅။ မဲစာရင်းများ စစ်ဆေးအတည်ပြုခြင်းအပါအဝင် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၈ ပုဒ်မခွဲ(က) အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လွှဲအပ်တာဝန် ပေးလိုက်သည်။
1,336,773
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်, အမိန့်များ, မြန်မာဘာသာ, မြန်မာနိုင်ငံ အစိုးရပြန်တမ်းများ
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ၁/၂၀၂၁
၆။ အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့်နယ်မြေသည် နိုင်ငံတစ်ဝှမ်းဖြစ်ကြောင်းနှင့် အရေးပေါ်အခြေအနေအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ ဤအမိန့် ထုတ်ပြန်သည့်နေ့မှစ၍ တစ်နှစ်သတ်မှတ်လိုက်သည်။
1,336,774
Uncategorized
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ၄/၂၀၁၅
REDIRECT ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၄/၂၀၁၅
1,336,775
Uncategorized
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ၆/၂၀၁၅
REDIRECT ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၆/၂၀၁၅
1,336,776
ပြည်ထောင်စုလွှတ်တော်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, ဦးသိန်းစိန်၏ အမိန့်များ, မြန်မာဘာသာ
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၄/၂၀၁၅
၁။ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် (၃/ ၂၀၁၅) ဖြင့် အရေးပေါ်အခြေအနေ ဆက်လက်တည်ရှိကြောင်း ကြေညာထားသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေခြင်းငှာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မ...
1,336,777
ပြည်ထောင်စုလွှတ်တော်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, ဦးသိန်းစိန်၏ အမိန့်များ, မြန်မာဘာသာ
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၄/၂၀၁၅
၂။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင်ကျင့်သုံး ဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင်တစ်ဦးဦးကို ကျင့်သုံးဆောင်ရွက်စေခြင်း ပြုနိုင်သည်။
1,336,778
ပြည်ထောင်စုလွှတ်တော်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, ဦးသိန်းစိန်၏ အမိန့်များ, မြန်မာဘာသာ
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၄/၂၀၁၅
Category:ဦးသိန်းစိန်၏ အမိန့်များ
1,336,779
ပြည်ထောင်စုလွှတ်တော်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, ဦးသိန်းစိန်၏ အမိန့်များ, မြန်မာဘာသာ
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၆/၂၀၁၅
၁။ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် (၁/၂၀၁၅) ဖြင့် အရေးပေါ်အခြေအနေကြေညာထားသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုး မိုးရေးတို့ကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေခြင်းငှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ) အရ ထုတ်ပြန်ထားသော စစ်အုပ်ချုပ်ရေးအမိန့်ကို ဆက...
1,336,780
ပြည်ထောင်စုလွှတ်တော်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, ဦးသိန်းစိန်၏ အမိန့်များ, မြန်မာဘာသာ
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၆/၂၀၁၅
၂။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယင်းတာဝန်နှင့် လုပ်ပိုင်ခွင့်များကို မိမိကိုယ်တိုင်ကျင့်သုံး ဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင်တစ်ဦးဦးကို ကျင့်သုံးဆောင်ရွက်စေ ခြင်းပြုနိုင်သည်။
1,336,781
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်, အမိန့်များ, မြန်မာဘာသာ, မြန်မာနိုင်ငံ အစိုးရပြန်တမ်းများ
ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၂/၂၀၂၅
၁။ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ( ၁ / ၂၀၂၅) ဖြင့် အရေးပေါ်အခြေအနေကြေညာထားသည့်မြို့နယ်များတွင် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ သည် မူလအခြေအနေသို့ပြန်လည်ရောက်ရှိစေခြင်းငှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ) အရ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်၍ အဆို...
1,336,782
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်, အမိန့်များ, မြန်မာဘာသာ, မြန်မာနိုင်ငံ အစိုးရပြန်တမ်းများ
ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၂/၂၀၂၅
၂။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယင်းလုပ်ပိုင်ခွင့်နှင့်တာဝန်များကို မိမိကိုယ်တိုင်ကျင့်သုံးဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင်တစ်ဦးဦးကို ကျင့်သုံးဆောင်ရွက်စေခြင်းပြုနိုင်သည်။
1,336,783
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်, အမိန့်များ, မြန်မာဘာသာ, မြန်မာနိုင်ငံ အစိုးရပြန်တမ်းများ
ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၂/၂၀၂၅
၃။ ဤအမိန့်သည် ယနေ့မှစ၍ ရက်ပေါင်း(၉၀)အထိ အတည်ဖြစ်သည်။
1,336,784
မြန်မာဘာသာ, မဆလခေတ်, ကြေညာချက်များ
ဥပဒေစကားရပ်များကို အစားထိုးပြောင်းလဲခြင်း
အမှတ် ၄။ ။
1,336,785
မြန်မာဘာသာ, မဆလခေတ်, ကြေညာချက်များ
ဥပဒေစကားရပ်များကို အစားထိုးပြောင်းလဲခြင်း
၁၉၇၃ ခုနှစ်၊ စကားရပ်များအနက်အဓိပ္ပါယ် ဖွင့်ဆိုရေးဥပဒေပုဒ်မ ၂၈ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ၊ နိုင်ငံတော်ကောင်စီသည်၊ အောက်ပါအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။
1,336,786
မြန်မာဘာသာ, မဆလခေတ်, ကြေညာချက်များ
ဥပဒေစကားရပ်များကို အစားထိုးပြောင်းလဲခြင်း
၁။ ရှိရင်းစွဲ ဥပဒေများတွင်ပါရှိသော အောက်ပါစကားရပ်များကို အောက်ဖေါ်ပြပါအတိုင်းဆီလျော်အောင် အစားထိုး ပြောင်းလဲပြီးဖြစ်သည်ဟု မှတ်ယူရမည်။
1,336,787
မြန်မာဘာသာ, မဆလခေတ်, ကြေညာချက်များ
ဥပဒေစကားရပ်များကို အစားထိုးပြောင်းလဲခြင်း
(က) “ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီဥက္ကဋ္ဌ” ဆိုသည့်စကားရပ်အစား၊ “နိုင်ငံတော်သမ္မတ”၊ သို့ရာတွင် ဤသို့အစားထိုးပြောင်းလဲခြင်းသည်၊ အခြေခံဥပဒေက နိုင်ငံတော်သမ္မတအား အပ်နှင်းသောလုပ်ငန်းတာဝန်များနှင့် ဆီလျော်သရွေ့သာဖြစ်စေရမည်။
1,336,788
မြန်မာဘာသာ, မဆလခေတ်, ကြေညာချက်များ
ဥပဒေစကားရပ်များကို အစားထိုးပြောင်းလဲခြင်း
(ခ) “ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီဥက္ကဋ္ဌ” ဆိုသည့်စကားရပ်အစား၊ “နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ”၊ သို့ရာတွင် ဤသို့အစားထိုးပြောင်းလဲခြင်းသည်၊ အခြေခံဥပဒေက နိုင်ငံတော် ကောင်စီနှင့် နိုင်ငံတော်ကောင်စီဥက္ကဋ္ဌတို့အား အပ်နှင်းသောလုပ်ငန်းတာဝန်များနှင့် ဆီလျော်သရွေ့သာ ဖြစ်စေရမည်။
1,336,789
မြန်မာဘာသာ, မဆလခေတ်, ကြေညာချက်များ
ဥပဒေစကားရပ်များကို အစားထိုးပြောင်းလဲခြင်း
(ဂ) “ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီဥက္ကဋ္ဌ” ဆိုသည့်စကားရပ်အစား၊ “ဝန်ကြီးချုပ်၊ သို့မဟုတ် သက်ဆိုင်ရာဝန်ကြီး၊ ပြည်သူ့တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်သူ့ ဥပဒေအကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ၊” သို့ရာတွင် ဤသို့အစားထိုးပြောင်းလဲခြင်းသည်၊ အခြေခံဥပဒေနှင့် ရှိရင်းစွဲဥပဒေများက ဝန်ကြီးအဖွဲ...
1,336,790
မြန်မာဘာသာ, မဆလခေတ်, ကြေညာချက်များ
ဥပဒေစကားရပ်များကို အစားထိုးပြောင်းလဲခြင်း
(ဃ) “အစိုးရအဖွဲ့” သို့မဟုတ် “အစိုးရ”ဆိုသည့်စကားရပ်အစား၊ “ဝန်ကြီးအဖွဲ့၊ သို့မဟုတ် သက်ဆိုင်ရာဝန်ကြီးဌာန။
1,336,791
မြန်မာဘာသာ, မဆလခေတ်, ကြေညာချက်များ
ဥပဒေစကားရပ်များကို အစားထိုးပြောင်းလဲခြင်း
(င) “တရားသူကြီးချုပ်” ဆိုသည့်စကားရပ်အစား၊ “ပြည်သူ့တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌ။
1,336,792
မြန်မာဘာသာ, မဆလခေတ်, ကြေညာချက်များ
ဥပဒေစကားရပ်များကို အစားထိုးပြောင်းလဲခြင်း
(စ) “တရားရုံးချုပ် တရားသူကြီး” ဆိုသည့်စကားရပ်အစား၊ “ပြည်သူ့တရားသူကြီးအဖွဲ့ဝင်။
1,336,793
မြန်မာဘာသာ, မဆလခေတ်, ကြေညာချက်များ
ဥပဒေစကားရပ်များကို အစားထိုးပြောင်းလဲခြင်း
(ဆ) “ရှေ့နေချုပ်” ဆိုသည့်စကားရပ်အစား၊ “ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ။
1,336,794
မြန်မာဘာသာ, မဆလခေတ်, ကြေညာချက်များ
ဥပဒေစကားရပ်များကို အစားထိုးပြောင်းလဲခြင်း
(ဇ) “စာရင်းစစ်ချုပ်” ဆိုသည့်စကားရပ်အစား၊ “ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ။
1,336,795
မြန်မာဘာသာ, မဆလခေတ်, ကြေညာချက်များ
ဥပဒေစကားရပ်များကို အစားထိုးပြောင်းလဲခြင်း
၂။ နိုင်ငံတော်ကောင်စီနှင့် ဗဟိုအာဏာပိုင်အဖွဲ့အစည်းများသည်၊ မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာ၌ လိုအပ်သော လုပ်ထုံးလုပ်နည်းများကို သင့်လျော်သလိုသတ်မှတ်နိုင်သည်။
1,336,796
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်
ဥပဒေများရုပ်သိမ်းသည့် ဥပဒေ
{{center|ပြည်ထောင်စုမြန်မာနိုင်ငံတော်နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့
1,336,797
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်
ဥပဒေများရုပ်သိမ်းသည့် ဥပဒေ
ဥပဒေများရုပ်သိမ်းသည့်ဥပဒေ(နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁/၉၂)ရန်ကုန်မြို့၊ ၁၃၅၃ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ရက်(၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်)}}
1,336,798
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်
ဥပဒေများရုပ်သိမ်းသည့် ဥပဒေ
တည်ဆဲဥပဒေများအနက် အချို့သော ဥပဒေများသည် ပြောင်းလဲလာသည့် အခြေအနေနှင့် ဆီလျော်မှုမရှိခြင်းကြောင့် လည်းကောင်း၊ အချိန်ကာလကြာမြင့်စွာ ကျင့်သုံးမှုမရှိခြင်းကြောင့် လည်းကောင်း၊ လာမည့် အနာဂတ်ကာလတွင်လည်း ကျင့်သုံးရန် အကြောင်းမရှိတော့၍ လည်းကောင်း ယင်းဥပဒေများကို ရုပ်သိမ်းသင့်ကြောင်း စိစစ်တွေ့ရှိရပါသည်။
1,336,799
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်
ဥပဒေများရုပ်သိမ်းသည့် ဥပဒေ
သို့ပါ၍ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
1,336,800
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်
ဥပဒေများရုပ်သိမ်းသည့် ဥပဒေ
၁။ ဤဥပဒေကို ဥပဒေများရုပ်သိမ်းသည့်ဥပဒေ'''ဟု ခေါ်တွင်စေရမည်။