id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,339,101 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ထိုရဟန်းသည် မိမိသန္တာန်, သူတစ်ပါးသန္တာန်၌ဖြစ်သော ခန္ဓာငါးပါးတို့၌ (သတ္တ,ဇီဝ, အတ္တမှ) ကင်းဆိတ်ခြင်းကို နှလုံးသွင်း၏။ |
1,339,102 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ထိုရဟန်းသည် အရူပါဝစရသမာပတ်ကို နှလုံးသွင်း၏၊ အရူပါဝစရသမာပတ်ကို နှလုံးသွင်းသော ထိုရဟန်း၏စိတ်သည် အရူပါဝစရသမာပတ်၌ ပြေးဝင်၏၊ ကြည် လင်၏၊ ကောင်းစွာတည်၏၊ လွတ်လွတ်ဝင်၏။ |
1,339,103 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤသို့ဖြစ်သော် ရဟန်းသည် ဤလွတ်လွတ် ဝင်ခြင်းကို ဤသို့ သိ၏ “အရူပါဝစရ သမာပတ်ကို နှလုံးသွင်းသော ငါ၏စိတ်သည် အရူပါဝစရသမာပတ် ၌ ပြေးဝင်၏၊ ကြည်လင်၏၊ ကောင်းစွာတည်၏၊ လွတ်လွတ်ဝင်၏”ဟု (သိ၏ )။ |
1,339,104 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့လျှင် ထိုလွတ်လွတ် ဝင်ရာ၌ ကောင်းစွာအပြားအားဖြင့် သိ၏။ |
1,339,105 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၈၉။ အာနန္ဒာ ဤ သမထ ဝိပဿနာ ဝိဟာရဖြင့် နေသော ထိုရဟန်း၏ စိတ်သည် စင်္ကြံသွား ခြင်းငှါ အကယ်၍ ညွတ်အံ့၊ ဤသို့ညွတ်ပြီးလျှင် ထိုရဟန်းသည် “ဤသို့ စင်္ကြံသွားသော ငါ့အား အဘိဇ္ဈာ ဒေါမနဿဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် အဖန်ဖန် မယိုစီးကုန်အံ့”ဟု နှလုံး သွင်း၍ စင်္ကြံသွား၏။ |
1,339,106 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့လျှင် ထိုစင်္ကြံသွားရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။ |
1,339,107 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤစင်္ကြံသွားခြင်းဟူသော ဣရိယာပုထ်ဖြင့်နေသော ထိုရဟန်း၏စိတ်သည် ရပ်ခြင်းငှါ အကယ်၍ ညွတ်အံ့၊ ဤသို့ညွတ်ပြီးလျှင် ထိုရဟန်းသည် “ဤသို့ ရပ်သော ငါ့အား အဘိဇ္ဈာဒေါမနဿ ဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် အဖန်ဖန် မယိုစီးကုန်အံ့”ဟု နှလုံးသွင်း၍ ရပ်၏။ |
1,339,108 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့လျှင် ထိုရပ်ရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။ |
1,339,109 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤရပ်ခြင်းဟူသော ဣရိယာပုထ်ဖြင့်နေသော ထိုရဟန်း၏စိတ်သည် ထိုင်ခြင်းငှါ အကယ်၍ ညွတ်အံ့၊ ဤသို့ညွတ်ပြီးလျှင် ထိုရဟန်းသည် “ဤသို့ ထိုင်သော ငါ့အား အဘိဇ္ဈာဒေါမနဿဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် အဖန်ဖန် မယိုစီးကုန်အံ့”ဟု နှလုံးသွင်း၍ ထိုင်၏။ |
1,339,110 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့လျှင် ထိုထိုင်ရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။ |
1,339,111 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- အာနန္ဒာ ဤထိုင်ခြင်းဟူသော ဣရိယာပုထ်ဖြင့်နေသော ထိုရဟန်း၏စိတ်သည် လျောင်းခြင်းငှါ အကယ်၍့ညွတ်အံ့၊ ဤသို့ညွတ်ပြီးလျှင် ထိုရဟန်းသည် “ဤသို့လျောင်းသော ငါ့အား အဘိဇ္ဈာဒေါမနဿ ဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် အဖန်ဖန် မယိုစီးကုန်အံ့”ဟု နှလုံးသွင်း၍ လျောင်း၏။ |
1,339,112 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့လျှင် ထိုလျောင်းရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။ |
1,339,113 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤလျောင်းခြင်းဟူသော ဣရိယာပုထ်ဖြင့်နေသော ထိုရဟန်း၏စိတ်သည် စကားပြောခြင်းငှါ အကယ်၍ ညွတ်အံ့၊ ဤသို့ညွတ်ပြီးလျှင် “ထိုရဟန်းသည် အကြင်စကားသည် ယုတ်၏၊ ရွာသူတို့၏ ဥစ္စာ ဖြစ်၏၊ ပုထုဇဉ်တို့၏ ဥစ္စာဖြစ်၏၊ အရိယာတို့၏ ဥစ္စာမဟုတ်၊ အကျိုးစီးပွါးနှင့် မစပ်၊ ဝဋ်ဆင်းရဲ၌ ငြီးငွေ့ခြင်းငှါ ရာဂကင်းခြင်းငှါ ဝဋ်ဆင်းရဲချုပ်ခြင်းငှါ ကိလေသာငြ... |
1,339,114 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့သဘောရှိသောစကားကို မပြောဆိုအံ့”ဟု နှလုံးသွင်း၏။ |
1,339,115 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့လျှင် ထိုမပြော ဆိုခြင်း၌ ကောင်းစွာ အပြားအားဖြင့် သိ၏။ |
1,339,116 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ အကြင်စကားသည်ကား ကိလေသာနည်းပါးခြင်းငှါ ဖြစ်၏၊ စိတ်၏ နီဝရဏကင်းခြင်းငှါ လျော်၏၊ စင်စစ် ဝဋ်ဆင်းရဲ၌ ငြီးငွေ့ခြင်းငှါ ရာဂကင်းခြင်းငှါ ဝဋ်ဆင်းရဲချုပ်ခြင်းငှါ ကိလေသာငြိမ်းခြင်းငှါ ထူးသောဉာဏ်ဖြင့် သိခြင်းငှါ သစ္စာလေးပါးကို သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်၏။ |
1,339,117 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤစကားတို့သည် အဘယ်သည်တို့နည်း၊ အလိုနည်းခြင်းနှင့်စပ်သောစကား၊ ရောင့်ရဲခြင်းနှင့်စပ်သောစကား၊ နိဝရဏကင်းခြင်း နှင့်စပ်သောစကား၊ မရောယှက်ခြင်းနှင့်စပ်သောစကား၊ လုံ့လအားထုတ်ခြင်းနှင့်စပ်သောစကား၊ သီလ နှင့်စပ်သောစကား၊ သမာဓိနှင့်စပ်သောစကား၊ ပညာနှင့်စပ်သောစကား၊ မဂ်ဖိုလ်နှင်စပ်သောစကား၊ ပစ္စဝေက္ခဏာနှင့်စပ်သောစကား၊ ဤစကားတို့ ပေတည်း။ |
1,339,118 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့သဘောရှိသော စကားကို ပြောဆိုအံ့ဟု နှလုံးသွင်း၏။ |
1,339,119 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့လျှင် ထိုပြောဆိုခြင်း၌ ကောင်းစွာ အပြားအားဖြင့် သိ၏။ |
1,339,120 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤစကားပြော၍နေခြင်းဟူသော ဝိဟာရဖြင့် နေသော ထိုရဟန်း၏ စိတ်သည် ကြံစည် ခြင်းငှါ အကယ်၍ ညွတ်အံ့၊ ဤသို့ညွတ်ပြီးလျှင် “ထိုရဟန်းသည် အကြင်အကြံအစည်တို့သည် ယုတ်ကုန်၏၊ ရွာသူတို့၏ ဥစ္စာဖြစ်ကုန်၏၊ ပုထုဇဉ်တို့၏ ဥစ္စာဖြစ်ကုန်၏၊ အရိယာတို့၏ ဥစ္စာမဟုတ် ကုန်၊ အကျိုး စီးပွါးနှင့် မစပ်ကုန်၊ ဝဋ်ဆင်းရဲ၌ ငြီးငွေ့ခြင်းငှါ မဖြစ်ကုန်၊ ရာဂကင်... |
1,339,121 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့သဘောရှိသော ကြံစည်ခြင်း ‘ဝိတက်'တို့ကို ငါမကြံစည်အံ့”ဟူ၍ နှလုံးသွင်း၏၊ ဤသို့လျှင် ထိုမကြံစည်ခြင်း၌ အပြားအားဖြင့် သိ၏။ |
1,339,122 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- အာနန္ဒာ အကြင်ကြံစည်ခြင်း ‘ဝိတက်'တို့သည် အပြစ်ကင်းကုန်၏၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ့်ကုန်၏၊ ထိုကြံခြင်းကိုပြုသော ပုဂ္ဂိုလ်အား ကောင်းစွာ ဆင်းရဲကုန်ခန်းခြင်းငှါ ထုတ်ဆောင်တတ်ကုန်၏၊ ဤကြံခြင်းတို့သည် အဘယ်တို့နည်း၊ ကာမမှ ထွက်မြောက်မှုကို ကြံခြင်း ‘နေက္ခမ္မဝိတက်’၊ ဒေါသဖြင့် မဖျက်ဆီးမှုကို ကြံခြင်း ‘အဗျာပါဒဝိတက်’၊ မညှဉ်းဆဲမှုက... |
1,339,123 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့သဘောရှိသော ကြံစည်ခြင်း ‘ဝိတက်'တို့ကို ငါကြံအံ့ဟူ၍ နှလုံးသွင်း၏၊ ဤသို့လျှင် ထိုကြံစည်ခြင်း ၌ အပြားအားဖြင့် သိ၏။ |
1,339,124 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၉၀။ အာနန္ဒာ ကာမဂုဏ်တို့သည် ဤငါးပါးတို့တည်း။ |
1,339,125 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အဘယ်ငါးပါးတို့နည်းဟူမူ- လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ် ချစ်ဖွယ်သဘောရှိ၍ ကာမ(ရာဂ)နှင့် စပ်သွယ်လျက် တပ်စွန်းဖွယ်ဖြစ်သော စက္ခုဝိညာဏ်ဖြင့် သိရသောအဆင်း။ |
1,339,126 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ သောတဝိညာဏ်ဖြင့် သိရသောအသံ။ |
1,339,127 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဃာနဝိညာဏ်ဖြင့် သိရ သောအနံ့။ |
1,339,128 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဇိဝှါဝိညာဏ်ဖြင့် သိရသောအရသာ၊ လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ် ချစ်ဖွယ်သဘော ရှိ၍ ကာမ(ရာဂ)နှင့် စပ်သွယ်လျက် တပ်စွန်းဖွယ်ဖြစ်သော ကာယဝိညာဏ်ဖြင့် သိရသော အတွေ့အထိတို့ တည်း။ |
1,339,129 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ကာမဂုဏ်တို့သည် ဤငါးပါးတို့ပင်တည်း။ |
1,339,130 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ယင်းကာမဂုဏ်ငါးပါး၌ ရဟန်းသည် မပြတ် မိမိစိတ်ကို “ဤကာမဂုဏ်ငါးပါးတို့တွင် အမှတ်မထား တစ်ပါးပါးသော်လည်းဖြစ်သော ကိလေသာဖြစ်ခြင်းအကြောင်း၌ ငါ,အား စိတ်၏ အကြိမ်ကြိမ်ဖြစ်ခြင်းသည် ရှိသလော”ဟု ဆင်ခြင်ရမည်။ |
1,339,131 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဆင်ခြင်သော ရဟန်းသည် “ဤကာမဂုဏ်ငါးပါးတို့တွင် အမှတ် မထား တစ်ပါးပါးသော်လည်းဖြစ်သော ကိလေသာဖြစ်ခြင်းအကြောင်း၌ ငါ့အား စိတ်၏ အကြိမ်ကြိမ်ဖြစ် ခြင်းသည် ရှိသည်သာတည်း”ဟု အကယ်၍ သိငြားအံ့။ |
1,339,132 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤရဟန်းသည် ဤသို့ ထင်ရှားရှိသော ဤကိလေသာကို “ဤကာမဂုဏ် ငါးပါးတို့၌ အားကြီးသော ဆန္ဒရာဂကို ငါသည် မပယ်ရသေး”ဟု ဤသို့ သိ၏။ |
1,339,133 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့လျှင် ထိုရာဂကို မပယ်ရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။ |
1,339,134 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ထိုမှတစ်ပါး ဆင်ခြင်သောရဟန်းသည် “ဤကာမဂုဏ်ငါးပါးတို့တွင် အမှတ်မထား တစ်ပါးပါးသော်လည်းဖြစ်သော ကိလေသာဖြစ်ခြင်းအကြောင်း၌ ငါ့အား စိတ်၏အကြိမ်ကြိမ်ဖြစ်ခြင်းသည် မရှိသည်သာတည်း”ဟု အကယ်၍ သိငြားအံ့။ |
1,339,135 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤရဟန်းသည် ဤသို့ ထင်ရှားရှိသော ဤ ကိလေသာကို “ဤကာမဂုဏ် ငါးပါးတို့၌ အားကြီးသော ဆန္ဒရာဂကို ငါသည် ပယ်ပြီးပြီ”ဟု ဤသို့ သိ၏။ |
1,339,136 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့လျှင် ထိုရာဂကို ပယ်ရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။ |
1,339,137 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၉၁။ အာနန္ဒာ ဤဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာတို့သည် ငါးပါးတို့တည်း၊ ရဟန်းသည် ယင်းဥပါဒါနက္ခန္ဓာတို့၌ “ဤကား ရူပက္ခန္ဓာတည်း၊ ဤကား ရူပက္ခန္ဓာ၏ ဖြစ်ကြောင်းတည်း၊ ဤကား ရူပက္ခန္ဓာ၏ ချုပ်ခြင်းတည်း။ |
1,339,138 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤကား ဝေဒနာက္ခန္ဓာတည်း။ |
1,339,139 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤကား သညာက္ခန္ဓာတည်း။ |
1,339,140 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤကား သင်္ခါရက္ခန္ဓာတည်း။ |
1,339,141 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤကား ဝိညာဏက္ခန္ဓာတည်း။ |
1,339,142 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤကား ဝိညာဏက္ခန္ဓာ၏ ဖြစ်ကြောင်းတည်း၊ ဤကား ဝိညာဏက္ခန္ဓာ၏ ချုပ်ခြင်းတည်း”ဟု ဖြစ်ခြင်း ပျက်ခြင်းကို အဖန်ဖန်ရှုသည်ဖြစ်၍ နေရမည်။ |
1,339,143 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤဥပါဒါနက္ခန္ဓာငါးပါးတို့၌ ဖြစ်ခြင်း ပျက်ခြင်းကို အဖန်ဖန်ရှုလေ့ရှိသည်ဖြစ်၍နေသော ထိုရဟန်းအား ဥပါဒါန်၏အာရုံဖြစ်သော ခန္ဓာငါးပါးတို့၌ ငါဟု ထင်မှတ်ခြင်းသည် ပျောက်ကင်း၏။ |
1,339,144 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ရဟန်းသည် ဤသို့ ပျောက်ကင်းသော် “ဤဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာငါးပါးတို့၌ ငါဟု ထင်မှတ်ခြင်းကို ငါ ပယ်ဖျောက်အပ်ပြီးပြီ”ဟု ဤသို့ သိ၏၊ ဤသို့လျှင် ထိုငါဟု ထင်မှတ်ခြင်းကို ပယ်ရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။ |
1,339,145 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤဆိုပြီးသော သမထ ဝိပဿနာတရားတို့သည် စင်စစ် ကုသိုလ်ဖြစ်ကုန်၏၊ ကုသိုလ်မှ လာခြင်းရှိကုန်၏၊ ဖြူစင်ကုန်၏၊ လောကီတရားတို့၌ အမြတ်ဆုံးဖြစ်ကုန်၏၊ မာရ်သည် မလွှမ်းမိုးနိုင်။ |
1,339,146 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ အဘယ်သို့သော အကျိုးကို ကောင်းစွာမျှော်ကိုးသော တပည့်သည် အပစ်ပယ်ခံရသော်လည်း ဆရာသို့အစဉ်လိုက်ခြင်းငှါ ထိုက်သနည်းဟု (မေးတော်မူ၏)။ |
1,339,147 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား အကျွန်ုပ်တို့အား တရားတော်သည် မြတ်စွာဘုရားလျှင် အမွန်အစရှိပါကုန်၏၊ မြတ်စွာ့ဘုရားလျှင် ဆောင်ပြတတ်သူ ရှိပါကုန်၏၊ မြတ်စွာဘုရားလျှင် သက်ဝင်ရာရှိပါကုန်၏၊ မြတ်စွာဘုရား တောင်းပန်ပါ၏၊ ထိုဟောတော်မူအပ်သော တရားတော်၏ အနက်အဓိပ္ပါယ်ကို မြတ်စွာဘုရားသာလျှင် ဝေဖန်ဟောကြားတော်မူပါ၊ မြတ်စွာဘုရား၏အထံမှ ကြားနာရ၍ ရဟန်းတို့သည် ဆော... |
1,339,148 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ တပည့်သည် သုတ်ကိုလည်းကောင်း ဂေယျကိုလည်းကောင်း ဗျာကရုဏ်းကိုလည်း ကောင်း သင်ကြားခြင်းကြောင့် ဆရာသို့ အစဉ်လိုက်ခြင်းငှါ မထိုက်၊ အဘယ့်ကြောင့်နည်းဟူမူ- ထိုရဟန်း သည် ရှည်မြင့်စွာသော ကာလပတ်လုံး ထိုပရိယတ္တိတရားတို့ကို နာကြားရကုန်၏၊ ဆောင်ရကုန်၏၊ နှုတ်ဖြင့် လေ့ကျက်ရကုန်၏၊ စိတ်ဖြင့် အဖန်ဖန် ရှုဆင်ခြင်ရကုန်၏၊ ပညာဖြင့် ကောင်း... |
1,339,149 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤစကားသည် အဘယ် နည်းဟူမူ- အလိုနည်းခြင်းနှင့် စပ်သောစကား၊ ရောင့်ရဲခြင်းနှင့်စပ်သောစကား၊ နီဝရဏကင်းခြင်းနှင့် စပ်သောစကား၊ မရောရှက်ခြင်းနှင့်စပ်သောစကား၊ လုံ့လကိုအားထုတ် ခြင်းနှင့်စပ်သောစကား၊ သီလနှင့် စပ်သောစကား၊ သမာဓိနှင့်စပ်သောစကား၊ ပညာနှင့်စပ်သောစကား၊ မဂ်ဖိုလ်နှင့် စပ်သောစကား၊ ပစ္စဝေက္ခဏာနှင့်စပ်သောစကားတို့တည်း။ |
1,339,150 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤသို့သဘောရှိသော စကား၏ အကြောင်းကြောင့် တပည့်သည် အပစ်ပယ်ခံရသော်လည်း ဆရာသို့ အစဉ်လိုက်ခြင်းငှါ ထိုက်၏။ |
1,339,151 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤသို့ဖြစ်သော် ဆရာ၏ ဘေးရန်ဖြစ်၏၊ ဤသို့ဖြစ်သော် တပည့်၏ ဘေးရန်ဖြစ်၏၊ ဤသို့ဖြစ်သော် မြတ်သောအကျင့်၏ ဘေးရန်ဖြစ်၏။ |
1,339,152 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၉၃။ အာနန္ဒာ အဘယ်သို့လျှင် ဆရာ၏ ဘေးရန်ဖြစ်သနည်း၊ အာနန္ဒာ ဤလောက၌ အချို့သော တိတ္တိဆရာသည် ဆိတ်ငြိမ်သော ကျောင်းအိပ်ရာနေရာကို မှီဝဲ၏၊ တောကို သစ်ပင်ရင်းကို တောင်ကို ချောက်ကို တောင်ခေါင်းကို သင်းချိုင်းကို တောအုပ်ကို လွင်ပြင်ကို ကောက်ရိုးပုံကို မှီဝဲ၏။ |
1,339,153 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသို့သော အခြင်းအရာအားဖြင့် အပေါင်းအဖော်မှ ဖဲခွါလျက်နေသော ထိုဆရာအား နိဂုံး၌ နေသည်လည်းဖြစ်ကုန် သော ဇနပုဒ်၌ နေသည်လည်းဖြစ်ကုန်သော ပုဏ္ဏားသူကြွယ်တို့သည် အစဉ်ချဉ်းကပ်ကုန်၏။ |
1,339,154 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | နိဂုံး၌ နေသည်လည်းဖြစ်ကုန်သော ဇနပုဒ်၌ နေသည်လည်းဖြစ်ကုန်သော ပုဏ္ဏားသူကြွယ်တို့သည် အစဉ်ချဉ်းကပ် ကုန်သော် ထိုဆရာသည် မိန်းမောခြင်းကို ဖြစ်စေ၏။ |
1,339,155 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တပ်မက်ခြင်းသို့ ရောက်၏၊ ပစ္စည်းများခြင်းငှါ စိတ်လည်၏။ |
1,339,156 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤဘေးရန်ကို ဆရာ၏ ကိုယ်တွင်း၌ ဖြစ်သော ကိလေသာဟူသော ဘေးရန်ဟူ၍ ဆိုရ၏၊ ဆရာ၏ ကိုယ်တွင်း၌ ဖြစ်သော ကိလေသာဟူသော ဘေးရန်ကြောင့် ပူပန်စေတတ်ကုန်သော တစ်ဖန် ဘဝသစ်ကို ဖြစ်စေတတ်ကုန်သော ပူပန်ခြင်းနှင့် တကွဖြစ်ကုန်သော ဆင်းရဲသော အကျိုးရှိကုန် သော နောင်အခါ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်းကို ဖြစ်စေတတ်ကုန်သော ယုတ်မာကုန်သော အကုသိုလ်တရ... |
1,339,157 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤသို့လျှင် ဆရာ၏ ဘေးရန် သည် ဖြစ်၏။ |
1,339,158 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ အဘယ်သို့လျှင် တပည့်၏ ဘေးရန်ဖြစ်သနည်း၊ အာနန္ဒာ စင်စစ် ထိုဆရာ၏ တပည့်သည်သာလျှင် ထိုဆရာ၏ကင်းဆိတ်ခြင်းသို့ အတုလိုက်ပွါး၍ ဆိတ်ငြိမ်သော ကျောင်းအိပ်ရာနေရာကို မှီဝဲ၏၊ တောကို သစ်ပင်ရင်းကို တောင်ကို ချောက်ကို တောင်ခေါင်းကို သင်းချိုင်းကို တောအုပ်ကို လွင်ပြင် ကို ကောက်ရိုးပုံကို မှီဝဲ၏။ |
1,339,159 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသို့သော အခြင်းအရာအားဖြင့် အပေါင်းအဖော်မှ ဖဲခွါလျက်နေသော ထို တပည့်အား နိဂုံး၌ နေသည်လည်းဖြစ်ကုန်သော ဇနပုဒ်၌ နေသည်လည်းဖြစ်ကုန်သော ပုဏ္ဏားသူကြွယ်တို့ သည် အစဉ်ချဉ်းကပ်ကုန်၏။ |
1,339,160 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | နိဂုံး၌့နေသည်လည်းဖြစ်ကုန်သော ဇနပုဒ်၌ နေသည်လည်းဖြစ်ကုန်သော ပုဏ္ဏားသူကြွယ်တို့သည် အစဉ်ချဉ်းကပ်ကုန်သော် ထိုဆရာ၏တပည့်သည် မိန်းမောခြင်းကို ဖြစ်စေ၏။ |
1,339,161 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤဘေးရန်ကို တပည့်၏ ကိုယ်တွင်း၌ ဖြစ်သော ကိလေသာဟူသော ဘေးရန်ဟူ၍ ဆိုရ၏၊ တပည့်၏ ကိုယ်တွင်း၌ဖြစ်သော ကိလေသာဟူသော ဘေးရန်ကြောင့် ပူပန်စေတတ်ကုန်သော တစ်ဖန် ဘဝသစ်ကို ဖြစ်စေတတ်ကုန်သော ပူပန်ခြင်းနှင့် တကွဖြစ်ကုန်သော ဆင်းရဲသော အကျိုးရှိကုန်သော နောင်အခါ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်းကို ဖြစ်စေတတ်ကုန်သော ယုတ်မာကုန်သော အကုသိုလ်... |
1,339,162 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤသို့လျှင် တပည့်၏ ဘေးရန်သည် ဖြစ်၏။ |
1,339,163 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၉၅။ အာနန္ဒာ အဘယ်သို့လျှင် မြတ်သောအကျင့်၏ ဘေးရန်သည် ဖြစ်သနည်း၊ အာနန္ဒာ ဤလောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော် မူသော၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော၊ ကောင်းသော စကားကို ဆိုတော်မူ တတ်သော၊ လောကကို သိတော်မူသော၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂ... |
1,339,164 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုမြတ်စွာဘုရားသည် ဆိတ်ငြိမ်သော ကျောင်း အိပ်ရာနေရာကို မှီဝဲ၏၊ တောကို သစ်ပင်ရင်းကို တောင်ကို ချောက်ကို တောင်ခေါင်းကို သင်းချိုင်းကို တောအုပ်ကို လွင်ပြင်ကို ကောက်ရိုးပုံကို မှီဝဲ၏။ |
1,339,165 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသို့သော အခြင်းအရာအားဖြင့် အပေါင်းအဖော်မှ ဖဲခွါလျက်နေသော ထိုမြတ်စွာဘုရားအား နိဂုံး၌ နေသည်လည်း ဖြစ်ကုန်သော ဇနပုဒ်၌ နေသည်လည်း ဖြစ်ကုန်သော ပုဏ္ဏားသူကြွယ်တို့သည် အစဉ်ချဉ်းကပ်ကုန်၏။ |
1,339,166 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | နိဂုံး၌ နေသည်လည်း ဖြစ်ကုန်သော ဇနပုဒ်၌ နေသည်လည်း ဖြစ်ကုန်သော ပုဏ္ဏားသူကြွယ်တို့သည် အစဉ်ချဉ်းကပ်ကုန်သော် ထိုမြတ်စွာဘုရားသည် မိန်းမောခြင်းကို မဖြစ်စေ၊ တပ်မက်ခြင်းသို့ မရောက်၊ ပစ္စည်းများခြင်းငှါ စိတ်မလည်။ |
1,339,167 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ထိုမြတ်စွာဘုရား၏တပည့်သည် ထိုမြတ်စွာဘုရား၏ ဆိတ်ငြိမ်ခြင်းသို့ အတုလိုက်ပွါး၍ လူတို့မှ ဆိတ်ငြိမ်သော ကျောင်းအိပ်ရာနေရာကို မှီဝဲ၏၊ တောကို သစ်ပင်ရင်းကို တောင်ကို ချောက်ကို တောင်ခေါင်းကို သင်းချိုင်းကို တောအုပ်ကို လွင်ပြင်ကို ကောက်ရိုးပုံကို မှီဝဲ၏။ |
1,339,168 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသို့သော အခြင်းအရာ အားဖြင့် အပေါင်းအဖော်မှ ဖဲခွါလျက်နေသော ထိုမြတ်စွာဘုရား၏ တပည့်အား နိဂုံး၌ နေသည်လည်း ဖြစ်ကုန်သော ဇနပုဒ်၌ နေသည်လည်းဖြစ်ကုန်သော ပုဏ္ဏားသူကြွယ်တို့သည် အစဉ်ချဉ်းကပ်ကုန်၏။ |
1,339,169 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | နိဂုံး၌ နေသည်လည်းဖြစ်ကုန်သော ဇနပုဒ်၌ နေသည်လည်း ဖြစ်ကုန်သော ပုဏ္ဏားသူကြွယ်တို့သည် အစဉ် ချဉ်းကပ်ကုန်သော် ထိုမြတ်စွာဘုရား၏ တပည့်သည် မိန်းမောခြင်းကို ဖြစ်စေ၏။ |
1,339,170 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤဘေးရန်ကို မြတ်သောအကျင့်၏ ဘေးရန်ဟူ၍ ဆိုရ၏၊ မြတ်သောအကျင့်၌ ဖြစ်သော ဘေးရန်ကြောင့် ပူပန်စေတတ်ကုန်သော တစ်ဖန် ဘဝသစ်ကို ဖြစ်စေတတ်ကုန်သော ပူပန်ခြင်းနှင့် တကွဖြစ်ကုန်သော ဆင်းရဲသော အကျိုးရှိကုန်သော နောင်အခါ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်းကို ဖြစ်စေတတ်ကုန်သော ယုတ်မာသော အကုသိုလ်တရားတို့သည် ထိုရဟန်း၏ ဂုဏ်ကို သတ်ဖြတ်ကုန်၏။ |
1,339,171 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤသို့လျှင် မြတ်သော အကျင့်၏ ဘေးရန်သည် ဖြစ်၏။ |
1,339,172 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ထိုဘေးရန်အပေါင်းတို့တွင် ဆရာ၏ဘေးရန် တပည့်၏ဘေးရန်ဟူသော ဘေးရန်နှစ်ပါးတို့ ထက် ဤမြတ်သော အကျင့်၏ ဘေးရန်သည် အလွန်ဆင်းရဲသော အကျိုးရှိသည်လည်း ဖြစ်၏၊ အလွန် ခါးစပ်သော အကျိုးရှိသည်လည်း ဖြစ်၏။ |
1,339,173 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | စင်စစ်ကား ဖရိုဖရဲပျက်စီး၍ ကျခြင်းငှါသာ ဖြစ်၏။ |
1,339,174 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ထို့ကြောင့် ငါ့ကို ချစ်ခြင်းရှိသည်၏ အဖြစ်ဖြင့် ကျင့်ကြကုန်လော့၊ မုန်းခြင်းရှိသည်၏ အဖြစ်ဖြင့် မကျင့်ကြကုန်လင့်၊ ထိုချစ်ခြင်းရှိသည်၏ အဖြစ်ဖြင့် ကျင့်ခြင်းသည် သင်တို့အား ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွါးချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ |
1,339,175 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ အဘယ်သို့လျှင် တပည့်တို့သည် ဆရာကို မုန်းခြင်းရှိသည်၏ အဖြစ်ဖြင့် ကျင့်ကုန်သနည်း၊ ချစ်ခြင်းရှိသည်၏ အဖြစ်ဖြင့် မကျင့်ကုန်သနည်း။ |
1,339,176 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤသာသနာတော်၌ ဆရာသည် “ဤ အကျင့်သည် သင်တို့အား အကျိုးစီးပွါးအလို့ငှါ ဖြစ်၏၊ ဤအကျင့်သည် သင်တို့အား ချမ်းသာခြင်း အလို့ငှါဖြစ်၏”ဟု တပည့်တို့အား အစဉ်သနားသည်, အကျိုးစီးပွါးကို ရှာမှီးသည် ဖြစ်၍ အစဉ် သနားခြင်းကို အစွဲပြု၍ တရားဟော၏။ |
1,339,177 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုဆရာ၏ တပည့်တို့သည် ကောင်းစွာ မနာကြားကုန်၊ နား မထောင်ကုန်၊ သိခြင်းငှါ စိတ်ကို မထားကုန်၊ ဆရာ၏ အဆုံးအမကို လွန်ကျူး၍ ကျင့်ကုန်၏။ |
1,339,178 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤသို့လျှင် တပည့်တို့သည် ဆရာကို မုန်းခြင်းရှိသည်၏ အဖြစ်ဖြင့် ကျင့်ကုန်၏၊ ချစ်ခြင်းရှိသည်၏ အဖြစ်ဖြင့် မကျင့်ကုန်။ |
1,339,179 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ အဘယ်သို့လျှင် တပည့်တို့သည် ဆရာကို ချစ်ခြင်းရှိသည်၏ အဖြစ်ဖြင့် ကျင့်ကုန်သနည်း၊ မုန်းခြင်းရှိသည်၏ အဖြစ်ဖြင့် မကျင့်ကုန်သနည်း။ |
1,339,180 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဆရာသည် “ဤအကျင့်သည် သင်တို့အား အကျိုး စီးပွါးအလို့ငှါ ဖြစ်၏၊ ဤအကျင့်သည် သင်တို့အား ချမ်းသာခြင်းအလို့ငှါ ဖြစ်၏”ဟု တပည့် တို့အား အစဉ်သနားသည်, အကျိုးစီးပွါးကို ရှာမှီးသည် ဖြစ်၍ အစဉ်သနားခြင်းကို အစွဲပြု၍ တရား ဟော၏။ |
1,339,181 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုဆရာ၏ တပည့်တို့သည် ကောင်းစွာ နာကြားကုန်၏၊ နားထောင်ကုန်၏၊ သိခြင်းငှါ စိတ်ကို ထားကုန်၏၊ ဆရာ၏ အဆုံးအမကို လွန်ကျူး၍ မကျင့်ကုန်။ |
1,339,182 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤသို့လျှင် ဆရာကို တပည့်တို့ သည် ချစ်ခြင်းရှိသည်၏ အဖြစ်ဖြင့် ကျင့်ကုန်၏၊ မုန်းခြင်းရှိသည်၏ အဖြစ်ဖြင့် မကျင့်ကုန်။ |
1,339,183 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ထို့ကြောင့် ငါ့ကို ချစ်ခြင်းရှိသည်၏ အဖြစ်ဖြင့် ကျင့်ကြကုန်လော့၊ မုန်းခြင်းရှိသည်၏ အဖြစ်ဖြင့် မကျင့်ကြကုန်လင့်၊ ထိုမုန်းခြင်းရှိသည်၏ အဖြစ်ဖြင့် မကျင့်ခြင်းသည် သင်တို့အား ရှည်မြင့်စွာ သော ကာလပတ်လုံး စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ |
1,339,184 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ အိုးထိန်းသည်သည် ခြောက်သွေ့ သော အိုးစိမ်းခွက်၊ (သို့မဟုတ်) မခြောက်တခြောက် အိုးစိမ်းခွက်၌ ကြောင့်ကြစိုက်သကဲ့သို့ ငါသည် သင်တို့၌ ကြောင့်ကြမစိုက်။ |
1,339,185 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ငါသည် (သင်တို့အား) နှိပ်၍ နှိပ်၍ ဟောပြောဆုံးမအံ့၊ အာနန္ဒာ ငါသည် (သင်တို့အား သင်တို့၏ အပြစ်ကို) ဖေါ်ထုတ်၍ ဖေါ်ထုတ်၍ ဟောပြောဆုံးမအံ့၊ (ဤသို့ ဟောပြောဆုံးမအပ်သော်) မဂ်ဖိုလ်ဟူသော အနှစ်အသားသည် တည်လတ္တံ့ဟု (မိန့်တော်မူ၏)။ |
1,339,186 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်လေပြီ။ |
1,339,187 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | နှစ်ခုမြောက် မဟာသုညတသုတ် ပြီး၏။ |
1,339,188 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ၃-အစ္ဆရိယအဗ္ဘုတသုတ် |
1,339,189 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၉၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- |
1,339,190 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္တိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ |
1,339,191 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအခါ ဆွမ်းစားရာမှ ဖဲခဲ့၍ ဆွမ်းစာပြီးနောက် စည်းဝေးရာဇရပ်၌ အညီအညွတ် စည်းဝေးနေထိုင်ကုန်သော များစွာသော ရဟန်းတို့အား ဤအကြားစကားသည် ထင်ရှား ဖြစ်၏ “ငါ့သျှင်တို့ မြတ်စွာဘုရား၏ ကြီးသောတန်ခိုးရှိသည်၏ အဖြစ်သည် ကြီးသော အာနုဘော်ရှိ သည်၏ အဖြစ်သည် အံ့ဩဖွယ် ရှိပါပေစွ၊ ငါ့သျှင်တို့ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ။ |
1,339,192 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရားသည် လွန်ကုန်ပြီးသော ပရိနိဗ္ဗာန်စံကုန်ပြီးသော (တဏှာမာနဒိဋ္ဌိဟူသော) ပပဉ္စတရားသုံးပါးတို့ကို ဖြတ်ကုန်ပြီး သော ကမ္မဝဋ်ကို ဖြတ်ကုန်ပြီးသော ကမ္မဝဋ် ကုန်ခန်းကုန်ပြီးသော အလုံးစုံသော ဝိပါကဝဋ်ကို လွန်ကုန် ပြီးသော မြတ်စွာဘုရားတို့ကိုပင်သော်လည်း ‘ထိုဘုရား သျှင်တို့သည် ဤသို့သော ဇာတ်ရှိကုန်၏ဟူ၍လည်းကောင်း ထိုဘုရားသျှင်တို... |
1,339,193 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ ပြောဆိုကုန်သည်ရှိသော် အသျှင်အာနန္ဒာသည် ထိုရဟန်းတို့ကို “ငါ့သျှင်တို့ မြတ်စွာဘုရားတို့သည် အံ့ဩဖွယ်လည်း ဖြစ်ကုန်၏၊ အံ့ဩဖွယ်တရားနှင့်လည်း ပြည့်စုံကုန်၏၊ ငါ့သျှင်တို့ မြတ်စွာဘုရားတို့သည် မဖြစ်စဖူးလည်း ဖြစ်ကုန်၏၊ မဖြစ်စဖူးဖြစ်သော တရားနှင့်လည်း ပြည့်စုံကုန်၏”ဟု ဤစကားကို ပြောဆို၏။ |
1,339,194 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၉၈။ ထိုအခါ မြတ်စွာဘုရားသည် ညချမ်းသောအခါ ကိန်းအောင်းရာမှ ထတော်မူလျက် စည်း ဝေးရာဇရပ်ဆီသို့ ချဉ်းကပ်ပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်နေတော်မူ၏၊ ထိုင်နေတော်မူပြီးလျှင် မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့ ယခုအခါ၌ သင်တို့သည် အဘယ်စကားဖြင့် စည်းဝေးနေ ကုန်သနည်း၊ သင်တို့၏ မပြီးပြတ်သေးသော အကြား၌ဖြစ်သော စကားကား အဘယ်စကားနည်း”ဟု... |
1,339,195 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား ဆွမ်းခံရာမှဖဲခဲ့၍ ဆွမ်းစာပြီးနောက် စည်းဝေးရာဇရပ်၌ အညီအညွတ် စည်းဝေးနေထိုင်ကုန်သော အကျွန်ုပ်တို့အား ဤအကြားစကားသည် ထင်ရှားဖြစ်ပါ၏ “ငါ့သျှင်တို့ မြတ်စွာဘုရား၏ ကြီးသောတန်ခိုးရှိသည်၏အဖြစ်, ကြီးသော အာနုဘော်ရှိသည်၏အဖြစ်သည် အံ့ဩဖွယ် ရှိပါပေစွ၊ ငါ့သျှင်တို့ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ။ |
1,339,196 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရားသည် လွန်ကုန်ပြီးသော ပရိနိဗ္ဗာန်စံကုန်ပြီးသော (တဏှာမာန ဒိဋ္ဌိ)ဟူသော ပပဉ္စတရားသုံးပါးတို့ကို ဖြတ်ကုန်ပြီးသော ကမ္မဝဋ်ကို ဖြတ်ကုန်ပြီးသော ကမ္မဝဋ်ကုန်ခန်းကုန်ပြီးသော အလုံးစုံသော (ဝိပါက) ဝဋ်ဆင်းရဲကို လွန်ကုန်ပြီးသော မြတ်စွာဘုရားတို့ကို “ထိုဘုရားသျှင်တို့သည် ဤသို့သော ဇာတ်ရှိကုန်၏ဟူ၍လည်းကောင်း ထိုဘုရားသျှင်တို့သည် ... |
1,339,197 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- မြတ်စွာဘုရား ဤသို့ ပြောကုန်သည်ရှိသော် အသျှင်အာနန္ဒာသည် အကျွန်ုပ်တို့ကို “ငါ့သျှင်တို့ မြတ်စွာဘုရားတို့သည် အံ့ဩဖွယ်လည်း ဖြစ်ကုန်၏၊ အံ့ဩဖွယ်တရားနှင့်လည်း ပြည့်စုံကုန်၏၊ ငါ့သျှင်တို့ မြတ်စွာဘုရားတို့သည် မဖြစ်စဖူးလည်း ဖြစ်ကုန်၏၊ မဖြစ်စဖူးဖြစ်သော တရားနှင့်လည်း ပြည့်စုံကုန်၏”ဟု ဤစကားကို ပြောဆိုပါ၏။ |
1,339,198 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား အကျွန်ုပ်တို့၏ မပြီးပြတ်သေးသော အကြား၌ ဖြစ်သော စကားသည် ဤစကားပါတည်း၊ ထိုစကား မပြီးပြတ်သေးမီ မြတ်စွာဘုရားသည် ဆိုက်ရောက်လာပါ၏ဟု (လျှောက်ကုန်၏)။ |
1,339,199 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၉၉။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို “အာနန္ဒာ ငါဘုရား၏ အံ့ဩဖွယ်တို့သည် မဖြစ်စဖူး ထူးသောသဘောတို့သည် သင်၏ ဉာဏ်အမြင်၌ အတိုင်းထက်အလွန် ထင်စေကုန်လော့”ဟု မိန့်တော်မူ၏။ |
1,339,200 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ အထံတော်မှ “အာနန္ဒာ ဘုရားအလောင်းသည် သတိဆင်ခြင်ဉာဏ်နှင့် ပြည့်စုံ၍ တုသိတာနတ်ပြည်၌ ဖြစ်၏” ဟူသော စကားကို ကြားနာရဖူးပါ၏၊ ခံယူရဖူးပါ၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.