id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,339,001 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဥပမာအားဖြင့် ငုတ်တစ်ရာဖြင့် ကောင်းစွာ ဖြန့်ကျက်ထားသော နွားလားဥသဘ အရေသည် အတွန့်အလိပ်ကင်းသကဲ့သို့ ဤအတူပင်လျှင် ရဟန်း သည် ဤမြေ၌ မြင့်ရာအရပ် နိမ့်ရာအရပ် မြစ်အသွားခက်သောအရပ် ငုတ်ဆူးရှိသောအရပ် တောင်ဖြင့် မညီညွတ်သောအရပ် ထိုအလုံးစုံသော အရပ်ကို နှလုံးမသွင်းမူ၍ ပထဝီဟူသော အမှတ်သညာကို စွဲ၍ ဖြစ်သော တစ်ခုတည်းသော သညာကို နှလုံ... |
1,339,002 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် ဤသို့ သိ၏ “လူဟူသော အမှတ်ကို စွဲ၍ဖြစ်ကုန်သော (ကိလေသာဟူသော) ပူပန်ခြင်းတို့သည် ဤပထဝီဟူသော အမှတ်၌ မရှိကုန်။ |
1,339,003 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောဟူသော အမှတ်ကို စွဲ၍ဖြစ်ကုန်သော (ကိလေသာဟူသော) ပူပန်ခြင်းတို့သည် ဤပထဝီဟူသော အမှတ်၌ မရှိကုန်၊ ပထဝီဟူသော အမှတ်ကို စွဲ၍ဖြစ်သော ဤတစ်ခုတည်းသော ပူပန် ခြင်းမျှသည်သာ ရှိ၏”ဟု ( သိ၏ )။ |
1,339,004 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် “ဤပထဝီဟူသော အမှတ်သညာသည် လူဟူသော အမှတ်သညာမှ ကင်းဆိတ်၏”ဟု သိ၏၊ “ဤပထဝီဟူသော အမှတ်သညာသည် တောဟူသော အမှတ်သညာမှ ကင်းဆိတ်၏”ဟု သိ၏။ |
1,339,005 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပထဝီ ဟူသော အမှတ်သညာကို စွဲ၍ဖြစ်သော ဤတစ်ခုတည်းသော မကင်းဆိတ်သည်၏ အဖြစ် သည်သာ ရှိ၏ဟု သိ၏။ |
1,339,006 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့လျှင် ထိုပထဝီဟူသော အမှတ်သညာ၌ အကြင်ပူပန်ခြင်းသည် အကြင် အကြောင်းကြောင့် မဖြစ်၊ ထိုအကြောင်းကြောင့် ထိုပူပန်ခြင်းကို ကင်းဆိတ်၏ဟု အဖန်ဖန်ရှု၏။ |
1,339,007 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုပထဝီ ဟူသော အမှတ်သညာ၌ အကြင် ပူပန်ခြင်းသည် ကြွင်းကျန်၏၊ ထင်ရှားရှိသော ထိုပူပန်ခြင်းကို “ဤပူပန် ခြင်းသည်ရှိ၏”ဟု သိ၏။ |
1,339,008 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၇၈။ အာနန္ဒာ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် တောဟူသော အမှတ်သညာကို နှလုံးမသွင်းမူ၍ ပထဝီဟူသော အမှတ်သညာကို နှလုံးမသွင်းမူ၍ အာကာသာနဉ္စာယတနသညာကို စွဲ၍ဖြစ်သော တစ်ခု တည်းသော သညာကို နှလုံးသွင်း၏၊ ထိုရဟန်း၏ စိတ်သည် အာကာသာနဉ္စာယတနသညာ၌ ပြေးဝင်၏၊ ကြည်လင်၏၊ ကောင်းစွာ တည်၏၊ လွတ်လွတ်ဝင်၏။ |
1,339,009 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် ဤသို့ သိ၏ “တော ဟူသော အမှတ်သညာကို စွဲ၍ဖြစ်ကုန်သော (ကိလေသာဟူသော) ပူပန်ခြင်းတို့သည် ဤအာကာသာနဉ္စာယတန သညာ၌ မရှိကုန်။ |
1,339,010 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပထဝီဟူသော အမှတ်သညာကို စွဲ၍ဖြစ်ကုန်သော (ကိလေသာဟူသော) ပူပန်ခြင်းတို့သည် ဤအာကာသာနဉ္စာယတန သညာ၌ မရှိကုန်၊ အာကာသာနဉ္စာယတနသညာကို စွဲ၍ဖြစ်သော ဤတစ်ခုတည်းသော ပူပန်ခြင်းမျှသည်သာ ရှိ၏”ဟု (သိ၏)။ |
1,339,011 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် “ဤအာကာသာနဉ္စာယတန သညာသည် တောဟူသော အမှတ်သညာမှ ကင်းဆိတ်၏”ဟု သိ၏၊ “ဤအာကာသာနဉ္စာယတနသညာ သည် ပထဝီဟူသော အမှတ်သညာမှ ကင်းဆိတ်၏”ဟု သိ၏။ |
1,339,012 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာကာသာနဉ္စာယတနသညာကို စွဲ၍ဖြစ် သော ဤတစ်ခုတည်းသော မကင်းဆိတ်သည်၏ အဖြစ်သည်သာ ရှိ၏ဟု သိ၏။ |
1,339,013 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့လျှင် ထို အာကာသာနဉ္စာယတနသညာ၌ အကြင်ပူပန်ခြင်းသည် အကြင်အကြောင်းကြောင့် မဖြစ်၊ ထိုအကြောင်း ကြောင့် ထိုပူပန်ခြင်းကို ကင်းဆိတ်၏ဟု အဖန်ဖန်ရှု၏။ |
1,339,014 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအာကာသာနဉ္စာယတနသညာ၌ အကြင်ပူပန် ခြင်းသည် ကြွင်းကျန်၏၊ ထင်ရှားရှိသော ထိုပူပန်ခြင်းကို “ဤပူပန်ခြင်းမျှသာ ရှိ၏”ဟု သိ၏။ |
1,339,015 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤသို့လည်း ထိုရဟန်းအားဟုတ်မှန်တိုင်း မဖောက်မပြန်သော သဘောရှိသော စင်ကြယ်သော ဤ သုညတ၏ ဖြစ်ပေါ်မှုသည် ဖြစ်၏။ |
1,339,016 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ပထဝီဟူသော အမှတ်သညာကို နှလုံးမသွင်းမူ ၍ အာကာသာနဉ္စာယတနသညာကို နှလုံးမသွင်းမူ၍ ဝိညာဏဉ္စာယတနသညာကို စွဲ၍ဖြစ်သော တစ်ခု တည်းသော သညာကို နှလုံးသွင်း၏၊ ထိုရဟန်း၏ စိတ်သည် ဝိညာဏဉ္စာယတနသညာ၌ ပြေးဝင်၏၊ ကြည်လင်၏၊ ကောင်းစွာ တည်၏၊ လွတ်လွတ်ဝင်၏။ |
1,339,017 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် ဤသို့ သိ၏ “ပထဝီသညာကို စွဲ၍ဖြစ်ကုန်သော (ကိလေသာဟူသော) ပူပန်ခြင်းတို့သည် ဤဝိညာဏဉ္စာယတနသညာ၌ မရှိကုန်။ |
1,339,018 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာကာသာနဉ္စာယတနသညာကို စွဲ၍ဖြစ်ကုန်သော (ကိလေသာဟူသော) ပူပန်ခြင်းတို့သည် ဤဝိညာဏဉ္စာ ယတနသညာ၌ မရှိကုန်။ |
1,339,019 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဝိညာဏဉ္စာယတန သညာကို စွဲ၍ဖြစ်သော တစ်ခုတည်းသော ဤပူပန်ခြင်း မျှသည်သာ ရှိ၏”ဟု (သိ၏)။ |
1,339,020 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် “ဤဝိညာဏဉ္စာယတနသညာသည် ပထဝီဟူသော အမှတ်သညာမှ ကင်းဆိတ်၏”ဟု သိ၏၊ “ဤဝိညာဏဉ္စာယတနသညာသည် အာကာသာနဉ္စာယတန သညာမှ ကင်းဆိတ်၏”ဟု သိ၏။ |
1,339,021 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤဝိညာဏဉ္စာယတနသညာကို စွဲ၍ဖြစ်သော တစ်ခုတည်းသော ဤ မကင်းဆိတ်သည်၏ အဖြစ်သည်သာ ရှိ၏ဟု သိ၏။ |
1,339,022 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့လျှင် ထိုဝိညာဏဉ္စာယတနသညာ၌ အကြင် ပူပန်ခြင်းသည် အကြင်အကြောင်းကြောင့် မဖြစ်၊ ထိုအကြောင်းကြောင့် ထိုပူပန်ခြင်းကို ကင်းဆိတ်၏ဟု အဖန်ဖန်ရှု၏။ |
1,339,023 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုဝိညာဏဉ္စာယတနသညာ၌ အကြင်ပူပန်ခြင်းသည် ကြွင်းကျန်၏၊ ထင်ရှားရှိသော ထို ပူပန်ခြင်းကို “ဤပူပန်ခြင်းမျှသာ ရှိ၏”ဟု သိ၏။ |
1,339,024 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၈၀။ အာနန္ဒာ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အာကာသာနဉ္စာယတနသညာကို နှလုံးမသွင်း မူ၍ ဝိညာဏဉ္စာယတနသညာကို နှလုံးမသွင်းမူ၍ အာကိဉ္စညာယတနသညာကို စွဲ၍ဖြစ်သော တစ်ခုတည်း သော သညာကို နှလုံးသွင်း၏၊ ထိုရဟန်း၏ စိတ်သည် အာကိဉ္စညာယတနသညာ၌ ပြေးဝင်၏၊ ကြည် လင်၏၊ ကောင်းစွာ တည်၏၊ လွတ်လွတ်ဝင်၏။ |
1,339,025 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် ဤသို့ သိ၏ “အာကာသာနဉ္စာယတန သညာကို စွဲ၍ဖြစ်ကုန်သော (ကိလေသာဟူသော) ပူပန်ခြင်းတို့သည် ဤအာကိဉ္စညာယတနသညာ၌ မရှိ ကုန်။ |
1,339,026 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဝိညာဏဉ္စာယတနသညာကို စွဲ၍ဖြစ်ကုန်သော (ကိလေသာဟူသော) ပူပန်ခြင်းတို့သည် ဤ အာကိဉ္စညာယတနသညာ၌ မရှိကုန်။ |
1,339,027 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာကိဉ္စညာယတနသညာကို စွဲ၍ဖြစ်သော တစ်ခုတည်းသော ဤ ပူပန်ခြင်းမျှသည်သာ ရှိ၏”ဟု(သိ၏)။ |
1,339,028 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် “ဤအာကိဉ္စညာယတနသညာသည် အာကာသာနဉ္စာ ယတနသညာမှ ကင်းဆိတ်၏”ဟု သိ၏၊ “ဤအာကိဉ္စညာ ယတနသညာသည် ဝိညာဏဉ္စာယတနသညာမှ ကင်းဆိတ်၏”ဟု သိ၏။ |
1,339,029 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤအာကိဉ္စညာယတနသညာကို စွဲ၍ ဖြစ်သော ဤတစ်ခုတည်းသော မကင်းဆိတ် သည်၏ အဖြစ်သည်သာ ရှိ၏ဟု သိ၏။ |
1,339,030 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့လျှင် ထိုအာကိဉ္စညာ ယတနသညာ၌ အကြင်ပူပန်ခြင်းသည် အကြင်အကြောင်းကြောင့် မဖြစ်၊ ထိုအကြောင်းကြောင့် ထိုပူပန်ခြင်းကို ကင်းဆိတ်၏ဟု အဖန်ဖန်ရှု၏။ |
1,339,031 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထို အာကိဉ္စညာယတနသညာ၌ အကြင်ပူပန်ခြင်းသည် ကြွင်းကျန်၏၊ ထင်ရှားရှိသော ထိုပူပန်ခြင်းကို “ဤပူပန် ခြင်းမျှသာ ရှိ၏”ဟု သိ၏။ |
1,339,032 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၈၁။ အာနန္ဒာ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ဝိညာဏဉ္စာယတနသညာကို နှလုံးမသွင်းမူ၍ အာကိဉ္စညာယတနသညာကို နှလုံးမသွင်းမူ၍ နေဝသညာနာသညာယတနသညာကို စွဲ၍ဖြစ်သော တစ်ခု တည်းသော သညာကို နှလုံးသွင်း၏၊ ထိုရဟန်း၏စိတ်သည် နေဝသညာနာသညာယတနသညာ၌ ပြေးဝင်၏၊ ကြည်လင်၏၊ ကောင်းစွာတည်၏၊ လွတ်လွတ်ဝင်၏။ |
1,339,033 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် ဤသို့ သိ၏ “ဝိညာဏဉ္စာ ယတနသညာကို စွဲ၍ ဖြစ်ကုန်သော (ကိလေသာဟူသော) ပူပန်ခြင်းတို့သည် ဤနေဝသညာနာသညာ ယတနသညာ၌ မရှိကုန်။ |
1,339,034 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာကိဉ္စညာယတနသညာကို စွဲ၍ဖြစ်ကုန်သော (ကိလေသာဟူသော) ပူပန်ခြင်း တို့သည် ဤနေဝသညာနာသညာယတနသညာ၌ မရှိကုန်။ |
1,339,035 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | နေဝသညာနာသညာယတနသညာကို စွဲ၍ဖြစ် သော တစ်ခုတည်းသော ဤပူပန်ခြင်းမျှသည်သာ ရှိ၏”ဟု (သိ၏)။ |
1,339,036 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် “ဤနေဝသညာ နာသညာယတနသညာသည် ဝိညာဏဉ္စာယတနသညာမှ ကင်းဆိတ်၏”ဟု သိ၏၊ “ဤနေဝသညာ နာသညာ ယတနသညာသည် အာကိဉ္စညာယတနသညာမှ ကင်းဆိတ်၏”ဟု သိ၏။ |
1,339,037 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤနေဝသညာ နာသညာ ယတနသညာကို စွဲ၍ဖြစ်သော ဤတစ်ခုတည်းသော မကင်းဆိတ်သည်၏ အဖြစ်သည်သာ ရှိ၏ဟု သိ၏။ |
1,339,038 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့လျှင် ထိုနေဝသညာနာသညာယတနသညာ၌ အကြင်ပူပန်ခြင်းသည် အကြင်အကြောင်း ကြောင့် မဖြစ်၊ ထိုအကြောင်းကြောင့် ထိုပူပန်ခြင်းကို ကင်းဆိတ်၏ဟု အဖန်ဖန်ရှု၏။ |
1,339,039 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုနေဝသညာ နာသညာယတနသညာ၌ အကြင်ပူပန်ခြင်းသည် ကြွင်းကျန်၏၊ ထင်ရှားရှိသော ထိုပူပန်ခြင်းကို “ဤပူပန် ခြင်းမျှသာ ရှိ၏”ဟု သိ၏။ |
1,339,040 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အာကိဉ္စညာယတနသညာကို နှလုံးမသွင်းမူ၍ နေဝသညာနာသညာယတနသညာကို နှလုံးမသွင်းမူ၍ (နိစ္စစသော) နိမိတ်မှကင်းသော (ဝိပဿနာ) စိတ် နှင့်ယှဉ်သော သမာဓိကို စွဲ၍ဖြစ်သော တစ်ခုတည်းသောသညာကို နှလုံးသွင်း၏၊ ထိုရဟန်း၏စိတ်သည် (နိစ္စစသော) နိမိတ်မှ ကင်းသော (ဝိပဿနာ) စိတ်နှင့်ယှဉ်သော သမာဓိ၌ ပြေးဝင်၏၊ ကြည်လင်၏၊ ကောင... |
1,339,041 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် ဤသို့ သိ၏ “အာကိဉ္စညာယတနသညာကို စွဲ၍ ဖြစ်ကုန်သော (ကိလေသာဟူသော) ပူပန်ခြင်းတို့သည် ဤအနိမိတ္တစေတောသမာဓိသညာ၌ မရှိကုန်။ |
1,339,042 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | နေဝသညာနာသညာယတနသညာကို စွဲ၍ဖြစ်ကုန်သော (ကိလေသာဟူသော) ပူပန်ခြင်းတို့သည် ဤ အနိမိတ္တစေတောသမာဓိသညာ၌ မရှိကုန်။ |
1,339,043 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤရူပကာယကိုသာလျှင် စွဲ၍ဖြစ်သော အာယတနခြောက်ပါးနှင့် စပ်သော ဇီဝိတိန္ဒြေဟူသော အကြောင်းကြောင့်ဖြစ်သော ဤပူပန်ခြင်းမျှသည်သာရှိ၏”ဟု (သိ၏)။ |
1,339,044 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထို ရဟန်းသည် “ဤအနိမိတ္တစေတောသမာဓိသညာသည် အာကိဉ္စညာယတနသညာမှ ကင်းဆိတ်၏”ဟု သိ၏၊ “ဤအနိမိတ္တစေတောသမာဓိသညာသည် နေဝသညာနာသညာယတနသညာမှ ကင်းဆိတ်၏”ဟု သိ၏။ |
1,339,045 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤ ရူပကာယကိုသာလျှင် စွဲ၍ဖြစ်သော အာယတနခြောက်ပါးနှင့်စပ်သော ဇီဝိတိန္ဒြေဟူသော အကြောင်းကြောင့် ဖြစ်သော ဤမကင်းဆိတ်သည်၏ အဖြစ်သည်သာရှိ၏ဟု သိ၏။ |
1,339,046 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့လျှင် ထိုအနိမိတ္တစေတောသမာဓိ သညာ၌ အကြင်ပူပန်ခြင်းသည် အကြင်အကြောင်းကြောင့် မဖြစ်၊ ထိုအကြောင်းကြောင့် ထိုပူပန်ခြင်းကို ကင်းဆိတ်၏ဟု အဖန်ဖန်ရှု၏။ |
1,339,047 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအနိမိတ္တစေတောသမာဓိသညာ၌ အကြင် ပူပန်ခြင်းသည် ကြွင်းကျန်၏၊ ထင်ရှားရှိသော ထိုပူပန်ခြင်းကို “ဤပူပန်ခြင်းမျှသာ ရှိ၏”ဟု သိ၏။ |
1,339,048 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤသို့လည်း ထိုရဟန်း အားဟုတ်မှန်တိုင်း မဖောက်မပြန်သော သဘောရှိသော စင်ကြယ်သော ဤသုညတ၏ ဖြစ်ပေါ်မှုသည် ဖြစ်၏။ |
1,339,049 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၈၃။ အာနန္ဒာ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အာကိဉ္စညာယတနသညာကို နှလုံးမသွင်းမူ၍့နေဝသညာနာသညာယတနသညာကို နှလုံးမသွင်းမူ၍ (နိစ္စစသော) နိမိတ်မှကင်းသော (ဝိပဿနာ) စိတ်နှင့်ယှဉ်သော သမာဓိကို စွဲ၍ဖြစ်သော တစ်ခုတည်းသောသညာကို နှလုံးသွင်း၏၊ ထိုရဟန်း၏စိတ် သည် (နိစ္စစသော) နိမိတ်မှ ကင်းသော (ဝိပဿနာ) စိတ်နှင့်ယှဉ်သော သမာဓိ၌ ပြေးဝင်၏၊ ကြည်လင်၏၊... |
1,339,050 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် ဤသို့ သိ၏ “(နိစ္စစသော) နိမိတ်မှ ကင်းသော (ဝိပဿနာ) စိတ်နှင့် ယှဉ်သော သမာဓိသည် ပြုပြင်ရ စေ့ဆော်ရသော တရားဖြစ်၏၊ ပြုပြင်ရ စေ့ဆော်ရ သော တရားမှန်သမျှသည် မမြဲ၊ ချုပ်ခြင်းသဘောရှိ၏”ဟု ( သိ၏ )။ |
1,339,051 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့သိသော ဤသို့မြင်သော ထိုရဟန်း၏ စိတ်သည် ကာမာသဝမှလည်း လွတ်၏၊ ဘဝါသဝမှလည်း လွတ်၏၊ အဝိဇ္ဇာသဝမှလည်း လွတ်၏၊ လွတ်ပြီးသော် “လွတ်ပြီ”ဟု အသိဉာဏ် ဖြစ်၏။ |
1,339,052 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် ( မဂ် ) ကိစ္စကို ပြုပြီးပြီ၊ ဤ ( မဂ် ) ကိစ္စ အလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့ ပြီ”ဟု သိ၏။ |
1,339,053 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ထိုရဟန်းသည် ဤသို့သိ၏ “ကာမာသဝကို စွဲ၍ ဖြစ်ကုန်သော ပူပန်ခြင်းတို့သည် ဤအရိယမဂ် သညာ အရိယဖိုလ်သညာ၌ မရှိကုန်။ |
1,339,054 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဘဝါသဝကို စွဲ၍ဖြစ်ကုန်သော ပူပန်ခြင်းတို့သည် ဤအရိယမဂ် သညာ အရိယဖိုလ်သညာ၌ မရှိကုန်။ |
1,339,055 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အဝိဇ္ဇာသဝကို စွဲ၍ဖြစ်ကုန်သော ပူပန်ခြင်းတို့သည် ဤအရိယမဂ် သညာ အရိယဖိုလ်သညာ၌ မရှိကုန်။ |
1,339,056 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤရူပကာယကိုသာလျှင် စွဲ၍ဖြစ်သော အာယတန ခြောက်ပါးနှင့် စပ်သော ဇီဝိတိန္ဒြေဟူသော အကြောင်းကြောင့်ဖြစ်သော ဤပူပန်ခြင်းမျှသာရှိ၏”ဟု သိ၏။ |
1,339,057 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်း သည် “ဤအရိယမဂ်သညာ အရိယဖိုလ်သညာသည် ကာမာသဝမှ ကင်းဆိတ်၏”ဟု သိ၏၊ “ဤအရိယ မဂ်သညာ အရိယဖိုလ်သညာသည် ဘဝါသဝမှ ကင်းဆိတ်၏”ဟု သိ၏၊ “ဤအရိယမဂ်သညာ အရိယဖိုလ် သညာသည် အဝိဇ္ဇာသဝမှ ကင်းဆိတ်၏”ဟု သိ၏၊ ဤရူပကာယကိုသာလျှင် စွဲ၍ဖြစ်သော အာယတန ခြောက်ပါးနှင့်စပ်သော ဇီဝိတိန္ဒြေဟူသော အကြောင်းကြောင့်ဖြစ်သော ဤမကင်းဆိတ်သည်၏ အဖြစ်သည် သာ ရှိ၏ဟု သိ၏။ |
1,339,058 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့လျှင် ထိုအနိမိတ္တစေတောသမာဓိ သညာ၌ အကြင်ပူပန်ခြင်းသည် အကြင် အကြောင်းကြောင့် မဖြစ်၊ ထိုအကြောင်းကြောင့် ထိုပူပန်ခြင်းကို ကင်းဆိတ်၏ဟု အဖန်ဖန်ရှု၏။ |
1,339,059 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထို အနိမိတ္တစေတောသမာဓိသညာ၌ အကြင်ပူပန်ခြင်းသည် ကြွင်းကျန်၏၊ ထင်ရှားရှိသော ထိုပူပန်ခြင်းကို “ဤပူပန်ခြင်းမျှသာ ရှိ၏”ဟု သိ၏။ |
1,339,060 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤသို့လည်း ထိုရဟန်းအားဟုတ်မှန်တိုင်း မဖောက် မပြန်သော သဘောရှိသော စင်ကြယ်သော အလွန်အတုမရှိ မြတ်သော သုညတ၏ ဖြစ်ပေါ်မှုသည် ဖြစ်၏။ |
1,339,061 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၈၄။ အာနန္ဒာ အတိတ်ကာလက စင်ကြယ်မွန်မြတ်သော သုညတဖလသမာပတ်ကို ပြည့်စုံစေ၍ နေကြကုန်သော သမဏဗြာဟ္မဏဟူသမျှတို့သည် ဤစင်ကြယ်မွန်မြတ်သော သုညတဖလသမာပတ်ကိုသာ ပြည့်စုံစေ၍ နေကြကုန်ပြီ။ |
1,339,062 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ အနာဂတ်ကာလ၌ စင်ကြယ်မွန်မြတ်သော သုညတဖလသမာပတ်ကို ပြည့်စုံစေ၍ နေလတ္တံ့ကုန်သော သမဏဗြာဟ္မဏဟူသမျှတို့သည် ဤစင်ကြယ်မွန်မြတ်သော သုညတ ဖလသမာပတ်ကိုသာ ပြည့်စုံစေ၍ နေကုန်လတ္တံ့။ |
1,339,063 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ယခုကာလ စင်ကြယ်မွန်မြတ်သော သုညတ ဖလသမာပတ်ကို ပြည့်စုံစေ၍ နေကြကုန်သော သမဏဗြာဟ္မဏဟူသမျှတို့သည် ဤစင်ကြယ်မွန်မြတ်သော သုညတဖလသမာပတ်ကိုသာ ပြည်စုံစေ၍ နေကြကုန်၏။ |
1,339,064 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ထိုသို့ဖြစ်သောကြောင့် စင်ကြယ်မွန် မြတ်သော ဤသုညတဖလသမာပတ်ကို ပြည့်စုံစေ၍ နေကြကုန်အံ့ဟု ဤသို့လျှင် သင်တို့ကျင့်ရမည်ဟု ( မိန့်တော်မူ၏ )။ |
1,339,065 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်လေပြီ။ |
1,339,066 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရှေးဦးစွာသော စူဠသုညတသုတ် ပြီး၏။ |
1,339,067 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ၂-မဟာသုညတသုတ် |
1,339,068 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ သီတင်းသုံး နေတော်မူ၏။ |
1,339,069 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီး လျှင် ကပိလဝတ်ပြည်သို့ ဆွမ်းခံဝင်၏။ |
1,339,070 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ကပိလဝတ်ပြည်၌ ဆွမ်းခံလှည့်လည်လျက် ဆွမ်းခံရာမှ ဖဲကာ ဆွမ်းစားပြီးနောက် ကာဠခေမကမည်သော သာကီဝင်၏ ကျောင်းဆီသို့ နေ့သန့်စင်ခြင်းငှါ ချဉ်းကပ်တော်မူ၏။ |
1,339,071 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအခါ ကာဠခေမကမည်သော သာကီဝင်၏ ကျောင်း၌ များစွာသော နေရာတို့ကို ခင်းထားအပ် ကုန်၏။ |
1,339,072 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရားသည် ကာဠခေမကမည်သော သာကီဝင်၏ကျောင်း၌ ခင်းထားအပ်သော နေရာတို့ ကို မြင်တော်မူ၍ မြတ်စွာဘုရားအား- “ကာဠခေမကမည်သော သာကီဝင်၏ကျောင်း၌ များစွာသော နေရာတို့ကို ခင်းထားအပ်ကုန်၏၊ ဤကျောင်း၌ များစွာသော ရဟန်းတို့သည် နေကြကုန်လေသလော”ဟု အကြံဖြစ်၏။ |
1,339,073 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၈၆။ ထိုအခါ အသျှင်အာနန္ဒာသည် များစွာသော ရဟန်းတို့နှင့်တကွ ဃဋမည်သော သာကီဝင်၏ ကျောင်း၌ သင်္ကန်းချုပ်ဆိုးမှုကို ပြုလုပ်၏။ |
1,339,074 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် ညချမ်းအခါ ကိန်းအောင်းရာမှ ထလျက် ဃဋမည်သော သာကီဝင်၏ ကျောင်းဆီသို့ ချဉ်းကပ်ပြီးလျှင် ခင်းထားသောနေရာ၌ ထိုင်နေ တော်မူ၏။ |
1,339,075 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုင်နေပြီးသော် မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို “အာနန္ဒာ ကာဠခေမကမည်သော သာကီဝင်၏ ကျောင်း၌ များစွာသောနေရာတို့ကို ခင်းထားအပ်ကုန်၏၊ ဤကျောင်း၌ များစွာသော ရဟန်း တို့သည် နေကုန်လေသလော”ဟု မိန့်တော်မူ၏။ |
1,339,076 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား ကာဠခေမကမည်သော သာကီဝင်၏ ကျောင်း၌ များစွာသောနေရာတို့ကို ခင်းအပ်ပါကုန်၏၊ မြတ်စွာဘုရား အကျွန်ုပ်တို့၏ သင်္ကန်းချုပ်ဆိုး သော အခါ ဖြစ်သောကြောင့် ဤကျောင်း၌ များစွာသော ရဟန်းတို့သည် နေကြပါကုန်၏ဟု ( လျှောက် ထား၏ )။ |
1,339,077 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ရဟန်းမည်သည် အပေါင်းအသင်း၌ မွေ့လျော်ခြင်း အပေါင်းအသင်း၌ ပျော်ပိုက်ခြင်း အပေါင်းအသင်း၌ မွေ့လျော်ခြင်းကို အားထုတ်ခြင်း အဖွဲ့အစည်း၌ မွေ့လျော်ခြင်း အဖွဲ့အစည်း၌ ပျော်ပိုက် ခြင်း အဖွဲ့အစည်း၌ ဝမ်းမြောက်ခြင်းသည် မတင့်တယ်။ |
1,339,078 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ စင်စစ် အပေါင်းအသင်း၌ မွေ့လျော် အပေါင်းအသင်း၌ ပျော်ပိုက် အပေါင်းအသင်း၌ မွေ့လျော်ခြင်းကို အားထုတ်သော အဖွဲ့အစည်း၌မွေ့လျော် အဖွဲ့အစည်း၌ ပျော်ပိုက် အဖွဲ့အစည်း၌ ဝမ်းမြောက်သော ထိုရဟန်းသည် ကာမတို့မှ ထွက်မြောက်ခြင်း ချမ်းသာ ကိလေသာမှ ကင်းဆိတ်ခြင်းချမ်းသာ ( ရာဂစသည်တို့၏ ) ငြိမ်းအေးခြင်းချမ်းသာ မဂ်ကို သိခြင်း ကို ဆောင်နိုင... |
1,339,079 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ အကြင် ရဟန်းသည် တစ်ပါးတည်း ဂိုဏ်းမှ ခွဲခွါလျက် နေ၏၊ ထိုရဟန်းအား ဤ ဆိုလတ္တံ့သော အကျိုးကို အလိုရှိအပ်၏၊ ကာမတို့မှ ထွက်မြောက်ခြင်းချမ်းသာ ကိလေသာမှ ကင်းဆိတ်ခြင်းချမ်းသာ ( ရာဂစသည် တို့၏ ) ငြိမ်းအေးခြင်းချမ်းသာ မဂ်ကို သိခြင်းကို ဆောင်နိုင်သော ချမ်းသာ ( ဤသို့ ) ချမ်းသာအပေါင်းကို အလိုရှိတိုင်းရသည် မငြိုမငြင်ရသည် မပင်မပန... |
1,339,080 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- အာနန္ဒာ စင်စစ် အပေါင်းအသင်း၌ မွေ့လျော်သော အပေါင်းအသင်း၌ ပျော်ပိုက်သော အပေါင်း အသင်း၌ မွေ့လျော်မှုကို အားထုတ်သော အဖွဲ့အစည်း၌ မွေ့လျော်သော အဖွဲ့အစည်း၌ပျော်ပိုက်သော အဖွဲ့အစည်း၌ ဝမ်းမြောက်သော ထိုရဟန်းသည် ဝင်စားဆဲခဏမှာသာ ကိလေသာမှလွတ်သော နှစ်သက် ဖွယ်ဖြစ်သော (ရူပ အရူပဈာန်ဟူသော) စေတောဝိမုတ္တိကိုလည်း ဖြစ်စေ၍ နေလတ္တံ့၊ ကိလေသာ... |
1,339,081 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ အကြင်ရဟန်းသည့်တစ်ပါးတည်း ဂိုဏ်းမှ ခွဲခွါလျက်နေ၏။ |
1,339,082 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းအား ဤအကျိုးကို အလိုရှိအပ်၏၊ ဝင်စားဆဲခဏမှာသာ ကိလေသာ တို့မှ လွတ်သော နှစ်သက်ဖွယ်ဖြစ်သော (ရူပ အရူပဈာန်ဟူသော) စေတောဝိမုတ္တိကိုမူလည်း ဖြစ်စေ၍ နေလတ္တံ့၊ ကိလေသာတို့သည် မဖျက်ဆီးနိုင်သော အခါခပ်သိမ်း စင်စစ် ကိလေသာတို့မှ လွတ်သော လောကုတ္တရာ စေတောဝိမုတ္တိကိုမူလည်း ဖြစ်စေ၍ နေလတ္တံ့ ဟူသော ဤအကြောင်းသည် ရှိ၏။ |
1,339,083 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ အကြင်ကိုယ်၌ နှစ်သက်သောပုဂ္ဂိုလ်အား အကြင် အကြင်နှစ်သက်နေသော ကိုယ်၏ ဖောက် ပြန်ခြင်း တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းကြောင့် ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပူပန်ခြင်းတို့သည် မဖြစ်ကုန်ရာ၊ ထိုသို့သော တစ်ခုသော ကိုယ်ကိုမျှ ငါမမြင်။ |
1,339,084 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၈၇။ အာနန္ဒာ ရုပ်စသော အလုံးစုံသော နိမိတ်တို့ကို နှလုံးမသွင်းခြင်းကြောင့် ဝိသယဇ္ဈ တ္တ ဖြစ်သော သုညတဖလသမာပတ်ကို ပြည့်စုံစေ၍ ဤနေခြင်းကို ငါဘုရားသည် ထိုးထွင်း၍ သိပြီ။ |
1,339,085 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤသုညတ ဖလသမာပတ်ကို ပြည့်စုံစေ၍ နေခြင်းဖြင့်နေသော ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းသော ထိုမြတ်စွာဘုရားထံသို့ ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမိန်းမ မင်း မင်းအမတ် ကြီး တိတ္ထိ တိတ္ထိတပည့်တို့သည် အကယ်၍ ဆည်းကပ်ကုန်ငြားအံ့၊ အာနန္ဒာ ထိုသို့ဆည်းကပ်ကုန်သော် ထိုပရိသတ်၌ ငါဘုရားသည် နိဗ္ဗာန်သို့ ညွတ်သည်သာဖြစ်သော နိဗ... |
1,339,086 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ထို့ကြောင့် ရဟန်းသည် “ဝိသယဇ္ဈ တ္တဖြစ်သော သုညတဖလသမာပတ်ကို ပြည့်စုံစေ၍ နေလို၏”ဟု အကယ်၍ အလိုရှိငြားအံ့၊ အာနန္ဒာ ဤသို့အလိုရှိသော ထိုရဟန်းသည် ဂေါစရဇ္ဈ တ္တဟု ဆိုအပ်သော ရူပါဝစရဈာန်၌သာလျှင် စိတ်ကို ကောင်းစွာ ထားရမည်၊ ကောင်းစွာ စုဝေးစေရမည်၊ မြတ်သောသမာဓိကို ပြုရမည်၊ ကောင်းစွာ ဆောက်တည်ရမည်။ |
1,339,087 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၈၈။ အာနန္ဒာ အဘယ်သို့လျှင် ရဟန်းသည် ဂေါစရဇ္ဈ တ္တဟုဆိုအပ်သော ရူပါဝစရဈာန်၌သာလျှင် စိတ်ကို ကောင်းစွာ တည်စေရမည်နည်း၊ ကောင်းစွာ စုဝေးစေရမည်နည်း၊ မြတ်သော သမာဓိကို ပြုရ မည်နည်း၊ ကောင်းစွာ ဆောက်တည်ရမည်နည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ် တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်။ |
1,339,088 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤသို့လျှင် ရဟန်းသည် ဂေါစရဇ္ဈ တ္တဟုဆိုအပ်သော ရူပါဝစရဈာန်၌သာလျှင် စိတ်ကို ကောင်းစွာ တည်စေ၏၊ ကောင်းစွာ စုဝေးစေ၏၊ မြတ်သော သမာဓိကို ပြု၏၊ ကောင်းစွာ ဆောက်တည်၏၊ |
1,339,089 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် မိမိသန္တာန်၌ဖြစ်သော ခန္ဓာငါးပါးတို့၌ (သတ္တ,ဇီဝ,အတ္တမှ) ကင်းဆိတ်ခြင်းကို နှလုံး သွင်း၏၊ မိမိသန္တာန်၌ဖြစ်သော ခန္ဓာငါးပါးတို့၌ (သတ္တ,ဇီဝ,အတ္တမှ) ကင်းဆိတ်ခြင်းကို နှလုံးသွင်းသော ရဟန်း၏ စိတ်သည် ခန္ဓာငါးပါးတို့၌ (သတ္တ,ဇီဝ,အတ္တမှ) ကင်းဆိတ်သည်၏အဖြစ်၌ မပြေးဝင်၊ မကြည် လင်၊ ကောင်းစွာမတည်၊ လွတ်လွတ်မဝင်။ |
1,339,090 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤသို့ဖြစ်သော် ရဟန်းသည် ဤလွတ်လွတ် မဝင် ခြင်းကို ဤသို့ သိ၏ “မိမိသန္တာန်၌ ဖြစ်သော ခန္ဓာငါးပါးတို့၌ (သတ္တ,ဇီဝ,အတ္တမှ) ဆိတ်ခြင်းကို နှလုံး သွင်းသော ငါ၏ စိတ်သည် မိမိသန္တာန်၌ဖြစ်သော ခန္ဓာငါးပါးတို့၌ (သတ္တ,ဇီဝ,အတ္တမှ) ဆိတ်သည်၏အဖြစ် ၌ မပြေးဝင်၊ မကြည်လင်၊ ကောင်းစွာမတည်၊ လွတ်လွတ်မဝင်”ဟု သိ၏။ |
1,339,091 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ ထိုလွတ်လွတ် မဝင်ရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။ |
1,339,092 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ထိုရဟန်းသည် သူတစ်ပါးသန္တာန်၌ဖြစ်သော ခန္ဓာငါးပါးတို့၌ (သတ္တ,ဇီဝ,အတ္တမှ) ကင်းဆိတ်ခြင်းကို နှလုံးသွင်း၏။ |
1,339,093 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ထိုရဟန်းသည် မိမိသန္တာန်, သူတစ်ပါးသန္တာန်၌ဖြစ်သော ခန္ဓာငါးပါးတို့၌ (သတ္တ,ဇီဝ,့အတ္တမှ) ကင်းဆိတ်ခြင်းကို နှလုံးသွင်း၏။ |
1,339,094 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ထိုရဟန်းသည် အရူပါဝဝရသမာပတ်ကို နှလုံးသွင်း၏၊ အရူပါဝဝရသမာပတ်ကို နှလုံးသွင်းသော ရဟန်း၏ စိတ်သည် အရူပါဝစရသမာပတ်၌ မပြေးဝင်၊ မကြည် လင်၊ ကောင်းစွာမတည်၊ လွတ်လွတ်မဝင်၊ အာနန္ဒာ ဤသို့ဖြစ်သော် ရဟန်းသည် ဤလွတ်လွတ် မဝင်ခြင်းကို ဤသို့ သိ၏ “အရူပါဝစရ သမာပတ်ကို နှလုံးသွင်းသော ငါ၏ စိတ်သည် အရူပါဝစရ သမာပတ်၌ မပြေးဝင်၊ မကြည်လင်၊ ကောင်းစွာ မ... |
1,339,095 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ ထို လွတ်လွတ်မဝင်ရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။ |
1,339,096 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ထိုရဟန်းသည် ရှေး ( ပါဒကဈာန် ) ဖြစ်သော သမာဓိ၏ အာရုံနိမိတ်ဖြစ်သော ဂေါစရဇ္ဈ တ္တ ဖြစ်သော ရူပါဝစရဈာန်၌သာလျှင် စိတ်ကို ကောင်းစွာ ထားရမည်၊ ကောင်းစွာ စုဝေးစေရမည်၊ မြတ်သော သမာဓိကို ပြုရမည်၊ ကောင်းစွာ ဆောက်တည်ရမည်၊ ထိုရဟန်းသည် မိမိသန္တာန်၌ဖြစ်သော ခန္ဓာငါးပါးတို့၌ (သတ္တ,ဇီဝ,အတ္တမှ) ကင်းဆိတ်ခြင်းကို နှလုံးသွင်း၏။ |
1,339,097 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မိမိသန္တာန်၌ဖြစ်သော ခန္ဓာငါးပါး တို့ကို နှလုံးသွင်းသော ထိုရဟန်း၏ စိတ်သည် မိမိသန္တာန်၌ဖြစ်သော ခန္ဓာငါးပါးတို့၌ (သတ္တ,ဇီဝ,အတ္တမှ) ကင်းဆိတ်သည်၏ အဖြစ်၌ စိတ်သည် ပြေးဝင်၏၊ ကြည်လင်၏၊ ကောင်းစွာ တည်၏၊ လွတ်လွတ်ဝင်၏။ |
1,339,098 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤသို့ဖြစ်သော် ရဟန်းသည် ဤလွတ်လွတ်ဝင်ခြင်းကို ဤသို့ သိ၏ “မိမိသန္တာန်၌ဖြစ်သော ခန္ဓာငါးပါးတို့၌ (သတ္တ,ဇီဝ,အတ္တမှ) ကင်းဆိတ်ခြင်းကို နှလုံးသွင်းသော ငါ၏စိတ်သည် မိမိသန္တာန်၌ဖြစ် သော ခန္ဓာငါးပါးတို့၌ (သတ္တ,ဇီဝ,အတ္တမှ) ကင်းဆိတ်သည်၏အဖြစ်၌ ပြေးဝင်၏၊ ကြည်လင်၏၊ ကောင်းစွာ တည်၏၊ လွတ်လွတ်ဝင်၏”ဟု (သိ၏ )။ |
1,339,099 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ ထိုလွတ်လွတ်ဝင်ရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။ |
1,339,100 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် သူတစ်ပါးသန္တာန်၌ဖြစ်သော ခန္ဓာငါးပါးတို့၌ (သတ္တ,ဇီဝ,အတ္တမှ) ကင်းဆိတ်ခြင်းကို နှလုံးသွင်း၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.